Thursday, August 16, 2012

အတတ်မရှိ၊ သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ ...

imagebam.comူ

 အလွန်ဝမ်းနည်းစရာကောင်းသလို အလွန်လည်း ရုပ်ဆိုးအကျည်းတန်တဲ့ သတင်းတစ်ခုပါပဲ .........။
အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ 

 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံကဆုံးဖြတ်တဲ့အတွက်
ခုံရုံးဥက္ကဌနဲ့ ခုံအဖွဲ့ဝင်တွေကို ကိုယ့်ဖါကိုယ်ရာထူးကနှုတ်ထွက်ရင်ထွက်၊ မထွက်ရင် လွှတ်တော်မှာ
စွတ်စွဲပစ်တင်မှု (Impeachment) လုပ်ပြီး ရာထူးကဖယ်ရှားမယ်ဆိုပြီး
ပြည်သူ့လွှတ်တော်ဥက္ကကြီးဆိုသူက ပြောကြားလိုက်တာပါပဲ။ အကြောင်းအရင်ကတော့
လွှတ်တော်ထဲက ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မဖြစ်ဟုတ်ပါလို့
နိုင်ငံတော်သမ္မတကြီးတဲ့လွှတ်တော်နဲ့ ဖြစ်တဲ့အမှုမှာ နိုင်ငံတော်သမ္မတဘက်က ဘက်လိုက်ပြီး ဆုံးဖြတ်လိုက်လို့ပါတဲ့။ ......

လွှတ်တော်ကရေးရာကော်မတီတွေအနေနဲ့ကလည်း ပြည်ထောင်စုအဆင့်မဖြစ်တဲ့အတွက်
ဆိုင်ရာလုပ်ငန်းတွေလုပ်ရာမှာ အခက်အခဲတွေရှိကောင်းရှိမှာပါ။ဒါပေမဲ့ ဥပဒေအရ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အဖွဲ့အစည်းက ဆုံးဖြတ်တာကို ငါတို့အလှိုဆန္ဒအတိုင်း မဖြစ်ရကောင်းလားဆိုပြီး ဆုံးဖြတ်သူတွေကို ပြန်လည်ပြဿနာရှာတဲ့ကိစ္စမျိုးကတော့ အုပ်စုဖွဲ့ရမ်းကားတာလို့ဆိုရင် လွှန်မယ်မထင်ပါဘူး။

မိမိတို့ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ အခြေခံဥပဒေကိုအဓိပ္ပါယ်ဖွင့်ဆိုပိုင်ခွင့်ရှိတဲ့
အဖွဲ့အစည်းက အဓိပ္ပါယ်ဖွင့်ဆိုပြီးသွားပြီဖြစ်ပါတယ်။ အဲလိုအဓိပ္ပါယ်ဖွင့်ဆိုရာမှာလည်းအခြေခံဥပဒေခုံရုံးဟာ အခြေခံဥပဒေကိုသာလျှင်ကိုးကားအဓိပ္ပါယ်ဖွင့် ဆိုရမှာဖြစ်ပါတယ်။ တကမ္ဘာလုံးမှာလည်း ဒီလိုပဲကျင့်သုံးနေပါတယ်။ ကော်မတီများနဲ့ ဝန်ကြီးဌာနများအကြားရှိနေတဲ့မပြေလည်မှုတွေနဲ့၊ ကောက်မတီများရဲ့လုပ်ငန်းအခက်အခဲများကို ထည့်သွင်းသုံးသပ်ပြီး ပြည်ထာင်စုအဆင့်ဟုတ်၏၊ မဟုတ်၏ ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလို့မရပါဘူး၊ ကမ္ဘာမှာလည်းဒီလိုပါပဲ။

ဒီလိုသာ လွှတ်တော်အလိုကျမလုပ်တဲ့ ဖွဲ့စည်းပုံခုံရုံးအဖွဲ့ဝင်တွေကို စွတ်စွဲပစ်တင်ပြီး
ဖယ်ရှားနေမယ်ဆိုရင် နောက်တက်လာတဲ့အဖွဲ့စည်းပုံခုံရုံးအဖွဲ့ဝင်တွေဟာ
မိမိရာထူးအာဏာတည်မြဲရေးအတွက် လွှတ်တော်တွေရဲ့အလိုကျ ဆုံးဖြတ်ချက်တွေချပါလိမ့်မယ်။
ဒီအခါမှ လွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်ကိုသိသိသာသာကျော်၍ သော်လည်းကောင်း
။ လက်တစ်လုံးကြားလုပ်၍သော်လည်းကောင်း ထင်ရာစိုင်းပါလိမ့်မယ်။
သူတို့ရဲ့လုပ်ရပ်တွေအတွက်လည်း ဖွဲ့စည်းပုံခုံရုံးက ကာကွယ်ပေးပါလိမ့်မယ်။
ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေနဲ့ဖွဲ့ထားတဲ့ လွှတ်တော်မျိုးဆိုရင် မထောင်းတာလှသော်လည်း
လက်ရှိအမတ်မင်းများရဲ့ တစ်မတ်သားလွှတ်တော်မျိုး ထင်ရာစိုင်းလာလေသော်
ဆိုတဲ့ကိစ္စမျိုးကိုတော့ဖြင့် စိတ်ကူးတောင်မယဉ်ရဲပါဘူး .......

နောက်ပြီးတော့ထပ်ပြောချင်သေးတာက Impeachment ဆိုတဲ့ ပြစ်တင်ရှုံ့ချခြင်းအကြောင်းပါ။
.......................................... ပြစ်တင်ရှုံ့ချခြင်း Impechment ဆိုတာ ကျင့်ဝတ်နဲ့မညီတဲ့
ပုဂ္ဂိုလ်တွေ သက်စွန်းမရှည်နိုင်ရေးအတွက် ပြဌာန်းချက်ပါ။ မိမိကိုဆန့်ကျင်သူတွေကို
သုပ်သင်ဖို့အတွက် နိုင်ငံရေးလက်နက်တစ်ခုမဟုတ်ပါဘူး။ .......
ဒါကိုကောင်းစွာသဘောမပေါက်ပဲ  ငါတို့ကိုဆန့်ကျင်တဲ့လူမှန်သမှ Impeach
လုပ်ပစ်မယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေရဲ့ ဘဝဟာ ယခင်ကနဲ့သိပ်ထူးမယ်မထင်ပါဘူး .....
စစ်အာဏာရှင်ဦးသန်းရွှေရဲ့လက်အောက်ကနေ ၊ လွှတ်တော်အာဏာရှင် ဦးရွှေမန်းလက်အောက်ကို
ရောက်သွားတာပဲရှိပါလိမ့်မယ်။ ...... ၂၀၀၈ အခြေခံဥပဒေအရကိုကလည်း လွှတ်တော်အနေနဲ့ နိုင်ငံတော်သမ္မကိုတောင် Impeach လုပ်ပိုင်ခွင့်ပေးထားတာကိုး ..... (မှတ်ချက်။   ။ ပြည်သူများကအမှန်တကယ်လိုလိုချင်ချင်ရွေးခြယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်အစစ်များနဲ့လုပ်ငန်းဆောင်ရွက်နေတဲ့လွှတ်တော်များ မှာ ဒီလိုဖြစ်ဖို့အခွင့်အလမ်း အလွန်နည်းပေမဲ့ အခုလို ၂၀၁၀ရွေးကောက်ပွဲ ကမွေးထုတ်ပေးလိုက်တဲ့ အောက်ဂလိအာ အမတ်များရဲ့ လွှတ်တော်မျိုးကျတော့
သူတို့အာဏာတည်ဆောက်ရေးအတွက် ဒီနည်းလမ်းကိုသုံဖို့ဝန်လေးမှာမဟုတ်ဘူးဆိုတာ
သံသယဖြစ်စရာမလိုပါဘူး)

ခုံရုံးအဖွဲ့ဝင်တွေရွေးခြယ်တဲ့နေရာမှာ ဖွဲ့စည်းပုံအချေခံဥပဒေ ပုဒ်မ ၃၂၁ အရ နိုင်ငံတော်သမ္မတက ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌကသူ့စိတ်ကြိုက် ၃ ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဌကသူ့စိတ်ကြိုက် ၃ ဦးဆိုပြီးရွေးခြယ်ခဲ့တာပါ။ ဆုံးဖြတ်ချက်တစ်ခုခုကို ချတဲ့နေရာမှာလည်း ခုံရုံးဥပဒေ ပုဒ်မ ၂၂ အရခုံရုံးဥက္ကဌ အပါအဝင် အဖွဲ့ဝင်အနည်းဆုံး ၅ ဦးကသဘောတူညီမှရတာပါ။ အဲဒါကြောင့်အခုချမှတ်လိုက်တဲ့ ပြည်ထောင်စုအဆင့်မဟုတ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သမ္မတရွေးခြယ်လိုက်တဲ့ခုံရုံးအဖွဲ့ဝင်တွေအကုန်က သဘောတူတယ်ဆိုတာတောင် ဥက္ကဌကြီးများစိတ်ကြိုက်ရွေးခြယ်ထားတဲ့
ကိုယ်စားလှယ်တွေထဲက အနည်းဆုံးနှစ်ဦးကသဘောတူမှသာ ချမှတ်လို့ရတာဖြစ်ပါတယ်။ မဟုတ်ရင်ဆုံးဖြတ်ချက်ပေးလို့မရပါဘူး ...... ဒါ့ကြောင့်  လွှတ်တော်ဥက္ကဌကြီးတို့ မကျေမချမ်းဖြစ်နေတဲ့ ဆုံဖြတ်ချက်ကို ဥက္ကဌကြီးတို့စိတ်ကြိုက်ရွေးခြယ်ထားတဲ့သူတွေ
ကသဘောတူချမှတ်ခြင်းဖြစ်တယ်ဆိုတာလဲ သတိပြုမိစေချင်ပါတယ်။

ဒီမိုကရေစီဆိုသည်မှာ လူညီလျှင် ဤ ကို ကျွဲ ဖတ်ကြစတမ်းဟု ခတ်ကြမ်းကြမ်း နားလည်ထားကြလေသရော့လား ....... ဦးဖိုးလှိုင်ရဲ့ စကားကိုပဲ နားထဲကြားယောင်နေမိတော့တယ်

အတတ်မရှိ၊ သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ ပြည်ရွာပျက်ကြောင်းတပါးတည်း 

http://www.myanmarlawsnetwork.blogspot.com/ မှ ....

ဘကြီးသက်
Unknown at 8:38 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.