
မြန်မာနိုင်ငံတွင် စံချိန်တင် အပူရှိန်များမြင့်တက်နေမှုမျ
၂၀၁၀ ပြည့်နှစ်က အပူရှိန်မြင့်၍ သေဆုံးသူတဦး၏ ရုပ်အလောင်းကို ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ခါနီး မြင်ရစဉ် (ဓာတ်ပုံ- AP)
အပူဒဏ်ခံနေရသော မကွေးတိုင်း၊ ရေနံချောင်းမြို့ပေါ်တွင် ယခုလအတွင်း သေဆုံးသူ ၃၀ ကျော်ရှိကြောင်း သေဆုံး ရုပ်အလောင်း များကို အခမဲ့ မီးသင်္ဂြိုဟ်ပေးနေသော မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း က ဧရာဝတီကို ပြောသည်။
မကွေးမြို့တွင် ယခုလ ၁၆ ရက်နေ့က အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် ရှိကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထားသည်။
“သေတဲ့လူအများစုက မူးမူးပြီး လဲသေသွားတာ။ သက်ကြီးရွယ်အိုတွေနဲ့ အရက် သမားတွေ များတယ်။ ဒါတောင် ကျနော်တို့ ဒီ နာရေးကူညီမှုအသင်းက သိတဲ့ မြို့ပေါ်က စာရင်းပဲရှိသေးတယ်။ သူတို့အစီအစဉ်နဲ့ သင်္ဂြိုဟ်တဲ့လူတွေ၊ နယ်တွေ အခြေအနေ တွေတော့ မသိဘူး”ဟု မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးချစ်ညီညီ က ဧရာဝတီကိုပြောသည်။
နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့ နှင့်အတူ ညောင်ဦးမြို့တွင်လည်း ၄၃ ဒီဂရီစင်တီဂရိတ်၊ မင်းဘူးမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်ထိ အပူရှိန်မြင့်တက်ခဲ့ကြောင်း
ချောက်မြို့နှင့် မင်းဘူးမြို့တို့တွင် သက်ကြီးရွယ်အိုများ သေဆုံးမှုရှိသော်လည်း ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ များပြားမှုမရှိကြောင်း၊ သို့သော်လည်း အပူဒဏ်ကြောင့် နေလယ်ပိုင်းများတွင် အိမ်တွင်း၌သာ နေထိုင်ကြရကြောင်း မြို့ပေါ်ရှိ နာရေးကူညီမှုအသင်းများနှင့် မြို့ခံများက ပြောသည်။
“ကျုပ်တို့ဘက်က အပူပိုင်း ကုန်းပိုင်းဒေသဆိုတော့ဗျာ။ တော်ရုံပူတာတောင် တအားပူတာဗျ။ နေ့ခင်းပိုင်းတွေဆိုရင် မီးလောင် နေ တဲ့ နေရာကိုဖြတ်သွားနေရသလိုပဲ နေကအတော့ကိုပြင်းတာ။ မခံနိုင်ဘူး။ ဟိုနားဒီနားတောင် မသွားနိုင်ဘူးလေ။ အလုပ်တွေ တော့ ပျက်တာပေါ့ဗျာ။ နေ့လယ် နေ့ခင်းဆိုရင် မြို့ပေါ်လမ်းတွေမှာလူသွားလူ
၂ဝ၁ဝ ပြည့်နှစ် မေလပိုင်းတွင် စံချိန်တင်အပူရှိန်မြင့်မှုေ
ယခုကဲ့သို့ အပူရှိန်မြင့်တက်မှုများဖြစ်
“ဒီတနင်္ဂနွေ တနင်္လာလောက်မှာ မိုးရွာလာနိုင်မယ်လို့ခန့်မ
မြန်မာနိုင်ငံတွင် လတ်တလော အပူရှိန်မြင့်တက်နေသဖြင့် နေ့လယ်ပိုင်း နေပူချိန်အပြင်ထွက်သူများကိ
ဧပြီ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် လာမည့် ၁၀ ရက်အတွင်း ပျမ်းမျှအပူချိန် ထက် ပိုဦးမည်ဖြစ်ကြောင်း နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးစာ ထည့်သွင်းထုတ်ပြန်ထားသည်။
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge