Saturday, July 21, 2012

အင်တာနက်၏ အကူ​အညီဖြင့် မနှစ်မြို့​ဖွယ်​ ဓာတ်ပုံ တင်သူကို ခြေရာခံမိ


ပြီးခဲ့သည့် ရက်အနည်းငယ်က အမြန်ပြင်အစားအစာ (Fast Food) ဆိုင်ကြီးဖြစ်သည့် Berger King စားသောက်ဆိုင်မှ အလုပ်သမား တစ်ဦးသည် အသားညှပ်ပေါင်မုန့်များတွင် ထည့်သွင်းအသုံးပြုသည့် ဆလက်ရွက်များထည့်သည့် ပုံးများပေါ် အထက်ပါ ဓာတ်ပုံတွင်မြင်ကြ ရသည့်အတိုင်း ဖိနပ်ဖြင့် တက်နင်းကာ ဓာတ်ပုံရိုက်ယူခဲ့ပြီး ထိုဓာတ်ပုံကို လူမှုဆက်သွယ်ရေး မီဒီယာများထဲက တစ်ခုဖြစ်သည့် 4chan ၀က်ဘ်ဆိုဒ်တွင် အများသူငါ ကြည်ရှုနိုင်စေရန် အလို့ငှာ ဝေမျှခဲ့သည်။
၎င်းပုဂ္ဂိုလ်သည် မည်သည့် ရည်ရွယ်ချက်ဖြင့် မည်သည့်နေရာတွင်ဓာတ်ပုံရိုက်ယူ၍ ဝေမျှသည်ကို မသိရှိရသော်လည်း အံ့သြဖွယ်ကောင်း သည့် အချက်မှာ ထိုဓာတ်ပုံကို ည ၁၁း၃၈ အချိန်က ဝေမျှလိုက်သော်လည်း၊ ည ၁၁း၄၇ အချိန်တွင်မူ 4chan ၀က်ဘ်ဆိုဒ်၏ အဖွဲ့ဝင် တစ်ဦးက ထိုဓာတ်ပုံတွင်ပါရှိသော GPS (Global Positioining System) အချက်အလက်ကို အခြေခံ၍ အင်တာနက်၏ အကူ အညီဖြင့် ယင်း အလုပ်သမား လုပ်ကိုင်ရာ Berger King စားသောက်ဆိုင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွား လေတော့သည်။
ည ၁၁း၅၈ အချိန်မှာတော့ Berger King စားသောက်ဆိုင်အား တိုင်တောနိုင်မည့် ဖောင်တစ်စောင်၏ အင်တာနက်ပေါ်တွင် ရောက်ရှိ လို့ နေပါပြီ။ ခဏအကြာမှာတော့ အမည်မဖော်လိုသူ လူတစ်ဦးက ထိုစားသောက်ဆိုင်၏ မန်နေဂျာကို ဖုန်းဆက် အကြောင်းကြား မှုကြောင့် ဖြစ်ကြောင်းကုန်စင် တပုံတပင်ကို လုံးဝဥဿုံ အလုံးစုံ သိရှိပြီးဖြစ်သွားပါတော့သည်။
ကံမကောင်းရှာသည့် မူလဓာတ်ပုံပိုင်ရှင် တဖြစ်လည်း Berger King စားသောက်ဆိုင် အလုပ်သမားသည် နေ့ညဥ့်မဆိုင်း အလုပ် လက်မဲ့ ဘ၀သို့ ရောက်ရရှာပြီး၊ သူနှင့် အပေါင်းအပါ ကြံရာပါနှစ်ဦးသည်လည်း အလုပ်သစ်ကို ရှာဖွေကြရမည် ဖြစ်ပေသည်။
အထက်ပါ အကြောင်းအရာကိုထောက်ရှု၍ ရွှေလုံးစာဖတ် ပရိသတ်များ လူမှုဆက်သွယ်ရေး မီဒီယာများတွင် မိမိတို့၏ ဓာတ်ပုံများကို ဝေ မျှမည်ဆိုပါက သင့်-မသင့်၊ လျော်-မလျော်ကို ရင့်ကျက်သည့် အတွေးအခေါ်ဖြင့် ဘေးမချော်ဘဲ တွေးမျှော်ကြပါလို့ တိုက်တွန်းရင်း၊ ဆရာတော်ကြီးတစ်ပါး (ဘွဲ့အမည် မမှတ်မိ) ၏ ဓမ္မာရုံတွင် ညအိပ်တည်းခိုကြမည့် လူစိမ်းဒကာများကို အမိန့်ရှိသည့် စကားဖြစ်သည့် "လွတ်လွတ်လပ်လပ် ကြည့်ကြပ်သာ နေကြပေတော့" ဟူသော စကားဖြင့် အဆုံးသတ် လိုက်ပါရစေ။

