Thursday, August 16, 2012

ပြင်ရန်ခက်သည့် လက်ခုစုပ်လိုဖြစ်နေသောအစိုးရ၀န်ထမ်းများ

အ၀တ်တခုဟာ လက်ခုစုပ်ဖြစ်သွားလျင် ဘယ်လောက်ပဲ ဘယ်နှစ်ကြိမ်းပဲ လျှော်လျှော် မူလ ပကတိ အနေအထားတော့ ပြန်မဖြစ်လာတော့ပါ။ စွန်းထင်ပေကျန်နေသော အညစ်အကြေး များ အစွန်းများ အကွက်များအဖြစ် ဆက်ပြီး ညစ်ပတ်ပေတေနေလျက်ပါ။ ဒါကြောင့် လက်ခု စုပ်ဆိုတာ ဘယ်လောက်ပဲ လျှော်လျှော် လုံးဝ သန်.ရှင်းစင်ကြယ်ဖို. အကောင်းပကတိ ပြန် ဖြစ်ဖို.မလွယ်ပါ။

အခုလည်း မြန်မာပြည်က အစိုးရ၀န်ထမ်း ပြည်သူ.၀န်ထမ်းအများစုဟာ အဲဒီလို ဖြစ်နေပါ သည်။ လာဒ်စားတာ အကျင့်ပျက်တာ အဂတိလိုက်စားတာ အလွှဲသုံးစာပြုချင်တာ ဒီအကျင့် တွေ ဒီစရိုက်တွေဟာ ၀န်ထမ်းတွေရဲ့စိတ်ထဲမှာ လက်ခုစုပ်တွေလိုပဲ အတော်ကို ညစ်ပတ် ပြီး အစွန်းအကွက်တွေအဖြစ် ကျန်ရစ်နေပါပြီ။ 
ဒီဟာတွေ ပြန်ကောင်းလာအောင် ပြန်ပြီး အသစ် လို ဖြစ်လာအောင် သန်.ရှင်းစင်ကြယ်လာအောင် ကျိုးစားဖို.ကတော့ အတော် မလွယ်တဲ့ ကိစ္စပါ။ လက်ခုစုပ်လို စွဲသွားပြီဆိုမှတော့ အစွန်းအထင်းတွေ မကျန်အောင် ပြန်လျှော်ဖို. ပြန် လုပ်ဖို.ကတော့ အတော်မလွယ်သလို အချိန် အများကြီးယူရမည့်ကိစ္စပါ။

အစိုးရ၀န်ထမ်းလို. ပြောတဲ့အခါ စစ်တပ်၊ ရဲ၊ လ၀က၊ အကောက်ခွန်၊ တရားသူကြီး စတဲ့ သူတွေလောက်တင် ဆိုလိုတာမဟုတ်ပဲ ကျောင်းဆရာတွေ သူနာပြုတွေ အလုပ်သမားဝန်ကြီး ဌာနမှ အစ စာတိုက်နဲ. ကြေးနန်းအဆုံး စစ်ဖက် အရပ်ဖက် ၀န်ထမ်းတိုင်းကို ဆိုလိုတာပါ။ အခုခေတ် ခိုးနေ ၀ှက်နေ အလွဲသုံးစားလုပ်ပြီး အကျင့်ပျက်နေတာ အစိုးရ၏ ဌာနဆိုင်ရာတိုင်း လိုလိုပါ။ မခိုးမ၀ှက် အကျင့်မပျက် လာဒ်မစားတဲ့ အလွဲသုံးစား မလုပ်တဲ့ ဌာနဆိုတာ မရှိသလောက်ပါ။ နောက်ဆုံး သာသနာရေးဌာနလည်း မလွတ်ပါ။
မြန်မာပြည်က ၀န်ထမ်းတွေဟာ သူတို.ကိုယ် သူတို. Public Service-PS လူထုနဲ. ပြည်သူကို အကျိုးပြု ၀န်ဆောင်မှုတွေ ပေးနေရတဲ့ ၀န်ထမ်းတွေ အသိပညာရှင် အတတ်ပညာရှင်တွေ Professionals တွေလို. မခံယူပဲ--- တို.ရုံး တို.စားပွဲ ရောက်လာရင်တော့ တို.အလှည့်ပဲ ဆိုတဲ့ အသိက ပိုပြီး ခေါင်းထဲမှာ ရှိနေဖြစ်နေ အကျင့်ပျက်ပြီး ချစားနေခြင်းပါ။

မြန်မာဝန်ထမ်းတွေကို လေ့လာရင် အများစုက Profession မဖြစ်ပါ။ ရက်ချိန်းယူ Appoinment တောင်းပြီး တွေ.ဆုံတာနည်းပါသည်။ အစည်းအဝေးမှတ်တမ်းတွေကို စနစ်တကျ ပြင်ဆင်တာ မှတ်တမ်းတင်တာ ဆွေးနွေးမည့် အကြောင်းအရာတွေ-Meeting Agenda တွေကို ကြိုတင်ပြီး စနစ်တကျနဲ. ပြင်ဆင်တာ သက်ဆိုင်သူကို အသိပေးတာမျိုး အတော် နည်းပါသည်။ သေခြာ ရက်ချိန်းယူပြီး တွေ.ဆုံဆွေးနွေးဖို.လုပ်ထားလျင်လည်း အချိန် နီးကပ်ပြီးမှာ ယုတ္တရက်နဲ. အစည်းအဝေးကို ပြောင်းရွှေ.တာ ဖျက်သိမ်းတာ နေရာနဲ. အချိန်ပြောင်းတာတွေကို လုပ်တတ်ပါသည်။ မြို.နယ် ခရိုင်အဆင့်အရာရှိတွေကိုယ်တိုင် စနစ်တကျနဲ. Time Table and Schedule သေခြာမရှိပဲ ကြုံသလိုနဲ. တွေ.မယ်ပြောပြီး တကယ်လည်း အစည်းအဝေးစခါနီးမှ အရေးကြီးကိစ္စရှိလို. အထက်လူကြီးလာလို.ဆိုကာ အစည်းအဝေးပွဲတွေကို သေခြာ အကြောင်းမကြားပဲ လူတွေကို လည်တဆန်.ဆန်.နဲ. ပြန်လာမလား ပြန်မလာဘူးလား မသိရပဲ ရုံးမှာ ထိုင်စောင့်ရတဲ့အဖြစ်ဟာလည်း မြန်မာပြည်က အစိုးရဌာနတိုင်းလိုပါ။

တခုခုကို သိချင်လို. သက်ဆိုင်ရာအစိုးရ၏ ဌာနကို ဆက်သွယ်မေးမြန်းတာ စုံစမ်းတာလုပ်ရင် လည်း ကိုယ့်ဌာနရဲ့ မူဝါဒနဲ.လုပ်ငန်းစဉ်တွေကို သေသေခြာခြာ ရှင်းမပြနိုင်ပဲ လူကြီးလာမှ မေးကြည့်ပါ ကျနော် မသိပါ။ ကျမ မသိပါဆိုတဲ့ အစိုးရ၀န်ထမ်းတွေကလည်း ဌာနတိုင်းမှာပါ။

ဖုန်းဆက်ရင်လည်း ဖုန်းပြန်မခေါ်။ မှာထားရင်လည်း ပြန်မပြော။ အီးမေးလ်ပို.ရင်လည်း အကြောင်းမပြန်တာက များတော့ ဘယ်မှာလည်း Professionalism. ဘယ်မှာလည်း ပြည်သူ.၀န်ထမ်း၏စံ Public Service. ဘယ်မှာလည်း Customer Service and Customer Satisfaction ဆိုတာ မြန်မာပြည်က အစိုးရဌာနတွေမှာ မရှိတဲ့အရာပါ။ ဒါကြောင့်လည်း လူတွေက ဖြစ်နိုင်ရင် အစိုးရရုံးကို မသွားချင်ပါ။ ပွဲစားကို ငွေပေးပြီး ကုန်ကျတာချင်းအတူတူ စိတ်အနှောက်အယှက် နည်းတာမို. ငွေပေးပဲ ခိုင်းကျတာပါ။ သို.မဟုတ် ဒီလို ပွဲစားယဉ်ကျေးမှု ဖြစ်အောင်ပဲများ တမင်ဖန်တီးထားသလာဆိုတာလည်း စဉ်းစားစရာပါ။ သေခြာတာကတော့ အစိုးရဌာနတွေ အစိုးရ၀န်ထမ်းတွေနဲ. ဆက်ဆံရတာ လူတွေမှာ အတော်ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲပြီး ငွေလည်း ပေးရ ဆရာလည်း ခေါ်ရဖို. လူအများစု မလုပ်ချင်တဲ့အထဲမှာ အစိုးရ ရုံး ကန်း ကနားတွေနဲ. မပတ်သက်ချင်တဲ့အရာ ဖြစ်ပါသည်။

အစိုးရ ရုံးတွေကို သွားလျင်လည်း ပိုးမျှင်တွေ တလို. တလှမ်းနဲ.။ မှတ်စု မှတ်တမ်း စာအုပ်တွေ ကလည်း နုတ်ခမ်းတွေ လှမ်နေပြီး ဖုန်တွေနဲ. ညစ်ပတ် ပေကျန်နေတတ်ပါသည်။ မြို.နယ် ခရိုင် ပညာရေးမှူး၏ ရုံးတွေ စားပွဲနဲ. ကုလားထိုင်းကလည်း လမ်းဘေးမှာ ၂လုံး ကိုင်တဲ့ ချဲဒိုင် အဆင့်တောင် မရှိတော့ ဘယ်လို လုပ်ပြီး လူတွေရဲ့ ယုံကြည်လေးစားမှု အားကျမှု Impressionက ရှိတော့မှာလည်း။
အထောက်အထား စာရွက်စာတမ်းတွေ ထောက်ခံစာတွေ သွားတောင်ရင်လည်း မဖြစ်နိုင်တာ မရှိတာက အရင် စပြောပြီး အဲဒါကိုက လူတွေကို ချောချောမောမောနဲ. အဆင်ပြေအောင် ပြေလည်အောင် ကူညီမယ်ဆိုတဲ့ စိတ်ထားထက် ငွေရအောင်ဘယ်လို ခြူရမလဲ ညစ်ရမလဲ ပြသာနာရှိတယ် မလွယ်ဘူး ဆိုတဲ့ သဘောနဲ. ငွေ ညစ်ဖို.က ခေါင်းထဲ အရင် စဉ်းစားနေတဲ့ အကျင့်တွေက များပါသည်။

