Friday, March 16, 2012
လူကြီးမင်းတို့ အတွက် သတင်းလက်ဆောင် ကားလက်ဆောင်
လူကြီးမင်းတို့ ၏ ဘ၀မှာ ပြည်စုံသော ဘ၀တစ်ခုတည်ဆောက်ပြီးစီးနေပါပြီလား......?
ပြီးပြည့်စုံသောဘ၀မှာ အခန်းကဏ္ဍတစ်ခုအတွက် ပါဝင်နေတာကတော့ မိမိတို့ရဲ့ ကား လဲပါဝင်နေပြန်ပါတယ်..
လုပ်ငန်သုံး၊ရုံးသုံး၊အိမ်စီးသီးသန့်ကားများ အတွက် ကျွန်တော်တို့ကို ဖုန်းလေး တစ်ချက်သာဆက်လိုက်ပါ......
Ms. Sandar Tin (Executive Director)
HTH Shipping Services , Yangon.
(HTIN THIHA ENGINEERING & SHIPPING CO.,LTD.)
NO.254, ROOM 71, 8TH FLOOR, MINGALAR TOWER,
SEIK KAN THAR STREET (UPPER BLOCK),
KYAUKTADA TOWNSHIP,YANGON,MYANMAR.
Tel/ Fax  : 95-1 398023 , 398024 , 384479
H/P         : 95-9 5188907
Skype ID : sandar.tin
Unknown at 8:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) ကဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်Doctor of Laws ဘွဲ့ပေးအပ်ချီးမြှင့်(ရုပ်/သံ)
ဒီကနေ့ ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် Doctor of Laws ဘွဲ့ပေးအပ်ချီးမြှင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်က Skype မှတစ်ဆင့် ဆက်သွယ်ပြောကြားရမှာ မကြာခင် နိုင်ငံခြားကို ခရီးထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။
အသေးစိတ်စာသားအပြည့်အစုံကို ဒီနေရာ မှာဖတ်နိုင်ပါတယ်..
mmcpမှGreenwoodအားကျေးဇူးတင်ရှိပါသည်..
ဒေါင်းမာန်ဟုန်
Unknown at 6:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကလောမြို့နယ်ကမ္ဘားနီရွာမှရပ်ကျေးအုပ်ချုပ်ရေးမှုး ဦးကျော်မွှေးမှ ကြံ့ခိုင်ရေးပါတီအားမဲမပေးလျှင် တစ်ရွာလုံး ဒုက္ခရောက်သွားမည်ဟု ခြိမ်းခြောက်
ကျော်မွှေး (ကမ္ဘားနီကျေးရွာ အုပ်ချုပ်ရေးမှုး)
ကလောမြို့နယ် ကမ္ဘားနီရွာမှ ရပ်ကျေး အုပ်ချုပ်ရေးမှုး ဦးကျော်မွှေး (ခ)ထွန်းလင်း ကကြံ့ခိုင်ရေး ပါတီမှလွဲ၍ အခြားသော ပါတီများအားမဲမပေးရ။ ပေးခဲ့ပါက တစ်ရွာလုံး ဒုက္ခရောက်သွားမည်ဟု ၂၈.၂.၂၀၁၂ ရက်နေ့ညနေပိုင်း တွင် ကျေးရွာချောင်းကူးတံတားပြုပြင်ရေး လုပ်အားပေးလာကြသော ကမ္ဘားနီအိုးသည်ရွာ၊ ဘုရားကုန်း ရွာ၊ တောင်ရွာ စသော ရွာသုံးရွာမှ ရွာသားများအား အမိန့်ပေးခဲ့ သည်ကို တာဝန်သိရွာခံလူငယ် လေးဦးမှအောင်ပန်းမြို့ခံလူငယ်များထံလာရောက်ရင်ဖွင့်သံကို ကြား လိုက်ရသည်။
