Tuesday, September 18, 2012

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး များ ပြောင်းလဲ တာဝန်ပေး

အစိုးရ အဖွဲ့ အပြောင်းအလဲများ ဆက်တိုက်ပြုလုပ်နေသည့် ဦးသိန်းစိန် အစိုးရ အဖွဲ့က ပြည်ထောင်စု ဝန်ကြီးဌာနများ၏ အကြီးအမှူးနေရာများကို ပြောင်းလဲတာဝန်ပေးအပ်ကြောင်း ယနေ့ ပြန်ကြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတသည် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး ရာထူးနေရာများတွင် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့် နေ့မှစ၍ အစမ်း ခန့်ထား လိုက်သည်။

အမည်၊ ရာထူး၊ ဌာန

ပြောင်းလဲခန့်ထားသည့် ရာထူးဌာန

(၁) ဗိုလ်မှူးကြီးလှထွန်း ကာကွယ်ရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သမ္မတရုံး
(၂)ဗိုလ်မှူးကြီးဇော်သန်းသင်း၊ ကာကွယ်ရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး
(၃) ဦးအောင်မော်၊ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၄)ဦးကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး
ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ပြန်ကြားရေးဝန်ကြီးဌာန
(၅)ဦးစံရွှေအောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ရေးရာဝန်ကြီးဌာန
(၆)ဦးမောင်မောင်ဝင်း၊ ဒုတိယဥက္ကဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ညွှန်ကြားရေးမှူးချုပ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(၇)ဦးနေအေး၊ ဒုတိယဥက္ကဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ညွှန်ကြားရေးမှူးချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
(၈)ဦးတင့်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပြန်ကြားရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြန်ကြားရေးဝန်ကြီးဌာန

ဘကြီးသက်
Unknown at 12:14 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.