အစိုးရ၀န်ထမ်းအများစုဟာ အချိန်မှန်မှန်နဲ. ပုံမှန် ရုံးတက်တာ နည်းပြီး အများစုက လက်ဘက် ရည်ဆိုင်မှာ တထွေးကြီး တပြုံကြီး စုထိုင်နေတတ်တာလည်း အတော် အရုပ်ဆိုးပါသည်။ နောက်ဆုံးကတော့ အစိုးရဌာနဆိုင်ရာတွေမှာ တကိုယ်ရေ သန်.ရှင်မှု Hygeign အားနည်းပြီး စာအုပ်တွေ ဖိုင်တွဲတွေကလည်း တလို. တွဲလောင်း စားပွဲပေါ်မှာလည်း စာအုပ်အဟောင်းတွေ
က တပုံခေါင်း-- တခုခု လိုလို.ရှာမယ်ဆိုရင်တောင် ၄ မိနစ်နဲ. ပြီးမည့်အလုပ်က တနေကုန်ရှာ ရသလို ဖြစ်နေပါသည်။ Organization Skills မရှိ။ အထောက်အထားတွေကို စနစ်တကျနဲ. Filing လုပ်တာ။ အချက်အလက်နဲ. အထောက်အထားတွေကို Data Entry လုပ်တာ။ Documentation အပိုင်းမှာ အတော်ကို ချာတူးလှန်နေတာပါ။ ဒီတော့လဲ ၅ မိနစ်နဲ. ပြီးရမည့် အလုပ်က ဖိုင်ရှာမတွေ.လို. စာရွက်ရှာတာ မရလို. မှတ်ထားတဲ့ဟာလေး မတွေ.တော့ ချွေးတလုံးလုံးပြန်အောင် ဇောချွေးပြန်အောင် ရှာရတာတွေ ဖြစ်ကုန်ပါတယ်။ ဒါကြောင့် အချိန်လိုက်ပြီး အလုပ်လုပ်တတ်တဲ့ အချိန်ကို စနစ်တကျ အကျိုးရှိအောင် သုံးတတ်တဲ့ Time Management ဆိုတာ မကြားဖူးသလောက်ပါ။

အစိုးရရုံးကို လာရင် လူတွေ ထိုင်စောင့်ရတာ တနေကုန် တနေခန်း နေရတဲ့အလုပ်ဟာ ရှက်စရာလို. မမြင်ပဲ ဒါမြန်း ဆန်းတာမှတ်လို. ထုံးစံပဲ စောင့်ရမှာပဲလို. ၀န်ထမ်းအများစုက ထင်နေ ခံယူနေတဲ့ တလွဲး အမှတ်မှားခြင်းပါ။ ။ ဒီထက် ၀န်ဆောင်မှု ကောင်းအောင် ပြည်သူတွေ သက်တောင့်သက်သာရှိအောင် မလိုအပ်ပဲ လူတွေ တန်းစီ စောင့်စရာမလိုပဲ ဘယ်လိုမျိုးနည်းဖြင့် စီမံခန်.ခွဲ Management ပေးရမလဲ ဆိုတာ မစဉ်းစားပဲ ကိုယ့်ဌာနမှာ လူတွေ အုံနေတာ လူတွေ တန်းစီနေရတာ  အဲဒီအချိန်မှာ ကိုယ့်က အစိုးရ ၀န်ထမ်း အရာရှိအဖြစ်နဲ. ရုံးထဲကနေ ၀င်လိုက် ထွက်လိုက် လုပ်နေရတာကို အာရုံယူ ပနာယူနေတဲ့ အကျင့်ပျက် အလိုက်မသိတဲ့ ၀န်ထမ်းတွေလည်း အများကြီးပါ။

ဌာနပိုင်တဲ့ ကားတွေ ရုံးတွေ အဆောက်အဦးတွေကိုလည်း ကိုယ်ပိုင်ပစ္စည်တွေလို သုံးစွဲတဲ့အပြင် ရုံးမှရှိတဲ့ လက်အောက် ငယ်သားတွေကိုလည်း အိမ်မှာ ခေါ်ခိုင်တဲ့ လက်တိုလက်တောင်းလိုပဲ ဈေးချင်းဆွဲရတာ ဈေးဝယ်ပေးရတာ။ ကလေးတွေအတွက် ကျောင်းကြို ကျောင်းပို. လုပ်ရတာ-- အစိုးရ၏ တာဝန်နဲ.မဆိုင်ပဲ အရာရှိတွေ၏ ခိုင်းဖတ်တွေလိုပါ လုပ်ရတာမို. ဒါဟာလည်း အလွဲးသုံးစား လုပ်မှု Mis-use and abuse တမျိုးပါ။ ပြည်သူ.၀န်ထမ်းက အရာရှိ ခိုင်းဖတ်ဖြစ်သွားတာတွေ အများကြီးပါ။

အစိုးရ၀န်ထမ်းတွေရဲ့ ပြောင်းလဲဖို. ပြုပြင်ဖို. ခက်ခဲနေတဲ့ အကျင့် ဆိုး ဥာဉ်ဆိုးတွေကို ပြောတဲ့အခါ အစိုးရမှာလည်း တာဝန်ရှိပေမယ့် အများစုကတော့ ၀န်ထမ်း တဦးချင်းစီနဲ.က ပိုပြီး သက်ဆိုင်တယ်လို. ဆိုချင်ပါတယ်။ တခုခုဖြစ်တိုင်း အစိုးရလို. ပြောဖို. ခက်ပါတယ်။ သို.သော် ၀န်ထမ်းတဦးချင်းစီကလည်း တာဝန်ယူ တာဝန်ခံပြီး ပြည်သူ.၀န်ထမ်းဆိုတာ ဘာလည်းဆိုတာ သိဖို. ပြုပြင်ဖို. လိုပါမည်။ ။

သို.သော်လည်း အခုလိုမျိုး ၀န်ထမ်းတွေ အကျင့်ပျက်တာ အလွဲသုံးစား လုပ်တာ လာဒ်ပေး လာဒ်ယူပြီး အဂတိလိုက်စားခဲ့တာတွေဟာ အချိန်တွေ ကြာပြီး နေသားတကျဖြစ်နေတော့ ယဉ်ကျေးမှုတခုလို ဖြစ်နေတော့ Institutional Corruption ဖြစ်နေတော့ ဒီအခြေအနေတွေ
ကို ပြုပြင်ဖို. ဆိုရင် အတော်ကို အတော်ကို အချိန်ယူရမည်ဖြစ်ပါသည်။ လူအား ငွေအား နည်းပညာအားနဲ. အချိန် များများယူပြီး လျှော်ဖွတ်ရမည် ထင်ပါသည်။ လက်ခုစုပ်ဖြစ်နေတဲ့ အစိုးရ ၀န်ထမ်းတွေ၏ အကျင့်တွေကို ပြန်ကောင်းလာဖို. လျှော်ဖွတ်ဖို.က အတော်ကို မလွယ်တဲ့ ကိစ္စတခု စိမ်ခေါ်ချက် ဖြစ်နေပါသည်။

ဒီအကျင့်တွေ စရိုက်တွေ မပြုပြင်သရွှေ.ကတော့ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှုတွေဟာ အထက်ပိုင်း ခေါင်ဦးပိုင်းမှာ ပြောင်းလဲမှုတွေ ရှိစေကာမူ မူဝါဒနဲ. ဥပဒေတွေ ပြောင်းလဲ စေကာမူ ဒီဟာတွေကို လိုက်ပြီး အကောင်အထည်ဖော်မည့် လက်တွေ. Execution လုပ်မည့် အစိုးရ ၀န်ထမ်းတွေရဲ့ လက်ခုစုပ်စရိုက်တွေ အရိုးစွဲနေတဲ့အကျင့်ဆိုးတွေ မပြောင်းသရွေ.ကတော့ အောက်ခြေက လူထုအတွက် တကယ့်အပြောင်းအလဲတွေကို ခံစားဖို. ထိရောက်မှု ဖြစ်ဖို. သိသာ မြင်သာပြီး အကျိုးဖြစ်လာဖို.ကတော့ မလွဲပါ။  ။

ဒါကြောင့် လက်ခုစုပ်လို ညစ်ပတ်ပေတေနေတဲ့ အစိုးရ၀န်ထမ်းတွေရဲ့ အကျင့်ဆိုး ဥာဏ်ဆိုးတွေ စရိုက်ဆိုးတွေကို အထပ်ထပ် အခါခါ လျှော်ဖွတ်ရဦးမှာပါ။ ။ ဒါတောင် ပြောင်ဖို.ကတော့ ခပ် ခက်ခက်ပါ။ လက်ခုစုပ်ဆိုတာ ဘယ်လောက်ပဲ လျှော်လျှော် နဂိုမူလအတိုင်းတော့ ဘယ်တော့မှ ပြန်ပြီး သန်.ရှင်း စင်ကြယ်တာမှ မဟုတ်တာ။  ။

ဘကြီးသက်
Unknown at 11:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါးထောင် တန် အတု အစစ် ဘယ်လို ခွဲခြားမလဲ

အတု.. ငွေမှင်အရောင်မထွက်.. ငါးထောင်တန်စာသား အရောင်မှိန်.. စာရွက် ချော်ကျိချော်ကျိ... ထောင့်စွန်း ၅၀၀၀ ဆိုသည့်နေရာများ အစစ်ဟုထင်ရအောင် အသားကြမ်းအောင်လုပ်ထား..
အစစ် .. ငွေမှင်တဖိတ်ဖိတ်တောက်.. ငါးထောင်ကျပ်စာသား..ထင်းနေ.... စာရွက်တစ်ရွက်လုံးကြမ်း.. အရောင်စာသားများထင်းလင်း

ဘကြီးသက်
Unknown at 11:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

DVB ပြည်တွင်း သတင်းထောက်များ အားလုံး ရုံးချုပ်သို့ သတင်းမပို့ရန် ဆုံးဖြတ်

နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) ရုပ်မြင်သံကြား ရုံးချုပ်၏ လုပ်ဆောင်ချက်များကို ကန့်ကွက်သည့် အနေနှင့် မြန်မာနိုင်ငံ အတွင်းရှိ DVB သတင်းထောက်များအားလုံး သတင်း မတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၄င်းတို့ထံမှ သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်းတွင် ဖွင့်လှစ်ခဲ့သည့် DVB ရုံးခွဲတွင် အုပ်ချုပ်ရေးပိုင်းနှင့် စီမံခန့်ခွဲမှု လုပ်ထုံး လုပ်နည်း များ နည်းလမ်း မကျသောကြောင့် ဖြစ်ကြောင်း ၄င်းတို့က တူညီစွာ ပြောဆိုကြသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ရန်ကုန် အခြေစိုက် DVB သတင်းထောက် အယောက် ၃၀ အပါအ၀င် မြန်မာ တစ်နိုင်လုံးရှိ DVB Citizen journalist (CJ) များပါ ထောက်ခံခဲ့ကြကြောင်း ၄င်းတို့၏ အဆိုအရ သိရသည်။
ကျွန်တော်တို့က ရွှေဝါရောင် တော်လှန်ရေး ၊ နာဂစ် ၊ ရွေးကောက်ပွဲ(၂၀၁၀နှင့်ကြားဖြတ်) တွေမှာ အဖမ်းခံရမှာ မကြောက်ဘဲနဲ့ လုပ်ခဲ့တာ။ အနစ်နာ ခံခဲ့တာတွေကို ဂရုမစိုက်ဘဲ မြန်မာပြည်ရုံးခွဲ အတွက် တာဝန်ခံ ခန့်တဲ့အခါမှာ တစ်ခြားသူတွေ ခန့်တယ်။ ပြီးတော့ ပြန်ကြားရေးကို ထောက်ခံတဲ့ လုပ်ရပ်မျိုးတွေက လက်ခံနိုင်စရာ အကြောင်းမရှိဘူး ဟု နေပြည်တော်တွင် လွှတ်တော် သတင်းယူနေသာ DVB သတင်းထောက် တစ်ဦးက ပြောကြားသည်။
ယနေ့ DVB သတင်းထောက် ၃၀ ဦး၏ အစည်းအဝေး ဆုံးဖြတ်ချက်ကို သဘောတူညီသည့် အနေနှင့် လွှတ်တော်သတင်း ဗွီဒီယို ကလစ်များကို လုံးဝ မပို့ကြောင်း ၄င်းက ဆိုသည်။
DVB သည် ရွှေဝါရောင် တော်လှန်ရေးတွင် ဖြစ်ရပ်မှန်များကို နိုင်ငံတကာသို့ ရိုက်ပြနိုင်ခဲ့သော Burmar VJ အဖွဲ့ကို ငွေကြေး အလွဲသုံးစား လုပ်မှုဖြင့် စွပ်စွဲ တရားစွဲမှု အပြီးတွင် DVB သတင်းထောက်များကို ခံစားခွင့်များ တိုးမြှင့်ပေးရန် အော်စလိုရှိ DVB ရုံးချုပ်မှ ကတိပေးထားသော်လည်း ယခုအချိန်ထိ ဖြစ်လာခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။
ရန်ကုန် အခြေစိုက် DVB သတင်းထောက်များ ယနေ့ အစည်းအဝေး တစ်ရပ် ပြုလုပ်၍ ပြဿနာ ဖြစ်ရသည့် အကြောင်းအရင်း နှင့် ရသင့်ရထိုက်သည့် အခွင့်အရေး များကို နော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ အီးမေးလ် ပို့ထားပြီး ဖြစ်ကြောင်း ယင်းသတင်းများထံမှ သိရသည်။
ဒီရက်ပိုင်းအတွင်း ခုပြဿနာတွေကို သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။ မန္တလေးက သတင်းထောက်တွေလည်း ရန်ကုန်ကို လာကြမယ်။” ဟု ရန်ကုန် အခြေစိုက် DVB သတင်းထောက်က ဆိုသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၁၉၉၂ ခုနှစ် ဇူလိုင်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းအပြီးတွင် ပိုမိုလူသိများလာခဲ့သည်။


ဘကြီးသက်
Unknown at 11:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စ အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်း သတင်းစာရှင်းလင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသော စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်းစု( AmCham Singapore
Business ) ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်နှင့်ပတ်သက်၍ သတင်းစာရှင်း
လင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက်ည ၇ နာရီ က ရန်ကုန်မြို့ Park Royal မှ ပြုလုပ်ခဲ့သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြုပ်နှံရန် ကိစ္စရပ်များအတွေက် မြန်မာနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ စက်မှုကုန်သည်လုပ်ငန်းရှင် များအသင်းတာဝန်ရှိသူများ နှင့် သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်ထိ ရန်ကုန်နှင့်နေပြည်တော် တို့တွင်တွေ့ ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
၎င်းလုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ အိုင်တီနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ စသဖြင့် မြန်မာနိုင်ငံပိုမိုဖွင့်ဖြိုးတိုးတက်မှုဖြစ်စေမည့်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်သွားရန်ရှိကြောင်း၊ မြန်မာပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်စေရန်နှင့် ပိုမိုသက်သောင့်သက်သာဖြစ်စေရန်ပွင့်လင်းမြင်သာသောရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်သွား
မည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းစု အကြီးအကဲဖြစ်သူ မစ္စတာ ဆိုင်မွန်ခန့်ဟ်( Mr. Simon Kahn)
ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

ဘကြီးသက်
Unknown at 11:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗဟိုဘဏ်ဖွဲ့စည်းပုံ သမ္မတရုံး ခွင့်ပြုမိန့်ဖြင့် ပြောင်းလဲ



From : ခေတ်လူငယ်
သမ္မတရုံးခွင့်ပြုမိန့်ဖြင့် ဗဟိုဘဏ် ဖွဲ့စည်းပုံပြောင်းလဲမှု ပြုလုပ်လိုက်ကာ ဌာနအသစ်များ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။ ပြောင်းလဲဖွဲ့စည်းမှုတွင် ဌာနအသစ်များ ထပ်မံတိုးချဲ့ခြင်းနှင့် ရှိထားပြီးသား ဌာနငယ်များအား ဌာနကြီးအဖြစ် ဆောင်ရွက်ခြင်းများ ပါဝင်သည်ဟု ဗဟိုဘဏ်စီမံခန့်ခွဲမှုနှင့် နည်းပညာဌာန ဌာနကြီးမှူး ဦးအောင်အောင်၏ ထုတ်ပြန်မှုများအရ သိရသည်။ ယခင်ရှိပြီးသား စီမံခန့်ခွဲရေးဌာနအား စီမံခန့်ခွဲမှုနှင့် နည်းပညာဌာန၊ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်မှုဆိုင်ရာ အစရှိသည့် ကိစ္စများ ဆောင်ရွက်ရန် ရှိထားပြီးသည့် ဌာနကို ငွေရေးကြေးရေး အဖွဲ့အစည်းများ ကြပ်မတ်ကွပ်ကဲရေးနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန စသည်ဖြင့် အမည်ပြောင်းလဲလိုက်ပြီး ဌာနအသစ်များအဖြစ် ငွေရေးကြေးရေး ဈေးကွက်ဌာန စသည်တို့ကို ဖွဲ့စည်းလိုက်ကြောင်း ဗဟိုဘဏ်မှ သိရသည်။ ညွှန်ကြားရေးမှူးချုပ်များ မရှိခဲ့သည့် ဗဟိုဘဏ်မှာ လက်ရှိတွင် ညွှန်ချုပ်သုံးဦးတို့မှ တူရာဌာနသုံးခုစီကို ကိုင်တွယ်၍ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ရုံးထိုင်ကြမည်ဖြစ်ပြီး လက်ထောက်ညွှန်မှူး စသည်ဖြင့် ပြန်တမ်းဝင်အရာရှိများ၏ ရာထူးအခေါ်အဝေး အဆင့်အတန်းများကိုပါ တိုးမြှင့်ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်ဝန်ထမ်းတစ်ဦးထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 11:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“ပွင့်သောပန်းတိုင်း လန်းစေလို”


New MyanmarFoundation

ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ အခန်းပေါင်း နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ်တခုထဲသို့ စုံတွဲတတွဲ ၀င်လာသည်။ ညနေ လေးနာရီဝန်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့် တည်းခိုခန်းများရှိ ၀န်ထမ်းအားလုံး နားလည်ပြီးသားဖြစ်ပါသည်။ ဧည့်သည်ကို မျက်လုံးချင်း မဆုံစေရ။ လိုအပ်သည့် စကားသာပြောရမည်။ အကဲခတ်မကြည့်ရ။ ဧည့်သည်အကြောင်းကို အချင်းချင်း သော်လည်းကောင်း၊ အပြင်ကိုသော်လည
်းကောင်း လုံးဝမပြောရ။
လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အ၀တ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက်နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး စီးထားသည့် ခြေဖမိုးပေါ်မှာ ဘဲခေါင်းစိမ်းရောင် လုံချည် ပျော့လေး ပုံကျနေသည်။ ထိုမှတဆင့် သော့ချိတ်ကလေးများနှင့် အပြာရောင်ကျောပိုးအိတ်လေး။ စာအုပ်တချို့ကိုပိုက်ထား သည့် လက်ကလေးများ။ လက်မောင်းနှင့် ရင်ဘတ်မှာ တံဆိပ်တချို့တပ်ထားသည့် အင်္ကျီဖြူ ။

မအိတာ မလုပ်သင့်တာကို လုပ်လိုက်မိသည်။ ဧည့်သည်မိန်းကလေး၏ မျက်နှာကို ခပ်ရှန်းရှန်းကြည့်လိုက် သည်။ ပုခုံး မရောက် တရောက် ဖြောင့်စင်းစင်း ဆံပင်နက်ကလေး နှင့် မိန်းကလေးမှာ အသက် ဆယ့်ငါးနှစ်ထက် ပိုပုံမရ။ မအိတာသက်ပြင်းချလိုက်ရင်း ကြွေပြားများကိုသာ ခပ်ဖိဖိဆက်ပြီး တိုက်နေလိုက်သည်။

