Tuesday, September 18, 2012

အိမ်ဖြူတော်တောင်းဆိုမှု Google က လက်မခံ



Tun Wai


အာရပ်ကမ္ဘာတွင် အုတ်အော်သောင်းနင်းဖြင့် ဒေါသတကြီး ဆန္ဒပြမှုများကို ပေါ်ပေါက်စေခဲ့သော ရုပ်ရှင်ဇာတ်လမ်းတိုအား YouTube ဝက်ဘ်ဆိုက်မှ ဖယ်ရှားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုမှုကို Google က ငြင်းဆန်လိုက်ကြောင်း The Washington Times သတင်းက ပြောကြားသည်။ သို့သော် အချို့နိုင်ငံများတွင် ကြည့်ရှုမရနိုင်အောင် ကန့်သတ်သွားမည်ဟု Google က ပြောကြားသည်။

အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟ
ာမက်အား လှောင်ပြောင်သရော် ရိုက်ကူးထားသေ
ာ အဆိုပါရုပ်ရှင်ဇာတ်လမ်းတိုမှာ အင်တာနက် ဝက်ဘ်ဆိုက်များတွင် အများအပြား ပြန့်နှံ့နေပြီးဖြစ်ကြောင်း၊ မိမိတို့၏ လမ်းညွှန်သတ်မှတ်ချက်အတွင်း အကျုံးဝင်သောကြောင့် YouTube တွင် ဆက်လက် ထားရှိသွားမည်ဟု Google က ကြေညာချက်ထုတ်ပြန်သည်။ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နိုင်ငံတို့တွင် YouTube ဝက်ဘ်ဆိုက်အား ဝင်ရောက်ကြည့်ရှု၍မရအောင် ပိတ်ပင်ထားရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။

Planet Myanmar Network

ဘကြီးသက်
Unknown at 7:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ညဥ့်လမ်းပေါ်က ဘ၀များစွာ


ရေးသားသူ- သီဟ 
နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင် လှုပ်ရှားလျက်ရှိသည်။ သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင် ပင် နုပျိုလတ်ဆတ် သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေး များဖြင့် ပျော်ဝင်နေဆဲဖြစ် သည်။
ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံးများဖြင့် ဆွဲဆောင်လျက်ပင်။
ထိုနေရာကား ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျရာ ဈေးကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင်ဖြစ်သည်။

နေ့လယ်ခင်းအချိန်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိပြီး ညပိုင်းမှာတော့ သွေးသားကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိသည့် ယင်းနေရာသည် တရားဝင် မဟုတ်သော်လည်း ရန်ကုန်မြို့၏ ထိုနေရာများစွာထဲမှ တစ်နေရာပင် ဖြစ်လေသည်။

“ကျွန်မထင်ပါတယ် ဒီအလုပ်နဲ့ အသက်မွေးနေကြတဲ့ မိန်းကလေးတွေ အကုန်လုံးက သူတို့ဘ၀ကိုသူတို့ ပျော်လို့ကျေနပ်လို့ လုပ်နေကြတာတော့ မဟုတ်ပါဘူး”ဟု ပြောလာသူမှာ ပြည့်တန်ဆာလုပ်ငန်းဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး အသက်မွေးနေရသည့် မမော်မော်(အမည်လွှဲ)ပင်ဖြစ်သည်။
ဟိုမှသည်မှ ဥဒဟိုသွားလာသူများနှင့် အသက်ဝင်လှုပ်ရှားနေသည့် ရန်ကုန်မြို့၏ ညနေချမ်းအချိန်တွင် မမော်မော်တို့ကဲ့သို့သော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရသူလေးများလည်း လူစည်ကားရာ ကားမှတ်တိုင်ကဲ့သို့သော နေရာများတွင် လုပ်ငန်းခွင် ၀င်ရောက်လာကြပြီဖြစ်သည်။
သူတို့လုပ်ငန်းခွင်ဝင်ရာ နေရာသည် အခြားသော သူများကဲ့သို့ ရုံးအဆောက်အအုံမရှိ၊ လုံခြုံရာနထ္ထိ။ လမ်းဘေး ကွမ်းယာဆိုင်များသည်ပင်လျှင် သူတို့၏ရုံးခန်း၊ ကားမှတ်တိုင်သည်ပင်လျှင် သူတို့ အလုပ်လက်ခံရာပင် ဖြစ်တော့သည်။ လူမြင်ကွင်းတွင် ဧည့်သည်ရှာ ဈေးညှိ အလုပ်လုပ်နေရသော်လည်း သူတို့၏ အလုပ်မှာ တရားဝင် အလုပ်မဟုတ်။ ထို့ကြောင့် တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှပါက တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သံတိုင်လေးဘက်ကြား အနားယူရသည်များလည်း ရှိတတ်သည်။

ခွင့်ပြုချက်များ လိုင်စင်များဖြင့် တရားဝင် အလုပ်လုပ်ခွင့်ရသည့် အလုပ်မဟုတ်သော်လည်း သူတို့အဖွဲ့ဝင်ဦးရေမှာ တစ်နေ့တခြား တိုးတိုးလာပြီး သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်သည်လည်း ပို၍ကျယ်ပြန့်လာနေပြီဖြစ်သည်။ ထိုသို့ တိုးပွားများပြားလာခြင်းမှာ နိုင်ငံ၏ စီးပွားရေး လူမှုရေး ပညာရေး နိမ့်ကျမှုများကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ဆွဲသူများလည်း ရှိကြသည်။

နိုင်ငံတော်မှလည်း ထိုသို့ လုပ်ကိုင်စားသောက်သည့် ပြည့်တန်ဆာများ ပပျောက်သွားစေရန် လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်ကပင် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့သော်လည်း မပပျောက်သည့်အပြင် တစ်နေ့ထက်တစ်နေ့
ပိုမိုများပြားလာခဲ့သည်ကို တွေ့နေရသည်။ ထို့ကြောင့် ယင်းကဲ့သို့ နှိပ်ကွပ်ရေးဥပဒေဖြင့် ကိုင်တွယ်ခြင်းအား ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။

