Saturday, July 21, 2012

အခန်းခ ပိုမို တောင်းခံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအား လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ သွားမည်




From : MRTV-4
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရှိ ဟိုတယ် လုပ်ငန်းမှာ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ ဟိုတယ် တွေဟာ အခန်းခ ပိုမိုတောင်းခံခြင်းများ ပြုလုပ်ပါက လိုင်စင်များ ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ ဟိုတယ် တွေမှာ Standard Room အခန်းခ နှုန်းထား တွေကို အမေရိကန် ဒေါ်လာ ၁၅၀ အထက် ပိုမိုကောက်ခံခြင်း မပြုဖို့ သတ်မှတ် ထားပါတယ်။

ဒါပေမယ့် ယခုလက်ရှိမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် အချို့ဟာ အခန်းခ နှုန်းထား တွေကို ပိုမိုကောက်ခံခြင်း များရှိတဲ့ အတွက် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနကို ပြည်တွင်း ခရီးသွား လုပ်ငန်းများမှ တင်ပြမှုများ ရှိလာပါတယ်။ ဒါ့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနဟာ ပြည်တွင်းရှိ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းများနဲ့ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် လုပ်ငန်းရှင် များကို တွေ့ဆုံကာ ဟိုတယ် အခန်းခ နှုန်းထား တွေကို သတ်မှတ်ပေး ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို သတ်မှတ်ချက်နဲ့ ကောက်ခံမှု ရှိတဲ့ ဟိုတယ်တွေ ကိုတော့ ဟိုတယ် လိုင်စင် ပိတ်သိမ်း ခြင်းများ၊ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခွင့် သက်တမ်း တိုးမြှင့် မပေးခြင်းများနဲ့ ဟိုတယ်များရှိ နိုင်ငံခြားသား များကို ဗီဇာ သက်တမ်း ထောက်ခံပေးမှု ရပ်ဆိုင်းခြင်း တွေပြုလုပ်ကာ အရေးယူ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ဟိုတယ် အခန်းခ နှုန်းထား တွေဟာ ဒေသ အတွင်းရှိ နိုင်ငံများနဲ့ နှိုင်းယှဉ်ပါက ဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ယခုလို ဈေးနှုန်း မြင့်တက်မှုဟာ မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်း တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့ အတွက် ယခုလို အခန်းခ နှုန်းထားများ သတ်မှတ် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။


ဘကြီးသက်
Unknown at 8:03 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.