တနာရီခွဲခန့် ကြာသောအခါ ဧည့်သည်များထွက်သွားသည့် အခန်းကို ရှင်းရန် မန်နေဂျာ အစ်မက မအိတာကို ခေါ်ပြောသည်။ အခန်းထဲဝင်လိုက်တော့ ခုတင်ဘေးက စားပွဲပေါ်တွင် ပုံနှိပ်စာအုပ်တချို့ ရှိနေသည်။

၂၀၀၂ ခုနှစ်မှာ ဆယ်တန်းကျပြီး ကျောင်းထွက်ခဲ.ရသည့် မအိတာ Grade 10 ဆိုတာ ဆယ်တန်းလား၊ ကိုးတန်းလား မသိပေမယ့် အထဲက စာနှင့် ပုံများကြောင့် န၀မတန်း ဇီဝဗေဒ ဖတ်စာအုပ်မှန်းတော့ သိပါသည်။ အခန်းရှင်းပြီး ကျန်ခဲ့သည့် စာအုပ်ကို အပ်ရန် ယူလာစဉ် စောစောက အဖြူအစိမ်း ကောင်မလေး ကောင်တာမှာ ရပ်နေသည်ကို တွေ့ရသည်။

“သြော် အဲဒါ သမီးစာအုပ်တွေ မကြီး။ ရှင် ဟုတ်ကဲ့။ လေးအုပ်ပါ။ ယူသွားမယ်နော်။ ကျေးဇူးတင်ပါတယ် မကြီး။ ဘယ်လိုမှသဘော မထားပါနဲ့နော်။ သမီးလက်ဆောင်ပေးတာပါ”ဟု ဆိုပြီး မအိတာ လက်ထဲကို ကျပ် ၁၀၀၀ တန် တရွက် အတင်းထိုးထည့်ရင်း ပြော ပြောဆိုဆိုနှင့် ခပ်သုတ်သုတ် ပြန်ထွက် သွားသည်။

ဟိုတယ်နှင့် တည်းခိုခန်းများသို့ အချိန်ပိုင်းလာရောက်ကြသော စုံတွဲများတွင် အမျိုးသမီးငယ်များ၏ အသက်သည် ဆယ်ကျော်သက် ၀န်းကျင်များဖြစ်လာကြသည်ဟု သိရသည်။ သမီးရည်းစား အနေနှင့် လာသောစုံတွဲများဖြစ်စေ၊ အခကြေးငွေနှင့် ခေါ်လာ သော စုံတွဲများဖြစ်စေ မိန်းကလေးများသည် ခပ်ငယ်ငယ်သာ များသည်။

သမီးရည်းစားအနေနှင့် လာသည့် စုံတွဲများတွင်ပင် ယောက်ျားလေးက မိန်းကလေးထက် အတန်ငယ်အသက်ကြီးပုံရပြီး တခြား စုံ တွဲများသည်ကြည့်ရုံနှင့်ပင် အသက် သုံးဆယ်ထက် မနည်း ကွာဟကြောင်း သိနိုင်သည်ဟု တည်းခိုခန်း ၀န်ထမ်းများ၏ ပြောပြချက် အရ သိရသည်။

ဟိုတယ်သို့ တဦးတည်း ပုံမှန်လာသော အမျိုးသားများအတွက် အဖော်ရှာပေးရသော ဟိုတယ်ဝန်ထမ်း အမျိုးသားတဦးက“ကျနော် တို့နဲ့ ချိတ်ထားတဲ့ အထဲမှာ ခပ်ငယ်ငယ်လေးတွေတော့ ရှိပါတယ်။ ၁၆နှစ်ကတော့ အငယ်ဆုံးပဲ။သူတို့ဘာသာ ခေါ်လာတာ လေး တွေက ပိုတောင်ငယ်သေးတယ်။ အခုခေတ်က အသက်၂၀ကျော်ရင် အွတ်ပြီလေ(အရွယ်ဟိုင်းသွားခြင်းကို ဆိုလိုသည်)”ဟုပြော သည်။

လိင်အလုပ်သမ အဖြစ် လုပ်ကိုင်ကြသည့် အမျိုးသမီးငယ်အများစုသည် ဘီယာဆိုင်တွင် သီချင်းဆိုရင်း၊ ဆေးလိပ်နှင့် အရက် အရောင်းမြှင့်တင်ရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ရင်း၊ ကေတီဗီနှင့် အနှိပ်ခန်း စသည့် ယောက်ျားများနှင့် လက်ပွန်းတတီး ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းခွင်များမှတဆင့် ထိုလမ်းကြောင်းပေါ်သို့ အလွယ်တကူရောက်လာကြသည်ဟု ကာယကံရှင်နှင့် နီးစပ် သည့် အသိုင်းအ၀ိုင်း၏ ပြောပြချက်များအရ သိရသည်။

မိသားစု စီးပွားရေး အဆင်မပြေမှုကို မနိုင်ဝန်ထမ်းရခြင်းနှင့် အများနည်းတူ သုံးစွဲဝတ်စားချင်သည့် စိတ်ဆန္ဒတို့ သည် မိန်းကလေး ငယ် များအား ထိုလမ်းကြောင်းပေါ်ရောက်စေသည့် အကြောင်းများဖြစ်သည်။ အုပ်ထိန်းသူပေါ့လျော့ခြင်း၊အသက်မပြည့်ခင် အိမ် ထောင်ပြုခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ မက်လုံးပေး စည်းရုံးသိမ်းသွင်း ခံရခြင်းများလည်း ပါဝင်သည်။

“သမီးက အရင်က မာဆတ်မှာ လုပ်တာ။ တနေ့လုံး ညောင်းချိထူပူနေအောင် နှိပ်မှ ကော်မရှင်က ဘယ်လောက်မှ ရတာ မဟုတ် ဘူး။ လုပ်ခါစကတော့ တော်တော်ရှက်တာ။ ဒါပေမယ့် ဧည့်သည်က အအေးထဲမှာ ဘာထည့်တိုက်လိုက်လဲ မသိဘူး။ အဲဒီတော့မှစိတ်ထဲမှာ ရဲသွားတာ။ မာဆတ်က မဟုတ်ဘဲ ပလိန်းကြီးလိုင်းဝင်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုပဲပေါ့”ဟု ပြောပြသည့် အသက် ၁၆ နှစ်ခန့်ရှိ စနိုး ၏ ပုံစံက ပေါ့ပေါ့ပါးပါးပင်။

ပုံပန်းမကျသည့် ဆံပင်ကျဲကျဲ၊ ငယ်နုသည့်မျက်နှာနှင့် ဘာမှပြင်ဆင်ခြယ်သ ထားခြင်းမရှိသည့် မိညိုက စကပ်တိုတိုနှင့် ကားမှတ် တိုင်မှာ ထိုင်နေသည်။ တရပ်ကွက်တည်းနေ အမျိုးသမီးကြီးက သူ့အကြောင်းကို ဖောက်သည်ချသည်။

“ကလေးမလေးက သိပ်ကျပ်မပြည့်ဘူး။ သူ့အမေအသုံးမကျလို့ ဖြစ်ရတာ။ ရူးတူးပေါတောနဲ့ သူ့အကြောင်းတွေမေးရင် အကုန်ပြော တာ။ နိုင်ငံခြားသားကြီးက ချမ်းချမ်းစီးစီးကြီးမှာ ရေချိုးခိုင်းတာ။ ချမ်းလည်း ချိုးရတယ်တဲ့။ သူ့ ရွံလို့ နေမှာပေါ့။ ဖွံ့ဖွံ့ထွားထွားလည်း မဟုတ်ပါဘူး။ ငယ်ဂုဏ်လေးရှိလို့ ခေါ်ကြတာ”ဟု မိညို မကြားနိုင်လောက်သော်လည်း အမျိုးသမီးကြီးက အသံကို နှိမ့်ပြီး အနားကပ် ပြောသည်။

“အဘောရှင်းလည်း နှစ်ခါဖြစ်ဖူးတယ် လေ။ အဲဒါတောင် ကြာကြာ မနားလိုက်ရပါဘူး။ ပိုက်ဆံပြန်ရှာရတာပဲ။ သနားဖို့လည်း ကောင်း ပါတယ်”ဟု အမျိုးသမီးကြီးက ဆက်ပြောပြသည်။

လိင်အလုပ်သမ အဖြစ် အမြဲတစေ အသက်မွေးရန် မရည်ရွယ်ဘဲ တကြိမ် အစပြုလိုက်ရာမှ အစရှိနောင်နောင် ဆိုသကဲ့သို့ မထူးဇာတ် ခင်းကြရသည့် မိန်းကလေးငယ်တချို့လည်း ရှိသည်။

ထို မိန်းကလေးများသည် အကင်ရောင်းသည်။ တချို့က ဂေါက်ကွင်းတွင် ကယ်ရီလိုက်သည်။ တချို့က အရောင်းဝန်ထမ်း။ အရောင်းအ၀ယ်ပါးပြီး အကင်များ မကုန်သည့် ရက်များ ဆက်လာသောအခါ၊ ဂေါက်ကွင်း လူမလာ၍ လက်ဗလာနှင့် အိမ်ပြန်ရ သော အခါများတွင် သူတို့ အိမ်ပြန် နောက်ကျကြလေသည်။

သို့သော် အတန်အသင့် ပြည့်ဖောင်းသော ပိုက်ဆံအိတ်ငယ် ကိုယ်စီနှင့် ဖြစ်သည်။ ထိုငွေသည် သုံးလေးရက်စာ အိမ် အသုံး စရိတ် ပြေလည်စေပြီး ရံဖန်ရံခါ သဘောကျသည့် အ၀တ်ဆန်းကလေးများ ၀ယ်ရသည်ထက်တော့ ဘာမှ မပိုခဲ့ပါ။

