Friday, April 27, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရေး ကိစ္စ မကြာမှီ ကျော်လွှားနိုင်ဖွယ်ရှိ...



လတ်တလော သိရှိရတဲ့ သတင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရေး ကိစ္စ မကြာမှီမှာ ကျော်လွှားနိုင်ဖွယ် ရှိကြောင်း သိရှိရသည်။

မီဒီယာများမှာ ရေးသား ဖော်ပြနေသကဲ့သို့ စိုးရိမ်စရာ မရှိကြောင်း သိရှိရသည်။ အဆိုပါ အခြေခံဥပဒေပါ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဟူသော စကားရပ်သည် မည်သည့်ဥပဒေတွင်မှ ပါဝင်ခြင်း မရှိကြောင်းနှင့် အဓိပ္ပါယ် ဖွင့်ဆိုချက် မြန်မာစာသား စကားလုံး အသုံးအနှုံး မှားယွင်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်..။ ယခု ရက်သတ္တပတ် (၂)ပတ်ခန့် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးအတွင်း မှီကောင်းမှီနိုင်ကြောင်း ထပ်မံသိရှိရပါသည်။

ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်(၄၃)နေရာမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ကျမ်းသစ္စာကျိန်ဆိုရေးပါ အခြေခံဥပဒေအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဟူသော စကားရပ်နဲ့ ပတ်သက်ပြီး လွှတ်တော် တက်ရောက်ဖို့ အတွက်နှောင့်နှေး ကြန့်ကြာနေပါတယ်..။ ရွေးကောက်ပွဲ ကော်မရှင်မှ ဖွဲ့စည်းပုံ အခြေံဥပဒေအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဟူသော စကားရပ်အား လေးစားလိုက်နာပါမည်ဟူသော စကားရပ်ဖြင့် ပြန်လည် ပြင်ဆင်ပေးခဲ့တဲ့ အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်..။

ဒီမိုဝေယံ
Unknown at 6:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဓါတ်ပုံများဖျက်ခိုင်းသည့် တရားသူကြီးအား တရားဝင် ကန့်ကွက်သွားမည်




Weekly Eleven သတင်းထောက် ဓါတ်ပုံရိုက်ကူးခဲ့သည့် ဒဂုံမြို့နယ်တရားရုံးပြင်ပ ပလက်ဖောင်းနေရာ (ဓါတ်ပုံ-Eleven Media Group)
ဧပြီလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် The Voice Weekly ဂျာနယ်၏ အမှုရုံးချိန်းအား သွားရောက်သတင်းရယူခဲ့သည့် Weekly Eleven သတင်းထောက် ကိုဇင်ဘိုလွင်က တရားလိုနှင့် တရားလိုရှေ့နေများကို သတင်းဓါတ်ပုံရိုက်သည့်အပေါ် ဒဂုံမြို့နယ် တရားသူကြီးနှင့် တွဲဘက်မြို့နယ် တရားသူကြီးတို့က ခေါ်ယူသတိပေး၍ ဓါတ်ပုံများ ဖျက်ခိုင်းခဲ့သည်။ သတင်းရယူခြင်း၊ သတင်းဓါတ်ပုံ ရိုက်ကူခြင်းနှင့်ပတ်သက်၍ တရားရုံးပြင်ပ Public Area မည်သည့်နေရာတွင်မဆို အမှုနှင့်ပတ်သက်သူများကို ဓါတ်ပုံရိုက်ကူးခွင့်ရှိပါသည်။

ထို့ကြောင့် Weekly Eleven သတင်းထောက်အနေဖြင့် တရားရုံးခြံဝင်းအပြင် လမ်းမ ပလက်ဖောင်းပေါ်မှသာ ရိုက်ကူးခဲ့ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ခေါ်ယူသတိပေး၍ ဓါတ်ပုံများကို ဖိအားပေး ဖျက်ခိုင်းခဲ့သော ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်၊ တွဲဘက်မြို့နယ်တရားသူကြီး ဒေါ်ရီရီဆွေတို့အား Weekly Eleven မှ တရားဝင် ကန့်ကွက်သွားပါမည်။

သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားသည့်အမှုရုံးချိန်းဖြစ်ပြီး အဆိုပါဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၇)နံနက် ၁၁ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
 Eleven Media Group အင်တာနက်စာမျက်နှာ ရေးသားဖော်ပြထားပါသည်။
သစ်ထူးလွင်
Unknown at 5:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည်


Photo

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည်

By Popular News
ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်မှ အနားယူပြီး ပင်စင်လစာ ရရှိရန်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လစဉ် အချိုးကျ သတ်မှတ်နှုန်းထား ပမာဏကို ထည့်ဝင်ရမည်ဟု ဥပဒေမူကြမ်းပါ အချက်အလက်များအရ သိရသည်။ အသက် ၆၄ နှစ်အရွယ်ရှိ စာနယ်ဇင်းဆိုင်ရာ ကုမ္ပဏီဝန်ထမ်း တစ်ဦးက “ဒီလိုပင်စင်လစာ ပေးတာ အရမ်းကောင်းပါတယ်။ ပေးလလည်း ပေးသင့်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းလစာထဲက ဖြတ်တောက်ပြီး ပင်စင်လစာ ထုတ်ပေးမယ့် အဖွဲ့က အရင်းအနှီးလုပ်တဲ့အခါမှာ အရှုံးများ ပေါ်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ ဒါကလည်း အရေးသိပ်ကြီးတယ်။ အဲဒီတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တယ်လို့ပဲ ထင်တယ်။ ကုမ္ပဏီပိုင်ရှင်တွေရဲ့ အမြတ်ငွေကနေ သီးခြား စုစုပေးသွားရင် ပိုကောင်းတာပေါ့” ဟု ဆိုသည်။
 
ပုဂ္ဂလိက ဝန်ထမ်းများ အလုပ်မှ အနားယူသွားပါက ပင်စင်လစာပေးခြင်း စနစ်ကို စင်ကာပူအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများ လက်ရှိတွင် ကျင့်သုံးနေကြောင်း လူမှုဖူလုံရေး ဥက္ကဋ္ဌထံမှ သိရသည်။ ဥပဒေသာ အတည်ပြုလိုက်ပါက မူလလစာ၏ ၁၅ ဆအား အရစ်ကျ သို့တည်းမဟုတ် ရာခိုင်နှုန်းအလိုက် လစဉ်ခွဲဝေမှုဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သွားမည်ဟု သိရသည်။ အသက် ၃၅ နှစ်ကျော် လုပ်သက် ငါးနှစ်ရှိ ဆေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးက “တစ်လ နည်းနည်းချင်းထည့်ပြီး ကိုယ်မလုပ်ချင်တော့တဲ့ အချိန်မှာ မူလ လစာရဲ့ ၁၅ ဆ ရမယ်ဆိုတာက ဝမ်းသာစရာ သတင်းပါပဲ။ အဲဒီလို ပြောပြီး ဖြစ်မယ်ဆိုရင် ကောင်းပါတယ်။ ပင်စင်ဆိုတာမျိုးက အစိုးရဝန်ထမ်း အသုံးအနှုန်းဆိုတာလောက်ပဲ သိထားတော့ သိပ်တော့ မယုံချင်သေးဘူး”ဟု ပြောသည်။ အချိန် ခြောက်လမှ တစ်နှစ်အထိယူ၍ ပင်စင်လစာ ကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ဝန်ထမ်းများအား အသိပညာများ ဖြန့်ဝေခြင်းကိုပါ ပူးတွဲပြုလုပ်ရန် စီစဉ်ထားသည်ဟု အဖွဲ့ဥက္ကဋ္ဌထံမှ ထပ်မံသိရသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ကျွန်တော်တို့ သိရသလောက် တော်တော်လေးကို ကောင်းတဲ့ ဥပဒေမျိုးလို့ သိထားရပါတယ်။ နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုတွေ ဖြစ်လာခဲ့ရင်က အစ လုပ်ငန်းရှင်က ဆောင်ရွက်ပေးရမယ့် အချက်တွေ၊ အဖွဲ့မှာ မှတ်ပုံတင်ပြီးရင် အဖွဲ့က လုပ်ပေးရမယ့် ကိစ္စတွေ ဒါတွေကအစ အသေးစိတ် ထည့်သွင်းထားတာပါ။ ဒါတင် မကသေးဘူး။ နောင်ရေး နေထိုင်ရေးအတွက်ကိုပါ စီစဉ်မှုက ရှိနေတော့ တော်တော်လေး ကောင်းတဲ့ ဥပဒေဆိုတာမျိုးလို့ ကျွန်တော် ပြောနိုင်တယ်” ဟု ပြောသည်။
Unknown at 5:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယခင် Postpaid GSM မိုဘိုင်းဖုန်းများကို မေလ ၁ ရက်နေ့မှ စတင်ကာ Prepaid စနစ် အသုံးပြု နိုင်တော့မည်

ဖုန်းပြောဆို ခတွေကို Postpaid စနစ်ကနေ Prepaid စနစ်ကို ပြောင်းလဲ အသုံးပြုလိုတဲ့ GSM မိုဘိုင်းဖုန်း သုံးစွဲသူတွေ အနေနဲ့ မေလ ၁ ရက်နေ့ စတင်ပြီး
ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို မေလ ၁ ရက်နေ့က စတင်ပြီး Postpaid စနစ်ကနေ Prepaid ပြောင်းလဲ အသုံးပြု လို့ရတဲ့ GSM မိုဘိုင်းဖုန်း တွေဟာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်အထိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပေးပို့ထားတဲ့ SMS မှ YES ကိုနှိပ်ပြီး လက်ခံထားတဲ့ GSM မိုဘိုင်းဖုန်း တွေပဲ ဖြစ်ပါတယ်။

အခုလိုမျိုး GSM ဖုန်းတွေမှာ ကြိုတင် ငွေဖြည့်ကဒ် စနစ်ကို ပြောင်းလဲဖို့ မြန်မာ့ ဆက်သွယ် ရေးမှ ပြီးခဲ့တဲ့ ဇန်န၀ါရီလ အတွင်းက SMS များ ပို့ပေးထားခဲ့ပြီး အဲ့ဒီ စနစ်သုံးစွဲဖို့ အဆိုပြုထားတဲ့ GSM မိုဘိုင်း တယ်လီဖုန်း တွေကို သက်ဆိုင်ရာ GSM အိတ်ချိန်း နယ်မြေ အလိုက် ပြောင်းလဲ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Postpaid စနစ်မှ Prepaid စနစ်ကို ပြောင်းလဲကာ အသုံးမပြု လိုတဲ့ သူတွေကတော့ AGD ဘဏ်၊ ယူနိုက်တက် အမရာဘဏ်နဲ့ မြန်မာ့ စီးပွားရေး ဘဏ်တို့မှ Online ဖုန်းဘေလ် စနစ်နဲ့ ပေးဆောင် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။



Unknown at 5:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပျက်များနေတဲ့ ကျပ်နှစ်သိန်းတန်ဖုန်းကဒ်

၂၀၁၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှာ စတင် ချထားပေးခဲ့တဲ့ ကျပ်သိန်းနှစ်သိန်းတန် GSM ဖုန်းများဟာ ဝယ်ယူပြီး မကြာမီမှာပဲ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ဝယ်လိုအားများနေတဲ့ ကျပ်(၂)သိန်းဖုန်းတွေဟာ ပြင်ပဆိုင်တွေမှာ ကျပ်နှစ်သိန်းခွဲအထိ ဈေးပေါက်လျက်ရှိပါတယ်။ ဒါပေမယ့် ကျပ်(၂)သိန်း ဖုန်းကဒ်အချို့ဟာ ဝယ်ယူပြီး မကြာမီပါပဲ ပျက်စီးမှုတွေရှိနေပြီး သက်ဆိုင်ရာကို ဆက်သွယ်ဆောင်ရွက်ရာမှာ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

    ၂၀၁၂ခုနှစ် ဧပြီလ(၂၁)ရက်နေ့ မနက်ပိုင်းက ၄၂၁၀နဲ့စတဲ့ ဖုန်းဆင်းကဒ်တကဒ်ကို ကျပ်နှစ်သိန်းခွဲ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းလောက်ကျတော့ ဖုန်းက လုံးဝ ဆက်လို့မရဘူး ဖြစ်သွားတယ်။ ဖုန်းဆက်လိုက်ရင် your sim card is reject ဆိုတဲ့စာတန်းပဲ ပေါ်ပေါ်လာပါတယ် ဟု ကျပ်နှစ်သိန်းတန်ဖုန်း ဝယ်ယူပြီးနောက် ကဒ်ပျက်စီးမှု ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားပါတယ်။

   ထို့အပြင် ၎င်းကပင် ဆက်လက်ပြီး   ဒါနဲ့ရွှေဂုံတိုင်မှာရှိတဲ့ ဂျီအက်စ်အမ်ရုံးချုပ်ကို သွားပြီး တင်ပြခဲ့ပါတယ်။ လောလောဆယ်မှာ ဖုန်းကဒ် အရောင်းအဝယ် ကိစ္စတွေသာ ဆောင်ရွက်နေလို့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ ဗဟန်းဆက်သွယ်ရေးရုံးကို သွားဖို့ ထပ်ဆင့်ညွှန်ပါတယ်။ ဗဟန်းရုံးကို ရောက်တော့လည်း လောလောဆယ်တော့ ကဒ်ကိုသာ ကိုင်ထားပါဦးလို့ပြောပြီး တစ်စုံတရာ ဆောင်ရွက်ပေးတာ မရှိပါဘူး။ ကျနော့လိုပဲ ဆင်းကဒ်ပျက်လို့ လာတဲ့သူတွေ ရွှေဂုံတိုင်ရုံးမှာရော ၊ ဗဟန်းရုံးမှာပါ အများကြီးတွေ့ခဲ့ရပါတယ် လို့ပြောကြားခဲ့ပါတယ်။

    တန်ဖိုးနည်းဖုန်းအဖြစ် ဈေးကွက်မှာ ဝယ်လိုအားများနေတဲ့ ကျပ်နှစ်သိန်းဖုန်းတွေဟာ မူလတန်ဖိုးထက် ပိုမိုစွာပေးဝယ်နေရတဲ့အပြင် ဝယ်ယူပြီး နောက်မကြာခင်မှာ ကဒ်ပျက်စီးမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအတွက် နစ်နာမှုတွေဖြစ်ရကြောင်းလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
 ဘားမားဗီဂျေ


Unknown at 5:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လုံခြုံရေးအရ မြစ်ကြီးနား-နမ္မတီး-မိုးကောင်းလမ်း သွားလာခွင့်ပိတ်




မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မိနစ်အတန်ကြာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေကြစဉ်

မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ယမန်နေ့ နံနက်မှစတင်ကာ မြစ်ကြီးနား-နမ္မတီး-မိုးကောင်းလမ်းကို လုံခြုံရေးအရ သွားလာခွင့်မပြုတော့ကြောင်း မြစ်ကြီးနားမြို့ခံများကပြောသည်။

