Friday, April 27, 2012

ပုံနှိပ်မီဒီယာ နည်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၂၆
 ပြန်ကြားရေးဝန်ကြီးဌာန နှငInternational Media Support (IMS)တို့ ပူးပေါင်း၍ မြန် မာ့ပုံနှိပ်မီဒီယာများ နည်းဥပဒေ နှင့် ပတ်သက်၍Print Media Regula tion in Myanmar  ဟူ သော ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ဧပြီလ ၂၅ ရက် နေ့က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ကျင်းပခဲ့သည်။  
 ဆွေးနွေးပွဲကို နံနက် ၉ နာရီ တွင် စတင်ခဲ့ပြီး ပြန်ကြားရေးဝန် ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ဦးရဲထွဋ်က အဖွင့်အမှာစ ကား ပြောကြားခဲ့သည်။IMSမှ တာဝန်ရှိ သူMr. Ranga Kalasooriya  လည်း အမှာစကား ပြောခဲ့ပြီး ပြည်ပ ပညာရှင် မစ္စတာ တိုဘီမန်ဒယ် နှင့် ပြည်တွင်းပညာရှင်   ဒေါက်တာ ကျော်ဇောနိုင်တို့က ဦးဆောင်၍ Key International Standards and Main Issues for Myanmar ဟူသော ခေါင်းစဉ်ဖြင့် မြန်မာ့မီဒီ ယာလောက၏ လက်ရှိအခြေအနေ များကို သုံးသပ်ဆွေးနွေးခဲ့သည်။ ထို့ နောက် နိုင်ငံတကာတွင် ကျင့်သုံး လျက်ရှိကြသော စံပြုပုံစံများဖြစ် သော self-regulation, co-regulation   နှင့်statutory regulation တို့အကြောင်းကို မစ္စတာတိုဘီ မန် ဒယ်က ဟောပြောခဲ့ပြီးမည်သည့် စံပြု ပုံစံသည် မြန်မာ့ပုံနှိပ်မီဒီယာလော ကနှင့် လိုက်လျောညီထွေဖြစ် မည် ကို ဆွေးနွေးပွဲတက်ရောက်လာသူ များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ညနေပိုင်း ဆွေးနွေးပွဲတွင် မကြာမီ ဖွဲ့စည်းဖွယ်ရှိသော စာ နယ်ဇင်းကောင်စီနှင့် ပတ်သက် ပြီး  မစ္စတာ တိုဘီမန်ဒယ်က သုံးသပ် ဆွေးနွေးခဲ့သည်။ ထို့နောက် စာနယ် ဇင်းကောင်စီကို မည်ကဲ့သို့ ဖွဲ့စည်း သင့်ကြောင်း၊ မည်သည့်အလွှာမှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါရှိသင့် ကြောင်း၊ စာနယ်ဇင်းကောင်စီ အဖွဲ့ ဝင်တစ်ဦးဖြစ်ရန် လိုအပ်သော အရည်အချင်းများ၊ စာနယ်ဇင်း ကောင်စီ၏ ရပ်တည်ချက် (မီဒီယာ လောကကို ချုပ်နှောင်ြ ခင်း  သို့ မဟုတ် ကာကွယ်ခြင်း) စသည့် အကြောင်းအချက်တို့ကို တက် ရောက်လာသူများက ဆွေးနွေးခဲ့ကြ သည်။အခြားနိုင်ငံများတွင် ကျင့်သုံး နေကြသော ကျင့်ဝတ် စည်းကမ်း များနှင့် ပတ်သက်၍လည်း မစ္စတာ တိုဘီမန်ဒယ်က ၄င်း၏ အတွေ့ အကြုံနှင့် ယှဉ်၍ ဟောပြောခဲ့သည်။ ဆွေးနွေးပွဲ၏ နောက်ဆုံး အပိုင်းအနေဖြင့် သတင်းရ င်းမြစ် များနှင့် ပတ်သက်၍ အသိအမှတ်ပြု စောင့်ထိန်းကာကွယ်ခြင်း၊ သတင်း မီဒီယာများ မှတ်ပုံတင်ခြင်းနှင့် ကွဲ ပြားခြားနားသော သတင်းမီဒီယာ များအကြောင်းတို့ ကို ဆွေးနွေးခဲ့ ပြီး ညနေ ၅ နာရီတွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန် ကြီးဌာနမှ တာဝန်ရှိသူများ၊IMSမှ ပညာရှင်များ၊ ပြည်တွင်းပြည် ပ မှ ဖိတ်ကြားထားသော ပညာရှင် များနှင့် ပြည်တွင်းမီဒီယာများမှ ဖိတ် ကြားခံ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။
ကျော်ရဲလင်း  
Unknown at 2:37 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.