Saturday, May 5, 2012

ငါးနှစ်ပြည့်ရင် ပြန်ဆပ်ပြီးတော့ နောက်ထပ်အသစ်ပြန်ယူကြရအောင်


AGD Bank လို့ခေါ်တဲ့ Asia Green Development Bank ဟာ ခရိုနီတေဇရဲ့ ဘဏ်ဖြစ်ပါတယ်

အခုရှိတဲ့ ရိုးမဘဏ် ၊ ကမ္ဘောဇဘဏ် ၊ စီဘီဘဏ် စတဲ့ဘဏ်တွေဟာ ငွေပို့ငွေလွှဲ ၊ စုငွေလက်ခံ ၊ အပ်ငွေလက်ခံ ၊ ကာလတိုငွေချေး စတဲ့ အကျိုးအမြတ်ကို ဦးစားပေးထားတဲ့ Commercial Bank အမျိုးအစား ဘဏ်တွေဖြစ်ပါတယ် ၊


နောက် ဘဏ်တစ်မျိုးကတော့ Development Bank ဆိုတာပဲဖြ
စ်ပါတယ်၊ ငွေရေးကြေးရေး အကျိုးအမြတ်ထက် သုတေသနတွေ ဖွံ့ဖြိုးရေးစီမံချက်တွေ အောင်မြင်ဖို့ ၁၀ နှစ် ၂၀ နှစ် စတဲ့ ကာလရှည်ချေးငွေများ ထုတ်ပေးတဲ့ ဘဏ် အမျိုးအစားဖြစ်ပါတယ် ၊

ဥပမာ စူပရင်းဂရု ဒေါက်တာစိန်မြင့်ရဲ့ ဇီဝမြေသြဇာစက်ရုံ အတွက် ဂျပန်က ဘဏ်တစ်ခုက ၁၀ နှစ်လောက်ရှိမယ့် နှစ်ရှည်ချေးငွေတစ်ခု ကို ထုတ်ချေးထားပါတယ် ၊ ဇီဝမြေသြဇာဆိုတာ ဓါတ်မြေသြဇာလို မြေကြီးတွေကို ပျက်စီးစေတဲ့ ဓါတ်ပစ္စည်းတွေ မပါဝင်ပါဘူး ၊

အဲဒီ ဂျပန်ဘဏ်က အဲဒီချေးငွေအတွက် ပထမ ၅ နှစ်အတွင်း အတိုးမယူဘူးလို့ သိရပါတယ် ၊ နောက် ၅ နှစ်အတွက်လည်း တစ်နှစ်အတိုးက တစ်ရာအပေါ်မှာ ပြားစွန်းလောက်ပဲရှိတယ်လို့ ကြားရပါတယ် ၊ (ဒီက commercial Bank တွေက တစ်ရာအပေါ် တစ်နှစ် အတိုး

၁၈ ကျပ် ယူပါတယ်) (ဒေါက်တာစိန်မြင့် ဒီချေးငွေကို ဘယ်လိုရယူခဲ့သလဲ သိရရင် ပညာတတ်လူငယ်တွေအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပါ့မယ်)

Development Bank တွေရဲ့ သဘာဝကိုက ချေးငွေအပေါ် အတိုးရရှိရေးအတွက် အလုပ်လုပ်တာ မဟုတ်ပါဘူး ၊

ကျနော် အခုပြောချင်တာက ခရိုနီတေဇရဲ့ AGD Bank ဟာ Commercial Bank လား Developement Bank လားဆိုတာပါပဲ ၊

အားလုံးဝိုင်းပြီး မေးပေးကြပါ ၊

တကယ်လို့ Commercial Bank ဖြစ်ပြီး ဒီ Asia Green Developement Bank ဆိုတဲ့ Developement Bank ဆိုတာကြီးကို သုံးထားတာက အားလုံးကို နားမရှင်းစေဘူး ၊ နာမည်အောက်မှာ တစ်ခုခုကို အကာအကွယ် ယူထားတဲ့ ပုံစံဖြစ်နေတယ် ၊

ဝိုင်းမေး ၀ိုင်းပြောကြပါအုံးနော်

ခရိုနီတေဇရဲ့ AGD Bank ဟာ Commercial Bank လား Developement လား


Kaung Myat Min facebook မှ
Unknown at 1:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.