Tuesday, May 15, 2012

မုံရွာမြို့၏နယူးဖက်ရှင်၊ အာရှဖက်ရှင် သရုပ်ပျက် အလှပြင်ဆိုင်များ


နယူးဖက်ရှင် အလှပြင်ဆိုင်
စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးပေါ်တွင် နယူးဖက်ရှင်၊ အာရှဖက်ရှင်
အမည်များဖြင့် အလှပြင်ဆိုင်(၅)ဆိုင်ကို ခမ်းနားစွာဖွင့်လှစ်လုပ်ကိုင်နေပါသည်။

 ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များ၊ ယောက်ျားငယ်လေးများစွာတို့ဖြင့်
 သရုပ်ပျက်ဝတ်စားနေထိုင်ကြပြီး၊ နိုင်ငံခြားသံစဉ်တီးလုံးသီချင်းများကို ဆူညံစွာ
အချိန်ပြည့်ဖွင့်ပြီး မိန်းကလေးများမှာ ဘောင်းဘီ အတို၊ အင်္ကျီမလုံတလုံများဖြင့်
တီးလုံးနှင့်အတူ လှုပ်ရမ်းကပြီး ယောက်ျားလေးများကို ခေါင်းလျှော်ပေးခြင်း၊
နှိပ်ပေးခြင်းများပြုလုပ်ပေးကာ လမ်းပေါ်အထိ တက်ကာ ကြိုဆိုကြ ပါသည်။

မြန်မာစကားလည်း ပီပြင်အောင်မပြောတတ်ပါ။ မြန်မာမိန်းကလေးများလည်း
အားကျပြီး ပါဝင်နေကြပါသည်။ ညနေမှောင်သည့်အချိန်တွင် အခြားလူငယ်များဖြင့်
 မြင်မကောင်းပါ။ မြန်မာ့ယဉ်ကျေးမှုနှင့် တခြားစီဖြစ်ပါသည်။

မုံရွာမြို့လူငယ်ကျောင်းသား များသည် အတွေ့အကြုံနည်းပါးပြီး စူးစမ်း စမ်းသပ်ချင်
နေကြပါသည်။ စီးပွားရေးသမားများ သည် စီးပွားရေးအတွက်တစ်ခုတည်းသာကြည်
့ပါသည်။ နောက်ကွယ်ကဘာတွေရှိသလဲ။ ဘာတွေလုပ်နေသလဲမသိပါ။ ပါတ်ဝန်းကျင်
ကိုတော့ လုံးဝဂရုမစိုက်ပါ။ လမ်းမကြီးဘေး တက္ကသိုလ်ကျာင်းသား/သူအများဆုံးရှိ
သည့်နေရာတွင် သရုပ်ပျက်ဆူညံလွန်းလှပါသည်။

တိုက်အိမ်များကို အခကြေးငွေများစွာပေးငှားရမ်းပြီး၊ သရုပ်ပျက်မိန်းကလေးများ၊
ယောက်ျား လေးများစွာထားရှိပါသည်။ တိုင်းပြည်အတွက် အသိပညာအတတ်ပညာ
တိုးတက်ရေးကို လိုလားသော တာဝန်သိသူတာဝန်ရှိသူများအနေဖြင့် လူငယ်များ
 စာရိတ္တပျက်စီးမည့်အရေးကို ထောက်ရှုသောအားဖြင့် ယခုလိုသရုပ်ပျက်စွာစီးပွား
ရှာသော အလှပြင်ဆိုင်များကို တားဆီး ပေးပါရန်တင်ပြအပ်ပါသည်။

မုံရွာမြို့ မှ တာဝန်သိပြည်သူတဦး

သစ်ထူးလွင်
Unknown at 4:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားငွေ အတုအစစ် စစ်ဆေးသည့် ငွေရေတွက်စက်များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာ



ဘဏ်လုပ်ငန်းသုံး စက်ပစ္စည်းများဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးနှင့် အခြားနိုင်ငံခြားငွေကြေးများအား အတုအစစ်နှင့် နံပါတ်ကိုပါ တစ်ပြိုင်တည်း မှတ်သားပေးသည့် Counterfeiting Machine များ ပြည်တွင်းရှိ နိုင်ငံခြား ဘဏ်လုပ်ငန်း (AD)လုပ်ခွင့်ရသော ဘဏ်များသို့ target ထား၍ ၀င်ရောက်လာကြောင်း သတင်းရရှိသည်။ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာသည့် စက်ပစ္စည်းများတွင် ငွေထုပ်ပိုးစက်၊ နိုင်ငံခြားငွေ အတုအစစ်ခွဲစက်၊ ငွေရေတွက်စက်၊ နိုင်ငံခြားငွေဖတ်စက်နှင့် ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုသော ဘားကုတ်စနစ်သုံး slide card များနှင့် ၎င်းနှင့် ဆက်စပ်သော စက်ပစ္စည်းများ ၀င်ရောက်လာကြောင်း သိရသည်။ “ပြည်တွင်းက ဘဏ်တွေမှာတော့ လောလောဆယ် အခြားငွေ ရေတွက်စက်တွေကိုပဲ အသုံးများနေသေးတယ်။ AD လိုင်စင်ရဘဏ်နဲ့ money changer တွေမှာတော့ ဒေါ်လာ အတုအစစ်နဲ့ ငွေရေတွက်စက်တွေ သုံးနေပြီ။ Counting Machine မှာတော့ ဟောင်ကောင်က brand ကို သုံးတာ နည်းသေးတယ်” ဟု ဟောင်ကောင်နိုင်ငံမှ ဘဏ်လုပ်ငန်းသုံး စက်ပစ္စည်းများ မိတ်ဆက်ပွဲ တက်ရောက်လာသည့် ဘဏ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ “လက်ရှိ ရောင်းချပေးနေတဲ့ဈေးက သင့်တော်တဲ့ဈေးပါပဲ။ အထူးသဖြင့် ဒေါ်လာ ရေတွက်စက်က printer လို သဘောမျိုးနဲ့ တွဲထားပြီးတော့ ငွေစက္ကူထည့်လိုက်တာနဲ့ တစ်ရွက်ခြင်း နံပါတ်အလိုက် မှတ်ပေးတယ်။ နောက်ဆုံးမှာ စုစုပေါင်းပမာဏပါ ပေါင်းပေးတယ်။ အတုအစစ်လည်း ခွဲပေးတယ်။ ဒီနေ့တစ်ရက်ပဲ သူတို့က discount နဲ့ ရောင်းချပေးတဲ့ သဘောပါ။ ဘဏ်တွေအတွက်တော့ တော်တော်လေး အသုံးဝင်ပါတယ်” ဟု ရိုးမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ အဆိုပါ ဟောင်ကောင်အခြေစိုက် KTP Group နှင့် မြန်မာနိုင်ငံ မှ Colourful Treasure ကုမ္ပဏီတို့ ချိတ်ဆက်လုပ်ဆောင်ခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများအတွက် အာမခံအား နှစ်နှစ်ပေးထားကြောင်း
Myanmar Express
Unknown at 3:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ မုဒိန်းကျင့်









                                မောင်စေတန် facebook မှ ပုံလေးများ အပျင်းပြေကြည့်စေဖို့

ဇင် ​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။

ရဲ​ဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ ​အုပ်​ခံ​ရ​ပြီး​နောက်​ သ​တိ​လစ်​သွား​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ဩ​ဂက်​စ​တင်း​ချီ​ဟွာ​က​ဆို​သည်​။ ​ထို့​နောက်​ ​ထို​ရဲ​သား​ ​သ​တိ​ပြန်​ရ​လာ​ချိန်​တွင်​ ၎င်း​သည်​ ​မြို့​ပြင်​တော​အုပ်​ထဲ​ ​ရောက်​နေ​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ​ယင်း​ကို​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြု​မူ​နေ​သည်​ကို​ ​သ​တိ​ပြု​မိ​ခဲ့​သည်​။ ​ထို့​နောက်​ ​စိတ်​ကျေ​နပ်​သွား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​ရဲ​သား​တွင်​ ​ပါ​လာ​သော​ ​ငွေ​ကြေး​အ​နည်းငယ်​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့​ကို​ ​ရ​ယူ​ကာ​ ၎င်း​အား​ ​မြို့​ပြင်​တွင်​ ​ထား​ခဲ့​ပြီး​ ​ထွက်​ပြေး​သွား​ကြောင်း​ ​ချီ​ဟွာ​က​ ​ပြော​ကြား​ခဲ့​သည်​။ ​ထို​သို့​သော​ ​လုပ်​ဆောင်​ချက်​နှင့်​ ​ပ​တ်​သက်​ပြီး​ ​အ​ကြောင်း​ရင်း​ကို​ ​မ​သိ​ရ​ဟု​ ​ချီ​ဟွာ​က​ဆို​သည်​။
ဇင် ​ဘာ​ဘွေ​ ဥ​ပ​ဒေ​အ​ရ​ ​မု​ဒိမ်း​မှု​သည်​ ​အ​မျိုး​သ​မီး​များ​ ​ပြု​ကျင့်​ခံ​ရ​မှ​သာ​ ​အ​ကျုံး​ဝင်​ပြီး​ ​အ​မျိုး​သား​များ​အ​တွက်​ ​သတ်​မှတ်​မ​ထား​ချေ​။ ပြီး​ခဲ့​သည့်​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​သည်​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ၎င်း​တို့​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​အ​တင်း​ခိုင်း​စေ​ခဲ့​သည်​။ ​ထို​စ​ဉ်​က​ ​ယင်း​အ​မျိုး​သား​သည်​ ​အိပ်​ယာ​တစ်​ခု​ကို​ ​ဝယ်​လာ​ပြီး​ ​ကာ​ရိုး​အ​နောက်​ပိုင်း​ရှိ​ ​နေ​အိမ်​သို့​ ​သယ်​သွား​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​ယ​ခု​လို​ ​ခိုင်း​စေ​ခဲ့​ခြင်း​ဖြစ်​သည်​။
ယ​မန်​နှစ်​ ​နို​ဝင်​ဘာ​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​ချာတိတ်​တစ်ဦး​ကို​ ​ဟာ​ရာ​ရာ​ရှိ​ ​ရို​မန်​ကက်​သ​လစ်​ ​ဘု​ရား​ကျောင်း​အ​တွင်း​ ​သော့​ခတ်​ပိတ်​ကာ​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြ​သည်​။ ယ​ခု​ကဲ့​သို့​ ​ရဲ​သား​တစ်ဦး​အား​ ​မီ​နီ​ဘတ်စ်​ပေါ်​ ​လိုက်​လာ​သည့်​ ​အ​မျိုး​သ​မီး​များ​က​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​သ​တင်း​ထွက်​ပေါ်​လာ​ပြီး​နောက်​ ​ပြည်​တွင်း​သ​တင်း​စာ​တစ်​စောင်​က​ ​လမ်း​ပေါ်​မောင်း​လာ​သည့်​ ​မီ​နီ​ဘတ်စ်​ကို​ ​အ​လု​အ​ယက်​ ​ဝိုင်း​တား​နေ​သည့်​ ​အ​မျိုး​သား​ ​အ​မြောက်​အ​မြား​ပုံ​ကို​ ​ကာ​တွန်း​ရေး​ဆွဲ​ ​သ​ရော်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

Myanmar Express
Unknown at 11:24 AM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီး ကျောင်းသား ၊ ကျောင်းသူများနှင့် ဘွဲ့ရများအတွက် အနာဂတ်ပညာရေး ဆွေးနွေးပွဲ ပြုလုပ်

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီး ကျောင်းသား ၊ ကျောင်သူများနဲ့ တက္ကသိုလ် ဘွဲ့ရများအတွက် အနာဂတ်ပညာရေး လမ်းကြောင်းများအကြောင်း
ဆွေးနွေးပွဲကို မေလ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ ၊ အင်းလျားလမ်းရှိ MIC သင်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ထားတဲ့ ကျောင်းသားများ အတွက် UK အစိုးရမှ တိုက်ရိုက်ချီးမြှင့်မယ့် နိုင်ငံတကာ အသိအမှတ်ပြု စီးပွားရေးဆိုင်ရာ ဒီပလိုမာနှင့် မီဒီယာဆိုင်ရာ ဒီပလိုမာများအကြောင်း ဟောပြောခဲ့ပါတယ်။

ဒါအပြင် Higher  National Diploma Business ဖြစ်တဲ့ စီးပွားရေးဆိုင်ရာ ဒီပလိုမာဘွဲ့များ ပြီးဆုံးပါက UK Bachelor Degree ကို ဆက်လက်ပညာသင်ကြားနိုင်မယ့် အကြောင်းများ ဆွေးနွေဟောပြေားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါပွဲမှာတော့ တာဝန်ရှိသူများက နိုင်ငံတကာပညာရေး အကြောင်းအရာ များကို ဆွေးနွေးခြင်းနဲ့ မေးမြန်းသည်များကို ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါအပြင်အဆိုပါ ဘွဲ့များကြောင်း အသေးစိတ် သိရှိလိုပါက MIC သင်တန်းကျောင်း ၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၅၃၇၅၆၂ နဲ့ ၀၉-၇၃၂၁၀၀၀၁ သို့ ဆက်သွယ်စုံစမ်း နိုင်တယ်လို့ သိရပါတယ်။


Unknown at 10:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Google Maps ကို Apple မှ အသုံးမပြုတော့


Apple ကုမ္ပဏီဟာ ၎င်းရဲ့ မိုဘိုင်း ပလက်ဖောင်း iOS 6 မှာ ၎င်းရဲ့ ကိုယ်ပိုင်တည်နေရာပြစနစ်ကို အသုံးပြုမှာဖြစ်တာကြောင့် Google Maps ကို
 ချန်လှပ်ထားခဲ့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ Apple ရဲ့ Application ဒီဇိုင်းဟာ iPhone, iPad နဲ့ iPod တွေမှာ လက်ရှိအသုံးပြုနေတဲ့ ဂူဂဲလ်မက်စ် ပရိုဂရမ်နဲ့ အတော်လေး ဆင်တူကြောင်း သိရပါတယ်။
 
ဒါပေမယ့် Apple ရဲ့စနစ်က ပိုပြီး ရိုးရှင်းခြင်း၊ မြန်ဆန်ခြင်းနဲ့ ပိုမိုယုံကြည်အားထားနိုင်တဲ့ အတွေ့အကြုံရှိခြင်းတို့နဲ့ ပြည့်စုံကြောင်း နည်းပညာ ၀က်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က Apple ဟာ  Place base ၊ C3 Technologies နဲ့ Poly 9 ဆိုတဲ့ တည်နေရာပြ စနစ်တွေကို အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် အဆိုပါ အတွေ့အကြုံတွေကနေ Apple ဟာ ကိုယ်ပိုင်စနစ်ကို ထူထောင်ဖို့ သတင်းအချက်အလက် စုဆောင်းနိုင်ခဲ့ပြီး ဂူဂဲလ်အပေါ် မှီခိုမှုကို လျှော့ချခဲ့ တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း Apple ဟာ ၎င်းရဲ့ iOS iPhoto Application ကို အသုံးပြုပြီး iPad နဲ့ iPhone  တို့မှာ ဓာတ်ပုံတွေ အမျိုးအစားအလိုက် စုဆောင်းပေး တဲ့ စနစ်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ အဲ့ဒီနည်းပညာဟာ C3 Technologies ဆိုတဲ့ ဆွစ်ဇာလန် ကုမ်္ပဏီကနေ တိုက်ရိုက်ရယူထားတာ ဖြစ်ပါ တယ်။ Apple  ဟာ ၎င်းရဲ့ နှစ်ပတ်လည် Worldwide Developers ညီလာခံကို ဆန်ဖရန်စစ္စကိုမြို့မှာ ဇွန်လ ၁၁ရက်ကနေ ၁၅ရက်နေ့အထိ ကျင်းပဖို့စီစဉ်ထားပြီး ယခုနှစ်အတွက် အဓိကကြေညာချက်အဖြစ် ၎င်းရဲ့ မိုဘိုင်း အော်ပရေးတင်းစနစ်ရဲ့ ဆဌမမြောက် မျိုးဆက်ဖြစ်တဲ့ iOS 6 ကို ပွဲထုတ်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
 
 
Reference : Xinhua.com
 
 

Unknown at 10:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေပြည်တော်နှင့် ရှမ်းမြောက်တွင် စက်မှုဇုန်သစ် ထပ်ဖေါ်ဆောင်မည်



မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ် -ပိုင်ပိုင် (YPI)

အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ နေပြည်တော်နှင့် တပ်ကုန်းအကြားနှင့် မူဆယ်နှင့် ကွတ်ခိုင်မြို့အကြား ဧက ၅၀၀ စီအကျယ်အ၀န်းရှိ စက်မှုဇုန်တခုဖေါ်ဆောင်မည်ဟု နေပြည်တော်ကောင်စီ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

ယင်းစက်မှုဇုန်မှာ ပြည်တွင်းလုပ်ငန်းရှင်များကို အတွက်ရည်ရွယ်ထားကာ လုပ်ငန်းအမျိုးအစား သတ်မှတ်ချက် မရှိပဲ လုပ်ငန်းတခုချင်း အကျယ်အ၀န်း ကန့်သတ်ချက်လည်း လောလောဆယ် မရှိကြောင်း စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက YPI သို့ပြောသည်။

ပတ်ဝန်းကျင်ကို မထိခိုက်စေသော လုပ်ငန်းများ ဖြစ်ပါက နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း စက်မှုဇုန်များတည်ထောင်ရာတွင် လျှောက်ထားနိုင်ကြောင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဒုညွှန်မှူး ဒေါ်အေးအေးဝင်းကပြောသည်။

"ရန်ကုန်စက်မှုဇုန်လိုပါပဲ။ ဘယ်လုပ်ငန်းရယ်လို့ ကန့်သတ်မထားဘူး။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘူးဆိုရင် လျှောက်လို့ရတယ်" ဟု ၎င်းကဆိုသည်။

ယင်းစက်မှုဇုန်များတွင် လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ရက်အကန့်အသတ်မရှိ ဟု သိရသည်။
လျှောက်ထားလိုသူများသည် လုပ်ငန်းရှင်အသစ်ဖြစ်ပါက လုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအမည်၊ မြေအကျယ်အ၀န်းတို့ကို တင်ပြရမည်ဖြစ်သည်။  လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ပါက လုပ်ငန်းမှတ်ပုံတင်ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ယင်းလျှောက်လွှာများကို စိစစ်ခွင့်ပြုသွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ယင်းသို့စက်မှုဇုန်အသစ်များ တည်ထောင်ရာတွင် ဈေးကွက်ရရေးသည် အဓိကဖြစ်သောကြောင့် တရုတ်နိုင်ငံ ယူနန်နယ်ရှိ အထည်ချုပ်လုပ်ငန်းများနှင့် ချိတ်ဆက်နိုင်လျှင် ယခုတည်ထောင်မည့် စက်မှုဇုန်များတွင် လုပ်ကိုင်ရန် ဖြစ်နိုင်ခြေရှိကြောင်း ပြောသည်။

"ပုံစံကတော့မတူဘူးပေါ့။ ဒီမှာက ဆိပ်ကမ်းဖက်က သွားပေမယ့် အဲဒီနေရာတွေကျတော့ နယ်စပ်ဘက်ကနေပဲ သွားရမယ်။ ဈေးကွက်သာရှိရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်"ဟုဦးမြင့်စိုးက ပြောသည်။
ယမန်နှစ်ကုန်ပိုင်းအထိ စာရင်းများအရ မြန်မာနိုင်ငံတွင် စက်မှုဇုန်စုစုပေါင်း ၂၄ ဇုန်ရှိသည်။          ။
Yangon Press International
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော သျှင်ဥက္ကဋ္ဌ ဖြစ်ထွေ

                                                          Google Image
အကျိုးသည် အကြောင်းက ဖြစ်ပေါ်လာရ၏ ။ မည်သည့် အမှုကိစ္စ ၊ မည်သည့် အရာဝတ္ထုမျိုးမဆို အကြောင်းမရှိဘဲဖြစ်ပေါ်မလာနိုင် ။ ဤသည်မှာ နိယာမ တရားဖြစ်ပေ၏ ။ ထိုနိယာမ တရားတိုင်းပင် ကျွန်တော် တို့သည် တောင်တွင်းဆရာတော် သျှင်ဥက္ကဋ္ဌ၏ အဖြစ်ကို ဆင်ခြင်ကြည့်မိ၏ ။ ဆရာတော်သည် “ လူသေလူဖြစ် ” စာအုပ်ကိုရေးခဲ့၏ ။ ဤသို့လူသေ လူဖြစ် စာအုပ်ကိုရေးခြင်းသည် အကြောင်းတရားပင် ဖြစ်လေ၏ ။ဤအကြောင်းတရားကြောင့်ပင် ဆရာတော်မှာအကျဉ်းထောင်တွင်လည်း ကျောင်းအမှတ်ဖြင့် သီတင်း သုံးခဲ့ရလေပြီ ။ တရားရုံးမှ ပင့်ဘိတ်ခြင်းများကိုလည်း ခံခဲ့ရလေပြီ ။ ပြီးတော့ ဟိုမှသည်မှ ဂ ယက်လှိုင်းထ , သလို ပကာသနိယကံဖြင့် ချီးမြှောက်ကြခြင်းကိုလည်း ခံခဲ့ရလေပြီ ။



ကန်တော့ဆွမ်းနှင့် ခဲမိုး
ထို့အပြင် ယခုတိုင်လည်း အချို့ဒေသများက ဆရာတော်ကြွလာမည်ဆိုလျှင် အင်တိုက်အားတိုက် ကြိုတင်၍ ကန်တော့ဆွမ်းလောင်း ကြသည်။ ဆရာတော်၏ တရားပွဲများကိုလည်း အချို့ဒေသမှ အရှင်သူမြတ်တို့က ကြီးစွာသောမေတ္တာအာနုဘော်တို့ဖြင့် ခဲမိုးဖြိုင်းဖြိုင်း သွန်းကြသည်။ ဤသည် တို့မှာ လူသေလူဖြစ်၏ အကျိုးတရားများပေတည်း။

