Saturday, May 5, 2012

ဆီးဂိမ်းမတိုင်မီ အင်တာနက်မြန်နှုန်းကို တိုးမြှင့်သွားမည်ဟုဆို




ပြည်တွင်း၏ အင်တာနက်မြန်နှုန်းများကို ၂၀၁၃ တွင် မြန်မာနိုင်ငံအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ ကာလ

အတွင်း လက်ရှိအသုံးပြုနေသည့် မြန်နှုန်း 3.5 G မှ 5 G နှင့်အထက်တိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာ နပြည်ထောင်စု ၀န်ကြီးကလည်း ပြီးခဲ့သည့်လ နောက်ဆုံးပတ်က နေပြည် တော်ခရိုင်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အိုင်စီတီဆိုင်ရာအ လုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ပြီးဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှသိရသည်။ အဓိက ရည်ရွယ်ချက်မှာ လက်ရှိ ပြည်တွင်းတွင် အသုံးပြုနေ ရသည့် အင်တာနက်အမြန်နှုန်းများသည် ဆီးဂိမ်းကာလအတွင်း အလုပ်မဖြစ်နိုင်သောကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်မှုစနစ်ကို အ မှန်တကယ် တိုးချဲ့မြှင့်တင်ရန်လို အပ်လာပြီဖြစ်သောကြောင့်လည်း ကောင်း ယခုကဲ့သို့ ဆောင်ရွက် ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရန်ကုန် အခြေစိုက် ပုဂ္ဂလိကနည်းပညာကုမ္ပဏီတစ်ခုမှ ထုတ်ကုန်မန်နေဂျာ တစ်ဦးက ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်း၏အင်တာနက်ဆက်သွယ်မှုစနစ်များကို ၀န်ဆောင်မှုပေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့အနေဖြင့် လာမည့် ၂၀၁၃ ဆီးဂိမ်းမတိုင်မီအတွင်း အင်တာနက်ဆက်သွယ်မှုစနစ်များကို မြှင့်တင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အ မှန်တကယ်လိုအပ်လာမည့် အင်တာနက်မြန်နှုန်းပမာဏမှာ 5 G မျှသာမဟုတ်ဘဲ ယင်းပမာဏထက် အဆပေါင်းများစွာ ပေးနိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အထက်ပါအကြောင်းအ ရာနှင့်ပတ်သက်ပြီး ပြည်တွင်းအိုင် တီလုပ်ငန်းရှင်တစ်ဦးက “တကယ်တမ်းဆီးဂိမ်းလုပ်လာရင် ဖိုက်ဂစ်လောက်နဲ့က မရဘူး။ နိုင်ငံခြားမှာ၊ အိမ်နီးချင်းမှာတွေတောင်ဘန်းဝှစ်ပမာဏက တစ်ရာနီးပါးရှိတယ်။ တစ်ရာကျော်တယ်။ ဒါ ပေမဲ့ သေသေချာချာလေး လုပ် မှရမယ်။ ဆီးဂိမ်းဆိုတော့”ဟု သုံးသပ်ပြော ကြားသည်။ ယခုလက်ရှိအချိန်ထိတွင်မူ ပြည်တွင်း၏ အင်တာနက်အမြန်နှုန်းများသည် ယင်းကိုမှီခိုပြီး လုပ်ကိုင်နေကြရသည့် စီးပွားရေးလုပ်ငန်းများက အမှန်တကယ် လိုအပ်သည့် အနေအထားတွင် မဟုတ်သေးဘဲ အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင်ပင် နိမ့်ကျနေသေးကြောင်း ပြည်တွင်းရှိကွန်ပျူတာ ပညာရှင်အချို့က သုံးသပ်ပြောဆို ကြသည်။



 Myanmar Express
Unknown at 9:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမာရွတ်မြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ငွေကြေးပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေ


လှည်းတန်းဈေးအနီးရှိ လောင်းကစားဒိုင်များကြောင့် နယ်မှရန်ကုန်သို့ အလုပ်လာရောက်လုပ်ကိုင် သူများနှင့်ကျောင်းတတ်လာသော လူငယ်များမှာ မိဘများထံမှ ငွေကြေးမကြာခဏတောင်းယူနေရကြောင်း ကမာရွတ်မြို့နယ်အတွင်းက ပြည်သူများက ဆိုသည်။
 
လှည်းတန်းဈေးအနီးတ၀ိုက်တွင် နယ်ဒေသများမှ ရန်ကုန်မြို့သို့ သင်တန်းလာတက်သူများ၊ အလုပ်လာလုပ်သူလူငယ်များ အများအပြားနေထိုင်ပြီး လောင်းကစားတွေ အားပြု ကစားနေကြသည်။
 
“အကိုရာ ကျွန်တော်လည်း နောက်တစ်ခါ မလုပ်တော့ဘူး။ မလုပ်တော့ဘူးနဲ့ သွားသွားလောင်း ဖြစ်နေတယ်ဗျာ၊ အိမ်က ပိုက်ဆံတောင်းတာလည်း တော်တော်များနေပြီ။” ဟု လှည်းတန်းဈေးအနီး တွင်နေ၍ ကွန်ပျူတာသင်တန်းတက်ရောက်နေသူ လူငယ်တစ်ဦးက ငြီးတွားပြောဆိုသည်။
 
ကမာရွတ်မြို့နယ်တွင်  လောင်းကစားဝိုင်းများ များပြားလာသဖြင့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ စ၍ လောင်းကစားကင်းစင်ဇုံအဖြစ်  သတ်မှတ်ခဲ့သော်လည်း လောင်းကစားပြုလုပ်နေသူများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
 
သို့သော် ကမာရွတ်မြို့နယ်အတွင်းတွင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိကြောင်း၊ အဆိုပါနယ်မြေသည်   လောင်းကစားလုံးဝကင်းစင်သောနယ်မြေဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းကဆိုသည်။
 
“ဒီမှာတော့ အဲ့လိုလောင်းကစားဝိုင်းသတင်းတွေမကြားမိဘူး၊ ဒီမြို့နယ်က လောင်းကစားကင်းစင် ဇုံဖြစ်နေပြီ၊ လောင်းကစား ၀ိုင်းရှိတယ်ဆိုရင်တော့ သတင်းကြားရင် အကိုတို့သွားဖမ်းတယ်။” ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် သန်းထိုက်က မြစ်မခသို့   ပြောသည်။
 
လူငယ်အများစုပြုလုပ်လျက်ရှိသော လောင်းကစားများမှာ နှစ်လုံးထီထိုးခြင်း၊ ဘောလုံးပွဲလောင်း ခြင်းနှင့် စက်များတွင် ပိုက်ဆံပုံထိုးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း လူငယ်များထံက သိရှိရသည်။
 
“အဆောင်မှာလည်း လောင်းကစားတွေ လုပ်ကြလို့ ပစ္စည်းတွေ ပိုက်ဆံတွေ မကြာခဏ ပျောက် နေတယ်” ဟု ကမာရွတ်မြို့နယ်တွင် အဆောင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
 
လောင်းကစားမှုများကြောင့် လူနေထိုင်အဆောင်များတွင် လူငယ်အချင်းချင်း ပစ္စည်းများ၊ ပိုက်ဆံများ ခိုးခြင်းနှင့် မိဘများထံမှ ပိုက်ဆံ မကြာခဏတောင်းသော အလေ့အထများ ဖြစ်ပွားနေကြောင်း သိရသည်။ 
ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup
Unknown at 9:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

SIM ကဒ် ဈေးမတည်ငြိမ်၍ ကုမ္ပဏီနှစ်ခုအား မြန်မာ့ဆက်သွယ်ရေးက သတိပေး

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချသည့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များကို သတ်မှတ်
ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုများ ရှိနေ၍ Yadanarpon Teleport နှင့် E-lite Tech ကုမ္ပဏီတို့ကို မြန်မာ့ ဆက်သွယ်ရေးမှ ခေါ်ယူ သတိပေးထားကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။

အဆိုပါ ကုမ္ပဏီများမှတဆင့် လက်ဝေခံရောင်းချသည့် ပြင်ပ ဖုန်းဆိုင်များတွင် ဖုန်းကဒ်ဈေးနှုန်းများ အဆမတန်
မြင့်တက်နေသည့်အတွက် လက်ဝေခံရောင်းချခြင်းကို ရပ်ဆိုင်းပြီး တိုက်ရိုက်သာ ရောင်းချရန်လည်း သတိပေးထား
ကြောင်း ဦးသိန်းဝင်း က ပြောသည်။

“ကုမ္ပဏီနှစ်ခုကို ခေါ်သတိပေးတယ်။ သူ့ကိုယ်ပိုင်ဆိုင်က လွဲလို့ ပြင်ပဆိုင်တွေကို လုံးဝ ရောင်းချခွင့် မပေးဖို့ ပြော တယ်။ ရောင်းပြီးသားတွေကတော့ ဘာမှ မတတ်နိုင်ဘူး” ဟု ရန်ကုန် ပုစွန်တောင် ဆက်သွယ်ရေး သင်တန်းကျောင်း ၌ မေ ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

simcard
ဖုန်းကဒ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများကို ရန်ကုန်မြို့ Elite ဖုန်းကဒ်အရောင်းဆိုင်ရှေ့တွင် ဧပြီလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ကျပ် နှစ်သိန်းတန် GSM ဖုန်းကဒ်များနှင့် ကျပ် နှစ်သိန်းခွဲတန် WCDMA ဖုန်းကဒ်များကို ဧပြီလ အတွင်း စတင်
ရောင်းချခဲ့သည်။ သို့သော် ဝယ်လိုအားကြောင့် ဈေးကွက်အတွင်း သတ်မှတ်ပေါက်ဈေးထက် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။ GSM တကဒ်လျှင် ကျပ် နှစ်သိန်း လေးသောင်းအထိ ဈေးမြင့်တက်သွားခြင်း
ဖြစ်သည်။

ထိုအခြေအနေများကြောင့် သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချနေမှုများကို ဆက်လက်တွေ့ရှိပါက တရားစွဲဆိုသွားမည်
ဖြစ်ပြီး တားမြစ်မှုများ မလိုက်နာပါက ချုပ်ဆိုထားသည့် အကျိုးအမြတ် ခွဲဝေရေးစာချုပ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာလိမ့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတိပေးလိုက်သည်။

နန်းနန်း-
ရန်ကုန် (မဇ္ဈိမ) ။       ။
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါးနှစ်ပြည့်ရင် ပြန်ဆပ်ပြီးတော့ နောက်ထပ်အသစ်ပြန်ယူကြရအောင်


AGD Bank လို့ခေါ်တဲ့ Asia Green Development Bank ဟာ ခရိုနီတေဇရဲ့ ဘဏ်ဖြစ်ပါတယ်

အခုရှိတဲ့ ရိုးမဘဏ် ၊ ကမ္ဘောဇဘဏ် ၊ စီဘီဘဏ် စတဲ့ဘဏ်တွေဟာ ငွေပို့ငွေလွှဲ ၊ စုငွေလက်ခံ ၊ အပ်ငွေလက်ခံ ၊ ကာလတိုငွေချေး စတဲ့ အကျိုးအမြတ်ကို ဦးစားပေးထားတဲ့ Commercial Bank အမျိုးအစား ဘဏ်တွေဖြစ်ပါတယ် ၊


နောက် ဘဏ်တစ်မျိုးကတော့ Development Bank ဆိုတာပဲဖြ
စ်ပါတယ်၊ ငွေရေးကြေးရေး အကျိုးအမြတ်ထက် သုတေသနတွေ ဖွံ့ဖြိုးရေးစီမံချက်တွေ အောင်မြင်ဖို့ ၁၀ နှစ် ၂၀ နှစ် စတဲ့ ကာလရှည်ချေးငွေများ ထုတ်ပေးတဲ့ ဘဏ် အမျိုးအစားဖြစ်ပါတယ် ၊

ဥပမာ စူပရင်းဂရု ဒေါက်တာစိန်မြင့်ရဲ့ ဇီဝမြေသြဇာစက်ရုံ အတွက် ဂျပန်က ဘဏ်တစ်ခုက ၁၀ နှစ်လောက်ရှိမယ့် နှစ်ရှည်ချေးငွေတစ်ခု ကို ထုတ်ချေးထားပါတယ် ၊ ဇီဝမြေသြဇာဆိုတာ ဓါတ်မြေသြဇာလို မြေကြီးတွေကို ပျက်စီးစေတဲ့ ဓါတ်ပစ္စည်းတွေ မပါဝင်ပါဘူး ၊

အဲဒီ ဂျပန်ဘဏ်က အဲဒီချေးငွေအတွက် ပထမ ၅ နှစ်အတွင်း အတိုးမယူဘူးလို့ သိရပါတယ် ၊ နောက် ၅ နှစ်အတွက်လည်း တစ်နှစ်အတိုးက တစ်ရာအပေါ်မှာ ပြားစွန်းလောက်ပဲရှိတယ်လို့ ကြားရပါတယ် ၊ (ဒီက commercial Bank တွေက တစ်ရာအပေါ် တစ်နှစ် အတိုး

၁၈ ကျပ် ယူပါတယ်) (ဒေါက်တာစိန်မြင့် ဒီချေးငွေကို ဘယ်လိုရယူခဲ့သလဲ သိရရင် ပညာတတ်လူငယ်တွေအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပါ့မယ်)

Development Bank တွေရဲ့ သဘာဝကိုက ချေးငွေအပေါ် အတိုးရရှိရေးအတွက် အလုပ်လုပ်တာ မဟုတ်ပါဘူး ၊

ကျနော် အခုပြောချင်တာက ခရိုနီတေဇရဲ့ AGD Bank ဟာ Commercial Bank လား Developement Bank လားဆိုတာပါပဲ ၊

အားလုံးဝိုင်းပြီး မေးပေးကြပါ ၊

တကယ်လို့ Commercial Bank ဖြစ်ပြီး ဒီ Asia Green Developement Bank ဆိုတဲ့ Developement Bank ဆိုတာကြီးကို သုံးထားတာက အားလုံးကို နားမရှင်းစေဘူး ၊ နာမည်အောက်မှာ တစ်ခုခုကို အကာအကွယ် ယူထားတဲ့ ပုံစံဖြစ်နေတယ် ၊

ဝိုင်းမေး ၀ိုင်းပြောကြပါအုံးနော်

ခရိုနီတေဇရဲ့ AGD Bank ဟာ Commercial Bank လား Developement လား


Kaung Myat Min facebook မှ
Unknown at 1:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ် ပုံတူ ဖယောင်းရုပ် ဗိုလ်ချုပ် ကျဆုံးရာ နေရာ၌ သွန်းလုပ် ထားရှိမည်´

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံးဟောင်း) ၌ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးရာ နေရာ၌ ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ဖယောင်းရုပ်တု တစ်ခုအား သွန်းလုပ်၍ ထားရှိသွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား လုပ်ပိုင်ခွင့် ပေးထားပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ နေပြည်တော် စက်မှုခန်းမ၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ တစ်ရပ်တွင် ပြောကြားသွားပါသည်။

“ ကျွန်တော်တို့ ပစ်ထားတာလည်း ကြာပြီ။ အခုတော့ ဒေါ်လဲ့ရည်စိုးတို့ပါတဲ့ အဖွဲ့၊ အနုပညာလုပ်တဲ့ အဖွဲ့ ယာယီအားဖြင့် ဦးစားပေး ရွေးချယ်ထားပါတယ်။ ဗိုလ်ချုပ် ကျဆုံးသွားတဲ့ နေရာကို အင်္ဂလန်က မဒမ်တူးဆော့လို ဖယောင်းရုပ်နဲ့ လုပ်သွားမှာပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ (ဇေကမ္ဘာ ကုမ္ပဏီ) သည်လည်း ဝန်ကြီးများရုံး (ယခင် အတွင်းဝန် ရုံးဟောင်း) အား လုပ်ပိုင်ခွင့် လျှောက်ထားပြီး စုစုပေါင်း လုပ်ပိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီပေါင်း ငါးခု ရှိကြောင်း သိရှိရပါသည်။

ထို့အလားတူ ဗဟို တရားရုံးဟောင်းအားလည်း ပြုပြင် ထိန်းသိမ်းရန် လိုအပ်လျက်ရှိရာ ဦးထွန်းလွင်၏ ကုမ္ပဏီမှ ပြင်ဆင် ထိန်းသိမ်းရန် လုပ်ပိုင်ခွင့် ပေးထားပြီ ဖြစ်ကြောင်း ဝန်ကြီးမှ ဆက်လက် ပြောကြားသွားပါသည်။

“တရားရုံး (ဟိုက်ကုတ်) မှာ တရားခွင်တွေ ပန်းချီပြခန်းတွေ၊ စာကြည့်တိုက်တွေ ထားသွားမယ်။ တရားရုံးကလည်း ရှိနေမယ်၊ အဆောက်အဦး နှစ်ခုလုံးဟာ ထိန်းသိမ်းဖို့ အရမ်းကို လိုအပ်နေပါပြီ။ ကျွန်တော်တို့ အမြတ်ရအောင် လုပ်တာ မဟုတ်ပါဘူး။ အမျိုးသား အမွေအနှစ်တွေကို ပြန်လည် ထိန်းသိမ်းဖို့ပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ထပ်လောင်း ပြောကြားသွားပါသည်။

ထိုအမျိုးသား အမွေအနှစ်များ ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းရပ် အသီးသီးတို့၏ အသေးစိတ် အစီအစဉ်များကို နိုင်ငံတော် သမ္မတ မှတဆင့် လွှတ်တော်၌ တင်ပြသွားမည် ဖြစ်သည်။ ထိုသို့ ပြင်ဆင် ထိန်းသိမ်းရာ၌ ယူနက်စကို အဖွဲ့၏ အကူအညီကိုလည်း ရယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားသွားပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/1542-2012-05-03-06-50-47.html
Unknown at 1:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျွန်တော်တို့ ရယ်ကြရအောင်




ဒီနေ့ခေတ်မှာ ကျွန်တော်တို့မှာ စိတ်ဖိစီးမှု တွေ သိပ်များပါတယ်။ စားဝတ်နေ အရေးသုံးပါးကို အလျင်မီအောင်မနည်းရုန်းကန် နေရတဲ့အထဲ ကမ္ဘာကြီးပူနွေးလာမှု ဂယက် ကြောင့် ရာသီဥတုတွေက အရင်ကထက် ပိုမိုပြင်းထန် ပူပြင်းလာပါတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာတော့ လူတွေလည်း ပိုဖောက်ပြန်လာတာပေါ့။ လောဘ၊ ဒေါသ၊ မောဟတွေပိုများလာကြ တယ်။
ရတုန်းယူထားမှ ယူနိုင်သမျှယူထား မှ ဆိုပြီး လောဘတွေပိုများလာကြတယ်။ ထစ်ကနဲဆို ဒေါသကြီးပြီး ဒေါသတွေပို များလာကြတယ်။ အမှားအမှန်ကို အရင် လောက် မခွဲနိုင်တော့ဘူး။ မောဟတွေ ပို များလာကြတယ်။ အခုတလောဆို နေကပိုပူလာ၊ မီးက မလာဆိုတော့ နေရထိုင်ရတာ အတော်ကို ခက်ခဲလာပါတယ်။ စိတ်ညစ်စိတ်ရှုပ်စရာ ကောင်းပါတယ်။ ဒီအချိန်မှာ ဖတ်မိတဲ့ အကြောင်းကတော့ ကမ္ဘာ့အရယ်နေ့ World Laughter Day ဟာ မေ ၆ (တနင်္ဂနွေ)မှာ ကျရောက်မယ်ဆိုတဲ့အ ကြောင်းပါ။ ဖတ်ကြည့်တော့ စိတ်ဝင်စား စရာကောင်းပါတယ်။
ကမ္ဘာ့အရယ်နေ့ (World Laughter Day)
ကမ္ဘာ့အရယ်နေ့ World Laughter Day ကို ၁၉၉၈ မှာ အိန္ဒိယဒေါက်တာ မဒန်း ကာတာရီးယား Dr Madan Kataria က စတင်ဖန်တီးသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာလုံးဆိုင်ရာ ရယ်မောခြင်း ယောဂလှုပ်ရှားမှုကို တည်ထောင်ခဲ့သူ လည်းဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာ့အရယ်နေ့ကို ၁၉၉၈ ဇန်န၀ါရီ ၁၁ မှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ မှာကျင်းပခဲ့ပြီး၊ အိန္ဒိယနဲ့ နိုင်ငံတကာမှ ပရိသတ် ၁၂၀၀၀ တက်ရောက်ခဲ့ကြပါ တယ်။ အဲဒီပရိသတ်တွေဟာ ရယ်မောခြင်း ကလပ်တွေက အဖွဲ့ဝင်တွေဖြစ်ကြပြီး၊ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ကမ္ဘာ့အရယ် နေ့မှာ လူအများဆုံးပါဝင်တဲ့ ရယ်မောခြင်း အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ အခုဆိုရင် ကမ္ဘာ့တိုက်ကြီး ၅ တိုက်ရဲ့ နိုင်ငံပေါင်း ၅၀ ကျော်မှာ ရယ်မောခြင်း ကလပ်ပေါင်း ၅,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရယ်မောခြင်းယောဂ လှုပ်ရှားမှုကို တည်ထောင်ခဲ့သူက အိန္ဒိယ နိုင်ငံသားဖြစ်လေတော့ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ကမ္ဘာ့အရယ်နေ့ကို မွန်ဘိုင်း မှာ ကျင်းပခဲ့တာ ဖြစ်ပေမယ့် အိန္ဒိယနိုင်ငံ အပြင်ဘက်မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ တဲ့ ရယ်မောခြင်းလှုပ်ရှားမှုကိုတော့ ဥရောပက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မှာ ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၉ မှာ ကျင်းပခဲ့ ပါတယ်။ ကိုပင်ဟေဂင်မြို့တော်ခန်းမ ရင်ပြင် မှာ ကျင်းပခဲ့တဲ့ ရယ်မောခြင်းအခမ်းအနား ကို Happy-Demic လို့ခေါ်ခဲ့ကြပြီး၊ ပရိသတ် ၁၀,၀၀၀ ကျော်တက်ရောက်ခဲ့ ပါတယ်။ အဲဒီလှုပ်ရှားမှုကို ကမ္ဘာ့စံချိန်များ မှတ်တမ်းတင်စာအုပ် ဂင်းနက်စ်စာအုပ်မှာ မှတ်တမ်းတင် ဖော်ပြခံခဲ့ရပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့အရယ်နေ့ World Laughter Day ကို နှစ်စဉ်မေလ ရဲ့ ပထမတနင်္ဂနွေနေ့ကို သတ်မှတ်ပြီး ကျင်းပကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာဆို လည်း အဲဒီနေ့ကျရင် လူတွေရာနဲ့ချီပြီး (တစ်ခါတလေလည်း ထောင်နဲ့ချီလို့) အတူ တကွ စုပေါင်းရယ်မောကြပါတယ်။
ရယ်မောခြင်း၏အကျိုးအာနိသင်များ
မရယ်တော့မှိုင် ရယ်တော့ပိုင်တဲ့။ မရယ်ဘဲ နေတော့ မှိုင်တွေတွေနဲ့ စိတ်ကလန်းဆန်း မှုမရှိပါဘူး။ ဒီနေ့ခေတ်ရဲ့ အလိုမပြည့်နိုင် မှုတွေနဲ့ စိတ်ဖိစီးမှုတွေကြားမှာ ဘ၀အ မောတွေနဲ့ အခက်အခဲတွေကြားမှာ လူ ဘ၀ဟာ ပျင်းရိငြီးငွေ့ဖွယ်၊ ခြောက်သွေ့ အက်ကွဲဖွယ်၊ လူ့ပတ်ဝန်းကျင်က ခွဲထွက် စွန့်ခွာဖွယ် အနေအထားတွေနဲ့ချည်း ကြုံ ရမှာ ဖြစ်ပါတယ်။ ရယ်မောတော့ ဘာဖြစ်သလဲ။ အနည်းဆုံးသက်သာရာ ရစေပါတယ်။ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အခက်အခဲတွေ့လို့ပဲ ဖြစ် ဖြစ်၊ ရှေ့မတိုး နောက်မဆုတ်သာ အနေ အထားရောက်လို့ပဲဖြစ်ဖြစ် တစ်ချက်ရယ် မောလိုက်တိုင်း တစ်ချက်စိတ်သက်သာရ စေပါတယ်။
ရယ်မောခြင်းဟာ အပေါင်းလက္ခ ဏာဆောင်သော၊ စွမ်းအားရှိသော စိတ် ခံစားမှုဖြစ်ပြီး၊ လူတွေအတွက် လိုအပ် တဲ့ ဓာတ်တွေအားလုံးဟာ ရယ်မော ခြင်းမှာ ပါဝင်နေပါတယ်။ ရယ်မော လိုက်ခြင်းကြောင့် အဲဒီလိုအပ်တဲ့ ဓာတ် တွေကို ရရှိလိုက်ပြီး ရယ်မောသူကိုယ် တိုင်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာ ပြီး အပေါင်းလက္ခဏာဆောင်စေပါ တယ်။ ရယ်မောခြင်းကြောင့် လူတွေက ထွက်တဲ့ လျှပ်စစ်သံလိုက်စက်ဝန်းကို တိုက်ရိုက် အကျိုးသက်ရောက်စေပြီး၊ ရယ်မောလိုက်တဲ့အခါ အဲဒီလူရဲ့ ပတ်လည်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေပါတယ်။ တစ်ဦးချင်းစီပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ စုပေါင်း ရယ်မောကြတဲ့အခါ အပေါင်းလက္ခဏာဆောင်တဲ့ အင်အားရှိတဲ့ စုပေါင်းဝန်းကျင်တစ်ခုဖြစ်ပေါ်ပါတယ်။ နေ့စဉ်နေ့တိုင်း ရယ်မောကြတဲ့ အုပ်စု တစ်ခုထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေက အနုတ်လက္ခဏာဆောင်တဲ့ ၀န်းကျင်(မကောင်းကျိုးဖြစ်ပေါ်ေ
