Saturday, July 21, 2012

အင်တာနက်၏ အကူ​အညီဖြင့် မနှစ်မြို့​ဖွယ်​ ဓာတ်ပုံ တင်သူကို ခြေရာခံမိ


ပြီးခဲ့သည့် ရက်အနည်းငယ်က အမြန်ပြင်အစားအစာ (Fast Food) ဆိုင်ကြီးဖြစ်သည့် Berger King စားသောက်ဆိုင်မှ အလုပ်သမား တစ်ဦးသည် အသားညှပ်ပေါင်မုန့်များတွင် ထည့်သွင်းအသုံးပြုသည့် ဆလက်ရွက်များထည့်သည့် ပုံးများပေါ် အထက်ပါ ဓာတ်ပုံတွင်မြင်ကြ ရသည့်အတိုင်း ဖိနပ်ဖြင့် တက်နင်းကာ ဓာတ်ပုံရိုက်ယူခဲ့ပြီး ထိုဓာတ်ပုံကို လူမှုဆက်သွယ်ရေး မီဒီယာများထဲက တစ်ခုဖြစ်သည့် 4chan ၀က်ဘ်ဆိုဒ်တွင် အများသူငါ ကြည်ရှုနိုင်စေရန် အလို့ငှာ ဝေမျှခဲ့သည်။
၎င်းပုဂ္ဂိုလ်သည် မည်သည့် ရည်ရွယ်ချက်ဖြင့် မည်သည့်နေရာတွင်ဓာတ်ပုံရိုက်ယူ၍ ဝေမျှသည်ကို မသိရှိရသော်လည်း အံ့သြဖွယ်ကောင်း သည့် အချက်မှာ ထိုဓာတ်ပုံကို ည ၁၁း၃၈ အချိန်က ဝေမျှလိုက်သော်လည်း၊ ည ၁၁း၄၇ အချိန်တွင်မူ 4chan ၀က်ဘ်ဆိုဒ်၏ အဖွဲ့ဝင် တစ်ဦးက ထိုဓာတ်ပုံတွင်ပါရှိသော GPS (Global Positioining System) အချက်အလက်ကို အခြေခံ၍ အင်တာနက်၏ အကူ အညီဖြင့် ယင်း အလုပ်သမား လုပ်ကိုင်ရာ Berger King စားသောက်ဆိုင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွား လေတော့သည်။
ည ၁၁း၅၈ အချိန်မှာတော့ Berger King စားသောက်ဆိုင်အား တိုင်တောနိုင်မည့် ဖောင်တစ်စောင်၏ အင်တာနက်ပေါ်တွင် ရောက်ရှိ လို့ နေပါပြီ။ ခဏအကြာမှာတော့ အမည်မဖော်လိုသူ လူတစ်ဦးက ထိုစားသောက်ဆိုင်၏ မန်နေဂျာကို ဖုန်းဆက် အကြောင်းကြား မှုကြောင့် ဖြစ်ကြောင်းကုန်စင် တပုံတပင်ကို လုံးဝဥဿုံ အလုံးစုံ သိရှိပြီးဖြစ်သွားပါတော့သည်။
ကံမကောင်းရှာသည့် မူလဓာတ်ပုံပိုင်ရှင် တဖြစ်လည်း Berger King စားသောက်ဆိုင် အလုပ်သမားသည် နေ့ညဥ့်မဆိုင်း အလုပ် လက်မဲ့ ဘ၀သို့ ရောက်ရရှာပြီး၊ သူနှင့် အပေါင်းအပါ ကြံရာပါနှစ်ဦးသည်လည်း အလုပ်သစ်ကို ရှာဖွေကြရမည် ဖြစ်ပေသည်။
အထက်ပါ အကြောင်းအရာကိုထောက်ရှု၍ ရွှေလုံးစာဖတ် ပရိသတ်များ လူမှုဆက်သွယ်ရေး မီဒီယာများတွင် မိမိတို့၏ ဓာတ်ပုံများကို ဝေ မျှမည်ဆိုပါက သင့်-မသင့်၊ လျော်-မလျော်ကို ရင့်ကျက်သည့် အတွေးအခေါ်ဖြင့် ဘေးမချော်ဘဲ တွေးမျှော်ကြပါလို့ တိုက်တွန်းရင်း၊ ဆရာတော်ကြီးတစ်ပါး (ဘွဲ့အမည် မမှတ်မိ) ၏ ဓမ္မာရုံတွင် ညအိပ်တည်းခိုကြမည့် လူစိမ်းဒကာများကို အမိန့်ရှိသည့် စကားဖြစ်သည့် "လွတ်လွတ်လပ်လပ် ကြည့်ကြပ်သာ နေကြပေတော့" ဟူသော စကားဖြင့် အဆုံးသတ် လိုက်ပါရစေ။

ဘကြီးသက်
Unknown at 10:01 PM
Share

1 comment:

  1. ဦးစားကြီးJuly 22, 2012 at 9:27 AM

    သတိပြုဆင်ခြင်စရာပါ

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.