အောက်တိုဘာလ ၅ ရက်။ ။ သတ္တတွင်းဝန်ကြီးဌာနနဲ့ The
Voice ဂျာနယ်တို့ ဖြစ်ပွားတဲ့အမှုမှာ The Voice ဂျာနယ်ကို ပုဒ်မ ၅၀၀ နဲ့
စွဲချက်တင်လိုက်ကြောင်း ဒဂုံမြို့နယ် တရားရုံးက မြို့နယ်တရားသူကြီးမှ
စက်တင်ဘာလ ၂၀ ရက်နေ့က အမိန့် ချမှတ်ခဲ့ရာမှာ အဲဒီအမိန့်နဲ့ ပတ်သက်ပြီး The
Voice ဂျာနယ်ဘက်က ကြေနပ်မှုမရှိတာကြောင့် ခရိုင်တရားရုံးကို ပြင်ဆင်ပြီး
လျှောက်ထားခဲ့ခြင်းကြောင့် အောက်တိုဘာလ ၅ ရက် (ယနေ့) မှာ
သတ္တုတွင်းဝန်ကြီးဌာနနဲ့ The Voice ဂျာနယ် ဖြစ်ပွားတဲ့အမှုကို ပြန်ခေါ်
သက်သေများ စစ်ဆေးသွားမှာ ဖြစ်ပေမယ့်လည်း ခရိုင်ရုံးက ပြင်ဆင်မှုကို
လက်ခံခဲ့တာကြောင့် ကြားနာစစ်ဆေးမှုကို ဒီကနေ့ မပြုလုပ်ခဲ့ဘဲ အောက်တိုဘာလ ၁၈
ရက်ကို ရုံးချိန်း ထပ်မံပေးခဲ့ပါတယ်။
''ပြင်ဆင်မှု လျှောက်ထားတာ အထက်ရုံးက လက်ခံလို့ မူလရုံးက စစ်ဆေးနေတာကို ရွှေ့ဆိုင်းတာပါ။ တရားရုံးမှာ အမှုတွဲဆိုတာ တစ်ခုတည်း ရှိတဲ့အတွက် အဲဒီအမှုတွဲကို အထက်ရုံးကို ပေးလိုက်ရတာကြောင့် ဒီနေ့ ကြားနာ စစ်ဆေးမှု မလုပ်တာ ဖြစ်ပါတယ်။ နောက်တစ်ချိန်း တစ်ခုမှာလည်း အထက်ရုံးက အမှုမပြတ်သေးရင် စစ်မှာ မဟုတ်ပေမယ့် တရားရင်ဆိုင်ရမယ့် နှစ်ဖက်လုံးက ပုဂ္ဂိုလ်များ လာရဦးမှာ ဖြစ်ပါတယ်'' ဟု The Voice ဂျာနယ်ရဲ့ အကျိုးဆောင်ရှေ့နေ တစ်ဦးက ပြောဆိုပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ (ယနေ့) ပြုလုပ်သည့် ရုံးချိန်းဟာ ၁၅ ကြိမ်မြောက် ရုံးချိန်းဖြစ်တယ်လို့လည်း သိရပါတယ်။
ရတနာပုံသတင်း

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge