Monday, March 19, 2012

ကချင်ပြည်နယ်တွင်း တိုက်ပွဲများနေ့ စဉ်ရက်ဆက်ဖြစ်ပွား

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နဲ့  အစိုးရစစ်တပ်တွေအကြား ခုရက်ပိုင်းတွေ အတွင်း တိုက်ပွဲတွေ နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားနေရာ ဆဲဘဲလို့ ကေအိုင်အေအဖွဲ့ ကပြောပါတယ်။
ကေအိုင်အေ ထိန်းချုပ်နယ်မြေ တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေတွေထဲမှာ မနေ့က တနေ့တည်းတင် တိုက်ပွဲပေါင်း ၅ ကြိမ်  ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ တုန်းကလည်း ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။
“တိုက်ပွဲကတော့ ရှိတယ်။ နေ့တိုင်းက ၂ကြိမ် ၃ကြိမ်ပေါ့။ နေရာအနှံ့မှာပဲ။ အဓိက ကတော့ ဗဟိုဒေသ နေရာလို့ ပြောလို့ရတယ်။ မြို့နယ်အနေနဲ့ ပြောဖို့ကတော့ ခက်တယ်။ ကေအိုင်အို နယ်မြေနဲ့ အစိုးရ သတ်မှတ်ထားတဲ့ နယ်မြေက မတူဘူးဗျ။ မနေ့က ဖြစ်တဲ့ တိုက်ပွဲကတော့ ၀ိုင်းမော်မြို့နယ်နဲ့ ဒေါ့ဖုံးယန် မြို့နယ်။ ကျနော်တို့ ကေအိုင်အို တပ်မဟာ ၃ နဲ့ မံစီမြို့နယ်ဘက်မှာ မနေ့က ဖြစ်တယ်။”
အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နယ်မြေထဲကို အစိုးရတပ်က ထိုးစစ်ဆင် ၀င်ရောက်လာတာ ဖြစ်တဲ့ အတွက် ကေအိုင်အေကနေ ပြန် ခုခံနေရတဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှု အရေအတွက် ဘယ်လောက်ရှိ သလဲ ဆိုတာကိုတော့ အတိအကျတော့ မသိရသေးပါဘူး။
ကေအိုင်အိုဟာ မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ၅ ကြိမ်ထက် မနည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့် လည်း တိုက်ပွဲတွေဆက် ဖြစ်နေရတဲ့ အပေါ်မှာ ဦးလနန်းက ခုလို သုံးသပ်ပြောပါတယ်။
“အခုအချိန်မှာ အားလုံး ထင်သာမြင်သာ ဖြစ်နေတာကလည်း တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာလည်း အားလုံး တွေ့နေ မြင်နေတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့မှာ တိုင်းမှူးအဆင့်တွေလည်း ဆွေးနွေးမှု စာရင်းထဲမှာတော့ နာမည်တွေ့ရတယ်။ အမှန်တကယ် လာတဲ့အခါမှာ တိုင်းမှူးအဆင့်တွေ ပါလာတာ မရှိဘူး။ ဒါကြောင့် ဆွေးနွေးမှုတွေမှာ ရှေ့ကို ထင်သာမြင်သာ ဖြစ်ဖို့ ဆိုရင်တော့ တိုက်ပွဲဆိုင်ရာ ကိစ္စရပ်တွေမှာ တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်နိုင်တဲ့ အဆင်မြင့်ပုဂ္ဂိုလ်တွေ ပါလာရင်တော့ ပိုကောင်းမယ်။” 
ဒီဗွီဘီ
Unknown at 9:53 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.