ထိုရပ်ကျေးအုပ်ချုပ်ရေးမှုးကျော်မွှေးသည် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မှီတုန်းကလည်း ရွာရှိလူအားလုံး ကြံ့ခိုင်ရေးပါတီဝင်ကပ်ပြား ပြုလုပ်ရမည်ဆိုကာ တစ်ဦးလျှင်ငွေကျပ် ၁၅၀၀ ကောက်ခံ ကာရွာသားများအားပါတီဝင်အဖြစ် အတင်းသွတ်သွင်းခဲ့သည်ကိုလည်း သတင်းရရှိခဲ့ပါသည်။ ကမ္ဘားနီ ကျေးရွာအုပ်စု သရက်ပုကျေးရွာတွင်လည်း ရပ်ရွာမှ ရွေးချယ်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှုး ဦးညွန့် ဝင်း အား မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းဇော်နှင့် ကျော်မွှေးတို့က ဦးညွှန့်ဝင်းအား မြေရောင်းစားသည် ဟုဆိုကာ နှစ်ဦးပူးပေါင်း၍ ဖြုတ်ထုတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးတင်မြောက်လိုသော လူတစ်ဦးသည်လည်း (ဦးတီးတူ) ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး ကျေးရွာလူထုမှလည်း လုံးဝ လက်မခံသဖြင့် ယခုအချိန် အထိ သရက်ပုရွာ၌ အုပ်ချုပ်ရေးမှုး ရွေးချယ်ခန့်ထားခြင်း မရှိသေးပါ။
၂၀၁၁ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကမ္ဘားနီရွာမှ ထို ကျော်မွှေးကို ဖြိုးရေးအတွက် UNDP မှ ထောက်ပံ့ငွေနှင့်ပစ္စည်းများကို အလွဲသုံးစား လုပ်မှုနှင့် ကျေးရွာလူထုက တိုင်ကြားသဖြင့် အုပ်ချုပ်ရေးမှုးရာထူးမှထုပ်ပယ်လိုက်သော်လည်း ကလောမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသိန်းဇော် ကိုငွေကျပ်သုံးသိန်းနှင့်အတူ ကျောက်နွားတောင်အရှေ့ဖက် ထင်းရှုးတောနှင့်ကပ်လျှက်ပြည်ထောင်စု လမ်းမကြီးအနီးတွင်ရှိသော ပလပ်မြေကို ဦးသိန်းဇော်အမည်ဖြင့် မြေစာရင်းနှင့်ပေါင်းကာ ၁၀၅ ဖောက်ပေး၍ အုပ်ချုပ်ရေးမှုးရာထူး မပြုတ်ရန်လာဘ်ထိုးခဲ့ သည်ကို ရွာခံလူများ အားလုံးအသိပင် ဖြစ်ပါသည်။ ထိုကိစ္စအား မှန်မှန်ကန်ကန်ဖြစ်စေလိုပါသည်။
ဒီမိုကရေစီနိုင်ငံတွင် ထိုကဲ့သို့သောတရား မဲ့အုပ်ချုပ်ရေးမှုးများ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မည်မျှရှိနေသည်ကို မသိရသေးပေ။ တရားရုံးများတွင် မတရားမှု့အများဆုံး ဖြစ်နေသည် ကို နိုင်ငံတော်မှ သေချာစွာစီစစ်၍ တရားမျှတစွာ စီရင်ပြုပြင်စေလို ကြောင်းတင်ပြလိုက်ရပါသည်။
…..တင်ဆက်သူ ………. တောင်စောင့်နတ်ကြီး…..
Unknown at 5:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ထားဝယ်မြို့နယ်ရှိ ရေအားလျပ်စစ် စီမံကိန်း ရပ်ဆိုင်းပေးရန် သမ္မတထံ စာပို့
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အတွင်းရှိ ရေကာတာ တည်ဆောက်နေမှု ရပ်ဆိုင်းပေးရန် ဒေသခံများက နိုင်ငံတော် သမ္မတထံ စာရေး တောင်းဆိုလိုက်သည်။
imagesas
အညာဖျားကျေးရွာအုပ်စုအတွင်း တည်ဆောက်ရန်ရှိသည့် ရေအား လျပ်စစ်စီမံကိန်းအပေါ် အညာဖျား၊ ဒါးသွေးကျောက်၊ ဆိပ်ချောင်း၊ ညောင်ချောင်း စသည့် ကျေးရွာများမှ ဒေသခံ နှစ်ထောင်ကျော် လက်မှတ်ရေးထိုးထားသည့် စာတစောင်အား မတ်လ (၁၂) ရက်နေ့က ပေးပို့လိုက်ခြင်းဖြစ်သည်။
အညာဖျားကျေးရွာ အောက်ဖက် (၂) မိုင်ခန့်ရှိ အညာဖျားချောင်းပေါ်တွင် တည်ဆောက်ရန် ရှိပြီး ရေကာတာ၏ အထက်ဖက်ရှိ ကျေးရွာများ အပါအ၀င် ဥယျာဉ်ခြံမြေ စိုက်ခင်း ဧက (၉၀၀၀) ကျော် ရေနစ်မြုပ်နိုင်သည့် အနေအထား ဖြစ်ပေါ်နေသဖြင့် ကန့်ကွက်စာ ပေးပို့ခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။
ရေကာတာ တည်ဆောက်ပြီးပါက အညာဖျားကျေးရွာ အုပ်စုအတွင်းရှိ အထက်ပါ ရွာ(၄)ရွာ ပြောင်းရွှေ့ရမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် အခက်အခဲ ဖြစ်ကြရသည်ဟု လက်မှတ်ရေးထိုးရာတွင် ဦးဆောင်ပါဝင်သူ အညာဖျားကျေးရွာသား တဦးက ပြောသည်။
လျော်ကြေးပေးမယ်ဆိုရင်လည်း ကျွန်တော်တို့အတွက် ဘာမှလုပ်လို့မရဘူး။ သူတို့ပေးမယ့် မြေနေရာ မှာကလည်း ရေမရှိဘူး။ အခုကျွန်တော်တို့နေတဲ့ နေရာမှာက ရေရှိတယ်။ နောက်ထပ် အဲလိုခြံရဖို့ဆိုရင် ကျွန်တော်တို့ အများကြီးပြန်ရင်းရမှာ နှစ်ဆ ပြန်လုပ်ရမယ်။ ကျွန်တော်တို့ခြံဆိုရင် ဘိုးဘွားဘီဘင် သုံးဆက်လေးဆက်စားရတာ။
ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအဖြစ် ဆန်စပါး အပါအ၀င် ကွမ်းသီး၊ ဒူးရင်းနှင့် ရာသီပေါ်သီးနှံ မျိုးစုံ စိုက်ပျိုးကြသည်။ ထို့အပြင် စိုက်ပျိုးမြေ ဧက (၉၀၀၀) ကျော် အနက် ကွမ်းသီး စိုက်ဧက (၆၃၀၀) ခန့်ရှိပြီး ကွမ်းသီးမှ တနှစ်ဝင်ငွေ ကျပ်သန်းပေါင်း (၂၁၈၀) ကျော်ရှိကြောင်း သမ္မတထံ ပေးပို့သည့်စာ၌ ဖော်ပြထားသည်။
လောလောဆယ်တွင် ဆက်သွယ်ရေး လမ်းကြောင်းဖောက်ခြင်း၊ ဆောက်လုပ်ရေးဝန်ထမ်း အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် ရေလွဲတံခါးတည်ဆောက်နိုင်ရန် တောင်များဖြိုချနေသည်ဟု ဒေသခံများက ပြောသည်။
အမြင့် (၁၇၅) ပေခန့်ရှိ ရေကာတာ တည်ဆောက်ရန်ရှိပြီး ရရှိသည့် လျပ်စစ်ဓါတ်အားများကို ထားဝယ်မြို့သို့ ပို့ဆောင်မည်ဟု သိရကြောင်း ဒေသခံများက ပြောဆိုသော်လည်း ယင်းကိစ္စ အတည်ပြု၍ မရသေးပါ။
ယင်းကိစ္စ သိရှိနိုင်ရန် တာဝန်ယူ ဆောက်လုပ်နေသည့် DELCO နှင့် Myanmar Nature Energy Wave (မြန်မာ့ သဘာဝ စွမ်းအင်လိုင်း) ကုမ္ပဏီတို့မှ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
အစိုးရက ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုံ စီမံကိန်းများ တည်ဆောက်လျက်ရှိပြီး ယင်းစီမံကိန်းများ၌ ရေပေးဝေရန် တည်ဆောက်မည့် ကလုံးထာ ရေကာတာ စီမံကိန်းအား နေရာ ပြောင်းရွှေ့ပေးရန် ဒေသခံများက အစိုးရထံ တောင်းဆိုခဲ့မှု မကြာသေးမီက ဖြစ်ပွားခဲ့သေးသည်
Burma News International
Unknown at 5:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Published On: Thu, Mar 15th, 2012 သတင်းများ | By Admin ထောင်ထဲမှာ ဖန်တီးထားတဲ့ တူရိယာတွေနဲ့ တေးသီချင်းတွေကို တီးခတ် ဖျော်ဖြေမယ့် ဂီတမှူး ကိုဝင်းမော်
အကျဉ်းထောင်တွင်းမှာ ဖန်တီးခဲ့တဲ့ တူရိယာနဲ့ အစမ်းတီးခတ် လေ့ကျင့်နေတဲ့ ဂီတမှူး ကိုဝင်းမော်
ထောင်ထဲမှာ ဖန်တီးထားတဲ့ တူရိယာတွေနဲ့ တေးသီချင်းတွေကို ပြန်လည် တီးခတ် ဖျော်ဖြေကြမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အနုပညာပြပွဲတခုကို
ရန်ကုန်မြို့ အမေရိကန် စင်တာမှာ ညနေ ၄း၃၀ နာရီ အချိန်ကနေ စတင်ပြီး ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ မတ်လ ၁၃ ရက်နေ့ စက်မှု တက္ကသိုလ်ကျောင်းသား
ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ကြသည့် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကျင်းပပြုလုပ်ဖို့ ရည်စူးထားပေမဲ့ ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာမှ ကျင်းပပြုလုပ်
ဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံအတွင်း အကျဉ်းထောင်ထဲ ရောက်ရှိသွားကြတဲ့ သူတွေရဲ့အနုပညာတွေ ထောင်ထဲမှာ
ဘယ်လို ရှင်သန် ခဲ့ကြသလဲ ဆိုတာကို ပြချင်တာ၊ ဂီတ တခုတည်းတင် မဟုတ်ဘဲ ပန်းချီ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ လက်မှု (hand made) ပစ္စည်းတွေကိုပါ
ပြသချင်တာ ဖြစ်တယ်လို့ ရွှေသံစဉ်တေးဂီတမှူး ကိုဝင်းမော်က ဆိုပါတယ်။ အဓိကကတော့ လူကို ထောင်ချလိုက်ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အနုပညာ
ကတော့ ရှင်သန်နေဆဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ဒီပွဲလေးနဲ့ သက်သေပြလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပွဲလေးမှာ တေးသီချင်း ၈ ပုဒ် တီးခတ်ဖျော်ဖြေမှာ
ဖြစ်ပြီး တခြား ပါဖော်မန့်တွေလဲ ပါဝင်မှာပါ။ အကျဉ်းထောင်တွင်း ရေးစပ်ခဲ့တဲ့ သီချင်းတွေ၊ အကျဉ်းထောင်တွင်းက ရရှိတဲ့ ပုလင်းကွဲ စလေးတွေ၊ ပလတ်စတစ် ဗူးတွေနဲ့
ဂစ်တာလေး တလက်ဖြစ်လာအောင် အများကြီး အားစိုက် ပြုလုပ်ခဲ့တဲ့ တူရိယာပစ္စည်းတွေနဲ့ အကျဉ်းထောင်တွင်းမှာပဲ တေးသီချင်းတွေကို စပ်ဆိုခဲ့ကြပြီး အခု အပြင်မှာ
လဲ အဲ့ဒီအတိုင်းပဲ သီဆိုဖျော်ဖြေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် စင်တာမှာ လက်ရှိ ကျောင်းတက်နေကြတဲ့ လူငယ်တွေ ဖြစ်တဲ့ ကိုမျိုးအောင်ထွေး၊
မနိုဘယ်လ်အေးတို့က ဦးစီးပြီး ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး နေအိမ်မှာ သီချင်းတွေ တိုက်ကြပြီး တေးဂီတပိုင်းကို
တော့ ဂီတမှူး ကိုဝင်းမော်က တာဝန်ယူမှာ ဖြစ်ပါတယ်။ အဲ့ဒီ ပွဲလေးအတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ဆန္ဒပြနေဆဲဖြစ်တဲ့ ဘိုကလေးက
ကိုမြင့်အောင်ကလဲ အကျဉ်းသားဝတ်စုံကို သံခြေကျဉ်း ဝတ်ပြီး တက်ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
http://www.youtube.com/watch?v=yr_glNCrETk&feature=youtu.be
Unknown at 5:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မွန်ရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖေါ်ဖို့ တင်ပြ
မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်လိုကြောင်း မွန်စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြင့် စုဖွဲ့ထားသည့် တလမွန်ကုမ္ပဏီက တနင်္လာနေ့တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ် တင်ပြခဲ့သည်။
အဆိုပါ ရေနက်ဆိပ်ကမ်းအပြင် စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သည့် ရေး-သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ ရေး-သံဖြူ ဇရပ်-ကြာအင်းဆိပ်ကြီး- ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်း ဖောက်လုပ်ရေးနှင့် ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အနီးတွင် စက်မှုဇုန် တည်ဆောက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်သူ စီးပွားရေး လုပ်ငန်းရှင် နိုင်စိုးမြင့်က ပြောသည်။
“မွန်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ လုပ်ပေးနိုင်သလောက်ကို လုပ်ပေးမယ်၊ လုပ်ငန်းကြီးတယ်ဆိုတော့ ပြည်ထောင်စု အစိုးရကို တင်ပြပြီး ဖြစ်နိုင်အောင် ကြိုးပမ်းပေးမယ်လို့ ဝန်ကြီးချုပ်က ကျနော်တို့ကို ပြောခဲ့တယ်။” ဟု နိုင်စိုးမြင့်က ပြောသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ သပြေချောင်းရွာ ကမ်းခြေအနီးတွင် တည်ဆောက်မည့် ထိုရေနက် ဆိပ်ကမ်း စီမံကိန်းသည် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည့် မဟာမဲခေါင်ဒေသ စီးပွားရေးအတွက် အဓိကကျသည့် ရေနက်ဆိပ်ကမ်းတခု ဖြစ်လာဖွယ်ရှိသည်။
ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် မွန်ပြည်သစ်ပါတီအား ဘုရားသုံးဆူတွင် စက်မှုဇုန် တည်ဆောက်ရန် ရထားဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးမှုများ ရှိသည့်အတွက် မွန်ပြည်သစ်နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးလည်း ဖြစ်သူ နိုင်စိုးမြင့်က
ပြောသည်။
“မွန်ပြည်သစ်နဲ့ ကျနော်တို့ မတွေ့ရသေးဘူး။ မတ်လ ၁၆ ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးပြီးမှ သူတို့ မော်လမြိုင်ကို ဆင်းလာမယ်၊ ကျနော်တို့ ပူးပေါင်းပြီး လုပ်ကြမယ်ဆိုရင် ဒီစီမံကိန်း မြန်မြန် ဖြစ်လာဖို့ရှိတယ်။” ဟု နိုင်စိုးမြင့်က ပြောသည်။
ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန်အတွက် ၁၉၉၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ရာမည အင်တာနေရှင်နယ် ကုမ္ပဏီ လိမိတက်နှင့် ထိုင်း Power-P ကုမ္ပဏီတို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စတင်အကောင်အထည်ဖော်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် မဟာမိတ် လက်နက်ကိုင် အဖွဲ့တခု၏ ကန့်ကွက်မှုကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့သည်။
၁၉၉၇ ခုနှစ် စစ်တမ်း ပြုလုပ်ချက်အရ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နေရာ၏ အနောက်ဘက် ၇ မိုင် အကွာ တွင် တောင်-မြောက် အရှည် ၉ မိုင်ခန့်ရှိသည့် ကုလားဂုတ်ကျွန်းက ကာဆီးထားသည့်အတွက် မုန်တိုင်းဒဏ် ကင်းလွတ်နိုင်မည် ဖြစ်သည်။
၎င်းပြင် ချဉ်းကပ်ရေကြောင်း၏ အနိမ့်ဆုံး ရေအနက်မှာ ၁၅ မီတာ ရှိပြီး၊ ဒီရေအမြင့် ကွာခြားချက် ၃ မီတာနှင့် ၅ မီတာကြားတွင် တည်ရှိကာ၊ ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော DWT ၄၀,၀၀၀ မှ ၅၀,၀၀၀ အကြားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။
“လောလောဆယ် တန်တသောင်းခွဲ သင်္ဘောတွေ ဆိုက်ကပ်နိုင်တယ်။ နည်းနည်း ဆက်တူးလိုက်ရင် တန်ငါးသောင်း ထိ ဆိုက်နိုင်မယ်။” ဟု ၁၉၉၇ ခုနှစ်က စစ်တမ်း လုပ်ရာတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ် စီးပွားရေးဌာန အတွင်းရေးမှူးနိုင်စိုးမြင့်က ပြောသည်။
လက်ရှိ အစိုးရက မြန်မာကမ်းရိုးတန်း တလျှောက်တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း၊ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းနှင့် ကုလားဂုတ် ရေနက်ဆိပ်ကမ်းတို့ကို တည်ဆောက်ရန် စီစဉ်နေသည်။
Burma News International
Unknown at 5:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည် ၏ မိန့် ခွန်း ကို ဦးသန်းရွှေ တည်းဖြတ်
Millions vote in Myanmar's first election in 20 years
      ၊မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏  ရုပ်မြင် သံကြား မှ
ပြောကြား မည့်မိန့် ခွန်း ကို ယခင် စစ် အစိုးရ အကြီး အကဲ ဗိုလ်ချုပ်မှုးကြီး အငြိမ်းစား
သန်းရွှေ က ကျကျန
န တည်းဖြတ် ခဲ့ သည် ဟု မြန်မာ့ ရုပ်သံ အကြီးတန်း အရာ ရှိ တစ်ဦး က FNG ကို ပြောသည်။
ဝန်ကြီး ( ဦးကျော်ဆန်း) ကိုယ်တိုင် သွားပေး ရတာ ၊ နှစ်ရက် လောက် နေ တော့ မှ သွား ယူရ
တာ သူက မှင်နီ နဲ့ သူ ကိုယ်တိုင် တား ပြီး ပေးတာ က တစ်ခု ၊ အချော ပြန်ပြီး ကွန်ပျုတာ စာ
စီထား တာ တစ်ခု နှစ် ခု ပြန်ရလာ တယ် ၊ ပြီး တော့ မှ ဒေါ်စု ကို အကြောင်း ကြား ရတာ ဟု
ပြောသည်။
လက်ရှိ အစိုးရ ၀န်ကြီးများ တွင် တန်ခိုး သြဇာ ကြီးလှသည့် ၀န်ကြီး တစ်ဦး ဖြစ်သည့် ပြန်ကြား
ရေး ၀န်ကြီး ဦးကျော်ဆန်းသည် Wall Street Journal နှင့် တွေ့ ဆုံ စဉ် ဗိုလ်ချုပ်မှုး ကြီး စာ
ဖတ်နေသည် ဟု ပြောကြား ခဲ့ သည်။
ယမန် နေ့  က ဒေါ်အောင်ဆန်းစုကြည် ၏ မွန် ပြည်နယ် ခရီး စဉ် အတွင်း ကျိုက်မရော မိန့် ခွန်း
တွင်”  စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ
တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ်
ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ်
ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့
ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် လာသည့် ပြည်သူ များ ကို ပြောကြား ခဲ့ သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယခု နှစ် မတ် လ ၂၉ ရက်နေ့ တွင် တရုတ် ပြည် သို့  အလည်
အပတ် သွားရောက် မည် ဖြစ်သည်။
Freedom News Group
Unknown at 3:38 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မေတ္တာရပ်ခံ သဘောထားဖော်ထုတ်မှုဖြစ်ပွား
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ယနေ့ နံနက် ၁၁ နာရီ ကျော်ခန့်က မအူပင်မြို့ခံ လူငယ် ၄၀ နီးပါးက မေတ္တာရပ်ခံသဘောထားဖော်ထုတ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ ကြ ကြောင်းသိရသည်။
မအူပင်မြို့ခံပြည်သူအများ၏ ဆန္ဒသဘောထားအား ကိုယ်စားပြု၍ ယင်းလူငယ် ၄၀ ခန့်သည် မအူပင် မြို့မှရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ ကားသုံးစီးဖြင့် လာရောက် ခဲ့ခြင်းဖြစ်ပြီး မိမိတို့မေတ္တာရပ်ခံလိုသည့်ကိစ္စရပ်ကိုပြောကြားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
  မေတ္တာရပ်ခံတောင်း ဆိုသည့် အဓိကအကြောင်းရင်းမှာဒေါ်အောင်ဆန်း
စုကြည်အား မအူပင်မြို့သို့ လာရောက်စေလိုခြင်းကိစ္စ ရပ် ဖြစ် ကြောင်းသိရသည်။
“ အမေ့အနေနဲ့ အခုအချိန်မှာ ခရီးတွေထွက်ရလို့ ပင်ပန်းနေတယ်ဆိုတာသိပါတယ်သို့ပင်
သို့ငြားသော်လည်း ကျွန်တော်တို့မအူပင်မြို့သူမြို့သားတွေက အမေ့ကိုခဏလောက်ဖြစ်ဖြစ်
လာစေချင်တယ်။ ကျွန် တော်တို့လူငယ်တွေကလည်း အမေ့ကိုကြိုချင်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အမေ့ကိုလာပြီး မေတ္တာရပ်ခံ တာပါ ” ဟုဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံရှေ့
လာရောက်ခဲ့သည့် မအူပင်မြို့ခံလူငယ်တစ်ဦးဖြစ်သည့် ကို စည်သူ ကပြောသည်။
ဒေသတွင်း အခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့သို့အောင်နိုင်ရေး
ခရီးစဉ် လာရောက်စေလိုခြင်းဖြစ်ကြောင်းသိရသည်ယင်းကိစ္စရပ်နှင့်ပတ်သက်၍
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအနီးကပ်တာဝန်ယူ ထားသည့် ကိုကျော်ဆန်းအား ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းကြည့်ရာ လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ခရီးစဉ်ပြည့်နေသောကြောင့် မအူပင်သို့ သွားရောက်ရန်မှာမဖြစ်နိုင်သေးကြောင်း
ပြောကြားခဲ့သည်။ယင်းကိစ္စရပ်အားပြေလည်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
ဖြေရှင်းလျှက်ရှိကြောင်းသိရသည်။
ပေါ်ပြူလာဂျာနယ်
Unknown at 3:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး ညားခါစ အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် မတ်လ ၈ ရက်နေ့က ညားခါစ အမျိုးသမီးငယ် တစ်ဦးကို ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး တပ်မတော်သား တစ်ဦးအပါအ၀င် လူ (၃) ဦးက မုဒိမ်းပြုကျင့်ခဲ့သည်ဟု သတင်း ရရှိသည်။
 ponna-kyunt
မုဒိမ်းပြုကျင့်ခံရသူမှာ ပေါက်တောမြို့နယ် ဟင်းခရော် ကျေးရွာနေ မောင်အောင်ဆန်းသိန်း သက်(၂၅)နှစ်၏ ဇနီး ပုဏ္ဏားကျွန်းမြို့နယ် စမ်းပတီးချောင်း မြို့ရွာ ကျေးရွာသူ အသက် (၂၀) မ------ ဖြစ်သည်။