 ရေးရသည့် အကြောင်းရင်း
 အမှန်တော့ ဆရာတော် သျှင်ဥက္ကဋ္ဌအနေနှင့် အဘယ့်ကြောင့် “ လူသေလူဖြစ် ” စာအုပ်ကို ရေးရသည် ဆိုသည့်အကြောင်းရင်း တခုရှိရပေဦးမည်။ ဤသို့ အကြောင်းရင်း တခုရှိ၍သာလျှင် ဆရာတော်သည် လူသေလူဖြစ် စာအုပ်ကိုရေးခဲ့ခြင်းဖြစ်ရမည် မဟုတ် ပါလော။ ထိုအကြောင်းရင်း တခုရှိရဦးမည် ဆိုသည်ကို မူလက သတိမမူမိခဲ့ကြ ။
ထည့်သွင်း၍လည်းမစဉ်းစားမိခဲ့ကြ ။ဤလိုနှင့်သာ ကျွန်တော်တို့သည် လူသေလူဖြစ် လှုပ်ရှားမှု ပြဿနာထဲတွင် သူလိုကိုယ်လိုပင်ရော၍ ပါနေခဲ့ကြရလေသည် ။
ကျွန်တော်သည် ဆရာကြီးဒဂုန်ဦးလှဖေနှင့်လည်း ပုဂ္ဂိုလ်အရ ဆရာတပည့်လို ရင်းနှီးနေသည်လည်း တကြောင်း။ ပြီးတော့ ဆရာတော် ကြွလာသည်ဟု ကြားရသည်လည်း တကြောင်းကြောင့် တညနေဖက်တွင် ရောက်သွားခဲ့လေသည်။ ထိုအချိန်၌ ဆရာတော်သည် အသားဖြူဖြူ ခပ်ဝဝနှင့် ကော်ကိုင်းမျက်မှန် တပ်ထားသော သတ်လတ်ပိုင်းကျော်ကျော်လောက်ရှိ လူတယောက်အား “ လူသေလူဖြစ် ” အကြောင်းရပ်များနှင့် ပတ်သက်၍ ရှင်းလင်း မိန့်ကြားလျက် ရှိနေ၏ ။ ထို့ကြောင့် ကျွန်တော်လည်း တိတ်ဆိတ် ငြိမ်သက်စွာ နားထောင်နေမိသည် ။
ဆရာတော်သည် အထောက်အထား အချက်အလက်များခိုင်လုံလောက်စွာဖြင့် အတော်ကြာအောင် ရှင်းလင်းမိန့်ကြားပြီးနောက် “ အင်း …. ဒီလူသေ - လူဖြစ်စာအုပ်ကို ဘာ့ကြောင့် ရေးရတယ်ဆိုတဲ့ ရာဇဝင်ကို ပြောပြရင် မင်းတို့တော်တော်စိတ်ဝင်စား ကြလိမ့်မယ်ထင်တယ် ” ဟု မိန့်တော်မူလိုက်၏ ။
 ထို့ကြောင့် ကျွန်တော်က “ မှန်ပါ- အမိန့်ရှိပါအုံးဘုရား ” ဟု လျှောက်လိုက်ရာ၊ ဆရာတော်က အောက်ပါ နောက်ကြောင်း ရာဇဝင်ကလေးကို မိန့်ကြားတော် မူလိုက်ပါတော့သည် ။
 ဆွမ်းစားရင်း
ဆရာတော်သည် ၁၉၄၇ - ခုနှစ် ဂျွန်လ ထဲလောက်က ရန်ကုန်သို့ရောက်နေကာဗဟန်းဖက်မှ ပြဿဒ်ကျောင်းတွင် ခေတ္တ သီတင်းသုံး၍ နေခဲ့၏ ။ ထိုအချိန်တွင် ကျွန်တော်တို့၏အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား တာဝါလိန်းလမ်းရှိ သူ၏ နေအိမ်သို့ပင့်၍ ဆွမ်းကျွေးခဲ့လေသည်။ ဆရာတော် ဆွမ်းဖုန်း ပေးပြီးနောက် ဗိုလ်ချုပ်နှင့် အလ္လာပ သလ္လာပ စကားများ နှီးနှောကြလေသည် ။
ဗိုလ်ချုပ်၏ ရဲသွေးရဲမာန်
ဤသို့နှီးနှောကြရာတွင် ဗိုလ်ချုပ်က ဆစ်လူမျိုးဟု ခေါ်သော ပန်ချာပီ လူမျိုးများမှာ တိုက်ပွဲ၌ ကျည်ဆံနောက်ကျောက မှန်ပြီးသေရလျှင်၊ ငရဲသို့လားသည်။ ရှေ့တည့်တည့်မှ ရင်ညွှန့်ကို မှန်ပြီးသေရမှ နတ်ပြည်သို့ ရောက်သည်ဟုအယူရှိကြကြောင်း။ ဂျပန်လူမျိုးများမှာလည်း ထိုနည်းအတိုင်းပင် တိုက်ပွဲ၌ ကျဆုံးလျှင် အသေမြတ်သည် ။ နတ်ပြည်သို့ ရောက်သည်ဟုအယူရှိ ကြကြောင်း ၊ ထို့ကြောင့် တိုက်ရဲ သေရဲ ကြကြောင်း ဤသို့ ယုံကြည်အောင် အယူ ရှိအောင်လည်း ယင်းတို့၏ စာပေများ အဘိဓမ္မာများက အကြောင်း ယုတ္တိ ခိုင်ခိုင်လုံလုံနှင့် ရေးသားပြီး ရဲစိတ် ရဲမာန်များ သွင်းပေးထားကြကြောင်း လျှောက်ထားလေ၏။
တမျိုးသားလုံးတွက်
ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက အလားတူပင် ဗမာတပ်မတော်သားများနှင့် ဗမာတမျိုးသားလုံး အတွက်လည်းမိမိတို့ တိုင်းပြည်နှင့် လူမျိုးအတွေက် တိုက်ပွဲဝင်ကြသည့် အခါတွင် တိုက်ရဲ သေရဲ အသက်စွန့်ရဲအောင် မကြောက်တရားသွင်းပေးသည့် စာပေနှင့် အဘိဓမ္မာများအထူးပင် လိုအပ်နေကြောင်း ၊ ထို့ကြောင့် ထိုစာပေမျိုး အဘိဓမ္မာမျိုးကို ဆရာတော် အနေနှင့် ရေးသားပြုစုပေးနိုင်မည်ဆိုလျှင် အလွန်တန်ဘိုး ရှိမည် ဖြစ်ကြောင်း ဆက်လက် လျှောက်ထားသည်ဟု ဆိုပါသည်။