စမဲ့အ ရာတွေ) မဖြစ်အောင် တားဆီးကာ ကွယ်ပေးပါတယ်။ ရှေးရှေးတုန်းက အိန္ဒိယကလူတွေ ယုံကြည်လက်ခံထားတဲ့ သူတို့ရွာမှာ သူ တော်ကောင်းတစ်ယောက်ရှိရင် တစ် ရွာလုံးကို မကောင်းဆိုးဝါးတွေဒဏ်က အကာအကွယ်ပေးနိုင်တယ်၊ လုံခြုံ တယ်ဆိုသလို ရယ်မောခြင်းဖြင့်လည်း အလားတူအကျိုးရနိုင်ပါတယ်။ ရယ်မောခြင်းဟာ ကမ္ဘာသုံးဘာသာ စကားတစ်မျိုးလည်း ဖြစ်ပါတယ်။ လူမျိုး၊ ဘာသာအယူအစွဲတွေ မပါဝင်ဘဲ လူတွေ ပဲဆိုပြီး ပေါင်းစည်းမှုကို ရယ်မောခြင်းဖြင့် ရနိုင်ပါတယ်။ ဘာသာမတူတဲ့ လူတွေကြား ထဲမှာ ရယ်မောခြင်းဖြင့် အလွယ်တကူ ဆက်သွယ်နိုင်ကြပြီး၊ အားလုံးကောင်းမယ့် ပေါင်းစည်းမှု တစ်ခုရနိုင်ပါတယ်။ ရယ် မောရုံနဲ့ ဒီလောက်တောင် ဖြစ်နိုင်ပါ့မလား လို့ တွေးထင်နိုင်ပေမယ့် ဒါဟာ တကယ် ပဲ ဖြစ်နိုင်ပါတယ်။ ရယ်မောခြင်းဖြင့်ပင် စိတ်ဖိစီးမှုတွေ ကနေ ကင်းလွတ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်းနှီးချစ်ကြည်စွာ ညီရင်းအစ်ကို မောင် ရင်းနှမ စိတ်ဓာတ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်ကြပါတယ်။ ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဝါးလည်း ဖြစ်တာမို့ လူတွေဟာရယ် ဖို့ လိုပါတယ်။ ရယ်ခြင်းဖြင့် လူတွေမှာရှိ နေတဲ့ စိတ်ဖိစီးတွေကို ဖယ်ရှားနိုင်ပါ တယ်။ ရယ်မောခြင်းဖြင့် စိတ်ကြည်လင် ရွှင်ပြပြီး တက်ကြလာပါတယ်။ ဒါကြောင့် ပျူငှာတဲ့အမူအရာဖြစ်လာပြီး တစ်ပါးသူ တွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံလာပါတယ်။ အရင်မျိုးဆက်တွေကဆိုရင် ကျန်းမာ ပျော်ရွှင်တဲ့ အရွယ်ရောက်ပြီး လူတစ်ဦး ဟာ တစ်နေ့ကို အနည်းဆုံးမိနစ် ၂၀ လောက် ရယ်မောခဲ့ကြပါတယ်။ ဒီနေ့ ခေတ်မှာတော့ နိုင်ငံများစွာမှာ အရွယ် ရောက်ပြီး လူတစ်ဦးဟာ တစ်နေ့ကို ငါး မိနစ်လောက်တောင် မရယ်ကြတော့တာ တွေ့ရပါတယ်။ ဒါဟာ ဒီနေ့ခေတ် လူ့ဘ၀ ရဲ့ ဆိုးရွားမှုတစ်ခုလို့ ပြောလို့ရပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက် ဟာ ဘယ်လောက်ပဲအလုပ်များများ တစ် နေ့ကို မိနစ် ၂၀ လောက်တော့ ရယ်မော သင့်ပါတယ်။ ဒါမှ စိတ်ကြည်လင်ပြီး ပျော် ရွှင်လန်းဆန်းကျန်းမာမှာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာကောင်းကြောင်း၊ လူ့ကျန်း မာရေးအတွက် အထောက်အကူပြုကြောင်း၊ စိတ်ဖိစီးမှုတွေကို လျော့နည်းသက်သာ ပျောက်ကင်းစေကြောင်း သိထားပါလျက် နဲ့ ကျွန်တော်တို့ဘာကြောင့် မရယ်ကြရ မှာလဲ။ ကျွန်တော်တို့ ရယ်ကြရအောင်။
ကျွန်တော်တို့ရယ်ကြမယ်မယ်
ရယ်မောခြင်းဟာ အေးဆေးသက်သာတဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုလည်းဖြစ် ပါတယ်။ ရယ်မောခြင်းဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာနဲ့ အဆုတ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ဖြည့်တင်းပေးပါတယ်။ အသက်ရှူလမ်းကြောင်းကိုလည်း သန့်ရှင်း စေပြီး အဆုတ်ကို လေ့ကျင့်ခန်းလုပ်ပေး ရာလည်းရောက်ပါတယ်။ ရယ်မောခြင်းဟာ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန် မလုပ်နိုင်သူတွေ၊ အေရိုးဗစ်လေ့ကျင့်ခန်း မလုပ် နိုင်သူ ပျိုပျိုမေတို့အတွက် အလွန်ပဲအကျိုး ရှိလှပါတယ်။ ကျွန်တော်တို့ ရယ်တဲ့အခါ ခန္ဓာကိုယ် ကနေ ဟိုမုန်းဓာတ်တွေနဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ်ကို ကောင်းကျိုးပြု တယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။ သွေးတိုးကျတယ်။ စိတ်အားတက်တယ်။ ခန္ဓာကိုယ်ခုခံအားစနစ်တက်လာတယ်။ အနောက်တိုင်း ဆေးသိပ္ပံကတော့ ရယ်မောခြင်းရဲ့ အကျိုးရလဒ်တွေကို ကောင်းကောင်းကြီး သုတေသနပြုနေကြပြီ။
အရယ်ကလပ်ထောင်ကြမယ်
အရက်ကလပ်မဟုတ်ဘူးနော်။ အရယ် ကလပ် Laughter Club ထောင်ကြရင် သိပ်ကောင်းမှာပဲ။ ဒါဟာ ဒီနေ့ခေတ်မှာ လိုအပ်လာပြီ၊ စိတ်ပါဝင်စားသူတွေက ဦး ဆောင်ပြီး လုပ်ကြရမှာပဲ။ စိတ်ဖိစီးမှုတွေ အောက်မှာ စိတ်သောကတွေအောက်မှာ ချည်း စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး။ လူ တွေဖြစ်လို့ ဒါတွေကို ကျော်လွှားလွန် မြောက်အောင် ကြိုးစားရမှာပဲ။ လူမှာက စိတ်က ဦးဆောင်နေတော့ စိတ်ပျော်ရွှင် အောင် စိတ်ကြည်အောင် လုပ်ကြရမှာပဲ။ အရယ်ကလပ်တွေမှာ နိုင်ငံရေး မလုပ်ဘူး။ ဘာသာရေး မဆွေးနွေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက် ဘူး။ မပြိုင်ဆိုင်ကြဘူး။ ဖိအားတွေ မပေး ကြဘူး။ ကိုယ့်အကြောင်းတွေ မကြားဘူး။ လူတိုင်းကို ကြိုဆိုကြမယ်၊ လူတိုင်းပါဝင်နိုင် ရမယ်။ လူတိုင်းရယ်မော ပျော်ရွှင်နိုင်ရမယ်။ အရယ်ကလပ်တစ်ခု ထူထောင်ဖို့ လူ ရယ်၊ နေရာရယ်၊ အချိန်ရယ်သုံးခုလိုအပ် တယ်။ အရယ်ကလပ်မှာ လူတွေစုစည်းပြီး ရယ်မောကြမယ့် နေရာဖြစ်လို့ လူတွေလို တယ်။ လူတွေရှိလာရင် ခေါင်းဆောင်တစ် ယောက်လိုတယ်။ ခေါင်းဆောင်ကို ထောက် ကူဖို့ အကူတစ်ယောက်လိုမယ်။ လူတွေရှိလာရင် နေရာလိုလာမယ်။ နေရာမှာ အမျိုးမျိုးရှိတယ်။ အခမဲ့နေရာ၊ အခပေးနေရာဆိုပြီးရှိတယ်။ ရုံးမှာလုပ် မလား၊ အိမ်မှာလုပ်မလား၊ ခြံတစ်ခုမှာလုပ် မလား၊ အခန်းငှားမလား စဉ်းစားရမယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ပြည်သူ့ပန်းခြံတွေက အရယ်ကလပ်အတွက် ရှယ်ပဲ။ အိန္ဒိယမှာ ပြည်သူ့ပန်းခြံတွေက ပြည်သူတွေအတွက် အခမဲ့ဖြစ်တယ်။ မနက်တိုင်းလည်း လူ တွေက ပန်းခြံမှာလမ်းလျှောက်ကြ၊ လေ့ ကျင့်ခန်းလုပ်ကြတယ်။ ရုံးဆိုလည်း ကောင်းတာပါပဲ။ နံနက် စောစောရုံးမတက်ခင် ဒါမှမဟုတ် ရုံးဆင်း ချိန်တွေမှာ အရယ်ကလပ်အတွက် ဆောင် ရွက်နိုင်ကြတယ်။ မနက်ပိုင်းရယ်မောခြင်း ဟာ တစ်နေ့တာလုံးအတွက် ကောင်းတယ်။ တစ်နေကုန် စိတ်ကြည်လင်ရွှင်ပြနေလို့ အလုပ်လုပ်လို့ ကောင်းတယ်။ ညနေပိုင်း ရုံးဆင်းချိန်ကလည်း ကောင်းတာပါပဲ။ အချိန်ကတော့ ကလပ်အဖွဲ့ဝင်တွေ အားလုံး အဆင်ပြေမယ့် အချိန်ကိုရွေးရ မယ်။ မနက်ဆိုလည်း မနက်ပိုင်း၊ ညနေဆို လည်း ညနေပိုင်းပေါ့။ ဒါပေမယ့် အချိန် သတ်မှတ်ပြီးဆိုကတည်းက လူတိုင်းအ တွက် ၁၀၀ ရာခိုင်နှုန်း ပြေလည်နိုင်မှာ တော့မဟုတ်ဘူး။ အများစု အဆင်ပြေမယ့် အချိန်ကိုရွေးရမှာပေါ့။ လူတိုင်းဟာ တစ်နေ့ကို မိနစ် ၂၀ မရယ်နိုင်ကြဘူး။ ဒါကြောင့် ကလပ်မှာ ရယ်လည်းရယ်မယ်။ အသက်ပြင်းပြင်းရှု လေ့ကျင့်ခန်းကိုလည်း လုပ်ကြမယ်။ ဒါကို သူတို့က အရယ်ယောဂလို့ခေါ်ကြတယ်။ အုပ်စုလိုက်ရယ်လည်း ရယ်ကြ၊ အသက်ရှု လေ့ကျင့်ခန်းလည်း လုပ်ကြပေါ့။ အရယ်ကလပ်တစ်ခုကို ပုံမှန်လေး လည်ပတ်သွားနိုင်အောင်ကိုတော့ အချိန် တစ်နှစ်လောက်ယူကြရမှာ ဖြစ်ပါတယ်။ စမ်းသပ်ဖို့လာတဲ့လူ၊ စိတ်ဝင်စားတဲ့လူ၊ အပျော်အပြက်လာတဲ့လူ စတဲ့လူတွေဝင် ရင်း ထွက်ရင်း စိစစ်ရင်းနဲ့မှ ရယ်မောခြင်း အကျိုးကို တကယ်သိသွားတဲ့ လူတွေတင် ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ အကျိုးရှိပါတယ်။ ကျွန်တော်တို့ ရယ်ကြရ အောင်ပါ။
ကလောင်ရှင် "သာတူ"
Unknown at 1:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၈၈ မျိုးဆက်တွေက ရိုဟင်ဂျာတွေကို မြန်မာလူမျိုးအဖြစ်သတ်မှတ်စေရန်ကြိုးပမ်းလျက်ရှိ






VOA အသံလွှင့်ဌာနမှ အယ်ဒီတာ သန်းလွင်ထွန်း (ခ) ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုအောင်နိုင်သည် ရိုဟင်ဂျာ များကို မြန်မာတိုင်းရင်းသား ညီအစ်ကို ဖြစ်သည်ဟု ကြေညာခဲ့သည်။
ယခင် မူဂျာဟစ် အကြမ်းဖက်သမားဟောင်း ARNO ဥက္ကဌ Nural Islum တို့၏ မူဂျာဟစ် အကြမ်းဖက်အဖွဲ့နဲ့ ရိုဟင်ဂျာ ဟု ပြောဆိုနေသော ”ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော ဘင်္ဂါလီများ ပတ်သက်မှုရှိနေတယ်ဆိုတာ ..ဟုတ်-မဟုတ် ..ဆိုတာကို
အမေရိကန် ရိုဟင်ဂျာအသင်း ဥက္ကဌ    ဒေါက်တာဝါကာအူဒင်းကို
 မေးခွန်း လုံးဝ မထုတ်ခဲ့တဲ့
 http://www.voanews.com/burmese/video/
ဗွီအိုအေ တီဗွီသတင်းလွှာ ၀၄-၂၂-၂၀၁၂ မှာ
”ရိုဟင်ဂျာ”ဟု တွင်တွင်ခေါ်ကာအင်တာဗျူးလုပ်ခဲ့သည်။