ပြည့်တန်ဆာများ ပပျောက်စေရန် နှိပ်ကွပ်ရေးဥပဒေဖြင့် ဆောင်ရွက်သော်လည်း ဥပဒေအား လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသည့် အောက်ခြေအဖွဲ့အစည်းများ၏ အားနည်းချက်များကြောင့် လုပ်ငန်းခွင်ထဲတွင် လုပ်ကိုင်စားသောက်နေသည့် ပြည့်တန်ဆာများမှာ နှိပ်ကွပ်ခံရသည့် ပုံသဏ္ဍန်များ လွဲမှားနေကြောင်း သိရသည်။

“ကျွန်မတို့ ဒီနယ်မြေမှာ လုပ်ကိုင်စားသောက်နေတာ သူတို့မသိတာမဟုတ်ဘူး သိတယ် တစ်ခါတလေ ပေးရကမ်းရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ စီမံချက်ဆိုတာကို အကြောင်းပြပြီးတော့လည်း အဖမ်းခံရတာမျိုးလည်း ရှိတယ်”ဟု လုပ်ငန်းခွင်အတွင်းမှ ပြည့်တန်ဆာတစ်ဦးက ပြောသည်။
၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ ပြည့်တန်ဆာဖမ်းဆီးမည်ဆိုပါက ရဲအုပ်အောက်မနိမ့်သည့် ရဲအရာရှိက ၀ရမ်းမပါဘဲ ဖမ်းဆီးချုပ်နှောင်နိုင်ပြီး ဖမ်းမိပါကလည်း နောက်တစ်ရက်တွင် တရားရုံးသို့ အမှုဖွင့်ရမည်ဟု ပါရှိသည်။

ဖမ်းဆီးမိသည့်နေ့၏ နောက်တစ်နေ့သည် အစိုးရရုံးပိတ်ရက် ဖြစ်ပါက အနီးစပ်ဆုံး အစိုးရရုံးဖွင့်ရက်တွင် တရားရုံးတင်ရမည်ဟု ပါရှိကြောင်း ပိတောက်မြေအသံလွှင့်ဌာနတွင် ဥပဒေအကြောင်းအရာများ အသံလွှင့်လျက်ရှိသည့် ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။ သို့သော် ယခုနောက်ပိုင်းတွင် ချက်ချင်းရုံးမတင်ဘဲ ယမန်ယူသည့် အလေ့အထဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ပြည့်တန်ဆာဖမ်းဆီးသည့် အခါတွင်လည်း ရဲအုပ်အောက်မနိမ့်သည့် အရာရှိဆိုသော်လည်း ယခုအခါတွင် အဆင့်မျိုးစုံမှ ဖမ်းဆီးနေမှုများလည်းရှိကြောင်း အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် ကျင်လည်နေသည့် ပြည့်တန်ဆာအချို့မှာ အတန်အသင့် လယ်ဝယ်မှုရှိသဖြင့် အကြောင်းပြ ဖမ်းဆီးခံရမှု အနည်းငယ် သက်သာသော်လည်း နယ်မှ ပြည့်တန်ဆာများမှာ အနိုင်ကျင့် နှိပ်ကွပ်ခံရမှု ပိုများကြောင်း ပြည့်တန်ဆာကွန်ရက်တစ်ခုမှ သိရသည်။

ပြည့်တန်ဆာလုပ်ငန်းသည် တရားမ၀င်သော်လည်း ထိုလုပ်ငန်းဖြင့် အသက်မွေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် ပြည့်တန်ဆာနှင့် ဆက်စပ်သည့် HIV ၊ ကာလသားကဲ့သို့သော ရောဂါပျံ့နှံ့မှုမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ကာကွယ်ရန်အတွက် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြည့်တန်ဆာများအား ကွန်ဒုံးများ ဖြန့်ဝေထားသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးလိုပါက ကွန်ဒုံးရှိသည်ဟု အကြောင်းပြ ဖမ်းဆီးမှုများလည်းရှိသဖြင့် ကွန်ဒုံးမဆောင်ထားရဲကြောင်း မမော်မော်ကပြောသည်။

“ကွန်ဒုံးရှိရင် ဖမ်းရမယ်လို့ ဥပဒမှာမပါဘူး။ အဲဒီလိုသာ ဖမ်းကြေးဆိုရင် အင်န်ဂျီအိုက ၀န်ထမ်းတွေ၊ ဆရာဝန်တွေပါ အကုန်ဖမ်းရမလို ဖြစ်နေပြီပေါ့”ဟု ရှေ့နေဦးခင်ဇော်က ပြောသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူ၊ ထိုင်း အစရှိသည့် နိုင်ငံများတွင် ပြည့်တန်ဆာများအား နေရာသတ်မှတ်၍ တရားဝင် လုပ်ကိုင်ခွင့်များ ပြုထားသောကြောင့် လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ထိထိရောက်ရောက် ကာကွယ်နိုင်သည့်အပြင် ပြည့်တန်ဆာအရေအတွက်ပါ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

“ကျွန်မတို့ကိုလာပြီး ပညာပေးတဲ့အဖွဲ့တွေနဲ့ တချို့တွေက ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေပြောင်းဖို့ ပြောကြတယ်။ အလုပ်အကိုင် ပြောင်းရအောင် ကျွန်မတို့မှာ ပညာမှမတတ်တာ ကျွန်မတို့ တတ်တဲ့ပညာနဲ့ဆိုလည်း ရတဲ့အလုပ်က အခုဝင်ငွေကို မီမှာမဟုတ်ဘူး”ဟု ပြည့်တန်ဆာတစ်ဦးက သူ၏ခံစားချက်ကို ပြောပြသည်။

