တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီး ကျောင်းသား ၊ ကျောင်သူများနဲ့ တက္ကသိုလ် ဘွဲ့ရများအတွက် အနာဂတ်ပညာရေး လမ်းကြောင်းများအကြောင်း
ဆွေးနွေးပွဲကို မေလ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ ၊ အင်းလျားလမ်းရှိ MIC သင်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ထားတဲ့ ကျောင်းသားများ အတွက် UK အစိုးရမှ တိုက်ရိုက်ချီးမြှင့်မယ့် နိုင်ငံတကာ အသိအမှတ်ပြု စီးပွားရေးဆိုင်ရာ ဒီပလိုမာနှင့် မီဒီယာဆိုင်ရာ ဒီပလိုမာများအကြောင်း ဟောပြောခဲ့ပါတယ်။
ဒါအပြင် Higher National Diploma Business ဖြစ်တဲ့ စီးပွားရေးဆိုင်ရာ ဒီပလိုမာဘွဲ့များ ပြီးဆုံးပါက UK Bachelor Degree ကို ဆက်လက်ပညာသင်ကြားနိုင်မယ့် အကြောင်းများ ဆွေးနွေဟောပြေားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါပွဲမှာတော့ တာဝန်ရှိသူများက နိုင်ငံတကာပညာရေး အကြောင်းအရာ များကို ဆွေးနွေးခြင်းနဲ့ မေးမြန်းသည်များကို ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါအပြင်အဆိုပါ ဘွဲ့များကြောင်း အသေးစိတ် သိရှိလိုပါက MIC သင်တန်းကျောင်း ၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၅၃၇၅၆၂ နဲ့ ၀၉-၇၃၂၁၀၀၀၁ သို့ ဆက်သွယ်စုံစမ်း နိုင်တယ်လို့ သိရပါတယ်။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge