Tuesday, September 18, 2012

ပုဂ္ဂလိက ယာဉ်လိုင်းသစ် ဒဂုံမြို့ သစ် (အရှေ့ ပိုင်း)တွင် ပြေးဆွဲမည်

 
ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)က တာဝန်ယူ ပြေးဆွဲလျက် ရှိသော ရန်ကုန်မြို့ တွင်း ဘတ်စ်ကားလိုင်း တစ်ခုဖြစ်သည့် မထသ (၃၆) အဖြူ အစား မေတ္တာလှိုင်း မော်တော်ယာဉ် အသင်းသစ်ကို အောက်တိုဘာလတွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားသည်။

မေတ္တာလှိုင်း မော်တော်ယာဉ် အသင်းမှာ Omni Focus Co.,ltd ကဦးစီး တည်ထောင်ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့က လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

အဆိုပါ မော်တော်ယာဉ် အသင်း အနေဖြင့် ဟွန်ဒိုင်း Aero City Bus 2002, 2003 ကားအမျိုးအစား အစီး ၂၀၀ ခန့်ဖြင့် ရန်ကုန်မြို့ တွင်း ပြေးဆွဲမည် ဖြစ်ပြီး လတ်တလော ပြေးဆွဲမည့် မေတ္တာလှိုင်း (၁) အနေဖြင့် ကားအစီး ၂၀ ဖြင့် ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) ရွာသာကြီး(စိတ်ကျန်းမာရေး ဆေးရုံ) မှ မင်္ဂလာဈေး အထိ ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

"လောလောဆယ် ၃၆ အစားထိုးမယ့် ကားတွေ မထွက်သေးတော့ သွားရေးလာရေးက အတော် အခက်အခဲ ဖြစ်နေကြတယ်" ဟု ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တက်ရောက် ကုသနေသော လူနာရှင် တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

ဘကြီးသက်
Unknown at 12:11 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.