Saturday, October 6, 2012
ပုဂ္ဂလိကဘဏ်များနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စမဆို ဗဟိုဘဏ်မှ တာဝန်ယူသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်
ပုဂ္ဂလိကဘဏ်တစ်ခုနှင့် ပတ်သက်ပြီး လတ်တလောထွက်ပေါ်နေသည့် သတင်းများမှာ ကောလာဟလသာဖြစ်ကြောင်းနှင့် ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များ၏နောက်တွင် ခိုင်မာစွာ ရပ်တည်နေသည့်အတွက် ပုဂ္ဂလိကဘဏ်များနှင့် သက်ဆိုင်သည့် မည့်သည့်ကိစ္စကိုမဆို ဗဟိုဘဏ်မှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ရန်ကုန်ဘဏ်ခွဲ တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က အောက်တိုဘာလ ၆ရက်နေ့ မြန်မာနိုင်ငံဘဏ်များအသင်းတွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် တရားဝင်ပြောကြားခဲ့ပါသည်။
''ပုဂ္ဂလိကဘဏ်တစ်ခု စတင်ဖွင့်လှစ်ဖို့ဆိုရင် စပြီး ဖွင့်လှစ်ခွင့်ပေးကတည်းက ကျွန်တော်တို့က ငွေရေးကြေးရေးကို စစ်ဆေးပါတယ်။ ငွေရေးကြေးရေးမှာ ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်ခဲ့ဖူးသလား၊ ငွေဖြူ ဟုတ်မဟုတ် အရင်စစ်ဆေးတယ်။ လိုအပ်တာတွေစစ်ဆေးပြီးမှ သတ်မှတ်ချက် အရည်အချင်းတွေ ကိုက်ညီမှ ဖွင့်ခွင့်ပေးခဲ့တာပါ။ ပုဂ္ဂလိက ဘဏ်တွေရဲ့process တွေကို စစ်တယ်။ ဒီလိုစစ်တာကိုလည်း ဌာနအလိုက် နေ့စဉ်ဘဏ်ရဲ့လည်ပတ်လုပ်ကိုင်နေတာတွေ စာရင်းဇယားေ
တွကို သတင်းပို့ရတယ်။ဒါကြောင့် ဘဏ်တွေရဲ့ အခြေအနေအားလုံးကို ဗဟိုဘဏ်ကသိတယ်။ ဗဟိုဘဏ်ရဲ့ လက်အောက်မှာ ပုဂ္ဂလိကဘဏ်တွေက စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်နေတာ ဒီနေ့အထိ ဖြစ်ပါတယ်''ဟု လည်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားခဲ့သည်။
ထို့ပြင် လတ်တလော သတင်းထွက်ပေါ်နေသည့် ပုဂ္ဂလိကဘဏ်သာမက ကျန်သည့်ပုဂ္ဂလိကဘဏ်အားလုံးနှင့် ပတ်သက်ပြီးလည်း မည်သည့်အကြောင်းအချက်ကြောင့်မျှ စိုးရိမ်ဖွယ်ရာမရှိကြောင်း ဗဟိုဘဏ်မှ တရားဝင်ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။
''ဗဟိုဘဏ်ဟာ ပုဂ္ဂလိကဘဏ်အားလုံးရဲ့နောက်ကွယ်မှာ ခိုင်မာစွာ ရပ်တည်နေတဲ့အတွက်ကြောင့် မည်သည့်ကိစ္စကိုမဆို ဖြေရှင်းဖို့ အဆင်သင့်ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မည်သည့်ခေါင်းစဉ်နဲ့မဆို ထွက်ပေါ်လာမည့်ကိစ္စရပ် အားလုံးသည် စိုးရိမ်စရာမရှိပါဘူး။ ပုဂ္ဂလိကဘဏ်များနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ကိစ္စအားလုံးအပေါ်မှာ ဗဟိုဘဏ်က အပြည့်အ၀ လုံးဝတာဝန်ယူတယ်ဆိုတာ တရားဝင်ပြောကြားလိုပါတယ်။ ဘဏ်များနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကိုလည်း ဗဟိုဘဏ်အနေနဲ့ တာဝန်ယူဖို့ အားလုံးအသင့်ပဲဆိုတာကို တရားဝင်ပြောကြားလိုပါတယ်''ဟုလည်း ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းသော် က ဆက်လက်ပြောကြားခဲ့သည်။
၂၀၀၃ခုနှစ်အတွင်း မြန်မာမေ ဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့ ပိတ်သိမ်းခဲ့ရသည့်ဖြစ်စဉ်များနှင့် ပတ်သက်ပြီးလည်း ''၂၀၀၃မှာ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းတွေ၊ ငွေရေးကြေးရေးဝန်ဆောင်မှုအသင်းတွေက သေသေချာချာစနစ်တကျ Registration မလုပ်ထားတာတွေရှိပါတယ်။အဲဒီအချိန်မှာ တိုက်ဆိုင်ပြီးတော့ ငွေရေးကြေးရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ၂၀၀၃ ဖြစ်စဉ်မှာ မေဖလားဝါးနဲ့ အာရှဓနဘဏ်ကို ပိတ်တာဖြစ်ပါတယ်။ ဘဏ်ကိုပိတ်တာကလည်း အခုလိုအကြောင်းပြချက်တွေကြောင့် မဟုတ်ပါဘူး။ငွေရေးကြေးရေးဆိုင်ရာ စည်းမျဉ်းတွေကိုကိုက်ညီမှု၊လိုက်နာမှုမရှိလို့ ပိတ်တာဖြစ်ပါတယ်''ဟုလည်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပုဂ္ဂလိကဘဏ်များနှင့်ပတ်သက်ပြီး ဗဟိုဘဏ်မှ လုံးဝတာဝန်ယူသွားမည်ဟု ထုတ်ပြန်ခဲ့သော်လည်း မည်ကဲ့သို့ တာဝန်ယူသွားမည်ကိုမူ အတိအလင်းထုတ်ဖော်ပြောကြားခြင်းမရှိကြောင်းလည်း အဆိုပါစာနယ်ဇင်းပွဲသို့ တက်ရောက်လာသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
ဘကြီးသက်
Unknown at 5:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်
`ကမ္ဘောဇ`ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်းကလေးထံမှ ငွေထုပ်အား ဆိုင်ကယ် စီးယောကျားတစ်ဦးမှအောက်တိုဘာ ၄ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်းသိရသည်။
မကွေးမြို့ ဆုံရပ်(၁၃) လမ်းနေ အဘဦးဖိုးတာ၏သမီး မထက်ထက်ခိုင်(၂၅)နှစ်နှင့်သူငယ် ချင်းဖြစ်သူ အောင်စေတနာရပ် ဟိုက်ကလပ်ကဖီး အနီးနေအဘဦးခင်မောင်သန်း ၏ သမီး မခိုင်ရွှေရည်ဦးတို့(၂)ဦးသည်ငွေကျပ်(၁၅)သိန်းကို ရန်မျိုးအောင်ရပ်ပြည်တော်သာ လမ်းမ ပေါ်ရှိ `ကမ္ဘောဇ`ဘဏ်မှထုတ်ယူပြီး စူပါကပ်မော်တာဆိုင်ကယ် ရှေ့ခြင်း ထဲသို့ ထည့်၍ပြန် လာခဲ့ရာပြည်တော်သာလမ်းနှင့်သစ္စာလမ်းထောင့်အနီးတွင်ဆိုင်ကယ်စီးယောကျားတစ်ဦးကညာဘက်ခြမ်းမှကပ်ပြီး`ရန်ကင်းဈေးဘယ်နားမှာလဲ`ဟုမေးယောင်ပြုကာ ဆိုင် ကယ်ရှေ့ခြင်း ထဲရှိ ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသောငွေထုတ်ကို နှိုက်ကာထွက်ပြေး သွားကြောင်း သိရ သည်။
ထိုသို့ လုယူ သွားသည့်အတွက်ပြည်တော်လမ်းအတိုင်းနောက်မှ လိုက်ကာအော်ဟစ်အ ကူညီတောင်းလိုက်သော်လည်း မမှီခဲ့ကြောင်း ဗိုလ်ချုပ်လမ်းမအရောက်တွင်ယာဉ်ထိမ်းရဲမှကျော်လွန်သွားသောဆိုင်ကယ်စီးသူ၏ဦးထုပ်အရောင်အားအမှတ်အသားပြု၍ ရှေ့ဂိတ်(အာရှဓါတ်ပုံ)ရှိ ယာဉ်ထိမ်းသို့စက်ဖြင့် အကြောင်းကြားပေးသော်လည်း လမ်းခုလပ်တွင် ဦးထုပ်အားလွှင့်ပစ်ထားခဲ့ခြင်း ၊အပေါ်အင်္ကျီချွတ်ထားခဲ့ခြင်း များပြု၍ ဗိုလ်ချုပ်ကြေးရုပ် မြောက်ဘက်မှ ရုံးကြီးများဘက်သို့ချိုးကွေ့လွတ်
မြောက်သွားခဲ့သည်ဟု ယာဉ်ထိမ်းတစ်ဦး၏ပြောပြချက်အရသိရှိရသည်။
အဆိုပါဖြစ်စဉ်အားမြို့မအမှတ်(၁)ရဲစခန်းတွင် ပ/၂၄၀/၁၂ ပုဒ်မ(၃၈၂)ဖြင့်အမှုဖွင့် စုံးစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။
ဘကြီးသက်
Unknown at 5:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဂျပန်တက္ကသိုလ် ၅ ခု၏ ကွန်ပျူတာဆာဗာများ ထိုးဖောက်တိုက်ခိုက်ခံရ
From :  အေးချမ်းမွန်
 ဂျပန်နိုင်ငံရှိ အထင်ကရတက္ကသိုလ်ကြီး ၅ ခု၏ ကွန်ပျူတာစနစ်များကို နိုင်ငံတကာဟက်ကာအုပ်စုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာများ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူသွားကြောင်း The Asahi Shimbun သတင်းက ပြောကြားသည်။ GhostShell ဟု ၎င်းတို့ကိုယ်တိုင် အမည်သတ်မှတ်ထားသော ဟက်ကာအုပ်စုသည် ဂျပန်နိုင်ငံရှိ တိုကျိုတက္ကသိုလ်၊ ကျိုတိုတက္ကသိုလ်၊ နာဂိုယာတက္ကသိုလ်၊ တိုဟိုကူတက္ကသိုလ်နှင့် အိုဆာကာတက္ကသိုလ်တို့၏ ဆာဗာများကို ထိုးဖောက်ဝင်ရောက်ကာ အချက်အလက်များကို ရယူသွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် GhostShell ၏ ကြေညာချက်အရ ၎င်းတို့သည် နာမည်ကျော် ဟားဗတ်နှင့် ကိန်းဘရစ်တက္ကသိုလ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်ပေါင်း ၁၀၀ ၏ ကွန်ပျူတာဆာဗာများကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး လူပေါင်း ၁၂၀,၀၀၀ ကျော်၏ ကိုယ်ရေးအချက်အလက်များကို ရယူနိုင်ခဲ့ကြောင်း သိရသည်။ 
Myanmar Express
ဘကြီးသက်
Unknown at 4:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လူတွေကဧရာဝတီကိုသာသတိရပြီးသံလွင်ကိုတာ့မေ့နေကြပြီ
ရှမ်းပြည်နယ် တောင်ပိုင်း သံလွင်မြစ်ပေါ်ရှိ အာရှတွင် အမြင့်ဆုံးဖြစ်လာနိုင်သော တာဆန်းဆည် မဟာ ရေအားလျှပ်စစ်စီမံကိန်းကို စတင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နှင့် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ကြားတွင်တည်ရှိပြီး လတ်တလောတွင် China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီမှ ၀န်ထမ်းများက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ကိုစိုင်းစိုင်းက ဧရာဝတီသို့ ပြောသည်။
“တရုတ်အဖွဲ့တွေက ဆန်းစစ်လေ့လာမှုတွေ လုပ်နေတယ်၊ သူတို့ စီမံကိန်းအတွက် ဒီဇိုင်းအသစ် ပြန်လုပ်ဖို့ရယ်၊ နောက်ပြီးတော့ တရုတ်နယ်စပ်ကနေ လမ်းဖောက်ဖို့အတွက် လာလေ့လာတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
ကိုစိုင်းစိုင်း၏ အဆိုအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်၍ ယင်းဒေသအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယင် စီမံကိန်းကြီးကို စတင်ရန် CTGPDC ကုမ္ပဏီ ၀န်ထမ်းများက ကွင်းဆင်းလေ့လာမှုများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း စီမံကိန်းကို သံလွင်မြစ်ပေါ်တွင် တာတမံ နှစ်ဆင့် တည်ဆောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ် ပမာဏ၏ နှစ်ဆကျော်ထုတ်ယူ နိုင်သည်ဟု ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစပ်အောင်မြတ်က ပြောကြားကြောင်းလည်း ယခုလ ပထမပတ်ထုတ်က ပေါ်ပြူလာသတင်းဂျာနယ်တွင် ဖော်ပြထားသည်။
“ဒီနေရာမှာ ကျောက်တောင်တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထားကလည်း အနည်းဆုံး နေရာဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ စစ်အစိုးရက ပထမဦးဆုံး ထိုင်းနိုင်ငံမှ အမ်ဒီအိက်စ် ကုမ္ပဏီ အုပ်စု (MDX Group) နှင့် ရှမ်းပြည်နယ်တွင် တာဆန်းဆည် တည်ဆောက်ရန် ၂၀၀၇ ခုနှစ်တွင် သဘောတူခဲ့သည်။
ထိုအချိန်က MDX Group နှင့် မကျေလည်မှုများ ရှိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဆိုင်နို ဟိုက်ဒရို၊ တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ၊ တရုတ် CTGPDC တို့က မြန်မာနိုင်ငံ သံလွင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) မှ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းမောင်ကြီးက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းကြောင့် ရှမ်းတိုင်းရင်းသားများသာမက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားများ သဘာဝဆိုးကျိုးများ ကြုံရနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ထုံစံအတိုင်း အရင် အတိတ်ကာလကို ပြန်ကြည့်မယ်ဆိုရင် လောပိတ ရေအားလျှပ်စစ် စီမံကိန်းတို့၊ ဇော်ဂျီ ရေအားလျှပ်စစ် စီမံကိန်းတို့ဆိုရင် ဖြတ်သာသွားတယ်၊ မြင်သာမြင် မကြင်ရတဲ့ ဘ၀ အဲဒီလိုမျိုးပေါ့။ အခုလည်း တာဆန်းရေကာတာ စီမံကိန်းလည်း ထင်သာမြင်သာမှု မရှိဘူးဆိုတော့ ကောင်းကျိုးတွေ ခံစားရမယ်လို့ မမျှော်လင့်ပါဘူး” ဟု ၎င်းက ဆိုသည်။
စီမံကိန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအနေနှင့် ပြည်သူလူထု၏ ဆန္ဒမပါဘဲ အကောင်အထည် ဖော်ဆောင်ခြင်း မပြုလုပ်သင့်ကြောင်း ဦးစိုင်းမောင်ကြီးက ဆက်ပြောသည်။
ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းနှင့် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရေးအတွက် အနည်းဆုံး ဒေါ်လာ သန်း ၆၀၀၀ ကုန်ကျမည်ဖြစ်ပြီး ရေကာတာ၏ အမြင့်သည် ၂၂၈ မီတာ ဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးရေကာတာ ဖြစ်မည်ဟု သိရသည်။
မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်၏ မှတ်တမ်းအရ တရုတ်နိုင်ငံရှိ အမြင့်ဆုံးဆည်ဖြစ်သည့် ဧရာမ Three George Dam ထက်ပင် မြင့်ဖွယ် ရှိသည်ဟု သိရပြီး ယင်းဆည်တည်ဆောက်မှုနှင့် ပတ်သက်၍ ဆိုးကျိုးများကို ဒေသခံများအား အသိပေးခြင်း မရှိဟု ဆိုသည်။
၂၀၀၅ ခုနှစ်က စစ်အစိုးရ ထုတ်ဝေသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်တွင် “တာဆန်း (သံလွင်) အမည်တွင်မည့် အဆိုပါ မဟာရေအား လျှပ်စစ် စီမံကိန်းကြီးမှ ထုတ်ယူရရှိမည့် လျှပ်စစ်ဓာတ်အား ပမာဏမှာ ၇၁၁၀ မဂ္ဂါဝပ် ဖြစ်ပေသည်” ဟု ဖော်ပြထားသည်။