“အခုပြဌာန်းထားတဲ့ ဥပဒေတွေက နှိပ်ကွပ်ရေးဥပဒေတွေနဲ့ ပပျောက်ရေးဥပဒေတွေပဲ ဖြစ်နေတယ် ကာကွယ်ရေးဥပဒေ မပါဘူး”ဟု သူမက ဆက်လက်ပြောပြသည်။ ပြည့်တန်ဆာများ အနေဖြင့်လည်း သူတို့နှင့်ဘ၀တူများအား ကာကွယ်မှုများပေးရန်နှင့် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများမှ ကာကွယ်မှုများ ပြုလုပ်ပေးရန် ပညာပေးအဖွဲ့အား တရားဝင် ဖွဲ့စည်းလိုသော်လည်း လူမှုရေးအသင်းအဖွဲ့များ တရားဝင်ဖွဲ့စည်းခြင်း
စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းနေသဖြင့် ဖွဲ့ခွင့်မရကြောင်း သိရသည်။

“ကျွန်မတို့က တစ်ခြားနိုင်ငံတွေမှာလို တရားဝင်အတန်းတွေ ဘာတွေ ချက်ချင်းရဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဥပဒေထဲမှာပါတဲ့အတိုင်း တိတိကျကျ ဖြစ်စေချင်တာပါ”ဟု မမော်မော်ကပြောသည်။

“အခုက တစ်ခါတလေ ပေးလည်းပေးရသေးတယ်။ ဖမ်းချင်တဲ့ အချိန်ကျတော့လည်း အဖမ်းခံရသေးတယ်”ဟု သူမက ဆက်လက်ပြောပြသည်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေအရ ပြည့်တန်ဆာများကို ဖမ်းဆီးမိပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ကို ချမှတ်ရမည်ဟု ပါရှိပြီး နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရတက်ပြီးချိန်တွင် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဟု ပြောင်းလဲခဲ့ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

“ပြည့်တန်ဆာတွေကို နှိပ်ကွပ်မယ်။ ထောင်ထဲထည့်မယ် ဆိုတာထက် အလုပ်အကိုင် အသိပညာ ပေးမယ်ဆိုရင် မပပျောက်တောင် လျော့ပါးသွားမယ်၊ထောင်ချရုံနဲ့တော့ ထောင်ကထွက်လာရင် မထူးဇာတ်ခင်းရာကနေ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ထောင်ထဲဝင်ရတဲ့ ပြည့်တန်ဆာတွေ အများကြီးပဲ ရှိတယ်”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ထို့ကြောင့် ပြည့်တန်ဆာလုပ်ငန်းများ မပပျောက်သည့်တိုင် စည်းကမ်းတကျ ဖြစ်လာစေရန်အတွက် အစိုးရ၏ ထိန်းသိမ်းကိုင်တွယ်မှုသည် အရေးကြီးပြီး အသိပညာပေးမှုများလည်း ပြုလုပ်သွားရန် လိုအပ်သည်ဟု ဥပဒေပညာရှင်များက ပြောသည်။ ထို့အပြင် ၁၉၄၉ ခုနှစ် အက်ဥပဒေသည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။
ရန်ကုန်၏ ညနေချမ်းသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ လူစည်ကားရာ လမ်းမများနှင့် ကားမှတ်တိုင်များတွင်လည်း ဘ၀ကြမ်းကြမ်း ပန်းနွမ်းနွမ်းလေးများ၏ သရုပ်သည်လည်း ပိုမိုပီပြင်လာခဲ့သည်။

သို့သော် သူတို့၏ လမ်းမထက်က ဘ၀များကား ရင့်ကျက်မှု မရရှိနိုင်သေးပေ။ မမော်မော် ပြောသလို ဥပဒေထဲတွင် ပါသည့်အတိုင်း တိတိကျကျ ဖြစ်ခဲ့လျှင်သော်လည်းကောင်း (သို့မဟုတ်) အခြားအိမ်နီးချင်းနိုင်ငံများကဲ့သို့ သတ်သတ်မှတ်မှတ် နေရာတစ်ခုများ ရခဲ့လျှင်သော်လည်းကောင်း ညဥ့်လမ်းပေါ်က ဘ၀များစွာ၏ ရှင်သန်မှုမှာ.... ။


ဘကြီးသက်
Unknown at 7:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“ပွဲက အခုမှ စတာလို့ မြင်တယ်” နှစ်ကျွန်းကျ ဦးရွှေထူးနှင့် အင်တာဗျူး



ပညာရေး ၀န်ထမ်း ကျောင်းဆရာဟောင်း ဦးရွှေထူး(ခ) ဦးအောင်ဇေယျ သည် ၁၉၈၈ ခု ဒီမိုကရေစီ တောင်းဆိုမှုတွင် တက်ကြွစွာပါဝင်ခဲ့သည့်အတွက် ပထမအကြိမ် ထောင်ဒဏ် သုံးနှစ် ကျခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိယအကြိမ် နိုင်ငံတော် ပုန်ကန်မှု၊ လက် နက်မှု စသည့် အမှုများဖြင့် တသက်တကျွန်း နှစ်ခါကျကာ ရှမ်းပြည်နယ် တောင်ကြီးမြို့ အကျဉ်းထောင်မှ ယမန်နေ့ည ၁၁နာရီခန့်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
၎င်းသည် မန္တလေးဇာတိဖြစ်ပြီး မြန်မာ့ တပ်မတော်မှ တပ်မဟာ(၁၃) တပ်မင်းကြီးဟောင်း ဗိုလ်မှူးကြီး ဘဖြူ ၏ ဒုတိယ မြောက် သား ဖြစ်သည်။
လွတ်မြောက်လာသည့် ဦးရွှေထူးကို ဧရာဝတီသတင်းထောက် ရန်ပိုင်က ထောင်တွင်းအခြေအနေနှင့် လက်ရှိနိုင်ငံရေး အပြောင်း အလဲ အပေါ် အမြင်များကို ဆက်သွယ် မေးမြန်းထားသည်။
မေး။    ။ ဆရာ ဦးရွှေထူးကို ဘယ်တုန်းက ဖမ်းတာပါလဲ၊ ဖမ်းဆီးစွဲချက်တင်တဲ့ ပုဒ်မများကို သိပါရစေ။
ဖြေ။    ။ ၁၉၉၈ ခုနှစ် မေလ ၃၀ရက်မှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ (က)၊ တရားမ၀င်အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၂)၊ လက်နက်ပုဒ်မ ၁၉(စ)၊ ဖောက်ခွဲပုဒ်မ ၅ အဲဒီပုဒ်မ ၄ ခုနဲ့ ဖမ်းတယ်၊ မန္တလေးထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၄၂ နှစ် ချတယ်၊ ကျွန်း နှစ်ကျွန်းနဲ့ ၂နှစ် ပြစ်ဒဏ်ချတယ်ပေါ့ဗျာ၊ ဒါပေမယ့် ကျနော်တို့ကို တရားဆိုင်ရင်ဖို့ ရှေ့နေငှားခွင့်၊ ချေပခွင့်၊ မိသားစုနဲ့ တွေ့ခွင့် ဘာတခုမှမပေးဘူး။ ကျနော့် အမှုတွဲက စုစုပေါင်း ၂၆ ယောက် ရှိတယ်၊ အများစုက ABSDF(မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-မြောက်ပိုင်း) က ပြန်လာတဲ့သူတွေ ရဲဘော်ဟောင်းတွေ ချည်းပဲ။
စစ်ကြောရေး ကာလက မန္တလေး ထောက်လှန်းရေး(၁)မှာ ၂၈ ရက်ကြာတယ်၊ အဲဒီ ၂၈ ရက်လုံးကတော့ အလူးအလဲအစစ်ခံရ တယ်။
မေး။    ။ လက်နက်မှု ဆိုတာ ဘယ်လို လက်နက်မျိုးကိုတွေ့လို့ စွဲချက် တင်ပါသလဲ။
ဖြေ။    ။ လက်နက်မှုဆိုတာဗျာ၊ အဖေက ကျနော် ၇ တန်းအောင်လို့ လက်ဆောင်ဝယ်ပေးထားတဲ့ အင်္ဂလန်နိုင်ငံလုပ် နံပါတ်ဝမ်း လေသနတ် အပျက်လေးပါ၊ အဲဒါကို လက်နက်ပုဒ်မ တပ်လိုက်တာ၊ ရှာဖွေပုံစံမှာလည်း အပျက်ဆိုတာ ပါပြီးသားပါ။
မေး။    ။ ထောင်တွင်း လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။    ။ နိုင်ငံတကာကြက်ခြေနီ(ICRC) လာရောက်ပြီးတဲ့နောက်ပိုင်းမှာတော့ ပုဒ်မ ၅ ည တွေ နိုင်ငံရေးအကျဉ်းသားတွေ အပေါ် မှာတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံလာတယ်၊ ကျွေးတာမွေးတာတွေ ကောင်းလာတယ်၊ ဒါပေမယ့် ရိုးရိုး အကျဉ်းသားတွေ အပေါ်မှာတော့ ဆက်ဆံတာ ဆိုးတယ်၊ ပုံစံအပြည့်တော့ ကျွေးပါရဲ့၊ လူတွေက မတရားများလာတယ်၊ လူ ၁၀၀ လောက်ထားရ မယ့် အခန်းတွေမှာ ၃၀၀ လောက် ထားတယ်၊ လူတွေက တယောက်နဲ့ တယောက် ထပ်နေတယ်၊ အဲ့ဒီ ဒုက္ခ တော်တော်ကြီးတယ်၊ အထဲမှာ ကျန်ခဲ့တဲ့ ရိုးရိုး အကျဉ်းသားတွေက မှာပါတယ်၊ အဲဒီလို ဖြစ်ပျက်နေတာတွေကို ဆရာတို့ ပြောပေးပါဦးလို့ မှာပါတယ်။
မေး။    ။ ICRC အဖွဲ့ အကျဉ်းထောင်တွေကို မသွားရောက်ခင် က ဘယ်လိုအခြေအနေရှိလဲ၊ တော်တော်ဆိုးလား။
ဖြေ။    ။ ကြက်ခြေနီအဖွဲ့ မလာခင်ကတော့ တော်တော်ဆိုးပါတယ်၊ ရိုက်တာတွေ နှက်တာတွေ၊ အကျွေးအမွေးမှာ ထမင်းဝ အောင် မကျွေးတာတွေ၊ အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ရတယ်၊ ကြုံရတယ်၊ အဆိုးဆုံးကတော့ ရဲဘက် ထုတ်ပြီး အလုပ်ကြမ်း ခိုင်းတာတွေပါ၊ အခုလည်း ရှိနေတုန်းပဲ။
မေး။    ။ ထောင်ထဲမှာ စာဖတ်ရတယ် ပြောကြတယ်၊ အဲဒီတော့ နိုင်ငံရေး သတင်းတွေ ဘာတွေ ကြားရလား။
ဖြေ။    ။ ဖတ်ရတယ်၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရေဒီယိုလည်း နားထောင်ရတယ်၊ စာကတော့ လွတ်လွတ်လပ်လပ် ဖတ်လို့ရ တယ်၊ ရေးလို့လည်း ရတယ်၊ အခုလည်း စာတပုဒ်ရေးနေတယ်၊ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ အချိန်ကစပြီး ဒီနေ့အထိ မပြီးသေးတဲ့ ပြည်တွင်းစစ်ကို နောက်ခံထားတဲ့ ၀တ္တုရှည်တပုဒ် ရေးနေတယ်။
မေး။    ။ ထောင်ထဲမှာ လွတ်လွတ်လပ်လပ် စာဖတ်ရတယ်ဆိုတော့၊ လက်ရှိ တိုင်းပြည်မှာဖြစ်နေတဲ့ အစိုးရအပြောင်းအလဲ၊ နိုင်ငံ ရေး အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်ပါသလဲ။
ဖြေ။    ။ စသိရချင်းမှာတော့ တော်တော်လေး သံသယရှိတယ်၊ နောက်ဆုံး ၀န်ကြီးအပြောင်းအလဲ လုပ်လိုက်တာတွေ၊ ဒေါ်အောင် ဆန်းစုကြည် လွှတ်တော်ထဲရောက်လာပြီး ရေးရာကော်မတီမှာ ပါလာတာတွေ၊ နောက်ဆုံးရန်ကုန်မှာ လုပ်သွားတဲ့ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး အထူးအစည်းအဝေး စတာတွေကို ဖတ်ရတော့၊ ပြုပြင်ပြောင်းလဲရေးတွေဘက်က အားသာလာတယ်လို့ ထင်တယ်။
မေး။    ။ အခုလို စစ်အစိုးရက နိုင်ငံရေးပုဒ်မ၊ လက်နက်ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲခံခဲ့ရတာ၊ လူအခွင့်အရေး ချိုးဖောက် ခံရ တာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ။    ။ သင်ခန်းစာတွေ များလှပါတယ်၊ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးသာ အမှန်တကယ်ရှိရင် ဒါတွေလျော့နည်းသွားမှာ ပါ၊ ဒီနေရာမှလည်း တရားဥပဒေစိုးမိုး ဖို့ အထက်ချည်းလုပ်နေလို့ မရဘူးလေ၊ ပြည်သူအားလုံးက ကိုယ့်ရပိုင်ခွင့်တို့ ၊ စောင့်ရှောက် ကာကွယ်ရမယ့် အပိုင်းတို့၊ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု၊ ဒီမိုကရေစီဆိုင်ရာ ပညာပေးမှုတွေ အများကြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ရမှာပါ။ အခုလည်း တချို့တွေ စတင်လုပ်ဆောင်နေတာကို တွေ့နေရပါပြီ။ ကျနော်လည်း တပ်မိသားစု အသိုင်းအ၀န်းကပါပဲ၊ တပ်မတော်ကိုလည်း တိုင်းပြည်တည်ဆောက်ရေးမှာ ပါဖို့ ပြောချင်ပါတယ်။
မေး။    ။ ဆရာဦးရွှေထူး လွတ်မြောက်ရေးအတွက် ပြင်ပကနေ ၀ိုင်းဝန်းကြိုးစားပေးခဲ့တဲ့ မိတ်ဆွေတွေကို ဘာများ စကားပါးချင်ပါ သလဲ။
ဖြေ။    ။ ကျနော်တို့ ရဲဘော်တွေအားလုံး ကျရာနေရာကနေ ဒီမိုကရေစီအရေး၊ လူအခွင့်အရေး လုပ်ခဲ့ကြတယ်၊ ရှေ့ကိုလည်း လုပ်ရဦးမယ်၊ ပွဲက အခုမှ စတာလို့ မြင်တယ်၊ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်း တက် မထောင်မိဖို့ လိုတယ်၊ ဂိုဏ်း ဂဃ အယူအဆ မကွဲဖို့ လိုတယ်၊ ဒီစကားပြောရတာက အဲဒီလို အကွဲအပြဲ အရိပ်အယောင်တွေ စတွေ့နေရလို့ပဲ။     ။
 http://8888goldfingers.blogspot.com
ဘကြီးသက်
Unknown at 7:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကချင်ပြည်နယ် ဖားကန့်တွင် တိုက်ပွဲရပ်စဲ