မြစ်ကြီးနားမြို့အထွက် အထက ၄ ကျောင်းအနီး လေယာဉ်ကွင်း သွားလမ်းပေါ်ရှိ ၃၇ ဂိတ်ကို ပိတ်ထားသည်ကိုတွေ့ရှိရပြီး ပေါက်ကွဲမှုများ ထပ်မံဖြစ်ပေါ်နေခြင်းကြောင့် လုံခြုံရေးအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ဂိတ်စောင့် စစ်သားတစ်ဦးကပြောသည်။

“ပေါက်ကွဲသံတွေဆက်တိုက်ကြားနေရသေးတယ်။ မနေ့ညက ၁၀ နာရီဝန်းကျင်လောက်မှာလည်း တော်တော်ကျယ်ကျယ်ကြားရတယ်။ လက်နက်ကြီးတစ်ခုခုပေါက်ကွဲသံပဲ။ ဘယ်နေရာမှာ ဖြစ်နေတာလဲတော့မသိဘူး” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

နေရာအတည်မပြုနိုင်သေးသည့် ပေါက်ကွဲမှုများကြောင့် မြစ်ကြီးနား-နမ္မတီး-မိုးကောင်းလမ်းကို လုံးဝပိတ်ထားပြီး မည်သည့်ယာဉ်ကိုမျှ ဖြတ်သန်းခွင့်မပြုတော့ဟု လုံခြုံရေးတာဝန်ကျသူများကပြောသည်။

မြစ်ကြီးနား အဝေးပြေးဝင်းမှထွက်သောခရီးသည်တင်ကားများမှာ ၃၇ ဂိတ်ကို ရှောင်သည့်ဖြတ်လမ်းမှ သွားလာလျှက်ရှိသည်။

မြစ်ကြီးနားမြို့ပေါ်တွင်လည်း ညဘက်တွင် ရဲ၊ မီးသတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့လိုက် ဆိုင်ကယ်များအား တားဆီးစစ်ဆေးခြင်းနှင့် ကင်းလှည့်ခြင်းများတိုးမြှင့်လုပ်ဆောင်လာသည်ကိုတွေ့ရသည်။

 လွန်ခဲ့သည့်နှစ်ရက်က မြစ်ကြီးနား ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦး ဒါဏ်ရာရရှိခဲ့သည်။           ။

သစ်ထူးလွင်
Unknown at 4:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

 မြန်မာ မီဒီယာအသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်

ကျွန်မ စင်ကာပူနိုင်ငံ တွင်  ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။
ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။
 လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု စင်ကာပူနိုင်ငံမှ ဒစ်ပလိုမာ တစ်ခု ပြီး ၍့ အလုပ်အကိုင် စတင်ရှာဖွေခဲ့ကြပါတယ်။ ကျွန်မ သူငယ်ချင်း တစ်ယောက် မှာ အလုပ် ရရှိခဲ့သော်လည်း အလုပ်သမား လက်မှတ်လျောက်ထားရန် ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးခါနီးဖြစ်နေပါသဖြင့် သံရုံး သို့ သက်တမ်းတိုးရန် သွားရောက်ခဲ့ပါတယ်။ သို့သော် သံရုံးမှ အခွန်မဆောင်လျင် တိုးမပေးပါဟုပြောကြားခဲ့ကြောင်းကျွန်မကို ပြန်ပြောပါတယ်။ ကျွန်မ နားလည် ထားသလောက် အလုပ်မလုပ်ကိုင်သေးသော ကျောင်းသားတစ်ယောက်ကို နိုင်ငံတော်က အခွန်စည်းကြပ်ခြင်းမရှိဘူးဆိုတာပါ။ သို့သော် သံရုံးမှ တိုးမပေးပါက ပတ်စ် လျောက်ထားရန် အခက်ခဲရှိပါသဖြင့် ထိုသူက သဘောတူညီကာ ဆောင်ပါမည်ဟု ကတိပြုလိုက်ပါသည်။ ထိုအကြောင်းကို ကြားသိသောအခါ အလွန်အမင်း တရားမမျှတမှုကို ခံစားရပါသဖြင့် သံရုံးကို ကျွန်မဖုန်းဆက်ခဲ့ပါတယ်။ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပါသော်လည်း နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်နှင့်သာတွေ့ဆုံရွေ့ မည်သည့် သံအရာရှိကို မှ ဖုန်းလွှဲပြောင်းပေးခြင်းမရှိခဲ့ပါဘူး။ အရာရှိများ အစည်းအဝေးရောက်နေသည် အလုပ်ရှုပ်နေသည်ဟူသော အကြောင်းပြချက်ကိုသာ အကြိမ်ကြိမ် ရရှိခဲ့ပါသည်။ ကျွန်မ တို့ဘက်က အမှန်တကယ် လိုအပ်နေသည်က တကြောင်း ကာယကံရှင်ကိုယ်တိုင်က စိတ်အားထက်သန်မှုမရှိသည်က တစ်ကြောင်း ထိုခေတ် နိုင်ငံအခြေနေအရ ကျွန်မတို့ ဘက်ကို ရပ်တည်ပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်သည့် အခြေနေကို နားလည်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်မ ထိုကိစ္စကို ထိုတွင်ရပ်ခဲ့ပါသည်။

ဒုတိယတစ်ခါက လွန်ခဲ့ သော တစ်လခန့်ကပါ။ သံရုံးမှ အွန်လိုင်း Q နံပါတ်ယူခြင်းဆိုတာကို စတင်မိတ်ဆက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင်က လူပေါင်းများစွာတန်းစီပြီးမှ မိမိကိစ္စပြီးပြတ်မှု သံရုံး မှ ယနေ့အတွက် ဆောင်ရွက်ပေးမယ့် သူပြည့်ပြီဆို စောဒကတက်ခွင့်မရပဲ ပြန်ရမှုစတာတွေကို ရှောင်ကွင်းနိုင်အောင်လုပ်ခဲ့တာဟု သိရပါသဖြင့် အလွန်မင်းဝမ်းသာခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့တိုးတက်မှုကိုလည်း ကြိတ်ဝမ်းသာခဲ့ရတာအမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်မ ပတ်စပို့သက်တမ်းလည်း ကုန်တော့မှာဖြစ်လို့ Q ယူဖို့ စဉ်းစားလိုက်ပါတယ်။ Q ရယူနိုင်တဲ့ နေ့စွဲတွေကို ရွေးချယ်ကြည့်လိုက်တော့ ကျွန်မ ပတ်စ် ကုန်မယ့် နေ့ရက်နဲ့နီးကပ်နေတာ တွေ့ရလို့ စိတ်ပူသွားပါတယ်။
သံရုံးဝန်ထမ်းတွေများ တစ်ခုခု အကြံဥာဏ်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မ သံရုံးကို ဖုံးဆက်ပါတယ်  ။ အဲ့မှာလည်း နိုင်ငံခြားသူတစ်ယောက်ပဲလာကိုင်ပါတယ်။ သူ့က ကျွန်မ ကို သံရုံးပဲလာခဲ့ဖို့တွင်တွင်ပြောပါတယ်။ အရာရှိတစ်ယောက်ယောက်ကို ဖုန်းလွှဲပေးဖို့ ပြောတဲ့ အခါ လွှဲပေးဖို့ကြိုးစားပါတယ်။ ပြီးရင် ဘယ်သူမှဖုန်းမကိုင်ဘူး အကုန် အစည်းဝေးခန်းထဲရောက်နေတယ်လို့ပြောပါတယ်။ ကျွန်မ အပါအ၀င် တခြားသူငယ်ချင်းတွေရဲ့အတွေ့ကြုံအရ သံရုံးအရာရှိများ မည်သည့်အခါမှဖုန်းမကိုင်တတ်မှန်း သိထားပါတယ်။ အဲ့ဒါကြောင့် ကျွန်မ ထို နိုင်ငံခြားသူကိုမေးပါတယ် ။ အခုလွှဲပေးတဲ့ အရာရှိက ဘယ်သူလဲ။ တခြားအရာရှိမရှိတော့ဘူးလားဆိုတော့ အခုလွှဲပေးတာ ဦးတင်ဝင်း ပြီးတော့ တခြားသူတွေလည်းမအားဘူး နင် သံရုံးလာခဲ့လို့ပြောတယ်။ ကျွန်မလည်း ငါ ဘာလုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာလေး အရာရှိတစ်ယောက်ဆီက အကြံဥာဏ်လေး သိရဖို့ ငါက ရုံးတရက်ဖျက်ရမယ်ဆိုတာ ဖြစ်သင့်သလား။ ပြီးတော့ ငါက သံရုံးကိုဖုန်းဆက်ပြီး သိချင်တာလေးမေးတာကို ငါ့ကို သံရုံးလာခိုင်းရအောင် ငါ ကသိပ်အားနေတယ်ထင်လား။ ဟုတ်ပြီ အရာရှိတွေကိုပြောလိုက် ။ ကျွန်မ နောက် ၃၀ မိနစ်မှာပြန်ဆက်မယ်။ အဲ့ဒီချိန်မှာ ဆက်လို့ မအားသေးဘူး ဒါမှမဟုတ် အစည်းဝေးထဲမှာဆိုရင် ကိစ္စမရှိသေးဘူး။ နောက်ထပ် ၃၀ မိနစ်မှာထပ်ဆက်မယ်။ ဆက်တိုင်းဆက်တိုင်းမှာ နင်ဘာပြောတယ် ဘယ်သူ့ကို လွှဲပေးတယ် အဲ့သူက ဘာပြန်ပြောတယ်ဆိုတာအားလုံးကို ငါ သက်သေယူထားမယ်။ သုံးခါမြောက်လို့မှ ဘယ်သူမှမဖြေဘူးဆို ရင် အဲ့ ဒီအကြောင်းအရာ ကို သက်ဆိုင်ရာကို ငါ သတင်းပို့မယ်လို့ပြောပြီး နှုတ်ဆက်ဖို့လုပ်ပါတယ်။ အဲ့တော့မှာ ခဏနေပါဦးဆိုပြီး သူ နောက်ထပ်ထပ်လွှဲပေးပါတယ်။ မသီရိအောင် ဆိုတဲ့ အမျိုးသမီး တစ်ယောက်လာကိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ ။ ကျွန်မကို ကိုယ် ထုတ်စရာရှိတဲ့ နံပါတ်ကို ကိုယ်ထုတ်ပြီး သံရုံးလာပြီး အကျိုးအကြောင်းလာဆွေးနွေးဖို့ နဲ့ အဲ့လိုလူတွေကိုစဉ်းစားပေးတဲ့အကြောင်းပြောသွားပါတယ်။ ကျွန်မလည်း ကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချလိုက်ပါတယ်။
ဒီမှာ ကျွန်မသုံးသပ်ချင်တာတွေရှိပါတယ်။
၁) နိုင်ငံသားတစ်ယောက်ဟာ အခြားနိုင်ငံတစ်ခုကို ရောက်ရှိနေပြီဆိုရင် သူတို့ရဲ့အဓိကအားကိုးရာ ဟာ သံရုံးပါ။  သံရုံးဆိုတာ မိမိနိုင်ငံသားကို အကာအကွယ်ပေးဖို့ တခြားနိုင်ငံက မိမိနိုင်ငံနဲ့ဆက်ဆံတဲ့ အခါအဆင်ပြေချောမွေ့ဖို့ ကိုယ်စားလှယ်အဖြစ်ထားတာလို့လက်ခံထားပါတယ်။ ဒီလိုနေရာမျိုးမှာ ဘာလို့ လုပ်ပိုင်ခွင့်မရှိ ဆုံးဖြတ်နိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသူတစ်ယောက်ကို Information ကောင်တာမှာထားထားပါသလဲ။
၂) တခြားသံရုံးများတော့မသိပါဘူးရှင်။ စင်ကာပူသံရုံးကတော့ မြန်မာနိုင်ငံရုံးပိတ်ရက် ရော စင်ကာပူနိုင်ငံရုံးပိတ်ရက် မှာပါ  ရုံးမဖွင့်ပါဘူး။ ရုံးဖွင့်ရက်တွင်လည်း မနက် ၉း၃၀ မှာ ညနေ ၅ နာရီထိပဲဖွင့်ပါတယ်။  ကျွန်မယူဆတာကတော့ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံသူနိုင်ငံသားတွေ အဆင်ပြေရေးကို ဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ နိုင်ငံခြားမှာ လာရောက်အလုပ်ကိုင်တဲ့သူတွေ ကို အဆင်ပြေစေချင်တဲ့ စေတနာ တစ်စုံတစ်ရာသာရှိမယ်ဆို ရုံးပိတ်ရက်မှာ သံရုံးဖွင့်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ အခုလောလောဆယ်တော့ မည်သည့် ကိစ္စကြီးငယ်ရှိသည်မဆို သံရုံး နှင့်ပက်သက်ပါက အလုပ် ကျောင်း တို့ကို မဖျက်မနေရဖျက်ရပါတယ်။ ဒိလိုဖျက်လို့ လွယ်ကူ အဆင်ပြေစွာပြီးမြောက်မယ်လို့လည်း မှန်းထားလို့မရပြန်ပါဘူး။ ငါ့ ဘာများ ရစ်ဦးမလဲ ဆိုတာကို ပဲ ရင်တထိတ်ထိတ်နဲ့ပါ။ ဖြစ်နိုင်ရင်  Shift နဲ့ ဖြစ်စေ သံရုံး ကို စနေတနင်ဂနွေမှာပါ ဖွင့်စေချင်ပါတယ်။ ကျွန်မ အမြင်တော့ ယခု စင်ကာပူမြန်မာသံရုံး၏ ပေါ်လစီတွင် ၀န်ထမ်း အခွင့်ရေးကိုသာ ဦးစားပေးထားရွေ့ ပြည်သူ့လိုအပ်ချက်ကို ထည့်သွင်းမစဉ်းစားထားဘူးဆိုတာ သိသာထင်ရှားပါတယ်။

ဒါက ဖုန်းဆက်တဲ့ ပြဿနာပါ။

တနေ့က ဖြစ်ပျက်သွားတဲ့ စင်ကာပူမြန်မာသံရုံးနဲ့ပက်သက်တဲ့ ကျွန်မအတွေ့ကြုံကတော့ ထင်တာထက်ကို ပိုဆိုးပါတယ်။
အဲ့ဒီနေ့က ၂၃ ရက် ဧပရယ်လ ၂၀၁၂ ခုနှစ်ပါ။ အွန်လိုင်း မှ Q နံပါတ်ရယူပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ကျွန်မရုံးမှခွင့်ယူ ပြီး မြန်မာသံရုံးသို့ သတ်မှတ်ထားတဲ့ အချိန်ရောက်အောင်ထွက်လာခဲ့ပါတယ်။
သံရုံးနားအရောက်မှာတော့ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်။ လူပေါင်း ၅၀၀ လောက် ကိုယ့်ရှေ့မှာတန်းစီနေတာကိုတွေ့လိုက်ရလို့ပါ။ နောက်တော့ အွန်လိုင်း စနစ်မှားယွင်းပြီး အကန့်သတ်မရှိ Q နံပါတ်ထုတ်ပေးမိတာဖြစ်ကြောင်းသိရပါတယ်။ မေးမြန်းကြည့်တော့ စနစ်ပျက်နေတယ်ထင်လို့ မသင်ကာလို့ သံရုံးကို အီးမေလ် ပို့ခဲကြောင်း သို့သော်ရတယ် လာခဲ့ဟုသာ အကြောင်းပြန်ခဲ့ကြောင်းသိရပါတယ်။ ဒါနဲ့ စောင့်နေရင်း မနက် ၁၀ နာရီနီးပါးလောက်မှာ ၀န်ထမ်းကားတွေရောက်လာပြီး သံရုံးစဖွင့်ပါတယ်။ လူတန်းကြီးအရှည်ကြီးကိုလည်းမြင်ပါတယ်။ (မှတ်ချက် ။ ။ သံရုံးတွင်၁၀၀ ကျော်ပါက ပလက်ဖောင်းပေါ်တွင်သာ ထိုင်စရာ မတ်တပ်ရပ်စရာရှိပါတယ်)
သူတို့တစ်ခုခုလုပ်မယ်လို့မျှော်လင့်ခဲ့ပေမယ့် ဘာမှလုပ်ဆောင်တာမတွေ့ရပါဘူး။ အဲ့ဒီချိန်မှာ ရုတ်တရက်ကြေငြာလိုက်တာက စာရွက်တွေထပ်လိုက် Q နံပါတ်ပြန်ပေးမယ် ဆိုတာပါ။ အမှားအယွင်းက အဲ့ မှာစတာပါ။ တကယ်ဆို လူတွေက တစ်ယောက်ချင်း အတန်းလိုက်စီနေတာပါ ။ တစ်ယောက်ပြီးတစ်ယောက် တလှည့်စီဝင်သွားရင်ဒီလောက်ပြဿနာမကြီးနိုင်ပါဘူး။ စာရွက်ပေးဆိုတာနဲ့ လူတွေကလည်းဝုန်းဆို အနားရောက်သွားပြီးဝိုင်းပေးကြတာပေါ၊ အရင်ရောက်တဲ့သူတွေကနောက်ရောက်လိုရောက် နောက်ကလူတွေရှေ့တက်နဲ့ ရှုပ်ရှက်ကိုခတ်ကုန်တော့တာပါပဲ။ ၁နာရီလောက်ကြာတော့ စာရွက်ထပ်တာ ပြီးသွားတွေ့ Q နံပါတ်ပေးဖို့ နံမည်စခေါ်ပါတယ်။ ခေါ်ရင်းခေါ်ရင်းနဲ့ နေ့ ခင်းရောက်သွားတော့ နံပါတ် က ၅၀၀ ကျော်သွားတယ်။
  အဲ့ဒီချိန်မှာအော်တယ် အခု ၅၀၀ ကျော်က စပြီးခေါ်တဲ့နံပါတ်တွေကို နောက်နေ့မှပြန်လာခဲ့တဲ့
  တောင်းပန်ခြင်းအာမခံချက်ပေးပြီး  အကျိုးကြောင်းရှင်းပြခြင်းမရှိဘဲပြန်ခိုင်းတော့ လူတွေက ဒေါသထွက်ကုန်တယ် ။ငါတို့ ဒီလာတာ အားလို့လာတာမဟုတ်ဘူး
  ခွင့်ယူရတယ် မလွယ်ဘူး ဘာညာပြောတော့ ပြင်းပြင်းထန်ထန်ပြောတဲ့ လူတွေကို ရှေ့တက်လာခဲ့ဆိုပြီး ၀န်ထမ်းက စိန်ခေါ်တယ်(ကြားပဲကြားရတာပါ။ လူအုပ်နဲ့ ဘယ်ဝန်ထမ်းဆိုတာကျွန်မမမြင်ရပါဘူး ။ တကယ်တက်သွားပြီးထိန်းမရတော့မှန်းသိမှ ငြိမ်သွားတယ် ။)  ။ လူတွေက နင်တို့ လည်းမ ပြန်နဲ့ ငါတို့လည်းစောင့်မယ်ဆိုပြီးစောင့်ကြတယ်။
  အဲ့ဒီမှာ ပထမဆုံးအဆင့်က လိုအပ်တဲ့ စာရွက်စာတမ်းစစ်ဆေးခြင်း။အဲ့ အဆင့် က စာရွက် ၃ ရွက် ပါမပါစစ်တာ။  အနည်းဆုံး တစ်ယောက်ကို ၂ မိနစ်ကြာရင် လူ ၁၀၀၀ ကိုစဉ်းစားကြည့် ။ပြီးတော့ လုပ်ငန်းစဉ်တိုင်းကို တဆင့်ပြီးတဆင့် အဆင်ပြေအောင် စီစဉ်ထားခြင်းမရှိဘူး ။  တစ်ခါပြီးတိုင်း နောက်တဆင့်အတွက် အစကပြန်တန်းစီရတယ်။
အဲ့ အဆင့်ပြီးရင် အခွန်တွက်ချက်ခြင်း  အခွန်ပေးဆောင်ခြင်း  ပတ်စ်ပို့ သက်တမ်းတိုးဖို့ ဓါတ်ပုံရိုက်ခြင်း ဆိုတဲ့ အဆင့်တွေကို အဆင့်တိုင်းအဆင့်တိုင်း တန်းစီပြီးလုပ်ဆောင်ရတယ်။
ထိုင်စရာ အလုံအလောက် နားခိုးရာအလုံအလောက်မရှိလို့ လမ်းပေါ်မှာထိုင်ခဲ့ရတယ်
အသက်ကြီးတဲ့ လူကြီးတွေအပေါ်ဦးစားပေးခြင်းဆိုတာလုံးလုံးမတွေ့ရဘူး။  ဒါပေမယ့် သူတို့ လုပ်ပေးနေတာပဲဆိုပြီးဘယ်သူမှ စောဒကမတက်ဘူး။ အဖိုးကြီးအဖွားကြီးတွေစောင့်ရှာတယ်။
နောက်တနေ့ မနက် ၄ နာရီမှာ အဖိုးကြီး အဖွားကြီးလင်မယား အလှည့်ရောက်တယ်
အဲ့ဒါနဲ့ အဲ့ဒီဝန်ထမ်းက ဘာပြောလဲဆိုတော့ အဖိုးကြီးအဖွားကြီးကို သက်တမ်းမတိုးပေးနိုင်ဘူးတဲ့  ဘာလို့လဲဆိုတော့ သူတို့ သမီးက အခွန်မကြေလို့တဲ့။ ဒါနဲ့ သူတို့ကပြန်ပြောတယ်
မင်းတို့ အခွန်ဆောင်လို့ ငါ့ သမီးကပတ်စ်ပို့ကိုင်ထားတာ သူ့ပတ်စ်ပို့ကလည်းသက်တမ်းရှိတယ်
 သူအဲ့သက်တမ်းကုန်ရင်လည်း မဆောင်မနေရ ဆောင်ရမှာ။  ဒါဥပဒေနဲ့ညီတယ်ဆိုတာကို ခင်ဗျားချင်းကိုထပ်နေတာပဲဝန်ထမ်းကပြန်ပြောတာ။ အဖွားကြီးအဖိုးကြီးလည်း မင်း ငါတို့ကို ခင်ဗျားချင်းထပ်နေအောင်ပြောစရာမလိုဘူး မင်း အဖေအရွယ်လောက်ရှိတယ်ဆို ပြီး ဒေါသထွက်ကြပြီး အော်တာ ဟစ်တာတွေဖြစ်ကုန်တယ်။ သူကတော့မခိုးမခန့်နဲ့ တခြားဘယ်ဝန်ထမ်းကမှလည်း စိတ်ဝင်စားဟန်မပြပါဘူး ပြည်သူတွေပဲမခံနိုင်လို့ဝိုင်းပြောပေမယ့်မရပါဘူး ။ကျွန်မ က ကင်မရာနဲ့သွားရိုက်တော့ ကျွန်မ ဆီက ကင်မရာတောင်းတယ်။ကျွန်မလည်း ဘာလို့ပေးရမှာလဲ ငါ ဘာဥပဒေမှမဖောက်ထားဘူး နင်တို့ က မဟုတ်တာလုပ်တော့ ဘယ် အရိုက်ခံနိုင်မလဲလို့ ပြန်အော်လိုက်တယ် ။ အဲ့ဝန်ထမ်းကို ဓါတ်ပုံရိုက်တဲ့သူက ရိုက်နေတာ့ အထဲဝင်သွားရော။ ကျွန်မ ကင်မရာမှာတော့ သူ့ပုံပါမလာဘူး။ သူငယ်ချင်း ဆီမှာပါမယ်ထင်တယ်။   ကျွန်မတို့ မနက် ၆ နာရီမှ ပြန်ရတယ် ။တချို့တွေဆို နောက်နေ့ ၁၂ နာရီမှ။  နေ့ခင်းလောက်ကလည်း ကျွန်မ အရာရှိနဲ့သွားညှိတယ်
စာရွက်စာတမ်းစစ်ဆေးတဲ့ အဆင့်ကို စေတနာ့ဝန်ထမ်းစုပေးမယ် ။ အရာရှိတယောက် ကြည်းကြပ်မလားလို့ပြောတယ်။မြန်သွားအောင်လို့။  လက်မခံပါဘူး။ အဖြစ်ကတော့အဲ့ဒါပဲ ။
အစောကြီးကတည်းက လူတွေကို ပြေပြေလည်လည်ရှင်းပြ တောင်းပန်သင့်တောင်းပန် ညှိနှိုင်းသင့်ညှိနှိုင်းလုပ်ခဲ့မယ် ဆို ဒီလို အဖြစ်မျိုးတွေမဖြစ်ပါဘူး။ နောက်ဆုံး သတင်း ကတော့ ကျွန်မ တို့ ပတ်စ်ပို့တွေ ကို ၂၄ ရက်နေ့ ညနေ ၅း၃၀ ချိန်းပေမယ့် ၆း၃၀ မှ စပြီးနံမည်ခေါ်ခဲ့ပြီး ၂၅ ရက်နေ့ မနက် ၈ နာရီကျမှ ပတ်စ်ပို့ လက်ထဲရောက်ပါတယ်။

 နိုင်ငံတကာမှာ Senior Citizen ဆိုတာကို ဦးစားပေးတယ်။အခုတော့ မိုက်ရိုင်းချက်က ကမ်းကုန်တယ်
 တကယ်ဆို အဖိုးကြီးအဖွားကြီးတွေပါတာမြင်ကတည်းက တာဝန်ရှိသူတစ်ယောက်က လာခေါ်သွားပြီး  VIP Facility လုပ်ပေးရမှာ။  အခုတော့ စဉ်းစားကြည့်။ တကယ်ပဲ Rule ဖြစ်ခဲ့ရင်တောင် အပြေလည်ဆုံးနည်းလမ်းတစ်ခုကိုစဉ်းစားပေးသင့်တာ။
သံရုံးက ပြည်သူနဲ့ ပြဿနာဖြစ်မှ မဖြစ်မနေလုပ်ပေးတာကလွဲပြီးဘာတာဝန်ယူမှုမှမရှိဘူးဆိုတာကို ထင်ရှားပါတယ်။ ပြည်သူအပေါ်မှာလေးစားခြင်း မရှိသလို အရာရှိတွေအနေနဲ့ PROBLEM SOLVING ပြဿနာ ဖြေရှင်းတဲ့ အရည်အချင်း အရလည်း လုံးဝကို ဟိုးအောက်ဆုံးမှာပါ။ အစကတည်းကသာ လူတွေကို စနစ်ချို့ယွင်းတဲ့ အကြောင်းအကြေအလည် ယဉ်ယဉ်ကျေးကျေးပြောပြမယ် တခြားလက်ခံနိုင်တဲ့ အဖြေတစ်ခုခု ပေးဖို့ကြိုးစားမယ် (ဥပမာ သက်ကြီးရွယ်အိုနဲ့ တခြား မလုပ်မဖြစ်လူတွေကို အရင်ဦးစားပေးပြီး အလျင်မလိုတဲ့သူတွေကိုလည်း နောက်ထပ် အလုပ်အကိုင်မပျက်ရအောင် စနေ တနင်ဂနွေမှာ အစားထိုးလုပ်ပေးသွားမယ်ဆိုတာမျိုးသာကြေငြာခဲ့ရင် သူတို့လည်း ဒီလောက်မပင်ပန်းသလို လူထုလည်း ဒီလောက်ဒုက္ခမရောက်ဘူးဆိုတာ သေချာပါတယ်။ ၂၄ ရက်နေ့လာတဲ့သူတွေကိုတော့ တနင်ဂနွေချိန်းတယ်လို့ကြားပါတယ်။

အချုပ်အနေနဲ့သုံးသပ်ရင် ၀န်ထမ်းအပါ ၀င်သံရုံးအကြီးအကဲမှာပါ ပြည်သူအပေါ်တကယ်ပဲ စဉ်းစားပေးတတ်တဲ့ စေတနာရှိပါရဲ့လား။ တကယ်လို့စဉ်းစားပေးတဲ့စေတနာရှိတယ်လို့ ပြန်ငြင်းခုန်မယ်ဆို ကျွန်မတို့နိုင်ငံရဲ့ ၀န်ထမ်းတွေ အရည်အချင်း ဟာ ရင်လေးဖွယ်သံသယရှိစရာပါ။ ဘယ်မှာလဲ ယဉ်ကျေးမှုဆိုတာကရော။ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်စ်ကားစီးရင်တောင် လူကြီးတစ်ယောက်တက် လာရင် လာအမေထိုင် အဘ ထိုင်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိနေသေးတယ်ဆိုတာကိုပါ။ ဒါတွေကို သံရုံးဝန်ထမ်းတွေမှာဘာလို့မတွေ့ရတာလဲ။ ပြည်သူတွေထဲကတော့ နီးစပ်ရာ အဘိုးအဘွား နဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လက်လှမ်းမှီသလောက်ကူညီနေတာ တွေ့ရလို့ဝမ်းသာစရာပါ။

ဒီစာကို ဖတ်မိတဲ့ မီဒီယာသမားများ အရာရှိအရာခံများ ဒီလို ဌာနမျိုးကို ဘယ်လို ကိုင်တွယ်သင့်လဲ ဘယ်လို အရေးယူသင့်လဲဆိုတာကို ၀ိုင်းဝန်းဆုံးဖြတ်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်ရှင်။
စာကြွင်း ။ ။ အွန်လိုင်းစနစ်ကိုသုံးရင် လိုက်နာရမယ့် အချက်တွေကို သံရုံးကဖော်ပြထားတာနဲ့ တွဲထားတဲ့ ဓါတ်ပုံတစ်ပုံကို ပါတင်ပေးလိုက်ပါတယ်။ အွန်လိုင်းက ရတာပါ။ လိုက်နာကျင့်သုံးရမယ့် အချက်ဆိုတာ တွေဟာ တကယ်ပဲ တရားမျှတမှန်ကန်မှုရှိမရှိဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့ရှင်။ ကျွန်မနားလည်သလောက် အဲ့ဒီလိုက်နာရမယ့် အချက်တွေဆိုတာကို အကျဉ်းချုံးဘာသာပြန်ရင် ကျွန်မတို့ကို သံရုံးဝန်ထမ်းဘာလုပ်လုပ် ခံပါ့မည် ဟူသောစာကို  လက်မှတ်ထိုးခိုင်းခြင်းဟုသာမြင်မိပါတော့တယ်။

  Ei Chaw San (facebook)

Unknown at 2:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုံနှိပ်မီဒီယာ နည်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၂၆
 ပြန်ကြားရေးဝန်ကြီးဌာန နှငInternational Media Support (IMS)တို့ ပူးပေါင်း၍ မြန် မာ့ပုံနှိပ်မီဒီယာများ နည်းဥပဒေ နှင့် ပတ်သက်၍Print Media Regula tion in Myanmar  ဟူ သော ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ဧပြီလ ၂၅ ရက် နေ့က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ကျင်းပခဲ့သည်။  
 ဆွေးနွေးပွဲကို နံနက် ၉ နာရီ တွင် စတင်ခဲ့ပြီး ပြန်ကြားရေးဝန် ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ဦးရဲထွဋ်က အဖွင့်အမှာစ ကား ပြောကြားခဲ့သည်။IMSမှ တာဝန်ရှိ သူMr. Ranga Kalasooriya  လည်း အမှာစကား ပြောခဲ့ပြီး ပြည်ပ ပညာရှင် မစ္စတာ တိုဘီမန်ဒယ် နှင့် ပြည်တွင်းပညာရှင်   ဒေါက်တာ ကျော်ဇောနိုင်တို့က ဦးဆောင်၍ Key International Standards and Main Issues for Myanmar ဟူသော ခေါင်းစဉ်ဖြင့် မြန်မာ့မီဒီ ယာလောက၏ လက်ရှိအခြေအနေ များကို သုံးသပ်ဆွေးနွေးခဲ့သည်။ ထို့ နောက် နိုင်ငံတကာတွင် ကျင့်သုံး လျက်ရှိကြသော စံပြုပုံစံများဖြစ် သော self-regulation, co-regulation   နှင့်statutory regulation တို့အကြောင်းကို မစ္စတာတိုဘီ မန် ဒယ်က ဟောပြောခဲ့ပြီးမည်သည့် စံပြု ပုံစံသည် မြန်မာ့ပုံနှိပ်မီဒီယာလော ကနှင့် လိုက်လျောညီထွေဖြစ် မည် ကို ဆွေးနွေးပွဲတက်ရောက်လာသူ များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ညနေပိုင်း ဆွေးနွေးပွဲတွင် မကြာမီ ဖွဲ့စည်းဖွယ်ရှိသော စာ နယ်ဇင်းကောင်စီနှင့် ပတ်သက် ပြီး  မစ္စတာ တိုဘီမန်ဒယ်က သုံးသပ် ဆွေးနွေးခဲ့သည်။ ထို့နောက် စာနယ် ဇင်းကောင်စီကို မည်ကဲ့သို့ ဖွဲ့စည်း သင့်ကြောင်း၊ မည်သည့်အလွှာမှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါရှိသင့် ကြောင်း၊ စာနယ်ဇင်းကောင်စီ အဖွဲ့ ဝင်တစ်ဦးဖြစ်ရန် လိုအပ်သော အရည်အချင်းများ၊ စာနယ်ဇင်း ကောင်စီ၏ ရပ်တည်ချက် (မီဒီယာ လောကကို ချုပ်နှောင်ြ ခင်း  သို့ မဟုတ် ကာကွယ်ခြင်း) စသည့် အကြောင်းအချက်တို့ကို တက် ရောက်လာသူများက ဆွေးနွေးခဲ့ကြ သည်။အခြားနိုင်ငံများတွင် ကျင့်သုံး နေကြသော ကျင့်ဝတ် စည်းကမ်း များနှင့် ပတ်သက်၍လည်း မစ္စတာ တိုဘီမန်ဒယ်က ၄င်း၏ အတွေ့ အကြုံနှင့် ယှဉ်၍ ဟောပြောခဲ့သည်။ ဆွေးနွေးပွဲ၏ နောက်ဆုံး အပိုင်းအနေဖြင့် သတင်းရ င်းမြစ် များနှင့် ပတ်သက်၍ အသိအမှတ်ပြု စောင့်ထိန်းကာကွယ်ခြင်း၊ သတင်း မီဒီယာများ မှတ်ပုံတင်ခြင်းနှင့် ကွဲ ပြားခြားနားသော သတင်းမီဒီယာ များအကြောင်းတို့ ကို ဆွေးနွေးခဲ့ ပြီး ညနေ ၅ နာရီတွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန် ကြီးဌာနမှ တာဝန်ရှိသူများ၊IMSမှ ပညာရှင်များ၊ ပြည်တွင်းပြည် ပ မှ ဖိတ်ကြားထားသော ပညာရှင် များနှင့် ပြည်တွင်းမီဒီယာများမှ ဖိတ် ကြားခံ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။
ကျော်ရဲလင်း  
Unknown at 2:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆိုင်ကယ်စီးကျွမ်းကျင်သော ဆိုင်ကယ်နှင့် အပိုပစ္စည်းခိုးသူကို မန်းလူထုကဆိုင်ကယ်များဖြင့် ပိတ်ဆို့ဖမ်းဆီး

မန္တလေးမြို့တွင် အင်တာနက်ဆိုင်များကို အဓိကပစ်မှတ်ထား၍ ဆိုင်ကယ်နှင့်အပိုပစ္စည်းများ၊ ဆိုင်ကယ်စီးဦးထုပ်များကို ဂိုဏ်းဖွဲ့ခိုးယူသူများအနက်မှ တစ်ဦးဟုယူဆရသူကို ယနေ့ နေ့လည် ၁ နာရီခန့်က မြို့ခံများက၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။

၆၉ လမ်းနှင့် ၃၂ လမ်း ထောင့်ရှိ  24 Hour အင်တာနက်ဆိုင်ရှေ့တွင်ရပ်နားထားသည့် ဆိုင်ကယ်တစ်စီးမှ ဦးထုပ်ခိုးယူနေသည်ကို ဆိုင်ပိုင်ရှင်က CCTV မှတွေ့ရှိပြီး ဆိုင်ပြင်ထွက်ဖမ်းဆီးရန်ကြိုးပမ်းစဉ် ခိုးယူသူမှာ ဆိုင်ကယ်ကို တရကြမ်းမောင်းနှင်ထွက်ပြေးသွားခဲ့သည်။

“သူခိုးက ဆိုင်ရှေ့ရောက်လာပြီး (သူ့)ဆိုင်ကယ်စက်နှိုးထားလျက်နဲ့ ဆင်းပြီးတော့ မယောင်မလည်နဲ့ ဦးထုပ်ချိတ်ထားတဲ့ ဆိုင်ကယ်နားကပ်သွားပြီးတော့ ဆိုင်ကယ်ဦးထုပ်ကိုယူပြီး ဆိုင်ကယ်ကိုမောင်းပြီးထွက်ပြေး သွားတယ်”ဟု အင်တာနက်ဆိုင်ပိုင်ရှင် ဦးမြတ်မင်းကပြောသည်။

ဆိုင်ပိုင်ရှင်က ဘေးပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းသောကြောင့် အနီးအနားရှိလူများက ဆိုင်ကယ်များ၊ ကားများဖြင့် လိုက်လံဖမ်းဆီးရာ ခိုးယူသွားသူမှာ အတော်ကြာသည်အထိ မန္တလေးမြို့တွင်းလမ်းများတွင် နိုင်ငံခြားရုပ်ရှင်ဆန်ဆန် ရှောင်တိမ်းမောင်းနှင်နိုင်ခဲ့သော်လည်း မန္တလေးဆေးတက္ကသိုနှင့် လမ်း ၃၀ ထောင့်အရောက်တွင် ဆိုင်ကယ်အစီး ၂၀ ခန့်ဖြင့် ၀ိုင်းဝန်းပိတ်ဆို့ဖမ်းမိခဲ့သည်။

“သူခိုးက မန္တလေးမြို့လမ်းတွေကို ကျွမ်းကျွမ်းကျင်ကျင်ရှိပုံရတယ်။ တာဝန်သိပြည်သူတွေက ၀ိုင်းပြီးပိတ်ဖမ်း လို့သာမိတာ။ နို့မို့ရင်မိဖို့မလွယ်ဘူး” ဟု လိုက်လံဖမ်းဆီးပေးသည့် မြို့ခံတစ်ဦးကပြောသည်။

 
ရဲတပ်ဖွဲ့နယ်ထိန်းများက ခိုးသူအား ဖမ်းဆီးခေါ်ဆောင်သွားစဉ်

ဖမ်းဆီးရမိချိန်တွင် ၎င်း၏ဆိုင်ကယ်ပေါ်တွင် အခြားမှခိုးယူခဲ့သည်ဟု ယူဆရသော အကောင်းစား အဖြူရောင်ဆင်တူ ဆိုင်ကယ်ဦးထုပ်နှစ်လုံးကိုတွေ့ရှိခဲ့သည်။

“ဖမ်းမိတဲ့ သူခိုးစီးလာတဲ့ဆိုင်ကယ်က ပုံဖျက်ထားတာ။ ဆိုင်ကယ်နံပါတ်တွေကိုမှားအောင် အက္ခရာတွေကို တိတ်နဲ့ဖုံးထားတယ်။အဲဒီတော့ ခိုးတဲ့လူရဲ့ ဆိုင်ကယ်ကို နံပါတ်မှတ်မိရင်တောင် ဖမ်းမိဖို့မလွယ်ဘူး။ ပြီးတော့ အခြားနံပါတ်တွေကိုပါ ဖုံးဖို့ တိတ်ကအဆင်သင့် ပါလာတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စခန်းမှူးတစ်ဦးကပြောသည်။

ခိုးယူသူအများစုမှာ ခိုးယူရန်လွယ်ကူလျှင် ဆိုင်ကယ်များခိုးယူပြီး မလွယ်ကူပါက ဆိုင်ကယ်အပိုပစ္စည်းနှင့် ဦးထုပ်များခိုးယူလေ့ရှိကြောင်း ၎င်းစခန်းမှူးက ရှင်းပြသည်။ ယခုခိုးယူစီးနင်းလာသောဆိုင်ကယ်ကိုလည်း ၎င်းဆိုင်ကယ်ဟုတ်မဟုတ် က.ည.န တွင် စစ်ဆေးသွားမည်ဟုဆိုသည်။

မန္တလေးရှိဆိုင်ကယ်နှင့် အပိုပစ္စည်းများကို ခိုးယူသူများသည် လုံခြုံရေးကင်မရာအားနည်းသည့် အင်တာနက် ဆိုင်များ၊ ဂိမ်းဆိုင်များကို အဓိကပစ်မှတ်ထား၍ ခိုးယူလျှက်ရှိကြောင်းနှင့် ဆိုင်ကယ်နှင့်အပိုပစ္စည်းများပျောက်ဆုံးမှု အများစုသည်  အင်တာနက်ဆိုင်ရှေ့များတွင် ရပ်နားထားရာမှ ပျောက်ဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိများကပြောသည်။

ယခုလအတွင်း မန္တလေးမြို့ပေါ်ရှိ အင်တာနက်ဆိုင်များရှေ့တွင်ရပ်ထားသော ဆိုက်ကယ်ပျောက်မှု ငါးမှုခန့်တိုင်တန်းထားသော်လည်း ဆိုက်ကယ်အပိုပစ္စည်းနှင့် ဦးထုပ်များမှာ ကျပ်သောင်းဂဏန်းသာရှိသောကြောင့် အများစုကအမှုမဖွင့်ကြပေ။ ထို့ကြောင့် ခိုးယူသူများမှာ ပိုမိုအတင့်ရဲလာပြီး အုပ်စုဖွဲ့ကာ ရဲရဲတင်းတင်းခိုးယူလာခြင်းဖြစ်ကြောင်း ရဲအရာရှိများက မှတ်ချက်ပြုသည်။
 ယခုဖြစ်စဉ်မတိုင်မီလေးရက်ကလည်း ယခုအခင်းဖြစ်ပွားရာ အင်တာနက်ဆိုင်ရှေ့တွင် ရပ်နားထားသော ဆိုင်ကလုန်း အမျိုးအစား ဆိုင်ကယ်တစ်စီးပျောက်ဆုံးခဲ့ခြင်းကြောင့် ဆိုင်ပိုင်ရှင်များအနေဖြင့် ပိုမိုအားကောင်းသော လုံခြုံရေးကင်မရာ CCTV ကို တပ်ဆင်၍ ခိုးယူသူအား ဖမ်းဆီးရန်စောင့်ဆိုင်းချိန်တွင် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖမ်းဆီးရရှိသော ခိုးသူ၏ အပေါင်းအပါ လုပ်ဖော်ကိုင်ဖက်စသည့် အခြားဆိုင်ကယ်ခိုးမှုများနှင့် ဆက်စပ်သော ကွင်းဆက်များကို ဖော်ထုတ်နိုင်ရန်အတွက် မန္တလေးခရိုင် အမှတ်(၃)ရဲစခန်းတွင် စစ်ဆေးလျှက်ရှိသည်။

ယခင်နှစ်အတွင်း အင်တာနက်ဆိုင်များနှင့် ဂိမ်းဆိုင်များတွင် ဆိုင်ကယ်ပျောက်ရှမှု များပြားခဲ့ခြင်းကြောင့် ယခုနှစ်ဆန်းပိုင်း မှုခင်းကျဆင်းရေးပညာပေးကာလအတွင်း မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့အသီးသီးကအဆိုပါဆိုင်များကို အဓိကထား၍ ပညာပေး လက်ကမ်းစာစောင်ဝေငှခဲ့သည်ဟုဆိုသည်။           ။
  Yangon Press International
Unknown at 2:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အန်တီစုသို့အိပ်ဖွင့်ပေးစာ-(ပေးစာ-၁၂)