  
၈၈ မျိုးဆက် ကိုအောင်နိုင်(ခ)သန်းလွင်ထွန်းမှ ရိုဟင်ဂျာအသင်းဥက္ကဌ ဒေါက်တာဝါကာအူဒင်းကိုမေးမြန်းနေစဉ်

အဆိုပါကိစ္စနှင့်ပတ်သတ်၍ဘင်္ဂါလီ ဘက်တော်သား= ဗွီအိုအေ အယ်ဒီတာ သန်းလွင်ထွန်း(ခ) ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုအောင်နိုင် ကို မြန်မာနိုင်ငံနှင့်ရခိုင်လူမျိုးတွေ ကိုယ်စား၊
 ပြန်လည်တောင်းပန်တဲ့ အင်တာဗျူးတခု ပြန်လုပ်ပေးရန် မြန်မာပြည်သူများက တောင်းဆိုနေကြောင်း သိရှိရသည်။
အလားတူ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးဖြစ်သောမွတ်ဆလင်ဘာသာဝင် ကိုမြအေးကလည်း သမီးဖြစ်သူ ဝေနှင်းပွင့်သုန် နှင့်အတူ နိုင်ငံရေးပါတီတစ်ခု တည်ထောင်ကာ ရိုဟင်ဂျာများ အား တရားဝင် မြန်မာလူမျိုးဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ရန်ကြိုးပမ်းလျက်ရှိသည်။


 Myanmar Express
Unknown at 12:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

GSM ဖုန်းများအားလုံး မေ၇ ရက်မှ စတင်၍ ကျပ်တစ်သောင်းနှင့် အင်တာနက်သုံးစွဲနိုင်ပြီ



ဂျီအက်စ်အမ်တယ်လီ ဖုန်းများကို မေ ၇ ရက်မှစတင်၍ အင်တာနက်လိုင်းများသုံးစွဲခွင့် ပြန် လည်ချပေး တော့မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

 ယင်းကဲ့သို့ အင်တာနက်လိုင်း များချထားပေးရာတွင် ယခင် ကျပ် ၁၅ သိန်းတန်ဂျီအက်စ်အမ်တယ်လီ ဖုန်းများ အပါအဝင် တန်ဖိုးနည်း ဂျီအက်စ်အမ်တယ်လီဖုန်းများအား လုံးကို အင်တာနက်သုံးစွဲခွင့်လိုင်း များချထားပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ် သို့အတည်ပြုပြောကြားသည်။

''ဂျီအက်စ်အမ်တွေအားလုံးကို အင်တာနက်လိုင်းတွေပြန်ချပေးတော့ မှာပါ''ဟုမြန်မာ့ဆက်သွယ်ရေး မိုဘိုင်း တယ်လီဖုန်းဌာနမှတာဝန်ရှိသူတစ် ဦးကပြောသည်။ ယခင်ကရပ်နားထားသည် ဂျီ အက်စ်အမ်တယ်လီဖုန်းများအင်တာ နက်လျှောက်ထားခွင့်ကို ခေတ္တ ရပ် နားထား ရာမှ ယခုအခါပြန်လည် သုံးစွဲခွင့်ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ အင်တာနက်လိုင်းများသုံးစွဲခွင့် လျှောက်ထား ရာတွင် လျှောက်ထား သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် လျှောက်ထားမည့် တယ်လီဖုန်း မှန်ကန်ကြောင်း အထောက်အထားများ ဖြင့်ပူးတွဲလျှောက်ထားရမည်ဖြစ် ကြောင်းသိရ သည်။

''အခုဂျီအက်စ်အမ်တွေ တယ် လီဖုန်းတွေ အင်တာနက် လျှောက် ထား ရင် ကျပ် ၁၀၀၀၀ သွင်းရုံနဲ့ လျှောက်ထားနိုင်ပါပြီ''ဟုယင်းက ဆက်လက်ပြော ကြားသည်။ အင်တာနက်သုံးစွဲခနှုန်းထား များမှာ ဂျီအက်စ်အမ် တယ်လီဖုန်း များတွင် (GSM 2.75G) (EDGE)) တစ်မိနစ်လျင် ၂ကျပ်၊ WCDMA  3G ဖုန်းများ သုံးစွဲခနှုန်းထားများမှာ တစ်မိနစ်လျင် ၄ကျပ်နှင့် CDMA 800 (EVDO) ဖုန်းများတွင် သုံးစွဲခနှုန်းထားမှာ တစ် မိနစ် လျင် ၄ကျပ်နှုန်းဖြင့် ကောက် ခံသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်း ကဲ့သို့လျှောက်ထားမှု များကိုမြန်မာ့ဆက်သွယ်ရေးနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများ တွင်လျှောက်ထားနိုင်မည့်အပြင် မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (ရွှေဂုံတိုင်) ၊အလုံအိတ်ချိန်းဝန်း  (ဗဟိုရ်စည်မှတ်တိုင် အနီး) နှင့် မြန်မာ့ဆက်သွယ်ရေး (ပန်းဆိုးတန်း) ရုံးတို့တွင် လျှောက်ထား  နိုင်ကြောင်း  သိရသည်။

ရန်ကုန်တိုင်းမ်
Unknown at 12:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန် လူနေရပ်ကွက် အတွင်း ၀င်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း


သို့

နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ သိစေရန်

အကြောင်းအရာ။ ။ ဗန္ဓုလခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းဖြစ်သော
အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန်
လူနေရပ်ကွက် အတွင်းဝင်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း တို့ကို တင်ပြ
အသိပေး တိုင်ကြားခြင်းကိစ္စ..

အထက်ပါ အကြောင်းရာ ကိစ္စနှင့်ပတ်သက်၍ (၄.၄.၂၀၁၂)ရက်နေ့ မွန်းလွဲ
(၁း၀၀)နာရီ အချိန်ခန့်တွင် ဗန္ဓုလ ခရီးသည်တင် ယာဉ်လိုင်းမှ
အဓိပတိ(အဖြူရောင်)ယာဉ်အမှတ် (၂ဂ/ ၅၃၅၄) ကားသည် သင်္ဃန်းကျွန်းမြို့နယ်၊
လေးဒေါင့်ကန်လမ်းမကြီး၊ ဘ၀မြင့် ကားမှတ်တိုင်အနီး လမ်းမကြီးပေါ်တွင်
ကားပျက်၍ ရပ်ထားခဲ့ပါသည်။ ကားပျက်သော်လည်း (၁)လမ်းဘေးသို့
ချ၍ရပ်မထားခြင်း (၂) ညဘက် လျှပ်စစ်မီး ပျက်နေသော်လည်း ကားမှာ
မီးမထွန်းထားခြင်းတို့ကို တွေ့ရှိရပါသည်။