၈၈ မျိုးဆက်ကျောင်းသားတွေ ရောက်ရှိနေချိန်ရက်ပိုင်းအတွင်း ဖားကန့်မြို့မှာ သေနတ်သံ တိတ်ဆိတ်နေတဲ့အတွက် မြို့ခံတွေ ကျေနပ်နေကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုပြုံးချိုအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား  ၅ ဦးဟာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ကို ရောက်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ညကတည်းက သေနတ်သံ၊ ဗုံးသံနဲ့ အမြောက်သံတွေ တိတ်ဆိတ်ခဲ့တာဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဖားကန့်မှာတော့ ကျနော်တို့မရောက်ခင် ညအထိကတော့ တိုက်ပွဲတွေ ရှိနေတုန်းပဲ။ ကျနော်တို့ ရောက်သွားတာနဲ့တပြိုင်တည်း တိုက်ဆိုင်တာပဲ ပြောရမလား၊ နားလည်မှုရှိရှိပဲ ဆိုရမလား၊ ကျနော်တို့ရဲ့ စိတ်ရင်းစေတနာအပေါ်မှာ သူတို့ရဲ့ တုံ့ပြန်ချက်လို့ပဲ ထင်မှတ်ပါတယ်။ နှစ်ဖက်သော အဖွဲ့တွေက အပစ်အခတ် ရပ်စဲသွားတယ်။
“ဒီနေ့ထိ သေနတ်သံတွေ လုံးဝတိတ်ဆိတ်သွားတဲ့အတွက်ကြောင့် ဖားကန့်တနယ်လုံးက အင်မတန်မှ ၀မ်းမြောက်ကြည်နူးတယ်။ သူတို့တွေ လမ်းပေါ်တွေမှာ တက်ပြီးတော့ အောင်ပွဲခံကြ တယ်။ လမ်းမတွေပေါ်မှာ ကလေးတွေရော၊ အမျိုးသမီးတွေရော၊ လမ်းလျှောက်နေကြတယ်။ ကျနော်တို့ကို ပြောပြတယ်။ အဲလို ညဆို အပြင်မထွက်ရဲခဲ့တာ သူတို့မှာ ကြာခဲ့ပါပြီတဲ့။ အခုတော့ သေနတ်သံတွေ တိတ်ဆိတ်သွားတဲ့နေ့တွေ နေ့တိုင်းဖြစ်သင့်တယ်၊ ညတိုင်းလည်းဖြစ်သင့်တယ်။ အခု ကျောင်းတွေ ပြန်ဖွင့်ပြီ။ ကလေးတွေ ကျောင်းပြန်တက်နေကြပြီ။ ကျနော်တို့ အဲမြင်ကွင်းတွေကို ထာဝရပန်းချီကားတချပ်လို ရေးခဲ့ချင်ပါတယ်။ ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းသိမ်းကြဖို့ အားလုံးမှာ တာဝန်ရှိသလို ကျနော်တို့ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ အမြဲမပြတ်စောင့်ကြည့်နေပါ့မယ်လို့ အားလုံးကို အသိပေးခဲ့ပါတယ်”  လို့ ပြောပါတယ်။
သူတို့ မရောက်ခင်ကတည်းက ပစ်ခတ်သံတွေ ရပ်သွားတာဖြစ်တဲ့အကြောင်းနဲ့ ဒေသခံတွေ စိတ်ခံစားမှုတွေကို ဖားကန့်မြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ရဲ့ ညီလာခံဖြစ်မြောက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ခုလို ပြောပါတယ်။
“ထူးခြားမှုကတော့ သူတို့လာတဲ့အချိန်မှာ လူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ကင်းသွားတာပေါ့။ သူတို့က ည ၈ နာရီလောက် မြို့ထဲရောက်လာတာဆိုတော့ သူတို့မရောက်ခင်အချိန်ဆို အဲ့အချိန်ကာလဟာ ညဆို စစ်သားတွေက ကင်းလှည့်တဲ့အချိန်ဆိုတော့ လူထုတွေက ကျီးလန့်စာစားဖြစ်နေကြတာပေါ့။ သူတို့ရောက်လာတဲ့အချိန်ကြတော့ လူထုရဲ့စိတ်မှာပေါ့ပါးသွား တာပေါ့။ သူတို့ကိုလည်း အားလုံးက လိုလိုလားလားနဲ့ ကြိုဆိုကြတယ်။ နောက်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နေခွင့်ရတော့မယ်ဆိုပြီး ထင်နေကြသူတွေလည်းရှိတယ်။”
စက်တင်ဘာ ၁၇ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ မြို့ပေါ်က ရပ်မိရပ်ဖတွေ၊ ဘာသာအသီးသီးကပုဂ္ဂိုလ်တွေနဲ့ အလွှာအသီးသီးက အပါအ၀င် ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖားကန့်ဒေသ အပါအ၀င် ကချင်တပြည်နယ်လုံးနဲ့  တနိုင်ငံလုံး တိုက်ပွဲတွေရပ်စဲဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီနေ့မှာတော့ သူတို့အဖွဲ့ဟာ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ထွက်ခွာခဲ့ကြပြီး မြို့ပြင် ဘက်နားက မြဦးစေတီဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ စစ်ရှောင်ဒုက္ခသည် ၅၀၀ ခန့်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ သူတို့ဟာ မနက်ဖြန်မနက်ကျရင် မိုးကောင်းမြို့မှာ “ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး” ဟောပြောပွဲလုပ်မှာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး စီမံချက်ကစတင်ပြီး အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အကြား အပစ်အခတ်ရပ် သဘောတူညီချက် ပျက်ပြားခဲ့ ရတာဖြစ်ပါတယ်။
By အေးနိုင် (ဒီဗွီဘီ)

