Monday, March 19, 2012
NLD သတင်းထုတ်ပြန်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ (၁၆) ရက်နဲ့ (၁၉)ရက် နေ့စွဲများနဲ့ မဲစာရင်းမှားယွင်းမှု များနှင့် ရွေးကောက်ပွဲဆိုင်ရာ မတရားသောလုပ်ဆောင်မှုများအကြောင်း သတင်းထုတ်ပြန်လိုက်ပါ တယ်။
Unknown at 10:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Voice ပြဿနာအဖြေရှာ
ဒီအပတ်ထုတ် Voice ဂျာနယ်မှာ ၀န်ကြီးဌာန အချို့က ငွေအလွဲသုံးစား လုပ်မှုတွေဆိုတဲ့ သတင်းပါလာတော့ အတော်လေး ဂယက် ရိုက်သွားပါတယ်။ အစိုးရ သတင်းစာတွေမှာ သတ္တုတွင်း ၀န်ကြီးဌာနက သတင်းမှားတဲ့ အတွက် ဂျာနယ်ကို ဥပဒေအရ ဆောင်ရွက်မယ်လို့ ဖော်ပြလိုက်တဲ့အခါ ဂယက်က ပိုကြီးလာပါတယ်။ ရေးဖော်လည်းဖြစ်၊ ပရိသတ်လည်း ဖြစ်တဲ့ ကိုစစ်အောင်က ဒီအကြောင်းကို ကျင့်ဝတ်အရ သုံးသပ် ရေးစမ်းပါ ဆိုပြီး တိုက်တွန်း လာပါတယ်။ ဒါ့ကြောင့်လည်း ဒီကိစ္စအပေါ် လေ့လာ မိသလောက် ရေးပြချင်ပါတယ်။
ပထမဆုံး ပြောချင်တာက ကျွန်တော့် အနေနဲ့ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာကို ပြောမှာ မဟုတ်ပါဘူး။ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဥပဒေအရ လက်လှမ်း မီသလောက် လေ့လာ တင်ပြခြင်းသာ ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ 
ဒီပြဿနာမှာ အဓိက စဉ်းစားရမယ့် အချက်နှစ်ခု ရှိပါတယ်။
ပထမအချက်က သတင်း အရင်းအမြစ် ဖြစ်ပါတယ်။ Voice ဂျာနယ်က ဒီသတင်းကို ရေးတဲ့အခါ စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါတယ်ဆိုပြီး ကိုးကား ထားပါတယ်။ ဒါပေမယ့် သတင်းရေးတဲ့ သတင်းထောက် ဒါမှမဟုတ် အယ်ဒီတာ ကိုယ်တိုင်က ဒီအစီရင်ခံစာကို ဖတ်ရသလား၊ ဒါမှမဟုတ် အဲဒီ အစီရင်ခံစာကို ဖတ်ရတဲ့ ဒါမှမဟုတ် အဲဒီ အစီရင်ခံစာ အကြောင်းကြားရတဲ့ လွှတ်တော် အမတ် တစ်ဦးက ပြောတာကို ကိုးကားတာလား ဆိုတဲ့ အချက်ကို တိတိ ပပ ပြောမထားဘူး။ ဒါပေမယ့် ရေးထားတဲ့ အရေး အသားကို ကြည့်ရတာကတော့ လွှတ်တော် အမတ်ရဲ့ ပြောကြားချက်ကိုပဲ တဆင့် ကိုးကား ထားတဲ့ပုံ ပေါက်နေပါတယ်။ 
ဒုတိယ အချက်က အဲဒီ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာမှာ သတ္တုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်ပြီး ဘယ်လို ဖော်ပြထားသလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ သတင်းထောက် အနေနဲ့ အစီရင်ခံစာကို ကိုယ်တိုင် ဖတ်ရတယ် ဆိုရင်တောင် သူ့ရဲ့ ပြန်လည် ရေးသားချက်ဟာ အစီရင်ခံစာမှာ ပါတဲ့ ဆိုလိုရင်းနဲ့ ကွဲလွဲမှုမရှိဖို့ လိုပါတယ်။ အခု သတင်းမှာ ကျန်တဲ့ ၀န်ကြီး ဌာနတွေရဲ့ ကိစ္စကို ရေးတဲ့အခါမှာ ငွေကြေး အလွဲသုံးစား လုပ်မှု ပီပြင်တဲ့ သဘော တွေ့ရပေမယ့် သတ္တုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်ရင် ဦးပိုင်က ပေးရမယ့်ငွေကို ပြည်ပ ကုမ္ပဏီတစ်ခုက ဦးပိုင် ကိုယ်စား ပေးခဲ့တာကိုပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ လေ့လာမိ သလောက်ပြောရရင် စာရင်းစစ်ရုံးက စစ်တဲ့အခါ ယျေဘူယျအားဖြင့် နှစ်မျိုး ရှိပါတယ်။ တစ်ခုကတော့ အလွဲသုံးစား လုပ်တာပေါ့ဗျာ၊ ဒါကတော့ ရှင်းတယ်၊ နိုင်ငံတော်က ရရမယ့်ငွေကို ဖြတ်စားတာမျိုးပေါ့။ နောက်တစ်မျိုးက လုပ်ထုံး လုပ်နည်း မှားတာ။ ဒါက ရတဲ့ငွေကို သွင်းရမယ့် ခေါင်းစဉ်အောက်ကို မသွင်းပဲထား တစ်ခြား ငွေစာရင်းမှာသွင်းတာ၊ ဒါမှမဟုတ် ငွေသုံးတဲ့ အခါ မဆိုင်တဲ့ ငွေစာရင်း အောက်က ယူသုံးတာမျိုး ဖြစ်ပါတယ်။ အခု သတင်းမှာ သတ္တုတွင်း ကိစ္စကို အလွဲသုံးစားမှုလို့ ရေးထားတယ်။ ဒါမှမဟုတ် ငွေကြေး အလွဲသုံးစားမှု ဖြစ်တဲ့ ၀န်ကြီးဌာနများနဲ့ ယှဉ်တွဲ ရေးထားတဲ့ အတွက် သတ္တုတွင်း ၀န်ကြီးဌာနက အဖြစ်အပျက်ဟာ ငွေကြေး အလွဲသုံးစား လုပ်မှု ဖြစ်တယ် ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။ တကယ်လို့ အစီရင်ခံစာမှာက လုပ်ထုံး လုပ်နည်း မှားတယ်လို့ ရေးထားတယ် ဆိုရင်တော့ Voice သတင်းက မှားနေတယ်လို့ ဆိုရမှာ ပါ။ 
ဒါ့ကြောင့် Voice အနေနဲ့ သူတို့ သတင်းဟာ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာပါ အတိုင်း ဖြစ်တယ် ဆိုတာ တရားရုံးမှာ သက်သေပြဖို့ လိုတယ် ဆိုတာတော့ မြင်သာပါတယ်။ ဒီနေရာမှာ Voice ဘက်က ကာကွယ် ပြောဆိုနေတဲ့ စာနယ်ဇင်း သမားတစ်ချို့က ဒီသတင်း ရေးတာဟာ စာနယ်ဇင်း ကျင့်ဝတ် အတိုင်း လုပ်တာဘဲ ဆိုပြီး ပြောတာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာမှာ အများက လက်ခံထားတဲ့ စာနယ်ဇင်း ကျင့်ဝတ်များက ဘယ်လို ရှိသလဲ ဆိုတာလေး ကြည့်ရ အောင်။ 
သတင်းသမား တစ်ယောက်ဟာ သတင်းမှန်ကို ပေးဖို့ တာဝန် ရှိတဲ့ အကြောင်းကို British National Union of Journalists (NUJ) က ပြဋ္ဌာန်း ထားတဲ့ ကျင့်ဝတ်များမှာ အခုလို ရေးထားပါတယ်။
 သတင်းထောက် တစ်ဦးသည် မိမိ ရေးသားသည့် သတင်းကို မှန်ကန်ပြီး မျှတမှု ရှိအောင် ကြိုးပမ်း ဆောင်ရွက်ရမည်။ တစ်ဦး တစ်ယောက်၏ ထင်မြင်ချက်များ၊ ယူဆချက်များကို အခိုင်အမာ သတင်းကဲ့သို့ ရေးသားမှုမျိုးကို ရှောင်ရှားရမည်။ အချက် အလက်များကို ချန်လှပ်ထားခြင်း၊ သို့မဟုတ် လိုရာ ဆွဲပြီး အသုံးပြုခြင်းကို ရှောင်ရှားရမည်။ 
ဗြိတိန်နိုင်ငံ သတင်းစာနဲ့ ဂျာနယ် ထုတ်ဝေသူများ လိုက်နာရမယ့် ကျင့်ဝတ်  newspaper and periodical industry’s Code of Practice မှာလည်း သတင်း တိကျ မှန်ကန်မှုနဲ့ ပတ်သက်ပြီး အခုလို ရေးထားပါတယ်။ 
စာနယ်ဇင်းများ အနေဖြင့် မှားယွင်းသော၊ အဓိပ္ပါယ် လွဲမှားနိုင်သော၊ လိုရာဆွဲ ပုံဖျက် ရေးသား ထားသော သတင်းများ၊ ဓာတ်ပုံများကို ရေးသား ဖော်ပြခြင်း မပြုရ။ 
နိုင်ငံတကာမှာတော့ သတင်းစာများ၊ သတင်းဌာနများဟာ အဲဒီ စာနယ်ဇင်း ကျင့်ဝတ်တွေကို လိုက်နာနိုင်ဖို့ အတွက် အယ်ဒီတာ စည်းကမ်း Editoral Guidelines များကိုလည်း မိမိ တိုက်အလိုက် သတ်မှတ် ထားပါတယ်။ အသေးစိတ် အချက်အချို့ ကွဲလွဲတာကလွဲရင် ဒီစည်းကမ်းတွေက တူပါတယ်။ အဲဒီ စည်းကမ်းတွေ ထဲမှာ သတင်း မှန်မမှန် စိစစ်ရမယ့် နည်းလမ်း များရှိ တာကိုလည်း တွေ့ရပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာကတော့ Newsroom Integrity Statement ဆိုတာကို ၁၉၉ ၉ နဲ့ ၂၀၀၄ ခုနှစ်တွေမှာ ထုတ်ပြန်ခဲ့ပြီး သတင်းထောက်တွေ အနေနဲ့ သတင်း အချက် အလက်များကို အနည်းဆုံး Source နှစ်ခုဆီကနေ အတည်ပြုဖို့၊ တကယ်လို့ အခြေအနေအရ သတင်း အခြေအမြစ် တစ်ခုဆီကပဲ ရတယ်၊ သို့သော် ယုံကြည် ရတယ်ဆိုရင် အယ်ဒီတာ အဖွဲ့ကို တင်ပြပြီး အတည်ပြုချက် ယူဖို့ စသည်ဖြင့် အသေးစိတ် သတ်မှတ် ထားတာကိုတွေ့ရပါ တယ်။ 
သို့သော် လူဆိုတာ အမှားနဲ့ မကင်းတဲ့အတွက် သတင်းမှားများကို ဖော်ပြ မိတတ်တာပါပဲ။ အဲဒီ အခါမှာလည်း နိုင်ငံတကာ စာနယ်ဇင်း ကျင့်ဝတ်တွေမှာ အရေးကြီးတဲ့ သတင်းတွေမှာ လူတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုက သူနဲ့ပတ်သက် ပြီးရေးတဲ့ သတင်းဟာ မှားနေတယ် လို့ စာပြန် ရေးလာရင် အဲဒါကို သက်ဆိုင်ရာ သတင်းစာ၊ ဂျာနယ်က ထည့်ပြီး ဖော်ပြပေးရမယ် (right of reply) လို့ ဖော်ပြ ထားတာကို တွေ့ရပြီး သက်ဆိုင်ရာ သတင်းစာ ကိုယ်တိုင်က မိမိ သတင်း မှားကြောင်း သိရရင်လည်း တောင်းပန်စာကို ထင်ထင် ရှားရှား ဖော်ပြပေးရမယ်လို့ သတ်မှတ် ထားတာ ကိုလည်း တွေ့ရပါ တယ်။ 
ဒါ့ကြောင့် စာနယ်ဇင်း သမားများ အနေနဲ့ သတင်း လွတ်လပ်စွာ ရေးခွင့်ရှိသလို ကိုယ့်သတင်းမှန်၊ မမှန်စစ်ဖို့လည်း တာဝန် ရှိတယ်။ မှားရင် တောင်းပန် ရမယ် ဆိုတာ ထင်ရှား ပါတယ်။ အပြင်မှာ ဖြေရှင်းလို့ မကျေနပ်ဖူး ဆိုရင်တော့ တရားရုံး တက်ကြပေါ့။  
