Monday, April 23, 2012

ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကြာမီကဖြစ်ပေါ်ခဲ့သော ဘာသာရေး အငြင်းပွါးမှု အခြေခံ သော ပဋိပက္ခ များနဲ့ပတ်သက်ပြီးကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံ ဖားကန့် မြို့ နယ် စိန်တူကျေးရွာ ရှိစိုင်းတော်ဗလီ ဧပြီလ ၁၃ ရက်နေ့ တွင် ဖျက်ဆီးခံရတဲ့ကိစ္စ၊ အဲဒီနေ့ မှာပဲ မကွေးတိုင်း ကံမ္မမြို့ နယ်မှာ ဗလီနဲ့  စတိုးဆိုင်များ ဖျက်ဆီးခံရတဲ့ ကိစ္စ
စတဲ့အမှု ကိစ္စများအားလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ဆရာတော်၊ သံဃာတော်များ၊ သောတုဇန များရဲ့ လုံ့လ ပယောဂ ပါရှိခြင်း မရှိကြောင်း ထုတ်ဖေါ် ထားပါတယ်။

ဧပြီလ ၂၀ ၇က်နေ့ နေ့ စွဲ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် အရှင် ပဏ္ဍဝံသ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီိ လုပ်ရပ်တွေဟာ ဆူပူမှု သက်သက် သာဖြစ်လို့ ရဟန်းသံဃာများအနေနဲ့ လက်ခံခြင်းမရှိ သလို ဥပဒေချိုးဖေါက်မှု ဖြစ်တဲ့အတွက်လည်း ကန့် ကွက်ပါကြောင်းဖေါ်ပြပါရှိပါတယ်။


RFA
 

သစ်ထူးလွင်
Unknown at 10:11 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.