“တညလုံး ရှာလာတဲ့ ပိုက်ဆံကို မနက်ကျတော့ အဆောင်မှာအတူတူနေတဲ့ ကောင်မလေးတွေနဲ့ ဖဲရှုံးသွားတဲ့ ရက်တွေလည်းရှိဖူး တယ်”ဟု လူသိများသည့် နာမည်ကြီး တံဆိပ် ဘီယာ အရောင်းမြှင့်တင်ရေး ၀န်ထမ်း ကောင်မလေး၏ ပြောစကားဖြစ်သည်။

အဌမတန်း အရွယ်မှာ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေသူ ချစ်ယု(အမည် အပြည့်အစုံမဟုတ်)၏ လက်ရှိ အလုပ်ခွင်က အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အိမ်ထောင်သက် ၂ နှစ် ရှိပြီဖြစ်သည့် သူမကတော့ အလုပ်သွားတိုင်း လိုက်ပို့ လိုက်ကြို ပေးသော သူ့ထက် ၅ နှစ်ကြီးသည့် သူမ၏ အိမ်ဦးနတ်ကို ချစ်သည်ဟု ဆိုပါသည်။

အဆောင်ငှားခ ပေးရန် ပိုက်ဆံပြတ်လပ်ခိုက် သူငယ်ချင်းတယောက် အဆက်အသွယ်ဖြင့် ပထမဆုံး အတွေ့အကြုံကို ငွေကျပ် နှစ် သိန်း နှင့် လဲလှယ်ခဲ့သော တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးလည်း ရှိကြောင်း ချစ်ယု၏ သူငယ်ချင်းကတဆင့် သိရသည်။

နယ်မှရန်ကုန်သို့ လာရောက်နေထိုင်အလုပ်လုပ်သူ မိန်းကလေးများသည် သာမာန်အသုံးစရိတ်အပြင် အဆောင်ငှားခနှင့် စားစရိတ် ပါ ပိုမိုကုန်ကျလေသည်။ ထို့သို့သော အထည်ချုပ် စက်ရုံ ၀န်ထမ်း မိန်းကလေးတချို့နှင့် လခစားဝန်ထမ်း မိန်းကလေးတချို့သည် အဖိုးနည်း ၀န်ပါ စပွန်ဆာပေးသူများနှင့် ပတ်သက်ရလေသည်။

အိမ်တဆောင် မီးတပြောင်မဟုတ်သော်လည်း အဆောင်ငှားခနှင့် စက်ရုံမှ တလစာနီးပါး ပိုက်ဆံတို့သည် အမြဲတမ်း မဟုတ်သည့် ရံဖန်ရံခါ လိုက်လျောမှုများနှင့် ထိုက်တန်ပါသည်ဟု ချုပ်ထည်ပါးလို့ ညည်းညူနေသည့် မိန်းကလေးငယ်တချို့က ခပ်ဆိုင်းဆိုင်းဖြေ သည်။

ဟိုတယ်သို့ လာသော ကောင်မလေးငယ်ငယ်လေးများကို တွေ့ရဖန် များလာသောအခါ အလုပ်ထွက်ချင်စိတ်ပင် ပေါက်သည်ဟု မအိတာက ပြောသည်။

ဧည့်သည် အ၀င်များလျှင် မုန့်ဖိုးပိုရသည်မှန်သော်လည်း ထိုမိန်းကလေးများ၏ ပိုက်ဆံကို သူမယူရက်တာ မှန်သောသစ္စာပါဟု ဆို သည်။ မအိတာ တခါတခါ တွေးမိတာက သူတို့ နောင်တချိန် လင်ကောင်းသားကောင်းမှ ရပါ့မလား။ အသက်ကငယ်တော့ အမှု အခင်းတွေများ ဖြစ်မလား၊ ကျန်းမာရေးကိစ္စတွေ ဘယ်လိုများဖြစ်မလဲ ဆိုတာပါတဲ့။

မအိတာက သူတို့ ဟိုတယ်အနောက် အပြင်ဘက်က ခုံတန်းမှာထိုင်ရင်း၊ တထောင် တန် အသစ်ကလေးကို ထုတ်ပြရင်း“ကျမ အိမ်မှာ မဟာစည် သာသနာ့ရိပ်သာ အတွက် ရည်စူးပြီး တနှစ်စာထည့်ရတဲ စုဘူး ရှိတယ်။ သူတို့ပေးတဲ့ မုန့်ဖိုး ရလာတိုင်း မသုံးဘူး။ စုဘူးထဲ ထည့်တယ်။ သူတို့ကတော့ ဒီဘ၀က ကျွတ်ချင်လား မကျွတ်ချင်လား မသိဘူး။ ကျမကတော့ ထည့်တိုင်း အသံ ထွက်ပြီး ဆုတောင်းတယ်။ နောင်ဘ၀မှာတောင် မဟုတ်ပါဘူး။ အခုဘ၀မှာတင် ဒီလိုမလုပ်စားရဘဲ အဆင်ပြေပါစေ။ ထီရင်လည်း ပေါက်ကြပါစေ။ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေလို့”ဟု ပြောပြသွားပါသည်။ ။


မူရင်းရေးသားသူ ။ ။ SA MAUNG
by.အနာဂတ်ကြယ်ပွင့်လေးများ faceboo

ဘကြီးသက်
Unknown at 11:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လုံခြုံရေးတာဝန်အတွက် ရဲတပ်ဖွဲ့များ ထပ်မံဖွဲ့စည်းမည်





လုံခြုံရေးတာဝန် ထမ်းဆောင်ရန် ရဲတပ်ဖွဲ့များ ထပ်မံဖွဲ့စည်းမည့် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။ ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ကို ဇူလိုင်လက ဖွဲ့စည်းမိန့် ထုတ်ပြန်ပြီးဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သြဂုတ် ၇ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ ပြောကြားသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိပ်ကမ်းရဲနှင့် အမြန်လမ်းရဲတပ်ဖွဲ့များ ဖွဲ့စည်းရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် လုပ်ရပ်များ၊ ပြစ်မှုကျူးလွန်ခြင်းနှင့် ကျူးလွန်ရန် ကြံစည်အားထုတ်ခြင်းများကို တားဆီးနှိမ်နင်းရန်၊ ကမ်းခြေနှင့် မြစ်ကြောင်း လုံခြုံရေး ဆောင်ရွက်ရန်အတွက် ရေကြောင်းရဲတပ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ပြီးခဲ့သည့် သြဂုတ် ၆ ရက်က ကုန်တိုက်များရှိ လုံခြုံရေးဝန်ထမ်းများအား လုံခြုံရေးနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော အချက်အလက်များနှင့် လုံခြုံရေးဆိုင်ရာ ပစ္စည်းများ အသုံးပြုနည်းအား ပညာပေးခဲ့ပြီး ဆက်လက်ပညာပေးရန် အစီအစဉ်ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘကြီးသက်
Unknown at 8:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လာဘ်ပေးလာဘ်ယူမှုသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက်အပြစ်ပေးပြီး တားဆီးရန် သမ္မတပြော

လာဘ်ပေးလာဘ်ယူမှုသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား၊ လက်တွေ့ကျသော လုပ်ဆောင်မှု ဖြစ်ရန် ပြည်သူများလိုလား


  
နေပြည်တော်တွင် ပြုလုပ်ခဲ့သော စီမံကိန်းကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးကို သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ- နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်)


လာဘ်ပေးလာဘ်ယူမှုသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သော စီမံကိန်းကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှုသည် အောက်ခြေအဆင့်ဆင့်၌ နေရာတိုင်းလိုလို ရှိနေသေးကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းသွားကြရမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့ပါသည်။

ထို့အပြင် လာဘ်ပေး လာဘ်ယူမှုသည် ပေးသူရော ယူသူပါ အကျင့်ပျက်သည့် သိက္ခာမဲ့လုပ်ရပ်ဖြစ်သည့်အပြင် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဂတိတရား လိုက်စားမှုများကြောင့် ဖြစ်ပေါ်စွန်းထင်းနေသော အမည်းစက်ကိုလည်း မိမိတို့အစိုးရအနေဖြင့် အစွမ်းကုန်ချေဖျက် သွားကြရန် တိုက်တွန်းခဲ့ပြီး အောက်ခြေက မည်သို့ပင်လုပ်သည်ဖြစ်စေ လုပ်သမျှအားလုံးသည် အထက်အကြီးအကဲ၌သာ တာဝန်ရှိသည်ဟုခံယူပြီး ထိထိရောက်ရောက် ကိုင်တွယ်ကြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဒုတိယသမ္မတ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည့် အဆိုပါ အစည်းအဝေးတွင် ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

အဂတိတရားလိုက်စားမှုမှာ နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အန္တရာယ် ကြီးမားသော ပြဿနာတစ်ခုဖြစ်၍ အစိုးရ၏ အုပ်ချုပ်မှုယန္တရား တစ်ခုလုံးကို ကမောက်ကမ ဖြစ်အောင် ခြိမ်းခြောက်နိုင်သော ပြဿနာရပ်တစ်ခု အဖြစ်လည်း ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။

ကမ္ဘာပေါ်တွင် အကျင့်ပျက် ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု အများဆုံးနိုင်ငံမှာ ဆိုမာလီယာဖြစ်ပြီး မြန်မာနိုင်ငံမှာ တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံအဖြစ် ၂၀၁၁ ခုနှစ်တွင် တွက်ချက်မှုများအရ သတ်မှတ်ခံထားရပါသည်။ နိုင်ငံတကာတွင်အာဏာရှင် နိုင်ငံအများစု၌ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ပေါများလေ့ရှိပြီး ဒီမိုကရေစီထွန်းကားသော နိုင်ငံများတွင် အဂတိ လိုက်စားမှု လျော့နည်းတတ်ကြောင်း သိရသည်။

ပါမောက္ခဒေါ်ရီရီမြင့် (ပါမောက္ခ ဌာနမှူး-ငြိမ်း၊ စီးပွားရေးတက္ကသိုလ်) ကလည်း အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်ပြီး “ခေတ်စနစ်ကြောင့် အဂတိ လိုက်စားမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေဟာ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်ပေါ်နေတယ်။ လာဘ်ပေးလာဘ်ယူလို့ မပြောနိုင်တဲ့ ယဉ်ကျေးမှုအရ ဂါရ၀ပြုတာ၊ ကန်တော့တာစတာတွေကလည်း ရှိနေတယ်။ ကျေးဇူးခံ ကျေးဇူးစားတွေ၊ ဆရာတပည့် ဆက်ဆံရေးတွေ၊ အစ်ကိုကြီး ညီလေး ဆက်ဆံရေးတွေများရင် အဂတိလိုက်စားမှုကို ထိန်းသိမ်းရ ခက်ပါတယ်။ ဒီနေ့မြန်မာနိုင်ငံအောက်ခြေအဆင့်မှာ ဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူမှုက ၀င်ငွေ မလောက်ငမှုကြောင့် အဓိကဖြစ်ပေမယ့် အထက်အဆင့်မှာဖြစ်တဲ့ လာဘ်ပေးလာဘ်ယူက အကြောင်းအရာတွေ အများကြီး ရှိနိုင်ပြီး ရှုပ်ထွေးနေပါတယ်။
ဒါကြောင့် ဒီအဂတိ လိုက်စားမှုကို ဖြေရှင်းမယ်ဆိုရင် အပြော မဟုတ်ဘဲ တိတိကျကျ မှန်မှန်ကန်ကန် လုပ်ဖို့ လိုတယ်။ ဖော်ထုတ်နိုင်သူတွေကို အားပေးရမယ်၊ ကာကွယ်ပေးရမယ်၊ သိက္ခာသမာဓိ ရှိသူတွေကို နေရာပေးသင့်တယ်။ အရေးကြီးဆုံး အချက်ကတော့ လက်ရှိ လာဘ်ပေးလာဘ်ယူ သူတွေကို လက်တွေ့တိတိကျကျ အရေးယူသလို အဲဒီလို အဂတိလိုက်စားမှု ပြုနိုင်တဲ့ ဥပဒေ အားနည်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ စတာတွေကိုပါ အမြန်ဆုံး ပြုပြင်ပြောင်းလဲ သင့်တယ်” ဟု တိုက်တွန်းခဲ့သည်။

အစိုးရသစ် လက်ထက်တွင် အဂတိတရား ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းအောင် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိနှင့် တရားစီရင်ရေး မဏ္ဍိုင်အပေါ် မေးခွန်းထုတ်မှုများ၊ ဝေဖန်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရာ၌ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးခြင်းမျိုး ပြုလုပ်သွားရန် လိုအပ်ကြောင်း ထောက်ပြမှုများ ရှိနေပါသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “ကျွန်မအနေနဲ့ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ နိုင်တယ်ဆိုတာအပြင် နောက်ထပ်တစ်ခုက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အန္တရာယ်တစ်ခုလို့ မြင်မိပါတယ်။ တိုင်းပြည် ဆင်းရဲရခြင်း၏ အဓိက အကြောင်းအရင်းများထဲက တစ်ခုလို့လည်း မြင်မိပါတယ်။ ကိုယ့်အကျိုးကို အများအကျိုးထက် ရှေ့တန်းတင် လုပ်ဆောင်နေသူတွေ ရှိနေသေးသမျှတော့ လာဘ်ပေးလာဘ်ယူ မှုဆိုတာကို ဖြေရှင်းဖို့ကတော့ အခက်အခဲတွေ ရှိနေဦးမှာပါ။ လာဘ်ပေးလာဘ်ယူ မှုနဲ့နာမည်ရှိတဲ့ အဖွဲ့အစည်းတွေ၊ ၀န်ကြီးတွေ စသဖြင့်ကို အရေးယူတာမျိုး၊ ဖယ်ရှားပေးတာမျိုးစတဲ့ စံပြလုပ်ရပ်တွေကို လုပ်ဆောင် ပြနိုင်မှသာ ပြည်သူတွေအနေနဲ့ လာဘ်ပေးလာဘ်ယူမှုကို ပပျောက်အောင် လုပ်ဆောင်နေပြီ ဆိုတာကို ယုံကြည်နိုင်မှာပါ။” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူမှု အခြေအနေအပေါ် လွှတ်တော် ကိုယ်စားလှယ်များမှလည်း စိုးရိမ်လျက်ရှိပြီး အဂတိတရား လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ မှုနှင့်ဆိုင်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်လည်း အများပြည်သူက လိုလားလျက်ရှိကြောင်း သိရသည်။

“လာဘ်ပေးလာဘ်ယူမှု ဥပဒေအခုမှ ပြဋ္ဌာန်းမှာပါ။ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ဖို့က အရင်တုန်းက လာဘ်ပေးလာဘ်ယူမှု ဥပဒေရှိခဲ့တယ်။ ဥပမာ- စစစ ဖွဲ့ရခြင်း ရည်ရွယ်ချက်က ဒီအတွက်ပါပဲ။ ပြောရမယ်ဆိုရင် ဒီmechanism ကြီးက ရပ်နေတယ်။ ရပ်နေတာ ကြာတော့ ဘယ်ကဘယ်လို စရမှန်းမသိဘူး။ လာဘ်ပေးလာဘ်ယူမှုဆိုတာ နေရာတိုင်းမှာ ရှိနေပါတယ်။

ဒီလာဘ်ပေးလာဘ်ယူမှုကို ဘယ်လို action ယူမလဲလို့ ဥပဒေ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းတဲ့ အခါကျတော့ အဲဒီမှာ လာဘ်ပေးလာဘ်ယူ မှုအတွက် ဥပဒေရဲ့ အားသာချက်ရှိလာပြီ။ ဘာမှ မယူဘဲ အချိန်ကြန့်ကြာအောင် ဆွဲထားရင်တောင် လာဘ်ပေးလာဘ်ယူမှုနဲ့ ညှိစွန်းနေတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးရင်တော့ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး အရေးယူတာတွေ ပီပြင်လာမယ်လို့ ထင်ပါတယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမြတ်ဥာဏစိုးက ၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတွင် လာဘ်ပေးလာဘ်ယူမှု မရှိတော့၍ အချိန်ကြန့်ကြာအောင် ပြုလုပ်ပါက အရေးယူနိုင်မည့် ဥပဒေနှင့် ပြစ်ဒဏ်များ ထည့်သွင်းပေးရန် ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “အစိုးရသစ် လက်ထက်တွင် Good Government (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Good Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်လာရန် အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် တို့၏ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆို” ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

သို့သော်လည်း ယင်းအဆိုမှာ ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၈ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီး အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲနှင့် ကြားနေမဲ ၁၅ မဲဖြင့် ရှုံးနိမ့်ခဲ့ကာ အဆိုမှာ အတည်မဖြစ်ခဲ့ပေ။
လူမှုရေးနယ်ပယ်မှ ပညာရှင် များကလည်း မြန်မာနိုင်ငံရေး အပြောင်းအလဲနှင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် အနှောက်အယှက် ဖြစ်စေနိုင်သော အကျင့်ပျက် ခြစားမှုကို စနစ်တကျ၊ လက်တွေ့ကျကျ ကိုင်တွယ်ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းမှုများလည်း ရှိနေပါသည်။

မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်ကလည်း “ဘယ်အဆင့်က လာဘ်ပေးလာဘ်ယူကို အရေးယူမှာလဲ၊ အောက်ခြေက မင်းစေ၊ ဂိတ်တံခါး ဖွင့်ပေးတဲ့ သူတွေ၊ လျှောက်လွှာရောင်းတဲ့ စာရေးတွေ၊ အောက်ခြေ ၀န်ထမ်းတွေကို လုပ်မှာလား။ ဆောင်ရွက်မယ့် လူတွေ ကိုယ်တိုင်က လာဘ်ပေး လာဘ်ယူမှု ဆိုတာကို ရှင်းစေချင်တယ်လေ။ ဆန္ဒါ၊ ဒေါသ၊ ဘယာ၊ မောဟဆိုတာ။ အဂတိတရား လေးပါး။ ဆန္ဒပါလို့ လုပ်ပေးလိုက်တာ ရှိတယ်။ မလုပ်ပေးသင့်တာကို လုပ်ပေးတာလည်း အဂတိ လိုက်စားတာပဲ။ လုပ်ပေးသင့်တာကို မလုပ်ပေးတာလည်း အဂတိ လိုက်စားတာပဲ။ အခုဆို တစ်နိုင်ငံလုံးမှာ အသံတွေ ကြားနေရတာပဲ။ အကျင့်တွေလည်း မပြောင်းနိုင် ကြသေးဘူးပေါ့။ အခု ၀န်ကြီးတွေ ပိုင်ဆိုင်တဲ့ စာရင်းကို တင်ပြပါဆိုပြီး တင်တယ်၊ အဲဒါကို ဖြုတ်ချတယ်။ အဲဒါဟာလည်း အဂတိလိုက်စားမှုကို ဖော်ထုတ်တဲ့နေရာမှာ အဟန့်အတား ဖြစ်တယ်။ အလုပ်လုပ်ရာမှာ လူကောင်းလူဆိုး ရောနေတယ်။ ဘယ်အဖွဲ့အစည်း မဆိုပေါ့။ အတုအယောင် ရှိတယ်။ အဖွဲ့တိုင်းမှာ ရှိတယ်။ သမ္မတကြီးကိုတော့ ဆန်ရင်း နာနာဖွပ်ပါလို့ပဲ အကြံပြုချင်တယ်” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိအချိန်ထိ ဖြစ်ပွားလျက် ရှိနေသော အလုပ်ရှင်နှင့် အလုပ်သမား ပြသနာများတွင် လာဘ်ပေးလာဘ်ယူမှုမှာ ရှိနေဆဲ ဖြစ်ကြောင်းနှင့် အချို့မှာ Under Table စားပွဲအောက်က လာဘ်ထိုးမှုများကို အတိအကျ စာရင်းဇယားဖြင့် စုံစမ်းဖော်ထုတ်နိုင်ရန် သက်သေပြရန် ခက်ခဲမှုများ ရှိနေသည့်အပေါ် အခွင့်အကောင်းယူနေကြဆဲ ဖြစ်ကြောင်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ကိုညီညီဇော် ကလည်း ပြောပြသည်။