ဘကြီးသက်
Unknown at 10:01 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးတော့မည်


ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုဗယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်၏မှတ်တမ်းရုပ်ရှင် (Documentary) ကို စတင်ရိုက် ကူးတော့မည်ဖြစ်ကြောင်း 7Day Newsသို့ ပြောကြားသည်။
ရိုက်ကူးရေးအစီအစဉ်များ ကို မကြာမီရက်ပိုင်းအတွင်း ကြေညာသွားမည်ဖြစ်ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဇာတ်ကြောင်းကို ပြင်သစ်ဒါရိုက်တာ Luc Besson က The Lady အမည်ဖြင့် ရုပ်ရှင်ပြန်လည် ရိုက် ကူးထားပြီး ပြည်တွင်းတွင်မူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ၄င်း၏ဘ၀ဖြတ်သန်းမှုကို ပထမ ဆုံးရိုက်ကူးမည့် ဒါရိုက်တာဖြစ်သည်။
 http://shwemyanmarmediagroup.blogspot.com
ဘကြီးသက်
Unknown at 9:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူခြောက်


လူခြောက်-ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း

အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
... အမြှုပ် တစ်သတ္တာဟ။
သားတစ် တစ်သတ္တာဟ။a
အခဲ တစ်သတ္တာဟ။
ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။

၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။

ထိုအခါ၌ ၄င်းလူသားလောင်းကလေးမှ ဘ၀ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၄င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။

အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။ ၄င်းလူခြောက်ပြဿနာကို ဆေးပညာ ရှုထောင့်မှလည်း လေ့လာသင့်သေးသည်။) [1]--Mayor mt 05:18, 25 ဧပြီ 2009 (UTC)
ကိုးကား

↑ ဘဒ္ဒန္တ တိလောကသာရ-ဘာသာရေးပြဿနာ စာအုပ် စာမျက်နှာ-၄၅-၄၆


April Maung Maung facebook မှ ကူးယူဖော်ပြပါသည်။
 
ဘကြီးသက်
Unknown at 8:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်



မြန်မာသမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြားနေစဉ်

 မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကိုသောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။

မူလက ဇွန်လ ၄ ရက်နေ့တွင် ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် စတင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် တွင်လည်း မိန့်ခွန်းပြောရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ရန်နှင့် ထိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရန် အားတက်သရော ဖိတ်ကြားခဲ့ကြပြီးသည့် နောက်တွင်မူ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြ ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် လွှမ်းမိုးခံရမည်ကို မလိုလားသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာအစိုးရကမူ နိုင်ငံအတွင်းတွင် ထမ်းဆောင်ရန် တာဝန်များ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်း
ဖြစ်သည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင်လည်း နောက်ထပ် ခရီးစဉ် တခုကို ဖျက်သိမ်းခဲ့ပြန်သည်။

သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကာ ခေါင်းဆောင်နှစ်ဦးသည် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံက လက်ခံဆောင်ရွက်မည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်ရေးများ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးပွဲသို့လည်း တက်ရောက် ကြမည်ဖြစ်သည်ဟု ထိုင်းအရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အရာရှိတဦးသို့ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က သောကြာနေ့တွင် ပြင်းပြင်းထန်ထန် စိန်ခေါ် ထားခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ကုလသမဂ္ဂက လက်ခံရန် အကြံပေးခြင်း ဖြစ်သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွါးကာ လူပေါင်း ၇ဝ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင် အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နောက်တွင် သမ္မတက ကုလသမဂ္ဂ အရာရှိအား အကြံပေးခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်တွင် “မြန်မာနိုင်ငံနဲ့ သူတို့အစိုးရဟာ ၄၈ နှစ်လုံးလုံး ရက်စက် ကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ် အပြီးမှာ ပြန်လည် အမီလိုက်ဖို့အတွက် သွားစရာခရီးတွေ အများကြီး ရှိနေသေးပါတယ်။ မကြာခင် က မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အပြင်ပန်း စည်းလုံးညီညွတ်မှု မျက်နှာစာကြီး ကို ပြိုကျစေခဲ့ပါတယ်” ဟု ဆိုထားသည်။

“သမ္မတ ဦးသိန်းစိန်ရဲ့ မှတ်ချက်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အစိုးရ တရပ်ဆီက ကြားရတဲ့ ခုတလောအတွင်း စိတ်ပျက်စရာ အကောင်းဆုံး မှတ်ချက်ပါပဲ” ဟု အယ်ဒီတာ့ အာဘော်က ဆိုသည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်က ဆက်လက်၍ ဆိုထားသည်မှာ “သူ [သမ္မတ ဦးသိန်းစိန်] က ကုလသမဂ္ဂကို လွန်ခဲ့တဲ့ အပါတ်က ပြောခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံ ကြိုဆိုမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာ နေရာချထားဖို့နဲ့ ပိုကောင်းတာကတော့
မြန်မာနိုင်ငံကနေ နှင်ထုတ်ဖို့ပါပဲလို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လူမျိုးအရလည်း အများစု ဗမာတွေနဲ့ ခြားနားနေပြီး ဘာသာရေးအရလည်း မူစလင်တွေ ဖြစ်ကြတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ တခုတည်းသော အဖြေကတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကို လက်ခံချင်တဲ့ တတိယ နိုင်ငံတွေမှာ သူတို့ကို အခြေချစေဖို့ပါပဲ လို့ သူက ဆိုပါတယ်” ဟု ရေးသားထားသည်။

ဘန်ကောက်ပို့စ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန်၏ အမြင်အား ထိုင်းအစိုးရက စောဒက တက်ပါရန် တိုက်တွန်း ထားသည်။

“ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့တကွ ပြဿနာတွေကို ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးသင့်ပါတယ်။ ထိုင်းနိုင်ငံ နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေဟာ ဒီလူတွေရဲ့ အတိဒုက္ခတွေကို သေသေချာချာ သတိထားမိပါတယ်” ဟု သတင်းစာက ဆိုသည်။

“မြန်မာ သမ္မတရဲ့ အံ့သြထိတ်လန့်စရာ ကောင်းတဲ့ မှတ်ချက်ကို မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ သေနတ်အောက်မှာ တကယ့်ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတဲ့အတွက် ခုလို ပြောမိတာလို့ ဆင်ခြေပေးလို့တော့ ရနိုင်ပါတယ်” ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့လျှင်လည်း လက်ခံနိုင်စရာမရှိဟု အယ်ဒီတာ့ အာဘော်က ဆိုထားသေးသည်။

“မြန်မာနိုင်ငံဟာ ရှည်လျားပြီး အမှောင်ဖုံးလွှမ်းနေတဲ့ အကြမ်းဖက်မှု သမိုင်းကြောင်းကနေ ရုန်းကန်ပေါ်ထွက်လာနေ
တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က စံနှုန်းတွေနဲ့ အလွန် ကွဲပြားခြားနားတဲ့ စံနှုန်းတွေနဲ့ ကမ္ဘာသစ်ထဲကို ဝင်ရောက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါတယ်။ သူတို့ကို စောဒကတက် ဝေဖန်မှုတွေ ရှိသင့်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်
သတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားထားသည်။