ဒီနေရာမှာ  အဲဒီလို သတင်းမှားတွေကို တရားစွဲကြ ၊ ကန့်ကွက်ကြ လုပ်နေရင် သတင်း လွတ်လပ်ခွင့်ကို မထိခိုက်ပေးဘူး လားလို့ မေးစရာ ရှိပါတယ်။ အရှင်းဆုံး ပြောရရင်တော့ စာနယ်ဇင်း သမားများဟာလည်း ဥပဒေရဲ့ အောက်မှာရှိတာမို့ ဥပဒေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သို့သော် အသရေ ဖျက်မှုလို စွပ်စွဲချက်မျိုးမှာ ခုခံ ကာကွယ်သူဘက်က အသရေဖျက်မှု မမြောက်ကြောင်း ထုချေနိုင်တဲ့ ကင်းလွတ်ခွင့်တွေ ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ကင်းလွတ်ခွင့် ငါးခု ရှိတယ်လို့ လေ့လာ ဖူးပါတယ်။ စာအုပ်စာတမ်း မရှိလို့ တိတိကျကျ မပြောနိုင်ပါဘူး။ ပုဒ်မ ၅၀၀ နဲ့ ပတ်သက်ပြီး လေ့လာရင် တွေ့နိုင်ပါတယ်။ နိုင်ငံတကာမှာတော့ သတင်း ရေးသားချက်ဟာ မှန်ကန်တယ်၊ ပြည်သူ့ အကျိုးစီးပွား (Publci Interest) အတွက် ဖြစ်တယ်၊ ဥပဒေအရ ရေးခွင့်ရှိတဲ့ သတင်းမျိုး ဖြစ်တယ် ဆိုတာ သက်သေပြနိုင်ရင် အသရေ ဖျက်မှု မမြောက်ဖူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂ နိုင်ငံများမှာတော့ သတင်းစာ ဆရာများ၊ ဂျာနယ်လစ်များကို သတင်းမှားတာ၊ ကျင့်ဝတ် ချိုး ဖောက်တာများအတွက် ဒဏ်ငွေပဲချမှတ်ရမယ်၊ ထောင်ဒဏ်မချမှတ်ရဘူးလို့ ဥပဒေနဲ့ တားမြစ် ထားတာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် စာနယ်ဇင်း သမားဟာ မိမိ ရေးသားချက်ဟာ အသရေဖျက်မှု မြောက် မမြောက် စဉ်းစားဖို့ လိုပါတယ်။ သတင်းထူး ဆိုရင် ပိုပြီး ဂရုစိုက်ရမှာပါပဲ။ ဒါဟာ စာနယ်ဇင်း သမားရဲ့ တာဝန်ပါပဲ။ 
ဒါတွေကတော့ Voice ဂျာနယ် ပြဿနာနဲ့ ပတ်သက်ပြီး လေ့လာမိတဲ့ ဥပဒေ ရှုထောင့်၊ စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ ရှုထောင့်များပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ ဒီပြဿနာကို သတင်း လွတ်လပ်ခွင့်ကို ပိတ်ပင်မှု အဖြစ်နဲ့ မြင်ကြပါတယ်။ ကျွန်တော် ကတော့ မြန်မာ့ စာနယ်ဇင်း လောက အတွက်ရော၊ အစိုးရ အတွက်ပါ အကျိုး ရှိစေမယ့် စမ်းသပ်ချက် (Test Case) လို့ပဲ မြင်တယ်။ အခု အစိုးရဘက်က ပြောနေတဲ့ အတိုင်း ဆိုရင် နောင်မှာ စာပေစိစစ် ရှိမှာ မဟုတ်ဘူး။ စာနယ်ဇင်းတွေက ကိုယ့်တာဝန် ကိုယ်ယူပြီး ရေးရမှာ။ အဲဒီအခါမှာ အစိုးရ ဘက်ကတင် မဟုတ်ဘူး၊ အနုပညာရှင်များလို ထင်ရှား ကျော်ကြားသူ များဆီကလည်း စောဒက တက်တာတွေ၊ တရားစွဲဖို့ လုပ်တာတွေ ရှိမှာပဲ။ ဗြိတိန်နိုင်ငံမှာ ၂၀၁၀ တစ်နှစ်တည်းမှာ တရား စွဲတာမပါ စာနယ်ဇင်းနဲ့ ရုပ်သံတွေကို ကန့်ကွက်စာ ပို့လို့ ဖြေရှင်းရတဲ့ အမှု ခုနှစ်ထောင်ကျော် ရှိတယ်လို့ လေ့လာမိတယ်။
ဒီတော့ စာနယ်ဇင်းတွေဟာ နောင်ဆိုရင် ဥပဒေ သမားတွေကို အတိုင်ပင် ခံထားတာ၊ သတင်းထောက်တွေ၊ အယ်ဒီတာ တွေ လိုက်နာရမယ့် စည်းမျဉ်းတွေကို တိုက်အလိုက် အတိအကျ ရေးထား တာမျိုးတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။ အစိုးရ ဌာနတွေ ဘက်ကလည်း ဒီအမှုမှာသာ အရေးနိမ့်ခဲ့ရင် နောင်ဆိုရင် ထစ်ကနဲရှိ အမှု ဖွင့်တာမျိုး မဟုတ်ဘဲ ကိုယ့်ဘက်က လည်း ဥပဒေနဲ့ လုပ်တတ်အောင်၊ မီဒီယာတွေကို ပိုပြီး ဆက်ဆံ တတ်အောင် လုပ်ရတော့မှာ ဖြစ်တယ်။
ဒါ့ကြောင့် Voice ပြဿနာ ဘယ်လို အဆုံးသတ်မယ် ဆိုတာ အတော် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ပဲ ဆိုရမှာပဲ။ 
ပိတောက်မြေ
Unknown at 10:15 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာသင်္ဘောသား ၁၀ ဦးပါဝင်သော ‘Kenos Athena’ သင်္ဘော တောင်တရုတ် ပင်လယ်ပြင်တွင် နစ်မြုပ်
7258
ပင်လယ်ထဲသို့ နစ်မြုပ်ခဲ့သည့် ဓာတုဗေဒ ကုန်တင်သင်္ဘော ‘Kenos Athena’ အားတွေ့ရစဉ်
၂၀၁၂ခုနှစ်၊ မတ်လ၁၃ရက်နေ့က မြန်မာသင်္ဘောသား၁၀ဦးပါ ၀င်သော ‘Kenos Athena’ သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင် တွင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဆာလဖျူရစ်အက်ဆစ်များ တင်ဆောင်လာသော ဓာတုဗေဒ ကုန်တင်သင်္ဘော ‘Kenos Athena’ သည် တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်၊ ဇူဟိုင်းမြို့သို့ မောင်းနှင်လာစဉ် ယင်းသို့နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသင်္ဘောတွင် မြန်မာ ၁၀ဦး၊ အင်ဒိုနီးရှား ၄ ဦးနှင့် တောင်ကိုရီးယား ၄ဦးတို့ ပါဝင်ကြောင်း သိရသည်။ သင်္ဘောတွင် ပါဝင်သော မြန်မာသင်္ဘောသားများ အပါအ၀င် သင်္ဘောသား၁၈ဦးစလုံးအား တရုတ် ငါးဖမ်းသင်္ဘောတစ်စီးမှ ကယ်တင်ခဲ့ကာ တာဝန်ရှိသူများထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သင်္ဘောသားများ၏ ပြောကြားချက်အရ သိရပါသည်။
“အဲဒီနေ့က ပင်လယ်ပြင်မှာ လှိုင်းကလည်းရှိတယ်။ ကုန်လည်း အပြည့်တင်လာတဲ့အခါ ဖြစ်ချင်တော့ ရေသွင်းရေထုတ်လုပ်တဲ့ Pump က ပျက်သွားတယ်။ အဲဒါနဲ့နီးစပ်ရာနေရာမှ အရေးပေါ်ကျောက်ချဖို့ လုပ်နေတုန်း ရေတွေက တဖြည်းဖြည်း ၀င်လာပြီး သင်္ဘောက ညာဘက်အခြမ်း ကို စောင်းလာတယ်။ သင်္ဘောပေါ်မှာ ဆက်ပြီးနေဖို့ မလွယ်တော့အတွက် ကျွန်တော်တို့သင်္ဘောသားတွေ အားလုံး သင်္ဘောကို စွန့်ခွာခဲ့ကြပါတယ်” ဟု  မြန်မာသင်္ဘောသား တစ်ဦးက ပြောပြခဲ့သည်။ ယခုအချိန်တွင် မြန်မာသင်္ဘောသား ၁၀ဦး အပါအ၀င် သင်္ဘောသား ၁၈ဦးစလုံး သည် တရုတ်နိုင်ငံ၊ Lufung မြို့ရှိ Lufung City ဟိုတယ်တွင် ခေတ္တနေထိုင်လျက် ရှိကြောင်း သိရသည်။
“သင်္ဘောကို အရေးတကြီး စွန့်ခွာခဲ့တာ ဖြစ်တော့ အရေးကြီးစာရွက် စာတမ်းတွေ အပါအ၀င် ကိုယ်ပိုင်ပစ္စည်းတွေ အားလုံးဆုံးရှုံးခဲ့ပါတယ်။ အင်ဒိုနီးရှား သင်္ဘောသားတွေကိုတော့ မတ်လ ၁၅ရက်နေ့က သူတို့ နိုင်ငံသမ္မတအမိန့်နဲ့ နိုင်ငံကူးလက်မှတ်တွေ လာပေးသွားပြီး အမြန်ဆုံးပြန်နိုင်အောင် စီစဉ်ပေးသွားပါတယ်။ ကျွန်တော်တို့ ဒီမှာအနည်းဆုံး ၁၅ရက်လောက် ဆက်နေရဦးမယ်လို့သိရတယ်”ဟု သင်္ဘောသားတစ်ဦးက ပြောပြခဲ့သည်။
ဒီဗွီဘီ
Unknown at 9:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျွန်တော်ဥာဏ်မမှီသည့် မြန်မာ့လွှတ်တော်၏ အံ့ဖွယ်ဆုံးဖြတ်ချက်များ
ခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဘတ်ဂျက်ဆိုင်ရာဆုံးဖြတ်ချက်နှစ်ခုက အံ့ဖွယ်ဆုံးဖြတ်ချက်တွေ ဖြစ်တယ် ဆိုတာတွေ့ရတယ် ၊ဘယ်လိုအဓိပ္ပါယ်နဲ့ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာစဉ်းစား မရနိုင်အောင်ဖြစ်ရတယ် ။ဒါကြောင့်စာဖတ်သူများ ၀ိုင်းကူစဉ်းစားနိုင်ဘို့ တင်ပြလိုက်ပါတယ် ။
ပထမ တစ်ခုက အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွက် ဘတ်ဂျက် လျာထားတာကို ဥပဒေနဲ့ မညီဘူး ဆိုပြီး ငွေအားလုံးကို ပယ်ဖျက် လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။၁၀၀% ဖြတ်ပစ်လိုက်တာဖြစ်ပါတယ် ။
ဒုတိယ ကိစ္စကတော့ စက်မှုဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ၁၀၀% ဖြတ်တောက်လိုက်တဲ့ ကိစ္စ ဖြစ်ပါတယ် ။
 ပထမ ကိစ္စ  အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွက် ဘတ်ဂျက် လျာထားတာကို ဥပဒေနဲ့ မညီဘူး ဆိုပြီး ငွေအားလုံးကို ပယ်ဖျက် လိုက်တဲ့ ဆုံးဖြတ်ချက် ကိုအရင်စဉ်းစားကြည့်ရအောင်ပါ ။ဒီအဆိုကို တင်သွင်းသူက ကျားဖြူပါတီက ဒေါ်နန်းဝါနု ဖြစ်ပါတယ် ။
ဒီဆုံးဖြတ်ချက်ကြောင့် လု့အခွင့်ရေးကော်မရှင်ဟာ ပိုက်ဆံတစ်ပြားမှမရှိတော့တဲ့ကော်မရှင်ဖြစ်သွားတဲ့အတွက် ၊ ဘာအလုပ်မှလည်း လုပ်နိုင်မှာမဟုတ်တော့ပါဘူး ၊ ရုံးကိစ္စတွေဆောင်ရွက်ဖို့ ၊ စက္ကူတစ်ရွက်တောင်ဝယ်စရာမရှိတော့ဘူး ၊ လူ့အခွင့်အရေးကိစ္စတွေ တိုင်တန်းမှုတွေရှိလာရင် ၊ စုံစမ်းစစ်ဆေးဘို့အတွက် မလုပ်နိုင်တော့ဘူး ၊ ကော်မရှင်လူကြီးတွေ ခဏထားလို့ ရုံးအဖွဲ့ကို လစာပေးစရာမရှိတော့ဘူး ၊ ဘာဆိုဘာမှမရှိတော့ဘူး ၊ဘာလို့လဲဆိုတော့ တစ်ပြားမှ မသုံးနဲ့တော့လို့ လွှတ်တော်ကအမိန့်ချလိုက်တာကိုး ။
နောက်တစ်ခုက ဒီကော်မရှင်ဟာ ကုလသမဂ္ဂ ၊ အာဆီယံအပါအ၀င်  နိုင်ငံတကာနဲ့ ပြည်တွင်းဒီမိုကရေစီလိုလားသူများရဲ့ လိုလားချက်အရ သမ္မတကိုယ်တိုင်ဖွဲ့ထားတဲ့အဖွဲ့ဖြစ်တယ် ။ ဥပဒေနဲ့မညီဘူးဆိုရင် ဥပဒေနဲ့အညီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းဘို့ ဆောင်ရွက်ကြရမယ် ၊  ခုဥပဒေနဲ့မညီလို့တစ်ပြားမှ မပေးဘူးဆိုတော့ ဒီကော်မရှင်ကို ဖျက်ပစ်လိုက်ရတော့မှာလား ဆိုတာမေးစရာဖြစ်လာတယ် ။
ပြီးခဲ့တဲ့နှစ်က သီးခြားဘတ်ချက်မရှိလို့ သမ္မတရုံးအသုံးစရိတ်ကနေခွဲသုံးပေးခဲ့ရတယ် ၊ ဒီနှစ်တော့သမ္မတရုံးရဲ့ခွင့်ပြုချက် နဲ့သုံးနေရတာဖြစ်တော့ လွတ်လပ်စွာဆောင်ရွက်ခွင့်ကို အနှောက်အယှက် ဖြစ်မှာစိုးတဲ့အတွက် သီးခြားဘတ်ဂျက် တင်တာဖြစ်တယ် ၊ သီးခြားလွတ်လပ်တဲ့ကော်မရှင်တစ်ခုဟာ သီးသန့်ဘတ်ဂျက်မရှိပဲ ဘယ်လိုမှမရပ်တည်နိုင်ဘူးဆိုတာ ဆွမ်းလောင်းအသင်းဥက္ကဌတောင်သိတယ် ။
