Saturday, October 6, 2012

ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး ယာဉ်လိုင်းသုံးလိုင်း တိုးချဲ့ပြေးဆွဲမည်


From :  မြန်မာ့အလင်း


အောက်တိုဘာ ၃ ရက်က ပြုလုပ်သော မထသ(ဗဟို)နှင့် သတင်းမီဒီယာများ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံပွဲတွင် ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ခရီးသည်များ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ယာဉ်လိုင်းသုံးလိုင်း အား တိုးချဲ့ပြေးဆွဲရန် စီစဉ်မှုများ ရှိနေကြောင်း အသိပေး ပြောကြားခဲ့သည်။ အဆိုပါ ယာဉ်လိုင်းသုံးလိုင်းမှာ မေတ္တာလှိုင်း(၁)၊ မထသ ၄၀(ယာဉ်ကြီး)၊ မထသ ၄၃(ယာဉ်ကြီး) တို့ဖြစ်ကြောင်း သိရသည်။ ထိုယာဉ်များ အဆင်ပြေပြေ ပြေးဆွဲနိုင်ရေးအတွက် (CNG) ရရှိနိုင်ရန် ထောက်ခံတင်ပြ ပေးထားပြီးဖြစ်၍ မကြာမီသော ကာလအတွင်း ထွက်လာနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ပြေးဆွဲမှုအနေဖြင့် မေတ္တာလှိုင်း(၁) လိုင်းသည် စိတ်ကျန်းမာရေးဆေးရုံ ဂိတ်ရင်းမှ မင်းရဲကျော်စွာလမ်း၊ ၇/၈ လမ်းဆုံ၊ ပြည်ထောင်စုလမ်း၊ ပင်လုံလမ်း၊ ဘေလီတံတားကို ဖြတ်၍ သံသုမာလမ်းအတိုင်း ရတနာလမ်း၊ မိုးကောင်းလမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ စက်ရုံလမ်းကို ဖြတ်ကာ မင်္ဂလာတောင်ညွန့်မြို့နယ် တော်ဝင်ပလာဇာတွင် ဂိတ်ဆုံးမည်ဖြစ်သည်။ မထသ ၄၀ (ယာဉ်ကြီး)မှာ ဒဂုံမြို့သစ်(တောင်ပိုင်း) (၇၀)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ရတနာလမ်း တောင်ဂိတ်ရင်းမှ ထွက်ကာ ကျန်စစ်သားလမ်း၊ လှော်ကားလမ်း၊ ဒဂုံတောင်/မြောက် လမ်းဆုံ၊ စံပြဈေး၊ တာမွေယာယီဈေး၊ ဗညားဒလလမ်း၊ စက်ရုံလမ်း၊ မြယာကုန်း (၆၂) ဂိတ်အထိ ပြေးဆွဲမည်ဖြစ်သည်။ မထသ ၄၃ (ယာဉ်ကြီး) သည် အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ အမှတ်(၃) လမ်းမကြီး၊ ခြောက်ကွေ့၊ မြောက်ဥက္ကလာအဝိုင်း၊ နဝဒေး၊ ရှစ်မိုင်၊ ပြည်လမ်း၊ လှည်းတန်း၊ ကမ်းနားလမ်းအတိုင်း သီရိမင်္ဂလာဈေးဟောင်း၊ ဗိုလ်တထောင်၊ ဂန္ဒီဆေးရုံအနီးတွင် ဂိတ်ဆုံးမည်ဖြစ်သည်။ ပြီးခဲ့သောနှစ် စက်တင်ဘာလထက် ယခုနှစ် စက်တင်ဘာလမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှု၊ သေဆုံးမှု၊ ဒဏ်ရာရရှိမှု လျော့နည်းခဲ့ကြောင်း မထသ(ဗဟို) စည်းကမ်းထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယာဉ်မတော်တဆမှု ဖြစ်စဉ်များကို ပြန်ကြည့်ပါက ယာဉ်များကြံ့ခိုင်မှု အားနည်းခြင်း၊ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်း၊ အရှိန်ပြင်းစွာဖြင့် မဆင်မခြင် မောင်းနှင်ခြင်း၊ လမ်းများ ပျက်စီးယိုယွင်းမှု များနေခြင်း၊ ခရီးသည်နှင့် ယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းများကြောင့် ဖြစ်ပွားကြောင်း သိရှိရသည်။
 

 Myanmar Express

ဘကြီးသက်
Unknown at 11:07 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.