Tuesday, May 15, 2012

နိုင်ငံခြားငွေ အတုအစစ် စစ်ဆေးသည့် ငွေရေတွက်စက်များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာ



ဘဏ်လုပ်ငန်းသုံး စက်ပစ္စည်းများဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးနှင့် အခြားနိုင်ငံခြားငွေကြေးများအား အတုအစစ်နှင့် နံပါတ်ကိုပါ တစ်ပြိုင်တည်း မှတ်သားပေးသည့် Counterfeiting Machine များ ပြည်တွင်းရှိ နိုင်ငံခြား ဘဏ်လုပ်ငန်း (AD)လုပ်ခွင့်ရသော ဘဏ်များသို့ target ထား၍ ၀င်ရောက်လာကြောင်း သတင်းရရှိသည်။ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာသည့် စက်ပစ္စည်းများတွင် ငွေထုပ်ပိုးစက်၊ နိုင်ငံခြားငွေ အတုအစစ်ခွဲစက်၊ ငွေရေတွက်စက်၊ နိုင်ငံခြားငွေဖတ်စက်နှင့် ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုသော ဘားကုတ်စနစ်သုံး slide card များနှင့် ၎င်းနှင့် ဆက်စပ်သော စက်ပစ္စည်းများ ၀င်ရောက်လာကြောင်း သိရသည်။ “ပြည်တွင်းက ဘဏ်တွေမှာတော့ လောလောဆယ် အခြားငွေ ရေတွက်စက်တွေကိုပဲ အသုံးများနေသေးတယ်။ AD လိုင်စင်ရဘဏ်နဲ့ money changer တွေမှာတော့ ဒေါ်လာ အတုအစစ်နဲ့ ငွေရေတွက်စက်တွေ သုံးနေပြီ။ Counting Machine မှာတော့ ဟောင်ကောင်က brand ကို သုံးတာ နည်းသေးတယ်” ဟု ဟောင်ကောင်နိုင်ငံမှ ဘဏ်လုပ်ငန်းသုံး စက်ပစ္စည်းများ မိတ်ဆက်ပွဲ တက်ရောက်လာသည့် ဘဏ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ “လက်ရှိ ရောင်းချပေးနေတဲ့ဈေးက သင့်တော်တဲ့ဈေးပါပဲ။ အထူးသဖြင့် ဒေါ်လာ ရေတွက်စက်က printer လို သဘောမျိုးနဲ့ တွဲထားပြီးတော့ ငွေစက္ကူထည့်လိုက်တာနဲ့ တစ်ရွက်ခြင်း နံပါတ်အလိုက် မှတ်ပေးတယ်။ နောက်ဆုံးမှာ စုစုပေါင်းပမာဏပါ ပေါင်းပေးတယ်။ အတုအစစ်လည်း ခွဲပေးတယ်။ ဒီနေ့တစ်ရက်ပဲ သူတို့က discount နဲ့ ရောင်းချပေးတဲ့ သဘောပါ။ ဘဏ်တွေအတွက်တော့ တော်တော်လေး အသုံးဝင်ပါတယ်” ဟု ရိုးမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ အဆိုပါ ဟောင်ကောင်အခြေစိုက် KTP Group နှင့် မြန်မာနိုင်ငံ မှ Colourful Treasure ကုမ္ပဏီတို့ ချိတ်ဆက်လုပ်ဆောင်ခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများအတွက် အာမခံအား နှစ်နှစ်ပေးထားကြောင်း
Myanmar Express
Unknown at 3:57 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.