 ဒုတိယ ကိစ္စကဖြစ်တဲ့ စက်မှုဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ၁၀၀% ဖြတ်တောက်လိုက်တဲ့ ကိစ္စ မှာလည်း ဒီအတိုင်းပဲဖြစ်တယ် ။ ဒီဝန်ကြီးဌာနကို ဒီလွှတ်တော်ကိုယ်စားလှယ်တွေကပဲ သဘောတူ ခဲ့လို့ဖွဲ့ခဲ့တာမဟုတ်ဘူးလား ။ခုတော့ ၁၀၀% ဖြတ်တယ်ဆိုတော့ ဒီဝန်ကြီးဌာနက အသုံးစရိတ်မရှိတဲ့ ၀န်ကြီးဌာနဆိုတော့ ဘာမှမလုပ်ရမယ့်အတူတူ ဖျက်လိုက်ရင်မကောင်းဘူးလား ၊ ဒါ့အပြင် မြန်မာနိုင်ငံကရော စက်မှုဖွံ့ဖြိုးတိုးတက်ဖို့မလိုတော့ဘူးလား ၊ ခုလုပ်လက်စ စက်မှုဖွံ့ဖြိုးရေးအတွက် လုပ်နေတဲ့စီမံကိန်းတွေအကုန်လုံးကို ရပ်ပစ်လိုက်ရတော့မလား ဆိုတာ သိချင်တယ်ဗျာ။ 
ဒီကြားထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ဟာ ပြည်တွင်းပြည်ပ သတင်းဌာနတွေရဲ့ အမေးတွေကို ဖြေတဲ့အခါ ဒီလိုဖြတ်လိုက်တောက်လိုက်နိုင်တာကိုပဲ ဂုဏ်ယူပြီးပြောနေ ဆိုနေတာ တွေ တွေ့ရတော့ တော်တော့်ကို စိတ်ပျက်မိပါတယ် ။
အံ့ဘွယ် ဆုံးဖြတ်ချက်တွေပါဘဲ...............နားမလည်နိုင်တော့   ဥာဏ်မမှီနိုင်တော့ပါဘူး ....၊လွှတ်တော်ဆိုတာ အစိုးရက တင်လာတဲ့ဘတ်ဂျက်ကို ဖြတ်ဖို့သက်သက်များ ဖွဲ့ထားတာလားဗျာ .....လွှတ်တော် အမတ်တွေ အနေနဲ့ နိုင်ငံရဲ့ မိုက်ခရိုနဲ့ မက်ခရို စီးပွားရေး အခြေအနေ (Micro- economics and Macroeconomics) အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ဘယ်လိုအခြေအနေမျိုးတွေမှာ ဘတ်ဂျက်ကို လိုငွေတွေနဲ့ သွားသင့်တယ် ၊မြန်မာနိုင်ငံရဲ့ အားနည်းလှတဲ့ Banking ကိုဘယ်လိုပြင်လိုက်ရင် ငွေကြေးဖေါင်းပွမှုအနည်းဆုံးနဲ့ နိုင်ငံအတွက် ဘတ်ဂျက်လိုငွေကို လတ်တလောဘယ်လိုဖြေရှင်းနိုင်မယ် ဆိုတာမျိုးအကြံပြုတင်ပြကြပြီး လိုအပ်တဲ့ဥပဒေဆိုင်ရာပြင်ဆင် ချက်တွေနဲ့ ရေရှည်အတွက် ဆုံးဖြတ်တာမျိုးကိုကြားချင်နေတာပါ ....။
ဒေါက်တာဆိတ်ဖွား
Unknown at 9:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကချင်ပြည်နယ်တွင်း တိုက်ပွဲများနေ့ စဉ်ရက်ဆက်ဖြစ်ပွား
ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နဲ့  အစိုးရစစ်တပ်တွေအကြား ခုရက်ပိုင်းတွေ အတွင်း တိုက်ပွဲတွေ နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားနေရာ ဆဲဘဲလို့ ကေအိုင်အေအဖွဲ့ ကပြောပါတယ်။
ကေအိုင်အေ ထိန်းချုပ်နယ်မြေ တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေတွေထဲမှာ မနေ့က တနေ့တည်းတင် တိုက်ပွဲပေါင်း ၅ ကြိမ်  ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ တုန်းကလည်း ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။
“တိုက်ပွဲကတော့ ရှိတယ်။ နေ့တိုင်းက ၂ကြိမ် ၃ကြိမ်ပေါ့။ နေရာအနှံ့မှာပဲ။ အဓိက ကတော့ ဗဟိုဒေသ နေရာလို့ ပြောလို့ရတယ်။ မြို့နယ်အနေနဲ့ ပြောဖို့ကတော့ ခက်တယ်။ ကေအိုင်အို နယ်မြေနဲ့ အစိုးရ သတ်မှတ်ထားတဲ့ နယ်မြေက မတူဘူးဗျ။ မနေ့က ဖြစ်တဲ့ တိုက်ပွဲကတော့ ၀ိုင်းမော်မြို့နယ်နဲ့ ဒေါ့ဖုံးယန် မြို့နယ်။ ကျနော်တို့ ကေအိုင်အို တပ်မဟာ ၃ နဲ့ မံစီမြို့နယ်ဘက်မှာ မနေ့က ဖြစ်တယ်။”
အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နယ်မြေထဲကို အစိုးရတပ်က ထိုးစစ်ဆင် ၀င်ရောက်လာတာ ဖြစ်တဲ့ အတွက် ကေအိုင်အေကနေ ပြန် ခုခံနေရတဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှု အရေအတွက် ဘယ်လောက်ရှိ သလဲ ဆိုတာကိုတော့ အတိအကျတော့ မသိရသေးပါဘူး။
ကေအိုင်အိုဟာ မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ၅ ကြိမ်ထက် မနည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့် လည်း တိုက်ပွဲတွေဆက် ဖြစ်နေရတဲ့ အပေါ်မှာ ဦးလနန်းက ခုလို သုံးသပ်ပြောပါတယ်။
“အခုအချိန်မှာ အားလုံး ထင်သာမြင်သာ ဖြစ်နေတာကလည်း တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာလည်း အားလုံး တွေ့နေ မြင်နေတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့မှာ တိုင်းမှူးအဆင့်တွေလည်း ဆွေးနွေးမှု စာရင်းထဲမှာတော့ နာမည်တွေ့ရတယ်။ အမှန်တကယ် လာတဲ့အခါမှာ တိုင်းမှူးအဆင့်တွေ ပါလာတာ မရှိဘူး။ ဒါကြောင့် ဆွေးနွေးမှုတွေမှာ ရှေ့ကို ထင်သာမြင်သာ ဖြစ်ဖို့ ဆိုရင်တော့ တိုက်ပွဲဆိုင်ရာ ကိစ္စရပ်တွေမှာ တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်နိုင်တဲ့ အဆင်မြင့်ပုဂ္ဂိုလ်တွေ ပါလာရင်တော့ ပိုကောင်းမယ်။” 
ဒီဗွီဘီ
Unknown at 9:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပဒိုမန်းငြိမ်းမောင် ပြန်လွှတ်လာပြီ
ပြစ်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၃နှစ် စီရင်ချက် ချမှတ်ခံရသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို အစိုးရက ယနေ့မနက်တွင် ပြန်လည် လွှတ်ပေးလိုက်ပြီဟု ကေအိုင်စီမှ စုံစမ်းသိရှိရသည်။
KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ပဒိုမန်းငြိမ်းမောင် ပြန်လွှတ်လာပြီလို့ ဒီမနက် ၁၀နာရီလောက်မှာ ကျမကို ဆက် သွယ်လာတယ်။ သူကိုယ်တိုင်(မန်းငြိမ်း)နဲ့လည်း ကျမ ခန ဖုန်းပြောရတယ်။ ပြန်လွှတ်လာပြီလား။ ဒါဆို ကျမတို့ ၀မ်းသာတာပေါ့လို့ ပြော လိုက်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် ပြန်လည် လွတ်မြောက်လာသည့် ပဒိုမန်းငြိမ်းမောင်မှာ ပြည်တွင်း ကရင်အသိုင်းအ၀ိုင်းမှ ရပ်မိရပ်ဖများနှင့် ယနေ့ နေ့လည်ပိုင်း အထိ တွေ့ဆုံခြင်း မရှိသေးကြောင်း အမည်မဖော်လိုသူ ရန်ကုန်ရှိ ကရင်အမျိုးသားတစ်ဦးက ပြောသည်။
“ကျနော်တို့က သူ လွှတ်လာပြီကြားလို့ အင်းစိန်ထောင်ကိုသွားတော့ သူ ထောင်မှာ မရှိတော့ဘူး။ ဒါပေမဲ့ ဘယ်သူနဲ့အတူ ရှိနေလဲ မသိ သေးဘူး။ ကျနော်တို့နဲ့လည်း မဆုံသေးဘူးလေ”ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ပြန်လည်လွတ်မြောက်လာသည့် ပဒိုမန်းငြိမ်းမောင်နှင့် တိုက်ရိုက် ဆက်သွယ်မှုရရှိရန် ကေအိုင်စီက ကြိုးစားနေဆဲ ဖြစ် သည်။
ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားသူကြီး ဦးလှဝင်းမှ မတ်လ ၁၃ရက်နေ့တွင် ပုဒ်မ ၁၇(၁)နှင့် ပုဒ်မ ၁၂၂(၁)ဖြင့် ပြစ်မှုနှစ်မှုပေါင်း တစ်သက်တကျွန်းနှင့် ထောင်ဒဏ် ၃နှစ် စီရင်ချက် ချခဲ့သည်။
Burma News International
Unknown at 9:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
♥ဗိုက်သားဖော်တဲ့ဖက်ရှင်ကိုခိုက်တယ်ဆိုပါလား...မယ်တော်လေးရယ်..♥
  ဆုဂျေ မတ်လ 19, 2012 2:31pmတွင်ဆုဂျေမှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်..ဒီနေ့ဆုဂျေကျောင်းကပြန်လာလာ
ချင်း...ကုတင်ဘေးကစားပွဲပေါ်မှာ...ဒီနေ့ထုတ်..Now! စာစောင်လေးက အဆင်သင့်ရောက်နေပါတယ်..။
သေချာပါပြီ...ဆုဂျေမေမေ..ဆုဂျေပြန်လာရင်အမောပြေဖတ်လို့ရအောင်စီစဉ်ပေးထားပုံပေါ်ပါတယ်...
                    သူငယ်ချင်းတို့ရေ...မေမေကတော့....အမောပြေဖတ်စေချင်တဲ့စေတနာနဲ့ပါ...ဆုဂျေကတော့
အဲဒီစာစောင်လေးထဲမှာပါတဲ့...ကချင်တိုင်းရင်းသူမော်ဒ်ယ်လ်လေးရဲ့ အင်တာဗျူးလေးဖတ်အပြီးမှာတော့...
အမောတောင်ဆို့သွားခဲ့ပါတယ်...ဖတ်နေရင်းနဲ့...ရင်တွေတော်တော်ခုန်လာပါတယ်...သေချာတာကတော့
သူပြောတာတွေကိုနှစ်သက်တဲ့ရင်ခုန်သံတွေမဟုတ်ပါဘူး...ယူကြုံးမရတဲ့...ကရုဏာဒေါသတွေထွက်ပြီး
ဖြစ်လာတဲ့ ခံစားချက်ပါ...ဖတ်ပြီးပြီးချင်းဆုဂျေခုလို..ဘလော့ရေးမိတာကိုက..ကြည့်ပေါ့နော်..။
                  သူငယ်ချင်းတို့ရေ...အဲဒီမော်ဒယ်လ်မလေးရဲ့အဖြေလေးကိုလည်းရှုစားကြည့်ပါဦးနော်..။
                 "ညီမလေးပုံမှာတွေ့ရတာတွေကဗိုက်ဖော်တာတွေများတယ်နော်..အဲဒါကိုကြိုက်လိုလား"
လို့..ဗျူးတဲ့မမကမေးလည်းမေးရော....မယ်တော်လေးပြန်ဖြေလိုက်တာက...
                "ဟုတ်တယ်..သမီးဗိုက်ဖော်ရတာကိုကြိုက်တယ်..အဲဒါသမီးရဲ့..Logo လို့ပြောရမှာပေါ့...တစ်ခြားနေရာ
မဖော်ရင်တော်မှ...ဗိုက်ဖော်ပြီးတော့..ဂျင်းဘောင်းဘီအရှည်လေးဝတ်မိရင်ကို..သမီးစိတ်ကတက်ကြွနေတာပဲ"
တဲ့လေ...အားပါးပါး..ဖြေတဲ့သူတော့ဘယ်လိုနေမလဲမသိ..ဖတ်လိုက်ရဲ့ဆုဂျေကတော့..တစ်ကိုယ်လုံးကသွေးတွေ
ဆူပွက်လို့လာပါတယ်...ဆုဂျေစိတ်ထဲ..ဒီကောင်မလေး..ဒီဖက်ရှင်ကို...မြန်မြန်ရိုးသွားပါစေလို့..ဆုတောင်းနေမိပါ
တော့တယ်...တော်နေကြာ...သူ့ဖက်ရှင်ကဖေတ်စားလာပြီး...ဆုဂျေတို့...မြန်မာမိန်းကလေးတွေအကုန်..ဗိုက်ဖော်ဝတ်
ကုန်ကြဖြင့်...ခက်ရချည်သေးရှင်..။
                  တကယ်တော့..ဆုဂျေဒီလိုစာတွေမရေးချင်ပါဘူး..ခုစိတ်ထဲကကို...တော်တော်လေးယူကြုံးမရ
ဖြစ်လာရလွန်းလို့ပါ...မြန်မာပြည်မှာမွေးပြီး..မြန်မာစိတ်လေးတွေရှိစေချင်တာ..မြန်မာစိတ်ရှိသူတိုင်းရဲ့စေတနာပါရှင်..
ခုခေတ်အနေအထားနဲ့..ဘီးဆံထုံးနဲ့ရင်ဖုံးဝတ်ရမယ်လို့မဆိုလိုပါဘူး...ခုလို...ဖက်၇ှင်မျိုးတွေတော့..ရှိမလာစေ
ချင်တာ...မြန်မာမလေးတစ်ယောက်ရဲ့စေတနာပါ...။
                                                                                                                      မေတ္တာဖြင့်
                                                                                                                            ♥ဆုဂျေ♥
http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A4654048&xgs=1&xg_source=msg_share_post  မှ
Posted by lu bo
Unknown at 9:24 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
မဲရုံအတွင်းသို့ မည်သည့် ကင်မရာမှ ယူဆောင်ခွင့်မပြုကြောင်း ပြည်ထောင်စုကော်မရှင်က ထုတ်ပြန်
၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံတခုအားတွေ့ မြင်ရစဉ်
ကြားဖြတ်ရွေးကောက် ပွဲနေ့တွင်မဲရုံတွင်းသို့ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၊  ကိုယ်စား လှယ်လောင်း၏   ကိုယ်စားလှယ်များ၊  မဲရုံကိုယ်စား လှယ်များနှင့်   မဲရုံအကူကိုယ် စားလှယ်များ မဲရုံတွင်းသို့ ဗွီဒီယိုကင် မရာ၊ ကင်မရာ၊ ဟမ်းဖုန်း ကင်မရာများ ဖြင့်မှတ်တမ်း ဓါတ်ပုံရိုက်ကူး ရန်ယူ ဆောင်ခွင့်မရှိ  ကြောင်းမတ် (၁၄)ရက် စွဲဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကထုတ်ပြန်ခဲ့ခြင်းကြောင့်မဲရုံ  အပြည့်မဲရုံကိုယ်စားလှယ်မထားနိုင် သူများအတွက်  ဥပဒေ နှင့် မကိုက်ညီ သည့် ကိစ0x081စရပ်များပေါ်ပေါက်လာပါက  သက် သေပြရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။''ကျွန်တော်တို့ပါတီကို ဒီနေ့(၁၉ရက်နေ့) ပဲရောက်တယ်။အရင် တုန်းကတော့ ကြားရတာတော့ ကင်မရာတွေဘာ တွေယူခွင့်ရှိတယ် ဆိုပြီကြား နေရတယ်။ဒီနေ့ရုံးကို ပြည်ထောင်စု ကော်မရှင် ကစာရောက်မှပဲ ဘာကင်မရာ မှယူဆောင်ခွင့် မရှိဘူး ဆိုတာသိရတယ်။ မဲရုံတွင်းမှာ မသမာမှု  တစ်စုံတစ်ခု  ဖြစ်ခဲ့ရင်  ကျွန်တော်တို့အရင်အတွေ့အကြုံအရ  သက်သေတွေရဖို့  အလွန်ခက် ခဲခဲ့တယ်။ တစ်စုံတစ်ရာ ပြဿနာဖြစ် ခဲ့ရင် သက်သေ အဖြစ်မှတ်တမ်း ယူနိုင်မှ ခိုင်လုံတဲ့ သက်သေပြနိုင် မှာပေါ့။  ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း မဲရုံကိုယ်စား လှယ်တွေမထား နိုင်ခဲ့တော့ အခက်အခဲဖြစ်ကြတယ်။  ဒီတစ်ခေါက်တော့ တက်နိုင် သလောက်  မဲရုံ ကိုယ်စားလှယ် အပြည့်ထား နိုင်ဖို့ကြိုးစား သွားမယ်''ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ မှ ဒေါက်တာဝင်းနိုင်ကဆိုသည်။အဆိုပါ အမိန့်ကြော်ငြာ စာမှာ-ရွေးကောက်ပွဲ  ဥပဒေ-၄၈(ခ) (၆)အရ  ကိုယ်စားလှယ်လောင်း များ၊ ကိုယ်စားလှယ်လောင်း၏ကိုယ်စား လှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် မဲရုံအကူကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ လှိျု့ဝှက် ဆန္ဒမဲ ပေးရာတွင် အနှောင့်အယှက် မဖြစ်စေ ရန်အတွက် မဲရုံတွင်းသို့  ဗွီဒိယိုကင်မ ရာ ၊ ကင်မရာ၊  ဟန်းဖုန်းကင်မရာများကို ယူဆောင်ခွင့်မရှိကြောင်း နိုင်ငံရေး ပါတီများသို့ အကြောင်းကြား စာများပေး ပို့လာကြောင်းသိရသည်။''နိုင်ငံရေး ပါတီတွေကို တော့ပို့ထားပြီးပါပြီ ။  မဲရုံတွင်းကို  တရားဝင် ဝင်ရောက်ခွင့်ရှိတဲ့   ကိုယ်စားလှယ်လောင်း၊ ကိုယ်စားလှယ်လောင်း ၏ကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်  နှင့် မဲရုံ အကူကိုယ်စားလှယ်တွေက မဲပေးတဲ့နေ့ မှာ မဲရုံအတွင်းကို ကင်မရာ၊ဗွီဒီယိုကင် မရာ၊ ဟမ်းဖုန်းကင် မရာတွေ ယူဆောင် ခွင့်မပြုပါဘူး။ အကယ်၍   ပြဿနာတစ် စုံတစ်ရာရှိခဲ့ရင်  သက်သေအဖြစ်ပါတီ မဲရုံကိုယ်စားလှယ် အချင်းချင်းနဲ့ မဲဆန္ဒ ရှင်တွေ ကို သက်သေလုပ် သွားလို့ရ ပါတယ်''ဟုရန်ကုန်တိုင်း  ဒေသကြီးကော် မရှင်အဖွဲ့ခွဲဥက္ကဌဦးကိုကိုကဆိုသည်။
ရန်ကုန်တိုင်းမ်
Unknown at 9:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မန္တလေးတွင်ပေါက်ကွဲမှုဖြစ်၊ နှစ်ဦးသေ တစ်ဦး ဒဏ်ရာရ
ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ သခင်ဖိုးလှကြီးလမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ နန ရှိ သံရည်ကျိုစက်ရုံတွင် သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ထုခွဲဖျက်ဆီးရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်ဝန်းကျင် ယောက်ျားလေးနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်းသိရပါတယ် ။ ပေါက်ကွဲမှုတွေ ဖြစ်တိုင်းမှာ ရှေ့ဆုံးက ပါဝင်ရတဲ့ တပ်မတော်သား များမှ ရောက်ရှိလာပြီး သံရည်ကျိုပစ္စည်းဟောင်းများကို ရှင်းလင်းရှာဖွေရာမှ စစ်ကျန်ဗုံး ၂၀ လုံးခန့်ကို ထပ်မံရှာဖွေတွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံ
လူထုအတွက် အရေးပါတိုင်း တပ်မတော်သားတွေ အလျှင်မြန်ရောက်လာ
အရာရှိများလည်း ချက်ချင်းရောက်လာ
နိုင်ငံ့အရေး၊ ပြည်သူ့အရေးတွင် တပ်မတော်က ကျောပေးနေလို့မဖြစ်
ဒီနေ့ထိ ခံစားနေရသည့် နယ်ချဲ့ တို့၏ ဆိုးမွေများ
Unknown at 9:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရေပိုင်နက်ကိစ္စ ကြိုးစားဖြေရှင်းခဲ့တဲ့ မြန်မာကိုယ်စားလှယ်များအတွက် ဂုဏ်ယူပါ၏
ပင်လယ်နယ်နိမိတ်သတ်မှတ်သည့်ကိစမှာ ရှုပ်ထွေးနက်နဲလှတဲ့ကိစဖြစ်ပါတယ်။
ပင်လယ်နယ်နိမိတ်သတ်မှတ်တဲ့ကိစကို ဥပဒေပညာရှင်များ၊ hydrographer
ပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ အားလုံး ပါဝင်ပြီး ဆောင်ရွက်ကြရပါတယ်။
တိုင်းတာသည့် method များ တစ်နည်းထက်မကရှိပြီး ၀ိဝါဒကွဲပြားမှုရှိသည့်
ဥပဒေများအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရပါတယ်။ UN Convention on the Law of
the Sea မှာကိုက ကွဲကွဲပြားပြား မရှိတဲ့ အာတီကယ်တွေ ပါပါတယ်။ ဒါကြောင့်
နိုင်ငံတွေအနေနဲ့ ပင်လယ်နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်လာပြီဆိုရင်
မိမိတို့ အားသာတဲ့ method ၊ မိမိတို့အားသာတဲ့ ဥပဒေတွေ၊ အရင်ဖြစ်ခဲ့တဲ့
အကိုးအကား case ကို ထောက်ပြပြီး တောင်းကြပါတယ်။ ဒီလို ကိုယ်အားသာတာကို
တောင်းတဲ့အတွက် စေ့စပ်ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့
ခက်ခဲလှပါပြီး နောက်ဆုံးမှာ ICJ, ITLOS စတဲ့ ခုံရုံးတွေရောက်ကြပြီး
တရားသူကြီးများရဲ့ အဆုံးအဖြတ်ကို ခံယူပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေးပွဲကလည်း ဒီလိုပါပဲ။ ၁၉၇၄ ခုနှစ်က စတင်ခဲ့တာ
၂၀၀၉ ခုနှစ်အထိ သဘောတူညီချက်မရလို့ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်ချက်
ခံယူခဲ့တာပါ။
မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်အငြင်းပွားမှုကိစမှာ မြန်မာဘက်က
မိမိတို့ အားသာတဲ့ နည်းလမ်း ဥပေဒ အကိုးအကားနဲ့ တောင်းခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကလည်း ဒီနည်းအတိုင်းပါပဲ။ နှစ်ဘက်လုံးကတော့
တရားရုံးရောက်ပြီဆိုမှတော့ ရင်လောက်တင်မှ ဒူးလောက်ကျဆိုသလို
အများဆုံးရနိုင်မဲ့ ဧရိယာကိုတော့ တောင်းကြမှာပါပဲ။ မြန်မာက ကိုယ်အားသာမဲ့
equidistance method ကို သုံးပြီးတောင်းတယ်။ ဘင်္ဂလားဒေ့ရှ်က သူအားသာမဲ့
equity method /angle-bisector ကို သုံးပြီးတောင်းတယ်။ တရားသူကြီးတွေ
အဆုံးအဖြတ်ပေးတဲ့အခါမှာ နှစ်ဘက်စလုံးတောင်းတဲ့အတိုင်းတော့
ရခဲ့တာမဟုတ်ပါဘူး။ ကိုယ်တောင်းတာမရလို့ ရှုံးတယ်လို့တော့ လွယ်လွယ်
ပြောလို့မရပါဘူး။
သိကြတဲ့အတိုင်းပါပဲ၊ ITLOS ဆိုတာ ဂုဏ်သိက္ခာအမြင့်ဆုံး၊ သမာသမတ်အရှိဆုံး၊
ပယ်လယ်ဥပဒေကို အကျွမ်းကျင်ဆုံးလို့ လက်ခံထားတဲ့ တရားသူကြီး (၂၁)ဦးနဲ့
ဖွဲ့စည်းထားတာပါ။ လွတ်လပ်တဲ့ တရားသူကြီးတွေပါ။ ကုလသမဂ္ဂ
အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့တိုက်ကြီးတိုင်းက တရားသူကြီးတွေကို မျှမျှတတ
ရွေးကောက်တင်မြောက်ထားတာပါ။ ဒါကြောင့် ဒီခုံရုံးက ဆုံးဖြတ်ချက်က
တရားမျှတမှုရှိတယ်လို့ မှတ်ယူလို့ရပါတယ်။ တောင်းတာမရတာလို့ ရှုံးတယ်လို့
ပြောနေတာ၊ တောင်းတာရလို့ နိုင်တယ်လို့ ပြောနေတာတွေကို အသာထားပြီး ဒီလို
သမာသမတ်ရှိတဲ့ ခုံရုံးက ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို
ကြည်ကြည်ဖြူဖြူလက်ခံရပါမယ်။
ဘင်္ဂလားဒေ့ရှ်က Domestic Politics အတွက် မီဒီယာတွေ အလုပ်ရှုပ်နေကြတာပါ။
သူတို့တောင်းတာ တွေထဲက တစ်ချို့ရလို့ သူတို့ဝမ်းသာတာ သူတို့အလုပ်ပါ။
သို့သော် မြန်မာကို သူတို့နိုင်တယ်လို့ ပြောလို့မရ ပါဘူးလို့ ယူဆပါတယ်။
မိမိဘက် အစဉ်အလာအရ မီဒီယာအားနည်းတော့ ဘင်္ဂလားဒေ့ရှ် ပြောတာကိုပဲ
အဟုတ်ထင်နေကြပြီး ဆင်မဖြူကျွန်းကိုပဲ မြန်မာက ပေးလိုက်ရသလိုလို၊
ရေနံကွက်တွေပဲ ပေးလိုက်ရတော့မလိုလို ရေးနေကြတာပါ။ ဆင်မဖြူကျွန်းက
လွတ်လပ်ရေးရကတည်းက ဘင်္ဂလားဒေ့ရှ်ပိုင်တာပါ။ မြန်မာက လက်ရှိလုပ်နေတဲ့
ရေနံကွက်တွေလည်း လွတ်တာကိုတွေ့ရပါတယ်။ ပြောရရင် ဘင်္ဂလားဒေ့ရှ်က ၂၀၀၈
ခုနှစ်မှာ လေလံတင်ခဲ့တာ ရေနံလုပ်ကွက်တွေလဲ အခုခုံရုံးရဲ့
ဆုံးဖြတ်ချက်အရဆို ကျွန်တော်တို့ ရလိုက်သလိုဖြစ်သွားပါတယ်။
ဂျာမန်တရားသူကြီးပြောသလိုပါပဲ နှစ်ဘက်စလုံး ရတာလဲရှိသလို
စွန့်လွှတ်ခဲ့ရတာလည်း ရှိပါတယ်။
သတိပေးချင်တာက ဒီအချိန်မှာ
မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးအတွက် ၁၉၇၄ ခုနှစ်ကတည်းက
နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့တဲ့ ဌာနပေါင်းစုံမှ သက်ဆိုင်သူတွေ၊
မြန်မာကိုယ်စားလှယ် တွေကို မမေ့ဖို့ပါ. သူတို့တွေ အရမ်းပင်ပန်းခဲ့ပါတယ်။
သူတို့တွေ အစွမ်းကုန် ကြိုးစား လုပ်ခဲ့ကြပါတယ်။
ပါဝင်ခဲ့တဲ့ သက်ဆိုင်သူအားလုံးကို Congratulations ပါခင်ဗျာ။
ကိုယ့်နိုင်ငံ ကိုယ့်ရေမြေကိစ္စကို မသိကျိုးကျွံပြုနေတဲ့ ဗြိတိသျှ မယား ဒေါ်စုနဲ့
၈၈ မျိုးဆက် အပါအဝင် အတိုက်အခံ အားလုံးကိုတော့ ရှုံ့ချပါတယ်
၁၉၇၄ ကတည်းက နိုင်ငံချစ်တဲ့လူတွေက က လုပ်နေချိန်မှာ ဘာတစ်ခွန်းမှ
ဝင်မလုပ် ဝင်မပြောပဲနေခဲ့ကြပြီး အခုမှ ထပြီး တောင်ရေး မြောက်ရေး
နဲ့ အသေအချာမသိပဲ အပြစ်တင်နေတဲ့လူတွေကိုလည်း ရှုံ့ချပါတယ်။
Myanmar Express  မှကူးယူဖော်ပြပါသည်။
    အမှန် အမှားကိုယ်တိုင်ဆုံးဖြတ်တော်မှုကြပါကုန်။
Unknown at 9:16 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
လယ်ယာမြေသိမ်းဆည်းခံရမှု လျှော်ကြေးငွေရရှိရေး တောင်သူများ မေတ္တာရပ်ခံ
နေပြည်တော်၊ ဥတ္တရသီရိမြို့ နယ်၊ ရွှေနံ့သာရပ်ကွက်နေထိုင် လျက်ရှိသော ယခင်တောင်သူ ကြီးများက ၄င်းတို့နေထိုင်ခဲ့ရာ ဘူးကွဲကျေးရွာဟောင်းမှ လယ် ယာမြေများကိုအပန်းဖြေဥယျာဉ် တည်ဆောက်မည့် စီမံကိန်းနှင့်မ လွတ်ကင်းသည့် အတွက်သိမ်း ဆည်းရယူသွားပြီးမြေယာထောက် ပံ့ကြေးနှင့် လျော်ကြေးများချ ထားပေးခဲ့သည်ဟု သိရသည်။
အဆိုပါ လျော်ကြေးငွေအ တွက်ချက်မှုစာရင်းတွင်လယ်ယာ မြေဧကနှင့် ထောက်ပံ့ကြေးငွေ များကို တွက်ချက်ပေးထားပြီး တောင်သူ(၈၆)ဦးရှိသည့်အနက်မှ (၉)ဦးကိုသာလျှင်ထောက်ပံ့ကြေး (၉.၂.၂၀၁၂)ရက်နေ့ကထောက်ပံ့ ကြေးငွေထုတ်ပြီး ကျန်တောင် သူ (၇၇)ဦးမှာ ထောက်ပံ့ကြေးငွေ လုံးဝမရှိ သေးကြောင်း ရွှေနံသာ ရပ်ကွက်နေ တောင်သူဦးလှမြင့် ကပြော ကြားသည်။
လယ်ယာမြေထောက်ပံ့ကြေး နှင့်သီးနှံလျော်ကြေးမရရှိသေးမှု အပေါ်နိုင်ငံတော်အကြီးအကဲများ သို့ အသနားခံစာတင်ပြခဲ့သော် လည်း မရရှိခဲ့ကြောင်း ပြည်သူ့ လွှတ်တော်ဥက်္ကဋ္ဌ သူရဦးရွှေမန်း နှင့် ဦးသိန်းညွန့် (ဥက်္ကဋ္ဌ)နေပြည် တော်ကောင်စီသို့လည်း ၂၀၁၂ ခု နှစ်ဖေဖော်ဝါရီလ (၂၈)ရက်နေ့စွဲ ဖြင့် တင်ပြခဲ့ပြီး ဖြစ်ကြောင်းသိရ သည်။
တောင်သူ ဦးလှမြင့်က ““ကွင်းအမှတ် (၁၈၇၄)မှ လယ် ယာမြေတွေကို ၂၀၀၇ ခုနှစ်ကစ ပြီး အသိမ်းခံရတာပါ။ ၂၀၀၉ ခု နှစ်မှာ တောင်သူတွေအားလုံးကို လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီ နှစ်မှာပဲ ငွေတွေအကုန်ထုတ်ပြီး သွားပြီလို့တော့ ကြားတယ်။ ကနေ့အထိ (၉)ဦးကတော့ရပြီး ကျန်(၇၇) ဦးမရသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ထုတ်ပေးမယ်လို့ဆွေးနွေးပွဲတွေလုပ် ပြီး စည်ပင်လူကြီးတွေကိုယ်တိုင် ပြောသွားတာပါ။ အခုထိမရ သေးဘူး။ အသနားခံစာတွေတင် ပြပေမယ့်လည်း တောင်သူတွေ ကိုလှည့်တောင်မကြည့်ပါဘူး””ဟု ပြောကြားသည်။
အပန်းဖြေဥယျာဉ်တည် ဆောက်မည့် စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် လယ်ယာမြေ ထောက်ပံ့ကြေးနှင့် သီးနှံလျော် ကြေးတွက်ချက်မှုအရတောင်သူ များအတွက်နိုင်ငံတော်မှထောက် ပံ့သည့် လျော်ကြေးငွေများကို ရ ရှိပြီးသူ (၉)ဦးနည်းတူကျန်တောင် သူ (၇၇)ဦးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်းနစ် နာသူတောင်သူများ၏ပြောကြား ချက်အရသိရသည်။
နောင်တော်လေး
သစ်ထူးလွင်
Unknown at 8:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြောက်ကိုရီးယားနိုင်ငံမှ ဧပြီလအတွင်း ဂြိုဟ်တုလွှတ်တင်မည်
မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့်ဧပြီလအတွင်းမှာ ဂြိုဟ်တုတစ်ခု တင်ဆောင်ထားတဲ့ ဒုံးယာဉ်တစ်စင်းကို လွှတ်တင်သွားမှာ ဖြစ်ကြောင်း
သိရပါတယ်။ အဲဒီလို လုပ်ငန်းသုံး ဂြိုဟ်တုတစ်ခု ဖြစ်တဲ့ ကွမ်မြောင်စွန်း-သရီး ဂြိုဟ်တုကို လာမယ့်ဧပြီလ ၁၂ရက်နေ့နဲ့ ၁၆ရက်နေ့အကြားမှာ ပြုန်ဂန်-ပူဒို အရပ်ရှိ ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ လွှတ်တင်မှာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနတစ်ခုက ပြောကြားခဲ့ပါတယ်။ အခုလိုမြောက်ကိုရီးယားနိုင်ငံက ဒုံးယာဉ်လွှတ်တင်မှုကို အခြားနိုင်ငံ တော်ေ တ်ာများများက တာဝေးပစ်ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှု တစ်ခုအဖြစ် ရှုမြင်နိုင်ချေရှိပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ လအတွင်းမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဆွေးနွေးခဲ့ပြီး တာဝေးပစ် ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုကို ဆိုင်းငံ့ဖို့ ကတိပြုခဲ့တဲ့ အတွက် အခုလိုဒုံးယာဉ် ပစ်လွှတ်တာနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၉၈ခုနှစ်နဲ့ ၂၀၀၉ ခုနှစ် တို့အတွင်းမှာ အလားတူဒုံးယာဉ် ပစ်လွှတ်မှုတွေ လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။
Unknown at 8:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လစာတိုးပေးပြီးပထမဆုံး လာဘ်ပေးလာဘ်ယူကိစ္စအရေးယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ 
ဝန်ထမ်းတွေကိုလစာတိုးပေးရန်နှင့် ၀န်ထမ်းများအကျင့်ပျက်ခြစားမှုမျ
ားရှိပါက 
ထိရောက်စွာအရေးယူရန် ပြောကြားခဲ့
ပြီးနောက် ၀န်ထမ်းများကို ထောက်ပံ့ကြေးငွေ
(၃၀၀၀၀ိ)ကျပ်စီ တိုးမြင့်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒီအမိန့်ထုတ်ပြန်ပြီးနောက်ရက်မှ
ာဘဲ ရန်ကုန်တိုင်း
 ဒေသကြီး၊   ကျောက်တံ
တားရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်နိုင်အောင်နှင့်ဒုရဲအုပ်အောင်ကျော်သူ တို့သည် ဒေါ်လာပွဲစား(၃)ဦးအား ဖမ်းဆီးချုပ်နှောင်ထားပြီးမှ လာဘ်လာဘအဖြစ် ငွေကျပ်(၄)သိန်း တောင်းကာ
 ပြန်လွှတ်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပါ
တ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှဝန်ကြီးသိရှိသွားပြီး ချက်ခြင်းဘဲ စစ်ဆေးခိုင်းကာ အဖြစ်မှန်ပေါ်ပေါက်တဲ့အတွက် စခန်းမှူးရဲအုပ်ဇော်နိုင်အောင်နှင့်ဒုရဲအုပ်အောင်ကျော်သူတို့ထံမှ ချက်ခြင်းလပ်ယူထားသည့်ငွေများအား သိမ်းဆီးကာ အမှုနှင့်ဖမ်းချုပ်စစ်ဆေးနေပါတယ်။
ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ပြည်ထဲရေးဝန်ကြီးမှ ချက်ခြင်းအကောင်အထည်ဖော်လျှက်ရိ
ှပါကြောင်း ၀န်ထမ်းများအနေဖြင့် လပ်ပေးလပ်ယူကိစ္စ များကို မပြုလုပ်ကြရန်ရှောင်ရှားနိုင်ရန်အတွက်ကျောက်တံတားမြို့နယ်မှ ၀န်ထမ်းတစ်ဦးအနေဖြင့် ၀န်ထမ်းများသိရှိနိုင်ရန် အသိပေးတင်ပြပါတယ်။
သစ်ထူးလွင်
Unknown at 7:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြောင်းမြမြို့ နယ်မှာ NLD မဲဆွယ်ဗီနိုင်းပိုစတာဖျက်ဆီးခံရ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာအုပ်စု၊ ရှမ်းရေကျော်
 ကျေးရွာတွင် ၂၉-၂-၂၀၁၂ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့သော ကျေးရွာအမျိုးသားဒီမို
ကရေစီ အဖွဲ့ချုပ်ရုံး ခြံဝန်းအတွင်း စိုက်ထူထားသော မဲဆွယ်ဗီနိုင်းပိုစတာများ
ဖျက်ဆီးခံရကြောင်းသိရပါသည်။
 မြောင်းမြမြို့နယ်မဲဆန္နနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း မန်းဂျော်နီ အတွက် မဲဆွယ်ဗီနိုင်းပိုစတာလေး(၄)ချပ်ကို
(၁၆-၃-၂၀၁၂)ရက်နေ့ညဥ့်အချိန်က ဓါးဖြင့်ဖြတ်လှီးဖျက်ဆီးခံထားရတာဖြစ်ပါသည်။
အဆိုပါ ဖျက်ဆီးမှုကို  ရှမ်းရေကျော်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်
ပွဲအောင်နိုင်ရေးအဖွဲ့မှ မြောင်းမြမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့သို့တိုင်ကြား
ထားကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်  မြောင်းမြလူထုဟောပြောပွဲ သွားရောက်ခဲ့စဉ်
 Myanmar News Now
Unknown at 7:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မလေးရှားနိုင်ငံ ၏ကြွေးမြီပမာဏ GDP ၏ (၅၃%) ဖြစ်လာ
36465fe45a53ee21bf52db067501_grande
မလေးရှားအာဏာရပါတီဖြစ်သည့် အမ်နိုအနေနှင့် ချမ်းသာကြွယ်ဝသူများနှင့် အာဏာရှိအသိုင်း
အ၀ိုင်းကိုသာ အလုပ်အကျွေးပြုနေပြီး လူများစုဖြစ်သော လူလတ်တန်းစားနှင့် အောက်ခြေလူ
တန်းစားအလွှာများအတွက်မူ မယ်မယ်ရရ ထိရောက်စွာလုပ်ဆောင်ပေးခြင်းမရှိပဲ လျစ်
လျူရှုထားသည်ဟု အတိုက်အခံ PKR ပါတီခေါင်းဆောင်တဦးဖြစ်သူ အက်ဇ်မင်
အလီမှပြောကြားလိုက်သည်။
အကယ်၍သာ မလေးရှားအစိုးရအနေနှင့် လက်ရှိ၌နိုင်ငံဘဏ္ဍာများကို ပရမ်းပတာသုံးစွဲမှုနေမှုများနှင့်
လေလွင့်ပြုန်းတီးမှုများကိုထိန်းချုပ်နိုင်ခြင်းမရှိပါက လာမည့်ဆယ်စုနှစ်များအတွင်း ကြွေးပတ်လည်
ဝိုင်းနေသော ဂရိနိုင်ငံကဲ့သို့ ဒေ၀ါလီခံရမည့်အလားရှိနေသော နိုင်ငံတနိုင်ငံအနေအထားသို့ မလေး
ရှားနိုင်ငံအနေနှင့် ဦးတည်နေသည်ဟု PKR ပါတီ၏ ဒုဥက္ကဋ္ဌတဦးဖြစ်သူ အက်ဇ်မင်အလီမှပြောကြားလိုက်သည်။
မလေးရှားနိုင်ငံ၏ လက်ရှိနိုင်ငံတော်ကြွေးမြီပမာဏသည် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ပမာဏ၏
(၅၃%) အထိရှိလာနေသည့်အချက်အား အက်ဇ်မင်မှထောက်ပြသွားခဲ့သည်။
(၁၉၈၃) တွင်ရေးဆွဲပြဋ္ဌာန်းခဲ့သော ဥပဒေ၌၊ အကယ်၍ နိုင်ငံတော်ကြွေးမြီပမာဏသည် (၅၅%) အထက်သို့ရောက်ရှိလာပြီဆိုပါက နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ ပြတ်သားသော အရေးယူဆောင်ရွက်မှုကို
လုပ်ဆောင်ရမည်ဟု ဆိုထားသည်။
“ လူကြီးမင်းတို့… အခု..နိုင်ငံတော်ကြွေးမြီပမာဏာဟာ (၅၅%) ကိုရောက်ဖို့ (၂%) လောက်ပဲလိုပါတော့တယ်။
တကယ်လို့သာ အမ်နိုပါတီခေါင်းဆောင်တဲ့ ဘာရီဆဲန်နေရှင်နယ် ညွန့်ပေါင်းအဖွဲ့ကိုသာ ဖြုတ်မချနိုင်ဘူးဆိုရင်
ကျနော်တို့ဒေ၀ါလီခံရတော့မှာဖြစ်ပါတယ်…”
ဟုဘရန်ဘာရူတွင်ကျင်းပခဲ့သော လူထုအစည်းအဝေး၌ အက်ဇ်မင်အလီမှာဆိုခဲ့သည်။
အဆိုပါအစည်းအဝေးနှင့်ပတ်သက်ပြီး အချိန်နီးမှကပ်အကြောင်းကြားခဲ့သဖြင့် တက်ရောက်လာသူပမာဏမများ
လှသော်ငြား အက်ဇ်မင်မှ လက်ရှိနိုင်ငံရေးအနေအထားနှင့် ပတ်သက်ပြီး ကြက်သီးမွှေးညင်းထလောက်စရာမိန့်ခွန်းအား
လေးနက်ပြင်းထန်စွာဖြင့်ဆိုသွားခဲ့သည်။
ငွေပမာဏကြီးမားစွာချေးယူနေ၍ ကြွေးပတ်လည်ဝိုင်းလာ၍ တိုင်းပြည်အနေနှင့် အောက်သို့နိမ့်လျှောလာနေကာ
ထိုအကြွေးများအတွက် ၀န်ကြီးချုပ်နာဂျစ်ဘ်ရာဇက်မှ ဆပ်ပေးနိုင်မည်မဟုတ်ပါ…ဟု အက်ဇ်မင်မှပြောသည်။
ထိုကြွေးမြီများကိုပြန်ဆပ်ရန်အတွက် လာမည့်မျိုးဆက်သစ်မလေးရှားနိုင်ငံသားများမှ ခါးစည်းခံရလိမ့်မည်ဖြစ်
သည်ဟု ၄င်းမှဆိုသည်။
“ တကယ်လို့သာ မလေးရှားနိုင်ငံရေး၊ စီးပွားရေးစနစ်တွေကို အပြောင်းအလဲတွေ မလုပ်နိုင်ရင် ကျနော်တို့နိုင်ငံဟာ
အကြွေးပြဿနာကြောင့် မျိုးဆက်သစ်လူငယ်တွေ ခါးစည်းခံကြရတဲ့ ဂရိ (သို့) အမေရိကန်နိုင်ငံများလိုဖြစ်
လာတော့မှာဖြစ်ပါတယ်…”
အမ်နိုပါတီ၏အမှားများ
1Malaysia အစီအစဉ်ဖြစ်သည့် (BR1M) အရ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို တဦးလျှင် ရင်းဂစ် (၅၀၀)
ပေးရာတွင် ထိုငွေများအား နိုင်ငံတော်အရံငွေကြေးမှ ထုတ်ပေးခြင်းမဟုတ်ပဲ ချေးငွေများနှင့်ပေးခြင်းဖြစ်ခဲ့သည်ဟု
အက်ဇ်မင်မှဆိုသည်။
ပူထရာဂျာယာရှိ ၀န်ကြီးချုပ်နေအိမ်တွင်ပြုလုပ်ခဲ့သော နာဂျစ်ဘ်၏သမီးစေ့စပ်ပွဲအထိမ်းအမှတ် ညစာစားပွဲအခမ်းအနား၌
ကုန်ကျခဲ့သောစရိတ် ရင်းဂစ် (၄) သိန်းခန့်အား ၀န်ကြီးချုပ်ရုံးမှ ပေးချေခဲ့ရသည်ဆိုသော အရှုပ်ထုတ်နှင့်ပတ်သက်သည့်
စွပ်စွဲချက်များနှင့်ပတ်သက်၍လည်း အက်ဇ်မင်မှထည့်သွင်းပြောကြားသွားခဲ့သည်။
ဝန်ကြီးချုပ်နာဂျစ်ဘ်အနေနှင့် ထိုကုန်ကျစရိတ်အားမည်ကဲ့သို့ ပေးချေခဲ့သည်ဆိုခြင်းအား လူသိရှင်ကြား
ထုတ်ဖေါ်ပြောကြားစေလိုသည်ဟု ၄င်းမှဆိုသည်။
နာဂျစ်ဘ်အနေနှင့် ငွေလက်ငင်းပဲရှင်းရှင်း၊ အကြွေးဝယ်ကဒ် (ခရက်ဒစ်ကဒ်) နှင့်ပဲပေးပေး၊ ချက်လက်မှတ်ပဲရေးရေး…
ဘယ်လိုနည်းနဲ့ငွေရှင်းတယ်ဆိုတာ မလေးရှားပြည်သူများအနေနဲ့ သိခွင့်ရှိပါတယ်… ဈေးကြီးလှတဲ့စားသောက်ပွဲတခုကို
လက်ခံကျင်းပဖို့ အခုလို ငွေပမာဏအများကြီးကိုဘယ်လိုများ ငွေ္ဂရှင်းနိုင်တာလဲ…
ပြည်သူလူထု၏အခွန်ငွေများအား အစိုးရမှတလွဲတချော်စီမံခန့်ခွဲနေခြင်းများနှင့်ပတ်သက်၍ PKR ပါတီမှထုတ်ဖေါ်ပြောကြားခဲ့ပြီး
အမ်နိုပါတီသည် (၁၉၉၀) နှစ်များမှစ၍ လမ်းချော်နေခဲ့သည်ဆိုသော ပြောဆိုမှုများအတွက် ယခုကိစ္စများကသက်သေ
အလားဖြစ်လာခဲ့သည်ဟု အက်ဇ်မင်မှဆိုသည်။
အာဏာလက်မလွတ်ရစေရေးအတွက် အမ်နိုပါတီသည် အမှားအယွင်းများကို တောက်လျှောက်ကျူးလွန်နေခဲ့သည်ဟု
အက်ဇ်မင်မှဆိုသည်။
အမ်နိုအနေနှင့် ငွေရှိသူများနှင့် အာဏာရှိသူများကိုသာ ပံ့ပိုးနေပြီး လူလတ်တန်းစားနှင့် သာမန်လူတန်းစားအလွှာများအတွက်
ထိရောက်စွာလုပ်ဆောင်ပေးခြင်းမရှိပဲ လျစ်လျူရှုထားသည်ဟု ၄င်းမှဆိုသည်။
ပြည်သူများအနေနှင့် အမ်နိုပါတီဆင်းသွားရန် တက်သုတ်ရိုက်လုပ်ဆောင်ရန်လိုနေပြီး မည်သည့်နိုင်ငံရေးပါတီမှ အာဏာကို
အမြဲတမ်းဆုပ်ကိုင်ထားရန်မဖြစ်နိုင်ပဲ၊ အထူးသဖြင့် အာဏာရသောပါတီတရပ်သည် နိုင်ငံကိုအကျိုးပြုရမည်ထက်
ဆိုးကျိုးပေးနေသည်ဆိုပါက အာဏာကိုဆက်လက်ထိန်းချုပ်ထားရန် ပို၍ပင်မဖြစ်နိုင်ဟု အက်ဇ်မင်အလီမှပြောကြားခဲ့သည်။
Unknown at 7:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဗိုလ်ချုပ်ဇနီးဒ်ါခင်ကြည်နေရာတွင်သရုပ်ဆောင်ရန်အတွက်လျှောက်လွှာများခေါ်ယူမည်
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိရုပ်ရှင်ဇာတ်ကားတွင်အဓိကသရုပ်ဆောင်နေရာဖြစ်သောဗိုလ်ချုပ်ကတောဒေါ်ခင်ကြည်၏ဇာတ်ရုပ်တွင်သရုပ်ဆောင်ရန်လျှောက်လွှာများခေါ်ယူသွားမည်ဖြစ်ကြောင်းဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်ဇာတ်ရုပ်အတွက်လည်းဗိုလ်ချုပ်လိုပဲသတင်းစာထဲမှာလျှောက်လွှာပုံစံထည့်ပြီးခေါ်ယူသွားမှာပါ။ဗိုလ်ချုပ်ဇာတ်ရုပ်အတွက်မတ်လ၁၅ရက်ရွေးချယ်ပွဲမတိုင်မီတစ်ရက်၊နှစ်ရက်အလိုလောက်သတင်းစားထဲကနေဗိုလ်ချုပ်ကတော်နေရာအတွက်သရုပ်ဆောင်တွေကိုခေါ်ယူတော့မှာပါ။လိုအပ်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ဒီရက်ပိုင်းတွင်ထုတ်ပြန်သွားဖို့ရှိပါတယ်”ဟုအထက်ပါတာဝန်ရှိသူတစ်ဦးကပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည်အဆိုပါဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားအတွက်အဓိကသရုပ်ဆောင်ဖြစ်သောဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်တို့နေရာတွင်သရုပ်ဆောင်ရန်ပြင်ပမှသရုပ်ဆောင်များကို ရွေးချယ်ရန်အခြားဇာတ်ရုပ်များအတွက်မူပြည်တွင်းအနုပညာရှင်များသုံးစွဲနိုင်ကြောင်းဆန္ဒပြုထားသည်။
“ဒါဒေါ်စုရဲ့ဆန္ဒပေါ့။ဒီကားကကမ္ဘာကိုသွားမယ့်ကားဖြစ်တယ်။ ဒီကားနဲ့မြန်မာသရုပ်ဆောင်တွေကိုကမ္ဘာကိုသိစေချင်တယ်။ ကမ္ဘာကသိလို့မြန်မာသရုပ်ဆောင်တွေကိုသဘောကျရင်ကမ္ဘာကိုလှမ်းမယ့်ကားတွေထပ်ရိုက်နိုင်မယ်။ဒါကြောင့်လည်းဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်ကလွဲရင်အနုပညာလောကကပထမအဆင့်အနေနဲ့အောင်မြင်နေတဲ့မင်းသားတွေ၊အဲဒီကမှတစ်ဆင့်တခြားသရုပ်ဆောင်တွေကိုထည့်ရိုက်ပါလို့ဒေါ်စုကပြောထားပါတယ်”ဟု၎င်းကပြောပြသည်။
Unknown at 7:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
 မြောင်းမြမြို့နယ် အတွင်းရှိ မဲစာရင်းများတွင် အိမ်ထောင်စုတစ်ခုလုံး မပါရှိခြင်း
"မြောင်းမြမြို့နယ် အတွင်းရှိ မဲစာရင်းများတွင် အိမ်ထောင်စုတစ်ခုလုံး မပါရှိခြင်း၊ ပါဝင်သော်လည်း ကွဲလွဲမှားယွင်းခြင်း၊ သေဆုံးပြီးသူများ ပြန်လည်ပါဝင်နေခြင်း၊ မှတ်ပုံတင် နံပါတ်တစ်ခုတည်းဖြင့် မဲဆန္ဒရှင် တစ်ဦးထက် ပိုမို ပါဝင်ခြင်းများ ရှိကြောင်း မြို့ခံမဲဆန္ဒရှင်များက အထောက်အထားဖြင့် ပြောကြား"
မတ်လ ဒုတိယပတ်က မြောင်းမြမြို့အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးနေသည်ကို တွေ့မြင်ရစဉ်
လွန်ခဲ့သည့် မတ်လဆန်းပိုင်းက ထုတ်ပြန်ကြေညာခဲ့သည့် မဲပေးရမည့် လူဦးရေစာရင်းတွင် လွဲမှားမှုများစွာ ဖြစ်ပေါ်နေကြောင်း မြောင်းမြမြို့မှ မဲဆန္ဒရှင်များက အထောက်အထားများဖြင့် ပြောကြားခဲ့ကြသည်။
ကွဲလွဲမှားယွင်းသည်ဟု ဆိုရာ၌ အိမ်ထောင်စုတစ်ခုလုံး မဲပေးရမည့် စာရင်းတွင် ပါဝင်မလာခြင်း၊ အိမ်ထောင်စုတစ်ခုတွင် တစ်ဦးကျန်၊ နှစ်ဦးကျန် ကျန်ရှိနေခြင်း၊ မှတ်ပုံတင်တစ်ခုတည်းဖြင့် မဲဆန္ဒရှင်တစ်ဦးထက် ပိုမိုပါဝင်နေခြင်း၊ မှတ်ပုံတင်များ မှားယွင်းခြင်း၊ နေရပ်များ မှားယွင်းခြင်း၊ အဖအမည်များ မှားယွင်းခြင်းအပြင် သေဆုံးပြီးသူများ ပါဝင်ခြင်းများရှိကြောင်း သိရသည်။
''ကျွန်မတို့ မိသားစုက ၂၀၁၀ ပြည့်နှစ်မှာ မဲပေးခဲ့ကြပါတယ်။ မဲပေးဖို့ စာရင်းကြေညာတော့လည်း ပါလာပါတယ်။ ကျွန်မတို့ မိသားစုမှာ မဲပေးခွင့်ရှိတာ ငါးဦးရှိပါတယ်။ အခု မဲပေးရမယ့် စာရင်းကပ်တာကိုသွား ကြည့်တော့ တစ်မိသားစုလုံး ပါမလာဘူး။ ကျွန်မတို့က ဒီမှာပဲအိမ် တိုင်တွင်းစွတ်နဲ့ တစ်သက်လုံး နေလာတာ။ အိမ်ထောင်စုစာရင်း အပြည့်အစုံ ရှိတယ်။ မှတ်ပုံတင်ရှိတယ်။ လမ်းမတန်းမှာလည်း နေတယ်။ အိမ်ကျော်သွားစရာ အကြောင်းကို မရှိတာပါ။ ကင်းစောင့်ခ၊ မီးခနဲ့ ရပ်ကွက်က ကောက်သမျှ ကုန်ကျစရိတ်တွေကျတော့ တစ်ခါမှ အိမ်ကျော်သွား တာမရှိဘူး။ မဲပေးရမယ့် စာရင်းကျတော့ တစ်မိသားစုလုံး ကျန်ခဲ့တယ်။ ကျွန်မတို့နားမှာပဲ အိမ်ထောင်စုလိုက် ကျန်ခဲ့တာတွေ တော်တော်ရှိတယ်'' ဟု အမှတ်(၉)ရပ်ကွက် အတွင်းနေ ထိုင်သူတစ်ဦးက ပြောပါသည်။
''ကျွန်တော်တို့က မဲစာရင်းမှာ တော့ပါတယ်။ မှတ်ပုံတင်တွေ လွဲနေတယ်။ တစ်ဦးကျန်၊ နှစ်ဦးကျန်တွေ အများကြီးပဲ။ အဖေနာမည်တွေ လွဲနေတာ၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် လွဲနေတာတွေက အများဆုံးပဲ။ တစ်နေ့လုပ် တစ်နေ့စားလည်း ဖြစ်သလို ဘယ်သူ့ပြောရမှန်း မသိတာနဲ့ မပြောဖြစ်တဲ့သူ အများကြီးရှိပါတယ်'' ဟု သူဌေးကုန်းရပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
''ကျွန်မတို့က ရပ်ကွက်ထဲမှာ၊ လမ်းထဲမှာ သာရေးနာရေးနဲ့ ရပ်ကွက်အရေးအတွက် ရပ်မိရပ်ဖလို နေတာပါ။ မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ မဲစာရင်းကောက်တဲ့ ရပ်ကွက်တာဝန်ရှိသူတွေလည်း အကူအညီလိုရင် အမြဲလာနေကျပါ။ ဒါပေမယ့် မဲပေးရမယ့် စာရင်းမှာ ပါမလာဘူး။ တစ်မိသားစုလုံး မပါတာ။ ရပ်ကွက်အတွက် လိုအပ်တာ လာကောက်တဲ့အခါ မေးကြည့်တော့ ပါပါ မပါပါ သိပ်မှအရေးမကြီးတာလို့ ပြောသွားတယ်''ဟု မြို့ခံတစ်ဦးက ဆိုသည်။
''ရပ်ကွက်ထဲမှာတော့ သတင်းက အစုံပဲ။ မဲတစ်မဲကို ကျပ် ၄၀၀၀၀ လောက်နဲ့ ပေးဝယ်မယ်။ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းတဲ့သူတွေက စည်းရုံးရေးလို့ မပြောဘဲနဲ့ လယ်သမားတွေကို ငွေထုတ်ချေးမယ်ဆိုတဲ့ သတင်းမျိုးနဲ့ စုခေါ်ပြီး အဲဒီရောက်မှ အောင်နိုင်ရေးအတွက် ပါတီတစ်ခုက မဲဆွယ်တာမျိုးဖြစ်တာတွေလည်း ကြားနေရတယ်။ အောင်နိုင်ရေးအတွက် ဟောပြောတဲ့ နေရာကိုလာဖို့ ပါတီတစ်ခုကနေ တစ်ဦးကို ကျပ် ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ပေးမယ်ဆိုပြီး ခေါ်တာတွေ လည်းရှိတယ်၊ မရှိတဲ့သူတွေကတော့ သွားတယ်လို့လည်း ကြားရတယ်'' ဟု မြောင်းမြမြို့ခံတစ်ဦးကလည်း ပြောကြားခဲ့ပါသည်။
''ခရိုင်ကော်မရှင်က ပြင်ဆင်ပေးမယ်ဆိုတာ ဥပဒေမှာ ပါပြီးသားပဲလို့ ပြောတယ်။ မြို့နယ်ကော်မရှင်ကတော့ ပထမမေးတော့ ဧပြီလ ၁ ရက်နေ့ မတိုင်ခင်အထိ ရတယ်ပြောတယ်၊ နောက်တစ်ကြိမ်မေးတော့ ပြင်ဆင်ပေးလို့ မရဘူးလို့ ပြောပြန်ရော။ တချို့ ရပ်ကျေးကော်မရှင်တွေကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပြင်ဆင်ပေးဖို့ တင်ပြတာကို မဲဆွယ်တယ်ထင်ပြီး လုပ်ပေးဖို့အကြောင်းကို အတိအကျမပြောဘူး''ဟု မတ်လ ၁၇ ရက်နေ့အထိ အခြေအနေကို မြောင်းမြမြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အောင်နိုင်ရေးတာဝန်ခံ ဦးမြင့်လွင်က ပြောကြားခဲ့ပါသည်။
EMG
Unknown at 7:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အပြောသက်သက် မဟုတ်တော့တဲ့ သူရဦးရွှေမန်း
လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြားမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဇွဲကောင်းသူ စေတနာကောင်းသူ သဘောထား ပျော့ပျောင်းသူအဖြစ် မှတ်ချက်ပြုကြပါတယ်။ မကြာသေးခင်က လွှတ်တော်မှာ သူ့ရဲ့ ၀န်ထမ်းလစာ တိုးမြင့်ရေး ကိစ္စကြိုးပမ်းမှုကြောင့် ပြည်သူလူထုအကြား စိတ်ဝင်စားမှု ပိုရလာနေပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း (ဓာတ်ပုံ - ဧရာဝတီ)
ယခုတကြိမ်ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကနေ တိုင်းပြည်ရဲ့ ရသုံး အသုံးစရိတ်၊ ၀န်ကြီးဌာနအလိုက် အသုံးစရိတ်များ တင်တဲ့အခါ မလိုအပ်တဲ့ စီမံကိန်းတွေထဲက ဆိုင်းငံ့သင့်တာ ဆိုင်းငံ့၊ ရပ်သင့်တာ ရပ်ထားလိုက်ရင် ၀န်ထမ်းတွေရဲ့ လစာ တိုးပေးနိုင်တယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့် ၀န်ထမ်းလစာ တိုးဖို့ မဖြစ်နိုင်သေးဘူးလို့ မတ်လဆန်းမှာ ပြောခဲ့တဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းကနေ ပယ်ချထားပါတယ်။ သမ္မတက လစာတိုးမြင့်ရေးဟာ ၃ ရာခိုင်နှုန်းကျော်သော ပြည်သူ့ဝန်ထမ်းတွေအတွက်သာဖြစ်ပေမယ့် သန်း ၆၀ ကျော်ပြည်သူတွေထဲက ကျန်တဲ့ ပြည်သူ ၅၉ သန်းနီးပါးအပေါ် သက်ရောက်မှုအများကြီးရှိတယ်၊ လစာတိုးမယ်ဆိုတာနဲ့ ကုန်ဈေးနှုန်း တက်လိုက်လာနေတာကြောင့် ဒီကာလအတွင်း မဖြစ်နိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်စီကတော့ “လစာငွေကိစ္စမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဆိုတော့ အဲဒီအတိုင်းပဲ။ ဦးရွှေမန်းကလည်း သူက သူ့ရဲ့ ဥပဒေပြုရေးလိုင်းကနေ ရွတ်ရွတ်ချွံချွံလုပ်သွားမယ်လို့ ယူဆတယ် “ လို့ ဧရာဝတီကို ပြောပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်လိုသူလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထောက်ခံထားတဲ့သူ ဖြစ်သလို သူ့ရဲ့ မကြာသေးခင်က သမ္မတသက်တမ်း တနှစ်ပြည့်မိန့်ခွန်းကလည်း ပြည်သူ့အကြိုက်တွေ ထင်ဟပ်ခဲ့ပါတယ်။ ဦးရွှေမန်းကလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေအပါအ၀င် ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှု လေးစားမှုရနေသူပါ။ လစာတိုးမြင့်ရေးနဲ့ ပတ်သက်လို့ “ဦးရွှေမန်းက ရှေ့ဆက်လက် လုပ်ဆောင်မှာပါ၊ သူ့အနေနဲ့လည်း သူလုပ်ချင်တာ ဆက်လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” လို့ စိုင်းဆောင်စီက ဆက်ပြောပါတယ်။
ဝန်ထမ်းလစာတိုးမြင့်ရေးကိစ္စကို အလေးထား တင်ပြလာတာဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးဖြစ်ပြီး ပြည်သူအများကတော့ ဒါဟာ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့ နဲ့ ဥပဒေပြုရေးအဖွဲ့တို့အကြားရဲ့ လစာကွာဟမှုတွေကြောင့် အခုလို တိုးမြင့်ဖို့ ပြောဆိုလာတယ်လို့ ယူဆကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ ဒါဟာ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ခေါင်းဆောင်တွေရဲ့ အားပြိုင်မှုသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကြည်မြင့်က “လစာတိုးဖို့ ရော လျှော့ချဖို့ရော ပြောတာက အာဏာရပါတီက လူတွေပဲဖြစ်တယ်။ ပြောရခက်တယ်။ အာဂျင်ဒါက သူတို့ပဲ ဆွဲတာကိုး” လို့ ပြောပါတယ်။
ဒါဟာ အများမြင်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့အကြား ကားလိပ်နောက်ကွယ်က လွန်ဆွဲပွဲဖြစ်နေမလား။ အရင်စစ်အစိုးရလက်ထက်မှာတုန်းက နံပါတ် ၃ အဆင့်ရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဟာ သမ္မတဖြစ်လာလိမ့်မယ်လို့ တစ်ပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။ တကယ်တမ်း သမ္မတဖြစ်လာတာက သူ့ထက် စီနီယာနိမ့်တဲ့ နံပါတ် ၆ အဆင့်ရှိ ဒုတိယဗိုလ်ချုပ်ကြီး ၀န်ကြီးချုပ်ဦးသိန်းစိန် ပါ။
ဒါပေမယ့် သူတို့နှစ်ဦးအကြား ဘုံအကျိုးစီးပွားတော့ ရှိပါတယ်။ သမ္မတရော ပြည်သူ့လွှတ်တော်ဥက္ကဌရော နှစ်ဦးစလုံးဟာ တူညီတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် စစ်ခေါင်းဆောင် ဟောင်းတွေ ဖြစ်နေတာပါ။ အဲဒီအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လုပ်ပိုင်ခွင့်ထဲက အာဏာကိုသုံးပြီး ရသလောက်လုပ်နေတာလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။
မကျဆင်းတတ်တဲ့ ကုန်ဈေးနှုန်းနဲ့ ၀န်ထမ်းလစာ တိုးပေးဖို့အရေးနဲ့ပတ်သက်ပြီး သမ္မတနဲ့ ဦးရွှေမန်းတို့ဟာ ဦးရွှေမန်း တရုတ်ပြည်က ပြန်ရောက်ပြီးနောက် နှစ်ဦးထဲ တွေ့ဆုံခဲ့ပြီး ညှိခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဧပြီလ ၁ ရက် ဘဏ္ဍာရေးနှစ်သစ်က စပြီး အစိုးရ ၀န်ထမ်းတိုင်းအား ရှားပါးစရိတ်ထောက်ပံကြေး ကျပ် ၃၀၀၀၀ တိုးမြှင့် ပေးမယ်လို့ အစိုးရက အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တနှစ်သားလွှတ်တော်မှာ သူရဦးရွှေမန်းရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကိုယ်စားလှယ်တွေက ကျေနပ်မှုရှိတယ်လို့ ဦးစိုင်းဆောင်စီက ဆက်ပြောပါတယ်။ သူက “ဦးရွှေမန်းက အမှန်ပြောရရင် သူလုပ်လာတဲ့တလျှောက်မှာ စစချင်းတုန်းက သူတို့က ကြံ့ခိုင်ရေးပါတီ။ အန်ကယ်တို့က တိုင်းရင်းသားပါတီပေါ့ အခုကျတော့ ပါတီစွဲဆိုတာ တကယ်ပျောက်ချင်သလို ဖြစ်သွားပီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိစ္စအ၀၀ ကို သူစိတ်ဝင်တစား ဖြေရှင်းပေးတာ တွေ့ရတယ်။ ဇွဲလည်းရှိတယ်။ စေတနာလည်း ရှိတယ်။ အခု ၁ နှစ် လွှတ်တော်တက်လာတဲ့အချိန်မှာ အန်ကယ်အနေနဲ့ကတော့ ဦးရွှေမန်းဟာ တော်တော်ကို ခေါင်းအေးအေးနဲ့ လုပ်ချင်တာ ဖြစ်အောင် လုပ်တတ်တဲ့သူလို့ မြင်တယ်” လို့ ပြောပါတယ်။ သူ့ကို ပါတီစွဲကင်းသူလို့ ယူဆထားကြပြီး သဘောထားပျော့ပြောင်းသူအဖြစ် အများစုက သဘောကျကြတာပါ။
ဒါ့အပြင် သူ့ရဲ့မိန်းခွန်းတွေမှာ ပြည်သူတွေကို အကျိုးဖြစ်စေမယ့် ဥပဒေတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းလုပ်ဆောင်မယ်ဆိုတဲ့ ကတိက၀တ်တွေလည်း ပေးထားပါတယ်။ အစိုးရ ၀န်ကြီးဌာန ၆ ခုဟာ ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန်မကန် ဖော်ပြမှုတွေရှိတယ် ဆိုတဲ့ ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ လွှတ်တော်အစည်းအဝေးများမှာ ဆွေးနွေးသွားဖို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း က လမ်းဖွင့်ပေးခဲ့ပါသေးတယ်။
သူရဦးရွှေမန်းဟာ လွှတ်တော်ဥက္ကဋ္ဌဖြစ်လာပြီးနောက်ပိုင်း ပါလီမန်အတွေ့အကြုံ လေ့လာရေးအဖြစ် မနှစ်က ဇွန်လမှာ ရုရှားနိုင်ငံ ကို သွားရောက်ခဲ့ပြီး နှစ်ကုန်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံရဲ့ ပါလီမန်ကို လေ့လာရေးခရီး ထွက်ခဲ့ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှာလည်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးသွားခဲ့ပြီး ဒါဟာ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီနှစ်မှာ ပထမဆုံး နိုင်ငံခြား ခရီးဖြစ်ပါတယ်။ အမေရိကန်အပါအ၀င် ဥရောပနိုင်ငံတွေနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံကို အဆက်မပြတ်လာရောက်မှုတွေရှိသလို အမေရိကန်နဲ့ သံတမန် ဆက်ဆံရေးတိုးမြင့်လာတာကြောင့် တရုတ်နဲ့ သံတမန်ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေဖို့ သူရဦးရွှေမန်း သွားခဲ့တာလို့ သိရပါတယ်။
အဲဒီနောက်တော့ မတ်လ ၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ မြန်မာ့စက်မှုဖွံ့ဖြိုးရေး စီမံကိန်း အသုံးစရိတ်တွေ လျှော့ချဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးချက်အပေါ် အကြီးစားစက်မှုလုပ်ငန်းများ ရပ်ဆိုင်းထားဖို့ဆိုတာမှာ တရုတ်နိုင်ငံရဲ့ချေးငွေနဲ့ တည်ဆောက်နေတာမို့ ရပ်စဲလျှင်လည်း ဘတ်ဂျက်လိုငွေပြမှုကို ကာမိမှာ မဟုတ်တဲ့အတွက် တရုတ်ပြည်ကုမ္ပဏီတွေနဲ့ ဆောက်လုပ်စ စီမံကိန်းလုပ်ငန်းများကို ရပ်တန့်မည် မဟုတ်ကြောင်း စက်မှုဖွံ့ဖြိုးရေးဝန်ကြီးက ပြောခဲ့ပါတယ်။ သူရဦးရွှေမန်း တရုတ်ပြည်ခရီးစဉ်နောက်ပိုင်းမှာမှ ဒီစီမံကိန်းကြီးတွေ ရပ်ပစ်ဖို့ မဖြစ်နိုင်ပါဘူးလို့ ဆိုင်ရာဝန်ကြီးက ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
စစ်အစိုးရကနေ အရပ်သားအစိုးရအမည်ခံ အစိုးရသစ်လက်ထက် တနှစ်သားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးခိုင်မာလာအောင် ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ မှန်တာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြဖို့နဲ့ သတ္ကိရှိကြဖို့ တိုက်တွန်းထားပါတယ်။
သူရဦးရွှေမန်းကိုယ်တိုင်က သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို သတ္တိရှိဖို့ မှန်ရာပြောဖို့ မကြောက်ကြဖို့ တိုက်တွန်းယူရကြောင်းနဲ့ သူ့ရဲ့ စကားတွေကို ဆင်ဆာဖြတ်ခံထိတဲ့အကြောင်းကို ဒီရက်ပိုင်းအတွင်း ထုတ်ဖော်ပြောလာပါတယ်။