အရေးအကြီးဆုံးမှာ အကျင့်ပျက် ခြစားမှုများနှင့် လာဘ်ပေးလာဘ် ယူမှုများကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှုနှင့် ပြတ်ပြတ်သားသား ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ အောင်မြင်လိမ့်မည် ဖြစ်ကြောင်းနှင့် အစိုးရ အနေဖြင့်လည်း သန့်ရှင်းတဲ့ အစိုးတရပ် ဖြစ်လာမည် ဖြစ်ကြောင်း ဝေဖန်ထောက်ပြ ကြသည်။ အကယ်၍ အဂတိ လိုက်စားမှုကို ထိရောက်စွာ မကိုင်တွယ် နိုင်ပါကလည်း အုပ်ချုပ်ရေး မဏ္ဍိုင်တစ်ခုလုံးပါ ပြိုလဲသွားနိုင်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက သုံးသပ်ခဲ့ပါသည်။

လူအများကြားတွင် ပုဒ်မလေး ပေးမှလုပ် အခြေအနေမျိုးမှာ ချက်ခြင်း ပပျောက်ရန် မလွယ်ကူသော်လည်း ထိပ်ဆုံးအဆင့် တာဝန်ရှိသူများအပေါ် မြင်သာ ထိရောက်သည့် အရေးယူမှုနှင့် ထိန်းသိမ်းမှုများကို ပြုလုပ်ရန်လည်း လိုလားလျက်ရှိပြီး ယင်းသို့ဆိုပါက ပြည်သူတို့၏ ယုံကြည်မှုကို ရရှိပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးတက် လာလိမ့်မည်ဟု လက်ခံထားကြပါသည်။ လက်ရှိ အနေအထားတွင် လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် လာဘ်ယူ၍ရသည့် အခြေအနေ မျိုးတွင် မရှိသည့်အတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုကို ကြေညာခိုင်းရန်မှာ မလိုကြောင်းနှင့် ၀န်ထမ်းများမှာလည်း မည်သည့်ဌာန၊ မည်သည့်အဆင့်က ဘာလုပ်လို့ ရသည် ဆိုခြင်းကို ဆင်ခြင်တုံ တရားဖြင့်သာ စောင့်ကြည့် ထိန်းသိမ်းသွားရေး ကိစ္စပင်ဖြစ်ကြောင်း ပြည်သူအများက သုံးသပ်ကြသည်။ ထို့အပြင် လက်ရှိ ခေတ်အခြေအနေအရ ဖြစ်သင့်သည်ကို ဖြည့်တွေးနားလည် ပေးနိုင်သော်လည်း သိန်းပေါင်း သောင်းချီ ပိုင်ဆိုင်နေပြီဆိုလျှင်မူ နားလည်ပေးနိုင်စရာ မဟုတ်ကြောင်း လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အတွက် လက်ရှိရာထူး တရားဝင် ရပိုင်ခွင့်နဲ့ ၎င်းတို့၏ ပိုင်ဆိုင်မှုအပေါ် မည်သို့မည်ပုံ စစ်ဆေးခြင်းသာ အဓိက ဖြစ်ကြောင်းနှင့် မိသားစု(သို့)သားသမီးများက စီးပွားရေး လုပ်၍ပါ ဆိုလျှင်လည်း နိုင်ငံတော်ကို အခွန်ဘယ်လောက် ဆောင်ထားသလဲ စစ်လိုက်လျှင် ရှင်းပါကြောင်း ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။

အစိုးရ၏ လာဘ်ပေးလာဘ်ယူ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် လက်တွေ့ ကျသည်များကို ဦးစားပေး လုပ်ဆောင်စေ လိုကြသည်။ အထူးသဖြင့် လာဘ်ပေး လာဘ်ယူနှင့် အဂတိ လိုက်စားမှုများ လုပ်နိုင်သည့် ဌာနများ၊ လုပ်ငန်းများနှင့် အဓိကထိပ်တန်း တာဝန်ရှိသူအဆင့်ဆင့်ကို စိစစ်သင့်ကြောင်း သုံးသပ်နေကြပါသည်။ ဥပမာအားဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဆိုလျင် ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ ပိုင်ဆိုင်မှု စစ်ဆေးရန် လိုအပ်ခြင်း၊ ရေအားလျှပ်စစ်ကဲ့သို့ လုပ်ငန်းများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် စီးပွားရေးနှင့် သက်ဆိုင်သော ၀န်ကြီးဌာနမှ အဓိကတာဝန်ရှိသူ များစသည်တို့ ဖြစ်သည်။ သို့သော် ၀န်ထမ်းများ၏ ဘ၀ကို စာနာရန်လည်း လိုအပ်ပါသည်။ အခြေခံ သန့်ရှင်းရေ၀န်ထမ်း တစ်ဦး၏ လစာ ၇၀၀၀၀ ၀န်းကျင်၊ ကျွမ်းကျင်ပန်းရံဆရာ တစ်ယောက်၏ တစ်လ၀င်ငွေ ၂၀၀၀၀၀ ကျော်ခန့်ရှိ နေချိန်တွင် အစိုးရဌာနဆိုင်ရာမှ ညွှန်ချုပ်(DG)တစ်ဦး၏ လစာသည် လက်ရှိ ခေတ်ကာလ အနေအထားအရ ၎င်း၏ မိသားစုနှင့် သားသမီးများ၏ ပညာရေးအတွက် မည်သို့မျှ လောက်ငှနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

အမှန်တစ်ကယ်တွင် တစ်လ အမေရိကန်ဒေါ်လာ ၂၀၀၀၊ ၃၀၀၀ ခန့် ရသင့်သည့် အနေအထားဖြစ်သောကြောင့် အချို့ကို နားလည် နိုင်သော်လည်း ဖြစ်သင့်သည် ထက်ပိုမိုသော လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများ ထိရောက်စွာ ကိုင်တွယ်သင့်ပါသည်။ ဥပမာ-၀န်ကြီးတစ်ဦး၏ သားသမီး (သို့) မိသားစုဝင်တစ်ဦးက သိန်းသောင်းချီတန်သော မြေကွက် ပိုင်ဆိုင်သည်ဆိုပါက ယခင်လျော့ပေါ့ထားသော အခွန်နှုန်းထား ဖြစ်သည့် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ခဲ့ပါက အမှန်တကယ် ပေးဆောင်သင့်သည့် လက်ရှိအခွန်နှုန်း ၃၇ ရာခိုင်နှုန်းအတိုင်း ပေးဆောင်စေခြင်း မျိုးကဲ့သို့မျှတမှုကို စဉ်းစားရမည် ဖြစ်သည်။ လာဘ်ပေးလာဘ်ယူနှင့် အဂတိတရား လိုက်စားမှု ကိစ္စကို လက်တွေ့ထိရောက်သည့် နည်းဖြင့် လုပ်ဆောင်မည် ဆိုပါက ၀န်ထမ်းအားလုံး ဆိုသည်ထက် စဉ်းစားဆင်ခြင်ဥာဏ်ဖြင့် ဤပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်းသုံးသပ်မှုများ ရှိနေပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက Hot News ဂျာနယ်တွင် လာဘ်ပေးလာဘ်ယူကို ဘယ်သူက ပေးတယ်၊ ဘယ်သူက ယူတယ်ဆိုတာမျိုး တိတိကျကျ တိုင်ပါဟု စိန်ခေါ်ခြင်း ခြိမ်းခြောက်ခြင်းကဲ့သို့ ပြောဆိုထားသည့် အွန်လိုင်းသတင်း တစ်ပုဒ်တွင် အောက်မှ ပေးထားသော Comment တစ်ခုမှာ သဘော ကျစရာကောင်းပြီး ယင်းFacebook Comment ပိုင်ရှင်က ၀န်ကြီးတစ်ယောက် ရသည့်လစာမှာ ငါးသိန်း၊ ၎င်းတို့ တစ်ကယ်ပိုင်ဆိုင်ထားသည့် ပမာဏက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းစုမှ ရနိုင်လောက်သည့် ပမာဏ ဖြစ်နေသည်ဟု ပုံနှိပ်လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

ထို့အပြင် ၎င်းအနေဖြင့် အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူ မလုပ်ဖို့ကိုဘဲ ထိထိရောက်ရောက် လုပ်ဆောင်စေချင်ပြီး အရင်က လုပ်ခဲ့တာကို မပြောဘဲ အကယ်၍ အရင်က လုပ်ဆောင်ခဲ့မှုမှာ ပြည်သူကို မျက်နှာပူစရာ ဖြစ်နေမယ်ဆိုရင် ကိုယ့် အသိစိတ်နှင့်ကိုယ် ရာထူးမှနှုတ်ထွက်ရန်နှင့် ယင်းကဲ့သို့ မဟုတ်ပါက ယခုတာဝန် ဆက်ယူနေသည့်အပေါ် ဘာမှ ပြောစရာ မရှိကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် ပိုင်ဆိုင်မှုတွေကို ကြေညာခြင်း၊ လိမ်လည်မှုများ ရှိနေသည်ဟု ယူဆလျှင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် အရေးယူ အပြစ်ပေးမှုများ ပြုလုပ်ခြင်း တို့ကို စီစဉ်ဆောင်ရွက်ခြင်းများမှာ လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်ရာတွင် မှန်ကန်သည့် လုပ်ဆောင်ချက်နှင့် သင့်တော်မည့် အဖြေပင် ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေပါသည်။


ဘကြီးသက်
Unknown at 8:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဥပဒေဟောင်းတွေဖျက်ဖို့ လွှတ်တော်မှာဆွေးနွေး

မြန်မာနိုင်ငံမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ လူမှုရေးအသင်းအဖွဲ့ဆိုင်ရာ ဥပဒေတွေဟာ ခေတ်နဲ့ မလျော်ညီတော့တဲ့အတွက် ဥပဒေဟောင်းတွေ ဖျက်သိမ်းပြီး ဥပဒေသစ်ပြဌာန်းဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘကြီးသက်
Unknown at 8:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အတတ်မရှိ၊ သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ ...

imagebam.comူ

 အလွန်ဝမ်းနည်းစရာကောင်းသလို အလွန်လည်း ရုပ်ဆိုးအကျည်းတန်တဲ့ သတင်းတစ်ခုပါပဲ .........။
အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ 

 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံကဆုံးဖြတ်တဲ့အတွက်
ခုံရုံးဥက္ကဌနဲ့ ခုံအဖွဲ့ဝင်တွေကို ကိုယ့်ဖါကိုယ်ရာထူးကနှုတ်ထွက်ရင်ထွက်၊ မထွက်ရင် လွှတ်တော်မှာ
စွတ်စွဲပစ်တင်မှု (Impeachment) လုပ်ပြီး ရာထူးကဖယ်ရှားမယ်ဆိုပြီး
ပြည်သူ့လွှတ်တော်ဥက္ကကြီးဆိုသူက ပြောကြားလိုက်တာပါပဲ။ အကြောင်းအရင်ကတော့
လွှတ်တော်ထဲက ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မဖြစ်ဟုတ်ပါလို့
နိုင်ငံတော်သမ္မတကြီးတဲ့လွှတ်တော်နဲ့ ဖြစ်တဲ့အမှုမှာ နိုင်ငံတော်သမ္မတဘက်က ဘက်လိုက်ပြီး ဆုံးဖြတ်လိုက်လို့ပါတဲ့။ ......