၎င်းနေ့ည(၁၁း၀၀)ခန့်တွင် လေးထောင့်ကန် လမ်းမကြီးအတိုင်း အနောက်မှအရှေ့သို့
မောင်းနှင်လာ သောဂျစ်ကား အမှတ်(၃ဂ/၆၅၈၁) ကားမှာ ပျက်နေသော အ့ဓိပတိကားကြီး
နောက်မှ ၀င်ရောက် တိုက်မိခဲ့ပါသည်။ အရှိန်ပြင်းသောကြောင့်
ကားကြီးပေ(၅၀)ခန့်အကွာအဝေးသို့ေ
ရာက်ရှိပြီး ပလက်ဖောင်းပေါ်တွင်
စိုက်ထူထားသော အလင်းရောင် ဓါတ်ပုံ၊ စတူဒီယို ဆိုင်းဘုတ်ကိုပါကားကြီးမှ
ဝင်ရောက် တိုက်မိ၍ လဲပြိုခဲ့ပါသည်။ ဂျစ်ကား မောင်းလာသူမှာ ကားထဲတွင်
ညက်နေ၍ အနီးပတ်ဝန်းကျင် ရပ်ကွက်သူ ရပ်ကွက်သားတို့မှ ခက်ခဲစွာ ဆွဲထုတ်ယူ၍
နီးစပ်ရာစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ည(၁၁း၃၀) နာရီတွင် လျှပ်စစ်မီးပြန်လာ၍ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကို
ရပ်ကွက်သူရပ်ကွက်သားတို့က ၀ိုင်းအုံကြည့်ရှုနေစဉ် အဓိပတိယာဉ်လိုင်းမှ
တာဝန်ရှိသူ အသက်(၃၅)နှစ် ၀န်းကျင်ခန့် ရောက်ရှိလာပြီး မှတ်တမ်းတင်
ဓာတ်ပုံခြင်း၊ လက်ကိုင်ဖုန်း စကားပြောခြင်းတို့ ပြုလုပ်နေပြီး ရုတ်တရက်
လူပရိသတ် ဘက်လှည့်၍ “ မင်းတို့က ဘာကောင်တွေလဲ၊ မင်းတို့အလုပ်ဘာရှိသလဲ၊
မဆိုင်တဲ့ကောင်ပြန် “ ဟုမောက်မာစွာ ပြောဆိုခဲ့ပါသည်။ ကျွန်တော်တို့က “
ကျုပ်တို့ဟာ ရပ်ကွက်သားတွေ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုမှာ ကူညီကြသူများ
ဖြစ်သည့်အတွက် မပြန်နိုင်ကြောင်း၊ မိမိအိမ်ရှေ့မှာ မိမိဘာသာ လွတ်လပ်စွာ
နေထိုင်နိုင်ခွင့် ရှိကြောင်း၊ ပြန်ပြောသည့်အခါ ထိုသူက “ ကျုပ်ဟာ
နိုင်ငံတော် ပြန်တမ်းဝင် အရာရှိ တစ်ယောက်ဖြစ်တယ် “ ၊ “ အဲဒါဆိုရင်
ခင်ဗျားကပိုလို့ နားလည်ရမှာ ဖြစ်ကြောင်း” ကျွန်တော်က ပြောပြခဲ့ပါတယ်။
ထိုသူက “ ထိုသူက သူမှားသွားကြောင်း ပြန်ပါအုံးမည်” ဟုပြောပြီး
ပေကြိုးတိုင်း၍ တာဝန် ထမ်းဆောင်နေသော ယာဉ်မှုစစ်အား “ဟေ့ကောင် မင်းလည်း
လုပ်စရာမလိုဘူးပြန် “ ဟုပြောပြီး ၎င်းစီးလာသော တက္ကစီအနီရောင်ဖြင့် ပြန်လည်
ထွက်ခွာသွားခဲ့ပါသည်။ ကျွန်တို့လည်း လူစုခွဲ၍ အိမ်သို့ပြန်ရောက်ပြီးမိနစ်
(၂၀) ခန့်အကြာ(၁၂း၃၀) နာရီခန့်တွင်လမ်းမတန်းမှ လူအုပ်စုအသံကြီးနှင့်
“ငါတို့ ဗန္ဓုလယာဉ်လိုင်းကို စော်ကားတဲ့ကောင်တွေ အကုန်ရိုက်”
အော်ဟစ်ဆဲဆိုပြီး ရပ်ကွက်အတွင်းသို့ ၀င်ရောက်ခဲ့ကြပါသည်။

ကျွုန်ပ်လည်း အသံကြား၍ ထွက်ကြည့်လိုက်ရာ နဖူးတွင်စွပ်ကျယ် အင်္ကျီကိုစည်း
ကိုယ်လုံးတွင် အင်္ကျီဗလာယူနီ ဖောင်းနက်ပြာ ဘောင်းဘီကို ဒူးအထိလိပ်
လက်ထဲတွင်လုံးပတ် တစ်လက်မ အရှည်တစ်ပေခွဲခန့် သံပိုက်လုံး ကိုယ်စီ
ကိုင်ဆောင်ပြီး မြင်မြင်သမျှ လိုက်လံရိုက်နှက် နေကြသဖြင့် ကျွန်ုပ်တို့
ရပ်ကွက်သားတို့မှာ မိမိတို့ အိမ်ထဲ ပြေးဝင်ရောက် ရှောင်ပုန်းခဲ့ကြပါသည်။
ရပ်ကွက်အတွင်းမှ မော်ခန်းဟု ခေါ်သော အသက်(၂၇)နှစ်အရွယ် လူငယ်၏ ညာပခုံးကို
တစ်ချက်ရိုက်မိခဲ့ပါသည်။ ရပ်ကွက်အတွင်းတွင် မင်းမဲ့ စရိုက်ဆန်ဆန်
ပြုမူကျင့်ကြံပြီး (၁၅) မိနစ်ခန့်အကြာတွင် ၎င်းတို့စီးလာသော
အဓိပတိ(အဖြူရောင်) ကားနှစ်စီးနှင့် လူအင်အား(၇၀)ခန့်မှာ ပြန်လည်ထွက်ခွာ
သွားခဲ့ပါသည်။ ၎င်းယာဉ်နှစ်စီး၏ နံပါတ်များမှာ (၃ဂ/၃၁၆၇) ၊ (၃ဂ/၃၈၈၁)
တို့ဖြစ်ကြပါသည်။

လူကြီးမင်းခင်ဗျား ယခုကျွန်တော် အစီရင်ခံအပ်သော ကိစ္စရပ်များမှာ တရားဥပဒေ
စိုးမိုးမှုအတွက်၎င်း၊ ရပ်ရွာအေးချမ်း သာယာရေးအတွက်၎င်း၊ များစွာသော
စိုးရိမ်ကြောင့်ကျ ဖြစ်ရပါသောကြောင့် လူကြီးမင်းမှ တစ်ဆင့်နိုင်ငံတော်
သမ္မတထံသို့ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြတောင်းခံ အပ်ပါသည်ခင်ဗျား။

အကူအညီ တင်ပြတောင်းခံသူ

ဦးစိန်သန်း
၁၂/သဃက(နိုင်)၀၄၈၉၄၆
အမှတ်(၂၅၈/B) ပြည်တော်အေးလမ်း၊
လေးဒေါင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
သစ်ထူးလွင် 
 
Unknown at 12:24 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.