“သံလွင်မြစ်၏ စွမ်းအားကို အသုံးချ၍ ပြည်ထောင်စုကြီး ထွန်းကားအောင် နိုင်ငံတော်က စွမ်းဆောင်ပေးမည့် မဟာ ရေအား လျှပ်စစ် စီမံကိန်းကြီး ဖြစ်သည်” ဟု ၎င်းစာအုပ်တွင် ရေးထားသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်သော“ဘဝဇစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” (Roots and Resilience) အမည်ရှိ အစီရင်ခံစာတွင် သံလွင်မြစ်ရိုးပေါ်တွင် တည်ဆောက်မည့် တာဆန်း ရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေရကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သောနှစ်များကပင် လူဦးရေ တသောင်းခွဲခန့်သည် ၎င်းဒေသမှ ဖယ်ပေးခဲ့ရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ယခင် စစ်အစိုးရက လက်ထက်၌ တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇ ခု တည်ဆောက်ရန် လျာထားခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများ အဓိက တာဝန်ယူ ဆောက်လုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ပမာဏ ၃၅၆၄၀ မဂ္ဂါဝပ်ထွက်ရှိရန် မျှော်လင့်ထားပြီး အများစုကို တရုတ်သို့ တင်ပို့ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကချင်၊ ရှမ်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။
ကရင်ပြည်သူ့ပါတီ (KPP) မှ တွဲဖက် အတွင်းရေးမှူး ဦးစောမိုးမြင့်က “ဧရာဝတီကိုပဲ လူတွေက အာရုံစိုက်ကြတယ်၊ သံလွင်ကိုတော့ လူတွေက မေ့နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
 နိုင်နိုင်စနေ။
ဘကြီးသက်
Unknown at 4:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဆရာဦးသောင်းတင်အား ဒု-၀န်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သဖြင့် ကွန်ပျူတာအသင်းချုပ် အထက်လွှာနေရာများ အပြောင်းအလဲဖြစ်
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (MCPA) ဥက္ကဌ ဆရာ ဦးခွန်ဦး အား မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF)၏ ဥက္ကဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ ဆရာ ဦးခွန်ဦးသည် MCPA ဥက္ကဌအဖြစ် တာဝန် ၄၊ ၅ နှစ်တာ ထမ်းဆောင်နေစဉ် ကာလအတွင်း ICT Exhibition များစွာ ကျင်းပ ပြုလုပ်ပြီး ရရှိလာသော အကျိုးအမြတ်များကို ကွန်ပျူတာအသင်းအား ပိုမို ခိုင်မာ ကြီးထွားလာစေခဲ့ပြီး အများပြည်သူ အကျိုးကို ဆထက်ပိုး ထမ်းဆောင်နိုင်ရန် ဖန်တီးပေးခဲ့သည်ဟု သိရသည်။ အဆိုပါ ရလဒ်မှာ ဆရာ ဦးခွန်ဦး၏ ဦးဆောင်မှုများထဲမှ အများစု သတိထားမိကြသည်များ ဖြစ်သည်ဟု ဆိုသည်။ အသင်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များသာ မဲခွဲ ဆုံးဖြတ်ခဲ့ကြသည့်ပွဲတွင် ဆရာ ဦးခွန်ဦး (CTT)မှ နိုင်ငံတော်အစိုးရက ဒုတိယ၀န်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည့် အရင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ ဦးသောင်းတင် နေရာကို ရယူလိုက်ခြင်း ဖြစ်သည်။
သတင်းများအရ ဒုတိယ ဥက္ကဌ နေရာများကို ဒေါ်သန်းသန်းတင်၊ ပါမောက္ခ ဒေါ်နွဲ့နွဲ့ဝင်းနှင်
့အတူ ဆရာ ဦးသိန်းထွဋ် (Mandalay) တို့မှလည်းကောင်း၊ အထွေထွေ အတွင်းရေးမှူးနေရာအတွက် ဦးဇော်မင်းဦး (MTG)မှလည်းကောင်း၊ တွဲဖက် အတွင်းရေးမှူးများကို ဒေါက်တာ ထွန်းသူရသက် (MIT)နှင့် ဦးအောင်ကျော်မိုး (Client Focus)တို့မှလည်းကောင်း၊ ဘဏ္ဏာရေးမှူးအဖြစ်ဒေါ်တင်တင်အေးနှင့်အတူ စာရင်းစစ်များအဖြစ် ဦးမင်းဦးနှင့် ဒေါ်ခင်မြထွဋ် (Citicom) တို့မှလည်းကောင်း ရရှိခဲ့ကြကြောင်း သိရသည်။
____________________________________
Reference and Credit to -Myanmar ICT
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
ဘကြီးသက်
Unknown at 1:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း။
ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာ မကျစေရ ပါဘူးလို့ အာမခံရဲပါတယ်ဆိုတဲ့ Miss International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း။
Friday, 05 October 2012
(တွေ့ဆုံမေးမြန်းသူ - စိုးလင်းထွန်း)
ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ပအိုဝ့် တိုင်းရင်းသူ မနန်းခင် ဇေယျာအား ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပုံနှင့် ပြိုင်ပွဲ အခြေ အနေများကို တွေ့ဆုံ မေးမြန်းပြီး ဖော်ပြ လိုက်ပါသည်။
မေး - ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး၊
ဖြေ - ကျွန်မ နာမည် မနန်းခင် ဇေယျာပါ၊ အသက်က ၂၃ နှစ်၊ ပညာ အရည်အချင်းက LL.B ဥပဒေဘွဲ့၊ လူမျိုးက ရှမ်းပအိုဝ့် ဖြစ်ပြီး ဂျာမန်- အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်ပါတယ်။
မေး - ပြိုင်ပွဲ ဝင်ဖြစ်ပုံလေး ပြောပြပါ။
ဖြေ - ၂ဝ၁၂ ခုနှစ် မတ်လက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကျင်းပတဲ့ Miss Myanmar International 2012 ပြိုင်ပွဲမှာ Miss Myanmar International Crown ဆုရရှိခဲ့ ပါတယ်။ အဲဒါနဲ့ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ကနေတစ်ဆင့် ဂျပန်မှာ ကျင်းပတဲ့ ပြိုင်ပွဲဝင်ဖို့ ဖြစ်ခဲ့တာပါ။
မေး - ပြိုင်ပွဲဝင်ဖို့ ကြိုတင် ပြင်ဆင်မှု အနေနဲ့ ဘာတွေလုပ်ထားပါသလဲ။
ဖြေ - ပြိုင်ပွဲဝင်ဖို့ စက်တင်ဘာ ၂ ရက်နေ့က ကမ်းလှမ်းခံရ ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် International Travel Expo ခရီးသွား ပြပွဲဖွင့်ပွဲ အခမ်း အနားလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ဖျော်ဖြေခဲ့ရ ပါသေးတယ်။ ကြိုတင် ပြင်ဆင်ဖို့ အချိန်တော့ အရမ်းနည်း ပါတယ်။ ဒါပေမဲ့ ကျွန်မက ဂျာမန်နဲ့ အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်တော့ ကိုယ့်မြန်မာ နိုင်ငံ သမိုင်းကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာရေးက အစ နိုင်ငံခြားသား တွေကို ရှင်းပြရတဲ့ အလုပ် လုပ်တာ လေးနှစ်ကျော် ငါးနှစ် ရှိခဲ့လို့ သိပ်တော့ မစိမ်းပါဘူး။ ဘဝ ရပ်တည်ရေး အတွက် ပညာရပ်တွေ လေ့လာ ဆည်းပူးတာတော့ အဆက်မပြတ် လုပ်ခဲ့ပါတယ်။
မေး - ပြိုင်ပွဲမှာ ဘယ်လို ပုံစံမျိုးနဲ့ ဝင်ပြိုင်မလဲ။
ဖြေ - ပြိုင်ပွဲမှာ မြန်မာ့ ယဉ်ကျေးမှု ဝတ်စုံနဲ့ ဆွမ်းတော်အုပ် ပိုက်ပြီးပြိုင်မယ်။ ပြီးတော့ ရှမ်းသီချင်းနဲ့ ဖျော်ဖြေမယ်။ ညနေခင်း ဝတ်စုံကိုတော့ ကချင်ရိုးရာ ဝတ်စုံ ဝတ်ပြိုင်မယ်။ ပြိုင်ပွဲဝင် ဝတ်စုံတွေ ကိုတော့ ပြည်စိုးအောင်၊ မမမဉ္ဇူ (Zu Zu Collection) နဲ့ မသွင်စုထွေး တို့က ပံ့ပိုးပေးထား ပါတယ်။
မေး - ပြိုင်ပွဲဝင်ဖို့ ဘယ်သူတွေ ပါသေးလဲ။ ဂျပန်မှာ ကျင်းပမယ့် ပြိုင်ပွဲအခြေ အနေလေး ပြောပြပေး ပါဦး။
ဖြေ - ကျွန်မ တစ်ယောက်တည်း သွားရမှာပါ။ ဂျပန်မှာ တစ်လလောက် Camp ဝင်ရဦးမယ်။ Camp ထဲ ဘယ်သူမှ ဝင်ခွင့် မရလို့ တစ်ယောက်တည်း သွားမှာပါ။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၅ဝ ကျော်က ပြိုင်ပွဲဝင် ၇ဝ ကျော် ဝင်ရောက် ပြိုင်မယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံကတော့ ကျွန်မ တစ်ဦး တည်းပဲပေါ့။
မေး - ဆုရဖို့ရော နီးစပ် နိုင်ပါ့မလား။
ဖြေ - ဆုရတာ မရတာ ကတော့ ကံတရားပေါ့။ ကျွန်မကတော့ အစွမ်းကုန် ကြိုးစားမှာပါ။ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာ မကျစေရ ပါဘူးလို့ အာမခံရဲ ပါတယ်။ ကိုယ့်နိုင်ငံ Image တက်အောင် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ပြိုင်ပွဲက ရုပ်ရည် လှပရုံသာ မက ဗဟုသုတ အရည် အချင်းပါ ပြည့်ဝရမယ့် အပြင် ပရိသတ် တွေရဲ့ မဲပေး ရွေးချယ်မှု ကလည်း အရေး ပါတာမို့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်တွေကို www. miss International.org မှာ ဝင်ရောက် လေ့လာပြီး ကျွန်မကို မြန်မာပြည် ကနေ မဲပေး ကြပါလို့ မေတ္တာရပ်ခံ ပါရစေရှင့်။
မြ၀တီ။
ဘကြီးသက်
Unknown at 1:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အင်တာနက် ဆက်ကြောင်း SEMEWE 5 ကို ချိတ်ဆက် အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ
လက်ရှိ ပြည်တွင်းမှာ အသုံးပြု လျက်ရှိတဲ့ အင်တာနက် စနစ်မှာ အဓိက အနေနဲ့ ချိတ်ဆက် အသုံးပြုတဲ့ SEMEWE 5 ဆက်ကြောင်း အပြင် အင်တာနက်
စနစ်အတွက် ပိုပြီး ကောင်းမွန်တဲ့ SEMEWE 5 နဲ့ ချိတ်ဆက် အသုံးပြု နိုင်အောင် စင်္ကာပူနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံနဲ့ MoU ထိုးပြီး ဆောင်ရွက် သွားဖို့ ရှိတာ ဖြစ်တယ်လို့ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
လက်ရှိ ပြည်တွင်းမှာ အသုံးပြု လျက်ရှိတဲ့ SEMEWE 3 ရဲ့ သက်တမ်းဟာ နှစ် ၂၀ ခန့် ဖြစ်ပါတယ်။ အခုလို အသုံးပြု လျက်ရှိတဲ့ SEMEWE 3 ဆက်ကြောင်း ဟာဆိုရင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှီခို အသုံးပြုနေတဲ့ ဆက်ကြောင်း တစ်ခုဖြစ်တဲ့ အပြင် သက်တမ်း အနေနဲ့လည်း ကြာမြင့်နေပြီ ဖြစ်တာကြောင့် ဆက်ကြောင်းအသစ်နဲ့ ချိတ်ဆက် နိုင်အောင် ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ ကြိုးပမ်း ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ အင်တာနက် Bandwidth ကို စတင် အသုံးပြုစဉ်က ၄၅ မဂ္ဂါဝဒ်နဲ့ စတင်ခဲ့ပြီး ယခုအချိန်မှာ 14 GB နဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင်လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
ဘကြီးသက်
Unknown at 12:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မဇ္ဈိမ လိမ်တာလား...အန်အယ်လ်ဒီ လိမ်တာလား...
 တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံနှင့် ပတ်သက်၍ နိုင်ငံရေးပါတီသုံးခုမှ အစည်းအဝေးပြုလုပ်ပြီး ကန့်ကွက်ခဲ့ကြောင်း မဇ္ဈိမ သတင်းဌာနမှ အောက်ပါနေ့ရက် များတွင် သတင်းဖော်ပြခဲ့သည်။
 ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွက်ရန် သုံးပါတီဆုံးဖြတ် 
ကွန်းချမ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၇ မိနစ်
 ကျောက်မီးသွေး လျှပ်စစ်စက်ရုံ အစားထိုးလောင်စာ သုံးရန် သုံးပါတီတောင်းဆို
 ကွန်းချမ်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၈ မိနစ် 
 အဆိုပါသတင်းများတွင် အန်အယ်ဒီပါတီမှ ပတ်သက်ရာပတ်သက်ကြောင်းများဖြစ်သော ကော့သောင်း အမေ့အိမ် ပညာဒါနကျောင်းမှ ပညာရေး တာဝန်ခံ ဆရာဦးမျိုးလွင် က “ကောင်းကျိုးတွေ အနေနဲ့ ကြည့်မယ် ဆိုရင်တော့ မီးလင်းနိုင်တယ်ပေါ့နော်။ အဲဒီလင်းလာမယ့် မီးဟာ ကလေးတွေရဲ့ အသက်သွေးကြောတွေကို ဝါးမြိုတဲ့ မီးတွေ ဖြစ်နေတဲ့အခါကျတော့ ဆရာတယောက်အနေနဲ့ ဒါကို ခွင့်ပြုလို့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။ 
 အမေ့အိမ် ပညာဒါနမှ သင်ကြာရေး တာဝန်ခံ ဦးမျိုးလွင်က “ကျနော် သွားလေ့လာပြီးပြီ။ လူနေရပ်ကွက်နဲ့ ပေ ၂ဝ လောက် ရေနုတ်မြောင်းကြီး တခုပဲ ခြားပါတယ် ခင်ဗျ။ ဒါဟာ အတော့်ကို ဆိုးရွားတဲ့ကိစ္စ ဖြစ်နေတယ်လေ။ ဒါ့ကြောင့် တခြားလောင်စာတွေနဲ့ လည်ပတ်ရင် လည်ပတ်ပေါ့။ အဲဒါမျိုး ကျနော်တို့ တိုက်တွန်းတာပါ” ဟု ပြောသည်။ NLD ဗဟိုဌာနချုပ် အနေနှင့် ကော့သောင်း ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကိစ္စကို သိရှိကြောင်းနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ သဘောထားကို စုဆောင်းနေကြောင်း၊ ပြည်သူလူထု အန္တရာယ် ရှိနိုင်မည်ဆိုပါက ပါတီ၏ သဘောထားကို ထုတ်ပြန်ကာ တရားဝင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်း က ပြောသည်။ ထိုသို့သော အန်အယ်ဒီနှင့်ပတ်သက်ရာ ပတ်သက်ကြောင်းများမှ ပါဝင်ပြောကြားခဲ့သည့်အတွက် အန်အယ်ဒီပါတီအနေဖြင့် ကြေငြာချက်တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။ 
