“၂၀၀၇ မော်ဒယ်တုန်းက ဈေးကြီးတော့ ပြည်တွင်းက သိပ်မဝယ်နိုင်ကြဘူး။ တချို့က မော်တော်ကားတွေ အပ်တယ်။ အခက်အခဲရှိတော့ စီးတီးဘတ်စ်တွေ အပ်ပြီးတော့ ဟိုင်းဝေးဘတ်စ်တွေ တင်သွင်းကြတယ်။ ပြည်တွင်းမှာ စီးတီးဘတ်စ် စီးရေကျလာတာကို သက်သောင့်သက်သာနဲ့ ဆွဲနိုင်အောင်၊ အများဝယ်နိုင်တဲ့ ကားဖြစ်အောင် အခုလို ၂၀၀၂ မော်ဒယ်တွေကို တင်သွင်းခွင့် ပြုလိုက်တာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ်ကားများကို စက်တင်ဘာလ အတွင်းမှစ၍ ပါမစ်မလိုဘဲ တင်သွင်းခွင့် ပြုလိုက်ပြီး တင်သွင်း မှာယူလိုသူများသည် ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ် ဘယ်မောင်းယာဉ်များကိုသာ တိုက်ရိုက် တင်သွင်းနိုင်ပြီး ဟိုင်းဝေးဘတ်စ်ကား များမှာ ယခု တင်သွင်းခွင့် ပြုလိုက်သော အစီအစဉ်တွင် ပါဝင်ကြောင်း ထပ်မံ သိရှိရပါသည်။
ယခင်က မထသ (ရန်ကုန်တိုင်းဒေသကြီး) လက်အောက်တွင် မြို့တွင်းခရီးသည်တင် ဘတ်စ်ကား ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာအထိ ၅၇၃ စီး ရှိခဲ့သော်လည်း လက်ရှိတွင် ၂၃၆ စီးသာ ပြေးဆွဲလျက် ရှိသောကြောင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စီမံကိန်းတွင် ရန်ကုန်မြို့၌ ခရီးသည်တင်ယာဉ် ဘတ်စ်ကားများမှာ လျော့နည်းသွားရခြင်း ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တွင်းတွင် စီးတီးဘတ်စ်ကားများ အစားထိုးပြေးဆွဲရန် လိုအပ်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့တွင်း နေ့စဉ်ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၆ သန်းခန့်ရှိကြောင်း မထသ (မြို့တွင်း)မှ စာရင်းများအရ သိရသည်။
ဘကြီးသက်



0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge