Monday, April 23, 2012
တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး
ဓါတ်ပုံ (Google Images)
ဧပြီ ၂၃ ရက်၊ ၂၀၁၂ ခုနှစ်-YPI
ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၅၉ ဦးအား လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးမြင့်သည့် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြင့် အစားထိုး လဲလှယ်လိုက်ကြောင်း ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယခုအစားထိုးခန့်အပ်လိုက်သူများထ
ဲတွင် ဗိုလ်မှူးချုပ် အဆင့် ၈ ဦး ဗိုလ်မှူးကြီး အဆင့် ၁၄ ဦး နှင့် ဒုဗိုလ်မှူးကြီး အဆင့် ၃၇ ဦးတို့ ပါဝင်သည်ကိုတွေ့ရကာ လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထက် ရာထူးမြင့်မားသူ ဆယ်ဂဏန်းနှင့်ချီ ပါဝင်လာခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်ထိ တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၁ ဦးသာရှိနေခဲ့ရာမှ ယခု ၈ဦးထပ်မံ ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့မှ အမည်မဖေါ်လိုသည့် တပ်မတော်သား ကိုယ်စားလှယ်တဦးက ပြောဆိုရာတွင် အစားထိုးခံရသည့် တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် အပတ်စဉ် ၄၃ ဆင်း ဗိုလ်မှူးအဆင့်ထိ ပါဝင်ကြောင်း၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်ထဲ ၀င်လာတော့မည့် အချက်နှင့် ယခုအစားထိုးလဲလှယ်သည့် အဖြစ်အပျက် ဆက်စပ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောဆိုသည်။
၎င်းတပ်မတော်သား ကိုယ်စားလှယ်များအား ယခုလွှတ်တော် ပြန်လည် မစတင်မီ ၄ ရက်အလို ကတည်းက နေပြည်တော်သို့ ရောက်ရှိနေရန် ညွှန်ကြားခဲ့ကြောင်းလည်း ပြောဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်စရာ မလိုပဲ ခန့်အပ်ခွင့်ရှိသည်ဟု ဖေါ်ပြထားသည်။
ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်တပ်အစိုးရ၏ ဖိနှိပ်မှုခံခဲ့ရသည့် အန်အယ်လ်ဒီပါတီက ယခုလဆန်းတွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲ ပါဝင်လာတော့မည် ဖြစ်သည်။
သို့သော် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်မည့် စာသားတွင် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသည့်စာသားကို ပြင်ဆင်ပေးရန် အန်အယ်လ်ဒီပါတီမှ တင်ပြထားရာ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ပြန်လည်စတင်မည့် လွှတ်တော်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ။
Yangon Press International (YPI)
Unknown at 12:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
NLD ကလွှတ်တော်ကိုယ်စားလှယ်တွေပြည်သူလူထုကိုစော်ကား လိုက်ပြီ ဆိုဘဲ..
မနက်ဖန်ကျင်းပမယ့်လွှတ်တော်အစည်းအဝေးကိုပြည်သူလူထုမှယုံကြည်မိတဲ့NLD ကိုယ်စားလှယ်
တွေမတက်ဘူးလို့ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။ထိုလုပ်ရပ်ဟာပြည်သူလူထုကိုအစီအစဉ်ကျ
ကျစော်ကားလိုက်တာဖြ စ်တယ်လို့ပြည်သူတစ်ဦးမှပြောကြားလိုက်ပါတယ်။" ပြည်သူလူထုကယုံ
ကြည်လို့မဲပေးခဲ့တာကိုမှမထောက်ရွေးကောက်ပွဲနိုင်တော့လည်းလွှတ်တော်ကိုမတက်ဘူး၊ကဂျီက
