Wednesday, September 19, 2012
တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။
အရင်စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ သူ့ကို စိတ်ဒုက္ခ အပေးဆုံးကိစ္စဟာ လိုအပ်လာရင် တပ်မတော်က အစိုးရအဖွဲ့ကို ထိန်းချုပ်နိုင်ခွင့်ပြုထားတဲ့ အချက်ဖြစ် တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင် စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့ သူ့အနေနဲ့ ထောက်ခံတယ်လို့လည်း ပြောပါတယ်။
ဒါဟာ ရုပ်သိမ်းပေးဖို့ အချိန်ကျလာတာဖြစ်ပြီး လိုအပ်နေတဲ့အချိန်ကာလတုန်းက ဒီလို အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ဒီမိုကရေစီအရေး တွန်းအားပေးခဲ့တဲ့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ အရေး ကို အဘက်ဘက်က ထောက်ခံအားပေးကြတဲ့ အမေရိကန်ပြည်သူ လူထုကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ယုံကြည်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ ခဲ့ရသလို ကြုံနေရသူတွေအတွက် အားပေးစကားလည်း ပြောကြားခဲ့ပြီး မျှော်လင့်ချက်တွေက ဘယ်တော့မှ မစွန့်လွှတ်ဖို့နဲ့၊ မျှော်လင့်ရုံ မျှော်လင့်နေတာ မဟုတ်ဘဲ ကြိုးစားအားထုတ် အလုပ်လုပ်မှုနဲ့ အခြေအနေအကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှား သွားကြဖို့၊ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းနေစဉ်။ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၂။
ဘကြီးသက်
Unknown at 6:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်တဲ့ အာရှအသံ(RFA) ရုံးချုပ်လာရောက်လည်ပတ်
အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့ ရည်ရွယ်ချက်က မြန်မာ့ ဒီမိုကရေစီအရေး အားပေး ထောက်ခံခဲ့သူတွေကို ကျေးဇူးတင်ဖို့၊ ရှေ့ရေး ဆက်လက်ဆွေးနွေး တိုင်ပင်ဖို့ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ၀ါရှင်တန် ဒီစီ မြို့တော်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ RFA ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
ဝါရှင်တန် ဒီစီ မြို့တော် အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA ရုံးချုပ်ကို လာရောက် လည်ပတ်စဉ်အတွင်း မြန်မာဌာနနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
"ကျွန်မ ဒီလာတယ်ဆိုတာ အဓိကကတော့ အကြောင်းနှစ်ကြောင်းပေါ့နော်။ တစ်ကြောင်းကတော့ ကျွန်မတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးခဲ့တဲ့ ကူညီခဲ့တဲ့ အမေရိကန်မှာရှိတဲ့ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တခြားပုဂ္ဂိုလ်ကြီးတွေကို ကျေးဇူးတင်တယ်ဆိုတာပြောဖို့။ ဒုတိယကတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ထွန်းကားမှုကို ဆက်လက်ပြီးတော့ ဘယ်လိုပုံစံနဲ့ ကူညီနိုင်မလဲဆိုတာကို တိုင်ပင်ပြီးတော့ လုပ်သွားဖို့ ဖြစ်ပါတယ်"
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ - ဒီကိစ္စဖြေရှင်းဖို့ဆိုရင် အမုန်းတရားရဲ့ အရင်းခံဇစ်မြစ်တွေကို ဖယ်ရှားပစ်ရမှာဖြစ်ပြီး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေအပေါ် လေးစားလိုက်နာမှု၊ ညှိုနှိုင်းဆောင်ရွက်မှု တွေနဲ့ ဖြေရှင်းသွားရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပဋိပက္ခဖြေရှင်းရေး ပြောဆိုကြတဲ့အခါ ဘယ်သူတွေက ဘယ်လိုအကြံဥာဏ်တွေပဲ ပေးပေး၊ ရှောင်လွှဲလို့မရတဲ့ ကိစ္စကတော့ တစ်ဖက်သားနဲ့ စကားပြောရပါမယ်၊ ညှိနှိုင်းရပါမယ်၊ ပြဿနာတွေကို ဓားနဲ့ဖြေရှင်းမယ့်အစား စကားနဲ့ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် ဒေါ်အောင်ဆန်းစုကြည် အသံမထွက်ဘဲ တိတ်ဆိတ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မိမိတို့အနေနဲ့ အစိုးရတစ်ရပ် မဟုတ်တဲ့အတွက် ဘာလုပ်မယ်၊ ဘာတွေဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ် ပြောဆိုနိုင်တဲ့ အနေအထားမှာ မရှိဘူးဆိုတာ နားလည်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ မနက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပြီး USIP ခေါ် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကိုလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
RFA Burmese
ဘကြီးသက်
Unknown at 6:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ယဉ်ကြောပိတ်ဆို့စေသော အကြောင်းရင်းများ
လူသားတွေအနေနဲ့ မိမိတို့၏ ဘဝ နေထိုင်ရေး၊ အသက်ရှင် ရပ်တည်ရေး အတွက် ရုန်းကန် လှုပ်ရှား နေကြရတာ လောက ရဲ့ နိယာမ တစ်ခုပါ။ ဒီလို ရုန်းကန်မှု တွေထဲကမှ နိစ္စဓူဝ အဓိက ရင်ဆိုင် နေရတဲ့ အခန်း ကဏ္ဍ တစ်ခုက စားဝတ်နေရေး အတွက် ရုန်းကန် လှုပ်ရှားကြရင်း သွားကြလာကြတဲ့ အခါမှာ ခရီးလမ်းတစ်လျှောက် မလိုအပ်ဘဲ အချိန်ကုန် လူပင်ပန်းဖြစ်နေရတာပါပဲ။ အဓိကအချက် တစ်ချက်က ကားလမ်းများ ပြည့်ကျပ်ညပ်နေပြီး မီးပွိုင့်များတွင် အချိန် ကြာမြင့်စွာစောင့်ဆိုင်း နေရတဲ့ဒုက္ခပါပဲ။ တစ်ခါတလေမှာ လုပ်ငန်း ကိစ္စတွေက အခက်အခဲ မရှိပါဘူး။
တစ်နည်းအားဖြင့် သက်သောင့်သက်သာ လုပ်ကိုင် နိုင်ကြပေမယ့် လုပ်ငန်းခွင် အရောက် သွားရတဲ့ ခရီးလမ်းမှာတော့ သက်သောင့်သက်သာ အနေအထား မရှိကြပါဘူး။ နာရီဝက်မျှ သွားရမည့် ခရီးလမ်း တစ်ခုကို တစ်နာရီလောက် ကြိုတင် အချိန်ယူပြီး ခက်ခက်ခဲခဲ ပင်ပန်းစွာ သွားကြ ရတယ်။ တစ်နာရီမျှ သွားရမည့် ခရီးလမ်း ဆိုရင်တော့ ဆိုဖွယ်ရာ မရှိပြီ။
အထူးသဖြင့် အများပြည်သူ အလုပ်သွား၊ အလုပ်ပြန်တဲ့ အချိန်တွေမှာ တစ်မျှော်တစ်ခေါ်ကြီး ဖြစ်နေတဲ့ ကားတန်းကြီးတွေ ကြားမှာ ကိုယ်ပိုင် နားချိန်တွေကို အသုံးချ နေကြရတယ်။ ကျပ်ညှပ် လှောင်ပိတ်နေတဲ့ ဘတ်စ်ကား တွေပေါ်မှာ ဘဝအမောတွေကို ဖြေလျှော့ နေကြရတယ်။ ဒီလို ခက်ခဲ ပင်ပန်းတာတွေ များလာတော့ ဘာလို့များ ကားလမ်း တွေပေါ်မှာ မီးပွိုင့်တွေတိုင်းမှာ ကားတွေ ဥဒဟို ပြည့်ကျပ် ညပ်နေသလဲ ဆိုတာကို လေ့လာ ကြည့်မိပါတယ်။ မီးပွိုင့် တော်တော်များများမှာ အချိန်ကုန်ခံပြီး စောင့်ဆိုင်း နေကြ ရတဲ့ အကြောင်းရင်းတွေထဲက ဖြစ်နိုင်မယ် ထင်တဲ့ အချက်အလက်များ ကို ရှာဖွေ ကြည့်တဲ့အခါမှာ ဖြစ်နိုင်ခြေရှိတဲ့ အချက်လေးချက် တွေ့ရပါတယ်။
(၁) လမ်းများ
(၂) လက်ရှိ မောင်းနှင်နေသော မော်တော်ယာဉ်များ
(၃) ယာဉ်မောင်းများ
(၄) မီးပွိုင့်များ
ဒီ အခြေအနေများ ထဲက ဖြစ်နိုင်ခြေရှိတဲ့ အချက် အနည်းငယ်ကို ထုတ်နုတ် ပြပါဦးမည်။
(၁) လမ်းများ
မော်တော်ယာဉ် မောင်းနှင်သော လမ်းများ၏ အခြေအနေကို ပြောရမည် ဆိုလျှင်တော့ များသောအားဖြင့် လမ်းအတော်များများ ပျက်စီး ယိုယွင်းနေတာကို ဦးစွာ တင်ပြရမှာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ အတော် ဆိုးဆိုးရွားရွားကို ပျက်စီးနေပြီး မြို့တွင်း တစ်နာရီမိုင် ၃၀ သတ်မှတ် ထားပေမယ့် တစ်နာရီ ၁၀ မိုင် သာသာလောက်သာ မောင်းနှင် နိုင်တဲ့ အခြေအနေကို တွေ့ရပါတယ်။ မိုးလေးများ တဖွဲဖွဲ ရွာလာပြီ ဆိုရင်တော့ လမ်းပေါ်မှာ ရေက တစ်တောင်လောက် ရောက်လာ ပါပြီ။ ရေပြန်မကျ သွားမချင်းတော့ ကားတွေ လမ်းပေါ်မှာ သောင်တင်ပြီး ဟိုလမ်းသွားလည်း ရေ၊ ဒီဘက်လမ်းက သွားလည်း လမ်းပေါ်က ရေနဲ့ မလွတ်ပါဘူး။ မိုးရွာလို့၊ ရေလျှံလို့ ကားတွေများတာ မထူးဆန်း ပေမယ့် ရေကျ သွားပြန်တော့ ယခင်မိုးမရွာခင်က ပျက်စီးနေပြီးသား လမ်းက မိုးနဲ့ရေ၏ တိုက်စားမှုနဲ့ ယခင်ထက်ပိုပြီး ပျက်စီးနေတာကို တွေ့ရပြီး မော်တော်ယာဉ် တွေအနေနဲ့ သတ်မှတ်မိုင်နှုန်း မောင်းနှင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဆိုတော့ ကားတွေ လမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့ နေတာ မဆန်းပါဘူးလို့သာ ဆိုလိုက်ချင် ပါတော့တယ်။ ခုတော့ နေရာ အတော်များများမှာ လမ်းများကို ပြင်ဆင် ဆောင်ရွက်နေကြတာကို တွေ့မြင်နေရ ပါတယ်။ အလွန် ဝမ်းမြောက်ဖွယ် ကောင်းလှပါတယ်။
(၂) လက်ရှိ မောင်းနှင်နေသော မော်တော်ယာဉ်များ
ပြောင်းလဲ တိုးတက်လာတဲ့ နိုင်ငံတော် တစ်ရပ်နဲ့ အညီ နည်းစနစ် အဟောင်း၊ အတွေးအခေါ် အဟောင်း၊ အပြုအမူ အဟောင်းတွေကို ခေတ်စနစ်နဲ့ အညီ လိုက်ပြီး ပြောင်းလဲ တိုးတက်လာရတာလည်း သဘာဝ ကျတဲ့ ပြောင်းလဲမှုများ ဖြစ်ပါတယ်။ ဒီထဲမှာမှ ကားဟောင်းများကို ကားသစ်နဲ့ အစားထိုး တင်သွင်းခွင့် ပေးထားတဲ့ လက်ရှိ နိုင်ငံတော် အစိုးရ၏ စေတနာ အပြောင်းအလဲ ကလည်း အသိအမှတ်ပြု လေးစားသမှု ပြုရမှာပါ။ သို့သော်လည်း အဟောင်းမှ အသစ်သို့ ပြောင်းလဲပေးရန် ကားများစွာပင် ကျန်ရှိ နေပါ သေးတယ်။
အထူးသဖြင့် အခြေခံ လူတန်းစားများနဲ့ လူလတ်တန်းစားများ နေ့စဉ် နေ့တိုင်း အားကိုးအားထားပြု နေကြရတဲ့ ခရီးသည် ပို့ဆောင်ရေး ဘတ်စ်ကားများနဲ့ ခရီးသည်တင် တက္ကစီယာဉ်များပဲဖြစ်ပါတယ်။
ကားဟောင်းတွေ အနေနဲ့ ခြောက်သွေ့ရာသီ ဥတုများတွင် မသိသာပေမယ့် မိုးရာသီများတွင် မိုးတစ်ဖြိုက် နှစ်ဖြိုက်လောက် ကျပြီဆိုလျှင် ကားတာယာများ၏ အားနည်းမှုကြောင့် လမ်းချော်မည် ကို စိုးရိမ်ရသည်က တစ်ကြောင်း၊ မိမိ၏ ကားဘရိတ်ကို စိတ်မချသည် က တစ်ဖုံ (တချို့ကားများ ဆိုပါလျှင် ဘရိတ် ၃ ချက်လောက် မြန်မြန် သွက်သွက် နင်းလိုက်မှ သာသာလေး မိပါတယ်)၊ ဝိုက်ဘာ မပါသည်က တစ်သွယ် (ပါသည့်တိုင် မော်တာကပျက်၊ ဝိုက်ဘာရွက်က မကောင်းမို့ ရှေ့မြင်ကွင်း တစ်လံလောက်ပင် ကောင်းကောင်း မမြင်ရတာ သေချာပါတယ်)၊ လောင်စာဆီကို ဂရုတစိုက် ထိန်းထိန်းသိမ်းသိမ်း မောင်းရသည် ဖြစ်တာမို့ မိုးရွာပြီဆို အဲကွန်းက မဖွင့်နိုင် (လောင်စာ ဆီပေါလည်း အဲကွန်းများ မကောင်းပါ) လို့ ကားထဲက လူငွေ့နဲ့ ကားလေကာမှန်မှာ ရေငွေ့များ ထုကြီးထည်ကြီး တည်ရှိနေလို့ ကောင်းကောင်း မမောင်းရဲ၊ နောက်ကြည့်မှန် က ရေငွေ့တွေ တစ်လှေကြီးနဲ့ နောက်ကိုလည်း မမြင်ရ၊ ကားမောင်းသော ဆရာကြီး များမှာ ကားမောင်းရတာ ကတစ်ဖက်၊ ကားလေကာမှန်ကို သတင်းစာ စက္ကူနှင့် တိုက်ရတာက တစ်ဖက်၊ ရှေ့တစ်လံလောက် လေး မြင်ရတာကို အတင်းပြူးပြဲ ကြည့်မောင်းရတာကတစ်ဖက်၊ နောက်ကို မမြင်ရလို့ မမြင်မစမ်း မှန်းပြီး ကျော်တက်၊ နောက်က တငြူစူစူ၊ နင်ပဲငဆ အပြောခံပြီး အလွန်ဗျာများစွာ မောင်းနေကြရတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေနဲ့တော့ ဘယ်လိုမှ သတ်မှတ် မိုင်နှုန်းကို အပြည့် မမောင်းနိုင်ကြပါဘူး၊ လမ်းတွေပေါ် မှာ မော်တော်ယာဉ်များ အဆင်ပြေပြေ ချောချောမွေ့မွေ့ မသွားလာနိုင်ကြပါဘူး။ ဆိုတော့ ခင်ဗျာ ကားတွေ လမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့နေတာ မဆန်းပါဘူးလို့ သာ ဆိုလိုက်ချင် ပါတော့တယ်။
နောက်တစ်ချက်က မော်တော်ကားလမ်းမတွေ ပေါ်မှာ ကျကျနန ရပ်ထားကြတဲ့ ဘေးတစ်ဖက်တစ်ချက်က ကားတွေကလည်း လမ်းပိတ်ဆို့မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင် ပတ်သက်နေကြပါတယ်။ ဖြူနီကျား မဟုတ်လို့ ရပ်လို့ ရတယ်ဆိုပေမယ့် အဓိက လမ်းမကြီးတွေ ပေါ်မှာ တစ်နေကုန် ရပ်ထားကြတဲ့ အတွက် လမ်းပေါ်မှာ ပြေးလွှား မောင်းနှင်နေတဲ့ မော်တော်ယာဉ်များ၏ မောင်းနှင်ခွင့် ရရှိထားသော ယာဉ်လမ်းကြောတစ်လမ်းကို အပြီးအပိုင် သိမ်းပိုက် ထားတာပါပဲ ခင်ဗျာ။ အချိန်ကြာမြင့်စွာ ရပ်ထားတဲ့ ယင်းကားများကြောင့် ခဏ တစ်ဖြုတ် ရပ်တန့်လိုသော မော်တော်ယာဉ်တွေ အနေနဲ့ ရပ်ဖို့ နေရာမရှိ တော့ ယာဉ်နှစ်ထပ်တွေ ရပ်ကြရပြန်ပါတယ်။ ယာဉ်နှစ်ထပ် ရပ်လိုက် ရတော့ လမ်းပေါ် ပြေးလွှားနေတဲ့ မော်တော်ယာဉ်တွေ အနေနဲ့ မောင်းခွင့်ရထားတဲ့ ယာဉ်လမ်းကြော နှစ်လမ်း ဆုံးရှုံး သွားပါတော့တယ်။
ဒီနေရာမှာ တစ်ခုလောက်တော့ ထပ်ပြီး တင်ပြချင်ပါတယ်။ ပလက်ဖောင်းတွေ ပေါ်မှာ ရေးဆွဲထားတဲ့ ဖြူနီကျား တွေအားလုံး လတ်တလော အခြေအနေမှာ ပလက်ဖောင်း တော်တော်များများမှာ မရှိတော့တာကို လေ့လာ တွေ့ရှိရပါတယ်။ ဒီလိုဆိုတော့ စည်းကမ်းနဲ့ အညီ ရပ်ချင်တဲ့ ကားတွေမှာ ဖြူမှန်းမသိ၊ နီမှန်းမသိ၊ ဖြူနီကျားမှန်း မသိဖြစ်နေတော့ ဘာအရောင်မှ ရေးခြယ် မထားရင် ရပ်လို့ရတယ်ဟု ယူဆရင်း ခပ်တည်တည် ရပ်ကြရင်းမှ ယာဉ်ပြေးလမ်း ပိတ်ဆို့ကုန် တော့တာပါပဲ။ ဆိုတော့ ကားတွေ လမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့နေတာ မဆန်းပါဘူးခင်ဗျာ။
(၃) ယာဉ်မောင်းသူများ
ခရီးသည်တင် မော်တော်ယာဉ်မောင်းကြီးများ အချိန်နဲ့ တစ်ပြေးညီ ရှာဖွေနေရတာက တစ်ကြောင်း၊ အုံနာခ ရအောင်၊ မိသားစု စားဝတ်နေရေး အတွက် ကျန်အောင် အားကြိုးမာန်တက် လှုပ်ရှားနေရ တာက တစ်ကြောင်း၊ သူ့ထက်ငါ အကျော် မခံရအောင် အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်နဲ့ အပြိုင်အဆိုင် မောင်းနေရတာက တစ်ကြောင်းနဲ့ နောက်ကား လည်းမကျော်နိုင်အောင်၊ ခရီးသည်လည်း တင်နိုင်ချ နိုင်အောင်၊ ရှေ့မှ မိမိထက် ဦးစွာ မှတ်တိုင်ရောက်ပြီးသား ကားရဲ့ ပိတ်ဆို့ထားခြင်းက အလွယ်တကူ ထွက်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ များသော အားဖြင့် မှတ်တိုင်တိုင်းမှာ လမ်းအလယ်တည့်တည့် ကားရပ်ပြီး လူအတင်အချ လုပ်နေကြတော့ နောက်က တန်းစီလိုက်လာတဲ့ ကားတွေ ကို ရှေ့က ပိတ်ဆို့ ထားလိုက် မိတာပေါ့။ တချို့ဘတ်စ်ကား ကြီးများဆို လမ်းဆုံလမ်းခွ မီးပွိုင့်အနီးက ကြက်လျှာစွန်းမှာ လူအတင်အချလုပ်၊ ခရီးသည် စောင့်ဆိုင်းနေကြ တာကို အံ့ဘနန်းတွေ့ကြရသေးတယ်။ တချို့သော ယာဉ်မောင်း သူများကတော့ မီးပွိုင့်ဧရိယာ ရောက်မှ ခရီးသည် အတင်အချလုပ် တတ်ကြပါတယ်။ ဘေးတစ်ဖက် တစ်ချက် မှာကလည်း လမ်းဘေး ဈေးသည်များက ယာဉ်လမ်းကြော တစ်လမ်းကို စိမ်ပြေနပြေ ဈေးထိုင် ရောင်းနေ ကြလေတော့ မီးပွိုင့်ဧရိယာထဲ လူတင်ချတဲ့ ဘတ်စ်ကားနဲ့ မီးပွိုင့် ဧရိယာထဲ ဈေးထိုင်ရောင်း နေကြတဲ့ ဈေးသည်များက မော်တော်ယာဉ် လမ်းကြော တစ်လမ်းစီ အပိုင်စီး ထားပြန်လေတော့ နောက်က တန်းစီပါ လာကြသော မော်တော်ယာဉ်တွေနဲ့ မီးပွိုင့် ဧရိယာထဲမှာ အုတ်အော် သောင်းတင်းပါပဲဗျာ။ တစ်စီးတည်းဆို အကြောင်း မဟုတ်ပေမယ့် လူတိုင်း ဒီလိုစနစ်ကို ကျင့်သုံးလာကြတော့ဗျာ ကားတွေလမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့နေတာ မဆန်းပါဘူး။
နောက်အကြောင်းအရင်း တစ်ခုက လမ်းမများပေါ်မှာ ယာဉ်မောင်း သူများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းခြင်းကလည်း လမ်းပိတ်ဆို့မှုများ၏ အကြောင်း အချက် တစ်ခုပါ။ ဖြတ်မျဉ်း မရှိသော နေရာမှာ စည်းကမ်းဖောက်ပြီး (ဂ) ကွေ့ဖို့အတွက် စောင့်ဆိုင်းနေတော့ နောက်ကလာတဲ့ ယာဉ်တွေ အတွက် ပြေးလမ်းပိတ်တာတွေ၊ မီးပွိုင့်မှာ ကိုယ်သွားရမယ့် ယာဉ်ကြော မဟုတ်တဲ့ တစ်ဖက်ယာဉ်ကြောကနေ တစ်ရှိန်ထိုးဝင်လာပြီး မီးပွိုင့်နီး လာမှ ကိုယ်သွားရမယ့်ယာဉ်ကြောကို ပြန်ပြောင်းဖို့ တစ်ဖက် ယာဉ်ကြောပေါ် ထိုင်စောင့်နေတော့ အခြားသူတွေအနေနဲ့ သူတို့ ယာဉ်ကြောပိတ်နေ တော့တာပေါ့။ ကိုယ့်ယာဉ်ကြောပေါ်မှာ ထိုင်စောင့် နေတဲ့ အဲဒီစည်းကမ်းဖောက်ယာဉ်ကို မီးပွိုင့်မှာ မီးစိမ်းနေတာတောင်မှ မတတ်နိုင်၊ လက်မှိုင်ချလို့ စောင့်နေရတာတွေ၊ မစောင့်နိုင်တော့ အခြား တစ်ဖက်က အခြားယာဉ်ကြောပေါ် ပြောင်းဖို့ မျဉ်းသေကြီး မြင်တာတောင် ကားခေါင်းကို တစ်ဖက်ယာဉ်ကြောပေါ်ထိုးထည့်လိုက်တော့ အခြား လမ်းက ယာဉ်မောင်းက ရပ်ပေးရပြန်ရော။ ဒီတော့ ကိုယ့်ကြောင့် အခြား ယာဉ်မောင်းများ လွတ်လွတ်ကင်းကင်း မောင်းရမယ့်ပြေးလမ်းနှစ်လမ်း ပိတ်သွားမှတော့ ဒီလိုယာဉ်မောင်းများဖြင့် ကားလမ်းတွေကို ဧရာမကြီး တွေချဲ့၊ တံတားကြီးတွေ မိုးပျံနေအောင်ထိုးလည်း ကားတွေလမ်းပေါ် ပြည့်ကျပ်နေမှာပါပဲ။ နောက်ထပ်တင်ပြချင်တာက ကားလမ်းတွေပေါ်မှာ ရေးသား ထားတဲ့ မော်တော်ယာဉ်လမ်းညွှန်မျဉ်းတွေ၊ မျဉ်းသေ၊ မျဉ်းဖြတ်၊ (ဂ) ကွေ့မျဉ်းတွေ စတဲ့ လမ်းညွှန်မျဉ်းတွေဟာ စည်းကမ်းရှိစွာ မောင်းနှင်လိုတဲ့ ယာဉ်မောင်းသူများအတွက် အမှတ်အသားများဖြစ် ပါတယ်။ သို့သော် ယင်းလမ်းညွှန်မျဉ်းများဟာလည်း များသော အားဖြင့် တချို့သောနေရာတွေမှာ ပျက်နေခြင်း၊ အရောင်ကောင်းစွာ မရှိတော့ခြင်း၊ မှိန်ဖျော့နေခြင်းများ ရှိနေလေတော့ စည်းကမ်းရှိစွာ မောင်းနှင်လိုသူများလည်း အများမိုးခါးရေသောက်သလို လိုက်သောက် ကြရတော့တာပါပဲ။ ဒီလို ဆိုတော့ဗျာ ကားတွေ လမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့နေတာ မဆန်းလောက်ပါဘူး။
(၄) မီးပွိုင့်များ
တချို့မီးပွိုင့်များအနီး ကားမှတ်တိုင်များ အလွန်နီးကပ်စွာရှိနေ ခြင်းကလည်း ယာဉ်ကြောပိတ်ဆို့စေတဲ့အကြောင်းရင်းတစ်ရပ်လို့ ယုံကြည်ပါတယ်။ အမှန်တကယ် မှတ်တိုင် သတ်မှတ်ချက်များသည် မီးပွိုင့်ဧရိယာနှင့် ဝေးကွာစွာ ထားရှိထားသော်လည်း ယာဉ်မောင်းတွေ ကလည်း သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ ခရီးသည်က မရှိလို့၊ ခရီးသည် ကလည်း ယာဉ်မောင်းတွေ သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ မရပ်လို့ စသည်ဖြင့် သူ့ကြောင့် ကိုယ့်ကြောင့်၊ ကိုယ့်ကြောင့် သူ့ကြောင့်နဲ့ပဲ ရပ်တဲ့နေရာ လိုက်စီး၊ စီးတဲ့နေရာ လိုက်ရပ် ရတော့မှတ်တိုင်များဟာ သတ်မှတ်ထားသော နေရာမှ ကင်းလွတ်ပြီး မသတ်မှတ်ထားသော မီးပွိုင့်တွေအနီး ရောက်ကုန်ကြ တော့တာပါပဲ။ ဒါလည်းအကြောင်းရင်း တစ်ရပ်ပါ။
တချို့တချို့သော မီးပွိုင့်တွေ ကျပြန်တော့လည်း မီးနီနေတဲ့ ယာဉ်ကြောမှာ ကားများက ဥဒဟို ကျပ်နေပြီး မီးစိမ်းနေတဲ့ ယာဉ်ကြောမှာ ကားဖြတ်သန်းမှု အနည်းငယ်သာရှိပါတယ် (တစ်ခါတလေ ရှိကိုမရှိပါဘူး)။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ မီးပွိုင့်ရဲ့စက္ကန့်၊ မိနစ်တွေ မကုန်မချင်း စိမ်းနေ တာကို တွေ့ရပြန်ပါတယ်။ ဒီလိုဆိုတော့ မီးနီဘက် ယာဉ်ကြောက ကားပေါင်းများစွာက မလိုအပ်ဘဲ ငုတ်တုတ် ထိုင်စောင့်နေရပြန်တာပါပဲ။
တချို့ရှုပ်ထွေးသော လမ်းဆုံချက် ကျရာ နေရာများမှာ ကျတော့ လည်း မီးပွိုင့်များ မရှိသလို မော်တော်ယာဉ်များကို စည်းကမ်း ကျနစွာ ထိန်းကျောင်း ညွှန်ကြားနေတဲ့ ဝန်ထမ်းများကိုလည်း ရှိတဲ့ ဝန်ထမ်းနဲ့ မလုံလောက်လို့ ထင်ပါတယ် သိပ်မတွေ့ကြရပါဘူး။ စာကလည်းအတော်ရှည်သွားပြီဆိုတော့ နောက်ဆုံးတင်ပြချင် တာက မော်တော်ယာဉ်များ ကားလမ်းတွေပေါ်မှာ ကျပ်လာရခြင်းက ကင်းဝေးအောင် ကိုယ်စီကိုယ်ငှ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများ ထိန်းသိမ်း လိုက်နာကြပြီး ကိုယ်ချင်းစာတရားများထားရှိကြကာ မိမိ၏တာဝန်များကို ကိုယ်စီကျေပွန်စွာထမ်းဆောင်ကြမည်ဆိုပါလျှင် နောင်အနာဂတ်မှာ ခေတ်မီတိုးတက်လာသော ဒီမိုကရေစီ နိုင်ငံတော် သစ်နှင့်အညီ သာယာလှပသော၊ စည်းကမ်း ပြည့်ဝသော နိုင်ငံတော် တစ်ခုဖြစ်လာမှာ မလွဲ ဧကန်ဖြစ်ပါတယ်။
ဘကြီးသက်
Unknown at 1:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မိုဘိုင်းဖုန်း အသုံးပြုရာတွင် အနည်းဆုံး အနေဖြင့် 3G ကွန်ရက်ကို သုံးနိုင်ရန် ဆောင်ရွက်မည်
ပြည်တွင်း၌ မိုဘိုင်းဖုန်းများ အသုံးပြုရာတွင် အနည်းဆုံးအားဖြင့် 3G ကွန်ရက်ကို အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ 3G ကွန်ရက်အဖြစ် Voice နှင့် Data တစ်ပါတည်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ အသုံးပြုရာတွင် မြို့ပြဒေသတွင် မကဘဲ ကျေးလက်ဒေသများတွင်ပါ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ မိုဘိုင်းဖုန်းကဏ္ဍ ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကပိုင်း လာရောက်ကမ်းလှမ်းမှုတွင် 2G စနစ်ကိုသာ အသုံးပြုသင့်သည်ဟု အကြံပေးသည့် ကုမ္ပဏီများရှိကြောင်း၊ နယ်ဒေသများ၏ မိုဘိုင်းဖုန်း အသုံးပြုမှုတွင် 2G ကွန်ရက်သာ အသုံးပြုသင့်သည်ဟု အကြံပေးကြခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း အနာဂတ် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် လိုက်လျောညီထွေ ဖြစ်စေရန် အတွက် 3G စနစ်ဖြင့်သာ သွားမည်ဖြစ်ကြောင်း သိရသည်။ “တယ်လီဖုန်းလို့ပြောရင် 2G ကို တော်တ်ာများများ ပြောကြတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် အခုထိ 2G နဲ့ပဲ သွားနေကြတယ်။ 2G က Voice အတွက် အဆင်ပြေတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံတော်တော်များများက 2G ကို ဖြုတ်နေကြပြီ။ 3G ကို အနည်းဆုံးသွားပြီး 4G ကို ဦးတည်နေကြတယ်။ တစ်ခုရှိတာက 4G Standard က အားလုံး သဘောတူ လက်ခံတဲ့ Standard ဖြစ်မလာသေးဘူး။ 4G ကို သွားတဲ့အခါမှာ ကိုယ်က ဒီစနစ်ကို သွားလိုက်တယ်။ ပြီးတော့မှ International Standard မဖြစ်လာရင် တစ်က ပြန်စရမှာမျိုး ရှိတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ ပြည်တွင်း၌ 3G ကွန်ရက်ကို ကျေးလက်နှင့် မြို့ပြ အားလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း လက်ရှိ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေပြီး ၎င်းအထဲတွင် တစ်ခု အပါအဝင် အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(အင်တာနက်ဂျာနယ်)
ဘကြီးသက်
Unknown at 10:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဖားကန့်မြို့ကို ဘယ်သူကယ်မလဲ ...... ??????
ဖားကန့်မြို့တိုက်ပွဲကာလ(၃)ပတ်လောက်ရှိလာတဲ့ အခါမှာ မြို့ရဲ့ အုပ်ချုပ်ရေးဟာလဲ တည်ငြိမ်မှု နည်းပါးလာပါတယ်။ ဒါကြောင့်တောမီးလောင်တောကြောင်လက်ခမောင်းခပ် ဆိုတာလို ကုမ္ပဏီပိုင်အဆောက်အဦးတွေထဲကိုလူစုလူဝေးနဲ့ဝင်ပြီး ကျောက်ဂိုဒေါင်တွေ ဖွင့်ပြီး ၊ ကုမ္ပဏီက ရှာထားတဲ့ ကျောက်တွေကိုလုယက်ယူငင်မှုတွေ ၊ ကားတွေ စက်ယန္တယားတွေက ပစ္စည်းတွေဖြုတ်ယူတာတွေ ၊ဆီလှောင်ကန်တွေက ဆီတွေယူနေကြတာတွေ ဟာ နေရာအနှံမှာ ဖြစ်နေပြီး အရင်တုန်းက တစ်နေ့လုံးရှာမှ ကျောက်ကောင်းတစ်လုံးရဖို့မလွယ်တဲ့ ရေမဆေးကျောက်ရှာသမားတွေလဲ ဆိုင်ကယ်ရဲ့ ရှေ့နောက်တွေမှာ မြွေရေခွန်အိတ် (၃)(၄)လုံးလောက်ကျောက်တွေအပြည့်တင်ပြီးသွားလာပြေးလွှားနေကြတာလည်း မမြင်ချင်အဆုံးဖြစ်နေပါတယ်။ တပ်မတော်စစ်ကြောင်းနဲ့ တိုးတဲ့အခါမျိုးမှာတော့ ဂိုဒေါင်ဖောက်တဲ့သူတွေကို ဖမ်းဆီတာမျိုး ၊ ချောက်လှန့်ပစ်ခတ်တာ မျိုးရှိပေမယ့် ကျယ်ပြန့်လှတဲ့နယ်မြေအတွင်းမှာ များပြားလှတဲ့ကုမ္ပဏီတွေကိုဘယ်သူမှအပြည့်အ၀အကာအကွယ်မပေးနိုင်ပါဘူး
KIA terrorist
  နှစ်ဘက်ဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ မြို့ပေါ်အထိရောက်လာပြီး အပြစ်မဲ့ပြည်သူတွေသေဆုံးဒဏ်ရာရ တဲ့အထိဖြစ်လာခဲ့ပါတော့တယ်။ စက်တင်ဘာလ(၁၂)ရက်နေ့နဲ့ညဘက်တစ်ညလုံးမိုးသည်းထန်စွာရွာသွန်းမှုကြောင့်(၁၃)ရက်နေ့မှာဖားကန့်မြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြန်ပါတယ်။သည်တစ်ခါရေကြီးတာအရင်အချိန်များထက် ပိုလာပြီး မြို့လယ်က “ကမ္ဘောဇဘဏ်´´အောက်ခြေအထိရေနစ်မြှုပ်နေပါတယ်။မြို့လယ်မှာရှိတဲ့ရေနစ်တဲ့ဆိုင်ခန်းတွေ ၊အိမ်တွေက ပစ္စည်းတွေကိုကားကြီးကားငယ်တွေ နဲ့ ရေလွတ်ရာပို့နေကြပြီး မြို့လယ်မှာ စီးနေတဲ့ ဥရုချောင်း ကိုဖြတ်ပြီး မြို့မနဲ့ မရှိကတောင်ရပ်ကွက် ဆက်သွယ်ပေးထားတဲ့ တံတားပေါ်မှာ တောင် ၃ပေ လောက်အထိရေနစ်နေပါတယ်။ ဟိုဘက်ကမ်း/သည်ဘက်ကမ်းကားတွေကူးလို့မရတော့ပါဘူး။ ညနေ(၃) နာရီခွဲလောက်ကျောင်းတွေလွှတ်လိုက်တော့ ရေကြီးတာလာကြည့်တဲ့သူတွေ ၊ကျောင်းသူ/ကျောင်းသားတွေ ၊အိမ်ပြန်နေကြတဲ့ ကျောင်းသားတွေ ၊ လာကြိုတဲ့ မိဘတွေ ရဲ့ ဆိုင်ကယ်တွေ နဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အချိန်မှာပဲ ပေါက်ကွဲသံတွေနဲ့အတူပစ်ခတ်တိုက်ခိုက်တဲ့အသံတွေကြောင့် မြို့သူ/မြို့သား အားလုံးပြေးလွှားကုန်ကြပါတယ်။
 စက်တင်ဘာ(၁၃)ရက်နေ့ ညနေ(၃နာရီ၄၀မိနစ်)လောက်မှာတိုက်ပွဲစပြီးဖြစ်တာပါ။ဖားကန့်မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ မှော်ဝှမ်းရပ်ကွက်နဲ့ ဆက်နေတဲ့ (ဆွတ်ငိုင်ကောင်)(Sut Ngai Kawng)ရွာထဲမှာ တပ်မတော် စစ်ကြောင်းနဲ့ ( KIA)အဖွဲ့ကို ထိတွေ့မှုဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဆက်မပြတ်ပစ်ခတ်နေတဲ့လက်နက်ငယ်သံတွေနဲ့ အတူလက်နက်ကြီးပေါက်ကွဲသံ တွေလဲကြားနေရတော့ တစ်မြို့လုံးတုန်လှုပ်ခြောက်ခြားပြီးပြေးလွှားနေကြပါတော့တယ်။ အမျိုးသားတစ်ချို့ကတော့တိုက်ပွဲဖြစ်တာမြင်နိုင်မယ့် မြို့ဦးစေတီကုန်းပေါ်တက်ပြီး ကြည့်ကြပါတယ်။ လက်နက်ငယ် ၊ လက်နက်ကြီးသံတွေကြားမှာ ပုန်းလိုက် ၊ ပြေးလိုက် လုပ်နေတဲ့ ရွာသားတချို့လဲတွေ့နေရပြီး လက်နက်ကြီး ကျလို့ ပေါက်ကွဲတဲ့နေရာမှာ မီးခိုးတွေထလာတာ လဲ မြင်နေကြရပါတယ်။မကြာခင်ဘဲ ဗျူဟာကုန်းပေါ်က နေလက်နက်ကြီး နဲ့ လှမ်းပစ်ပေးတာတွေ့ကြရပါတယ်။ လက်နက်ငယ်သံတွေက ည (၇) နာရီကျော်ကျော်လောက်မှာ တဖြည်းဖြည်းပျောက်သွားပြီး ၊ လက်နက်ကြီးပစ်သံကတော့ည(၉)နာရီလောက်အထိကြားနေရပါတယ်။ မြို့ထဲကို တပ်မတော် စစ်ကြောင်းတွေဝင်လာပြီး မီးမလာတော့လို့ တစ်မြို့လုံးမှောင်မဲနေပါတယ်။
 ဖားကန့်မြို့ တိုက်ပွဲ   
မြို့အစွန်ရပ်ကွက်မှာ တိုက်ပွဲဖြစ်နေလို့ ကြောက်လန့်တကြား နဲ့ အထုတ်အပိုးတွေတင် ပြီးရရာကား ၊ ဆိုင်ကယ်တွေနဲ့ လုံးခင်းဘက်ပြေးတဲ့သူတွေလည်း နန်းမဖစ်ရွာမှာ ရေတွေလျှံပြီး ကားလမ်းရေမြှပ်နေလို့ လုံးခင်အရောက်မပြေးနိုင်ပါဘူး။ ပန်းတင်တံတားကျော်ပြီး ဖားကန့်မြို့အ၀င်ရပ်ကွက်တွေ မှာ ကြက်တစ်ကောင်ကုန်းဖက်တွေမှာပဲနေကြရပါတယ်။ ဝေးဝေးမပြေးနိုင်ကြရှာပါဘူး။တိုက်ပွဲဖြစ်နေတဲ့ကြားက ရေပတ်လည်ဝိုင်းနေတော့ပြေးစရာမြေမရှိဆိုတာလိုဖြစ်နေပါတယ်။ပိုပြီးစိုးရိမ်စရာ ဖြစ်လာတာဒုက္ခသည်စခန်းကိုရောက်နေတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေပါဘဲ။မြို့ပေါ်ကိုပြေးလာပြီး မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွေမှာခိုလှုံနေကြရလို့ မြို့ခံလူထုရဲ့ ထောက်ပံ့မှုတွေနဲ့ နေကြ ရတော့ ၊ မြို့ပေါ်အထိတိုက်ပွဲဖြစ်လာပြီး မြို့နေလူထုပါထွက်ပြေးကြရရင် စားဝတ်နေရေးအကြီးအကျယ်ဒုက္ခရောက်လာနိုင်ပါတယ်။ အခုအခြေအနေမှာ တောင်လှူဒါန်းထောက်ပံ့မှုနည်းပါးလာပြီး လူမှုရေးအဖွဲ့တွေ အနေနဲ့ ဆက်လက်ကျွေး မွေးနိုင်ရေးအတွက် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်
KIA kills & destory 
  အထူးသဖြင့် စစ်ပွဲဖြစ်ပွားနေရာဒေသအတွင်းမှာကျရောက်နေတဲ့ ပြည်သူတွေအနေနဲ့ကျီးလန့်စာစားဖြစ်နေကြရပြီး ၊ ကားဘီးပေါက်သံကြားရင်တောင် ကြောက်နေကြရရှာပါပြီး။ အရင်က သားသမီးတွေကျောင်းသွားတက်နေရင် စိတ်အေး ၊ စိတ်ချနေကြရတဲ့ မိဘတွေဟာ အခုခါမှာ တော့သားသမီးတွေကျောင်းဆင်းလို့အိမ်ပြန်မရောက်မချင်းရင်တမမနဲ့ မျှော်နေကြရပါပြီး။ ကျောင်းတွေမှာ စာသင်နေကြတဲ့ ဆရာ ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ ၊ ဘုန်းကြီးကျောင်းတွေက ဆရာတော်ကြီးတွေ ၊ ဘုရားကျောင်းတွေ က ၀တ်ပြုဆုတောင်းနေသူတွေ အားလုံးသောသူတွေရဲ့ ရင်ထဲမှာ စိုးတထိတ်ထိတ် နဲ့ နေနေကြရတဲ့အခြေအနေရောက်နေပါပြီး။ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်နိုင်ဖို့အတွက် ၊ တစ်ခုတည်းသော အားကိုစရာကတော့ ကမ္ဘာနိုင်ငံအသီးသီးကလေးစားရသော ပြည်သူပြည်သားအားလုံး၏ ချစ်ခင်လေးစားမှု အားကိုးယုံကြည်မှုကိုရနေသော သမ္မတကြီးဦးသိန်းစိန်သာ လျှင်ရှိပါတော့ကြောင်း
 (From -HotNewsJournal )
ဘကြီးသက်
Unknown at 10:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဦးသိန်းစိန် အမေရိကန် မတိုင်မီ ဘာကြောင့် တရုတ် အရင်သွား
၂၀၁၁ ခုနှစ် မေလ ၂၇ ရက်က သမ္မတ ဦးသိန်းစိန်နှင့် တရုတ် သမ္မတ ဟူကျင်းတောင် ကို အတူတွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ကမ္ဘာ့ အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့ကို စက်တင်ဘာလ အတွင်း သမ္မတဦးသိန်းစိန် သွားတဲ့ အစီအ စဉ် ဟာ မြန်မာအနေနဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်နေပေမယ့် အိမ်နီးချင်း တရုတ်နဲ့ဆက် ဆံရေးကို အလေးထားကြောင်းပြဖို့ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဒီနေ့က စလို့ စက်တင်ဘာ ၂၂ ရက်အထိ ၅ ရက်ကြာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီး ပြည်နယ်က နန်နင်း ကုန်စည်ပြပွဲ တက်ရောက်ဖို့ ဖြစ်တယ်လို့ အစိုးရ သတင်းစာက ကြေညာထားပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့ စတင် ဖွင့်လှစ်ပြသမယ့် နန်နင်း ကုန်စည်ပြပွဲဟာ ၉ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးဆုံး ကုန်စည်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံက အာဆီယံ နိုင်ငံများကိုယ်စား ဂုဏ်ထူးဆောင် နိုင်ငံအဖြစ် ပါဝင်တာ ဖြစ်ပါတယ်။
သမ္မတဟာ တရုတ်ကပြန်လာပြီးရင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက် ဖို့ စက်တင်ဘာ နောက်ဆုံးပတ်မှာ သွားရောက်မှာ ဖြစ်ပါတယ်။
“အမှန်က မြန်မာအနေနဲ့ အမေရိကန်သွားတော့ အမေရိကန်လူ လုံးလုံး ဖြစ်မသွားဘူးဆိုတာ ပြချင်တာနဲ့ တရုတ်ကိုသွားဖို့ ပိုပြီး ရင်းနှီးအောင် လုပ်ဖို့ လိုပါတယ်။ ပြရတယ်။ နိုင်ငံကြီး ၂ နိုင်ငံလုံးက အင်အားကြီး နိုင်ငံချည်းပဲ ဖြစ်နေတော့ ဒါ အမေရိကန်နဲ့လည်း ဆက်ဆံရေးကောင်းအောင် တရုတ်နဲ့လည်း ဆက်ဆံရေးကောင်းအောင် ဆောင်ရွက်ရမယ်။ ကိုယ်က နိုင်ငံငယ်ဖြစ်နေတော့။ ဒီလိုပဲ ကြိုးစားအားထုတ်ရမယ်”လို့ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီကို ပြောပါတယ်။
သခင် ချန်ထွန်း ဟာ ၁၉၇၀ ခုနှစ် ၀န်းကျင်က ကနေဒါ၊ တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံ သံအမတ် တာဝန်တွေ ထမ်းဆောင် ခဲ့သူ လည်း ဖြစ်ပါတယ်။
“လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က တရုတ်နဲ့လည်း ချစ်ခင်ရင်းနှီးတဲ့နိုင်ငံ၊ အမေရိကန်နဲ့လည်း ချစ်ခင်ရင်းနှီးတဲ့ နိုင်ငံဖြစ် အောင် အမှန်ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အမေရိကန်နဲ့ ရင်းနှီးမယ်။ အမေရိကန်က အထောက်အပံ့ အကူအညီလည်း ပေးနိုင်တယ်။ တရုတ်ကလည်း ထောက်ပံ့ ကူညီပေးနိုင်တယ်။ ပြည်တွင်းမှာလည်း တရုတ်လူဦးရေးက နည်းတာမဟုတ်ဘူး။ အဲဒီတော့ တရုတ်နဲ့လည်း ပြေပြစ် ချောမောအောင်၊ မြန်မာနဲ့ အထူးသဖြင့် နယ်စပ်နေ တယ်။ ထို့အတူ အိန္ဒိယနဲ့လည်း ရင်းနှီးအောင် လုပ်ရတယ်။ မြန်မာက ကြားနေပြီး နှစ်နိုင်ငံလုံးနဲ့ ချစ်ကြည် ရင်းနှီးတဲ့ မိတ်ဆွေ နိုင်ငံ တွေ ဖြစ်အောင် ကြိုးစားဖို့ လိုတယ်”ဟု အသက် ၉၁ နှစ်ရှိပြီ ဖြစ်တဲ့ သခင်ချန်ထွန်း က ဆိုတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ် မတိုင်ခင်မှာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ မစ္စတာ ၀ူဘန်းကို ဟာ မြန်မာပြည်ကို ၃ ရက်ကြာ အလည်လာရောက်ခဲ့ပါတယ်။ မစ္စတာ ၀ူဘန်းကို ဟာ ထိပ်တန်း ပေါလစ်ဗြူရို အဖွဲ့ဝင် ၉ ဦး ထဲက တဦးဖြစ်ပြီး မကြာမီ အနားယူတော့မယ်လို့ သတင်းထွက်ပေါ်နေသူ ဖြစ်ပါတယ်။ တရုတ်ပြည် က အဆင့်မြင့်အရာရှိတွေ လာရောက်တာဟာ နိုင်ငံဆက်ဆံရေး ပိုကောင်းသထက်ကောင်းအောင် ချဉ်းကပ်မှုလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လွှတ်တော် ဥက္ကဌ တွေနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်ပြည်နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ စွမ်းအင်နဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်ယူရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း နဲ့ ဆွေးနွေးစဉ်မှာ မစ္စတာ ၀ူဘန်းကို က တရုတ်-မြန်မာ နီးနီးကပ်ကပ်ဆက်ဆံရေး၊ စွမ်းအင် လုပ်ငန်းကြီးတွေ ချောချောမွေ့မွေ့ ဆက်လက်လုပ်ဆောင်နိုင်ရေး၊ နယ်စပ်ဒေသတလျှောက် တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ဆွေးနွေးခဲ့ တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းက ဆိုပါတယ်။
ဦးရွှေမန်းကလည်း တရုတ်-မြန်မာ“နှစ်နိုင်ငံ စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍတွေမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာလွှတ် တော် နဲ့ တရုတ် ကွန်ဂရက်တို့ကြား ပိုမိုပူးပေါင်းဆောင်ရွက်မှု” နဲ့ အိမ်နီးချင်း နိုင်ငံနဲ့ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဆက်လက် လုပ်ဆောင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုတယ်လို့ သောကြာနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။
အခု သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ အရင် စစ်အစိုးရဟောင်း လက်ထက်က သဘောတူထားတဲ့ စွမ်းအင် လုပ်ငန်းကြီးတွေ အကြောင်း ဆွေးနွေးနိုင်တယ်လို့ တရုတ်-မြန်မာနယ်စပ်က စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဧရာဝတီကို ပြောပါတယ်။ ဦးအောင်ကျော်ဇောဟာ တရုတ် နယ်စပ်မှာ နှစ်ပေါင်း ၃၀ နီးပါး နေထိုင်နေသူ ဖြစ်ပါတယ်။
“တရုတ်က ဦးသိန်းစိန်ကို ယခင် သုံးလေးလလောက်ကတည်းက လာရောက်ဖို့ ဖိတ်ခေါ်နေတာဖြစ်ပြီး တရုတ်နိုင်ငံတွင်း နိုင်ငံ့ခေါင်း ဆောင် အပြောင်းအလဲ မတိုင်ခင် မြန်မာနဲ့ သဘောတူထားတဲ့ ဖက်စပ်လုပ်ငန်းတွေအကြောင်း ဆွေးနွေးချင်တာ ဖြစ်နိုင်တယ်” လို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံကို ပြီးခဲ့တဲ့နှစ် မေလက တကြိမ် သွားရောက်ခဲ့ပြီး အခုတကြိမ်ဟာ သမ္မတ သက်တမ်းအတွင်း ဒုတိယမြောက် ဖြစ်ပါတယ်။ အခု သွားတဲ့အချိန်ဟာ ဧရာဝတီ မြစ်ဆုံဆည် ရပ်ဆိုင်းပြီး တနှစ်ရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေလုပ်လိုတဲ့ ဆန္ဒရှိပေမယ့် သမ္မတ ဦးသိန်းစိန်နဲ့ အရင်မတွေ့ရသေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားဝင် တွေ့ဆုံမှုတွေ မလုပ်သေးတာလည်း ဖြစ်တယ်လို့ ဦးအောင်ကျော်ဇော က ပြောပါတယ်။
“သမ္မတရဲ့ တရုတ်ခရီးစဉ်ထဲမှာ စစ်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တဲ့ ကချင်ပြည်နယ်ထဲက ရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံဆည် စီမံ ကိန်း ကိစ္စ၊ အနာဂတ်ဖက်စပ်လုပ်ငန်းများ ကိစ္စ၊ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံခြားရေးမူဝါဒနဲ့ နယ်စပ်ဒေသလုံခြုံရေးအတွက် အဖြေရှာ ရေး စတာတွေ ပါဝင်မယ်လို့ သိရတယ်။ မနှစ်က စက်တင်ဘာက မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းလိုက်တာဟာ တရုတ် လူထုကို အကြီး အကျယ် ဒေါသထွက်စေခဲ့တယ်။ တရုတ် အစိုးရအနေနဲ့လည်း မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းတာ ယာယီလား၊ အတည် လား၊ ၂၀၁၅ မှာ စီမံကိန်းဆက်လုပ်မလုပ် ဆိုတာတွေ ရှင်းရှင်းလင်းလင်း သိချင်နေတာ ဖြစ်တယ်”လို့ ဦးအောင်ကျော်ဇောက ပြော ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်က တနှစ်ကျော်ကြာ ပြည်တွင်းစစ်ကြောင့်လည်း တရုတ်-မြန်မာ နယ်စပ်ဒေသကုန်သွယ်လမ်း သုံးခု ထဲက နှစ်ခုကို ပိတ်ထားရတာကြောင့် တရုတ်ရဲ့ စီးပွားရေး ထိခိုက်လာတဲ့အတွက် နယ်စပ်လုံခြုံရေးဟာ ဆွေးနွေးရမယ့် အထဲက အဓိက တခုလည်း ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ လတုန်းကလည်း တရုတ်ဘက်က စစ်ဘေးကနေ တရုတ်နိုင်ငံထဲ လာရောက်ခိုလှုံတဲ့ ကချင် ဒုက္ခသည် တွေကို အတင်းအကျပ် ပို့ဆောင် ခဲ့ပါသေးတယ်။
မြန်မာပြည်ထဲမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေ အများအပြားရှိနေဆဲပါ။ တရုတ် ၀မ်ပေါင် ကုမ္ပဏီ ဆိုရင် ဆန္ဒပြမှုတွေဖြစ်နေတဲ့ မုံရွာအနီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ပူးပေါင်း လုပ်ကိုင်နေပါတယ်။
လက်ပံတောင်းတောင် တ၀ိုက်က တောင်သူတွေနဲ့ အကူညီပေးသူတွေဟာ မြစ်ကြီးလေးသွယ်ထဲက ချင်းတွင်းမြစ်ရေ ညစ်ညမ်းမှု၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးရမှု၊ မြေယာ သိမ်းဆည်းခံရမှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် လွန် ခဲ့တဲ့ ၂ လက စလို့ ဆက်တိုက်ဆိုသလို ဆန္ဒထုတ်ဖော်နေကြပြီး ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။
ဒါပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကုမ္ပဏီဘက်ကို ကာကွယ်ပေးမှုတွေ လုပ်သလို ကြေးနီ စီမံကိန်းကိုလည်း ဆက်လုပ်မှာ ဖြစ်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောဆို ထားပါတယ်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 10:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကေအိုင်အိုက ဆွေးနွေးရေးဌာနဖွင့်လှစ်
ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့
ရည်ရွယ်ပြီးတော့ ကချင်ပြည်နယ် ကေအိုင်အို ထိမ်းချုပ်ရာ မိုင်ဂျာယန်မြို့
အနီးမှာ ဆွေးနွေးရေး အဆောက်အဦး ဖွင့်ပွဲတခုကို ကေအိုင်အိုက
 ဒီနေ့ ကျင်းပပါတယ်။
ဒီဆွေးနွေးရေးအဆောက်အဦးကို ၂ ဘက်သဘောတူညီမှုနဲ့
ဆောက်လုပ်တာဖြစ်ပြီး ဒီနေရာဟာ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေး
အတွက်ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။