 မဇ္ဈိမ သတင်းဌာန သည် ဒေါ်စုကြည် အကျယ်ချုပ်ကျခံနေစဉ်ကာလ၌ လည်းကောင်း၊ လက်ရှိ အခြေအနေများတွင် လည်းကောင်း အန်အယ်ဒီအား အမြဲတစေထောက်ခံအားပေးနေသော်လည်း ယခု သတင်းဖော်ပြချက်များတွင် အန်အယ်ဒီ၏ ခွင့်ပြုချက်မရရှိဘဲ ဖော်ပြခဲ့သည်။ သတင်းဌာနတစ်ခု အနေဖြင့် သတင်းမှန်မမှန် စိစစ်ရန်ပျက်ကွက်ခြင်းလား၊ အန်အယ်ဒီပါတီအနေဖြင့် ၄င်းတို့၏ နာမည် သုံး၍ လုပ်ဆောင်ချက်များအား ယခုမှပင် သတိမူခြင်းများ ဖြစ်နေမည်လား ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ 
 Myanmar Express
ဘကြီးသက်
Unknown at 11:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဗုဒ္ဓဘာသာအလံတော်အကြောင်း......( သိကောင်းစရာ ဗဟုသုတဖြစ် တင်ပေးလိုက်ပါသည် )
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
ဘကြီးသက်
Unknown at 11:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
“ယခုလာမည့်လွှတ်တော်မှာ ပညာရေးပြုပြင်ပြောင်းလဲဖို့ အခြေခံရလဒ်တွေ ထွက်ပေါ်လာအောင်ဆွေးနွေးမည်
ယခုလာမည့်လွှတ်တော်မှာ အခြေခံပညာရေးပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ အခြေခံရလဒ်တွေ ထွက်ပေါ်လာအောင် NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်ဦးကပြောကြားသည်။ ယနေ့မနက် ကိုးနာရီခန့်က အင်းစိန်မြို့နယ် မြန်မာနိုင်ငံ ခရစ်ယာန်ဓမ္မတက္ကသိုလ်တွင် ပြုလုပ်သော မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာဆွေးနွေးပွဲတွင်ပြောကြားခြင်းဖြစ်သည်။ ယင်းပွဲကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဆိုသော် လည်း ခရီးပန်းလာမှုကြောင့် အနားယူနေသဖြင့် တက်ရောက်နိုင်ခြင်းမရှိပေ။၎င်းပွဲကို ဘာသာရေး အဖွဲ့အစည်းများနှင့် ၈၈ မျိုးဆက် ကျောင်းသားများ Generation Wave မျိုးဆက်လူငယ်များ အပါအ၀င် အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့က ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။ ပညာရပ်နယ်ပယ် အသီးသီးမှ ပညာရှင် များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ် (အငြိမ်းစား) များ၊ လွှတ်တော် ကိုယ်စားလှယ်များ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နှစ်ရက်တာ ကျင်းပပြု လုပ်မည်ဖြစ်ကြောင်းသိရသည်။
ပြည့်ဖြိုး၊ ညွန့်ဝင်း
ဘကြီးသက်
Unknown at 11:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အိမ်ခြံမြေဈေးလျော့ကျစေရန် ထပ်မံ၍ မူဝါဒပြောင်းလဲရန်မလိုဟု အကျိုးဆောင်များသုံးသပ်
အိမ်ခြံမြေဈေးနှုန်းကြီးမြင့်နေသည့် ပြဿနာကို လျှော့ချနိုင်ရန်အတွက် မိသားစုအလိုက်ဝင်ငွေရရှိမှု အပေါ်မူတည်၍ ၀ယ်ယူနိုင်သော အိမ်ယာစီမံကိန်းများ၊ မြေကွက်များကို ထပ်မံဖော်ထုတ်သင့်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ပြောဆိုကြသည်။
“ရေရှည်တော့ လုပ်နိုင်ဦးမှာ မဟုတ်ပါဘူးဗျာ။ ဈေးနှုန်းကကျရင်လည်း နည်းနည်းပါးပါးပဲ ကျလာမှာပါ။ ဒါပေမယ့် ရှေရှည်မှာ ဒီလောက်ကြီး ဈေးကျအောင် ထိန်းထားနိုင်စရာတော့ မမြင်ပါဘူးဗျာ ခဏတော့ ရပါလိမ့်မယ်”ဟု ကောင်းသန့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
လက်ရှိ ရန်ကန်မြို့အိမ်ခြံမြေဈေးကွက်အတွင်း ကျပ်သိန်းထောင်ချီသောမြေကွက်များအရောင်းအ၀ယ် ဖြစ်နေကြောင်းနှင့် ကျပ်သိန်း (၅၀၀) အောက်မြေကွက်များမှာ  အနည်းငယ်သာ အရောင်း အ၀ယ်ဖြစ် နေပြီး တိုက်ခန်းနှင့်ကွန်ဒိုအငှားသာများနေကြောင်း အကျိုးဆောင်လုပ်ငန်းများထံမှ သိရှိရသည်။
အိမ်ခြံမြေဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်ရန် အခွန်နှုန်းထားထပ်မံတိုးမည်ဆိုပါက သာမာန် ပြည်သူအများစုထိ ခိုက်နိုင်ခြင်းကြောင့် အဆိုပါအချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဖြစ် ကြောင်း အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင် သူတစ်ဦးက ပြောဆိုသည်။
“Tax က ၁၅ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းဆိုတော့ ထိန်းလိုက်တာပါပဲဗျာ။ ၀ယ်ရောင်းသမား ဆိုတာက လက်တစ် ဆုပ်စာလောက်ပဲ ရှိတာလေ Tax ကိုထပ်ပြီးတော့ တိုးမယ်ဆိုရင် သာမာန် ပြည်သူအများရဲ့ လုပ်သာကိုင်သာတဲ့ အခွင့်အလမ်းအနေအထား ကျဉ်းမြောင်းသွားတယ်ဆိုရင်တော့ ဒါ နည်းနည်းထည့်တော့ စဉ်းစားရမယ့် သဘောရှိတယ်”ဟု အိမ်ခြံမြေလုပ်ငန်းနှင့်ပတ်သက်သည့် ပညာရှင်တစ်ဦးဖြစ်သူ မဏ္ဏိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက ပြောသည်။
သင့်တော်သည့် နှုန်းထားရှိသည့် အိမ်ခြံမြေဈေးဖြစ်ပေါ်လာဖို့ရန်အတွက် အခွန်အား ထိန်းချုပ်ရမည် ဖြစ်ကြောင်းနှင့် မြေဈေးများနှင့် တိုက်ခန်းဈေးနှုန်းများကို ထိုက်သင့်သော level ရောက်အောင် ဆွဲချမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ သို့ ရောက်ရှိနေစဉ်က မြန်မာမိသားစုနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက  ပြောကြားခဲ့ကြောင်းကို လည်းသိရှိသည်။
အဆိုပါပွဲတွင် ၀န်ကြီးမှအစိုးရပါဝင်သော အိမ်ခြံမြေဈေးနှုန်းတန်ဖိုးဖြတ်သည့်အဖွဲ့ကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဖွဲ့စည်းသွားမည်ဟုလည်း ပြောကြားခဲ့သေးသည်။
အိမ်ခြံမြေမူဝါဒထပ်မံပြောင်းလဲမည်ဆိုပါက ဈေးကစားနေသော စီးပွားရေးသမားများနှင့် အိမ်ခြံမြေဘက်တွင် ရင်းနှီးမြှုပ်နှံထား သူများနှင့်ရင်းနှီးမြှူပ်နှံမည့်သူများအတွက် အကာအကွယ်ပေးသောမူဝါဒမျိုးမဖြစ်သင့်ကြောင်း ကိုလည်း သိရှိရသည်။
 “၀ယ်ရောင်းသမားတွေကြောင့် အကြောင်းကြောင်းကြောင့် မြေဈေးမြင့်တယ်ဆိုတာ မှန်ပါတယ်။ အနာတခြား   ဆေးတခြားဖြစ်သွားမှာလည်း စိုးရတယ်လေ။ ဘာကြောင့်လဲဆိုတော့ အခုထပ်ပြောင်းမယ့် မူဝါဒက ဈေးကစား ချင်တဲ့သူတွေအတွက် အကအကွယ်ပေးတဲ့ မူဝါဒ ခဏတော့ ဖြစ်သွားနိုင်တယ်”ဟု မဏ္ဏိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက ပြောသည်။
ဘကြီးသက်
Unknown at 11:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည် အပြောင်းအလဲ ဘယ်သွားမလဲ
ဒေါ်အောင်ဆန်းစုကြည်၏ အမည်နာမနောက်တွင်တရားမျှတမှု၊ လူ့အခွင့်အရေး လေးစားမှု၊ ဒီမိုကရေစီနှင့် အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ စသည့် ဂုဏ်ပုဒ်များနှင့် တွဲဆက်ထားသည်။ ကမ္ဘာပေါ်တွင် လူသိထင်ရှားသော တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားတို့နှင့် တတန်းတည်းထား လေးစားကြသည်။ အမေရိကန် ခရီးစဉ်မှ ယခု မြန်မာပြည် ပြန်ရောက် လာပြီဖြစ်သော ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန် သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကွန်ဂရက်နှင့် ဆီးနိတ် အမတ်များ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ သူရဲကောင်းတဦးကဲ့သို့ ဂုဏ်ပြုကြိုဆို ခဲ့ကြပြီး မြန်မာပြည် အပြောင်းအလဲအတွက် သမ္မတ ဦးသိန်းစိန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကို တန်ဖိုးထား လေးစားခဲ့ကြသည်။
အဖိနှိပ်ခံများ၏ ဒီမိုကရေစီသူရဲကောင်း ဘဝနှင့် အပေးအယူ အလျှော့အတင်းများကြားက လက်တွေ့နိုင်ငံရေးသမား ဘဝတို့ ကွာဟမှုကို ဒေါ်အောင်ဆန်းစုကြည် အချိန်တိုအတွင်း လေ့လာ ပြောင်းလဲယူနိုင်မှုက အမေရိကန်တို့ ပြောစမှတ် အဖြစ်ဆုံး ဖြစ်သည်။
၁၅ နှစ် နေအိမ်အကျယ်ချုပ်မှ နောက်ဆုံး လွတ်မြောက်လာအပြီး ပုံစံပြောင်းသွားသော နိုင်ငံရေး အုပ်ချုပ်မှုကို လက်သင့်ခံပြီး အတိတ်၏ လောင်းရိပ်အောက်မှ ရုန်းထွက်ကာ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရ၊ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးစီးသော နေပြည်တော်လွှတ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ခရီးစဉ်တွင် ပိုမိုခိုင်မာစေခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့မှု အကြောင်းပြပြီး မိမိ စီမံအုပ်ချုပ်ရေး ညံ့ဖျင်းမှုကို ဖုံးကွယ်သူများကို စိန်ခေါ်၍သော်လည်းကောင်း၊ ဒီမိုကရေစီဘက်သားများ ကိုယ့်ခြေထောက်ပေါ်ကိုယ် အားကိုးစေလို၍သော်လည်းကောင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေးကို ထောက်ခံခဲ့ကာ အမေရိကန်အစိုးရက ပြင်ဆင်နေခဲ့သော မြန်မာ့ပို့ကုန် ပြန်ဖွင့်ပေးရေးကို လမ်းဖွင့်ပေးခဲ့သည်။
တပ်မတော်၏ အရေးပါမှု၊ အနာဂတ်တွင် လက်စားချေ ခုံရုံးတင်ခြင်းများ မပြုလုပ်လိုဟုလည်း ဆိုခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် အကယ်၍ မဲအများစုဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီး လွှတ်တော်ကို လွှမ်းမိုးလာမည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ရာထူးအတွက် စာရင်းတင်လာပါက တပ်မတော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို လိုသောကြောင့်တကြောင်း၊ တပ်မတော်မပါဝင်ဘဲ မြန်မာ့အပြောင်းအလဲ ရှေ့မတိုးနိုင်မည်ကို စိုးရိမ်သောကြောင့်တကြောင်း ယုံကြည်မှု အပြန်အလှန် တည်ဆောက်ရန် လမ်းဖွင့်လိုပုံရသည်။
ယခုအခါ အသက် ၆၇ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို ဆက်လက်ဦးဆောင်မည်ဟု ယုံကြည်ရပြီး သမ္မတ ဦးသိန်းစိန်ကလည်း အကယ်၍ ပြည်သူအများစုက ဆန္ဒပြုပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူမည်ကို ကန့်ကွက်ရန်မရှိဟု ပြောဆိုခဲ့သည်။
ယင်းသို့ စိတ်လှုပ်ရှားဖွယ် အပြောင်းအလဲများကြောင့် အမေရိကန်များကလည်း မြန်မာပြည်အပေါ် ဒဏ်တပ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၍ ယခုအခါ ဆုလာဘ် ပြန်ပေးရမည်ဟု စိတ်ကောင်းဝင်ခဲ့ကြသည်။
မြန်မာပြည်အပေါ် ပိတ်ပင်ထားသည့် ငွေကြေးလွှဲပြောင်းနိုင်မှုကို သမ္မတ အိုဘားမား၏ လုပ်ပိုင်ခွင့်ဖြင့် ဖယ်ရှားရေးကို ကွန်ဂရက်က အတည်ပြုခဲ့ရာ မြန်မာပြည်တွင် အလျင်အမြန် လိုအပ်နေသော လမ်း၊ ရေ၊ လျှပ်စစ်မီးနှင့်လူထု ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ၊ ကျန်းမာရေး၊ ပညာရေး အစီအစဉ်များ မြန်မာအစိုးရက စတင် အကောင်အထည်ဖော်ရန် နိုင်ငံတကာ ငွေကြေးအင်စတီကျူးရှင်း၊ ဖွံ့ဖြိုးရေးဘဏ်များက ငွေ စချေးနိုင်မည်ဟု ယုံကြည်ရသည်။
အနာဂတ်အတွက် မျှော်လင့်ချက်မဲ့ဖြစ်နေခဲ့ရာမှ စိတ်လှုပ်ရှားဖွယ် အပြောင်းအလဲများကို မြင်နေကြရသော်လည်း မြန်မာပြည် ဇာတ်မပေါင်းသေးပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်လ်ဆင်မင်ဒဲလား၊ မြန်မာပြည်နှင့် တောင်အာဖရိက နိုင်ငံရေး အပြောင်းအလဲများကို နှိုင်းယှဉ်နိုင်သော်လည်း စီးပွားရေးအရမူ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ဆိုင်နေရသည်မှာ တောင်အာဖရိက မဆိုနှင့် အနည်းဆုံး စစ်ဗိုလ်ချုပ်ဟောင်းများ ကိုးကားလေ့ရှိသော အင်ဒိုနီးရှားနှင့်ပင် မတူ၊ မြေကြီးပေါ်မှ စရမည့် အနေအထားဖြစ်သည်။
စစ်တပ်နှင့် ခရိုနီကြီးစိုးသော စီးပွားရေးစနစ်မှ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိပြီး တရားဥပဒေ စိုးမိုးမှုရှိသော တံခါးဖွင့် ဈေးကွက်စီးပွားရေး စနစ်ဆီ ပြုပြင်ပြောင်းလဲနိုင်ရေး ငွေကြေး၊ နည်းပညာ နှင့် လူ့အရင်းအမြစ် ရှားပါးခမ်းခြောက်နေသော မြန်မာပြည်အဖို့ အပြောလွယ်သလောက် အလုပ်ခက်မည်မှာ အမှန်ပင်။
နှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေးတွင် ခံစားခဲ့ကြရသော မတရားမှုများအတွက်လည်း အမှန်တရား ဖော်ထုတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး မည်သို့ ပုံဖော်မည်ကို ယခုအထိ ရှင်းလင်းစွာ မသိရသေးဘဲ လတ်တလော လိုအပ်နေသော တရားဥပဒေ စိုးမိုးရေးအတွက် လွှတ်တော်အတွင်း ဖွဲ့စည်းထားသည့် ကော်မတီမှ ဒေါ်အောင်ဆန်းစုကြည် စကိုင်တွယ်နေရသည့် အနေအထားသာ မြင်ရသေးသည်။