သူက “လွှတ်တော်ထဲမှာ ဒီလိုပြော ပေမယ့် သတင်းထဲကျတော့အခါ ကျတော့ ရဲရဲဝံ့ဝံ့ဆိုတာပါပြီးတော့ သတ္တိဆိုတာပါမလာဘူး။ သဘော ကတော့ဒီစကားကို ကျွန်တော် သုံး လိုက်တဲ့ဟာကို သတင်းစာထဲ၊ ရေဒီယိုထဲ ထည့်လိုက်မယ်ဆိုရင် ကျွန်တော့်အတွက်များ စိုးရိမ်ပြီး တော့ မထည့်တာလား မသိဘူး” လို့ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
မကြာသေးမီက လုပ်ခဲ့တဲ့ အေအက်ဖ်ပီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ တပ်မတော်က နောက်ထပ် အာဏာသိမ်းဖို့မရှိပါဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပေမယ့် တပ်မတော်အသိုင်းအ၀ိုင်းနဲ့ အစိုးရအသိုင်းအ၀ိုင်းကတော့ ဦးရွှေမန်းကို လူကျွံဘောမိနေပြီလို့ တိုးတိုးတိတ်တိတ် ဝေဖန်ကြပါတယ်။ သူရဲ့ ပြောဆိုမှုတွေကြောင့် သူ့အပေါ် တပ်မတော်ကရော သူ့ရဲ့မိခင်ပါတီကပါ ယုံကြည်မှုနည်းသွားနေပြီလို့လည်း ဆိုကြပါတယ်။
စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ နာမည်ပျက်လာခဲ့သမျှ နာလန်ပြန်ထူရေးနဲ့ နာမည်ကောင်းပြန်ရရေးအတွက် သူရရွှေမန်းတယောက်ရဲ့ ပြည်သူ့လွှတ်တော်တွင်း ကြိုးပမ်းချက်တွေ ဘယ်လောက်ထိ အရာရောက်မလဲ၊ ဘယ်လောက် အကောင်အထည်ဖော်နိုင်မလဲ၊ ဘယ်အချိန်ထိ ခံမလဲ ဆိုတာတွေက စိတ်ဝင်တစား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
http://burma.irrawaddy.org/archives/7292  မှ
Unknown at 7:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
 ကြားဖြတ် ရွေးကောက်ပွဲသည် အဆင့်တစ်ဆင့်သာ ဖြစ်ပြီး ထိုမှတစ်ဆင့် ဆက်လုပ်သွားရန် အများအပြား ရှိနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
7252
ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ)တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့် အခမ်းအနား၌
ဒေါ်အောင်ဆန်းစုကြည် နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်
ကြားဖြတ် ရွေးကောက်ပွဲသည် အဆင့်တစ်ဆင့်သာ ဖြစ်ပြီး ထိုမှတစ်ဆင့် ဆက်လုပ်သွားရန် အများအပြား ရှိနေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၆ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ရန်ကုန်(၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့် အခမ်းအနား၌ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
“ပြည်သူတွေရော၊ တပ်မတော်သားတွေပါ ၀ိုင်းပြီး ဒီနိုင်ငံရဲ့ကောင်းကျိုးအတွက် တညီတညွတ်တည်း  လုပ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ တကယ့် အလားအလာတွေဟာ အင်မတန်မှ ကောင်းမှာပါ။ ဒီအလားအလာတွေ နောင်မကြာမီကာလမှာ ဖြစ်မြောက်လာအောင် ကျွန်မတို့ ကြိုး စားရမှာပါ။ ကြားဖြတ်ရွေးကောက်ပွဲလေး ၀င်လိုက်လို့တော့ ဖြစ်လာမှာ  မဟုတ်ပါဘူး။ ဒါက အဆင့်တစ်ဆင့်ပါပဲ။ အဲဒီကနေကျွန်မတို့ ဆက်လုပ်သွားရမှာ အများကြီးရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စွန့်စားမှုတစ်ရပ်ဖြစ်ပြီး မှားခြင်း၊ မှန်ခြင်းဆိုသည် မှာ မိမိ၏ ကြိုးပမ်းမှုအပေါ်တွင်သာ မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ပြည်သူတွေရော၊ တပ်မတော်သားတွေပါ ၀ိုင်းပြီး ဒီနိုင်ငံရဲ့ကောင်းကျိုး အတွက် တညီတညွတ်တည်း လုပ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ တကယ့် အလားအလာတွေဟာ အင်မတန်မှကောင်းမှာပါ။ ဒီအလားအလာတွေ နောင်မကြာမီ ကာလမှာ ဖြစ်မြောက်လာအောင် ကျွန်မတို့ ကြိုးစားရမှာပါ။ ကြားဖြတ် ရွေးကောက်ပွဲလေး ၀င်လိုက်လို့တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကအဆင့်တစ်ဆင့် ပါပဲ။ အဲဒီကနေ ကျွန်မတို့ ဆက်လုပ်သွားရမှာ အများကြီးရှိပါတယ် .  .  .
“နိုင်ငံရေးဆိုတာ အချိန်အခါ နဲ့ကိုက်အောင် ကျွန်မတို့ ဆုံးဖြတ်ချက် ချသွားရမှာပဲ။ ဆုံးဖြတ်ချက်တွေဟာ စွန့်စားချက်တွေလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ပြန်ပြီးတော့ ပါတီ ကို မှတ်ပုံတင်မယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ၂၀၁၀ တုန်းက မ၀င်ဘူး ဆိုတာလည်း စွန့်စားမှုတစ်မျိုးပါပဲ။ အခု ၂၀၁၂ မှာ ၀င်မယ်ဆိုတာလည်း စွန့်စားမှုပါပဲ။ မှန်လား၊ မှားလားဆိုတာ အမျိုးမျိုးသုံးသပ်ကြတယ်။ နိုင်ငံ ရေးမှာအမြဲပဲ အဖြေတစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ အဖြေဟာတစ်ခု မကရှိနိုင်ပါတယ်။ မှန်လား၊ မှားလားဆိုတာကတော့ ကိုယ့်ရဲ့ကြိုး ပမ်းချက်တွေအပေါ်မှာမူတည်ပါတယ်။ ကိုယ်က လမ်းတစ်လမ်းတည်း သွားနိုင်မယ်ဆိုရင် ကိုယ်သွားမယ့်လမ်းကို ဆုံးဖြတ်လိုက်။ ဆုံးဖြတ်လိုက်ပြီး နောက် ဒီလမ်းဟာ အများအကျိုးအတွက် ဖြစ်အောင်လို့ ကိုယ့်ဟာကိုယ် ကြိုးပမ်းပြီးတော့ လုပ်သွားရမယ်။ ဒီလမ်းကိုကိုယ်တိုင်ပဲ ဖောက်ရင်လည်း ဖောက်သွားရမယ်။ ဆက်လက်လည်း ထိန်းသိမ်းသွားရမယ်။ အဲ တော့ ကိုယ့်တာဝန် ကျေပွန်အောင်လို့ အတတ်နိုင်ဆုံးလုပ်ဖို့ပဲရှိပါတယ်။ ဒီလမ်းမှန်တယ်၊ ဒီလမ်းမှားတယ်ဆိုတာ အမြဲပဲ ကြိုတင်ပြီးတော့ ဆုံးဖြတ် သုံးသပ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ထို့အပြင် နိုင်ငံရေးသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ နိုင်ငံပြောင်းလဲမှုများအတွက် တပ်မတော်နှင့်အတူ လုပ်ဆောင်လိုကြောင်း၊ တပ်မတော်အပါအ၀င် လူတိုင်း၊ လူတိုင်း လူမှန်နေရာမှန် ဖြစ်အောင် ကြိုးစားကြခြင်းသည် နိုင်ငံရေးလုပ်ခြင်း ဟု ထင်မြင်ကြောင်း အစရှိသည့် အချက်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
“ကျွန်မကတော့ စစ်အာဏာရှင် စနစ်ဆိုတာဟာ စစ်တပ်အုပ်ချုပ်တဲ့ စနစ်လို့ ကျွန်မဒီလိုမြင်ပါတယ်။ စစ်တပ်နိုင်ငံရေးလုပ်တဲ့ စနစ်လို့ ကျွန်မ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ကိစ္စဟာ ကျွန်မထပ်တလဲလဲ ပြောတဲ့ကိစ္စပါ။ တပ်မတော် သားတွေဟာလည်း ဒီနိုင်ငံသားတွေ ထဲမှာပါပါတယ်။ ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ နိုင်ငံရေးနဲ့ ဆိုင်တယ်ဆိုတာဟာ ဒါကျွန်မရဲ့ အယူအဆပါ။ ဒါအများစုက သဘောတူချင်မှတူမယ်။ ဒါပေမယ့် နိုင်ငံသူ နိုင်ငံသားတိုင်းနဲ့ နိုင်ငံရေး ဟာ ဆိုင်တယ်။ တပ်မတော်သားတွေ နဲ့လည်း ဆိုင်တယ်။ အရပ်သားတွေ နဲ့လည်းဆိုင်တယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောပါသည်။
“ကျွန်မတို့နိုင်ငံရဲ့ပြောင်းလဲမှု တွေကိုလည်း တပ်မတော်နဲ့အတူ ကျွန်မတို့လုပ်ချင်တယ်။ တပ်မတော်သားတိုင်း အနေနဲ့ သူတို့ဟာ နိုင်ငံတော်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးသိဖို့၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် မြင်နိုင်ဖို့ တာဝန်ရှိတယ်ဆိုတာကို မြင်စေချင်တယ်။ ဒါပေမယ့် အုပ်ချုပ်ရေး နဲ့ နိုင်ငံရေးမတူဘူး။ အုပ်ချုပ်ရေး ကတော့ ဒီမိုကရေစီ အုပ်ချုပ်ရေးဆိုတာ ပြည်သူတွေက တင်မြှောက်တဲ့ အရပ်သား အစိုးရသာ ဖြစ်ရမယ်။ စစ်တပ်အုပ်ချုပ်ရေးဆိုတာ စစ်အာဏာရှင်စနစ်သာဖြစ်တယ်။  စစ်တပ် ကတပ်မတော်သားအားလုံးနိုင်ငံရေးမှာ စိတ်ဝင်စားကြပါ။ နိုင်ငံရေးအတွက် ကိုယ်ဘယ်နေရာကို ပံ့ပိုးရမလဲ ဆိုတာ သေသေချာချာ စဉ်းစားကြပါ။ လူတိုင်းလူတိုင်း လူမှန်နေရာမှန် ဖြစ်အောင်လို့ တပ်မတော်အပါအ၀င် ကျွန်မတို့နိုင်ငံသူ နိုင်ငံသားအားလုံး ကြိုးစားခြင်းသာ နိုင်ငံရေးလုပ်ခြင်းလို့ ကျွန်မဒီလိုပဲမြင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အစရှိသည့် အချက်သုံးချက်ကို ထိပ်တန်း ရည်ရွယ်ချက်များအဖြစ် ထားရှိကြောင်း မတ်လ ၁၄ ရက်နေ့က နိုင်ငံပိုင် ရုပ်သံလိုင်းများမှ တစ်ဆင့် မဲဆွယ် ဟောပြောမှု အစီအစဉ်၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ အဆိုပါမဲဆွယ်ဟောပြောမှု အစီအစဉ်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အလေးထား ပြောကြားခဲ့သည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းထွက်ခဲ့ပြီးကတည်းက ဒီ ဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေကိုထောက် ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ ပုဂ္ဂိုလ်စွဲတွေမထားဘဲ နိုင်ငံအကျိုးကိုသာ ရှေးရှုတဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ တပ်မတော်အင်အားစု အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် အားလုံး ကညှိညှိနှိုင်းနှိုင်း လုပ်သွားကြရမှာ ဖြစ်ပါတယ်”ဟု  ဟောပြောချက်၌ ထည့်သွင်းပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောချက်၌ပင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် တပ်မတော်သည် မပါမဖြစ်၊ ပါဝင်ရန် လိုအပ်ကြောင်းကိုလည်း ထပ်မံပြောကြားခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၌ ရွေးကောက်ခံ မဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းမှာမူ ဒီမိုကရေစီနှင့် ကိုက်ညီမှုမရှိကြောင်း ဟောပြောချက်၌ ပြောဆိုခဲ့ပါသည်။
မတ်လ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေး ရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှု အပြီးပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် က သူ့အနေဖြင့် ရွေးကောက်ပွဲ တစ်ခုတည်းကိုသာ ရှေးရှုနေခြင်းမဟုတ်ဘဲ လွှတ်တော်တွင်း ရောက်ရှိပါက မည်မျှလုပ်ဆောင်နိုင်မည် ဆိုသည်ကို ရှေးရှုထားကြောင်း၊ ဥပဒေပြုအမတ် တစ်ဦးချင်းစီတိုင်းသည် ပြည်သူလူ ထုကိုယ်စားပြုသည့် တာဝန်ကို ထမ်းဆောင်နိုင်ရန် အခွင့်အရေး အပြည့်အ၀ ရှိသင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရရှိမှုများဖြင့် လုပ်နိုင်သည်များ အများအပြားရှိနိုင် မည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့သည်။
 EMG
Unknown at 7:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.