Thursday, August 16, 2012

DVB ပြည်တွင်း သတင်းထောက်များ အားလုံး ရုံးချုပ်သို့ သတင်းမပို့ရန် ဆုံးဖြတ်

နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) ရုပ်မြင်သံကြား ရုံးချုပ်၏ လုပ်ဆောင်ချက်များကို ကန့်ကွက်သည့် အနေနှင့် မြန်မာနိုင်ငံ အတွင်းရှိ DVB သတင်းထောက်များအားလုံး သတင်း မတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၄င်းတို့ထံမှ သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်းတွင် ဖွင့်လှစ်ခဲ့သည့် DVB ရုံးခွဲတွင် အုပ်ချုပ်ရေးပိုင်းနှင့် စီမံခန့်ခွဲမှု လုပ်ထုံး လုပ်နည်း များ နည်းလမ်း မကျသောကြောင့် ဖြစ်ကြောင်း ၄င်းတို့က တူညီစွာ ပြောဆိုကြသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ရန်ကုန် အခြေစိုက် DVB သတင်းထောက် အယောက် ၃၀ အပါအ၀င် မြန်မာ တစ်နိုင်လုံးရှိ DVB Citizen journalist (CJ) များပါ ထောက်ခံခဲ့ကြကြောင်း ၄င်းတို့၏ အဆိုအရ သိရသည်။
ကျွန်တော်တို့က ရွှေဝါရောင် တော်လှန်ရေး ၊ နာဂစ် ၊ ရွေးကောက်ပွဲ(၂၀၁၀နှင့်ကြားဖြတ်) တွေမှာ အဖမ်းခံရမှာ မကြောက်ဘဲနဲ့ လုပ်ခဲ့တာ။ အနစ်နာ ခံခဲ့တာတွေကို ဂရုမစိုက်ဘဲ မြန်မာပြည်ရုံးခွဲ အတွက် တာဝန်ခံ ခန့်တဲ့အခါမှာ တစ်ခြားသူတွေ ခန့်တယ်။ ပြီးတော့ ပြန်ကြားရေးကို ထောက်ခံတဲ့ လုပ်ရပ်မျိုးတွေက လက်ခံနိုင်စရာ အကြောင်းမရှိဘူး ဟု နေပြည်တော်တွင် လွှတ်တော် သတင်းယူနေသာ DVB သတင်းထောက် တစ်ဦးက ပြောကြားသည်။
ယနေ့ DVB သတင်းထောက် ၃၀ ဦး၏ အစည်းအဝေး ဆုံးဖြတ်ချက်ကို သဘောတူညီသည့် အနေနှင့် လွှတ်တော်သတင်း ဗွီဒီယို ကလစ်များကို လုံးဝ မပို့ကြောင်း ၄င်းက ဆိုသည်။
DVB သည် ရွှေဝါရောင် တော်လှန်ရေးတွင် ဖြစ်ရပ်မှန်များကို နိုင်ငံတကာသို့ ရိုက်ပြနိုင်ခဲ့သော Burmar VJ အဖွဲ့ကို ငွေကြေး အလွဲသုံးစား လုပ်မှုဖြင့် စွပ်စွဲ တရားစွဲမှု အပြီးတွင် DVB သတင်းထောက်များကို ခံစားခွင့်များ တိုးမြှင့်ပေးရန် အော်စလိုရှိ DVB ရုံးချုပ်မှ ကတိပေးထားသော်လည်း ယခုအချိန်ထိ ဖြစ်လာခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။
ရန်ကုန် အခြေစိုက် DVB သတင်းထောက်များ ယနေ့ အစည်းအဝေး တစ်ရပ် ပြုလုပ်၍ ပြဿနာ ဖြစ်ရသည့် အကြောင်းအရင်း နှင့် ရသင့်ရထိုက်သည့် အခွင့်အရေး များကို နော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ အီးမေးလ် ပို့ထားပြီး ဖြစ်ကြောင်း ယင်းသတင်းများထံမှ သိရသည်။
ဒီရက်ပိုင်းအတွင်း ခုပြဿနာတွေကို သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။ မန္တလေးက သတင်းထောက်တွေလည်း ရန်ကုန်ကို လာကြမယ်။” ဟု ရန်ကုန် အခြေစိုက် DVB သတင်းထောက်က ဆိုသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၁၉၉၂ ခုနှစ် ဇူလိုင်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းအပြီးတွင် ပိုမိုလူသိများလာခဲ့သည်။


ဘကြီးသက်
Unknown at 11:48 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.