တိုင်းပြည်ပြန်လည် ထူထောင်ရေးတွင် ဒီမိုကရေစီစနစ် ကျင့်သုံးရေးနည်းတူ အရေးကြီးသည်မှာ တိုင်းရင်းသားအရေး ဖြစ်သည်။ ပြည်တွင်းစစ်ကို ရပ်ဆိုင်းပြီး ရေရှည် ငြိမ်းချမ်းမှု တည်ဆောက်မည်ဆိုလျှင် နိုင်ငံရေးအဖြေရှာနိုင်မှ ဖြစ်မည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ် ပြည်မ တန်းတူ ခံစားခွင့်၊ ပြည်ထောင်စုအပေါ် တာဝန်ခွဲဝေ ထမ်းရွက်ခြင်း စသည့် အာဏာနှင့် ဘဏ္ဍာရေး ခွဲဝေမှုအပေါ် ရှောင်လွှဲမရတော့ဘဲ တာဝန်သိစိတ်ထား အပြည့်ဖြင့် အပြန်အလှန် ညိနှိုင်းဆွေးနွေးမှ ဖြစ်မည်။
လွှတ်တော်အတွင်း တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ပတ်တကြိမ် တွေ့ဆုံနေသော်လည်း လွှတ်တော်ပြင်ပ တိုင်းရင်းသားအရေး၊ အထူးသဖြင့် မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းနှင့် တခြားနယ်စပ်ဒေသများတွင် ဖြစ်ပွားလျက် ရှိနေသော ပြည်တွင်းစစ် ရပ်ဆိုင်းရေးအတွက် ကိုင်တွယ်ထိတွေ့မှု နည်းသည်ဟု ဝေဖန်မှုများ ရှိသည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင် လူနည်းစုအရေးတွင်လည်း နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တဦးအနေဖြင့် မည်သို့မျှ အမည်နာမတပ်၍ ဖော်ထုတ် ပြောဆိုခြင်း မရှိသည့်အပေါ် ဝေဖန်ခံနေရသည်။ အမှန်တကယ်လည်း ဒီမိုကရေစီအခြေခံ နိုင်ငံရေးစနစ်တွင် မည်သူမျှ ဝေဖန်ရေးမှ ကင်းလွတ်မည်မဟုတ်၊ မှတ်ကျောက်တင်ခံနိုင်ရမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရှေ့လျှောက် စိန်ခေါ်မှုများ ဆက်ကြုံရမည်ဖြစ်သော်လည်း ၂၄ နှစ်တာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် စွန့်လွှတ်ပေးဆပ်လာခဲ့ပြီး ကိုယ်ရည်ကိုယ်သွေးတွင် ကမ္ဘာ့ခေါင်းဆောင်များ၌ တွေ့ရသော အရည်အသွေးရှိသည့် အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ကို နိုင်ငံ့အကြီးအကဲ သမ္မတ တာဝန် ပေးအပ်လျှင် မြန်မာ့ဂုဏ်ရည် ပိုပြောင်ဖို့သာ။
၂၀၁၅ ခုနှစ်တွင် အသက် ၇၀ ပြည့်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့ရေးကိုလည်း မျှော်တွေး၍ ပြောင်းလဲနေသည်ကို တွေ့ရသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွမှုကာလမှသည် ပြင်းထန်သော ဖိနှိပ်မှုကို ဖြတ်သန်းခဲ့အပြီး ယခုတိုက်ပွဲပြီးဆုံးပေပြီ။ ဆက်လက်၍ ထူထောင်ရေးကာလသို့ ရည်မျှော်ပြီး ခေတ်လူငယ်ပညာတတ်များကို ပါတီဦးဆောင်မှုနှင့် ဥပဒေပြုရေးတွင် ပါဝင်ရန် အားပေးနေသည်မှာ ကောင်းသော်လည်း အကျဉ်းထောင်တွင်း ဖြတ်သန်းလာခဲ့သူများနှင့် မလွဲမသွေ ပါတီတွင်း အားပြိုင်မှုကို ကြုံကြရသည်။ ယင်းသည်ပင် ပါတီနိုင်ငံရေး၊ ပို၍ဆိုရသော် ပါတီ၏ နိုင်ငံရေး ဦးတည်ချက်ကို ဒီမိုကရက်တစ် အလေ့အထများဖြင့်  အခြေပြု ပေါင်းစပ်နိုင်ရမည် မဟုတ်လော။
အချုပ်ဆိုရသော် ၁၉၈၈ ခုနှစ်မှ မြန်မာ့နိုင်ငံရေးသို့ ဝင်ရောက်လာခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင် လာခဲ့သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ တဦးတည်း အစွမ်းအစကို မြန်မာသာမက ကမ္ဘာကပါ တွေ့မြင်ခဲ့ကြပြီး လေးစားတန်ဖိုး ထားကြသည်မှာ ငြင်းဆိုနိုင်ဖွယ် မရှိပေ။
သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၄ နှစ်ကာလ ပါတီဖြတ်သန်းမှုတွင် လိုအပ်ချက်များအရ အကြိမ်ကြိမ် ပြောင်းလဲ ဖွဲ့စည်းခဲ့သော်လည်း ထက်မြက်ပြီး ထိရောက်သော ဦးဆောင်လုပ်ငန်းအဖွဲ့ကို အခိုင်အမာ တည်ထောင်နိုင်ခဲ့ခြင်း မရှိသေးပေ။ ယခင် စစ်အစိုးရ၏ ပြင်းထန်သော ဖိနှိပ်မှုအောက် ပြန့်ကြဲပြီး ခေါင်းမထောင်နိုင်ခဲ့ဟုဆိုလျှင် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း ယခု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးခေတ်တွင်မူ ယင်းအကြောင်းပြချက် အကြုံးဝင်တော့မည် မဟုတ်ချေ။
 ဧရာဝတီ
ဘကြီးသက်
Unknown at 11:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
The Voice Journal ရဲ့ အမှု အောက်တိုဘာလ (၁၈) ရက်နေ့ကို ပြန်ချိန်း
Photo
အောက်တိုဘာလ ၅ ရက်။    ။ သတ္တတွင်းဝန်ကြီးဌာနနဲ့ The Voice ဂျာနယ်တို့ ဖြစ်ပွားတဲ့အမှုမှာ The Voice ဂျာနယ်ကို ပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်လိုက်ကြောင်း ဒဂုံမြို့နယ် တရားရုံးက မြို့နယ်တရားသူကြီးမှ စက်တင်ဘာလ ၂၀ ရက်နေ့က အမိန့် ချမှတ်ခဲ့ရာမှာ  အဲဒီအမိန့်နဲ့ ပတ်သက်ပြီး The Voice ဂျာနယ်ဘက်က ကြေနပ်မှုမရှိတာကြောင့် ခရိုင်တရားရုံးကို ပြင်ဆင်ပြီး လျှောက်ထားခဲ့ခြင်းကြောင့် အောက်တိုဘာလ ၅ ရက် (ယနေ့) မှာ သတ္တုတွင်းဝန်ကြီးဌာနနဲ့ The Voice ဂျာနယ် ဖြစ်ပွားတဲ့အမှုကို ပြန်ခေါ် သက်သေများ စစ်ဆေးသွားမှာ ဖြစ်ပေမယ့်လည်း ခရိုင်ရုံးက ပြင်ဆင်မှုကို လက်ခံခဲ့တာကြောင့်  ကြားနာစစ်ဆေးမှုကို ဒီကနေ့ မပြုလုပ်ခဲ့ဘဲ အောက်တိုဘာလ ၁၈ ရက်ကို ရုံးချိန်း ထပ်မံပေးခဲ့ပါတယ်။
''ပြင်ဆင်မှု လျှောက်ထားတာ အထက်ရုံးက လက်ခံလို့ မူလရုံးက စစ်ဆေးနေတာကို ရွှေ့ဆိုင်းတာပါ။ တရားရုံးမှာ အမှုတွဲဆိုတာ တစ်ခုတည်း ရှိတဲ့အတွက် အဲဒီအမှုတွဲကို အထက်ရုံးကို ပေးလိုက်ရတာကြောင့် ဒီနေ့ ကြားနာ စစ်ဆေးမှု မလုပ်တာ ဖြစ်ပါတယ်။ နောက်တစ်ချိန်း တစ်ခုမှာလည်း  အထက်ရုံးက အမှုမပြတ်သေးရင် စစ်မှာ မဟုတ်ပေမယ့် တရားရင်ဆိုင်ရမယ့် နှစ်ဖက်လုံးက ပုဂ္ဂိုလ်များ လာရဦးမှာ ဖြစ်ပါတယ်'' ဟု The Voice ဂျာနယ်ရဲ့ အကျိုးဆောင်ရှေ့နေ တစ်ဦးက ပြောဆိုပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ (ယနေ့)  ပြုလုပ်သည့် ရုံးချိန်းဟာ ၁၅ ကြိမ်မြောက် ရုံးချိန်းဖြစ်တယ်လို့လည်း သိရပါတယ်။
ရတနာပုံသတင်း
ဘကြီးသက်
Unknown at 11:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အကယ်ဒမီကို ရုပ်ရှင်အစည်းအရုံးကသာ ပေးတော့မည်
အကယ်ဒမီကို ရုပ်ရှင်အစည်းအရုံးကသာ ပေးတော့မည်
မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပေးအပ်ခဲ့သော ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုများကို ၂၀၁၂-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာလာကသားများ ကသာ ရွေးချယ်ပေးအပ်တော့မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မှ စတင်ကာ အနုပညာသမားများနှင့် လွတ်လပ်စွာ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် အဆိုပါရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခွင့်ကို ပထမဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အကယ်ဒမီပေးတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပြောင်းလဲ လာတဲ့ ခေတ်စနစ်တွေနဲ့အညီ အကယ်ဒမီဆုတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်လောက သားများကသာ ပေးအပ်လိုပါတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြခဲ့ရာမှာ အခုဆို ကျွန်တော်တို့ ဆောင်ရွက်လိုတဲ့အတိုင်း ဆောင်ရွက်ခွင့်ရပြီ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။
 “ကျွန်တော်တို့အနေနဲ့ အကယ်ဒမီပေးခွင့် ရလာပြီဆိုပေမယ့် ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ပေးမယ်ဆိုရင် ပြင်ဆင် ဆောင်ရွက်ဖို့အတွက် အချိန်တွေမရှိ ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၁၄ နှစ်ဆန်းကနေ ရုပ်ရှင်ထူးချွန်ဆုတွေ စပေးပါမယ်။ ပေးမယ့် ရုပ်ရှင်ကားတွေကတော့ ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ တင်သမျှ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားတွေကို ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေက ပေးအပ်သွားမှာပါ” ဟု ဦးဇင်ဝိုင်းက ဆက်၍ ပြောခဲ့သည်။
ဘကြီးသက်
Unknown at 11:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စီးတီးဘတ်စ်ကား ၂၀၀၂ မော်ဒယ်ကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြု
ပြည်တွင်း လိုအပ်ချက်အရ စီးတီဘတ်စ်ကား ၂၀၀၂ မော်ဒယ်များကို ပါမစ်မလိုဘဲ ပြည်ပမှ တိုက်ရိုက် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ဦးသန်းအောင်ကျော်က ပြောကြားသည်။ ယခင်က စီးတီးဘတ်စ် (ခရီးသည်တင်ယာဉ်) များကို ၂၀၀၇ နှင့် အထက် မော်ဒယ်ယာဉ်များကိုသာ ပြည်ပမှ ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်မှစ၍ စီးတီးဘတ်စ်ကား ၂၀၀၂ မော်ဒယ်ကားများကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။
 “၂၀၀၇ မော်ဒယ်တုန်းက ဈေးကြီးတော့ ပြည်တွင်းက သိပ်မဝယ်နိုင်ကြဘူး။ တချို့က မော်တော်ကားတွေ အပ်တယ်။ အခက်အခဲရှိတော့ စီးတီးဘတ်စ်တွေ အပ်ပြီးတော့ ဟိုင်းဝေးဘတ်စ်တွေ တင်သွင်းကြတယ်။ ပြည်တွင်းမှာ စီးတီးဘတ်စ် စီးရေကျလာတာကို သက်သောင့်သက်သာနဲ့ ဆွဲနိုင်အောင်၊ အများဝယ်နိုင်တဲ့ ကားဖြစ်အောင် အခုလို ၂၀၀၂ မော်ဒယ်တွေကို တင်သွင်းခွင့် ပြုလိုက်တာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ်ကားများကို စက်တင်ဘာလ အတွင်းမှစ၍ ပါမစ်မလိုဘဲ တင်သွင်းခွင့် ပြုလိုက်ပြီး တင်သွင်း မှာယူလိုသူများသည် ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ် ဘယ်မောင်းယာဉ်များကိုသာ တိုက်ရိုက် တင်သွင်းနိုင်ပြီး ဟိုင်းဝေးဘတ်စ်ကား များမှာ ယခု တင်သွင်းခွင့် ပြုလိုက်သော အစီအစဉ်တွင် ပါဝင်ကြောင်း ထပ်မံ သိရှိရပါသည်။
ယခင်က မထသ (ရန်ကုန်တိုင်းဒေသကြီး) လက်အောက်တွင် မြို့တွင်းခရီးသည်တင် ဘတ်စ်ကား ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာအထိ ၅၇၃ စီး ရှိခဲ့သော်လည်း လက်ရှိတွင် ၂၃၆ စီးသာ ပြေးဆွဲလျက် ရှိသောကြောင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စီမံကိန်းတွင် ရန်ကုန်မြို့၌ ခရီးသည်တင်ယာဉ် ဘတ်စ်ကားများမှာ လျော့နည်းသွားရခြင်း ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တွင်းတွင် စီးတီးဘတ်စ်ကားများ အစားထိုးပြေးဆွဲရန် လိုအပ်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့တွင်း နေ့စဉ်ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၆ သန်းခန့်ရှိကြောင်း မထသ (မြို့တွင်း)မှ စာရင်းများအရ သိရသည်။
ဘကြီးသက်
Unknown at 11:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Media activist.
Media Activist ကို နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေဖို့ မီဒီယာနည်းနဲ့ ကြိုးစားသူလို့ အကြမ်းဖျင်း ဘာ သာပြန်နိုင်မယ် ထင်ပါတယ်။ အခုနောက်ပိုင်း မီဒိယာ အသုံးအနှုံးနဲ့ အင်တာနက် အသုံးနှုံးတွေကို မြန် မာပြန်ရတဲ့ ကိစ္စဟာ သိပ်မလွယ်လှ။ မြန်မာမပြန်ဘဲ မူရင်း အင်္ဂလိပ်စကား အတိုင်းသုံးတာကမှ ပိုပြီး အလုပ်ဖြစ်မလားလို့ တောင်စဉ်းစားနေမိပါတယ်။ ထားပါတော့ ကျနော်ပြောချင်တဲ့ကိစ္စက ဘာသာပြန် တဲ့ အကြောင်းမဟုတ်ပါဘူး။ ဒီနေ့မြန်မာနိုင်ငံမှာ တဟုန်ထိုး ထွန်းကားလာနေတဲ့ Social Media (လူမှု ကွန်ယက် မီဒီယာလို့ တချို့ သတင်းဌာနတွေက ဘာသာပြန်ပါတယ်) အကြောင်းဖြစ်ပါတယ်။
(ဓာတ်ပုံ- Facebook ရဲ့ Facebook မှ)
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ Media Activists တွေသိပ်များလာနေတယ်ပေါ့။ ဒါက ကျနော်နဲ့ မိတ်ဆွေဖွဲ့ထားတဲ့ Facebook ပေါ်က ထောင်ဂဏန်းလောက်ရှိတဲ့ လူတချို့ရဲ့ Timeline ကို ကြည့်ပြီး ပြောတဲ့ ရေဘူယျအမြင်ပါ။ ဆိုရှယ်မီဒီယာပေါ်တက်ပြီး အရည်မရအဖတ်မရ ပြောနေတဲ့လူတွေလဲ အများကြီးပါ။ ဒါကလဲ အရှိတရားတခုကို တင်ပြခြင်းသာဖြစ်ပါတယ်။ ကျနော်ဆွေးနွေးမဲ့အကြောင်းရာနဲ့ တိုက်ရိုက်မဆိုင်ပါဘူး။
တကယ်က ခေါင်းစဉ်တပ်ထားတဲ့ Media Activist ဆိုတဲ့စကားလုံးကိုယ်တိုင်က သူများဆီကနေ ကျ နော်ငှားယူထားတာပါ။ ဒီစကားလုံးကိုကြားဖူးသလိုလို ရှိနေတာကြာပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့လအတွင်းက တော့ ဆီးရီးယားစစ်ပွဲကို ဗွီဒီယို-မှတ်တန်းတင်ပြီး YouTube ပေါ်တင်နေတဲ့ လူငယ်တဦးအကြောင်း CNN မှာကြည့်လိုက်ရပါတယ်။ ခေါင်းစဉ်က Media Activist တဲ့။
Strict Media မှ Social Media သို့