ကြောင်ကျနေကြတယ်။ကျွန်တော်တို့ကNLD ကိုမဲထည့်ခဲ့တာခုလိုအတိုက်အခံလုပ်နေဖို့မဟုတ်ဘူး၊
လွှတ်တော်ဝင်ရောက်ပြီးတိုင်းပြည်တိုးတက်ဖို့တစ်တပ်တအားပါဝင်ဆောင်၇ွက်နိုင်မယ်ထင်လို့ပါ၊ခု
တော့ပြည်သူတွေပေးတဲ့မဲ၊ပြည်သူတွေကလက်နဲ့ရေးခဲ့တာကိုသူတို့ကခြေနဲ့ဖျက်နေပြီ။အရွေးမှားခဲ့
တယ်ဗျာ၊သူတို့ပြည်သူတွေကိုအစီအစဉ်ကျကျစော်ကားသွားတာ"
ဟု ကော့မှူးမြို့နယ်မှပြည်သူတစ်
ဦးပြောပြသွားပါတယ်။
မန္တလေးဒေသခံတစ်ဦးမှလည်း " မဲပေးတုံးကတော့ယုံကြည်ခဲ့မိလို့ပါ၊ရုပ်ရှင်သရုပ်ဆောင်တွေက
တောင်ခုလိုကြော်ငြာတွေလုပ်ပေးနေတော့ယုံလိုက်မိတာပေါ့ဗျာ။ခုလုပ်နေတာအရေးမပါဘူး၊(၉၀)
ရွေးကောက်ပွဲနိုင်တယ်တက်လို့မရလို့သူတို့ပဲအော်တာ၊ခုတက်ခွင့်ရအောင်ပြည်သူတွေကထပ်လုပ်
ပေးခဲ့တယ်၊စော်ကားတယ်ဗျာ၊ဘာပြည်သူကိုချစ်တာလည်းဗျ၊နည်းနည်းလေးအခွင့်အရေးရလာတာ
နဲ့အ၇င်ဆုံးပြည်သူကိုစ စော်ကားတာ၊ပြည်သူလူထုကအစိုးရကိုပြန်ခိုင်းချင်ရင်သူတို့ပါတီကိုမဲပေးလို့
ပြောခဲ့တာ၊ခုပေးခဲ့တယ်၊ပြည်သူတွေကခိုင်းတာတောင်မဟုတ်ဘူး၊ တောင်းဆိုတာ၊အဲဒါကိုတောင်
ဂရုမစိုက်အလေးမထားဖင်လှန်ပြသွားတာ၊ဘာမှမဟုတ်တဲ့ကိစ္စလေဗျာ၊ဒီကိစ္စလေးကိုရေးကြီးခွင်
ကျယ်လုပ်ပြီးနေတာ သတ်ပစ်ဖို့သာကောင်းတော့တယ်
"ဟု မန္တလေးဈေးချိုမှ ကိုသာဦးဆိုသူပြောပြ
သွားပါတယ်။NLD ပါတီသည်ပြည်သူလူထုကိုအလေးမထားပဲအခွင့်အာဏာရမယ်မကျံသေးဘူး၊လုပ်
ချင်ရာလုပ်၊မရောင်ရာဆီးလူးနေကြပါသည်။၎င်းကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့နေတက်ကြွလှုပ်ရှား
သူများမှ NLD လွှတ်တော်အမြန်တက်ရေးဆန္ဒပြကြမယ်လို့လည်းသိရပါတယ်။ဆန္ဒပြမယ့်နေ့နှင့်အ
ချိန်ကိုတော့တိုင်ပင်နေကြပြီးလောလောဆယ်ဆန္ဒပြမည့်လူမှာ (၅၀)ဦးခန့်ပင်ရှိနေပြီးအတူပါဝင်လို
ပါကလည်းဖိတ်ခေါ်ကြောင်းလက်ကမ်းစာစောင်များဖြင့်ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရပါတယ်။
သဘာဝမြေ
Unknown at 11:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာလူငယ်ကို အာရှပစိဖိတ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို
နိုင်ငံတကာ ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ် ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ကျော် ကာလအတွင်းမှာ မြန်မာလူငယ် တယောက်အနေနဲ့ ဒီတာဝန်ကို ပြန်လည်ခန့်အပ် ခံခဲ့ရတာဖြစ်ပါတယ်။ ၁၉၅၀ လွန်ကာလများကတော့ ဆိုရှယ်လစ်ပါတီက လူငယ်ခေါင်းဆောင်တဦးက ဒီတာဝန်ကို လက်ခံခဲ့ဖူးတယ်လို့ သိရှိရပြီး နော်မေဘယ်ထူးကတော့ ဒုတိယမြောက် မြန်မာလူငယ် ဖြစ်ပါတယ်။
တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio’n အော်ဆွန်စီယမ်မှာ ဧပြီလ (၂၀) ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာမြန်မာလူငယ်တွေရဲ့ ဦးဆောင်မှုအရည်အချင်းနဲ့ ပတ်သက်လို့ ကမ္ဘာက အသိအမှတ်ပြုမှု တခု ဖြစ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။
“ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့ အနေနဲ့၊ နောက်တခါ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကလည်း ဒီနိုင်ငံတကာ ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်မှာ ကျနော်တို့ လူငယ်အဖွဲ့အစည်း တရပ်အနေနဲ့ အဖွဲ့ဝင်ဖြစ်ထားတာကြာပါပြီ၊ အဲဒီတော့ ဒီအပေါ်မှာ ကျနော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ရုန်းကန်လှုပ်ရှားမှုတွေ အပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ ဗမာလူငယ်တွေဟာ ဒီလိုတာဝန်မျိုးကို ထမ်းဆောင်နိုင်ပါတယ်ဆိုတာ ယုံကြည်လို့ ပေးတာလည်းဖြစ်ပါတယ်။”
အခုကျင်းပနေတဲ့ ညီလာခံမှာ ဖိလစ်ပိုင်နိုင်ငံက Akbaryan ပါတီကလည်း နော်မေဘယ်ထူးကို အမည်စာရင်း တင်သွင်းသူတွေထဲမှာ ပါဝင်ပါတယ်။ ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော်က လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာဖြစ်ပြီး မနက်ဖြန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံတကာ ဆိုရှယ်လစ်လူငယ် အဖွဲ့ချုပ်ဟာ ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံ အဖွဲ့အစည်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀) ကျော်ပြီ ဖြစ်ပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို မြန်မာပြည် ဒီမိုကရေစီရေး တောင်းဆိုအုံကြွမှုအပြီး လူငယ်ကျောင်းသားများက ဦးဆောင်ပြီး ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လူ့ဘောင်သစ် လူငယ်အဖွဲ့ကိုတော့ ၂၀၀၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
ထိုင်းမြန်မာ နယ်စပ် မယ်လဦး ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်း လာခဲ့သူ တဦးဖြစ်တဲ့ နော်မေဘယ်ထူးကို လူ့ဘောင်သစ် လူငယ်ဥက္ကဋ္ဌ အဖြစ် ပြီးခဲ့နှစ် လူငယ်ညီလာခံကနေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
RFA
Unknown at 11:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကြာမီကဖြစ်ပေါ်ခဲ့သော ဘာသာရေး အငြင်းပွါးမှု အခြေခံ သော ပဋိပက္ခ များနဲ့ပတ်သက်ပြီးကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။
အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံ ဖားကန့် မြို့ နယ် စိန်တူကျေးရွာ ရှိစိုင်းတော်ဗလီ ဧပြီလ ၁၃ ရက်နေ့ တွင် ဖျက်ဆီးခံရတဲ့ကိစ္စ၊ အဲဒီနေ့ မှာပဲ မကွေးတိုင်း ကံမ္မမြို့ နယ်မှာ ဗလီနဲ့  စတိုးဆိုင်များ ဖျက်ဆီးခံရတဲ့ ကိစ္စ
စတဲ့အမှု ကိစ္စများအားလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ဆရာတော်၊ သံဃာတော်များ၊ သောတုဇန များရဲ့ လုံ့လ ပယောဂ ပါရှိခြင်း မရှိကြောင်း ထုတ်ဖေါ် ထားပါတယ်။
ဧပြီလ ၂၀ ၇က်နေ့ နေ့ စွဲ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် အရှင် ပဏ္ဍဝံသ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီိ လုပ်ရပ်တွေဟာ ဆူပူမှု သက်သက် သာဖြစ်လို့ ရဟန်းသံဃာများအနေနဲ့ လက်ခံခြင်းမရှိ သလို ဥပဒေချိုးဖေါက်မှု ဖြစ်တဲ့အတွက်လည်း ကန့် ကွက်ပါကြောင်းဖေါ်ပြပါရှိပါတယ်။
RFA
သစ်ထူးလွင်
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာနိုင်ငံ အပူရှိန်မြင့်၍ လူသေဆုံးမူများပြား