"အလွတ်သဘောဆွေးနွေးပွဲမှာ အားလုံး စင်တာတစ်ခု ထားရအောင် အားလုံးဝိုင်းပြီးမှ ကြီးကြပ် နည်းလမ်းရှာရအောင်ဆိုပြီး သဘောတူညီချက် နဲ့လုပ်တာပါ။ ဆက်သွယ်တာတို့ အချက်အလက် စုဆောင်းတာ တို့ တော့ ဒီစင်တာမှာပဲ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ငြိမ်းချမ်းလုပ်ငန်းစဉ် ပါဝင်ဆောင်ရွက်လိုတဲ့ လူ အားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့ အလွတ်သဘော ဆိုတော့ ပြောရတာလွတ်လပ်တယ်။ ပြီးတော့ ရုံးသဘောမျိုးမဟုတ်ဖူး ဆိုတော့ ပွင့်ပွင့်လင်းလင်းရှိတာပေါ့။ ဒီစင်တာကတော့ လူထုက ယုံကြည်နိုင်တဲ့ စင်တာ အားလုံးက မှန်ကန်တဲ့ သတင်းတွေပေးနိုင်ဖို့ ပြီးတော့ နည်းလမ်းရှာနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဖွင့်တာပါ။"
ဒီဖွင့်ပွဲမှာ ကေအိုင်အို အမြဲတမ်းဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂန်၊ စစ်ရေးမဟာဗျူဟာ သုတေသန ဌာနမှုး ဗိုလ်မှုးဇော်တောင်၊ ဗိုလ်မှုးကြီး ဂျီးနောင်နဲ့ ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအ၀င် ခရစ်ယာန်ဘာသာရေး ဆရာတွေ၊ ဒေသခံတွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အပါအ၀င် ၂၀၀ ကျော်လောက် တက်ရောက်ပါတယ်။
အဲဒီစင်တာကို တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်မြို့အနီး ပရန်ငေါ ဆိုတဲ့ ကျေးရွာက မြက်ခင်းကွင်းပြင်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ အဆောက်အအုံ တစ်ခု၊ ထမင်းစားဆောင်၊ နားနေဆောင်၊ ရုံးခန်း နေရာတွေ ဆောက်လုပ်ထား
တာဖြစ်ပါတယ်။
အဲဒီရုံးခန်းထဲမှာ ၂၀၁၁ ဇွန်လက စတင်ပြီး ၂၀၁၂ ခုနှစ် မတ်လမှာ
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးခဲ့တဲ့ အချိန်အထိ ဆွေးနွေးပွဲ မှတ်တမ်းတွေ၊ ဓါတ်ပုံတွေ ဘယ်သူမဆို ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားတာတွေ့ရပါတယ်။
အဲဒီနေရာဟာ အင်တာနက်နဲ့ ဖုံးတွေလည်း အသုံးပြုလို့ ရပြီး အစိုးရကိုယ်စားလှယ်တွေ စိတ်ချလုံစွာ လာလို့ရတယ်လို့ သိရပါတယ်။
အစိုးရနဲ့ ကေအိုင်အို နှစ်ဘက်ကိုယ်စားလှယ်တွေ နောက်ထပ် တရားဝင်တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မချသေးဘူးလို့ သိရပါတယ်။
အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေဟာ ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေ ဖားကန့်ဒေသ၊ တပ်ရင်း ၅ နယ်မြေ
ကေအိုင်အို ဗဟိုဒေသနဲ့ တပ်မဟာ ၄ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ
နေ့စဉ်လို တိုက်ပွဲတွေဖြစ်နေတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
RFA Burmese
ဘကြီးသက်
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
MRTV4 မှ Top Channel-7 ထုတ်လွှင့်ပြသတော့မည်
From : MRTV4
Channel7 ရုပ်သံလိုင်းရဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ Channel7 Top Ten အစီအစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့ ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့် ပြသမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တိုင်းမှာ ပြည်တွင်းသီချင်းတွေနဲ့ တနင်္ဂနွေနေ့တွေမှာ နိုင်ငံတကာ သီချင်းတွေကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ထုတ်လွှင့်ပေးမယ့် သီချင်းတွေကတော့ Channel 7 ရဲ့ Facebook စာမျက်နှာထက်မှာ အပတ်စဉ် ပရိသတ်တွေ Vote လုပ်ပေးတဲ့ထဲက လူကြိုက်အများဆုံး သီချင်းတွေကို ရွေးချယ်တင်ဆက်ပေးတာဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာသီချင်းတွေကို နှစ်သက်သူ ပရိသတ်တွေအတွက် သီချင်းကောင်းတွေကို ခံစားနိုင်ဖို့ ဒီအစီအစဉ်လေးကို မိတ်ဆက် သတင်းကောင်းပါးရင်း Channel 7 ရဲ့ Facebook စာမျက်နှာမှာလည်း အပတ်စဉ် Vote များ တောင်းခံသွားမှာဖြစ်လို့ Vote လုပ်ပြီး အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Myanmar Express
ဘကြီးသက်
Unknown at 10:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နည်းနည်းလေးတော့လွဲနေတယ် Call Center (1876)
ဖုန်းဆက်လိုက်ရုံဖြင့် ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်မည့် အစီအစဉ် ရတနာပုံ Call Center က ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အရ Call Center တွင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးမည့် ဆရာဝန်ကြီးများက မေးမြန်းလာသူများအတွက် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးရန် စီစဉ်ထားကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ မန်းနေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ “အိမ်မှာနေပြီး ဝေဒနာ ခံစားနေရသူတွေအတွက် ဘယ်မှ သွားစရာမလိုဘဲ ဖုန်းဆက်ပြီး ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ရယူနိုင်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အသိပညာတွေ တိုးတက်စေနိုင်ဖို့အတွက် ရည်ရွယ်တယ်။ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လွယ်ကူစေဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ဆိုသည်။ ယင်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဝန်ဆောင်ခအနေဖြင့် တစ်မိနစ်လျှင် ကျပ် ၁၀၀ နှုန်းဖြင့် ဖုန်းဘီလ်ထဲမှ ဖြတ်သွားမည်ဖြစ်ကာ အိမ်တိုင်ရာရောက် ကြည့်ရှုရန် လိုအပ်ပါက ဆရာဝန်ကြီးများ၊ သူနာပြုများ ပါဝင်သော အဖွဲ့များက လာရောက်ကုသပေးမည် ဖြစ်ကာ ယင်းသို့ ဆောင်ရွက်ပါက ကျသင့်ငွေ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဇော်မျိုးထက်က “ဒီလိုဝန်ဆောင်မှု အစီအစဉ်တွေက နိုင်ငံခြားမှာ ဆိုရင် တော်တော်တွင်ကျယ်နေပါပြီ။ ခုလိုမျိုး ပေါ်လာတာ ကောင်းပါတယ်။ ကိုယ်ခံစားနေရတဲ့ လက္ခဏာကိုတော့ လူနာအနေနဲ့ သေသေချာချာ ပြောပြဖို့တော့လိုမယ်။ ဒါမှ ဆရာဝန်ကြီးတွေက တိကျတဲ့ အကြံဥာဏ်ကို ပေးနိုင်မှာပါ” ဟု ပြောသည်။ အဆိုပါ ဝန်ဆောင်မှုကို ဆောင်ရွက်လိုပါက ရတနာပုံ Call Center ဖုန်း- ၁၈၇၅ သို့ ဆက်သွယ်နိုင်ပြီး အသင်းဝင်လိုသူများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဲဒါက Myanmar Time ကသတင်း
...................................................
ဘကြီးသက် ကိုယ်တွေ့ကြုံတာက အဲဒိ အောက်ကစာလေးဖတ်သာပေးနော်....
Call Center ကို ဘကြီးသက် ဖုန်းဆက်ပြီးမေးတိုင်း တလွဲတွေ ဖြေနေတာတော့ တွေ့ရပါတယ်။ 18.9.2012 အချိန်က အထွေထွေစုံစမ်းမေးမြန်းမှုကိုမေးလိုက်တာ မိနစ်(20) သာ ကုန်သွားတယ် လိုချင်တဲ့ အဖြေမရသလို သူတို့ ကိုတောင် ပြန်ပြီးရှင်းပြနေရသေးတယ်။ မိနစ်(20) ဆိုတဲ့ ၀န်ဆောင်ခဟာအမှန်တကယ်တွက်ကြည့်လိုက်ရင်(1500)ကျပ်လောက်ကျပါတယ်.. ဒါဆိုကိုယ် လိုချင်တဲ့အဖြေရလားဆိုတော့ သေချာတာကမရဖြစ်နေပါတယ်.. ပြီးတော့ပြောသေးတယ် သမီးတို့က ခု မှစပြီး သတင်းအချက်လက်တွေ စုဆောင်းနေရတုန်းမို့လို့ မပြည့်စုံသေးပါဘူးတဲ့ ...အဟတ်..ဟတ်... သတင်းအချက်လက်မပြည့်စုံသေးရင် အလုပ်မလုပ်နဲ့ပေါ့ဗျာ... မြန်မာစကားပုံတစ်ခုမှာရှိပါတယ်အလုပ်တစ်ခုလုပ်တယ်ဆိုတာမပြီးခင်ဗမာမမြင်စေနဲ့ဆိုရိုးစကားလိုဘဲယခုလိုအများပြည်သူများအတွက်အချိန်အခါမရွေးမည်သည့်အကြောင်းအရာကိုမေးမေးပြန်လည်ဖြေကြားပေးမယ့်ယခုလိုCallCenterလိုဌာနကြီးအနေနဲ့ဒီလိုမဖြစ်သင့်တာကတော့သေချာပါတယ်..အကယ်၍တည်ထောင်တာမကြာသေးတဲ့အတွက်ဆိုတဲ့ပြန်လည်ဖြေကြားရမယ့်အစားမိမိတို့ဌာနအတွက်လိုအပ်မယ့်သတင်းအချက်အလက်ဖုန်းအမှတ်တွေကိုလေ့လာတဲ့စုံစမ်းတဲ့ဌာနတစ်ခုကိုထားပြီးမသိသေးတဲ့အကြောင်းအရာတွေမသိသေးတဲ့ဖုန်းအမှတ်တွေကိုအစဉ်တစိုက်လေ့လာနေရမှာဖြစ်ပါတယ် ဒါမှသာစုံစမ်းမေးမြန်းလာတဲ့ လူများအတွက် အချိန်မရွေးမှန်ကန်တဲ့ အဖြေများ ကိုပြန်လည်ဖြေကြားပေးနှိုင်မှာဖြစ်ပါတယ်.. နောက်ဆက်တွဲ ထပ်ပြီးပြောလိုက်အုံးမယ်...( www.myawady.net.mm ) ကို အင်တာနက်မှာ ကြည့်ပေးပါဆို ဘာပြောတယ်မှတ်လဲ အဲဒိ ၀န်ထမ်းအမျိုးသမီးက ..အဲဒိဝက်ဆိုဒ် မရှိသေးပါဘူးတဲ့ ..ကဲ ကောင်းကြရောပေါ့ဗျာ...ကြည့် လည်းလုပ်ပါcallcenterရေလို့သာအော်လိုက်ချင်ပါတော့သည်.....
(မှားနေတာတွေ လွဲနေတာတွေ ပြုပြင်စေရန် ဝေဖန်တိုက်တွန်း အကြံပြု ရုံ သက်သက်နော် ...)