မဇ္ဈိမသတင်းဌာန |
ဘကြီးသက်
Unknown at 8:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခန်းခ ပိုမို တောင်းခံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအား လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ သွားမည်




From : MRTV-4
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရှိ ဟိုတယ် လုပ်ငန်းမှာ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ ဟိုတယ် တွေဟာ အခန်းခ ပိုမိုတောင်းခံခြင်းများ ပြုလုပ်ပါက လိုင်စင်များ ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ ဟိုတယ် တွေမှာ Standard Room အခန်းခ နှုန်းထား တွေကို အမေရိကန် ဒေါ်လာ ၁၅၀ အထက် ပိုမိုကောက်ခံခြင်း မပြုဖို့ သတ်မှတ် ထားပါတယ်။

ဒါပေမယ့် ယခုလက်ရှိမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် အချို့ဟာ အခန်းခ နှုန်းထား တွေကို ပိုမိုကောက်ခံခြင်း များရှိတဲ့ အတွက် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနကို ပြည်တွင်း ခရီးသွား လုပ်ငန်းများမှ တင်ပြမှုများ ရှိလာပါတယ်။ ဒါ့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနဟာ ပြည်တွင်းရှိ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းများနဲ့ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် လုပ်ငန်းရှင် များကို တွေ့ဆုံကာ ဟိုတယ် အခန်းခ နှုန်းထား တွေကို သတ်မှတ်ပေး ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို သတ်မှတ်ချက်နဲ့ ကောက်ခံမှု ရှိတဲ့ ဟိုတယ်တွေ ကိုတော့ ဟိုတယ် လိုင်စင် ပိတ်သိမ်း ခြင်းများ၊ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခွင့် သက်တမ်း တိုးမြှင့် မပေးခြင်းများနဲ့ ဟိုတယ်များရှိ နိုင်ငံခြားသား များကို ဗီဇာ သက်တမ်း ထောက်ခံပေးမှု ရပ်ဆိုင်းခြင်း တွေပြုလုပ်ကာ အရေးယူ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ဟိုတယ် အခန်းခ နှုန်းထား တွေဟာ ဒေသ အတွင်းရှိ နိုင်ငံများနဲ့ နှိုင်းယှဉ်ပါက ဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ယခုလို ဈေးနှုန်း မြင့်တက်မှုဟာ မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်း တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့ အတွက် ယခုလို အခန်းခ နှုန်းထားများ သတ်မှတ် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။


ဘကြီးသက်
Unknown at 8:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကပ္ပတိန်သာစိန်မှ ပြည်သူ့ လွှတ်တော်တွင်တင်သွင်းသော ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ကပ္ပတိန်သာစိန်မှ ပြည်သူ့ လွှတ်တော်တွင်တင်သွင်းသော ရခိုင်ပြည်နယ်
ပဋိပက္ခဖြေရှင်းရေးများကို အဆိုတင်သွင်းသည့် အကြောင်းအရာများ


  lu bo

ဘကြီးသက်
Unknown at 7:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား



မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်း ကာလအတွင်း တည်ဆောက်
မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည်
 စတင် တည်ဆောက် သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟို
အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend
သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 Myanmar New Now
ဘကြီးသက်
Unknown at 7:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူ့အပေါ် မငဲ့ညှာသော ဆက်သွယ်ရေးဝန်ကြီးဌာန


Wai Yan De Mo


http://www.demowaiyan.org/2012/07/blog-post_5096.html

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအကြောင်း တိုင်ကြားစာကို ဖော်ပြလိုက်ပါတယ်..။

သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များအား သိရှိစေရန် တိုင်ကြားပါသည်။ ကျွန်တော်တို့ အသုံးပြုနေသော (၁၅)သိန်း GSM မိုဘိုင်းဖုန်းများသည် တဖက်နှင့် တဖက်ခေါ်ဆိုသည့်အခါလည်း မကြားရခြင်း၊ ခေါ်ဆိုပြီး လိုင်းပြုတ်ခြင်း၊ ဖုန်းမပြောရပဲ အလိုအလျှောက် ဖုန်းဘီလ် အလွန်တက်နေခြင်း ဖြစ်ပေါ်နေသည့်အတွက် prepaid စနစ်သို့ ပြောင်းလည်းအသုံးပြုခဲ့ပါသည်။ prepaid ပြောင်းပြီးသောလည်း တယ်လီဖုန်းအခွန်ငွေဌာနမှ အကြွေးကျန်များ မရှိစေရန် လက်ကျန်ငွေအားလုံး တောင်းခံလာ၍ ငွေအကြေအလည် ပေးသွင်းခဲ့ပါသည်။ ယခုအခါလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြွှေးကျန်ဆိုပြီး ထပ်မံ တောင်းခံလာပါသည်။ ဆက်သွယ်ရေးကို သွားပြောသောအခါ ရန်ကုန်မြို့ GSM ရုံးမှ ငွေကြွေးကျန် စာရွက်သာ တွေ့ရပါသည်။ ဘီလ်မသွင်းလျှင် ချက်ချင်းဖုန်းပိတ်ပါသည်။ Prepaid သုံးသော်လည်း ငွေဖြည့်ကဒ်မှာ ငွေအလွန်စားနေပါသည်။ CDMA (450) ဖုန်းများနှင့် နှိုင်းယှဉ်လျှင် GSM (၁၅)သိန်းဖုန်းမှ ငွေအလွန်စားနေပါသည်။ ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်နေရပါသလည်း ခင်ဗျာ။

သမ္မတကြီးနှင့် လူကြီးမင်းများခင်ဗျား လွန်ခဲ့သော (၁)နှစ်ခန့်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဌာနတွင် ဖုန်းမပြောဆိုပဲ အလိုအလျှောက် ဘီလ်တက်နေ၍ တိုင်းကြားမှုများဖြစ်ပေါ်ခဲ့ပါ၍ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြုခဲ့ရာ သင်္ကန်းကျွန်းအိတ်ချိန်းနှင့် ဝေဠုဝန် GSM အိတ်ချိန်းမှ ၀န်ထမ်းများအား အဂတိလိုက်စားမှုကြောင့် အရေးယူမှု ဖြစ်ပေါ်ခဲ့ပါသည်။

ယခုအခါ Prepaid စနစ်သို့ ပြောင်းခါနီးတွင် မြန်မာနိုင်ငံအနှံ့ မိုဘိုင်းဖုန်းများ ဘီလ်အလွန်များနေသည်ကို ပြည်သူများက သိရှိနေရပါသည်။ ဆက်သွယ်ရေးဝန်ကြီးဌာန၏ အဂတိလိုက်စားမှုကြောင့် ဒုဝန်ကြီးမှာ ပြုတ်သွားရခြင်း ဖြစ်သည်ဟု ပြည်သူများက ခန့်မှန်းကြပါသည်။ ပြည်တွင်းကုမ္ပဏီ အမည်ခံကာ တရုတ်နိုင်ငံမှ အရည်အသွေး ညံ့ဖျင်းသော စက်ပစ္စည်းများကို ဈေးကြီးပေးကာ တင်သွင်းတပ်ဆင် နေသည့်အတွက်ကြောင့် နိုင်ငံအနှံ့အပြားမှာ တယ်လီဖုန်းများ ခေါ်ဆိုမရဖြစ်နေရပါသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ၀ယ်ယူသော စက်များ ညံ့ဖျင်းသောကြောင့် ၀ယ်ယူသုံးစွဲသော ပြည်သူများအပေါ် စုတ်လည်းဆူး စားလည်းရူးဆိုသလို ငွေကုန်ကြေးကျများ၍ ၀န်ထုတ်ဝန်ပိုး ဖြစ်နေရပါသည်။ ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံကိန်းများသည် စီမံကိန်းလုပ်တိုင်း ၀န်ကြီးနှင့် ဌာနအကြီးအကဲများမှ အကျိုးအမြတ်ရရှိနေ၍ အကျိုးအမြတ်ရရှိရေးကို ဦးတည်ကာ ရည်ရွယ်ရှိရှိ လုပ်ကိုင်နေတဲ့ အတွက်ကြောင့် ပြည်သူလူထုအတွက် အလွန်ပင်ထိခိုက်နစ်နာသလို နိုင်ငံတော်အနေဖြင့်လည်း ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါသည်။

