Saturday, May 5, 2012

ဆီးဂိမ်းမတိုင်မီ အင်တာနက်မြန်နှုန်းကို တိုးမြှင့်သွားမည်ဟုဆို




ပြည်တွင်း၏ အင်တာနက်မြန်နှုန်းများကို ၂၀၁၃ တွင် မြန်မာနိုင်ငံအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ ကာလ

အတွင်း လက်ရှိအသုံးပြုနေသည့် မြန်နှုန်း 3.5 G မှ 5 G နှင့်အထက်တိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာ နပြည်ထောင်စု ၀န်ကြီးကလည်း ပြီးခဲ့သည့်လ နောက်ဆုံးပတ်က နေပြည် တော်ခရိုင်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အိုင်စီတီဆိုင်ရာအ လုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ပြီးဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှသိရသည်။ အဓိက ရည်ရွယ်ချက်မှာ လက်ရှိ ပြည်တွင်းတွင် အသုံးပြုနေ ရသည့် အင်တာနက်အမြန်နှုန်းများသည် ဆီးဂိမ်းကာလအတွင်း အလုပ်မဖြစ်နိုင်သောကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်မှုစနစ်ကို အ မှန်တကယ် တိုးချဲ့မြှင့်တင်ရန်လို အပ်လာပြီဖြစ်သောကြောင့်လည်း ကောင်း ယခုကဲ့သို့ ဆောင်ရွက် ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရန်ကုန် အခြေစိုက် ပုဂ္ဂလိကနည်းပညာကုမ္ပဏီတစ်ခုမှ ထုတ်ကုန်မန်နေဂျာ တစ်ဦးက ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်း၏အင်တာနက်ဆက်သွယ်မှုစနစ်များကို ၀န်ဆောင်မှုပေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့အနေဖြင့် လာမည့် ၂၀၁၃ ဆီးဂိမ်းမတိုင်မီအတွင်း အင်တာနက်ဆက်သွယ်မှုစနစ်များကို မြှင့်တင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အ မှန်တကယ်လိုအပ်လာမည့် အင်တာနက်မြန်နှုန်းပမာဏမှာ 5 G မျှသာမဟုတ်ဘဲ ယင်းပမာဏထက် အဆပေါင်းများစွာ ပေးနိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အထက်ပါအကြောင်းအ ရာနှင့်ပတ်သက်ပြီး ပြည်တွင်းအိုင် တီလုပ်ငန်းရှင်တစ်ဦးက “တကယ်တမ်းဆီးဂိမ်းလုပ်လာရင် ဖိုက်ဂစ်လောက်နဲ့က မရဘူး။ နိုင်ငံခြားမှာ၊ အိမ်နီးချင်းမှာတွေတောင်ဘန်းဝှစ်ပမာဏက တစ်ရာနီးပါးရှိတယ်။ တစ်ရာကျော်တယ်။ ဒါ ပေမဲ့ သေသေချာချာလေး လုပ် မှရမယ်။ ဆီးဂိမ်းဆိုတော့”ဟု သုံးသပ်ပြော ကြားသည်။ ယခုလက်ရှိအချိန်ထိတွင်မူ ပြည်တွင်း၏ အင်တာနက်အမြန်နှုန်းများသည် ယင်းကိုမှီခိုပြီး လုပ်ကိုင်နေကြရသည့် စီးပွားရေးလုပ်ငန်းများက အမှန်တကယ် လိုအပ်သည့် အနေအထားတွင် မဟုတ်သေးဘဲ အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင်ပင် နိမ့်ကျနေသေးကြောင်း ပြည်တွင်းရှိကွန်ပျူတာ ပညာရှင်အချို့က သုံးသပ်ပြောဆို ကြသည်။



 Myanmar Express
Unknown at 9:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.