မြန်မာနိုင်ငံတွင် စံချိန်တင် အပူရှိန်များမြင့်တက်နေမှုများဖြစ်ကာ သက်ကြီးရွယ်အိုများနှင့် အရက်သေစာ သုံးစွဲသူများ အပူဒဏ်ကြောင့် သေဆုံးမှုများရှိနေကြောင်းစုံစမ်းသိရှိရသည်။
၂၀၁၀ ပြည့်နှစ်က အပူရှိန်မြင့်၍ သေဆုံးသူတဦး၏ ရုပ်အလောင်းကို ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ခါနီး မြင်ရစဉ် (ဓာတ်ပုံ- AP)
အပူဒဏ်ခံနေရသော မကွေးတိုင်း၊ ရေနံချောင်းမြို့ပေါ်တွင် ယခုလအတွင်း သေဆုံးသူ ၃၀ ကျော်ရှိကြောင်း သေဆုံး ရုပ်အလောင်း များကို အခမဲ့ မီးသင်္ဂြိုဟ်ပေးနေသော မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း က ဧရာဝတီကို ပြောသည်။
မကွေးမြို့တွင် ယခုလ ၁၆ ရက်နေ့က အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် ရှိကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထားသည်။
“သေတဲ့လူအများစုက မူးမူးပြီး လဲသေသွားတာ။ သက်ကြီးရွယ်အိုတွေနဲ့ အရက် သမားတွေ များတယ်။ ဒါတောင် ကျနော်တို့ ဒီ နာရေးကူညီမှုအသင်းက သိတဲ့ မြို့ပေါ်က စာရင်းပဲရှိသေးတယ်။ သူတို့အစီအစဉ်နဲ့ သင်္ဂြိုဟ်တဲ့လူတွေ၊ နယ်တွေ အခြေအနေ တွေတော့ မသိဘူး”ဟု မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးချစ်ညီညီ က ဧရာဝတီကိုပြောသည်။
နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့ နှင့်အတူ ညောင်ဦးမြို့တွင်လည်း ၄၃ ဒီဂရီစင်တီဂရိတ်၊ မင်းဘူးမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်ထိ အပူရှိန်မြင့်တက်ခဲ့ကြောင်းနှင့် ချောက်မြို့ တွင် ဧပြီလထဲ၌ ၂၈ နှစ် အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၆ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဖေါ်ပြထားသည်။
ချောက်မြို့နှင့် မင်းဘူးမြို့တို့တွင် သက်ကြီးရွယ်အိုများ သေဆုံးမှုရှိသော်လည်း ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ များပြားမှုမရှိကြောင်း၊ သို့သော်လည်း အပူဒဏ်ကြောင့် နေလယ်ပိုင်းများတွင် အိမ်တွင်း၌သာ နေထိုင်ကြရကြောင်း မြို့ပေါ်ရှိ နာရေးကူညီမှုအသင်းများနှင့် မြို့ခံများက ပြောသည်။
“ကျုပ်တို့ဘက်က အပူပိုင်း ကုန်းပိုင်းဒေသဆိုတော့ဗျာ။ တော်ရုံပူတာတောင် တအားပူတာဗျ။ နေ့ခင်းပိုင်းတွေဆိုရင် မီးလောင် နေ တဲ့ နေရာကိုဖြတ်သွားနေရသလိုပဲ နေကအတော့ကိုပြင်းတာ။ မခံနိုင်ဘူး။ ဟိုနားဒီနားတောင် မသွားနိုင်ဘူးလေ။ အလုပ်တွေ တော့ ပျက်တာပေါ့ဗျာ။ နေ့လယ် နေ့ခင်းဆိုရင် မြို့ပေါ်လမ်းတွေမှာလူသွားလူလာ မရှိသလောက်ဘဲ”ဟု ချောက်မြို့ခံ ဦးဝင်းနိုင် က ဧရာဝတီကို ပြောသည်။
၂ဝ၁ဝ ပြည့်နှစ် မေလပိုင်းတွင် စံချိန်တင်အပူရှိန်မြင့်မှုကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ခဲ့ရပြီး သုသာန်များတွင်လည်း အပူရှိန်ကြောင့် သေဆုံးသူအများအပြားကို သင်္ဂြိုဟ် ပေးခဲ့ရသည်များပင် ရှိခဲ့သည်။
ယခုကဲ့သို့ အပူရှိန်မြင့်တက်မှုများဖြစ်ပေါ်နေခြင်းသည် နွေရာသီကာလ အရ ပုံမှန်ဖြစ်နေသော်လည်း မိုးတိမ်တောင်များ ဖြစ်ပေါ်မှုအားနည်းခြင်း၊ မိုးရွာမှုမရှိခြင်းတို့ကြောင့် အပူရှိန်ပိုမိုပြင်းထန်ပြီး မကြာမီရက်ပိုင်းအတွင် မိုးရွာလာနိုင်ကြောင်း၊ အကယ်၍ မိုးရွာခြင်း မရှိပါက အပူရှိန် ပိုမိုပြင်းထန်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင် က ခန့်မှန်းပြောဆိုသည်။
“ဒီတနင်္ဂနွေ တနင်္လာလောက်မှာ မိုးရွာလာနိုင်မယ်လို့ခန့်မှန်းရတယ်။ တကယ်လို့သာ မှန်းဆတဲ့အတိုင်းဖြစ်မလာခဲ့ဘူး ဆိုရင်တော့ နေအပူရှိန်က တော်တော်လေးကို သတိထားရပါလိမ့်မယ်။ လောလောဆယ်တောင် တော်တော်မြင့်နေပြီ”ဟု ဦးထွန်းလွင် က ပြော သည်။
မြန်မာနိုင်ငံတွင် လတ်တလော အပူရှိန်မြင့်တက်နေသဖြင့် နေ့လယ်ပိုင်း နေပူချိန်အပြင်ထွက်သူများကို ခန္ဓာကိုယ်အား နေရောင်ခြည် အကာအကွယ်ပေးနိုင်သော အင်းင်္ကျီလက်ရှည်၊ ထီး၊ နေကာမျက်မှန်တို့ကို အသုံးပြုရန်၊ နေပူထဲတွင် အချိန်ကြာမြင့်စွာ နေ ထိုင် ခြင်းများမပြုရန် ဦးထွန်းလွင်က သတိပေးပြောဆိုသည်။
ဧပြီ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် လာမည့် ၁၀ ရက်အတွင်း ပျမ်းမျှအပူချိန် ထက် ပိုဦးမည်ဖြစ်ကြောင်း နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးစာ ထည့်သွင်းထုတ်ပြန်ထားသည်။
 Myanmar Express
Unknown at 9:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် စာရင်းဝင် ၅ ဦး
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦးအား အဆိုပြုခဲ့ပါသည်။ ဧပြီလ ၁၆ ရက်နေ့တွင် ယင်းတို့အနက်  ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။
ထိုပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းနှင့် ပြည်ပနိုင်ငံများရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များနေထိုင်ရာ မြို့အသီးသီးက ဧပြီလ ၂၂ ရက် ရက်နေ့တွင် ရွေးချယ်ခဲ့ကြပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
၂။ လဖိုင်နော်မိန်း
၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၎။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ
၅။ ဒေါ်သန်းမြင့်အောင်
ပြည်သူ့ဂုဏ်ရည်ဆုအတွက် အင်တာနက်မှ ဆန္ဒပြု ရွေးချယ်ခြင်းမပြုမီ ဆန္ဒပြုကြမည့် ပြည်တွင်းပြည်ပရှိ မိသားစုအသိုင်းအဝိုင်းများအနေဖြင့် ဆန်ခါတင်စာရင်းဝင် ၅ ဦး/ဖွဲ့၏ လုပ်ဆောင်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်ရန်အတွက် ဆန္ဒမဲ စတင်ပေးရမည့်နေ့ကို ယခင် စီစဉ်သတ်မှတ်ထားသော ‘နောက်ဆုံးဆန်ခါတင် ငါးဦး/ဖွဲ့ကို သတ်မှတ်ကြေညာပြီးချိန်မှ ခုနစ်ရက်အတွင်း’ အစား မေလ ၁၂ ရက်သို့ ပြောင်းရွှေ့လိုက်ပါသည်။
သို့ပါ၍ အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းစံတော်ချိန် မေလ ၁၁ ရက် (သောကြာနေ့) ည ၁၂ နာရီ မှ မေလ ၂၅ ရက် (သောကြာနေ့) ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပါသည်။
ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၂၇ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။     ။
တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
Unknown at 9:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဧပြီလနောက်ဆုံးပတ် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်
 နေ့အပူချိန် မြင့်တက်မှု ခံစားနေရသော မြန်မာနိုင်ငံတွင် ဧပြီလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ်လာဖွယ်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က မတ်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။ မိုးကြိုကာလဖြစ်သော ဧပြီလ ၁၅ ရက်မှ မေလကုန်အထိ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုန်တိုင်းတစ်လုံး ဖြစ်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်ဖွယ်မရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သုံးသပ်သည်။ ဧပြီ ၂၀ နှင့်၂၁ ရက်နေ့တို့တွင် မိုးတိမ်ဖြစ်ထွန်းခြင်း မရှိပါက နေ့အပူချိများ မြင့်တက်နိုင်ပြီး ရန်ကုန်မြို့တော်တွင် အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ၄၃ ဒီဂရီစင်တီဂရိတ် ၀န်းကျင်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာဖွယ်ရှိကြောင်း ဦးထွန်းလွင်က ထပ်မံပြောကြားခဲ့ကြောင်း သိရှိရသည်။
 Myanmar Express
Unknown at 8:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
We Generationလူမှုရေးအဖွဲ့ အား ဘုရားသန့်ရှင်းရေး မလုပ်ရန်တားမြစ်
လှိုင်သာယာမြို့နယ်၊အောင်မြေသာယာဘုရားဂေါပကအတွင်းရေးမှူး၊ပြည်ခိုင်ဖြိုး
ပါတီဝင်ဖြစ်သူမှဘုရားသန်းရှင်းရေးလုပ်ကိ
ုင်နေသော We Generationလူမှုရေးအဖွဲ့ 
အား ၄င်းအဖွဲ့၏တူညီဝတ်စုံအားဝတ်ဆင်ြ
ပီးဘုရားသန့်ရှင်းရေး မလုပ်ရန်နှင့်
၎င်းအဖွဲ့ အမည် We Generationအားပြောင်းလဲရန်တာြး
မစ်ဟန့်တားခဲ့ကြောင်း
သိရပါသည်။
အခြားသောဂေါပကအဖွဲဝင် လူကြီးများနှင့်မြို့ခံလူထုက အောင်မြေသာယာဘုရား 
အား We Generation အဖွဲ့မှ ထိုသို့သန့်ရှင်းရေး လုပ်ဆောင်ခြင်း အလွန်သဘော 
ကျနှစ်ခြိုက်သော်လည်း အဆိုပါပြည်ခိုင်ဖြိုးပါတီဝင်ဘု
ရား ဂေါပကအတွင်းရေးမှူး 
တစ်ဦးတည်းကသာ ဟန့်တားနှောက်ယှက်ခဲ့ကြောင်းသိ
ရပါသည်။
အဆိုပါ We Generation အဖွဲ့အား ဗကသ ကျောင်းသားခေါင်းဆောင် 
ကိုနန္ဒာ
စစ်အောင်နှင့်လှိုင်သာယာမြို့ခံလူငယ်များမှ သာရေး၊နာရေး၊ လူမှုရေး 
လုပ်ငန်းများလုပ်ဆောင်
ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
We Generation အဖွဲ့မှ လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာဘုရားတွင်
နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ တနင်္ဂနွေနေ့တိုင်း ဘုရားသန့်ရှင်းရေးနှင့်
ရောင်တော်ဖွင့်ခြင်းကုသိုလ်ပြု
လုပ်ကိုင်ခြင်းဖြစ်သည်။
န်သည် နိုင်ငံတော် သမ္မတကိုယ်တိုင် အရပ်ဖက်လူအဖွဲ့အစည်းများ
 ပေါ်ပေါ
က်လာရန် အတိအလင်းအားပေး နေချိန်ဖြစ်ပြီး ၊မြို့ခံလူထုက လူငယ်များ၏
သာသနာရေးလုပ်ရပ်အားကြည်နူးပီတြိ
ဖစ်နေချိန်တွင် အဆိုပါပြည်ခိုင်ဖြိုး
ပါတီဝင်သည် သာသနာအရေခြုံကာ ထိုသို့ဟန့်တား
ခြင်းမှာမသင့်တော်သောလုပ်ရပ်ြ
ဖစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့်
သာသနာရေးဝန်ကြီးဌာနအနေနှင့် အထက်ပါ ပါတီဝင်ကာဘာသာရေးခုတုံးလုပ်နေ
သူ
အားထိရောက်စွာအရေးယူသင့်သည်ဟု We Generation အဖွဲ့မှ ပြောကြားပါသည်။
 Myanmar News Now
Unknown at 8:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.