Thursday, August 16, 2012

လုံခြုံရေးတာဝန်အတွက် ရဲတပ်ဖွဲ့များ ထပ်မံဖွဲ့စည်းမည်





လုံခြုံရေးတာဝန် ထမ်းဆောင်ရန် ရဲတပ်ဖွဲ့များ ထပ်မံဖွဲ့စည်းမည့် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။ ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ကို ဇူလိုင်လက ဖွဲ့စည်းမိန့် ထုတ်ပြန်ပြီးဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သြဂုတ် ၇ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ ပြောကြားသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိပ်ကမ်းရဲနှင့် အမြန်လမ်းရဲတပ်ဖွဲ့များ ဖွဲ့စည်းရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် လုပ်ရပ်များ၊ ပြစ်မှုကျူးလွန်ခြင်းနှင့် ကျူးလွန်ရန် ကြံစည်အားထုတ်ခြင်းများကို တားဆီးနှိမ်နင်းရန်၊ ကမ်းခြေနှင့် မြစ်ကြောင်း လုံခြုံရေး ဆောင်ရွက်ရန်အတွက် ရေကြောင်းရဲတပ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ပြီးခဲ့သည့် သြဂုတ် ၆ ရက်က ကုန်တိုက်များရှိ လုံခြုံရေးဝန်ထမ်းများအား လုံခြုံရေးနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော အချက်အလက်များနှင့် လုံခြုံရေးဆိုင်ရာ ပစ္စည်းများ အသုံးပြုနည်းအား ပညာပေးခဲ့ပြီး ဆက်လက်ပညာပေးရန် အစီအစဉ်ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘကြီးသက်
Unknown at 8:56 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.