Friday, April 27, 2012

အပျက်များနေတဲ့ ကျပ်နှစ်သိန်းတန်ဖုန်းကဒ်

၂၀၁၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှာ စတင် ချထားပေးခဲ့တဲ့ ကျပ်သိန်းနှစ်သိန်းတန် GSM ဖုန်းများဟာ ဝယ်ယူပြီး မကြာမီမှာပဲ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ဝယ်လိုအားများနေတဲ့ ကျပ်(၂)သိန်းဖုန်းတွေဟာ ပြင်ပဆိုင်တွေမှာ ကျပ်နှစ်သိန်းခွဲအထိ ဈေးပေါက်လျက်ရှိပါတယ်။ ဒါပေမယ့် ကျပ်(၂)သိန်း ဖုန်းကဒ်အချို့ဟာ ဝယ်ယူပြီး မကြာမီပါပဲ ပျက်စီးမှုတွေရှိနေပြီး သက်ဆိုင်ရာကို ဆက်သွယ်ဆောင်ရွက်ရာမှာ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

    ၂၀၁၂ခုနှစ် ဧပြီလ(၂၁)ရက်နေ့ မနက်ပိုင်းက ၄၂၁၀နဲ့စတဲ့ ဖုန်းဆင်းကဒ်တကဒ်ကို ကျပ်နှစ်သိန်းခွဲ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းလောက်ကျတော့ ဖုန်းက လုံးဝ ဆက်လို့မရဘူး ဖြစ်သွားတယ်။ ဖုန်းဆက်လိုက်ရင် your sim card is reject ဆိုတဲ့စာတန်းပဲ ပေါ်ပေါ်လာပါတယ် ဟု ကျပ်နှစ်သိန်းတန်ဖုန်း ဝယ်ယူပြီးနောက် ကဒ်ပျက်စီးမှု ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားပါတယ်။

   ထို့အပြင် ၎င်းကပင် ဆက်လက်ပြီး   ဒါနဲ့ရွှေဂုံတိုင်မှာရှိတဲ့ ဂျီအက်စ်အမ်ရုံးချုပ်ကို သွားပြီး တင်ပြခဲ့ပါတယ်။ လောလောဆယ်မှာ ဖုန်းကဒ် အရောင်းအဝယ် ကိစ္စတွေသာ ဆောင်ရွက်နေလို့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ ဗဟန်းဆက်သွယ်ရေးရုံးကို သွားဖို့ ထပ်ဆင့်ညွှန်ပါတယ်။ ဗဟန်းရုံးကို ရောက်တော့လည်း လောလောဆယ်တော့ ကဒ်ကိုသာ ကိုင်ထားပါဦးလို့ပြောပြီး တစ်စုံတရာ ဆောင်ရွက်ပေးတာ မရှိပါဘူး။ ကျနော့လိုပဲ ဆင်းကဒ်ပျက်လို့ လာတဲ့သူတွေ ရွှေဂုံတိုင်ရုံးမှာရော ၊ ဗဟန်းရုံးမှာပါ အများကြီးတွေ့ခဲ့ရပါတယ် လို့ပြောကြားခဲ့ပါတယ်။

    တန်ဖိုးနည်းဖုန်းအဖြစ် ဈေးကွက်မှာ ဝယ်လိုအားများနေတဲ့ ကျပ်နှစ်သိန်းဖုန်းတွေဟာ မူလတန်ဖိုးထက် ပိုမိုစွာပေးဝယ်နေရတဲ့အပြင် ဝယ်ယူပြီး နောက်မကြာခင်မှာ ကဒ်ပျက်စီးမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအတွက် နစ်နာမှုတွေဖြစ်ရကြောင်းလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
 ဘားမားဗီဂျေ


Unknown at 5:00 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.