အားလုံးကိုလေးစားလျှက်
ဘကြီးသက်
Unknown at 10:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တို့ရွှေပြည် ပညာတတ်တွေ ပွားများဖို့အရေး (၂)
ရင်ထဲမှာ ခံစားချက်တွေ သိပ်များလာတဲ့အခါ စကားလုံးတွေကို စာလုံးလေးတွေအဖြစ် အန်ထုတ်ပြီး ရေးချမိလိုက်တယ်။ အဲဒီကချော်ကချွတ် စာသားလေးတွေကိုဖတ်မိကြပြီး သဘောကျ၊နှစ်သက်၊ဝေဖန်၊အကြံပေးနဲ့ ကိုယ့်လိုပဲခံစားနေရသူတွေ အများကြီးရှိနေတယ်ဆိုတာ သိလိုက်ရတော့ အားတက်ပြီး နောက်တပုဒ်ကို ပွင့်အန်ထုတ်မိလိုက်ပါပြီ။
           စာရေးသူက ကိုယ်ကျင်လည်ရတဲ့ ရောဂါအုပ်စုအ၀န်းအ၀ိုင်းလေးပဲကိုကြည်ပြီး Specialist တွေများလာဖို့ လိုတယ်လို့ရေးမိတာပါ။ တချိန်တည်းမှာ ပြည်သူ့ကျန်းမာရေးဘက်က၊ ကျန်းမာရေး ပညာပေးဘက်က၊ ကျန်းမာရေးစီမံကိန်းရေးဆွဲရေးဘက်က ဆိုင်ရာပညာရှင်တွေ ဟာလည်း ကိုယ်စီကိုယ်ငှ ရင်ဖွင့်ဆွေးနွေးကြရင်ဖြင့် ပိုလို့တောင် စကားဝိုင်းကောင်းလာပါလိမ့်ဦးမယ်။
          စာရေးသူကတော့ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ ဘက်ကပဲ ရေးပြမှာပါ။ ဆိုတော့ကာ Specialist တွေ ဘာလို့ အများကြီးလိုသလဲ ဆိုတာကို ဥပမာပေးပြီးးရှင်းရရင် မြန်မာပြည်က တိုင်းဒေသကြီးနဲ့ ပြည်နယ်မြို့ကြီးများမှာ 64slides CT တစ်လုံးစီရယ်၊ MRI တစ်လုံးစီရယ်၊ ဓာတ်မှန်အထူးကုရယ်၊ရောဂါဗေဒ အထူးကုရယ်၊ အဆင့်မြင့် lab facilityတွေ ထားကြည့်လိုက်။ အဆုတ်ကင်ဆာတွေ၊ လင်ဖိုးမားတွေ၊အုမကြီးကင်ဆာတွေ တွေ့ရှိမှုနှုန်း (Incidence) တက်ကိုတက်လာစေရမယ်။
          ဘာဖြစ်လို့လို့ထင်ပါသလဲ။ အရင်က ဒီရောဂါတွေ မဖြစ်ကြတာမဟုတ်ပါ။ ဖြစ်မှန်းမသိကြလို့၊တနည်းအားဖြင့် ရောဂါရှာဖွေရေးနည်းပညာတွေ မရှိကြလို့ ဖြစ်ပါတယ်။မြန်မာပြည်မှာ သေဆုံးမှုအများဆုံးရောဂါများဟာ ကူးစက်ရောဂါများဖြစ်ကြတယ်ဆိုပေမယ့် မကူးစက်နိုင်တဲ့ ရောဂါများကြောင့် သေဆုံးကြသူတွေလဲ ဒူနဲ့ဒေးပါ။ဝမ်းလျှောရောဂါကို အထူးကုကြီးတွေ ကုစရာ
မလိုဘူးဆိုပေမယ့် Dehydration ကြောင့်ကျောက်ကပ်ပျက်သွားတဲ့အခါ ကျောက်ကပ်အထူးကုကြီး မလိုပေဘူးလား။ ကျောက်ကပ်ဆေးတဲ့စက်ကြီးရော မလိုပေဘူးလား။ ၀မ်းလျှောလို့ သေရတော့မယ်ဆိုရင် သေရတဲ့အကြောင်းရင်းက Electrolyte imbalanceနဲ့ Renal failure ပဲမဟုတ်ဘူးလား။
         အထူးကုဆရာဝန်( Specialists)တွေများလာဖို့ လိုကိုလိုပါတယ်။တစ်ခုပဲ။ စာရေးသူပြောတာက ကာကွယ်ရေးအသုံးစရိတ်တွေ နည်းလာပြီး ကျန်းမာရေးနဲ့ပညာရေးအသုံးစရိတ်တွေများလာလို့၊တကိုယ်ရည်သန့်ရှင်းရေးတွေ ကောင်းလာမယ့်၊ကူးစက်ရောဂါတွေ ကျလာမယ့် တစ်နေ့ကို မျှော်တွေးပြီး ပြောတာဖြစ်ပါတယ်။ Specialists မျိုးဆက်တစ်ခုမွေးထုတ်ဖို့ ဆိုတာ ၁၀နှစ်က နှစ် ၂၀
ထိကြာမလားပဲ။ အဲဒီကာလများကို ကြိုတင်မျှော်တွေးပြီး ခံစားပြောဆိုမိတာဖြစ်ပါတယ်။
           ဖွံဖြိုးပြီးတိုင်းပြည်များမှာတော့ ကူးစက်ရောဂါကိုတောင် Infectious Disease(ID)team လို့အတိုကောက်ခေါ်တဲ့အထူးကုကြီးများကကုတာပါ။လူနာတစ်ယောက် တော်ရုံအဖျားမကျတော့ဘူးဆိုရင် ID ကိုခေါ်ပြလိုက်တာပဲ။ID ကလည်း သူလုပ်စရာရှိတာ အကုန်စစ်တာပဲ။စစ်သလောက်လဲ ရောဂါတွေကတွေ့ပါတယ်။ ရွှေတိုင်းပြည်မှာ ကိုယ့်ရဲ့Clinical findings တွေကို ယုံကြည်ပြီး ဒါတွေဖောက်မစစ်လဲ ရမှာပါလို့ ထင်ခဲ့မိတာ ဒီရောက်တော့မှ စာအုပ်ထဲကအကောင်ပလောင်တွေကို စစ်တိုင်းတွေ့နေတော့မှ သူတို့တွေ ငွေပေါလို့ ရောဂါကို စစ်ဆေးနေကြတာမဟုတ်ဘူး။စာအုပ်ထဲက အတိုင်း အပြင်မှာတကယ်တွေ့သဟလို့ အမြင်မှန်ရမိပါတယ်။
         တနေ့က မန္တလေးထုတ် ဂျာနယ်တစ်စောင်မှာ ပါးစောင်ကကင်ဆာကျိတ်ကို သုတေသန ကုထုံးနဲ့ကုလို့ ပျောက်သွားတယ်လို့ ဓာတ်ပုံရိုက်ပြီးကြေညာတာတွေ့လိုက်ရပါတယ်။ဘာ Biopsy မှမယူ၊ ဘာStaging မှမလုပ်၊ဘာဓာတ်မှန်မှမရိုက်ပဲနဲ့ ကင်ဆာလို့ပြောပြီး ကုတဲ့သူကကုတယ်။သေချာတယ်။အဲဒီသုတေသနဆေးဆိုတာ  Steroid တွေကို အမှုန့်ထောင်ထားတာဖြစ်မှာပဲ။
ပြီးတော့ အဲဒီ ပျောက်စေဆရာက ကြေညာထဲမှာ ရေးထားသေးတယ်။ အမေကျော်ဒွေးတော်လွမ်းပြီး အနောက်တိုင်း ဆေးပညာကိုမှ ယုံကြည်သူတွေ မြင်ပြီမဟုတ်လားတဲ့။ မပြောကောင်းအဆိုကောင်း အဲဒီလူနာ တကယ်ကင်ဆာဖြစ်နေလို့ အဆင့်လွန်ပြီး သေတဲ့တစ်နေ့ Infection နဲ့ပဲသေမှာပါ။ ကင်ဆာရောဂါဆိုတဲ့ ရောဂါအမည်နဲ့သေမှာမဟုတ်ပါ။အဲသလိုနဲ့ တို့ရွှေတွေ မသိလို့သေရ၊မရှိလို့
သေရ သေကြရပေါင်းလည်းများလှပြီမဟုတ်လား။
        Specialists တွေများလာတဲ့တစ်နေ့ ပဋိဇီဝဆေး Rational ကအစ ထိန်းနိုင်လာပါလိမ့်မယ်။ တစ်ဗိုလ်တစ်မင်းမဟုတ်တော့ပဲကိုယ့်လိုပညာတတ်တဲ့သူတွေ ရှိနေပြီဆိုတဲ့စိတ်က လောဘစိတ်ကို ထိန်းကျောင်းသွားပါလိမ့်ယ်။မြန်မာပြည်ထဲမှာ အခုရှိနေပြီးဖြစ်တဲ့အထူးကုနဲ့ လုံလောက်တယ်ဆိုတာ စာရေးသူလက်မခံနိုင်ပါ။ အထူးကုတွေ အများကြီးကိုလိုနေပါသေးတယ်။
         ပြီးတော့ အထူးကုတွေ များလာရင် ရွှေမြန်မာတွေရဲ့သက်တမ်းဟာ ၇၀ တန်းကို ထိလိမ့်မယ်ဆိုတာဟာလည်း အရမ်းကာရောပြောဆိုတာမဟုတ်ပါ။အထူးကုတွေများလာတာနဲ့အတူ ဆေးဘက်ဆိုင်ရာနည်းပညာတွေ ဖွံ့ဖြိုးလာဖို့ပါ မျှော်မှန်းပြီးပြောဆိုတာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီး သွေးရောဂါအထူးကုဌာနမှာ ရှိနေတဲ့ သွေးရောဂါအထူးကုကြီးတွေသာ မရှိရင် သွေးကင်ဆာဟာ
လုံးဝပျောက်သွားအောင်ကုလို့ရနိုင်တယ်ဆိုတာ အခုထက်ထိ မြန်မာပြည်မှာ သိကြဦးမှာမဟုတ်ပါ။ဒါက ဥပမာတစ်ခုထဲရှိပါသေးတယ်။ တချိန်တည်းမှာလဲ ပြည်သူနဲ့ပထမဆုံးထိတွေ့တဲ့ ဂျီပီဆရာဝန်များ ရဲ့အဆင့်အတန်းကိုလည်း သင်တန်းတွေဖွင့်ပြီး မြှုင့်တင်နေကြတာပါပဲ။ တူတာလေးတွေ အရင်ထုတ်ဖော်ပြောဆိုကြပြီးမှ မတူတာလေးတွေကို နောက်မှ ဖြည်းဖြည်းညှိကြရအောင်ပါ။
         မြန်မာပြည်မှာ အမ်အာစီပီအပိုင်း(က)ကို လူ၃၀၀လောက်ဖြေကြတဲ့အထဲမှာ ကိုယ်ပိုင်ငွေနဲ့ဖြေရတဲ့ ၀န်ထမ်းဆရာဝန်တွေအများကြီးပါ။သူတို့အားလုံးဟာ မြို့ကြီးတွေပေါ်ကလာတာမဟုတ်ပါ။ မိုင်းတွင်းထဲကိုဖြတ်၊ခြေထောက်နှစ်ချောင်းကို ရင်းပြီး ဟိုးအစွန်အဖျားကလာကြတဲ့ စစ်ဗိုလ်လေးတွေ၊အရပ်ဘက်က လက်ထောက်ဆရာဝန်လေးတွေလဲ ရှိမှာပဲ။သူတို့လဲ ဒီအချိန်မှာ Primary care ကိုပဲ လုပ်နေကြတာပါ။သို့ပေမယ့် သူတို့ကို အထူးကုတွေဖြစ်လာဖို့ အခွင့်အရေး ပေးရမှာပါ။ စာရေးသူတို့တုန်း
ကလည်း အမ်အာစီပီရေးဖြေစာမေးပွဲတွေကို မိဘဆီက ငွေကြေးနဲ့ဖြေခဲ့ရတာပါ။ နိုင်ငံတော်က မကျခံပေမယ့် ဒီနလပိန်းတုံးကြီးဟာ ကန်မထုတ်မချင်း နိုင်ငံက ထွက်ပြေးသွားမှာ မဟုတ်ပါ။ သို့ပေမယ့် တချိန်မှာတော့ ပညာရှင်တွေမွေးထုတ်ဖို့အရေး စနစ်တကျစီမံကိန်းလေးတွေ ရှိသင့်တယ်လို့ ယုံကြည်မိတာအမှန်ပါ။
         နောက်တစ်ချက်က နိုင်ငံခြားမှာ ရောက်နေတဲ့ ရွှေဆရာဝန်တွေနဲ့ ပတ်သတ်တဲ့သဘောထားပါ။ မတရားအသင်းကြေညာထားတဲ့ သူတွေတောင် လေဆိပ်မှာ အလံထောင်ပြီး ကြိုကြတဲ့ခေတ်။ ဘာလို့ ကိုယ့်ဆရာဝန်တွေကို ပြန်မလာစေချင်ကြတာလဲ။