 လူသေလူဖြစ်ရွက်ပြ
ထိုအခါတွင် ဆရာတော်က ရုတ်တရက်ပြန်၍ “ လူသေ လူဖြစ် - လူဖြစ် လူသေ - တိုက် ကြ ဟေ ” ဟု ရွတ်ဆို ပြလိုက်ရာ ဗိုလ်ချုပ်က အတော် သဘောကျ၍ သွားလေသည်။ ဆရာတော်ကလည်း ဆက်လက်၍ လူသေလျှင် လူပြန်ဖြစ်နိုင်သည့် အကြောင်းကို “ ဥပါဒါနပစ္စယဘဝေါ ” ဆိုသည့် အပိုဒ်ဖြင့် ဥပါဒါန်ကြောင့် ဘဝ ဖြစ်ရပုံများကို အကျယ်တဝင့် ရှင်းပြရာ ဗိုလ်ချုပ်က များစွာနှစ်သက် လိုလားသွားသဖြင့် ဆရာတော်အား ရန်ကုန်တွင် ဝါဆို၍ ထိုသဘောတရားကို ကျမ်းတစောင်အဖြစ် အပြီးရေးပေးပါရန် လျှောက် ထားတော့၏ ။ သို့သော် ဆရာတော်ကမူ ရန်ကုန်မှာတော့ ဝါမဆိုလိုကြောင်း ၊ တောင်တွင်းသို့သာ ပြန်၍ ဝါဆိုကာ ကျမ်းကို တဝါတွင်းနှင့် အပြီးရေးပေးမည် ဖြစ်ကြောင်း
ပြန်လည် မိန့်ကြားခဲ့လေ၏ ။
ရေးဆဲတွင်
ပြီးနောက် ဆရာတော်လည်း ဂျွန်လကုန်လောက်တွင် တောင်တွင်းသို့ ဝါဆိုမှီ ပြန်ကြွသွားခဲ့သည်။ တောင်တွင်းသို့ပြန်ရောက်သည့် အချိန်မှ စ၍လည်း ဆရာတော်သည့် ဗိုလ်ချုပ်အလိုရှိနေသော “လူသေ လူဖြစ်” ကျမ်းကို စတင်ရေးသားလေတော့သည်။ သို့သော် မြှော်လင့် သလိုကားမဖြစ်ခဲ့ ၊ မမြှော်လင့် သလိုသာ ဖြစ်ခဲ့ရလေသည် ။ အကြောင်းကတော့ ဂျူလိုင်လ ( ၁၉ ) ရက် နေ့သို့ေ၇ာက်သော အခါ၌ မသမာသူတို့က ဗိုလ့်ချုပ်တို့အား လုပ်ကြံလိုက်ကြသောကြောင့် ပေတည်း ။
နှစ်ပေါင်းကြာလေမှ
ထို့ကြောင့် ဆရာတော်မှာ များစွာ စိတ်ထိခိုက် သွားခဲ့၏ ။ နိုင်ငံ၏ နောင်ရေး အတွက်တွေး၍ ရင်မအေး နိုင်အောင်ဖြစ်သွားခဲ့၏ ။ ရေးလက်စဖြစ်နေသော လူသေလူဖြစ် ကျမ်းကိုပင် ဆက်လက် ရေးလိုစိတ်မရှိတော့၊ ဆရာတော်၏ လက်သည် အင်အားများ ကုန်ခမ်းသွားသလို ဖြစ်ခဲ့ရလေသည်။ ကလောင်ကိုပင် ဆက်လက် မနှင်နိုင်တော့။ နောက်မှတဖြေးဖြေးတရားနှင့် ဖြေကာပြန် ဆက်ခဲ့ရသည်။ ထို့ကြောင့် မူလက တဝါတွင်းနှင့် အပြီးရေးမည်ဟုခဲ၍ ထားခဲ့သော လူသေလူဖြစ်ကျမ်းသည် ၁၉၅၀- ပြည့်နှစ်မှပင် နိဂုံးကမ်ပတ် အဆုံးသတ်ခဲ့ ရလေတော့သည်။
ဤရာဇဝင် နောက်ကြောင်းကလေးကို ဆရာတော်က ကျွန်တော်တို့အားမိန့်ကြား ပြလေသည်။ ဤရာဇဝင် ကလေးကိုကြားရ တော့မှပင် ကျွန်တော်တို့လည်း အံ့သြကြရခြင်းနှင့် အတူ လူသေလူဖြစ် ကျမ်းစာအုပ်ဖြစ်ပေါ် လာရခြင်း၏ အကြောင်းရင်းကို သိကြရတော့ သည်။
ဗိုလ်ချုပ်၏ မျိုးချစ်စိတ်
တဖန်ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား လူသေ-လူဖြစ် ကျမ်းစာကို ရေးသားရန် လျှောက်ထား ခဲ့သည်မှာလည်းအကြောင်းရင်းများ ရှိပြန်ပေ သေးသည်။ ဗိုလ်ချုပ်သည် နိုင်ငံကို ပြင်းပြစွာ ချစ်သည်။မျိုးချစ် စိတ်ပြင်းပြသည်။ ထို့ကြောင့် ဒုက္ခအမျိုးမျိုး ၊ ဆင်းရဲအမျိုးမျိုး ခံကာ၊ တိုက်ပွဲများကို ဦးဆောင်ဆင်နွှဲခဲ့လေသည်။ နိုင်ငံလွတ်လပ်ရေးအတွက်အမျိုးမျိုး ကြိုးပမ်းအားထုတ်ခဲ့လေသည်။
အထူးသဖြင့် နောင် လွတ်လပ်ရေးရယူပြီးသော အခါ၌ မြန်မာနိုင်ငံအား သူတို့ သြဇာအောက်တွင် ထားလို ကြသော တိုင်းတပါးသား နယ်ချဲ့ လက်သစ်များကို အမျိုးမျိုးရန်စကျူးကျော်၍ ဒုက္ခပေးလာကြမည့် အရေးကို ဗိုလ်ချုပ်ကကြိုတင်တွက်ချက် ထားခဲ့သည်။ ထို့ကြောင့် မြန်မာ တနိုင်ငံလုံးမိမိတို့၏ အချုပ်အချာအာဏာနှင့် လွတ်လပ်ရေးကို တည် တန့်ခိုင်မြဲအောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ကြရန် ရဲသွေး ရဲမာန်များ လိုအပ်သည်။ သို့အတွက်တမျိုးသားလုံး ရဲရဲတောက် အာဇာနည်တွေ ဖြစ်လာအောင် အတွေး အခေါ်သစ် အယူအဆသစ်ယုံကြည်ချက်အသစ်များဖြင့် ဇာတ်သွင်း ပေးရမည်ဟု ဗိုလ်ချုပ်ကသိမြင် နားလည်သည်။ ဤသည် တို့ကား တဖက်မှအကြောင်းရင်းများပေတည်း။
ကြီးမားသော ရည်မှန်းချက်
သို့သော် ကျွန်တော်တို့သည် ဤမျှအထိ နိုင်ငံနှင့်လူမျိုးအတွက် ကြီးမားသော ရည်မှန်းချက် အစီအစဉ်ဖြင့် ရေးခဲ့သည်ဟု မထင်မိ၊ တကယ့်အမျိုးသား ခေါင်းဆောင်ကြီးတယောက်၏ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာရသည် ဟူ၍လည်း မရိပ်စားမိ။
ယခုတော့ ဆရာတော်ကိုယ်တိုင်က အကြောင်းရင်း ဇစ်မြစ်ကို ဖွင့်ဟမိန့်ကြားလိုက်လေသဖြင့် ကျွန်တော်တို့၏အထင်များလွဲခဲ့ ရလေပြီ။ လူသေ-လူဖြစ်ကျမ်း စာကားအကြောင်းမဲ့ ပေါ်ထွက်လာခဲ့သည်မဟုတ် ဆရာတော် သျှင်ဥက္ကဋ္ဌ၏ စိတ်အလိုဆန္ဒ တခုတည်းဖြင့် ရေးသားခဲ့သည်မဟုတ်၊ ကျွန်တော်တို့၏ လွတ်လပ်ရေး ဗိသုကာကြီး လည်းဖြစ်၊ အမျိုးသား ခေါင်းဆောင် ကြီးလည်းဖြစ်လေသော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က နိုင်ငံ၏နောင်ရေးအတွက်
တမျိုးသားလုံး၏ သူရသတ္တိများ ထာဝစဉ်ပြောင်မြောက်လာရေးအတွက် လျှောက်ထားတောင်းဆိုခဲ့သောကြောင့်သာ
ထွက်ပေါ်လာရခြင်း ပေတကား ။ ရေးသားထုတ်လုပ်လိုက်ရခြင်းပေတကား။   ။ 
ရေးသူ ဦးမင်းအောင်.
Credit - Facebook မှာတွေ့လို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1552534&xgs=1&xg_source=msg_share_post မှ ...
Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆင်ရဲသားနဲ့ လူကုံထံတွေ ကွာခြားချက်

ကွာခြားချက်...
- ဆင်းရဲသားတွေ ဝက်မွေးတယ်၊
-လူကုံထံတွေကျတော့ ခွေးမွေးတယ်။
- ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊
-လူကုံထံတွေဟိုတယ်တက်ပြီးဟင်းသီးဟင်းရွက်စားတယ်။

- ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊
-လူကုံထံတွေ ဧည့်ခန်းထဲမှာစက်ဘီးစီးတယ်။
-ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊
- ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။
-ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊
-ချမ်းသာတော့ secretary ကမယားတာဝန် တွဲယူရတယ်။
-ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊
- ချမ်းသာတော့ဆင်းရဲချင်ယောင်ဆောင်တယ်။
-
ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊
-လူကုံထံတွေပုစွန်စားတယ်၊
******ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။
-ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။
- ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ
ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။
ခင်မင်သော
ရွှေအိမ်စည်
Unknown at 9:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.