ယနေ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေချိန်တွင် နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါး လျော့ချရေး စီမံချက်အရ ကျေးလက်နေ ပြည်သူအထိ ဆက်သွယ်မှုရရှိစေရန် လုပ်ဆောင်နေမှုများသည် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညံ့ဖျင်းသော စက်များကြောင့် ကျေးလက်နေ ပြည်သူလူထုအထိ ၀န်ထုတ်ဝန်ပိုး ဖြစ်နေရပါသည်။

ထို့ကြောင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်းများအပေါ် ပြည်သူလူထုကို မထိခိုက် မနစ်နာစေရန် လစ်လျှူရှုမထားပဲ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ အထက်ပါကိစ္စအား စီစစ်စုံစမ်း ကြပ်မတ် ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

(တယ်လီဖုန်းသုံးစွဲသူ ပြည်သူတစ်ဦး)

ဘကြီးသက်
Unknown at 7:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် ကားဈေးထပ်မံ လျော့ကျနိုင်



From : ခေတ်လူငယ်

ဈေးနှုန်းများ ကျဆင်းလျက်ရှိသော ရန်ကုန်မော်တော်ကား ဈေးကွက်အတွင်း နောက်ပိုင်းကာလများတွင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါရှိသည့် အခွန်နှုန်းထားအတိုင်း ဝယ်ယူမည်ဆိုပါက ဈေးထပ်မံကျဆင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ အာဆီယံနိုင်ငံများသာမက ဂျပန်၊ ကိုရီးယား၊ အိန္ဒိယစသော အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများတွင်ပါ မိမိဝယ်ယူမည့် ကုမ္ပဏီကို အဆိုပါ သဘောတူစာချုပ် တောင်းယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းဆွေးနွေးဖက် နိုင်ငံများ၏ အကောက်ခွန်နှုန်းထား သက်သာခွင့်တွင် အာဆီယံ-တရုတ်အတွက် Form E ၊ အာဆီယံ-ဂျပန် အတွက် AJ Form နှင့် အာဆီယံ-ကိုရီးယားအတွက် AK Form တို့ပါရှိလျှင် သက်ဆိုင်ရာ သဘောတူစာချုပ်များအလိုက် အခွန်လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ “နောက်ပိုင်း လျှောက်လွှာတွေနဲ့ လာလျှောက်လို့ အခွန်သက်သာခွင့်ရရင် မော်တော်ယာဉ်ဈေးနှုန်း ထပ်ကျနိုင်သေးတယ်။ အကန့်အသတ် လုပ်ထားတဲ့ ပမာဏက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့အတွက် ဈေးထပ်ကျနိုင်ပါတယ်။ အားလုံးကလည်း အဲဒီအခြေအနေကို မျှော်လင့်ထားကြတယ်။ ဘယ်လောက်ထိ ဈေးကျမယ် ဆိုတာကိုသာ ခန့်မှန်းလို့ မရသေးတာ” ဟု ၄င်းက ပြောသည်။ အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းမည်ဆိုလျှင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form D ပါရှိလာလျှင် အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည်ဟု ပါရှိသည်။ ထို့ကြောင့် Form D အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပါရှိရန် လိုအပ်ပြီး မရှိလျှင် မြန်မာ့အကောက်ခွန်နှုန်းထား ၂၀၁၂ ပါ ဇယားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 7:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.