အန်တီစု
          ကျွန်တော် အပါအ၀င် ပြည်သူအားလုံးက အန်တီစုကိုယုံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ် ဆိုလို့ ပုံအောပြီး မဲပေးလိုက်ကြတာ၊ အပြတ်အသတ် အနိုင်ရခဲ့တယ် မဟုတ်လား? အခု အန်တီစုက လွှတ်တော် မတက်ဘူး ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လိုပြင်မလဲ? ကျွန်တော်တို့ မျှော်မှန်း ချက်က အန်တီစုက လွှတ်တော်မှာ အတိုက်အခံ အနေနဲ့လုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မာ တစ်ပြည်လုံး ချိတ်ဆက်ထားတဲ့ လူမှုရေးကွန်ယက်၊ ကျန်းမာရေးကွန်ယက်၊ ပညာရေးကွန်ယက်၊ လူငယ် ကွန်ယက်၊ ပရဟိတအသင်း ကွန်ယက်၊ ယခုအသစ်ဖွဲ့ထားတဲ့ တက္ကသိုလ်၊ ကောလိပ် သမဂ္ဂများ ကွန်ယက်၊ စတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ လွှတ်တော် ပြင်ပကနေပြီး ၀ိုင်းဝန်းတောင်းဆိုရင် အစိုးရအနေနဲ့ ခွင့်မပြုစရာ မရှိနိုင်တော့ဘူး၊ “လူညီရင် ဤတောင် ကျွဲဖတ်လို့ရတယ်” ဆိုတဲ့ စကားကို ကျွန်တော်တို့ ကြားဘူးခဲ့တယ်။ တူရကီ၊ အီဂျစ်၊ ဆီရီးယားတို့မှာလည်း ဒီလိုပဲ စခဲ့တာပဲလေ။ ယခု အန်တီစုက “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ်”လို့ ကျမ်းကျိန်ရမဲ့စကားကို မရွတ်ချင်လို့ လွှတ်တော် မတက်တာတော့ မဟုတ်ဘူးလို့ ထင်တယ်။ အန်တီစုမှာ တခြား ရည်ရွယ်ချက်တွေ၊ ကျွန်တော်တို့ လိုက်မမှီနိုင်တဲ့ အတွေးအခေါ် အယူအဆတွေ ရှိလိမ့်မယ်လို့ ယုံကြည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အန်တီစုကို ကျွန်တော်တို့က ထောက်ခံပြီးသားပဲ။ ကျွန်တော်တို့ အတွက် အရေးကြီးဆုံး မျှော်လင့်ချက် တစ်ခုကတော့ အန်တီစုနဲ့ အန်တီစုပါတီ လွှတ်တော်ထဲ ရောက်လာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ပြင်လိမ့်မယ်၊ အနောက်အုပ်စုက ပိတ်ဆို့ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်းမှ ကျွန်တော်တို့နိုင်ငံကို ရင်းနှီးမြုပ်နှံမှုတွေ လုပ်ရင် နည်းပညာ ဗဟုသုတတွေ ရမယ်။ အလုပ်အကိုင် အဆင်မပြေသူတွေ အလုပ်အကိုင်တွေ ရမယ်။ ထုတ်ကုန်တွေ ပြည်ပပို့နိုင်မယ်။ ခရီးသွားလုပ်ငန်းတွေ အဆင်ပြေလာရင် လူတွေအလုပ်အကိုင်အဆင်ပြေ လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ တသီကြီး မှန်းဆပြီး အန်တီစုကို မဲပေးခဲ့ကြတာပါ။

          ယခု အန်တီစုက အင်္ဂလန်ဝန်ကြီးချုပ်နဲ့ တွေ့တော့ EU အနေနဲ့ စီးပွားရေး ပိတ်ဆို့တာ အပြီး မရုတ်သိမ်းနဲ့ဦး၊ ဆိုင်းငံ့အစီအစဉ်ပဲလုပ်ပါဦး ဆိုတော့ ကျွန်တော်တို့ မသိနိုင်တဲ့ ၀ှက်ဖဲ အန်တီစု ကိုင်ထား တာလို့ ထင်မိတယ်။ တစ်ချပ်မှောက်ဖဲ ကစားတော့ မှောက်ထားတဲ့ဖဲက ဘယ်သူမှ မသိအောင် မှင်သေသေ ကိုင်ထားပြီး ဟောက်ထုတ်ပစ်ဖို့၊ တခြားသူတွေ အလိုလိုရှိန်ပြီး တော်ပြီဆိုပြီး ရပ်သွားအောင် ရှစ်နှစ်လုံးပူးနဲ့ တစ်ဆယ်နှစ်လုံးပူးကို စားနိုင်အောင် လုပ်နေတာ ဖြစ်မယ်လို့ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ အန်တီစုရယ်၊ စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းစေချင်လို့ အန်တီစုကို မဲဝိုင်းထည့်ကြတာ၊ စီးပွားရေး ပိတ်ဆို့မှုကို မရုတ် သိမ်းခိုင်းဘဲ ဒါနဲ့ ခြောက်စားရင်တော့ အန်တီစုကို ၀ိုင်းမဲပေးကြတဲ့ ပြည်သူတွေအပေါ် အန်တီစု တာဝန် ကျေပါ့မလား? အန်တီစုအနေနဲ့ ငါ ဒီကိစ္စဖြစ်အောင် လုပ်ခဲ့ပြီဆိုတဲ့ လက်မထောင် ရင်ကော့ ပြောနိုင်တဲ့ အနေအထား ဖြစ်နိုင်ပါ့မလားလို့ စိတ်ပူမိတယ် အန်တီစုရယ်။ ကျွန်တော်တို့ရဲ့  အဓိက မျှော်လင့် ချက်ဖြစ်တဲ့ စီးပွားရေး ပြန်ကောင်းလာအောင်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် လာအောင် လွှတ်တော်ထဲက တဆင့် အန်တီစုမလုပ်ရင် ၊ လွှတ်တော် ပြင်ပကနေပြီး လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ အသင့်ပါပဲ။
          ကျွန်တော်တို့ ကွန်ယက်တွေ အားလုံး ချိတ်ဆက်ပြီးသားပါ။ အန်တီစုက မီးစိမ်းပြပြီဆိုရင် ကျွန်တော်တို့ ကွန်ယက်တွေ အားလုံး လမ်းပေါ်ထွက် ဆန္ဒပြလိုက်ရင် အန်တီစု ဖြစ်စေချင်တာ အစိုးရက လိုက်လျောလာပါလိမ့်မယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာဆိုရင် အစိုးသစ်တက်ပြီး (၃) နှစ်လောက်ကြာရင် အတိုက်အခံပါတီက အမြဲတမ်း နိုင်ငံလုံးကျွတ် ဆန္ဒပြတယ် ဆိုပြီး အငှားသုံးဘီးကားနဲ့ ဆိုက်ကားတောင် လမ်းပေါ် ပေးမထွက်ဘဲ အစိုးရယန္တယားရပ်သွားအောင် လုပ်တာ နမူနာ ရှိနေတာပဲ။ ဒါပေမဲ့ လက်လုပ် လက်စားတွေ ၊ နေ့စား သမားတွေ ခဏတော့ ဒုက္ခရောက်ကြတာ အမှန်ပါပဲ၊  ကျွန်တော် တို့ ကွန်ယက် အဖွဲ့အစည်းတွေ ၇၀% လောက် တည်ဆောက်ပြီးပြီး ဆိုတော့ အန်တီစုရဲ့ တစ်ပြည်လုံး ဆန္ဒပြကြရအောင် ဆိုတဲ့ မျက်စပစ်လိုက်တာ၊ ခေါင်းတစ်ချက် ညိတ်လိုက်တာကို ကျွန်တော်တို့ စောင့်ကြည့် နေတာပါ။ အန်တီစုကို မဲပေးလိုက်တဲ့ လူတွေကိုယုံပါ။ အန်တီစုကို မဲပေးလိုက်တဲ့ ဆန္ဒတွေ ပြည့်ဝအောင် အန်တီစု ဘာတွေ လုပ်လိမ့်မယ်ဆိုတာ စောင့်ကြည့်ရင်းနဲ့  အန်တီစုကို ၀ိုင်းပို့ပေးဖို့ အဆင်သင့်ပါ ဆိုတာ သိအောင် ကျွန်တော်တို့ ဆန္ဒ ဖော်ပြ လိုက်ရပါတယ်။
                                                                                        အန်တီစုကိုယုံတဲ့
         
မျိုးဆက်သစ်ကျောင်းသားများအဖွဲ့
          26-4-2012
သဘာဝမြေ
Unknown at 2:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကာကွယ်စောင့်ရှောက် နဲ့ လေးစားလိုက်နာ



ဦးဖိုးသာအောင်
၂၄။၎။၂၀၁၂

တကယ်တော့ မြန်မာ့နိုင်ငံရေးမှာ ကလေးကွက်တွေနဲ့ ရွှေ့ကစားနေကြတယ်၊ ပြီးတော့ ကလေးစကားတွေပြောပြီး သတင်းလုပ် သတင်းလွှင့်နေကြတယ်၊ ရိုးသားဖြူစင်သူတွေက ရှင်းရှင်းနဲ့ မှန်မှန်ပြောတယ်၊ မရိုးသား မဖြူစင်သူတွေက ရှုတ်အောင်လုပ်ပြီး မှန်တာမပြောဘူး၊ အဲဒါအကျင့်ကြီး တခုလိုဖြစ်နေပြီး နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ အလုပ်တို့ ဘာတို့ ဆိုပြီး နိုင်ငံရေး ကလိန်ခြုံတွေက ဝါဒဖြန့်ကြတယ်၊ တကယ်တော့ နိုင်ငံရေးဟာ နိုင်ငံရေးပါပဲ၊ မွန်မြတ်တဲ့ အများအကျိုးကို ဆောင်ရွက်တဲ့ ကိစ္စပါ။


နိုင်ငံရေးသမားဆိုတာ ရှေ့မှာ ဘာဖြစ်မယ်လို့ ကြိုတင်ပြီးပြောနိုင်တယ်တဲ့၊ အကယ်၍ ဖြစ်မလာဘူးဆိုရင်လည်း ဘာကြောင့်ဖြစ်မလာဘူးဆိုတာကို ပြောဖို့ သူ့မှာ အဆင်သင့်ရှိနေတယ်လို့ ပြောခဲ့ကြတဲ့ ဝင်စတန် ချာချီတို့ခေတ်လည်း မဟုတ်တော့ပါ၊ လှည်းခေတ် လှေခေတ်လည်း မဟုတ်တော့ပါဘူး၊ အာတိတ်နဲ့ အန္တာတိတ်ကို စက္ကန့်ပိုင်းမှာ အရောက်ပို့နိုင်တဲ့ ခေတ်လည်းဖြစ်နေပါပြီ၊ အဲဒီတော့ ခေတ်ကိုလည်း ပြန်ကြည့်ပြီး ပြောကြဆိုကြဖို့ လိုနေပါပြီ။ 




လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေသည် ရိုးရှင်းပါသည်၊ သို့သော် ရှင်းနေလျှင် သိသာမြင်သာသည်၊ ရှုတ်နေမှ မသိသာ မမြင်သာဖြစ်မည်၊ ဒါကြောင့် ပြည်သူတွေ မသိသာ မမြင်သာအောင် ပြုလုပ်နေသူ လူတစ်စု ရှိနေသည်၊

ထိုသူတွေသည် အပြောင်းအလဲ အတိုးအတက်ကို မလိုလားသူများသာ ဖြစ်ကြသည်၊ ထိုသူများသည် ရှေးရိုးစွဲ ဝဲ ယာ ဝါဒီများပင်ဖြစ်သည်၊ ဖွံ့ဖြိုးလာသည့် ကမ္ဘာတွင် မဖွံ့ဖြိုးနိုင်တော့ဘဲ လောင်ပုတ်တက်သွားသည့် နေလောင်သီးများအဖြစ် ကြွေကျရတော့မည်၊ သို့သော် မြန်မာပြည်တွင် ရှိနေဆဲ ဖြစ်သည်။

တိုးတက်ပြောင်းလဲမှု့ကို လိုလားသည့် အသိုင်းအဝိုင်းသည် အိုင်တီနည်းပညာနှင့်အတူ ကမ္ဘာကြီးကို အမှန်မြင်အောင်ကြည့်ပြီး လှုပ်ရှားနေကြပါသည်။ မိမိတို့လိုလားသည့် ဒီမိုကရေစီ စနစ်ကိုလည်း ကမ္ဘာနှင့် တန်းတူ ရှင်သန်သည့်လူထုနှင့် တကွ အသိုင်းအဝိုင်းကို ဦးဆောင်နေသူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေပါသည်။

မြန်မာပြည် မတိုးတက်ဘဲ ဆုတ်ယုတ်ပျက်စီးနေသည်မှာ စစ်အာဏာရှင်စနစ် (ယ္ခင်မြန်မာ ဆိုရှယ်လစ်လမ်းစဉ်) ပေါ်ပေါက်ခဲ့ရသောကြောင့်ဖြစ်ပါသည်။ စစ်အာဏာရှင် စနစ် ဖြစ်ပေါ် လာရသည်မှာလည်း မြန်မာပြည်တွင် ကွန်မြူနစ်ဝါဒ လွှမ်းမိုးလာမည်ကို စိုးရိမ်ရသောကြောင့် လောလောဆယ်အားဖြင့် အဟန့်အတားဖြစ်စေမည့် ကွန်မြူနစ်ထက် ဆိုးသော စစ်အာဏာရှင်ကို အနောက်အရင်းရှင် အုပ်စုက အားပေးတင်မြှောက်သကဲ့သို့ ဖြစ်ကာ ဗိုလ်နေဝင်းကြီးက အာဏာရှင်ကြီးဖြစ်ခဲ့ရပါတော့သည်။

စစ်အာဏာရှင်၏ လက်ထက်မှာ ဥပဒေတို့ ဥပဒက်တို့ဆိုတာ မရှိပါ၊ ၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေဆိုသည်မှာလည်း ဟန်ပြသာဖြစ်ပါသည်၊ စစ်ဗိုလ်များ ထင်ရာလုပ်နိုင်သည့် ခေတ်ဆိုးပင်ဖြစ်ပါသည်၊ ယနေ့ထက်တိုင် ရှိနေဆဲဟုဆိုလျှင် လွန်မည်မဟုတ်ပါ။ နည်းပညာပေါက်ကွဲမှု့နှင့်အတူ ခေတ်စနစ်တွေ ပြောင်းလဲတိုးတက်လာနေပါသည်၊ လူသားတွေနှင့် မဆီလျှော်သည့် စနစ်ဆိုးများသည်လည်း ပျက်စီးပျောက်ကွယ်လာနေပါပြီ၊ 



ကွန်မြူနစ်စနစ်ဆိုးကြီး ပျက်စီးလုဆဲဆဲ အသက်ငင်နေသည့် ကာလမို့ ကွန်မြူနစ်တားဆီးရေး ခံကတုတ်အဖြစ် အသုံးချခဲ့သော စစ်အာဏာရှင် စနစ်ဆိုးကိုလည်း အပြီးတိုင် ရိုက်ချိုးဖယ်ရှားရမည့် အချိန်ပင်ဖြစ်နေပါသည်၊ မြန်မာပြည်တွင် ကွန်မြူနစ်စနစ်ဆိုးကြောင့် ပေါ်ပေါက်လာရသည့် စစ်အာဏာရှင် စနစ်ဆိုးကြီးအစား နိုင်ငံတကာ စံချိန်မီ ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရန် ပြည်သူတွေက တာစူနေကြပါပြီ။

သို့သော် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ကြီးပွါးကောင်းစားကြပြီး လက်ညှိုးညွှန်ရာ ရေဖြစ်နေသည့် ခေတ်နှောင်း အာဏာရှင်လက်ကျန်များကတော့ အပြောင်းအလဲကို လိုလားသူရှိကြသလို၊ မလိုလားသူများလည်းရှိနေကြပါသည်။ အပြောင်းအလဲကို လိုလားသူများကတော့ ကမ္ဘာ့အပြောင်းအလဲနှင့် မြန်မာ့ ပထဝီဝင် အနေအထားကို မြင်အောင်ကြည့်တတ်သူများ ဖြစ်ကြပြီး သူတို့အတွက် အမျှော်အမြင်ရှိသည်ဟု ဆိုရပါမည်၊ 

အပြောင်းအလဲကို မလိုလားသူများကတော့ နိုင်ငံရေး ဒုံးဝေးပြီး လွန်စွာမိုက်မဲကာ စစ်အာဏာရှင် စနစ်ဟောင်းကို ဖက်တွယ်ထားချင်သူများပင်ဖြစ်ပါသည်၊ သို့ဆိုစေကာမူ နှစ်ဦးစလုံးသည် သူတို့၏ မတရား ပိုင်ဆိုင်ထားသည့် တိုင်းပြည်နှင့် ပြည်သူ့ ပစ္စည်း ဥစ္စာများကိုကား မူလပိုင်ရှင် ပြည်သူလူထုထံသို့ ပြန်လည်ပေးအပ်ချင်မည်တော့ မဟုတ်ကြပါ။ 


ဒါကြောင့် ခေတ်နှင့်လျှော်ညီစွာ နိုင်ငံတကာက လက္ခံလာအောင် နိုင်ငံရေး အပြောင်းအလဲ တခုတော့ မဖြစ်မနေလုပ်ကြရတော့မည့် အခြေတွင် စစ်အာဏာရှင် တစုတို့ ပနက်ရိုက်ခဲ့သည့် Road Map ခေါ် အဆင့် ၇ ဆင့် အစီအစဉ်အတိုင်း အကောင်အထည်ဖေါ်ခဲ့ရာ နောက်ဆုံးအဆင့်များသို့ပင် ရောက်လာခဲ့ပါသည်၊ 

သို့သော် သူတို့ရည်မှန်းချက်အတိုင်း အဆင့် (၇) ဆင့်သာ အကောင်အထည်ပေါ် အောင်မြင်သွားလျှင် ဒီမိုကရေစီစနစ်သို့ မရောက်တော့ဘဲ အမည်ခံ အရပ်သားအစိုးရသာဖြစ်ပြီး စစ်တပ်ဦးစီးသည့် လက်ဝါးကြီးအုပ် အရင်းရှင် စနစ်ကြီးတခုဖြစ်ထွန်းလာပြီး မူလက စစ်အာဏာရှင် အဝန်းအဝိုင်းသည်သာ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ အဖြစ် ဆက်လက်၍ အုပ်စီးနေကြအုံးမည်ပင်ဖြစ်ပါသည်။



ဒီပုံစံဖြစ်အောင် ချိုးခဲ့သူမှာ နိုင်ငံရေးပါးဝနေသည့် အာဏာရှင်ကြီး ဦးနေဝင်းပင် ဖြစ်သည်၊ ကမ္ဘာပေါ်တွင် နာဇီအာဏာရှင်ကြီးများသည်ကမ္ဘာ့ စီးပွါးရေးကို လက်ဝါးကြီးအုပ်နိုင်သည့် အခြေကိုရယူနိုင်သည့် သင်္ခန်းစာရှိခဲ့သည်ကို အိုဒက်ဆာဖိုင် မှတ်တမ်းက ပြခဲ့သည် မဟုတ်ပါလား၊ ဗိုလ်နေဝင်းအတွက် ဒါတွေက ရိုးနေပါပြီ၊ ဒါကြောင့် ရှစ်လေးလုံးကာလက မ.ဆ.လ နောက်ဆုံး ညီလာခံမှာ ဗိုလ်နေဝင်းက သူနှင့်တကွ သူ့ငယ်ကျွန်တွေအားလုံး ရာထူးက နှုတ်ထွက်မယ်လို့ ကြေငြာတဲ့အခါမှာ ဘုမသိ ဘမသိသူ့လူတွေက ဝိုင်းပြီးတားကြတယ်၊ ဒီတော့ ဗိုလ်နေဝင်းပြောတာက ရှင်းပါတယ်၊ *ငါက လက်နဲ့ရေးတာကို မင်းတို့က ခြေနဲ့ မဖျက်ချင်ကြနဲ့* တဲ့။ 

ဗိုလ်နေဝင်းက မကောင်းတဲ့နေရာမှာတော့ အင်မတန် လိမ္မာပါးနပ်ပြီး အမျှော်အမြင်ကြီးလှပါတယ်၊ သူတည်ထောင်ခဲ့တဲ့ စစ်အာဏာရှင်မျိုးဆက်တွေရဲ့ ထာဝရကောင်းစားရေးကို ကောင်းကောင်းကြီး စီမံကိန်းချမှတ်နိုင်တဲ့သူပါ၊

သူနဲ့ခေတ်ပြိုင်ဖြစ်တဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့အပေါ်မှာ မှန်ကန်စွာ အကဲဖြတ်နိုင်ခဲ့လို့လည်း အမေရိကန်၊ တရုတ်၊ ရုရှားတို့ကြားမှာ နိုင်ငံရေးကစားပြီး သူတို့လူတစုကောင်းစားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်၊ ယနေ့ ROAD MAP (၇)ချက်သည် ဗိုလ်နေဝင်း၏ အိုင်ဒီယာကို အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်လို့ လူထုအတွက် မဟုတ်ဘဲ လူတစုအတွက်သာဖြစ်နေပါတယ်။

စစ်အေးတိုက်ပွဲကာလမှာ ကွန်မြူနစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ အနောက်အုပ်စုရဲ့ အားပေးကူညီခြင်းကို ခံခဲ့ရတဲ့ စစ်အာဏာရှင် ဗိုလ်နေဝင်းသည် စစ်အာဏာရှင် စနစ်ကို ကောင်းကောင်းကြီးခံတွင်းတွေ့သွားပါတော့သည်၊ ဒါကြောင့်လည်း ခေတ်တွေ စနစ်တွေ ဘယ်လိုပင်ပြောင်းပေမယ့် စစ်အာဏာရှင်စနစ်ကြီး အဒွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် စစ်အာဏာကို အသုံးပြုကာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုတာကို ရေးဆွဲ ပြဋ္ဌာန်းခဲ့ကြပါတယ်၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံ ဥပဒေသည် လူထုဆန္ဒဖြင့် အတည်ပြု ပြဋ္ဌာန်းထားသည် ဆိုတာလည်း တကယ်တော့ လိမ်ဆင်ကြီးပါပဲ၊ 

ဗိုလ်နေဝင်းအကြိုက် ဦးမောင်မောင် (၈၈ အရေးပေါ် သမ္မတ)က ရေးဆွဲပေးပြီး မည်သူတဦးတယောက်ကမျှ မပြုမပြင်ဝံ့ဘဲ ထွက်ပေါ်လာတဲ့ အခြေခံဥပဒေပါ၊ အဲဒီ့ အခြေခံဥပဒေကြောင့်လည်း တတိုင်းတပြည်လုံး ပြည်သူတွေ မွဲပြာကျသွားကြရတာပါ၊ တပြိုင်နက်တည်းမှာလည်း စစ်ဗိုလ်စစ်သားစစ်တပ်သည်သာလျှင် တိုင်းပြည်၏ ကယ်တင်ရှင်တွေ၊ ကျေးဇူးရှင်တွေ ဖြစ်ကြကုန်ပြီး ပါဝါနှင့် အာဏာသည် သေနတ်ပြောင်း ပိုင်ရှင် စစ်ဗိုလ် စစ်သားများ၏ လက်ထဲတွင်သာ ထာဝရ တည်ရှိနေရမည်ဟူသော အယူအဆ၊ အနုမာနကို မြန်မာ လူထုထဲသို့ စွဲဝင် စူးနစ်အောင် ရိုက်သွင်းလိုက်ပါတော့သည်၊ 



ကမ္ဘာ့ အမြင်၊ နိုင်ငံတကာ၏ အမြင်နှင့် ကြည့်လျှင်တော့ ရီစရာဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ ခြောက်လုံးပြူးကိုင်ရသူများမှာ နားထင်သွေးရောက် ဘဝင်မြောက်လူတန်းစားတရပ်အဖြစ်ခံယူနေကြပါတော့သည်၊ အလွန်စိတ်ဆင်းရဲစရာ မြန်မာနိုင်ငံပါပေ၊ ဗိုလ်နေဝင်း၏ လက်နက်ကိုင်လူတန်းစားစိတ်ဓါတ်ရိုက်သွင်းမှု့မှာ အောင်မြင်သည်ဟု ပြောရပါမည်၊ ယနေ့တိုင်ဟု ဆိုပါသည်။


၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အဲဒီ့အချိန်က လွတ်လပ်စ မြန်မာပြည်နှင့် ဆီလျှော်ကိုက်ညီပါသည်၊ သို့သော်လည်း အားနည်းချက်လည်းရှိနေပါသည်၊ အင်္ဂလိပ်နှင့် ညှိ့ကာ စာချုပ်လွတ်လပ်ရေးရယူခဲ့ရသည်မို့ အင်္ဂလိပ်၏ ဆန္ဒများလည်း သက်ရောက်မှု့တော့ ရှိနေမည်ဖြစ်ပါသည်၊

ဒါကြောင့် လွတ်လပ်ပြီးစ ဆယ်နှစ်အတွင်း ပြည်မနှင့် တောင်တန်း ဒေသများ အတူပူးပေါင်းနေကြမည်ဖြစ်သော်လည်း ဆယ်နှစ်ပြည့်လျှင် တောင်တန်းဒေသနေတိုင်းရင်းသားများ၏ အများဆန္ဒအရ ခွဲထွက်နေထိုင်ခွင့်ရှိရမည်ဆိုသည့် အချက်ကိုပင် အကြောင်းပြကာ ဗိုလ်နေဝင်းက စစ်အာဏာသိမ်းပြီး စစ်အာဏာ သက်ဆိုးရှည်စေမည့် ၁၉၇၄ ဖွဲ့စည်းပုံဥပဒေကို အဓမ္မရေးဆွဲအတည်ပြု ပြဋ္ဌာန်းလိုက်ပါသည်၊ စစ်ဘက်ရော နယ်ဘက်ပါ အရေးပါ အထက်တန်းရာထူးမှန်သမျှကို စစ်ဗိုလ်စစ်သားများကသာ နေရာယူထားသည့် ဥပဒေပင်ဖြစ်ပါသည်၊ 

စီးပွါးရေးလုပ်ပိုင်ခွင့်များအားလုံးကိုလည်း စစ်ဗိုလ်စစ်သားများကသာ ချုပ်ကိုင်လွှမ်းမိုးပါတော့သည်။ ပြည်သူပိုင် ဆိုင်းပုဒ်ကပ်ထားသည်များလည်း စစ်ဗိုလ်ပိုင်ပင်ဖြစ်သလို *ဦးပိုင်* ဆိုသည်လည်း စစ်ဗိုလ်ပိုင်ပင်ဖြစ်ပြီး ယနေ့တော့ *ထူးပိုင်* နှင့် တကွ အမည်အမျိုးမျိုး တပ်ထားသည့် စီးပွါးရေးလုပ်ငန်းအားလုံး လိုလိုပင် စစ်ဗိုလ် စစ်တပ် စစ်သားပိုင်များချည်းဖြစ်နေပါတော့သည်၊ ၁၉၇၄ အခြေခံဖွဲ့စည်းပုံ ဥပဒေသည် လက်နက်ကိုင် စစ်အာဏာရှင်တစ်စုအတွက် အဏာမြဲရေးနှင့် ကောင်းစားရေးအတွက်သာဖြစ်နေပါတော့သည်။

ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြောင့်လည်းကောင်း ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေး မဟာဗျူဟာ အရလည်းကောင်း ၁၉၇၄ ဖွဲ့စည်းပုံနှင့် ဆက်ပြီးသွားလို့ မဖြစ်နိုင်တော့သည့် အခြေအနေကြောင့် နှစ်ရှည်လများ အချိန်ဆွဲကာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဆိုတာကို ရေးဆွဲပြဋ္ဌာန်းကြပြန်ပါသည်။ စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း လူထုကို ချပြပြီးမှ ဆန္ဒခံယူပွဲ လုပ်ပြီး အများဆန္ဒအရ အတည်ပြု ပြဋ္ဌာန်းပါတယ်လို့ နိုင်ငံတကာကို ညာတယ်၊ 

အဲဒီ့အချိန်က မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ဝင်မှာကို ဗိုလ်သန်းရွှေနဲ့ အာဏာရှင်တစုက သိသိကြီးနဲ့ ဖုံးအုပ်ထားတယ်၊ အချိန်မီမကြေငြာဘူး၊ အခု ဇလဗေဒ ညွှန်မှုး ဦးထွန်းလွင်ပြန်ပြီး ဖွင့်ချမှ သိရတော့တယ်၊ လူတွေ သိန်းချီပြီး သေကြရတဲ့ တရားခံကြီးတွေ ဘယ်သူလဲဆိုတာ မေးစရာတောင် မလိုတော့ပါဘူး၊ 

နာဂစ်နဲ့အတူ လူထုဆန္ဒကို ယူခဲ့ပြီး အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အာဏာရှင် တဖြစ်လဲ လူတန်းစားများ ကောင်းစားရေးနှင့် လုံခြုံရေးအတွက် အဓိက ဦးတည်ရေးဆွဲထားတယ်ဆိုတာကိုလည်း ကမ္ဘာကရော မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းတခုလုံးကပါ သိကြပါတယ်၊ မအကြပါဘူး၊ နည်းဗျူဟာအရ ငြိမ်းချမ်းစွာနှင့် ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းမယ့် ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်နေကြတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ရမယ့် အလုပ်သည် လွှတ်တော်တွင်းမှသာလုပ်ခြင်းက ပိုကောင်းသည့် လမ်းကို ယနေ့လူထုထောက်ခံသည့် အင်အယ်ဒီက လှမ်းနေခြင်းသာဖြစ်သည်။ 


လွှတ်တော်တွင်းမှနေ၍ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီသည် သူတို့ပါတီကို သူတို့အလျှင် ပြင်ကြရပါသည်၊ ဤကိစ္စသည် အလွန်အရေးကြီးလှသည့် အတွေးအခေါ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကြီးလည်းဖြစ်ခဲ့ပါသည်၊ 

ဒေါ်အောင်ဆန်းစုကြည်၏ *ခံစားချက်ဖြင့် မဆုံးဖြတ်ပါနှင့် ဦးဏှောက်ဖြင့်ဆုံးဖြတ်ပါ* ဆိုသည့် အယူအဆဘက်က အောင်မြင်သွားပြီး လွှတ်တော်ဝင် နိုင်ငံရေးလမ်းကိုလျှောက်လှမ်းဖြစ်ပါတော့သည်၊ ဒေါ်စုကလည်း ပွင့်လင်းစွာဖြင့် အင်အယ်ဒီအသစ်၏ လုပ်ငန်းစဉ်သုံးရပ်ကို ချပြလိုက်ပါသည်၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ဖြစ်ပါသည်။



ဒီအချက်သုံးချက်ကို လက်ရှိစစ်ဦးစီး အစိုးရက သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ဒေါ်စု၊ အင်အယ်ဒီနှင့် လူထုကတော့ မဖြစ်ဖြစ်အောင် လုပ်ကိုင်ကြတော့မည်သာဖြစ်သည်၊ ဒါကြောင့် သမ္မတကြီး ဦးသိန်းစိန်နှင့် ဆွေးနွေးညှိ့နှိုင်းစဉ်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ *ကာကွယ်စောင့်ရှောက်* အစား *လေးစားလိုက်နာ* ဆိုသည့် စကားလုံး အသုံးအနှုန်းကို ပြင်ပေးရန်ဆိုတာပါဝင်ခဲ့သည်မှာ သေချာပါသည်၊ 