လွှတ်တော်ကရေးရာကော်မတီတွေအနေနဲ့ကလည်း ပြည်ထောင်စုအဆင့်မဖြစ်တဲ့အတွက်
ဆိုင်ရာလုပ်ငန်းတွေလုပ်ရာမှာ အခက်အခဲတွေရှိကောင်းရှိမှာပါ။ဒါပေမဲ့ ဥပဒေအရ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အဖွဲ့အစည်းက ဆုံးဖြတ်တာကို ငါတို့အလှိုဆန္ဒအတိုင်း မဖြစ်ရကောင်းလားဆိုပြီး ဆုံးဖြတ်သူတွေကို ပြန်လည်ပြဿနာရှာတဲ့ကိစ္စမျိုးကတော့ အုပ်စုဖွဲ့ရမ်းကားတာလို့ဆိုရင် လွှန်မယ်မထင်ပါဘူး။

မိမိတို့ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ အခြေခံဥပဒေကိုအဓိပ္ပါယ်ဖွင့်ဆိုပိုင်ခွင့်ရှိတဲ့
အဖွဲ့အစည်းက အဓိပ္ပါယ်ဖွင့်ဆိုပြီးသွားပြီဖြစ်ပါတယ်။ အဲလိုအဓိပ္ပါယ်ဖွင့်ဆိုရာမှာလည်းအခြေခံဥပဒေခုံရုံးဟာ အခြေခံဥပဒေကိုသာလျှင်ကိုးကားအဓိပ္ပါယ်ဖွင့် ဆိုရမှာဖြစ်ပါတယ်။ တကမ္ဘာလုံးမှာလည်း ဒီလိုပဲကျင့်သုံးနေပါတယ်။ ကော်မတီများနဲ့ ဝန်ကြီးဌာနများအကြားရှိနေတဲ့မပြေလည်မှုတွေနဲ့၊ ကောက်မတီများရဲ့လုပ်ငန်းအခက်အခဲများကို ထည့်သွင်းသုံးသပ်ပြီး ပြည်ထာင်စုအဆင့်ဟုတ်၏၊ မဟုတ်၏ ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလို့မရပါဘူး၊ ကမ္ဘာမှာလည်းဒီလိုပါပဲ။

ဒီလိုသာ လွှတ်တော်အလိုကျမလုပ်တဲ့ ဖွဲ့စည်းပုံခုံရုံးအဖွဲ့ဝင်တွေကို စွတ်စွဲပစ်တင်ပြီး
ဖယ်ရှားနေမယ်ဆိုရင် နောက်တက်လာတဲ့အဖွဲ့စည်းပုံခုံရုံးအဖွဲ့ဝင်တွေဟာ
မိမိရာထူးအာဏာတည်မြဲရေးအတွက် လွှတ်တော်တွေရဲ့အလိုကျ ဆုံးဖြတ်ချက်တွေချပါလိမ့်မယ်။
ဒီအခါမှ လွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်ကိုသိသိသာသာကျော်၍ သော်လည်းကောင်း
။ လက်တစ်လုံးကြားလုပ်၍သော်လည်းကောင်း ထင်ရာစိုင်းပါလိမ့်မယ်။
သူတို့ရဲ့လုပ်ရပ်တွေအတွက်လည်း ဖွဲ့စည်းပုံခုံရုံးက ကာကွယ်ပေးပါလိမ့်မယ်။
ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေနဲ့ဖွဲ့ထားတဲ့ လွှတ်တော်မျိုးဆိုရင် မထောင်းတာလှသော်လည်း
လက်ရှိအမတ်မင်းများရဲ့ တစ်မတ်သားလွှတ်တော်မျိုး ထင်ရာစိုင်းလာလေသော်
ဆိုတဲ့ကိစ္စမျိုးကိုတော့ဖြင့် စိတ်ကူးတောင်မယဉ်ရဲပါဘူး .......

နောက်ပြီးတော့ထပ်ပြောချင်သေးတာက Impeachment ဆိုတဲ့ ပြစ်တင်ရှုံ့ချခြင်းအကြောင်းပါ။
.......................................... ပြစ်တင်ရှုံ့ချခြင်း Impechment ဆိုတာ ကျင့်ဝတ်နဲ့မညီတဲ့
ပုဂ္ဂိုလ်တွေ သက်စွန်းမရှည်နိုင်ရေးအတွက် ပြဌာန်းချက်ပါ။ မိမိကိုဆန့်ကျင်သူတွေကို
သုပ်သင်ဖို့အတွက် နိုင်ငံရေးလက်နက်တစ်ခုမဟုတ်ပါဘူး။ .......
ဒါကိုကောင်းစွာသဘောမပေါက်ပဲ  ငါတို့ကိုဆန့်ကျင်တဲ့လူမှန်သမှ Impeach
လုပ်ပစ်မယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေရဲ့ ဘဝဟာ ယခင်ကနဲ့သိပ်ထူးမယ်မထင်ပါဘူး .....
စစ်အာဏာရှင်ဦးသန်းရွှေရဲ့လက်အောက်ကနေ ၊ လွှတ်တော်အာဏာရှင် ဦးရွှေမန်းလက်အောက်ကို
ရောက်သွားတာပဲရှိပါလိမ့်မယ်။ ...... ၂၀၀၈ အခြေခံဥပဒေအရကိုကလည်း လွှတ်တော်အနေနဲ့ နိုင်ငံတော်သမ္မကိုတောင် Impeach လုပ်ပိုင်ခွင့်ပေးထားတာကိုး ..... (မှတ်ချက်။   ။ ပြည်သူများကအမှန်တကယ်လိုလိုချင်ချင်ရွေးခြယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်အစစ်များနဲ့လုပ်ငန်းဆောင်ရွက်နေတဲ့လွှတ်တော်များ မှာ ဒီလိုဖြစ်ဖို့အခွင့်အလမ်း အလွန်နည်းပေမဲ့ အခုလို ၂၀၁၀ရွေးကောက်ပွဲ ကမွေးထုတ်ပေးလိုက်တဲ့ အောက်ဂလိအာ အမတ်များရဲ့ လွှတ်တော်မျိုးကျတော့
သူတို့အာဏာတည်ဆောက်ရေးအတွက် ဒီနည်းလမ်းကိုသုံဖို့ဝန်လေးမှာမဟုတ်ဘူးဆိုတာ
သံသယဖြစ်စရာမလိုပါဘူး)

ခုံရုံးအဖွဲ့ဝင်တွေရွေးခြယ်တဲ့နေရာမှာ ဖွဲ့စည်းပုံအချေခံဥပဒေ ပုဒ်မ ၃၂၁ အရ နိုင်ငံတော်သမ္မတက ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌကသူ့စိတ်ကြိုက် ၃ ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဌကသူ့စိတ်ကြိုက် ၃ ဦးဆိုပြီးရွေးခြယ်ခဲ့တာပါ။ ဆုံးဖြတ်ချက်တစ်ခုခုကို ချတဲ့နေရာမှာလည်း ခုံရုံးဥပဒေ ပုဒ်မ ၂၂ အရခုံရုံးဥက္ကဌ အပါအဝင် အဖွဲ့ဝင်အနည်းဆုံး ၅ ဦးကသဘောတူညီမှရတာပါ။ အဲဒါကြောင့်အခုချမှတ်လိုက်တဲ့ ပြည်ထောင်စုအဆင့်မဟုတ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သမ္မတရွေးခြယ်လိုက်တဲ့ခုံရုံးအဖွဲ့ဝင်တွေအကုန်က သဘောတူတယ်ဆိုတာတောင် ဥက္ကဌကြီးများစိတ်ကြိုက်ရွေးခြယ်ထားတဲ့
ကိုယ်စားလှယ်တွေထဲက အနည်းဆုံးနှစ်ဦးကသဘောတူမှသာ ချမှတ်လို့ရတာဖြစ်ပါတယ်။ မဟုတ်ရင်ဆုံးဖြတ်ချက်ပေးလို့မရပါဘူး ...... ဒါ့ကြောင့်  လွှတ်တော်ဥက္ကဌကြီးတို့ မကျေမချမ်းဖြစ်နေတဲ့ ဆုံဖြတ်ချက်ကို ဥက္ကဌကြီးတို့စိတ်ကြိုက်ရွေးခြယ်ထားတဲ့သူတွေ
ကသဘောတူချမှတ်ခြင်းဖြစ်တယ်ဆိုတာလဲ သတိပြုမိစေချင်ပါတယ်။

ဒီမိုကရေစီဆိုသည်မှာ လူညီလျှင် ဤ ကို ကျွဲ ဖတ်ကြစတမ်းဟု ခတ်ကြမ်းကြမ်း နားလည်ထားကြလေသရော့လား ....... ဦးဖိုးလှိုင်ရဲ့ စကားကိုပဲ နားထဲကြားယောင်နေမိတော့တယ်

အတတ်မရှိ၊ သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ ပြည်ရွာပျက်ကြောင်းတပါးတည်း 

http://www.myanmarlawsnetwork.blogspot.com/ မှ ....

ဘကြီးသက်
Unknown at 8:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.