အမှန်တော့ အခြေကျနေပြီးသူတို့လဲ ပြန်လာဖို့မလွယ်ကြပါ။သို့ပေမယ့် ရင်ကိုခွဲပြီး ကြည့်ရင်တော့  မလွမ်းဘယ်သူရှိပါ့မလဲ။မတမ်းဘယ်သူရှိပါ့မလဲ။ နိုင်ငံတကာဆရာဝန်တွေလို လစာတွေကောင်းတဲ့တနေ့ သူတို့တွေ ပြန်ကိုလာကြမှာပါ။ အဲဒါကို ကျွန်တော်တို့အထဲက သူတွေက မုဒိတာပန်းတွေနဲ့ ကြိုနိုင်ဖို့ စိတ်ကိုပြင်ဆင်ထားကြရမယ်လို့ ပြောချင်တာပါ။သူတို့တွေ ပြန်လာကြပြီဆိုမှတော့ကိုယ်လဲ လစာကောင်းနေပြီပေါ့။ အပြင်ဆေးခန်းမှာလဲ လူနာလုနေစရာလိုတော့မည်မထင်ပါ။
       စာရေးသူအနေနဲ့ အရပ်ဘက်၊တပ်ဘက် မခွဲခြားပဲ မိဘပြည်သူအားလုံးအတွက် ခံစားပြောဆို တာဖြစ်ပါတယ်။ စစ်ဆေးရုံတွေမှာလဲ စစ်သည်ထက်စာရင် ရဲမေတွေ၊သားသမီးတွေ၊မိဘတွေကို ကုပေးနေကြတာပိုတောင်များမလားပဲ။သူတို့တွေဟာလည်း မြန်မာပြည်သားတွေ မဟုတ်ဘူးလား။ မြန်မာပြည်မှာ ဒုက္ခတွေ ဖြတ်သန်းသွားတဲ့နေရာမှန်သမျှ ဒီစစ်တပ်ကဆရာဝန်တွေ ရေကူး
ပြီး၊ လမ်းလျှောက်ပြီး ရောက်သွားကြစမြဲ မဟုတ်ပါလား။တပ်ရယ်၊အရပ်ရယ် ခွဲခြားပြီး မမြင်ကြစေလိုပါ။ဆရာဝန်ချင်းအတူတူ စစ်တပ်ကဆရာဝန်မို့လို့လစာပိုများတာမဟုတ်ပါ။ စစ်ဗိုလ်ဖြစ်နေလို့ အခြားခြေလျင် စစ်ဗိုလ်တွေနည်းတူ ခံစားရတာဖြစ်ပါတယ်။
        စာရေးသူအနေနဲ့ကတော့ ရှေ့ကမျိုးဆက်တွေကို ကြည့်ပြီး အတိုက်အခံငြင်းခုန်ရမှာ၊ နေရာလုရမှာ၊ သူသာတယ်၊ငါသာ တယ်ပြောဆိုရမှာ စိတ်ကုန်လှပါပြီ။ အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင် စပြီးငြင်းခုန် မယ်။ သူက အဖြူဆို၊ကိုယ်က အမဲလုပ်မယ်။
ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရည်ရွယ်ချက်ကို မေ့ပြီး ငါလို လုပ်ခဲ့တဲ့သူကို ဒင်းလိုမလောက်လေးမလောက်စားက ရာရာစစဆိုတဲ့ အပြောနဲ့ပဲ နောက်ပေါက်လူငယ်တွေလဲ အညွန့်ကျိုးကုန်လိုက်တာ အရှေ့တောင်အာရှ ကျန်းမာရေးအဆင့်အတန်းမှာ တို့နောက်မှာဘယ်သူမှရှိသေးရဲ့လားဆိုပြီး လှည့်လှည့်ကြည့်နေရတဲ့ အခြေအနေကို ရောက်နေတော့တာ မဟုတ်လား။
         စာရေးသူရဲ့ ဟိုရောက်ဒီရောက်အတွေးစတွေကိုပဲ ခံစားဆွေးနွေးအားပေးကြတဲ့ ဘ၀တူ ဆရာ၊ဆရာမတွေကို ကျေးဇူးတင်ပါတယ်လို့ ဆိုပါရစေ။အမှန်တော့ စာရေးသူရဲ့ စာတွေထက် အောက်မှာ ကွန်မန့်ပေးကြမယ့် ဆရာ၊ဆရာမများရဲ့ အကြံဥာဏ်များက ပိုတန်ဖိုးရှိမှာ ဖြစ်တဲ့အတွက် စာဖတ်သူများ အနေနဲ့ ကွန်မန့်များကို ပလေးပေးပြီးဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
                                                                                                               (၁၇/၉/၂၀၁၂)
ဘကြီးသက်
Unknown at 9:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တို့ရွှေပြည် ပညာတတ်တွေ ပွားများဖို့ အရေး
စင်္ကာပူမှာ ဆရာဝန်တွေကို ကမ္ဘာအဆင့်မီ ဘယ်လိုမွေးထုတ်နေသလဲဆိုတာကို လေ့လာနေတာ လေးလလောက်ရှိပြီ။ ဆေးရုံကြီးတွေမှာ အထူးကုတွေ အလွန်များတယ်။ ဌာနတစ်ခုတည်းမှာကိုပဲ နိုင်ငံခြားပြန် အထူးပြုဘာသာရပ်တူတဲ့ ဆရာဝန်တွေ အများကြီးရှိနေတယ်။ လူကြီးဝါကြီးတွေ ရှိသလို လူငယ်ခြေတက်တွေလည်း ရှိတယ်။သူတို့တတွေ ဘယ်လို အဆင်ပြေအောင်နေ နေကြသလဲ။ ဂူတစ်ခုထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူးဆိုတာ စင်္ကာပူမှာတော့ မှားတယ်။ ဂူတစ်ဂူထဲမှာ
များလိုက်တဲ့ ခြင်္သေ့တွေ။
         အထူးကုတွေ များတော့ ဘာဖြစ်သလဲ။လူနာတွေ အတွက်ပိုကောင်းတာပေါ့။ဦးနှောက်တွေ အများကြီးတိုးတာပေါ့။ အောက်ကလူတွေ တက်လာလို့ ကိုယ့်ဆေးခန်းလူနာနည်းသွားမယ် ဆိုတာဒီမှာ မ၇ှိဖူးနော်။ လူကြီးတွေကလည်း ကြိုးစားနေရတယ်။ လူငယ်တွေကလည်း ကြိုးစားနေရတယ်။ဒီက ဆရာဝန်တွေ အချင်းချင်း တိုင်းတာတဲ့ ပေတံဟာ ပညာပါပဲ။ 
ကိုယ်က ဘယ်လူကြီးကို ဆေးကုထားဖူးလို့၊ဘယ်လူကြီးရဲ့ ယောက္ခမကြီးရဲ့ တာဝန်ခံဆရာဝန်ကြီးဖြစ်နေလို့ နေရာကောင်းရမယ်ဆိုတာ ဒီမှာမရှိပါ။
        ဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်းကို ဒီမှာတိုင်းတာတဲ့ပေတံဟာ လာပြတဲ့လူနာအရေအတွက် မဟုတ်ဖူး။ သူ့ဆီကထွက်လာတဲ့ သုတေသနစာတမ်းတွေဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဟာ စာတမ်းတွေအများကြီး ရေးနိုင်မယ်။စာတွေလဲလိုက်သင်ပေးနိုင်မယ်ဆိုရင် ရာထူးတက်ဖို့ သေချာပါတယ်။ အသက်ကြီး၊၀ါကြီးတိုင်း ဌာနမှူးဖြစ်မယ်လို့ အာမ မခံထားပါ။
လူတော်ရင် အောက်ကလူကို ကျော်ပေးချင်ရင်လည်းပေးပါတယ်။ သိုပေမယ့် ညံ့နေတဲ့၊လေးတဲ့ အကြီးဆိုတာလည်း ဒီမှာမရှိပါ။
အားလုံးက သွက်သွက်လက်လက် အပြိုင်အဆိုင်ကြိုးစားနေကြရတယ်။
        မကောင်းတဲ့ အချက်ကတော့ စိတ်ဖိစီးမှု အလွန်များတာပေါ့။ အမှားခံလို့မရဘူး။ ဘ၀ကို လုံးဝမြုပ်နှံထားရတယ်။ အလုပ်ချိန်များလွန်းတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာဆရာဝန်များရဲ့ သင်္ကေတပါပဲ။
        ကျွန်တော်တို့ဆီမှာရော လူတော်တွေကို အများကြီးလက်ခံနိုင်ဖို့ စိတ်ဓာတ်တွေ အသင့်ဖြစ်ကြပြီလား။လူငယ်တွေကိုကိုယ့်ထက်တော်တဲ့ သူတွေ ဖြစ်လာအောင် မွေးထုတ်နိုင်ဖို့ ရင့်ကျက်တဲ့သဘောထားတွေ ၇ှိနေကြပြီလား။ ဌာနတစ်ခုထဲမှာနိုင်ငံခြားက ဘွဲ့တွေရပြီးပြန်လာတဲ့ ကိုယ့်ထက်ငယ်ပြီး စွမ်းဆောင်နိုင်မယ့် လူငယ်တွေကို နွေးထွေးစွာကြိုဆိုဖို့ စိတ်ဓာတ်တွေပြင်ဆင်ထားပြီး ကြပြီလား။
         ရန်ကုန်ဆိပ်ကမ်းကနေထိုင်ကြည့်ရင် သင်္ဘောကြီးတွေပေါ် ပါသွားတတ်တဲ့ ကျွန်းသစ်ကြီး တစ်ပင် တန်ဖိုးလောက်သာကုန်ကျဖို့ရှိတဲ့ ပြည်တွင်းဆရာဝန်တစ်ယောက် ပြည်ပလွှတ်ပြီး ကာလတိုပညာသင်ယူဖို့ စရိတ်ကို ငွေမရှိဖူးလို့ ပြောကြဦးမှာလား။
ပညာရေးမှာ ရင်းနှီးမြုပ်နှံတယ်ဆိုတာဟာ အကျိုးအမြတ်ကို ချက်ချင်းမမြင်နိုင်ပေမယ့် အဲသလိုမမြုပ်နှံခဲ့လို့ အခုလိုတိုင်းပြည် ဆင်းရဲ
နေရတယ်ဆိုတာ သဘောပေါက်တဲ့သူတွေ လွှတ်တော်ကြီးထဲမှာ ရှိနေပါရဲ့လား။
         လွှတ်တော်ကြီးထဲမှာ အခုနာမည်ကြီးနေတဲ့ ပြည်ထောင်စုအဆင့်ဖြစ်ရေးငြင်းခုံမှုတွေ ပြီးရင် နိုင်ငံခြားပညာတော်သင်တွေ စေလွှတ်ဖို့ စီမံကိန်းတွေရှိ၊မ၇ှိ မေးခွန်း အလှည့်ရောက်လာတော့မှာလား။ဝန်ထမ်းဆရာဝန်တွေ အဖို့ နိုင်ငံတော်ရဲ့ချို့တဲ့မှုကိုစာနာပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ် ပြည်ပမှာ ပညာသင်ခွင့်ရဖို့ အခွင့်အရေးရှိလာခဲ့ရင်ရော အထက်လူကြီးမင်းများက ကြည်ဖြူစွာနဲ့ ခွင့်ပြုပေးကြမှာလား။
         ဒီမေးခွန်းတွေရဲ့ အဖြေဟာ “ဟုတ်ပါတယ်၊မှန်ပါတယ်၊ရှိပါတယ်” ဆိုတဲ့ Positive အဖြေတွေသာဖြစ်ခဲ့ရင် မြေကြီးလက်ခတ်မလွဲ နောင်အနှစ် ၂၀ မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းဟာ အသက် ၇၀တန်းကို ထိလိမ့်မယ်။ မဟုတ်ရင်တော့ ၀မ်းလျှောလည်းသေ၊ ခြင်ကိုက်လည်းသေ၊ဓာတ်ကင်ဖို့ စောင့်ရင်းသေ၊အနာယဉ်းပြီးသေ ...သေ...သေ...သေ...
ဘကြီးသက်
Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.