Wednesday, September 19, 2012

မိုဘိုင်းဖုန်း အသုံးပြုရာတွင် အနည်းဆုံး အနေဖြင့် 3G ကွန်ရက်ကို သုံးနိုင်ရန် ဆောင်ရွက်မည်




ပြည်တွင်း၌ မိုဘိုင်းဖုန်းများ အသုံးပြုရာတွင် အနည်းဆုံးအားဖြင့် 3G ကွန်ရက်ကို အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ 3G ကွန်ရက်အဖြစ် Voice နှင့် Data တစ်ပါတည်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ အသုံးပြုရာတွင် မြို့ပြဒေသတွင် မကဘဲ ကျေးလက်ဒေသများတွင်ပါ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ မိုဘိုင်းဖုန်းကဏ္ဍ ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကပိုင်း လာရောက်ကမ်းလှမ်းမှုတွင် 2G စနစ်ကိုသာ အသုံးပြုသင့်သည်ဟု အကြံပေးသည့် ကုမ္ပဏီများရှိကြောင်း၊ နယ်ဒေသများ၏ မိုဘိုင်းဖုန်း အသုံးပြုမှုတွင် 2G ကွန်ရက်သာ အသုံးပြုသင့်သည်ဟု အကြံပေးကြခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း အနာဂတ် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် လိုက်လျောညီထွေ ဖြစ်စေရန် အတွက် 3G စနစ်ဖြင့်သာ သွားမည်ဖြစ်ကြောင်း သိရသည်။ “တယ်လီဖုန်းလို့ပြောရင် 2G ကို တော်တ်ာများများ ပြောကြတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် အခုထိ 2G နဲ့ပဲ သွားနေကြတယ်။ 2G က Voice အတွက် အဆင်ပြေတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံတော်တော်များများက 2G ကို ဖြုတ်နေကြပြီ။ 3G ကို အနည်းဆုံးသွားပြီး 4G ကို ဦးတည်နေကြတယ်။ တစ်ခုရှိတာက 4G Standard က အားလုံး သဘောတူ လက်ခံတဲ့ Standard ဖြစ်မလာသေးဘူး။ 4G ကို သွားတဲ့အခါမှာ ကိုယ်က ဒီစနစ်ကို သွားလိုက်တယ်။ ပြီးတော့မှ International Standard မဖြစ်လာရင် တစ်က ပြန်စရမှာမျိုး ရှိတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ ပြည်တွင်း၌ 3G ကွန်ရက်ကို ကျေးလက်နှင့် မြို့ပြ အားလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း လက်ရှိ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေပြီး ၎င်းအထဲတွင် တစ်ခု အပါအဝင် အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(အင်တာနက်ဂျာနယ်)

ဘကြီးသက်
Unknown at 10:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.