ဒီစကားက ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကတည်းက ကြားသိနေကြရပါသည်။ အားလုံးကလည်း ဒီအသုံးအနှုန်းကို ပြင်ဆင်ပေးပြီးပြီဟုမှတ်ယူနေကြပါသည်၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သည့် ကိစ္စနှင့် နေအိမ်အချုပ်ကျခံခဲ့ရသည့် ကိစ္စများကြောင့် မြန်မာပြည်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ထားသည့် ဥပဒေများကိုပင် ကျော်လွှားနိုင်ခဲ့သဖြင့် အနှီ *ကာကွယ်စောင့်ရှောက် မှ လေးစားလိုက်နာ* အဖြစ်ပြောင်းလဲပေးရန်မှာ ခက်ခဲနေမည်မဟုတ်ဟုဆိုနိုင်ပါသည်၊

သို့သော် ယနေ့ ကြားဖြတ်ရွေးကောက်ပွဲကြီးပြီးစီးအောင်မြင်ပြီး လွှတ်တော်တွင်းသို့ ဒေါ်စုတို့ တက်ရောက်ခါနီးကာမှ ဒီပြဿနာက စနေပြန်ပါသည်။ ဦးဥာဏ်ဝင်းကတော့ မကြာမီ ပြေလည်သွားနိုင်ပါသည်ဟုဆိုပါသည်။

မည်သို့ဆိုစေ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ မည်သို့မျှ ကာကွယ်စောင့်ရှောက်မှု့ မပြုနိုင်သည်မှာ ရှင်းပါသည်၊ ဥပဒေ ပညာရှင်မဟုတ်သည့် သာမာန်လူထုသော်မှ ၂၀၀၈ ဖွဲ့စည်းပုံသည် အချိန်မရွေး စစ်တပ်က အာဏာသိမ်းနိုင်သည့် ဥပဒေသာဖြစ်ကြောင်းကို နားလည်နေကြပါသည်၊ ဤသို့ဖြစ်ရသည်မှာလည်း စစ်အာဏာရှင် တဖြစ်လဲ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ၏ ဘဝလုံခြုံရေးနှင့် မတရားရယူ သိမ်းပိုက်ခဲ့သမျှတွေကို တရားဝင် ရင်းနှီးမြုပ်နှံခွင့် ရရှိရေး စတဲ့ကဏ္ဍများကို လုံးဝဥုသုန် အာမခံချက်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး၊ ၎င်းဥပဒေကြီးကို ပြုပြင်ရန် ခက်ခဲစေမည့် *ကာကွယ်စောင့်ရှောက် * ဆိုသည့် စကားအသုံးအနှုန်းကို တမင်ကြီး ထည့်သွင်းထားခြင်းသာဖြစ်ပါသည်။

မြန်မာစကားမှာ အဓိပ္ပါယ်ဖွင့်ဆိုချက် တိကျအောင် ရေးသားပြောဆိုနိုင်သကဲ့သို့ အဓိပ္ပါယ် နှစ်ခွဖြစ်အောင်၊ ဝေဝါးအောင်၊ ယူသော်ရ၏ ဖြစ်အောင် အမျိုးမျိုးလည်း ရေးသားပြောဆိုနိုင်ကြပါသည်။ အာဏာရှင်တို့၏ ဥပဒေများသည် အများအားဖြင့် လိုသလိုအသုံးချ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည့် စကားလုံးများကို ရွေးချယ်သုံးနှုန်းတက်ကြပါသည်၊

သို့သော် *ကာကွယ်စောင့်ရှောက်* ဆိုသည့် စကားအသုံးအနှုန်းကတော့ ဤနေရာတွင် ထည့်သွင်းထားရန် လုံးဝမလိုအပ်ပါ။ ဥပဒေ၊ ဝိနည်း၊ စည်းမျဉ်း စည်းကမ်းဆိုသည်မှာ ကာကွယ်စောင့်ရှောက်ရန်မဟုတ်ပါ လေးစားလိုက်နာရမည့် အရာသာဖြစ်ပါသည်၊ 

မြန်မာစကားတွင် မည်သည့်အရာအတွက် မည်သည့် စကားလုံးကိုသုံးရမည်ဆိုတာ သိနားလည်ထားရပါမည်။




ကာကွယ်စောင့်ရှောက်ဆိုသည့် စကားရပ်သည် နိုင်ငံတော်၊ လူထုနှင့် ပါတ်သက်သည့် ရုပ်ပိုင်းကို ယိမ်းသည့် အရာများကို အဓိက ထားပြီး သုံးနှုန်းပါသည်။ မပြုမပြင်ဘဲ မပျောက်မပျက်ရန် ရည်သန်သည့် သဘောကို ရှေးရှုသုံးနှုန်းခြင်းသာဖြစ်ပါသည်။ လေးစားလိုက်နာဆိုသည့် စကားရပ်ကတော့ ရုပ်နာမ်လူသားနှင့် ဥာဏ်ပိုင်ရှင်တို့၏ ချမှတ်ပြဋ္ဌာန်းပေးသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေသများ၊ တနည်းအားဖြင့် အကောင်အထည်မဲ့ နာမ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များကို အဓိကထားပြီး သုံးနှုန်းကြပါသည်၊ ပြုလွယ် ပြင်လွယ် မွန်းမံတည်ဆောက်လွယ်သည့် သဘောကို ရှေးရှုသုံးနှုန်းခြင်းပင်ဖြစ်သည်၊ ပုံသေကားချသဘောကိုမဆောင်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ လူတို့၏ နာမ်ပိုင်းဆိုင်ရာခံစားချက်၊ တွေးတောစဉ်းစားချက်များဖြင့် လူအများလိုက်နာကြရမည့် စည်းကမ်းသတ်မှတ်ချက်များကို ချမှတ်ရေးဆွဲထားခြင်းသာဖြစ်သည်၊ ထို့ကြောင့် *လေးစားလိုက်နာ* ဆိုသည့် အသုံးအနှုန်းဖြင့် သင့်တော်သည် လုံလောက်သည်၊ ထို့ပြင် ဖွဲ့စည်းပုံ ဥပဒေစည်းမျဉ်းဆိုသည်မှာ ခေတ်စနစ် ပြောင်းလဲမှု့နှင့်အတူ အခြေအနေနှင့် အချိန်အခါအရ အဆင်ပြေညီညွတ်ရန် ပြုလွယ်ပြင်လွယ်သဘောရှိသည့် အရာသာဖြစ်သည့် အလျှောက် *လေးစားလိုက်နာ* ဆိုသည့်အသုံးအနှုန်းဖြင့်သာ လျော်ကန်သင့်မြတ်နေသည်၊

ဥပဒေစည်းမျဉ်းသည် ထိုလူအဖွဲ့အစည်းရှိ လူသားအားလုံး၏ ဦးဏှောက်နှင့် နှလုံးသားဆိုင်ရာ အဇ္ဈတ္တပိုင်းမှာသာရပ်တည်နေသော အရာဖြစ်သဖြင့် ယုံကြည်ချက်ဖြင့် လေးစားလိုက်နာရမည်သာဖြစ်သည်။

*ထိမ်းသိမ်းကာကွယ်စောင့်ရှောက်* ရမည်ဆိုသည်မှာ အထိအခိုက်မခံနိုင်သည့် သဘောကိုဆောင်ပြီး ဗဟိဒ္ဓ အပြင်ဘန်း လက္ခဏာဖြစ်သည်၊ ရုပ်ဝတ္တုပိုင်းနှင့် ပိုပြီးလျှော်ကန်သည့် အသုံးအနှုန်းသာဖြစ်သည်၊ ပစ္စည်းတခုကို လုံခြုံအောင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရမည်၊ လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ မထိခိုက်မပျက်စီးဘဲ မပျောက်ပျက်ရန်၊ လွတ်မသွားအောင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဆိုလျှင်လည်း မှန်သည်၊ ဘာသာရပ်စုံ ရေးသားထားသည့် စာအုပ်စာတမ်းများ၊ စာချုပ်များ၊ ဥပဒေ စည်းကမ်း စည်းမျဉ်းများကို ရေးသားထားသည့် စာရွက်စာတမ်းများ၊ ကျောက်စာပေစာများ၊ ယ္ခုခေတ် အင်တာနက်မှာတင်ထားသည့် မှတ်တမ်းများစသည့် ရုပ်ဝတ္တုပိုင်းပစ္စည်းများကို *ထိမ်းသိမ်းကာကွယ်စောင့်ရှောက်* ရမည်ဟု သုံးနှုန်းလျှင်လည်းမှန်ကန်ပါသည်။ 



ထိုရုပ်ဝတ္ထုပစ္စည်းများကို မထိခိုက်မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးခြင်းခံရသည့် ဝန်ထမ်းကြီးငယ်များလည်း ရှိနေရမည်သာဖြစ်ပါသည်။ ထို့ကြောင့် *ထိမ်းသိမ်းကာကွယ်စောင့်ရှောက်* ဆိုသည့် အသုံးအနှုန်းသည် ဝန်ထမ်း (တနည်းအားဖြင့်) အခကြေးငွေဖြင့် အဓိက ဦးစားပေးလုပ်စေရမည့် သူများ၏ တာဝန်ဆိုသောဘက်ကို ပိုပြီးယိမ်းသည်။ 

အမှန်အားဖြင့်တော့ *လေးစားလိုက်နာ* နှင့် *ကာကွယ်စောင့်ရှောက်* ဆိုသည့် ဝေါဟောရများကို ဤမျှရှင်းစရာတောင်မလိုပါ၊ မြန်မာပြည်တွင် နိုင်ငံရေး သုခမိန်တွေ၊ မြန်မာစာပေပညာရှင်တွေ အနမတက္ကပါ၊ သို့သော်ရှင်းတာကို ရှုတ်အောင်လုပ်လိုသည့် ဝိသမလောဘသားကောင်များနှင့် အစွန်းရောက်အတွေးအခေါ်ရှင်များ၏ ခေတ်နှင့် မလျှော်ညီတော့သည့် ကလေးကွက်နင်းနေသည့် လုပ်ရပ်များကို တွေ့နေရခြင်းပင်ဖြစ်ပါသည်။

မည်သို့ဆိုစေ အင်တာနက်ခေတ်မတိုင်မီ ခေတ်အဆက်ဆက်က ရေးဆွဲချမှတ်ပေးထားခဲ့သည့် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်များကို ယနေ့ခေတ်နှင့်လျှော်ညီစွာ စစ်မှန်သော လူထုဆန္ဒဖြင့် အညီပြန်လည်ရေးဆွဲသတ်မှတ်ပြဋ္ဌာန်းမည့် အခြေခံဖွဲ့စည်းပုံ ဥပဒေနှင့် အစားထိုး ပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်၊ အင်အယ်ဒီနှင့်တကွ တိုင်းပြည်တိုးတက်ပြောင်းလဲရေးကို အလိုရှိနေကြသည့် သူများအားလုံးက အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ 


--ဦးဖိုးသာအောင်(နော်ဝေ)

-------------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။ 

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့် 
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net
Unknown at 2:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူလူထုအား ပေါ်တာ လုပ်အား မခေါ်ရေးသမ္မတ အမိန့် နယ် စပ်ဒေသအထိ သက်ရောက်ပြီ



ပြည်သူလူထုအား လုပ်အားခေါ်ယူခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်းမပြုရေး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့် ချင်းပြည်နယ် နယ်စပ်ဒေသအထိ အာဏာသက်ရောက်မှူ ရှိပြီဟု ဒေသခံတဦးက ပြောသည်။
ဖေါ်ပြပါ နိုင်ငံတော် သမ္မတအမိန့်ကြောင့်ပြည်သူ့ရဲ၊ နယ်မြေခံ တပ်မတော်သားများအနေနှင့် ဒေသခံ ပြည်သူတွေကို လုပ်အား၊ ပေါ်တာတွေခေါ်မှာ မဟုတ်တော့ကြောင်း မတူပီမြို့နယ်လိုင်လင်းပီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

“ အခု လိုင်လင်းပီ ပြည်သူရဲ မိသားစု လိုင်းတွေကို ပြည်သူရဲတွေကိုယ်တိုင် ဆောက်နေကြတယ်၊ ” ဟု လိုင်လင်း ပီရွာသားတဦးက ပြောသည်။
တပ်မတော်ဖက်က ပေါ်တာဆွဲတာတွေ အဓမ္မလုပ်အားပေးခိုင်းတာတွေ လုံးဝ မရှိတော့ပေမယ့် KIA ဖက်ကတော့ အင်အားချိနဲ့လာမှုကြောင့် ပေါ်တာတွေ အလွန်အကျွံဆွဲကာ ဆက်ကျေးတွေ အဓမ္မ ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။
Myanmar Express
Unknown at 1:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မကွေးတိုင်း ယောချောင်းဖြတ်ကူး ရေပြာတံတားအား မပြုပြင်၊ခွင့်ပြုမိန့်မပါဘဲ ငွေကောက်ခံ

ယောချောင်းဖြတ်ကူး ရေပြာတံတားအား မပြုပြင်၊ခွင့်ပြုမိန့်မပါဘဲ
 ငွေကောက်ခံစဉ်
ပုသိမ်-မုံရွာလမ်းပေါ်ရှိ ယောချောင်းဖြတ်ကူး ရေပြာတံတားအား O2B မုန်တိုင်းငယ်ကြောင့် အောက်တိုဘာလ အတွင်းပျက်စီးသွားခဲ့ပါသည်။

ပျက်စီးသွားသောတံတားအောက်လမ်းပေါ်တွင် ယာယီ ၀ါးတံတားထိုးပြီး အများပြည်သူသွားလာရေးလွယ်ကူစေရန် ဆောင်ရွက်သည့်နေရာတွင် အပေါ်တံတားမကျိုးမီက ဖြတ်သန်းခများ ကောက်ခံနေသော ဆိပ်ဖြူမြို့နယ်မှ
 ဦးဇော်မင်းထွေးနှင့်အဖွဲ့မှ ဆိုက်ကယ်တစ်စီး(၅၀၀)ကျပ်နှုန်း၊ကားလေး
တစ်စီး(၁၀၀၀)ကျပ်နှုန်း၊ကားကြီးတစ်စီး(၄၀၀၀)ကျပ်နှုန်းဖြင့် ကောက်ခံ
ဆောင်ရွက်နေပါတယ်။

ထိုကောက်ခံသူများသည် မည်သည့်ဝန်ကြီးဌာနများဧ။် ခွင့်ပြုမိန့်မှမပါဘဲ
 ကောက်ခံနေခြင်းဖြစ်ပါတယ်။ထိုကဲ့သို့ ကောက်ခံနေခြင်းများသည်
 ဒေသခံပြည်သူများအတွက် ၀န်ထုပ် ၀န်ပိုးဖြစ်နေပါသဖြင့် ယင်းကိစ္စအား
 အများပြည်သူများအကျိုးအတွက် စိစစ်ပြီး ဆောင်ရွက်ပေးပါရန် သက်ဆိုင်
ရာအဖွဲ့အစည်းများသို့ တင်ပြအပ်ပါသည်။
                                                                                                                            ဒေသခံပြည်သူများ ဘုရားတောင်ရွာ ပေါက်မြို့နယ်
Myanmar News Now
မုန်တိုင်းငယ်ကြောင့် ပျက်ဆီးသွားတဲ့ ယောချောင်းဖြတ်ကူး ရေပြာတံတား

မုန်တိုင်းငယ်ကြောင့် ပျက်ဆီးသွားတဲ့ ယောချောင်းဖြတ်ကူး ရေပြာတံတား

မုန်တိုင်းငယ်ကြောင့် ပျက်ဆီးသွားတဲ့ ယောချောင်းဖြတ်ကူး ရေပြာတံတား

မုန်တိုင်းငယ်ကြောင့် ပျက်ဆီးသွားတဲ့ ယောချောင်းဖြတ်ကူး ရေပြာတံတား

ယောချောင်းဖြတ်ကူး ရေပြာတံတားအား မပြုပြင်၊ခွင့်ပြုမိန့်မပါဘဲ
 ငွေကောက်ခံ

သစ်ထူးလွင်
Unknown at 1:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Sanction နဲ. ပတ်သက်ပြီး ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုဖို. အချိန် သင့်ပြီ


From : UDP

မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို.ဒဏ်ခတ်ရေးယူထားမှု Sanction ပတ်သက်ပြီး နိုင်ငံရေး အဖွဲ.အစည်းတွေအနေဖြင့် ရပ်တည်ချက်တွေကို အတိအကျ ထုတ်ဖော် ပြောဆိုဖို. လိုအပ်ပါသည်။ စီးပွာရေး ပိတ်ဆိုမှုတွေကို ထောက်ခံသူလား ကန်.ကွက်သူလားဆိုတာ လူထု သိအောင် ကိုယ့်ရဲ့ သဘောထား ရပ်တည် ချက်တွေကို ပြောဖို. လိုပါမည်။

IMF တို. World Bank စတဲ့ နိုင်ငံတကာ အဖွဲ.အစည်းတွေကတောင် မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို.ထားမှုတွေနှင့် ပတ်သက်ပြီး စနစ်တကျဖြင့် အစီရင်ခံစာတွေ ထုတ်ပြန်ပြီး သူတို. အမြင်တွေ အယူအဆ သုံးသပ်ချက်တွေကို ထုတ်ပြန် ထားပြီး ဖြစ်ပါသည်။

ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှု အခန်းမှာ ရှိနေတဲ့ သူတွေ အဖွဲ.အစည်းတွေ အနေဖြင့်လဲ စီးပွားရေး ပိတ်ဆိုမှု Sanction နဲ.ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောဖို. လိုပါသည်။ သူ.များတွေရဲ့ အမြင် သူများတွေရဲ့ သဘောထား ထုတ်ပြန်ချက်တွေကို ကိုးကား ပြောဆိုတာ ရည်ညွှန်းပြောဆိုတဲ့ အဆင့် နဲ. မလုံလောက်ပါဘူး။ ကိုယ်တိုင်က ဘယ်လို မြင်တယ် ဘယ်လို သဘောထားတယ်ဆိုတာ အတိအလင်း ပြောဖို. လိုပါသည်။ မြန်မာပြည်အတွက် အရေးကြီးတဲ့ကိစ္စဖြစ်တာကြောင့် နိုင်ငံရေး ခေါင်းဆောင်နေအဖြင့် တိကျတဲ့

သဘောထားအမြင်တခု ရပ်တည်ချက်တော့ ရှိရမည် ဖြစ်ပါသည်။ ဟိုလိုလို ဒီလိုလို ကြားနေတဲ့သဘောမျိုး ပြောလို. မဖြစ်နိုင်ပါ။ ဒါဟာ မြန်မာပြည်ကိစ္စ မဟုတ်ပါလား။

စီးပွားရေး ပိတ်ဆို.မှုဟာ တနိုင်ငံလုံးနဲ. ဆိုင်တဲ့ အရေးကိစ္စဖြစ်တယ် လူအများစုကို တိုက်ရိုက် ထိခိုက်ပြီး မြန်မာပြည်ရဲ့ စီးပွားရေး ဖွံ.ဖြိုးတိုးတက်မှု မြန်မာထုတ်ကုန်တွေ ပို.ကုန်တွေ ဈေးကွက်မ၀င်နိုင်အောင် အတားအဆီး အကန်.အသတ်တွေ ဖြစ်စေတာမို. မြန်မာပြည်အရေး လုပ်နေတဲ့သူတွေအနေဖြင့် သူတို. အဖွဲ.အစည်းတွေရဲ့ ကိုယ်ပိုင် ရပ်တည်ချက် သဘောထားတွေကို လူထုနဲ.

နိုင်ငံတကာ သိရှိအောင် ထုတ်ဖော်ဖို. လိုပါသည်။

ကြားထည်ကနေ စည်းရိုးခွထိုင်တဲ့သဘောနဲ.လူတွေကို တကယ် ထိခိုက်တယ်ဆိုရင် ရုပ်သိမ်းဖို. တိုက်တွန်းပြောဆိုမှာ ဖြစ်ပြီး

တကယ် ထိခိုက်မှု ရှိမရှိ လေ့လာဖို. လိုပါဦးမည်ဆိုပြီး ထမင်းရည်ပူ လျာလွဲ ပြောလို. မရပါ။ နှစ်ပေါင်း ၁၀ စုနှစ် ကြာနေပြီ ဖြစ်တာကြောင့် လူထုကို တကယ် မထိဘူးလား ထိနေသလားဆိုတာ အခု အချိန်ဆိုရင်တော့ သိဖို. ကောင်းပါသည်။ လေ့လာဖို. လိုတယ်ဆိုရင်တော့ တကယ် သိအောင် ကာယရှင်တွေ ခံရသူတွေ တိုက်ရိုက် ပတ်သက်နေတဲ့ Business Industries တွေ အလုပ်သမားတွေ လုပ်ငန်းရှင်တွေနဲ.ပါ တွေ.ဆုံဆွေးနွေးပြီး ထိမထိ တကယ် သိအောင် လုပ်ဖို. တန်ပါသည်။ လေ့လာဖို. လိုတယ်လို. ပြောပြီး လက်တွေ. ကွင်းဆင်းလေ့လာတာမျိုး သုတေသန လုပ်တာမျိုး Research & Survey လုပ်တာမျိုးလဲ မရှိပဲ စကားအရသာ လေ့လာဖို. လိုတယ်လို. ပြောနေရင်တော့ ဒါဟာ ဆင်ခြေပေးချင်း သက်သက်တခုထက် မပိုပါ။ တကယ့် အဖြစ်မှန်ကို သိရှိနိုင်မည် မဟုတ်ပါ။ တကယ် သိချင်ရင် လက်တွေ. ကွင်းဆင်းလေ့လာဖို. လိုပါသည်။ မဟုတ်ရင် လေ့လာဖို.လိုတယ် ဆိုတာ ဘာကို ဆိုလိုတာလဲလို. မေးစရာ ဖြစ်လာမည်။

နိုင်ငံခြားအဖွဲ.အစည်းတွေ ပြည်တွင်းက ပြည်သူတွေတောင် စီးပွားရေး ပိတ်ဆို.မှုတွေဟာ လူထုကို ထိခိုက်နေတယ် ဦးတည်တဲ့သူတွေကို သိပ်မထိဘူးဆိုတာ သိနေရင် ဘာကြောင့် ခေါင်းဆောင်လုပ်နေတဲ့သူတွေဟာ မသိဘူး မမြင်ဘူး နားမလည်သေးဘူးဆိုရင်တော့ အတော်ကို စဉ်းစားစရာပါ။ မဟုတ်ရင်လဲ လူထုရဲ့ ခံစားချက်နဲ. လိုအပ်ချက်တွေကို မသိတဲ့ မမြင်တဲ့ ကိုယ်စားပြုမှု မရှိလို.ပဲများလား မေးစရာပါ။ လူထုနဲ. untouch မဖြစ်ပဲ ထိစပ်မှု မရှိပဲ သီးခြား ကင်းကွာနေတဲ့ အဖွဲ.အစည်းတွေဆိုရင်တော့ လူထု ခံစားချက်တွေ အသံတွေ နစ်နာမှုတွေကို မြင်နိုင် သိနိုင် ခံစွားနိုင်စွမ်း မရှိပါ။

ဒါကြောင့် စီးပွားရေးပိတ်ဆို.မှုတွေနဲ. ပတ်သက်ပြီး ဘယ်လို ရပ်တည်သလဲ သဘောထားသလဲ ဘယ်လို လုပ်မလဲဆိုတာ အတိအကျ ရှင်းလင်း ပြောဆိုဖို. အချိန်ရောက်ပြီး လူထုနဲ. နိုင်ငံကို ပိတ်ဆို.ထားတဲ့ ဘယ်လို စီးပွားရေး ဒဏ်ခတ်မှု Sanction ကိုမှ လက်ခံနိုင်စွမ်း သည်းခံနိုင်စွမ်း မရှိပါ။

နိုင်ငံတိုင်း အစိုးရတိုင်းက ကိုယ်.တိုင်းပြည် စီးပွာရေး တိုးတက်ဖွံ.ဖြိုးလာစေရန်အတွက် ကမ္ဘာလည့်ပြီး ဈေးကွက်တွေ ဖွင့်နိုင်အောင် တိုးချဲ.နိုင်အောင် တခြားနိုင်ငံက ကုန်ပစ္စည်းတွေနဲ. ဈေးကွင် ၀င်ပြီး ယှဉ်နိုင်အောင် အားကျိုးမာန်တက်ဖြင့် Promotion တွေ Marketing တွေ လုပ်နေတဲ့အချိန်။ ကိုယ့်နိုင်ငံကို နိုင်ငံခြား ကုမဏီတွေ အစိုးရတွေ လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်အောင် လိုက်ပြီး ဖိတ်ခေါ်နေတဲ့အချိန် ကိုယ့်နိုင်ငံက ကုမဏီတွေ စီးပွားရေးလုပ်ငန်းတွေ တခြားနိုင်ငံမှာ အများနည်း တူ လုပ်ပိုင်ခွင့် လုပ်ကိုင်ခွင့် ရင်းနှီးမြှုပ်နှံခွင့် လုပ်ခွင့်တွေ ရရှိအောင် ချဉ်းကပ်ပြီး တိုက်တွန်း ပြောဆိုနေတဲ့အချိန်မျိုးမှာ မြန်မာပြည်ကို ချစ်တဲ့ ပြည်သူတွေ လူတွေ အဖွဲ.အစည်းတွေ အနေဖြင့် ကိုယ့်နိုင်ငံကို ပိတ်ဆို.အရေးယူပြီး အထီးကျန် ဖြစ်အောင် လုပ်တဲ့ Sanction ကို အတိအလင် ဆန်.ကျင် ကန်.ကွက် ရမည် ဖြစ်ပါသည်။

Myanmar Express


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမှ လူတွေ အလုပ် တိုးရနိုင်မည် ဖြစ်သည်။ နိုင်ငံခြား ပို.ကုန်တွေ တိုးလာမှု ပြည်တွင်း ကုန် ထုတ်လုပ်မှု မြင့်လာပြီး လူတွေ အလုပ် ဆက်ရှိနေမည်။ လူတွေ အလုပ် ရှိမှ ၀င်ငွေရှိပြီး စားသုံးမှု စွမ်းအား Consumers အား ကောင်းလာမှ နိုင်ငံ စီးပွားရေး တိုးတက်လာမည် ဖြစ်ပါသည်။

Sanction နဲ. ပတ်သက်ပြီး ကိုယ့်ရဲ့ ရပ်တည်ချက်ကို အတိအကျ ပြောပြပြီး လူထုနဲ. နိုင်ငံအတွက် ရဲရဲကြီး ရပ်တည် ပြောဆိုရမည် ဖြစ်ပါသည်။ နိုင်ငံရေးအကျိုးအမြတ်အတွက် စီးပွားရေး ဒတ်ခတ်ပိတ်ဆို.မှု Sanction ကို ခုတုန်းလုပ်ပြီး နိုင်ငံရေးအရ ပြန်ပေးဆွဲ အကြပ်ကိုင်ထားခြင်းကို လုံးဝ မထောက်ခံပါ။

Myanmar Express
Unknown at 1:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ဘဏ် ရန်ကုန်မှာ ရုံးပြန်ဖွင့်တော့မည်

လာမယ့် ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ရုံးပြန်ဖွင့်မယ်လို့ ကမ္ဘာ့ဘဏ် က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ရန်ကုန်မှာ ဌာနေကိုယ်စားလှယ် အသစ်တစ်ယောက်နဲ့အတူ ရုံးပြန်ဖွင့်၊ ၀န်ထမ်းတွေခန့်ပြီး မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးရေးအစီအစဉ်သစ်တစ်ရပ် ချမှတ်နိုင်အောင် လိုအပ်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ စတင် ကောက်ယူစုဆောင်းမယ်လို့ ကမ္ဘာ့ဘဏ် ရဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox က ပြောပါတယ်။

ဒါပေမဲ့ မြန်မာ အစိုးရ က ကမ္ဘာ့ဘဏ် နဲ့ တခြားအဖွဲ့အစည်းတွေကို
ပေးချေစရာ ရှိနေတဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ကိစ္စလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မိမိတို့ရဲ့ အဓိက ပန်းတိုင်က မြန်မာပြည်သူတွေကို ကူညီဖို့ဖြစ်ပါတယ်၊ မြန်မာ ဟာ ပြင်ပကမ္ဘာ နဲ့ နှစ်ကာလ ကြာရှည် အဆက်ပြတ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် လူထုဝန်ဆောင်မှု
လုပ်ငန်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာပြဿနာတွေ အတွက် အစိုးရ နဲ့အတူ ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာ တစ်ရပ် ပြင်ဆင်နေပါတယ်၊ ဒါတွေ အပြည့်အ၀ မဆောင်ရွက်နိုင်သေးခင်မှာ အကြွေးကိစ္စ ရှင်းဖို့လိုပါတယ်လို့ Pamela Cox က ပြောဆို ပါတယ်။

မြန်မာအစိုးရဟာ ကမ္ဘာ့ဘဏ် ကို အမေရိကန်ဒေါ်လာ ( ၃၉၃ ) သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB ) နဲ့ တခြားဌာနတွေအပေါ် ဒေါ်လာ သန်းငါးရာလောက် ပေးချေစရာ ရှိနေပါတယ်။ မြန်မာ အစိုးရဟာ အကြွေး မဆပ်တဲ့အတွက် ကမ္ဘာ့ဘဏ်က ၁၉၈၇ ခုနှစ်ကစပြီး အစီအစဉ်တွေ ရပ်ဆိုင်းခဲ့ပါတယ်။

ကမ္ဘာ့ဘဏ် ရဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox ဟာ ဇွန်လအတွင်း မြန်မာနိုင်ငံ ကို သွားရောက်မှာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင်ဖန်တီးရေး စတဲ့ ကိစ္စ တွေကို စူးစိုက် ဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်းလည်း
ပြောဆိုပါတယ်။
RFA Burmese
 
Unknown at 1:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.