Saturday, July 21, 2012

ပြည်သူ့အပေါ် မငဲ့ညှာသော ဆက်သွယ်ရေးဝန်ကြီးဌာန


Wai Yan De Mo


http://www.demowaiyan.org/2012/07/blog-post_5096.html

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအကြောင်း တိုင်ကြားစာကို ဖော်ပြလိုက်ပါတယ်..။

သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များအား သိရှိစေရန် တိုင်ကြားပါသည်။ ကျွန်တော်တို့ အသုံးပြုနေသော (၁၅)သိန်း GSM မိုဘိုင်းဖုန်းများသည် တဖက်နှင့် တဖက်ခေါ်ဆိုသည့်အခါလည်း မကြားရခြင်း၊ ခေါ်ဆိုပြီး လိုင်းပြုတ်ခြင်း၊ ဖုန်းမပြောရပဲ အလိုအလျှောက် ဖုန်းဘီလ် အလွန်တက်နေခြင်း ဖြစ်ပေါ်နေသည့်အတွက် prepaid စနစ်သို့ ပြောင်းလည်းအသုံးပြုခဲ့ပါသည်။ prepaid ပြောင်းပြီးသောလည်း တယ်လီဖုန်းအခွန်ငွေဌာနမှ အကြွေးကျန်များ မရှိစေရန် လက်ကျန်ငွေအားလုံး တောင်းခံလာ၍ ငွေအကြေအလည် ပေးသွင်းခဲ့ပါသည်။ ယခုအခါလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြွှေးကျန်ဆိုပြီး ထပ်မံ တောင်းခံလာပါသည်။ ဆက်သွယ်ရေးကို သွားပြောသောအခါ ရန်ကုန်မြို့ GSM ရုံးမှ ငွေကြွေးကျန် စာရွက်သာ တွေ့ရပါသည်။ ဘီလ်မသွင်းလျှင် ချက်ချင်းဖုန်းပိတ်ပါသည်။ Prepaid သုံးသော်လည်း ငွေဖြည့်ကဒ်မှာ ငွေအလွန်စားနေပါသည်။ CDMA (450) ဖုန်းများနှင့် နှိုင်းယှဉ်လျှင် GSM (၁၅)သိန်းဖုန်းမှ ငွေအလွန်စားနေပါသည်။ ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်နေရပါသလည်း ခင်ဗျာ။

သမ္မတကြီးနှင့် လူကြီးမင်းများခင်ဗျား လွန်ခဲ့သော (၁)နှစ်ခန့်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဌာနတွင် ဖုန်းမပြောဆိုပဲ အလိုအလျှောက် ဘီလ်တက်နေ၍ တိုင်းကြားမှုများဖြစ်ပေါ်ခဲ့ပါ၍ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြုခဲ့ရာ သင်္ကန်းကျွန်းအိတ်ချိန်းနှင့် ဝေဠုဝန် GSM အိတ်ချိန်းမှ ၀န်ထမ်းများအား အဂတိလိုက်စားမှုကြောင့် အရေးယူမှု ဖြစ်ပေါ်ခဲ့ပါသည်။

ယခုအခါ Prepaid စနစ်သို့ ပြောင်းခါနီးတွင် မြန်မာနိုင်ငံအနှံ့ မိုဘိုင်းဖုန်းများ ဘီလ်အလွန်များနေသည်ကို ပြည်သူများက သိရှိနေရပါသည်။ ဆက်သွယ်ရေးဝန်ကြီးဌာန၏ အဂတိလိုက်စားမှုကြောင့် ဒုဝန်ကြီးမှာ ပြုတ်သွားရခြင်း ဖြစ်သည်ဟု ပြည်သူများက ခန့်မှန်းကြပါသည်။ ပြည်တွင်းကုမ္ပဏီ အမည်ခံကာ တရုတ်နိုင်ငံမှ အရည်အသွေး ညံ့ဖျင်းသော စက်ပစ္စည်းများကို ဈေးကြီးပေးကာ တင်သွင်းတပ်ဆင် နေသည့်အတွက်ကြောင့် နိုင်ငံအနှံ့အပြားမှာ တယ်လီဖုန်းများ ခေါ်ဆိုမရဖြစ်နေရပါသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ၀ယ်ယူသော စက်များ ညံ့ဖျင်းသောကြောင့် ၀ယ်ယူသုံးစွဲသော ပြည်သူများအပေါ် စုတ်လည်းဆူး စားလည်းရူးဆိုသလို ငွေကုန်ကြေးကျများ၍ ၀န်ထုတ်ဝန်ပိုး ဖြစ်နေရပါသည်။ ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံကိန်းများသည် စီမံကိန်းလုပ်တိုင်း ၀န်ကြီးနှင့် ဌာနအကြီးအကဲများမှ အကျိုးအမြတ်ရရှိနေ၍ အကျိုးအမြတ်ရရှိရေးကို ဦးတည်ကာ ရည်ရွယ်ရှိရှိ လုပ်ကိုင်နေတဲ့ အတွက်ကြောင့် ပြည်သူလူထုအတွက် အလွန်ပင်ထိခိုက်နစ်နာသလို နိုင်ငံတော်အနေဖြင့်လည်း ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါသည်။

ယနေ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေချိန်တွင် နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါး လျော့ချရေး စီမံချက်အရ ကျေးလက်နေ ပြည်သူအထိ ဆက်သွယ်မှုရရှိစေရန် လုပ်ဆောင်နေမှုများသည် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညံ့ဖျင်းသော စက်များကြောင့် ကျေးလက်နေ ပြည်သူလူထုအထိ ၀န်ထုတ်ဝန်ပိုး ဖြစ်နေရပါသည်။

ထို့ကြောင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်းများအပေါ် ပြည်သူလူထုကို မထိခိုက် မနစ်နာစေရန် လစ်လျှူရှုမထားပဲ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ အထက်ပါကိစ္စအား စီစစ်စုံစမ်း ကြပ်မတ် ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

(တယ်လီဖုန်းသုံးစွဲသူ ပြည်သူတစ်ဦး)

ဘကြီးသက်
Unknown at 7:54 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.