CNN မှာပြသွားတဲ့ အဲဒီ ဗွီဒီယို-သတင်းကိုကြည့်ရင်း ငါတို့ကိုယ်တိုင်လဲ Media Activist ဖြစ်ခဲ့ပါလား။ ဖြစ်နေဆဲပါလားလို့စဉ်းစားမိပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀-ကာလလုံးလုံး မြန်မာနိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ (အခု ထိလဲ တချီု့နေရာတွေမှာဖြစ်ပွါးနေဆဲပါ) လူ့အခွင့်ရေးချိုးဖေါက်မှုမျိုးစုံကို ရတဲ့နည်းလမ်းပေါင်းစုံနဲ့ စုံ စမ်းရယူပြီး ကမ္ဘာကသိအောင် ကျနော်တို့ဖေါ်ထုတ်ခဲ့ကြပေါ့။
(ဓာတ်ပုံ- DVB ရဲ့ Facebook မှ)
၈၈-အလွန်နဲ့ ၂၀၀၇-မတိုင်မှီကာလတွေကြားမှာတော့ Social Media ကလဲမပေါ်သေး။ အင်တာနက် ဆိုင်တွေ။ လက်ကိုင်တယ်လီဖုန်းတွေကလဲ မတွင်ကျယ်သေး။ ယုတ်စွအဆုံး လိုင်းဖုန်းတောင် သိပ်မရှိ သေးတဲ့အတွက် ရန်ကုန်နဲ့ခပ်လှမ်းလှမ်းက နေရာတခုမှာဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်ရေးချိးဖေါက်မှုသတင်း တ ခု ပြည်ပရောက်ဖို့ (ပြည်ကနေ လှိုင်းတိုရေဒီယိုနဲ့ပြန်လွှင့်မှ ပြည်တွင်းကလူတွေက ပြန်သိရ) အရေး က သိပ်မလွယ်လှ။
၂၀၀၇-ရွေဝါရောင်တော်လှန်ရေးကာလမှာတော့ မီဒီယာ အခင်းအကျင်းက နဲနဲပြောင်းစပြုလာပါပြီ။ ၁၉၈၈ တုန်းကလိုမျိုး တိုင်းပြည်ကိုခြံစည်းရုံးခတ်ထားလိုက်ယုံနဲ့ လူရော-သတင်းပါ ထွက်လို့ ၀င်လို့ မရ တော့တဲ့အခြေနေမျိုးမဟုတ်တော့။ လူတွေကိုသေနတ်နဲ့တေ့ပြီး အမိန့်ပေးခြိမ်းခြောက်လို့ရနေသေးပေ မဲ့ နည်းပညာကတော့ သေနတ်ကိုကြောက်ရကောင်းမှန်းမသိ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၂၁-ရာစုမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးထွက်လာတဲ့ နည်းပညာကို စစ်အာဏာရှင်တွေ သေနတ်နဲ့ တေ့ ခြိမ်းခြောက်နေယုံနဲ့ အလုပ်မဖြစ်တော့ပါ။
တယ်လီဖုန်းလိုင်းတွေကိုဖြတ်။ အင်တာနက်လိုင်းတွေ နှေးသထက် နှေးအောင်။ ဒါမှမဟုတ်လုံးဝ ဖြတ် ထားတဲ့ကြားကတောင် သံဃာင်္တော်တွေရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေ။ ဗွီဒီယို- footage တွေက ပြင်ပ ကမ္ဘာဆီ မီနစ်ပိုင်း။ နာရီပိုင်းအတွင်း အရောက်ပို့နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်ထိ ဒီနေ့ခေတ်စားနေတဲ့ Facebook မပေါ်သေးတာကြောင့် Blog တွေကိုဘဲ့ အဓိကသုံးခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါဟာ နည်း ပညာတိုးတက်မှုကြောင့် Media Activists တွေက အသားစီးရသွားတဲ့ သာဓက တခုပါဘဲ့။ တနည်း အားဖြင့်ပြောမယ်ဆိုရင်တော့ Strict Media ကို ကိုင်ပြီး အစိုးရပိုင်မီဒီယာတွေကနေ ''ငါတို့ရေးတာကို ဖတ်။ ငါတို့ပြောတာကို နားထောင်။ ငါတို့ပြတာကို ကြည့်'' ဆိုပြီး အမိန့်ဆက်ပေးလို့မရတော့။ ပြည် သူတွေမှာ ရွေးချယ်စရာ လမ်းစတွေ ရှိလာနေပါပြီ။
Social Media နဲ့ ဒီနေ့ မြန်မာ့သတင်းလောက
ဒီနေ့မြန်မာနိုင်ငံလူဦးရေ သန်း ၆၀-၀န်းကျင်မှာ အင်တာနက်သုံးစွဲသူဦးရေ ဘယ်လောက်ရှိမှန်း အတိ အကျ စာရင်းကောက်ထားတာမျိုးမတွေ့ရသေးပေမဲ့ အကြမ်းအားဖြင့်ကတော့ ၂-သန်းကျော် ၃-သန်း လောက် ရှိမယ်လို့ခန့်မှန်းရပါတယ်။ လူဦးရေရဲ့ ၂-ရာခိုင်နှုံးလောက်သာရှိသေးတဲ့အတွက် တခြားနိုင်ငံ တွေနဲ့စာရင် အတော်နဲတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ (သမ္မတဦးသိန်းစိန်အစိုးရ) အစိုးရခေတ် နဲ့ အယင်အစိုးရ (မဆလ-န၀တ-ခေတ်) ခေတ်ကို နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ၂-ဆနီးပါးတိုးတက်လာ တဲ့အခြေနေပါ။ အခု ဒိဆောင်းပါးကိုဖတ်နေတဲ့ ခင်ဗျားကိုယ်တိုင်တောင် လွန်ခဲ့တဲ့အစိုးရခေတ်က အင် တာနက် ဆိုင်ကိုမရောက်ဖူးသေး။ email အကောင့်။ Facebook အကောင့်။ Twitter အကောင့်တွေ ဘယ်လိုဖွင့်ရမှန်း မသိသေးဘူးမို့လား။
နောက် န၀တ ခေတ် ပြန်ကြားဝန်ကြီးတဦးကဆိုရင် ''မီဒီယာကို မီဒီယာနဲ့တိုက်မယ်'' လို့တောင် ကြွေးကြော်လိုက်သေးတယ်လေ။ ပြီးတော့ ပြည်ပ မီဒိယာတွေဟာ ပြည်တွင်းရေးကိုဝင်စွက်နေတယ် ။ မမှန်သတင်းတွေလွင့်နေတယ်။ မျိုးချစ်စိတ်မရှိတဲ့ ဒေါ်လာစားတွေဖြစ်တယ်ပြောပြီးတော့ "VOA, BBC ရန်တိုက်ပေးနေသည်။ RFA, DVB သွေးထိုးနေသည်။ ခလောက်ဆန်။ အကောက်ကြံ။ လေလှိုင်း သံ လူသတ်သမား။ နားမယောင်လေနဲ့ သတိထား''... ဆိုတဲ့ ကြွေးကြော်သံတွေကို အစိုးရပိုင် သတင်း စာ နောက်ကျောဖုံးတွေမှာ စာလုံးမဲကြီးတွေနဲ့ဖေါ်ပြ ခြိမ်းခြောက်ခဲ့ပေါ့။
အခုတော့ မယုံနိုင်လောက်အောင်ပါဘဲ့။ အဲဒီလိုခြိမ်းခြောက်ခံခဲ့ရတဲ့ ပြည်ပမီဒီယာတွေနဲ့ ခြိမ်းခြောက်ခဲ့ တဲ့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းပြိး ရန်ကုန်မှာ ပူးတွဲ-မီဒီယာ စီမီနာတွေ လုပ်တဲ့ခေတ်ကို တောင် ရောက်နေပါရော့လား။ ဒီလိုခေတ်ကောင်းပီဆိုတော့လဲ မီဒီယာပေါ်တက်လာလိုက်ကြတဲ့ လူ တွေ (တချိန်က စိုးရိမ်ပြီး ဘာမှမပြောရဲ မဆိုရဲခဲ့တဲ့လူတွေ) ရပ်ကွက်ထဲမှာ အများကြီးပါဘဲ့လား။ Media Activists တွေ မနဲမနော ပါဘဲ့လား။
အဲဒီထဲမှာ အစိုးရသစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတောင်ပါတယ်ဆိုရင် စာဖတ်ပရိတ်သတ်ယုံပါ့ မလားပါဘဲ့။ မယုံမရှိပါနဲ့။ မြန်မာ့မီဒီယာလောက တကယ့်ကိုပြောင်းလဲစပြုနေပါပြီ။ ပြန်ကြားရေး ဒု ၀န်ကြီးကိုယ်တိုင် Social Media တခုဖြစ်တဲ့ Facebook မှာ အကောင့်ဖွင့်ပြီး Online Community နဲ့ တိုက်ရိုက် ဆက်သွယ်မှု လုပ်နေပါပြီ။ ခင်ဗျားမှာ Facebook အကောင့်ရှိတယ်ဆိုရင် ဒုဝန်ကြီးကို သူ ငယ်ချင်းအဖြစ် add လုပ်လို့ ရပါတယ်။ ပြီးရင် သူ့ဆီကို တိုက်ရိုက် Message ပို့လို့ရပါတယ်။ Like လုပ်လို့ရပါတယ်။ Share လို့ရပါတယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ ၆-လလောက်အထိ မဖြစ်နိုင်ဘူးလို့ထင် ထားခဲ့တဲ့ အရာတွေပေါ့။
Social Media ဆိုတာ ဘာတွေလဲ
အွန်လိုင်းမီဒီယာအကြောင်းလေ့လာသူတွေ။ Social Media အကြောင်း သုတေသနလုပ်သူတွေရဲ့ အ ပြောတိုင်းဆိုရင် Mainstream (ပင်မရေစီးကြောင်း) မီဒီယာတွေဖြစ်တဲ့ TV, Radio, Newspaper တွေ မဟုတ်တဲ့ တဦးချင်းလွတ်လပ်စွာရေးနိုင်။ ပြောနိုင်တဲ့နေရာတွေကို Social Media လို့ခေါ်ပါတယ်။ ဆို လိုတာကတော့ အစိုးရ။ အဖွဲ့စည်း။ လူပုဂိုလ် တခုခု။ တဦးဦးကနေ တာဝန်ခံထုတ်လုပ်တာမျိုးမဟုတ် တဲ့။ တဦးချင်း တာဝန်ခံမှုနဲ့ (ဘယ်သူမှတာဝန်မခံတာလဲဖြစ်နိုင်ပါတယ်) လုပ်တဲ့ မီဒီယာလို့ပြောနိုင် မယ်ထင်ပါတယ်။
အဲဒီထဲမှာဘာတွေပါသလဲဆိုတော့ အခုမြန်မာနိုင်ငံမှာ အထွန်းကားဆုံးဖြစ်နေတဲ့ Facebook ပါ ပါ တယ်။ ပြီးရင် LinkedIn, Twitter, Google+ စသဖြင့်။ နောက်တခါ blogs, YouTube, wikis စသည် စသည် အများကြီးပါဘဲ့။ စာရိုက်တာ။ ဓာတ်ပုံပို့တာ။ ဗွီဒီယို ပို့တာ။ ရှယ်တာ စသဖြင့် ခင်ဗျားလုပ်ချင်တဲ့ အကြောင်းရာပေါ်လိုက်ပြီး နောက်ထပ် အလကားဝန်ဆောင်မှုပေးတဲ့ အွန်လိုင်း ဆိုရှယ် မီဒီယာ ကရိယာတွေ အများကြီး ရှိပါသေးတယ်။ ဒါက လောလောဆယ်ရှိသမျှကိုပြောနေခြင်းပါ။ နည်းပညာက နေ့စဉ်နဲ့ အ မျှတိုးတက်နေတာဆိုတော့ မနက်ဖြန် သဖက်ခါမှာ Facebook, Twitter, Google+ ထက်ပိုပြီး ခေတ်မှီ လူကြိုက်များတဲ့ Social Media တွေလဲ ပေါ်လာနိုင်ပါသေးတယ်။
Social Media တွေဘယ်လောက်အထိသြဇာကောင်းလာသလဲဆိုရင် ကမ္ဘာကြီးရဲ့တနေရာရာမှာ အ ရေးကြီးသတင်းတခုခု စဖြစ်ပြီဆိုရင် AP, AFP, Reuter အပါဝင် Mainstream သတင်းဌာနတွေထက် Facebook, Twitter အပါဝင် Social Media တွေမှာ (သတင်းဌာနကြီးတွေလို အတည်ပြုချက်ယူဖို့ စောင့်နေစရာမလိုတာကြောင့်) ပိုဦးပြီးမြင်ရလေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် Twitter ကို Social Media Wire သတင်းဌာနအဖြစ် သတင်းထောက်အတော် များများက ပုံမှန်ဝင်ကြည့်နေကြပြီလို့သိရပါတယ်။ အလားတူဘဲ့ ထူးခြား ဗွီဒီယို-တွေရနိုင်ဖို့အတွက်ဆို ရင် YouTube ကို ရုပ်-သံ သတင်းထောက်တွေက ပုံမှန်ဝင်ကြည့်နေကြပြီလို့လဲဆိုပါတယ်။
မြန်မာသတင်းသမားတချို့။ Media Activist တချို့တွေလဲ ဒီလိုဘဲ့ဝင်ကြည့်နေကြမယ်လို့ထင်ပါတယ်။ ဒါပေမဲ့
အရေးကြီးဆုံးတချက်ကတော့ Social Media ဆိုတာဟာ ရှေ့မှာ နိဒါန်းခံခဲ့တဲ့အတိုင်း ဘယ်သူမှ တာဝန်ခံ မှုအတိအကျမရှိတဲ့အတွက်။ ဒါမှမဟုတ် တယောက်ယောက် လက်ဆော့ပြီး။ နောက်ပြောင်ပြီးဖြစ်စေ။ တမင် ရည်ရွယ်ချက်နဲ့ဖြစ်စေ မမှန်သတင်း။ ချဲ့ကားသတင်း စသဖြင့် တင်မထားဘူးလို့ မဆိုနိုင်ပါဘူး။
ဒါကြောင့် Social Media ကို သတင်းအစအန ရနိုင်တဲ့ Initial Sources တခုအနေနဲ့ဘဲ့သဘောထားပြီး အဲဒီက ရသမျှအချက်လက်တိုင်းကို အတည်ပြုချက်ရအောင်လုပ်ဖို့။ အင်တာဗျုးတွေရအောင်လုပ်ဖို့ လိုတယ်လို့ မီဒီယာကြွမ်းကျင်သူတွေကပြောပါတယ်။
Twitter ဟာ Social Media ရဲ့ သတင်းဌာလို့တောင် တင်စားခေါ်နေကြပေမဲ့ မြန်မာအွန်လိုင်း ကွန်မြူနတီမှာတော့ အခုချိန်ထိ  Facebook တခုကိုဘဲ့ ကြယ်ကြယ်ပြန့်ပြန့်သုံးနေတာတွေ့ရပြီး တခြားမီဒီယာတွေကိုသုံးတာ သိပ်မတွေ့ရသေးပါဘူး။ တာဝန်ခံမှု။ တာဝန်ယူမှုအရဆိုရင် Twitter ဟာ အကောင်းဆုံးဖြစ်တယ်လို့လေ့လာသူတွေကပြောနေပေမဲ့ မြန်မာ တွေအကြား Twitter သုံးတာ သိပ်မတွေ့ရသေးပါဘူး။
(ဒီနေ့ဝင်လာတဲ့သတင်းတွေအရ Facebook အသုံးပြုသူဦးရေ သန်း တထောင်။ ၁-ဘီလီယံ-အထိရှိသွားပြီလို့သိရပါတယ်)
Media Activists တွေ အွန်လိုင်းပေါ် ဘာတွေတင်နေသလဲ
ပြန်ကြားရေးဌာန ဒု ၀န်ကြီးကိုယ်တိုင် Social Media ကိုသုံးနေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ Social Media လှိုင်းဟာ တခြားနိုင်ငံတွေထက် သုံးစွဲသူဦးရေနဲနေသေးရင်တောင် အရေးပါအရာရောက်မှုက တော့ မလျော့နိုင်ဘူးလို့ထင်ပါတယ်။ မြန်မာနိုင်ငံအတွင်း သတင်းတခုဖြစ်ပြီဆိုတာနဲ့ BBC, VOA, RFA, DVB ရေဒီယိုတွေမှာ သတင်းမလာခင်။ ဧရာဝတီ။ မဇျိမ။ စသဖြင့် အင်တာနက်တွေမှာ သတင်းမလာ ခင်။ ယုတ်စွအဆုံး ပြည်တွင်း ဂျာနယ်တွေရဲ့ အင်တာနက်စာမျက်နှာမှာတောင် သတင်းမတက်ခင်မှာ Facebook မှာ အယင်မြင်နေရတာကို ကျနော်သတိပြုမိပါတယ်။
ဒါပေမဲ့ အရေးကြီးတာကတော့ ဘယ်လိုသတင်းတွေတင်နေတာလဲ ဆိုတာကိုတော့ အွန်လိုင်းကွန်မြူန တီကပုဂိုလ်တွေ အသေချာလေ့လာဖို့လိုမယ်ထင်ပါတယ်။ ၀န်ကြီးက သူဌာနကောင်းကြောင်းတွေချည်း တင်နေသလား။ နိုင်ငံရေးပါတီတွေက သူတို့ပါတီ ၀ါဒဖြန့်ချီရေးတွေချည်းတင်နေတာလား။ ပရိတ်သတ် အများစုက အဲဒီလို အထင်ကရ နည်မည်ကြီးသူတွေ တင်တာနောက်ကိုဘဲ့လိုက်ပြီး Like လုပ်လိုက်။ Share လုပ်လိုက်။ Comment ရေးလိုက်လုပ်နေကြတာလား။ တကယ့် အဖိနှိပ်ခံပြည်သူတွေရဲ့ဘ၀ နစ်နာမှုအကြောင်း တင်ပြတဲ့သတင်းတွေ။ လူအများစုနဲ့ဆိုင်တဲ့သတင်းတွေကို Like, Share, Comment လုပ်နေကြာတာလား။
အမှန်တိုင်းဝန်ခံရရင် သတင်းဖြစ်တဲ့အရပ်နဲ့အဝေးကြီးမှာရောက်နေတဲ့ ကျနော့်လိုပုဂိုလ်မျိုးတွေက တော့ ဘာပုံမှ ကိုယ်ပိုင်တင်ဖို့သိပ်မလွယ်လှပါဘူး။ ဒီတော့ သူများတင်ထားတဲ့ ပုံတွေကိုဘဲ့ အများပြည် သူသိသင့်တယ်ထင်ရင် ထပ် Share ပေါ့။ Comment ရေးပေါ့။ Like လုပ်ပေါ့။ ဒါဟာ ဒီနေ့ အဝေး ရောက် အွန်လိုင်းကွန်မြူနတီက ပုဂိုလ်တွေရဲ့ နေ့စဉ်လုပ်ငန်းတွေထဲက တခုဘဲ့မို့လား။
ကချင်ပြည်နယ်မှာ စစ်ပွဲတွေဆက်ဖြစ်နေဆဲပါ။ ဒီအကြောင်း သတင်း။ ဓာတ်ပုံ။ ဗွီဒီယို ပုံ ဘယ်လောက် များများ Facebook မှာတက်နေသလဲ။ ဆီးရီးယားက Media Activist လို စစ်ပွဲထဲအထိဝင်ပြီး ဗွီဒီယိုရိုက် YouTube ပေါ်တင်သူ။ Facebook ပေါ်တင်သူ ဘယ်နှစ်ဦးရှိသလဲ။ ရသမျှ တင်ထားတဲ့ ထဲက သတင်းတွေ။ ပုံတွေကို လူဘယ်လောက်များများက Like, Share, Comment လုပ်ကြသလဲ။ 
မုံရွာ ကြေးနီတောင်ဖက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြသာနာတွေ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသာနာတွေ။ လယ်မြေအသိမ်းခံရမှုပြသာနာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆီးရီးယားက Media Activist လို အခင်းဖြစ်တဲ့နေရာအထိဝင်ပြီး ဗွီဒီယိုရိုက် YouTube ပေါ်တင်သူ။ Facebook ပေါ်တင်သူ ဘယ် နှစ်ဦးရှိသလဲ။ ရသမျှ တင်ထားတဲ့ထဲက သတင်းတွေ။ ပုံတွေကို လူဘယ်လောက်များများက Like, Share, Comment လုပ်ကြသလဲ။
