Friday, April 27, 2012

ယခင် Postpaid GSM မိုဘိုင်းဖုန်းများကို မေလ ၁ ရက်နေ့မှ စတင်ကာ Prepaid စနစ် အသုံးပြု နိုင်တော့မည်

ဖုန်းပြောဆို ခတွေကို Postpaid စနစ်ကနေ Prepaid စနစ်ကို ပြောင်းလဲ အသုံးပြုလိုတဲ့ GSM မိုဘိုင်းဖုန်း သုံးစွဲသူတွေ အနေနဲ့ မေလ ၁ ရက်နေ့ စတင်ပြီး
ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို မေလ ၁ ရက်နေ့က စတင်ပြီး Postpaid စနစ်ကနေ Prepaid ပြောင်းလဲ အသုံးပြု လို့ရတဲ့ GSM မိုဘိုင်းဖုန်း တွေဟာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်အထိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပေးပို့ထားတဲ့ SMS မှ YES ကိုနှိပ်ပြီး လက်ခံထားတဲ့ GSM မိုဘိုင်းဖုန်း တွေပဲ ဖြစ်ပါတယ်။

အခုလိုမျိုး GSM ဖုန်းတွေမှာ ကြိုတင် ငွေဖြည့်ကဒ် စနစ်ကို ပြောင်းလဲဖို့ မြန်မာ့ ဆက်သွယ် ရေးမှ ပြီးခဲ့တဲ့ ဇန်န၀ါရီလ အတွင်းက SMS များ ပို့ပေးထားခဲ့ပြီး အဲ့ဒီ စနစ်သုံးစွဲဖို့ အဆိုပြုထားတဲ့ GSM မိုဘိုင်း တယ်လီဖုန်း တွေကို သက်ဆိုင်ရာ GSM အိတ်ချိန်း နယ်မြေ အလိုက် ပြောင်းလဲ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Postpaid စနစ်မှ Prepaid စနစ်ကို ပြောင်းလဲကာ အသုံးမပြု လိုတဲ့ သူတွေကတော့ AGD ဘဏ်၊ ယူနိုက်တက် အမရာဘဏ်နဲ့ မြန်မာ့ စီးပွားရေး ဘဏ်တို့မှ Online ဖုန်းဘေလ် စနစ်နဲ့ ပေးဆောင် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။



Unknown at 5:03 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.