Monday, April 23, 2012

ဧပြီလနောက်ဆုံးပတ် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်





 နေ့အပူချိန် မြင့်တက်မှု ခံစားနေရသော မြန်မာနိုင်ငံတွင် ဧပြီလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ်လာဖွယ်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က မတ်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။ မိုးကြိုကာလဖြစ်သော ဧပြီလ ၁၅ ရက်မှ မေလကုန်အထိ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုန်တိုင်းတစ်လုံး ဖြစ်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်ဖွယ်မရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သုံးသပ်သည်။ ဧပြီ ၂၀ နှင့်၂၁ ရက်နေ့တို့တွင် မိုးတိမ်ဖြစ်ထွန်းခြင်း မရှိပါက နေ့အပူချိများ မြင့်တက်နိုင်ပြီး ရန်ကုန်မြို့တော်တွင် အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ၄၃ ဒီဂရီစင်တီဂရိတ် ၀န်းကျင်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာဖွယ်ရှိကြောင်း ဦးထွန်းလွင်က ထပ်မံပြောကြားခဲ့ကြောင်း သိရှိရသည်။


 Myanmar Express
Unknown at 8:38 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.