မန္တလေးတိုင်း။ ဧရာဝတီတိုင်းနဲ့ နေရာတချို့မှာ ရေးကြီးရေလျှံဖြစ်နေပါတယ်။ တချိန်းမှာဘဲ့ စစ်တပ်နဲ့ စစ်တပ်နောက်ခံပေးထားတဲ့ စီးပွါးရေးသမားတွေက လယ်သမားပိုင် လယ်တွေကို အတင်းအဓ္ဒမသိမ်း ထားတာအများကြီးရှိနေဆဲဖြစ်ပါတယ်။ ဆီးရီးယားက Media Activist လို အခင်းဖြစ်တဲ့ နေရာအထိ ၀င်ပြီး ဗွီဒီယိုရိုက် YouTube ပေါ်တင်သူ။ Facebook ပေါ်တင်သူ ဘယ်နှစ်ဦးရှိသလဲ။ ရသမျှ တင် ထားတဲ့ထဲက သတင်းတွေ။ ပုံတွေကို လူဘယ်လောက်များများက Like, Share, Comment လုပ်ကြ သလဲ။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမှုဆိုင်ရာပြသာနာတွေ။ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပြသာနာတွေ။ မြေယာသိမ်းမှုတွေ။ လက်နက်ကိုင် အခွန်ကောက်မှုတွေ အများကြီး ဖြစ် နေပါတယ်။ ဆီးရီးယားက Media Activist လို အခင်းဖြစ်တဲ့နေရာအထိဝင်ပြီး ဗွီဒီယိုရိုက် YouTube ပေါ်တင်သူ။ Facebook ပေါ်တင်သူ ဘယ်နှစ်ဦးရှိသလဲ။ ရသမျှ တင်ထားတဲ့ထဲက သတင်းတွေ။ ပုံ တွေကို လူဘယ်လောက်များများက Like, Share, Comment လုပ်ကြသလဲ။
(ဓာတ်ပုံ- Dawei Watch မှ) 
ဒီဥပမာတွေဟာ အဖိနှိပ်ခံလူထု။ အများပြည်သူတွေရဲ့ဘ၀နဲ့ဆက်စပ်နေတဲ့အတွက် အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ စစ်မြေပြင်။ ကျေးလက်ဒေသ။ တောကြိုတောင်ကြား။ လှေတတန်။ ကားတတန် နဲ့ သွားရမဲ့နေရာတွေဆိုတော့  သတင်းယူဖို့ ခက်တာပေါ့။ နေပြည်တော်ပါလီမန်။ ရန်ကုန်က စီမီနာ။ ပါတီဌာနချုပ်က သတင်းစာရှင်းပွဲတွေလောက် ဘယ်လွယ်ပါ့မလဲ။
ကဲ...ခင်ဗျား ဘယ်နေရာတွေကိုသွားပြီး ဘာပုံတွေတင်မလဲ။ နေပြည်တော်ကိုလား-လွိုင်ဇာကိုလား။ ရန်ကုန်ကိုလား- ကြေးနီးတောင်ကိုလား။ ပါတီဌာနချုပ်ကိုလား- ကျေးလက်ကပါတီဝင်တွေဆီကိုလား။
Media Activist တွေ ပိုမိုထွန်းကားလာဖို့ မျော်လင့်ရင်း...။
ထက်အောင်ကျော်။
e-mail: kokokyaw22@gmail.com, winhtein201@gmail.com
twitter: @hak201
http://facebook.com/htetaungkyaw201
blog: http://www.htetaungkyaw201.blogspot.com
http://www.youtube.com/user/kokokyaw201?feature=results_mai
ဘကြီးသက်
Unknown at 11:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရင်နင့်ရသော လိမ်လည်မှု (မေတ္တာရှင် ရွှေပြည်သာ ဆရာတော် )
ကိုယ်တိုင်အလိမ်မခံရသော်လည်း အလိမ်ခံရသော မိန်းကလေး၏ ကိုယ်စား ရင်နင့်အောင် ခံစားခဲ့ရသော အဖြစ်အပျက် တခုကိုတင်ပြပါဦးမည်။ ၁၉၄၇ခု၊ဇန်နဝါရီလ ၂၆ရက်-ဗုဒ္ဓဟူးနေ့ က စတင်ခဲ့သော ၎င်းဖြစ်ရပ်လေးမှာ နှစ်ပေါင်း ၅၀-နီးပါးခန့်ရှိပြီမို့ ကာယကံရှင် မိန်းကလေးရော ၊ လက်တွေ့ရေးသားတင်ပြခဲ့သော စာရေးဆရာကြီး သော်တာဆွေ ရော လူ့လောက မှာ မရှိကြတော့ပြီ။
     စာရေးဆရာကြီးသော်တာဆွေ သည် အိမ်ထော်သုံးဆက် ကျခဲ့ ရာ ယခုရေးလတ္တံ့သော မသူအမည်ရှိ မိန်းကလေးမှာ  ဒုတိယမြောက် အိမ်ထောင်ဖြစ်ပေသည်။ တရားဝင်ကားမဟုတ်ပေ။ ဖြစ်ပုံမှာ သော်တာဆွေတစ်ယောက် ဆန်ကုန်ကူးရင်း ကုန်ရှုံးအကြွေးတင် ကသာတွင်  အကြွေးစောင့်ရင်း သောင်တင်နေရာမှ အပျက်မလေး မသူနှင့် အကြောင်းပါခဲ့ရခြင်းဖြစ်သည်။
      တစ်နေ့သော် ပြည့်တန်ဆာခေါင်းဆောင် အောင်သင်းကြီးထံမှ ထွက်ပြေးလာခဲ့သော မသူသည် မြစ်ကြီးနားထွက်မည် ရထားပေါ်ရောက်လာသည်။
အောင်သင်းကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် မျက်နှာတဝိုက်မှာလည်း အညိုအမည်းများစွဲနေရှာသည်။ သို့သော် အညိုအမည်း တို့က လှပနုနယ်သော မျက်နှာတစ်ပြင်လုံး၏ ကျက်သရေကိုတော့  မယတ်လျော့စေနိုင်ခဲ့ပါ။ အကျဉ်းချုပ်တော့ လူယုတ်မာ အောင်သင်းကြီး လက်ထဲမှ သူမကို သော်တာဆွေက ကယ်တင်နိုင်ခဲ့ပါသည်။
    လွယ်လွယ်ကူကူကယ်တင်ခဲ့ရသည်တော့မဟုတ် ။ မိမိထက်ဗလကောင်းသော လူမိုက်ကြီးအောင်သင်းကို သတိလစ်မေ့မြောသည် အထိ အပြင်းအထန် ထိုးကြိတ်ပြီးမှ  ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ မတရားတာကို လက်ပိုက်ကြည့်မနေဘဲ ဝင်ရှင်းရဲသော သော်တာဆွေ၏ သတ္တိကိုကား လေးစားရပေမည်။ လူယုတ်မာလက်က လွတ်ရင်ပြီးရော ဟူသော သဘောရိုးဖြင့် ဝင်က်ခဲ့ခြင်းဖြစ်သော်လည်း ခုမှ အချစ်စစ်ကို မွေးဖွားဖူးသော မသူ၏ အလိုက်သိ ပြုစုယုယမှု ကြောင့် ကလေးနှစ်ယောက်အဖေ ပထမအိမ်ထောင်တန်းလန်း နှင့် သော်တာဆွေ မှာ တရားမဝင်  ဒုတိယ အိမ်ထောင် သည်ဘဝသို့ ရောက်ခဲ့ ရပြန်ပါသည်။
       ခြောက်လတာမျှ ပေငါးသင်းရသောသူတို့၏ အိမ်ထောင်သည်ဘဝမှာ  ချမ်းမြေ့မှု အပြည့်ရှိ ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ယောက်အကြောင်းတစ်ယောက် သိအောင် ရိုးရိုးသားသား ဖွင့်ဟပြောဆို ထားကြသောကြောင့် ဖြစ်သည်။ ခြောက်လတာမျှ ပေါင်းသင်းနေကြရသောအချိန် မှားတွင် လျှပ်ပေါ်လော်လည်မှု အလျဉ်းမရှိသော မသူ၏ အခြေအနေကို တွေ့မြင်ရသည့်အခါ တွင် မသူတစ်ယောက် အဘယ်ကဲ့သို့ သော် ဆိုးဝါးသော လောကဓံများကြောင့် ဤဘဝကဲ့ သို့  ရောက်ခဲ့ရကြောင်း သော်တာဆွေတစ်ယောက် တွေးမရအောင် ရှိခဲ့သည်။
      သိချင်လွန်းအားကြီး၍ မသူ၏ဘဝနောက်ကြောင်း ကို မေးကြည့်မိသော်လည်း “ယခုချိန်မှ သိရလို့ ဘာထူးတော့မှာလဲ မောင်ရယ် ၊ မသူမပြောပါရစေနဲ့ ” ဟူသောအဖြေကိုသာ ပြန်ရသည်။
       မယားခုနစ်မျိုး
      မယားခုနစ်မျိုး၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင်၊ သူသတ်သွင် တို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊ အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွင်း ၊ ခင်ပွန်းတသွယ် ၊ ကျွန်နှယ်အလား ၊ ထိုမယားမူ ၊ နိမ္မာနတ်ပြည်၊ လားမြဲမည်၏။ ယင်းသည့်လေးသွယ် ၊မယားဝယ်လည်း ၊ ကျွန်နှယ်အလား ၊ ထိုမယားမူ ၊ ယောက်ျားဆုပန် ၊ နိဗ္ဗာန်ဆုတောင်း ၊  တောင်းကားမလွတ် ၊ မချွတ်ဟူတည့် ၊ ပြည့်မြဲမည်၏။
   ဟူသော် အလင်္ကာအတိုင်း မယားခုနစ်မျိုးရှိရာတွင်  ခိုးသူ၊ အရှင်သခင်၊ သူသတ်နှင့်တူသော မယားများမှာ  သေလျှင်ငရဲ သို့လားရုသည် ။ နှမ ၊ မိတ်ဆွေ ၊ ကျွန်နှင့်တူသော မယားလေးမျိုးတို့မှာ  နိမ္မာနရတိ နတ်ဘုံသို့ ရောက်ရသည် ။  အထူးအားဖြင့် မိမိခန္ဓာကိုယ်ကို ကျွန်လိုသဘောထား ပြီး လင်သား အားပြုစုသော  မယားမျိုးသည် ယောက်ျားဆု ၊ နိဗ္ဗာန်ဆု တို့ကိုတောင်းလျှင် အလွယ်တကူပြည့်သည် ဟု ဆိုထားပါသည်။
      ယခု မသူသည်ကား မိခင်နှင့် တူသော မယားကဲ့သို့ သော်တာဆွေ အပေါ်မှာ ကြင်နာလှသလို ၊ ကျွန်နှင့်တူသော မယားကဲ့ သို့ ပြုစုလိုက်သည် မှာလည်း သော်တာဆွေ၏ ဘဝတစ်လျှောက်လုံး  လင်သားအပေါ် ယခုလောက် ပြုစု ယုယသော မယားမျိုးမတွေ့ဖူးခဲ့ပါ ဟု ဆိုထားပါသည်။ အားကိုးရာမဲ့ လေလွင့်ပျက်စီး နေရသောအချိန်တွင် ရာသက်ပန်မဟုတ်သော် လည်း တခဏတာ ဇနီးမယားအဖြစ် ပေါ်ပေါ် ထင်ထင် ပေါင်းသင်းပေးခဲ့သည်ကို ပင် ကျေးဇူးတင်လှသော ကြောင့်ဖြစ်ပေ သည်။
   တစ်နေ့တွင် တစ်ခဏတာ ပေါင်းသင်းခွင့် ရသည့် သူတို့၏ အိမ်ထောင်သက်ကလေးကို သက်တမ်းတိုစေမည့် စာတစ်စောင် ရောက်လာပါတော့သည်။ ၎င်းစာကား …….
                                                                              ပေါင်းတည်
                                                                         ၃.၆.၄၇
 သို့
ကိုကြင်ဆွေ
     မေလ၂၅-ရက်နေ့ နေစွဲ့နဲ့ ကသာက ပေးလုက်တဲ့စာ မနေ့က ရပါတယ်။ ကျန်းကျန်းမာမာရှိကြောင်း သိရလို့ နော်မာ ဝမ်းသာပါတယ်။ ဒါထက် ကိုကြင်ဆွေ့လူဆီက  ငွေကလည်း ရမယ်ဆိုပြီး ကြာလှ ချည်လား။ ရရမရရ ဒါလောက်ငွေလေးကိုအဆုံးထားပြီး  ပြန်ခဲ့ဖို့သင့်ပြီ ထင်ပါတယ် ကိုကြင်ဆွေရယ် ၊ ဒီငွေလေး သုံးထောင်လောက်နဲ့ ကသာမှာ ခြောက်လတောင် ကျော်နေပြီ။
    ဒါနဲ့ တချို့က ပြောကြတယ် ။အဲဘက်မှာမိန်းမတွေသိပ်ပေါတယ်တဲ့ ။ ကြင်ဆွေတော့ ဟိုမှာ မိန်းမရနေလို့ မပြန်နိုင်တာပဲဖြစ်မှာပဲ ဘာညာနဲ့။ ကိုကြင်ဆွေ့အဖေ ကတောင်  အင်း…..ဒီကောင့် ကံဇာတာက မျက်နှာများတယ် ၊ ဟုတ်များ နေမလား မသိဘူးလို့ညည်းနေသေးတယ်။ ဒါပေမယ့် နော်မာကတော့  သူတို့ ဘာပြောပြောမယုံပါဘူး ။ ဘာကြောင့်ဆို ကိုကြင်ဆွေ ဟာ နော်မာ့ကို ဘယ်လောက်ချစ်သလဲ ဆိုတာ နော်မာသိတယ်လေ ။
    နို့ပြီး ကိုကြင်ဆွေ့သမီး ဒင်ပယ်လ်ဆွေအကြောင်း ပြောရဦးမယ် ။ ဟိုနေ့ကပဲ စပါးပွဲစား ကိုစံမြင့်က ဟေ့ ….. ပယ်ပယ် နင့်အဖေတော့ အညာမှာ မိန်းမရနေလို့ ပြန်မလာတော့ဘူး ဘာညာနဲ့စတော့ ၊ အောင်မယ် ပယ်ပယ့် ဒါဒါက အန်ကယ်လို မှတ်လို့လား ၊ အန်ကယ်သာတောမှာ စပါး သွားဝယ်ရင်းနဲ့  မိန်းမတွေ တိတ်တိတ်ပုန်းယူနေတာ ၊ ပယ်ပယ့် ဒါဒါကို ဒီလိုမပြောနဲ့ ရှင့်လို့ ရန်တွေ့တယ် ။
   နို့ပြီး ကိုကြင်ဆွေ မမြင်ရသေးတဲ့ သားကလေးကလဲ အခုဝမ်းလျားထိုးသွားနေပြီ ၊ သန်လိုက်တာ ကြီးကလဲ ၊ တစ်လှမ်းတစ်လှမ်း ထိုးရင်အဝေးကြီး ၊ သင်ဖြူးဟိုဘက် ဒီဘက်ကို လေးငါးလှမ်းပဲ ။ ငိုလိုက်ရင်လည်း သူ့အသံကြီးက ကျယ်လိုက်တာ ။ အာခေါင်ထဲ လော်စပီကာ ထည့်ထားသလားအောက်မေ့ရတယ် ။ ကိုကြင်ဆွေ မမြင်ရသေးတဲ့  အဲဒီသားကလေးကိုမကြည့်ချင်ဘူးလား ။
   သမီးကြီး ပယ်ပယ်ကိုကော မလွမ်းဘူးလားဟင် ။ ပယ်ပယ်က တော့ တစ်ခါတစ်ခါ ဖအေကိုလွမ်းတယ် ထင်ပါရဲ့ ။ ဒါဒါရေပြန်ခဲ့ပါတော့ ၊ ပြန်ခဲ့ပါတော့နဲ့ အော်အော် နေတတ်တယ် ။ ဟော…… အခုစာရေးနေတုန်းပဲ  ကိုကြင်ဆွေ့သားလေး က အာခေါင်လော်စပီကာ နဲ့ အော်ငိုနေပြီ ၊ နို့ဆာရင်ဒီလိုပဲ ၊ သွားနို့တိုက်လိုက် ဦးမယ်၊ ကဲ…..တော်သေးပြီ ၊ မြန်မြန်သာ ပြန်ခဲ့ပါတော့ အချစ်ရယ် ။
  အိမ်သားအားလုံးကျန်းမာကြပါတယ်။
 ကိုကြင်ဆွေလည်းကျန်းမာပါစေ။
                                                ချစ်သော နော်မာ
  ထိုစာရောက်လာပြီး မကြာခင်မှာပင် အဖေအသည်းအသန် ဖြစ်ကြောင်းသံကြိုးစာ လာပါတော့သည်။
     သော်တာဆွေမှာ မသွားမဖြစ် သွားရတော့မည်ဖြစ်သောကြောင့်  ချစ်လျက်နှင့် ခွဲခွာသွားတာထက် မုန်းပြီးခွဲခွါ ရတာက ကောင်းတယ်ဟု သဘောထားကာ မူးပြီး ရမ်းကားမိပုံကို သူ့ရေးသားချက်အတိုင်း ကူးယူဖော်ပြလိုက်ပါသည်။
    သူကသာ ငါ့ကိုမုန်းသွားရငင်ကောင်းမှာပဲ ၊ ငါကလည်း သူ့ကို သနားနေမှာမဟုတ်တော့ဘူး ။ သူ့ဟာသူဘာဖြစ်နေနေ ငါပူစရာမဟုတ်တော့ဘူး ၊ အို…. အခုတော့ငါကပဲ သူ့ကိုချစ်အောင် ပြုလုပ်နေပါပလား၊ ငါမှားတယ် ၊ ငါနဲ့သူဟာ ဘာဆိုင်သလဲ  ၊ ဟိုမှာတော့ ငါ့သား ၊ငါ့သမီး ၊ငါ့မယားနဲ့ ငါ့ဖခင်  သောကရောက်နေကြပြီ ၊ စိတ်မကောင်းဖြစ်နေကြပြီ ၊ အို…..ငါကသူ့ကိုဘာလို့ချစ်ရမှာလဲ ၊ ငါကသူ့ကို ဘာလို့မုန်းသွားအောင် မလုပ်နိုင်ရမှာလဲ။
   ဇွန်လ ၂-ရက်နေ့ညတွင် ကျွန်တော်သည် အထက်ပါအတိုင်း သောကပြွန်းသော  တွေးလုံးတွေကိုတွေး၏။ အရက်ကို အလွန်အကျွံ သောက်၏။ ညနေ ၆-နာရီခန့်တွင်  ကျွန်တော် ဘယ်ကနေဘယ်လို မသူကိုရန်စမိသည် မမှတ်မိတော့ ၊ သူ့မျက်နှာနှင့်  ဦးခေါင်းကို နာကြည်းစွာ ပုတ်ခတ်မိ၏။ မသူသည် အခြားခန်းများမှ မသိရအောင် အောင့်၍ခံ ၏။ အသံ မထွက်ပဲ ငုံ့ခံ နေ၏။ သောကနှင့်အရက် ပေါင်း၍ ရူးနေသော ကျွန်တော် သည် လက်နျင့်ရိုက်နေရာ က အားမရတော့ပဲ “နင်က လက်များပြီးနေသလား၊ တယ်ပြီး ခံနိုင်ရည်ရှိတယ်၊ ဓားနှင့်ထိုးမှဘဲ ဟု ”ဆိုပြီး ကျွန်တော့ခေါင်းဦးအောက် က ဓားမြှောင်ကို သွားပြီးယူသည် တွင်  မသူသည်လန့်၍ အော်ဟစ်ထွက်ပြေး လေ၏။ ကျွန်တော်သူ့ကိုလိုက်ရန် လှေကားက ခုန်ချလိုက်သော အခါ၌ ကျွန်တော့အခန်းရှေ့တွင် ရောက်နေသော လူတစ်ယောက်က “ဟေ့လူ ခင်ဗျားကောင်မလေးကို နှိပ်စက် လှချည်လားဗျာ၊ မတရားပါဘူး ”
    သူတို့သည် မီးရထားဝင်းထဲ မှ ကျွန်တော်နှင့် တွေ့ဖူး ၊ မြင်ဖူး သော အသိအကျွမ်းများဖြစ်၍ သူတို့အသံကို ကျွန်တော် မှတ် ပါသည်။ သို့သော် ကျွန်တော့တွင် ဤအချိန်၌ လူကောင်း စိတ်မရှိတော့သည် ဖြစ်၍ သူတို့က ဤသို့ ဆီးပြောသည်ကိုပင် ရန်ဖြစ်ဖော်ရပြီဟူသော သဘောဖြင့်  ဝမ်းသာသလိုဖြစ်ကာ …….
 “ အို….ကျူပ်မယား ကျူပ်နှိပ်စက်တာ ဘာဖြစ်သလဲဗျ ၊ ခင်ဗျား တို့နဲ့ ဘာဆိုင်သလဲ  ၊ ခင်ဗျားတို့ပါ သေပေရော့” ဟုဆိုပြီး  ကျွန်တော်သူတို့ကိုဓားနှင့် ထိုးရန် လိုက်ပေတော့သည်။
    သူတို့မှာ ဘာလက်နက်မှ မရှိ၍ ဓားနှင့်ပြေးလာသော ကျွန်တော့ကို ရင်မဆိုင်ဝံ့ပဲ  ဦးတည် ရာ စွပ် ပြေးကြလေသည် ။ ကျွန်တော်သည် သူတို့နောက်က အတင်းလိုက်၏ ။ ဘယ်ကဘယ်လို ရောက်အောင် လိုက်မိသည် မသိ ခေတ္တမျှ အကြာ၌ ကျွန်တော်သည် လူ၇-ယောက် ၈-ယောက် တို့၏ ဝိုးအုံခြင်းကို ခံရပါတော့သည် ။
    အကြောင်းမှာုပထမနှစ်ယောက် မှ တစ်ယောက်သည် အခြားသို့ခွဲပြေးလေ၍ ကျွန်တော်က တစ်ယောက်ကို မဲလိုက် နေစဉ် သူတို့ ၏ အပေါင်းအဖော် တပြည့်တပန်းများ ကိုခေါ်လာသောကြောင့် ဖြစ်ပါ၏  သူတို့မှာ အချို့တွင် လက်နက် များ နှင့် ဖြစ်၏ ။ သို့သော် မိုက်မိပြီ ဖြစ်သော ကျွန်တော်သည် သူတို့ကိုမကြောက်  ၊ ကိုယ့်ရှေ့ဦးတည် ရာလူကို ဓားနှင့် လိုက်၍ လိုက်ထိုးနေ၏ ။
    သူတို့လူစုသည် ရှဲခနဲ ကွဲပြေးလိုက် ၊ ခွေးရူးနှင့် တူသော ကျွန်တော့ကိုပတ်ပတ်လည်ဝိုင်းလိုက်နှင့် တရုံးရုံးဖြစ်နေရာမှ နောက်ဆုံးတွင် ကျွန်တော့ခေါင်းတွင် တုန်တစ်ချက်ထိလေ၍ ကျွန်တော်မိုက်ခနဲ ဖြစ်ပြီးဝမ်းလျား မှောက်လဲ စေ၏ ။ ဤအလဲ ၌ကား လူအများစုလက်နက် ၊ တစ်ယောက်တစ်ချက်ဖြင့်  ကျွန်တော် အသက်ထွက်ပေတော့မည် ဟု မျက်စိမှိတ် လိုက်ပါတော့သည်။
   သို့သော် မရောက်သေးလေရကား ကျွန်တော်လဲလျှင်လဲ ချင်း  ကျွန်တော့ကိုယ်ကျောပေါ်၌  ကိုယ်တစ်ခုထပ်ကျလာကာ …..
“အမလေး ရှင်တို့ရယ် ၊ သူ့ကိုမလုပ်ကြပါနဲ့ ၊ ကျွန်မကိုသာသတ်ကြပါ”    ဟူသော မသူ၏ တတွတ်တွတ်တောင်းပန်သံကို ကြားရပါတော့သည် ။ အမှန်ကိုပြောရလျှင် ဤအချိန်၌  ကျွန်တော့မှာ အရက်မူးခြင်း ၊ မောပန်းခြင်းတို့ ကြောင့် ကျွန်တော့ဘာသာ ကျွန်တော့မထနိုင်တော့ပါ။ လူမှန်း သူမှန်း သိရုံလောက်သာ ရှိတော့၏။ မည်သူက မည်သို့ပြောကြသည်  
    နောက်ဆုံး ကျွန်တော်မှတ်မိ သလေလာက်ကားကျွန်တော့် အခန်းနီး ချင်း ဦးခင်မောင် ဆိုသူကပါ ကျွန်တော့ဘက်က တောင်းပန်ပေး၍ ကျွန်တော်ချမ်းသာရာ ရကာ ဦးခင်မောင် နှင့် မသူနှစ်ယောက်တွဲ၍ ကျွန်တော့ကို အိပ်ရာထဲသို့ ပို့ခြင်း ဖြစ်ပါတော့၏ ။ နို့မဟုတ်လျှင် ကျွန်တော် သော်တာဆွေ ဟူသော စာရေးဆရာသည် ဖြစ်ပေါ်လာတော့်မည် မဟုတ် ။
   ထိုညကသာ မီးရထားဝင်းထဲမှာပင် လူများစု လက်နက် တစ်ယောက်တစ်ချက်နှင့် အနိစ္စသဘော ကိစ္စချောခဲ့ပြီ တည်း ။ အိပ်ယာထဲတွင် မသူသည် ကျွန်တော့်ကိုဖက်၍ မျက်ရည်များတွေတွေ  တွေတွေ ကျကာ……
 အခုသတ်လိုက်ပါတော့ ၊ ရော….ဓားမြောင် ၊ ဒါပေမယ့်အမောင့်ကို ကျွန်မ စိတ်မဆိုးနိုင် ၊မမုန်းနိုင်ပါဘူး ၊ အမောင် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာ ကျွန်မအကုန်သိပါတယ် ။ နေ့ခင်းကရောက်လာတဲ့ သံကြိုးစာကိုလဲ ဟိုဘက်ခန်းက စာရေးကြီးကို ဖတ်ပြခိုင်းလို့  သိရပါတယ် ။
      ဘာလို့ ကိုယ့်ကိုကိုယ် ဒါလောက် ဒုက္ခရှာ ရတာလဲ အမောင် ရယ် ၊ အမောင်ဟာ အမောင် အေးအေး ဆေးဆေးပြန်သွားပါ ၊ ကျွန်မအတွက်တော့ စိတ်ဒုက္ခမဖြစ်ပါစေနဲ့ ၊ ကျွန်မကံနှင့် ကျွန်မသာ ရှိပါစေတော့ ”
      ထိုအချိန်၌ ကျွန်တော်သည် အမောအပန်းပြေသလောက် ရှိပြီဖြစ်၍ ကိုယ်လက်လှုပ်ရှားနိုင်ပြီဖြစ်သောကြောင့် မသူကိုပြန်ဖက် လိုက်ကာ…..
“အမောင်မှားပါတယ် မသူ ၊ အမောင်မှားတယ် ၊ အခုအမောင့်မှာ မသူကယ်ပေးတဲ့ အသက်ပဲ ရှိတော့တယ်” ဟုဆိုပြီး  ကျွန်တော် ယောက်ျားကြီးတန်မဲ့ နှင့် မျက်ရည်ဖြိုင်ဖြိုင် ကျလာပါတော့၏။
     ဇွန်လ -၅ ရက်နေ့၊ စနေနေ့ နေ့လည် သုံးနာရီ ဆိုက်သော တိုင်ရိုသင်္ဘော ပေါ်တွင် သော်တာဆွေ၏ တဝမ်းကွဲအကိုတစ်ယေက် ကိုယ်တိုင်ပါပြီး မရမက ခေါ်လေတော့ရာ သော်တာဆွေမှာ ဘယ်လိုမှ မတတ်နိုင်တော့ပဲ နောက် ရက်သင်္ဘော ဖြင့်ပြန်လိုက်ရန်ပြင်ဆင်ရပါတော့သည် ။ ထိုနေ့ခွဲခွါ ရမည့် နောက်ဆုံးညတွင် သော်တာဆွေကော မသူရော နှစ်ယောက်စလုံး အိပ်မပျော်နိုင်ကြတော့ပါ ။
     စစ်မှန်သော မေတ္တာတရား ၏ စေ့ဆော်မှုဖြင့် မသူထံမှ ကြေကွဲဖွယ်ရာ တောင်းဆိုချက် တစ်ခုကိုလည်း သော်တာဆွေမှာ မဖြစ်နိုင်လွန်း ၍ ရင်နာနာဖြင့်ပင် ပယ်ချခဲ့ရသည် ။ ၎င်းတောင်းဆိုချက်ကား  မသူတစ်ယောက်သော်တာဆွေတို့ အိမ်တွင် အစေခံအလုပ်ဖြင့် နေခွင့်ပေးရန်  ပင်ဖြစ်ပါသည် ။ သူ့အနေဖြင့် မပေါင်းရသော် လည်းး သော်တာဆွေ၏ မျက်နှာကိုမြင်နေရလျှင် သေပျော် ပါပြီ ဆိုသည့်သဘောပင် ။
    မသူ၏ တောင်းဆိုချက်ကို သော်တာဆွေက ရင်နာနာ နှင့်ပယ်ချ ခဲ့သလို သော်တာဆွေ၏ တောင်းဆိုချက်ကိုလည်း မသူက ခေါင်းညိတ် ခေါင်းခါမတတ်ပါလုပ်နေခဲ့သည် ။ သော်တာဆွေတောင်းဆိုသော အချက်ကိုကား ပေါင်းတည်ပြန်ရောက်လျှင်  သော်တာဆွေပို့လိုက်သော ငွေကိုယူ ပြီး မသူ၏ အမေရှိရာ ရွာ ပြန်နေခိုင်းခြင်းဖြစ်ပါသည် ။
     နောက်တစ်နေ့ မိုးလင်း သည်အထ ဘာအဖြေမှ မပေးခဲ့သော မသူသည် သော်တာဆွေတို့ သင်္ဘောပေါ်တက်ခါနီး တွင်မှ  တစိမ့်စိမ့်ကျနေသော မျက်ရည်များကြားမှ  ဘယ်အချိန်က ရေးထားမှန်းမသိ သော စာအိတ်လေးတခုကို  ထုတ်ကာ သော်တာဆွေ့ကို ပေးလိုက်ပါသည် ။ သင်္ဘော ထွက်မှ ဖတ်ဖို့ ကတိကိုလည်း တောင်းလိုက်ပါသေးသည် ။
    သင်္ဘောကမ်းမှ ခွါပြီးခဏ အကြာမှာပင် သော်တာဆွေတစ်ယောက် မသူ၏ စာကို ဖောက်ဖတ်လိုက်ပါတော့သည် ။
      မိသူအကြောင်းဇစ်မြစ် ကို သိချင်လှတဲ့ အမောင် ရေ…..
    ဟုတ်တိုင်းမှန်ရာ မချွင်းမချန် ပြောလိုက်မယ်ပ ၊ ပါးစပ်နဲ့ဆိုရင် မရဲ ပါဘူး ၊ စာနဲ့မှ အကုန်ရေးဝံ့တာ ၊ ကျွန်မဟာ အခု၁၉-နှစ် ၊ ဟိုဂျပန်ခေတ်မှာ ၁၆-နှစ်ဖြစ်လို့ အရွယ်ရောက်ခါစ ၊ ကျွန်မတို့ ရွာမှာဆို ရင် ကျွန်မက ညီအစ်မ သားချင်းတွေထဲမှာ ထွန်းပြီးတော့ သူများနဲ့ မတူ အောင် ရုပ်ရည်ကလှပခဲ့တာပ ။
    ဒါနဲ့ အတော်ပဲ  လှဂုဏ်မောက်ပြီး ကိုယ့်ရွာက လူတွေဆိုရင် စိတ်ကူးမထည့် ၊ မြို့ပေါ်ကရောက်လာတဲ့ လူချောချော တစ်ယောက်နဲ့ ကျွန်မကြိုက်ပါလေရော ၊ ကြိုက်တယ် ဆိုပဲ အရူးအမူး  သူခေါ်ရာ ခိုးရာ လိုက်ခဲ့တာပ ၊ ကသာမြို့ရောက်တော့ သူ့ဦးကြီး ဆိုတဲ့ မန္တလေးက မကြာခင်ကမှ ပြောင်းလာတဲ့ ရဲ အရာရှိကြီး အိမ်မှာနေရတယ် ။
   နောက်တော့  အဲဒီလူကြီးဟာ တစ်ခြားသူ ဟုတ်ပါရိုးလား  ၊ ကျွန်မဒုတိယ ယူရတဲ့ လင်ကြီးပေါ့ ။ ဖြစ်ပုံ က ပြောရမှာ ရှက်လိုက်ပါဘိ ။
ကျွန်မတို့ သူ့အိမ်ရောက်တော့ ၁၀- ရက်လောက်ပဲ ရှိသေးတယ် ။တစ်န့ခင်းလုံး ကျွန်မတစ်ယောက်တည်း အခန်းထဲမှာ အိပ်ပျော်နေတုန်း အဲဒီလူကြီးဝင်လာပြီး မတရားကျင့်တယ် ၊ အဲဒါကို ကျွန်မယောက်ျားပြန်လာလို့ ပြောပြတော့ သူက ဘယ့်နှယ့်ပြောတယ်မှတ်သလဲ ။
   အဲဒါလူတွင်ပါလို့ နွားကျားကိုက်တာ ၊နင်ဟာ နည်းနည်းမှ သစ္စာရှိတာ မဟုတ်ဘူး ၊နင့်လင်ကြီးနဲ့ပဲနေတော့ ဆိုပြီး သူအိမ်က ဆင်းသွားတယ် ။ အဲဒီတော့ သူ့ဦးကြီး ဆိုတဲ့  လူကြီးက ကဲ …မထူးတော့ပါဘူး ။ မင်းကိုငါ တကယ် ချစ်တယ် ၊ ငါ့မှာလည်း သားမယားမရှိဘူး ၊မင်း ကို ကောင်းကောင်းမွန်မွန်ထားမယ် ဆိုပြီး ခရီးဆက်တော့တာကိုး ၊ အဲဒါကျွုန်မအပြစ်လား အမောင် ။
အမှန်ကတော့ ကျွန်မနောက်မှသိရတာက သူတို့ ချင်း အချိတ်အဆက် အမောင်ရဲ့ ၊ အဲဒီအကောင်က  ကျွန်မကိုငွေတစ်ထောင်နဲ့ ရောင်း ခဲ့တာလေ ။ ဒါနဲ့ ကျွန်မဟာ ဇွတ်မိုက်ရတော့တာပေါ့ ၊ အဲဒီ လူကြီးက ကျွန်မကို မယားအဖြစ်နဲ့ အတော်ပဲကြင်ကြင်နာနာ မြှောက်စားထားပါတယ် ၊ ဒါပေမယ့် ခုချိန် ကျွန်မ ကလေးမမွေးနိုင်အောင်  တားဆေးတွေကျွေးပစ်ခဲ့တာက  အဲဒီလူကြီးပဲ အမောင်ရေ ၊ ကျွေးမှာပလေ  ဘာဖြစ်လို့လဲ ဆိုတော့  ကျွန်မ နဲ့အတူပေါင်းလို့ ခြောက်လပဲ ကြာရော သူ့မယားတွေ မန္တလေးက လိုက်လာတာပဲ ၊ အဲဒီတော့ ကျွန်မကို သူ့အိမ်ကြီးပေါ်မှာမထားတော့ဘူး ၊ ချောင်ကျကျမျာ အိမ်ကလေးတစ်လုံးငှါးပေးထားတယ် ၊ အဲဒီအခါ မှာ လူမိုက်အောင်သင်းက ကျွန်မအစောင့်အထိန်းပေါ့ ။
   သည့်ပြင့်လူဆိုရင် ယင်ဖိုတောင် မနားရဘူး ၊ အဲဒီလူကြီးပဲ ကျွန်မဆီကို လာချင်းတိုင်းလာတယ် ခေါ်ချင်တဲ့ နေရာ ခေါ်သွားတယ် ၊ အမယ်သူကပြောလိုက်သေး ၊ သူ့မယားကြီးဟာ မကြာခင်ပြန်မှာ ၊ အဲဒီတော့ အစိုးရအိမ်ကြီးမှာ အတူတူ ပြန်နေမယ်တဲ့ ၊ ကျွန်မ မိတောသူက ယုံမိတာပေါ့ ၊ ဒါပေမယ့် နောက်ခြောက်လ လောက်လဲ ကြာရော အဲဒီလူကြီးဟာ သူ့အလုပ်နဲ့ ပြောင်းသွားပါရော ၊ ကျွန်မကတော့ အိမ်လေးတစ်လုံးနဲ့ ။
     အောင်သင်းက အစကတော့ တော်ပါတယ် ၊ သူ့ဆရာကတော် အဖြစ်နဲ့ လက်ဖျားနဲ့တောင် မတို့ပါဘူး ၊ အဲဒီတော့ ကျွန်မမှာ ရွာပြန်ရအခက်  ဆက်နေနေရအခက် နဲ့ အကျပ်တွေ့နေတုန်း အောင်သင်းက ကျွန်မကို အရာရှိတစ်ယောက်က ရချင်တယ် ဆိုပြီး ဆွယ်ပေးတယ် ။အဲဒီလူကြီး ဟာ ကျွန်မ တတိယလင် ပေါ့ ၊ သူနဲ့ကျတော့ အဲဒီအိမ်လေးမှာပဲ တိတ်တိတ်ပုန်းမယား လေ။
   ဒါပေမယ့် အဝတ်အစားတွေမပြတ်ဝယ်ပေုး၊ ပိုက်ဆံဖောဖောသီသီပေး ၊ ပွဲတို့ ရုပ်ရှင်တို့  သွားကြည့်ချင်ယင် အောင်သင်းကလိုက်ပို့နဲ့ ကျွန်မတို့ တောရွာနဲ့ မတူတော့ (ဝန်ခံပါရဲ့)ကျေနပ်မိတာပေါ့ ။ ဒါပေမယ့် လင်များရမဲ့  ကျွန်မမှာ အဲဒီဆရာနဲ့ ခုနစ်လလောက်ပဲ ကြာလိုက်ရတယ် ၊သူ့အလုပ်နဲ့ တစ်ရပ်တစ်ကျေး ပြောင်းပြေးရပါရော ။      
       အဲဒီအခါမှာ ကျွန်မ လင်ဆွယ်ပေးလို့မြက်မြက်တွေ့နေတဲ့ အောင်သင်းက နောက်တစ်ယောက်နဲ့ နောက်တစ်ယောက်နဲ့ ဆောင်ကြဉ်းပေးပြန်ပါရော ၊ အဲဒီလူကျတော့  ဟိုအစဦးနှစ်ယောက်လောက် အဆင်အတန်းမမြင့်ဘူး ၊ ရာထူးခပ်ငယ်ငယ်ပဲ  ၊ ဒါပေမယ့် သူကအောက်ဆိုဒ်ကောင်းလို့  အတော်လေးပဲ လှလှ ဝဝ နေလိုက်ရပါတယ်၊ သူနဲ့ကျတော့  လေးလလောက် ပဲ ကြာလိုက်ပါတယ် ။
     အဲဒီလူနဲ့လဲ ကွဲ ရော အမောင်ရေ ကျွန်မသိမ်ငယ်လာလိုက်တာ အောင်သင်းက ပါ စော်ကားတော့တာပါပဲ ၊ သည်တော့မှ  ကျွန်မဘဝ ကျွန်မသိပြီး မြိုမှာ ကိုနဲ့မတန်တဲ့  အဝတ်လှလှတွေ  ၊ ဘာမျှ မလုပ်ရတဲ့ အနေလှလှ တွေ မမက်တော့ပဲ  တောမှာပဲ ကောက်စိုက်  ၊ ကောက်ရိတ် ၊ ငါးပက်ရတဲ့ အလုပ်နဲ့ ပဲ နေတော့မယ် ဆိုပြီး ရွာ ပြန်ပြေးပါတယ်။
