Monday, March 19, 2012

မြောက်ကိုရီးယားနိုင်ငံမှ ဧပြီလအတွင်း ဂြိုဟ်တုလွှတ်တင်မည်




မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့်ဧပြီလအတွင်းမှာ ဂြိုဟ်တုတစ်ခု တင်ဆောင်ထားတဲ့ ဒုံးယာဉ်တစ်စင်းကို လွှတ်တင်သွားမှာ ဖြစ်ကြောင်း
သိရပါတယ်။ အဲဒီလို လုပ်ငန်းသုံး ဂြိုဟ်တုတစ်ခု ဖြစ်တဲ့ ကွမ်မြောင်စွန်း-သရီး ဂြိုဟ်တုကို လာမယ့်ဧပြီလ ၁၂ရက်နေ့နဲ့ ၁၆ရက်နေ့အကြားမှာ ပြုန်ဂန်-ပူဒို အရပ်ရှိ ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ လွှတ်တင်မှာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနတစ်ခုက ပြောကြားခဲ့ပါတယ်။ အခုလိုမြောက်ကိုရီးယားနိုင်ငံက ဒုံးယာဉ်လွှတ်တင်မှုကို အခြားနိုင်ငံ တော်ေ တ်ာများများက တာဝေးပစ်ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှု တစ်ခုအဖြစ် ရှုမြင်နိုင်ချေရှိပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ လအတွင်းမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဆွေးနွေးခဲ့ပြီး တာဝေးပစ် ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုကို ဆိုင်းငံ့ဖို့ ကတိပြုခဲ့တဲ့ အတွက် အခုလိုဒုံးယာဉ် ပစ်လွှတ်တာနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၉၈ခုနှစ်နဲ့ ၂၀၀၉ ခုနှစ် တို့အတွင်းမှာ အလားတူဒုံးယာဉ် ပစ်လွှတ်မှုတွေ လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။

Unknown at 8:35 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.