ဘကြီးသက်
Unknown at 6:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး များ ပြောင်းလဲ တာဝန်ပေး

အစိုးရ အဖွဲ့ အပြောင်းအလဲများ ဆက်တိုက်ပြုလုပ်နေသည့် ဦးသိန်းစိန် အစိုးရ အဖွဲ့က ပြည်ထောင်စု ဝန်ကြီးဌာနများ၏ အကြီးအမှူးနေရာများကို ပြောင်းလဲတာဝန်ပေးအပ်ကြောင်း ယနေ့ ပြန်ကြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတသည် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး ရာထူးနေရာများတွင် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့် နေ့မှစ၍ အစမ်း ခန့်ထား လိုက်သည်။

အမည်၊ ရာထူး၊ ဌာန

ပြောင်းလဲခန့်ထားသည့် ရာထူးဌာန

(၁) ဗိုလ်မှူးကြီးလှထွန်း ကာကွယ်ရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သမ္မတရုံး
(၂)ဗိုလ်မှူးကြီးဇော်သန်းသင်း၊ ကာကွယ်ရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး
(၃) ဦးအောင်မော်၊ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၄)ဦးကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး
ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ပြန်ကြားရေးဝန်ကြီးဌာန
(၅)ဦးစံရွှေအောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ရေးရာဝန်ကြီးဌာန
(၆)ဦးမောင်မောင်ဝင်း၊ ဒုတိယဥက္ကဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ညွှန်ကြားရေးမှူးချုပ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(၇)ဦးနေအေး၊ ဒုတိယဥက္ကဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ညွှန်ကြားရေးမှူးချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
(၈)ဦးတင့်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပြန်ကြားရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြန်ကြားရေးဝန်ကြီးဌာန

ဘကြီးသက်
Unknown at 12:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဂ္ဂလိက ယာဉ်လိုင်းသစ် ဒဂုံမြို့ သစ် (အရှေ့ ပိုင်း)တွင် ပြေးဆွဲမည်

 
ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)က တာဝန်ယူ ပြေးဆွဲလျက် ရှိသော ရန်ကုန်မြို့ တွင်း ဘတ်စ်ကားလိုင်း တစ်ခုဖြစ်သည့် မထသ (၃၆) အဖြူ အစား မေတ္တာလှိုင်း မော်တော်ယာဉ် အသင်းသစ်ကို အောက်တိုဘာလတွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားသည်။

မေတ္တာလှိုင်း မော်တော်ယာဉ် အသင်းမှာ Omni Focus Co.,ltd ကဦးစီး တည်ထောင်ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့က လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

အဆိုပါ မော်တော်ယာဉ် အသင်း အနေဖြင့် ဟွန်ဒိုင်း Aero City Bus 2002, 2003 ကားအမျိုးအစား အစီး ၂၀၀ ခန့်ဖြင့် ရန်ကုန်မြို့ တွင်း ပြေးဆွဲမည် ဖြစ်ပြီး လတ်တလော ပြေးဆွဲမည့် မေတ္တာလှိုင်း (၁) အနေဖြင့် ကားအစီး ၂၀ ဖြင့် ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) ရွာသာကြီး(စိတ်ကျန်းမာရေး ဆေးရုံ) မှ မင်္ဂလာဈေး အထိ ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

"လောလောဆယ် ၃၆ အစားထိုးမယ့် ကားတွေ မထွက်သေးတော့ သွားရေးလာရေးက အတော် အခက်အခဲ ဖြစ်နေကြတယ်" ဟု ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တက်ရောက် ကုသနေသော လူနာရှင် တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

ဘကြီးသက်
Unknown at 12:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချစ်ပုံပြင်....



Lon Ely


ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့.. သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....
ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့..... ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့...

. အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ....

. အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ.... ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့...
.
. ဥယျဉ်မှုးလေးကလည်း.. သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော..


. မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့...

. ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့..... တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါလေရောတဲ့...

.
သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....

သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့

အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့...

. မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့..

.. ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့

ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့..

. ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်..... ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့....

. သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါဆင့်ကို ရောက်သတဲ့..

. ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း...

. ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...

မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့...... ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ....... ......

. ............... ........................... စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်...

... ပုံပြင်လေးကတော့ ဒါပါပဲကွယ်......

သူငယ်ချင်းတို့တွေလဲ ဒီပုံပြင်လေးကို နမှုနာယူပြီး ဓာတ်ကြိုးနဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့ သင်ခန်းစာယူနိုင်ကြပါစေကွယ်....

ရီမောပျော်ရွှင်ပီး ဓါတ်ကြိုးလွတ်ပါစေ...တိန်..



လူဗိုလ် ဟူသည်...
ဘကြီးသက်
Unknown at 11:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် စတင်ရောင်းချမည်





ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့် ကတ်များကို စက်တင်ဘာ တတိယပတ် အတွင်း စတင်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့် ကတ်များနှင့် ပက်သက်ပြီး E-Lite မှ တာဝန်ရှိသူတစ်ဦးက ''အမြန်ဆုံး ရောင်းနိုင်အောင် ပြုလုပ်နေပါတယ်။ တစ်ခုတည်းက ထုတ်မှာမဟုတ်ပါဘူး။ နောက်ထပ် ကုမ္ပဏီနှစ်ခုကလည်း ထုတ်မှာပါ။ ထုတ်တဲ့ကတ်တိုင်းမှာ ထုတ်တဲ့ကုမ္ပဏီ အမှတ်အသား ပါမှာပါ'' ဟု ပြောကြားသည်။ ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်များ၏ အရောင်မှာ CDMA 800 MHz သည် ခဲရောင်ဖြစ်၍ 450 MHz ဆိုလျှင် ရွှေဝါရောင်ဖြစ်ပြီး GSM ဆိုလျှင် စိမ်းပြာရောင်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express

ဘကြီးသက်
Unknown at 11:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီလမ်းက လိုင်စင်မဲ့ ဆိုင်ကယ် ဘယ်သူက အရေးယူမှာလဲ



Photo

မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီလမ်းက လိုင်စင်မဲ့ ဆိုင်ကယ် ဘယ်သူက အရေးယူမှာလဲ

By Yatanarpon 17 September, 2012 - 22:07
စက်တင်ဘာလ ၁၇ ရက်။    ။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်ထဲက ရွှေနှင်းဆီလမ်းမှာ  လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ကလေးသူငယ်များပါမကျန် စီးနင်းနေတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းမှာ မော်တော်ဆိုင်ကယ်များ စီးနင်းခွင့်ကို ၂၀၁၀ ခုနှစ်လောက်ကတည်းက တရားဝင် ပိတ်ပင်ထားပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် ယခုအခါမှာ အဆိုပါ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များကို မြို့စွန်ရှိ မြို့နယ်အတော်များများမှာ စီးနင်းနေကြပြီး၊ အချို့သော မော်တော်ဆိုင်ကယ် မောင်းနှင်သူများဟာ အလုပ်အကိုင် ရှားပါးမှုကြောင့် ရပ်ကွက်နေ အများပြည်သူများ ဘတ်စ်ကားမှတ်တိုင်နဲ့ အလှမ်းကွာဝေးသူများကို ကယ်ရီပို့ဆောင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေကြသူများ ဖြစ်ကြပြီး၊ ထိုသို့ ယာဉ်မောင်းနှင်ရာတွင် အဓိက ရှိရမယ့် ယာဉ်မောင်းလိုင်စင် မရှိခြင်း၊ ယာဉ်စည်းကမ်းများကို နားမလည်ခြင်း၊ မော်တော်ယာဉ် မောင်းနှင်ရာ လမ်းမကြီးများပေါ်သို့ ပြောင်ပြောင်တင်းတင်း တက်၍ မောင်းနှင်ခြင်းများကြောင့်လည်း မကြာခဏ ဆိုသလို ယာဉ်တိုက်မှုများ ဖြစ်ပွားကာ အသက်ဆုံးရှုံးရမှုများ တွေ့ရပါတယ်။