       ဘဝဆုံးဖို့ ကုသိုလ်ကံ ပါလာတဲ့ ကျွန်မမှာ  ရွာမှာ မကောင်းသတင်း ပြေးနေလိုက်တာ က မြို့မှာ ကျွမဖြစ်ခဲ့တာထက် ပိုဆိုးပြီး ပြည့်တန်ဆာမ မကောင်းတဲ့ မိန်းမရယ်လို့ ဘယ်သူကမှ အဖက် မလုပ်ကြဘဲ ၊ တံတွေးခွက် ပက်လက်မြော တော့တာပါပဲ ၊ ကျွန်မကို မိန်းမဖော်တွေ ယောက်ျား လေးတွေကလဲ ဝိုင်းပြီး နှိမ်ကြတော့ တာပါပဲ ၊ ကျွန်မမှာ နေစရာ ထိုင်စရာ မရှိတော့ဘူး ။
    သည်တော့ ကျွန်မလဲုစိတ်ဆတ်ဆတ်နဲ့  အို……ငါဒီမှာ  နေလည်းဘာထူးသေးလဲ ၊ လူတောထဲ တိုး နိုင်တာမှ မဟုတ်တော့ဘဲ အသိတွေ  ၊ဆွေမျိုးတွေ မျက်မှောက်မှာ တော့ အရှက်တော့ ခံမနေဘူး ၊ သူတို့ မမြင်ကွယ် ရာမှာပဲ ငါဖြစ်ချင်သလို ဖြစ်လို့ဆိုပြီး ကသာကို ပြန်လာခဲ့တော့တာပါပဲ ။
       ရှေ့ဆက်တော့ အထူးမရေးပါရစေနဲ့တော့ အမောင်ရယ် ၊ ဖြစ်လိုရာဖြစ်ဆိုပြီး အောင်သင်းကြီးလက်ထဲ  ပြန်ရောက်ခဲ့တာမို့   အမောင်ပဲ စဉ်းစားကြည့်တော့  ၊ ဒါပေမယ့် ကသာကပြန်လာပြီုးတစ်လလောက်ပဲ  ကြာပါတယ် ၊ သူက မတရား အနိုင်ကျင့်လွန်းတာနဲ့ သူနဲ့ရန်ဖြစ်ပြီး အမောင့်ဆီရောက်လာတာပါ ပဲ ၊ ကဲ ………..အမောင် ကျွန်မအကြောင်းတွေ အမှန်အတိုင်းသိရတော့  အော်ဂလီဆန်မသွားဘူးလား ၊ ရွံမသွားဘူး လား ။ ဒါကြောင့် အမောင်မေးတိုင်း မပြောပါရစေနဲ့ လို့တောင်းပန်ခဲ့တာ ၊ မပြောတာကလည်း တခြား အကြောင်းကြောင့်မဟုတ်ဘူး ၊ အမောင့်ကိုချစ်လွန်းလို့ ၊ အမောင်ကကျွန်မ ဘဝကိုရွံပြီး  ကျွန်မကိုပစ်သွားမှာ စိုးလို့ ၊ အခုတော့ ဘာထူးသေးလဲ ၊ အမောင် ကျွန်မကို ပစ်သွားပြီ မဟုတ်လား ။
      အမောင်ရေ ……သွားတော့  သွားတော့ ၊ ကျွန်မရဲ့ အသည်းနှလုံးထဲက နှစ်နှစ်ကာကာ  ချစ်မိတဲ့  အမောင် ရယ်။
       အမောင် ဟာ ကျွန်မကို သူများလို လှည်းစားယူတာလဲ မဟုတ် ၊လူမိုက်ငွေ ပေးပြီး ယူတာလည်း မဟုတ်၊တကယ့်စိတ်ကောင်း ၊ တကယ့်သတ္တနဲ့ ယောက်ျားပီပီ လူမိုက်လက်ထဲက ကျွန်မဘဝကို ကယ်တင်တာ ကျွန်မသိပါတယ် ၊ ဒါကြောင့်လည်း အမောင့်ကို ကျွန်မချစ်တာ ၊ အသက်ပေးပြီး ချစ်တာ  အမောင်၊ စတွေ့တွေ့ချင်း အကိုလို့ခေါ်ခဲ့ရက နောက်တော့ နှလုံးသားထဲမှာ ပေါ်လာတဲ့ အတိုင်း “အမောင်” လို့ ဘယ်သူ့ကိုမှ မခေါ်ဘူးတာ ခေါ်ခဲ့ တာပဲ အမောင် ရယ် ။
       အမောင်ကလဲ ကျွန်မကိုတကယ်ချစ်တာပါပဲ ၊ ကျွန်မသိပါတယ် ။ ဒါပေမဲ့ အမာင်အခု ဆက်မချစ်နိုင်တော့ဘူး မဟုတ်လား ၊ မယား ရှိရာ နေရပ်ကို ပြန်ရတော့မယ် ၊ ပြန်ပါ ပြန်ပါ အမောင်ရေ ၊ ကျွန်မကိုမေ့လိုက်ပါတော့  ၊ လူဆိုတာ သတ္တဝါတခု ၊ ကံတခု ပဲ ၊ အမောင် မရှိတော့တဲ့ နောက် ကျွန်မလည်း ဒီဘူတာဝင်းက ဝေးတဲ့ နေရာ သွားတော့မယ် ၊ လူ့ဘဝ ဆိုတာ ဒီလိုပဲ ဆန်ဆုံစား  ကံကုန်သွားကြတာပါပဲ ၊ အမောင် ရေ  သွားတော့ သွားတော့ ။
                                                                        မသူ
                  လူယုတ်မာ ရဲ့ စကားတစ်ခွန်း
မိန်းမပျိုလေးများကို ဖျက်ဆီးနေသော လူယုတ်မာ တစ်ဦး အား စာရေး ဆရာ တစ်ယေက်က သားသမီးချင်း မစာနာ အဘယ်ကြောင့် ဖျက်ဆီးရသနညးဟု မေးလိုက်ရာ ၎င်းလူယုတ်မာ က ”ကျုပ်ဖျက်ဆီးတယ် ဆိုတာကလည်း ဖျက်ဆီးခံရအောင်  နေထိုင်ကြတဲ့ ရှပ်တေး မလေး တွေပါဗျ ၊ ဣနြေ္ဒသိက္ခာနဲ့ နေတဲ့ မိန်းကလေးတွေကိုတော့ ဖျက်ဆီးဖို့ နေနေသာသာ အနားတောင်သီခွင့် မရပါဘူး ၊ ဥပမာအားဖြင့် ပေါ့ ဗျာ ခြေဆေး အိုးထံ ရေကိုသာ ကျုပ်ခြေဆေး မှာ ပေါ့ ၊ သောက်ရေအိုး ထဲကရေကို ကျုပ် ခြေမဆေးရဲပါဘူး ” ဟု ဆို၏။
   အမျိုးသမီး တိုင်း သောက်ရေအိုး ထဲ က ရေလိုဖြစ် အောင် ကြိုးစား၍ မေတ္တာကို ဗန်းပြကာ ခန္ဓာကိုယ်ကိုပင် လိမ်၍ယူကြသော  လူယုတ်မာ များလက်မှ ကင်းဝေးကြပါစေသော်။
           ကြည်ညိုခြင်း သုံးမျိုး
    ဒကာ ၊ဒကာမ တို့၏ ကြည်ညိုခြင်း ၊ သီတင်းသုံးဖော်တို့၏ ကြည်ညို ခြင်း ၊ မိမိကိုယ်ကို ကြည်ညိုခြင်း လို့ ကြည်ညိုခြင်း သုံးမျိုး ထဲမှာ မိမိကိုယ်ကိုမိမိ ပြန်ပြီး ကြည်ညိုဖို့ ဟာ အရေးအကြီး ဆုံးပဲ ၊ သံသရာမှာ ဘဝကူးချင်တဲ့ သူတွေ အလေးအနက်ထားရမယ့် အချက်ပဲ ၊ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးကို လိမ်ညာ ဟန်ဆောင် လို့ ရသော်လည်း မိမိကိုယ်ကို လိမ်ညာ ဟန်ဆောင် ၍ မရလို့ပါပဲ”
      ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့
     မန္တလေးကျောင်းတိုက် ဆရာတော်
ဘကြီးသက်
Unknown at 11:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး ယာဉ်လိုင်းသုံးလိုင်း တိုးချဲ့ပြေးဆွဲမည်
From :  မြန်မာ့အလင်း
အောက်တိုဘာ ၃ ရက်က ပြုလုပ်သော မထသ(ဗဟို)နှင့် သတင်းမီဒီယာများ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံပွဲတွင် ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ခရီးသည်များ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ယာဉ်လိုင်းသုံးလိုင်း အား တိုးချဲ့ပြေးဆွဲရန် စီစဉ်မှုများ ရှိနေကြောင်း အသိပေး ပြောကြားခဲ့သည်။ အဆိုပါ ယာဉ်လိုင်းသုံးလိုင်းမှာ မေတ္တာလှိုင်း(၁)၊ မထသ ၄၀(ယာဉ်ကြီး)၊ မထသ ၄၃(ယာဉ်ကြီး) တို့ဖြစ်ကြောင်း သိရသည်။ ထိုယာဉ်များ အဆင်ပြေပြေ ပြေးဆွဲနိုင်ရေးအတွက် (CNG) ရရှိနိုင်ရန် ထောက်ခံတင်ပြ ပေးထားပြီးဖြစ်၍ မကြာမီသော ကာလအတွင်း ထွက်လာနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ပြေးဆွဲမှုအနေဖြင့် မေတ္တာလှိုင်း(၁) လိုင်းသည် စိတ်ကျန်းမာရေးဆေးရုံ ဂိတ်ရင်းမှ မင်းရဲကျော်စွာလမ်း၊ ၇/၈ လမ်းဆုံ၊ ပြည်ထောင်စုလမ်း၊ ပင်လုံလမ်း၊ ဘေလီတံတားကို ဖြတ်၍ သံသုမာလမ်းအတိုင်း ရတနာလမ်း၊ မိုးကောင်းလမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ စက်ရုံလမ်းကို ဖြတ်ကာ မင်္ဂလာတောင်ညွန့်မြို့နယ် တော်ဝင်ပလာဇာတွင် ဂိတ်ဆုံးမည်ဖြစ်သည်။ မထသ ၄၀ (ယာဉ်ကြီး)မှာ ဒဂုံမြို့သစ်(တောင်ပိုင်း) (၇၀)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ရတနာလမ်း တောင်ဂိတ်ရင်းမှ ထွက်ကာ ကျန်စစ်သားလမ်း၊ လှော်ကားလမ်း၊ ဒဂုံတောင်/မြောက် လမ်းဆုံ၊ စံပြဈေး၊ တာမွေယာယီဈေး၊ ဗညားဒလလမ်း၊ စက်ရုံလမ်း၊ မြယာကုန်း (၆၂) ဂိတ်အထိ ပြေးဆွဲမည်ဖြစ်သည်။ မထသ ၄၃ (ယာဉ်ကြီး) သည် အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ အမှတ်(၃) လမ်းမကြီး၊ ခြောက်ကွေ့၊ မြောက်ဥက္ကလာအဝိုင်း၊ နဝဒေး၊ ရှစ်မိုင်၊ ပြည်လမ်း၊ လှည်းတန်း၊ ကမ်းနားလမ်းအတိုင်း သီရိမင်္ဂလာဈေးဟောင်း၊ ဗိုလ်တထောင်၊ ဂန္ဒီဆေးရုံအနီးတွင် ဂိတ်ဆုံးမည်ဖြစ်သည်။ ပြီးခဲ့သောနှစ် စက်တင်ဘာလထက် ယခုနှစ် စက်တင်ဘာလမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှု၊ သေဆုံးမှု၊ ဒဏ်ရာရရှိမှု လျော့နည်းခဲ့ကြောင်း မထသ(ဗဟို) စည်းကမ်းထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယာဉ်မတော်တဆမှု ဖြစ်စဉ်များကို ပြန်ကြည့်ပါက ယာဉ်များကြံ့ခိုင်မှု အားနည်းခြင်း၊ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်း၊ အရှိန်ပြင်းစွာဖြင့် မဆင်မခြင် မောင်းနှင်ခြင်း၊ လမ်းများ ပျက်စီးယိုယွင်းမှု များနေခြင်း၊ ခရီးသည်နှင့် ယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းများကြောင့် ဖြစ်ပွားကြောင်း သိရှိရသည်။
 Myanmar Express
ဘကြီးသက်
Unknown at 11:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
၁၉၆၁ ခုနှစ်က နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်မယ် နိုင်ငံတကာကို မြန်မာ တကျော့ပြန် ယှဉ်ပြိုင်
420920_534293506584669_2043376185_n
  ဂျပန် နိုင်ငံ  အိုကီနာဝါ ကျွန်း ဘူဒိုကန် အားကစား ခန်းမ တွင် အောက်တိုဘာ လ ၁ ရက်နေ့ မှ
အောက်တိုဘာလ ၂၁ ရက်နေ့  အထိ ကျင်းပ နေသည့် မယ် နိုင်ငံ တကာ (Miss International)
ကို မြန်မာ နိုင်ငံ ကိုယ်စား ပြု ကာ ရှမ်းပြည်နယ် တောင်ကြီး မြို့ မှ မနန်းခင်ဇေယျာ သည် ၀င်ရောက်ယှဉ် ပြိုင် နေသည် ဟု ၅၂ ကြိမ်မြောက် မယ် နိုင်ငံ တကာ (Miss International) ကျင်းပရေး ကော်မတီ သတင်း နှင့် ပြန်ကြား ရေးဌာန မှ သတင်း ထုတ်ပြန်ထားသည်။
ပြိုင်ပွဲ၌ Miss Myanmar International Crownဆုကို ရရှိခဲ့ သည်။
မယ် နိုင်ငံ တကာ  ပြိုင်ပွဲ ကို နိုင်ငံ ပေါင်း ၆၇ နိုင်ငံ မှ ၀င်ရောက်ယှဉ် ပြိုင် သည်။ ယခုနှစ်
Miss International ဆုရရှိသူ အား ယခင် နှစ် က ဆုရှိခဲ့ သည့် အီကွေဒေါ မှာ ဖာနန်ဒါ
ကော်နီ ဂျို မှ လွှဲပြောင်း ပေး အပ် မည် ဖြစ်သည်။
နန်းခင်ဇေယျာသည် အသက် ၂၃ နှစ် ရှိ ပြီ ဖြစ် ပြီး အရပ် အမြင့် ငါး ပေး ခြောက် လက်မ ခွဲ
ဖြစ်သည်။
နန်း ခင်ဇေယျာ အား မဲပေး ရန်
Myanmar-miss
Miss-Myanmar-2012-2
581008_485781108112957_85452089_n
557009_534293863251300_315315032_n
550584_534293756584644_1696158989_n
536262_10151188525456676_611131211_n
535974_534294096584610_1765341068_n
534407_137306729748932_384533933_n
523927_141932889286316_1558009786_n
523902_534293843251302_919304390_n
522866_534294119917941_1186149082_n
486725_534294056584614_347707615_n
485797_534293803251306_915996753_n
480524_137306756415596_1804531515_n
45308_137306749748930_1197985136_n
430092_3344871680756_1202451338_n
420920_534293506584669_2043376185_n
420500_458884354162488_1917390950_n
419380_534293483251338_127186203_n
317663_534294153251271_979041149_n
298578_534294033251283_525604473_n
155197_534293436584676_426521430_n
121004419
121004410
1003_163
ဘကြီးသက်
Unknown at 11:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.