“ကျွန်တော်ပြောလိုတာက သူတို့တတွေ လုပ်ကိုင်စားနေကြတာကို မပြောလိုပါဘူး ဒါပေမယ့် မော်တော်ဆိုင်ကယ် စီးနင်းတဲ့ ကလေးတွေ အနေနဲ့ ရပ်ကွက်နေ ပြည်သူ လမ်းသွားလမ်းလာတွေကိုတော့ အလိုက်တသိ သတိနဲ့ မောင်းနှင်သင့်တယ်၊ နောက်ပြီး ဒီဆိုင်ကယ်တွေကို သူတို့ကိုယ်ပိုင် မဟုတ်ကြဘူး ရပ်ကွက်ထဲမှာ ငွေကြေး တတ်နိုင်တဲ့သူက ဆိုင်ကယ်တစ်စီးကို တစ်ရက် အုံနာကြေး ၁၅၀၀ ကျပ်နဲ့ ပေးပြီး သူတို့ မောင်းနေကြတာ၊ နောက်ပြီး အဲဒီ အုံနာက ပြောတာ ဒီအရပ်အတွင်းမောင်း လမ်းမကြီးပေါ်ကို မတက်နဲ့ ဒီရပ်ကွက်အတွင်းမှာ ဖြစ်တဲ့ ပြဿနာ သူတာဝန်ယူတယ်လို့ ပြောတယ် ရပ်ကွက်အာဏာပိုင်တွေနဲ့ ဘယ်လို အပေးအယူ ရှိတယ်ဆိုတာတော့ မပြောတတ်ဘူး၊ သူတို့မှာ တကယ်ယာဉ်မောင်းလိုင်စင်လည်း ဘယ်သူမှ မရှိဘူး ပိုဆိုးနေတာက အသက် ၁၃ နှစ် ၁၄ နှစ် ကလေးတွေ မောင်းနေကြတာ မတော်လို့ လူတွေ ကားတွေနဲ့ တိုက်မိရင် နှစ်ဖက်စလုံး ထိခိုက်ကြမှာပါ ကားနဲ့ တိုက်မိရင်တော့ မှားတာမှန်တာနောက် အရင်ဆုံးက ကားသမား အရင်ခံရမှာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာက ကိုယ်ပိုင်ကားရှိတဲ့လူက တော်တော်များတယ် လမ်းထဲကို ကားဝင်လာရင်လည်း သူတို့ကို မနည်း ရှောင်နေရတာလေ၊ ဒါတွေကို တာဝန်ရှိတဲ့ ရပ်ကွက်လူကြီးတွေကလဲ မပြောကြဘူး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကလဲ မလာဘူး ဒီလို အခြေအနေမှာ သူတို့ ပိုပြီး အတင့်ရဲရဲလာတယ် ညညဆိုရင် ၁၁ နာရီ ၁၂ နာရီဆိုရင် လီဘာကို အရမ်းဆွဲဆွဲပြီး မောင်းပြေးကြတာ ခရီးသည်ပါလို့လဲ မဟုတ်ဘူး သက်သက် သူတို့ချင်း အမောင်းပြိုင်နေကြတာလေ အင်မတန်မှ သူတို့အတွက်ရော ရပ်ကွက်နေ ပြည်သူတွေအတွက်ပါ အန္တရာယ်များလို့ပါလို့ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောပြပါတယ်။

ယခုလို လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မြို့စွန်ရပ်ကွက်များမှာ မကြာခဏဆိုသလို ယာဉ်တိုက်မှုများ ဖြစ်ပွားနေပြီး တာဝန်ရှိ မြို့နယ် ရဲစခန်းမှ ရဲဝန်များနဲ့ ယာဉ်ထိန်းများမှ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးရာတွင်လည်း တစထက်တစ ပိုမို၍ပင် မော်တော်ဆိုင်ကယ် များပြားလာကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင် မော်တော်ဆိုင် မစီးနင်းရဆိုတဲ့ တရားဝင်အမိန့် တည်ရှိနေသော်လည်း လိုက်နာမှု အားနည်းကြောင်း၊ ယခုလက်ရှိတွင် မော်တော်ကားများဟာ ရန်ကုန်မြို့တော်တွင် အဆမတန် များပြားလာပြီ ဖြစ်ကြောင်း၊ လမ်းများပေါ်တွင် မော်တော်ယာဉ်များတောင် ယာဉ်ကြော ကျပ်သိပ်မှုများ ဖြစ်ပွားနေကြောင်း၊ မော်တော်ဆိုင်ကယ်များ ယခုလို စည်းကမ်းမဲ့ စီးနင်းခြင်းအားဖြင့် ယာဉ်အရေအတွက် များနေသော ယခုအချိန်တွင် ယာဉ်တိုက်ခိုက်မှုများ ပိုမိုများပြားလာနိုင်ကြောင်းကို အထက်ပါ ရပ်ကွက်မှ ပြည်သူတစ်ဦးက သုံးသပ် ပြောဆိုပါတယ်။

ယာဉ်စည်းကမ်း ထိန်းသိမ်းရေးမှ တာဝန်ရှိသူများ အနေနဲ့ အဆိုပါ တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို မြို့နယ်အလိုက် စနစ်တကျ အရေးယူ ဆောင်ရွက်သင့်တယ်လို့လည်း ပြောပြလို့ သိရပါတယ်။

ဘကြီးသက်
Unknown at 10:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.