သူတို့ ဇနီးမောင်နှံ (၂) ဦးသည် သံတွဲမြို့နယ် ငါးလုပ်ငန်း တစ်ခုတွင် အတူ လုပ်ကိုင်နေကြစဉ် လူငယ်တို့၏ သဘာဝအရ ချစ်ကြိုက် ညားကြပြီး မိမိဇာတိနေရပ်သို့ ပြန်လာစဉ် ယခုကဲ့သို့ မတော် မတရား ပြုကျင့် ခံခဲ့ရခြင်း ဖြစ်သည်။
" အခင်း ဖြစ်ပွားတဲ့ နေ့က သူတို့က ပုဏ္ဍားကျွန်းမြို့ စံပြရပ်ကွက် ဆေးရုံစု ရပ်ကွက်က ဦးအောင်သန်းလိုင် အိမ်မှာ တည်းခိုနေကြပါတယ်။ ညနေ ၈ နာရီကျော်ကျော်မှာ သူတို့ ဇနီးမောင်နှံ နှစ်ဦးက ဧည့်စာရင်းတိုင်မယ် ဆိုပြီး ရာအိမ်မှူး ဦးသာလှ အိမ်ကို သွားကြတယ်။ ဟိုရောက်တော့ ဦးသာလှ မရှိတာနဲ့ ပြန်လာကြတယ်။ လမ်းခုလတ်ကိုရောက်တော့ အပြာရင့်ရောင် စွမ်းအားရှင် ယူနီဖေါင်းဝတ်ထားတဲ့သူ တစ်ဦးရယ်၊ တပ်မတော်သား တစ်ဦးရယ်၊ အရပ်ဝတ်ထားတဲ့ လူတစ်ဦးက ဧည့်စာရင်း စစ်တယ်။ သူတို့မှာ ဧည့်စာရင်း တိုင်တဲ့ စာရွက်တွေ ပါမလာတော့ ပိုက်ဆံ ငါးသောင်းတောင်းတယ်။ အဲဒီ ကောင်လေးက ပိုက်ဆံ ငါးထောင်ဘဲ ပေးနိုင်မယ်ဆိုတော့ ပိုက်ဆံ ထပ်ရှာခိုင်းပြီး အဲဒီ ကောင်လေးရဲ့ ဇနီး ခလေး မလေးကို ရာအိမ်မှူးဆီကို လိုက်ခဲ့ပါ ဆိုပြီး ခေါ်သွားတယ်" ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်းမှ ရှေ့နေ တစ်ဦးက ပြောသည်။
လင်ဖြစ်သူ မောင်အောင်ဆန်းသိန်းမှ ရွာဟောင်း ရပ်ကွက်မှ သူငယ်ချင်း ဖြစ်သူ တစ်ဦးထံ ငွေချေးဌားရန် အဆိုပါ နေရာမှ ထွက်သွားစဉ် အမျိုးသမီးငယ်အား ရာအိမ်မှူး အိမ်သို့ မခေါ်ဘဲ ဓါးဖြင့် ခါးကိုထောက်ကာ ပုဏ္ဍားကျွန်းမြို့ တစ်ဘက်ကမ်း ဦးရာဇ်တော်စေတီ တောင်ခြေရင်းသို့ ခေါ်ဆောင်သွားပြီး အဆိုပါ နေရာတွင် သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့ကြသည်။
" အခုတော့ အဓမ္မပြုကျင့်သူ သုံးဦးလုံးကို ကောင်မလေးက အမူဖွင့်တိုင်ကြားတော့ ဖမ်းဆီးထားပါပြီ။ သူတို့ကတော့ စွမ်းအားရှင် ယူနီဖောင်းဝတ် မောင်ရွှေစိန်၊ အရပ်ဝတ်နဲ့ ပါသူ မောင်ဖြူနဲ့ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်း မှ တပ်သား လှသိန်းထွန်းတို့ ဖြစ်ကြပါတယ်။ အဲဒီနေ့မှာဘဲ ဖမ်းဆီး နိုင်ခဲ့ပါတယ်" ဟု ၎င်းရှေ့နေမှ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်း ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို မေးမြန်းရာ သူက ယခုလို ပြောသည်။
" အဲဒီနေ့ ညဥ့် ၁၀ နာရီခွဲခန့်မှာ အဓမ္မပြုကျင့်ခဲ့သူ (၃) ဦးကို ပုဏ္ဍားကျွန်းမြို့ ကြိုးတံတားထိပ် အနီးမှာ ပြည်သူ့ရဲတပ်ဖွဲ့က စောင့်ဆိုင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခု ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့ ရဲစခန်းက နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ရွှေစိန်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၃၇၆ အရအမှုဖွင့်ပြီး ဆောင်ရွက် လျှက်ရှိ ပါတယ်။ ကျွန်တော်တို့ အရေးယူသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။ 
နိရဉ္စရာ
Unknown at 3:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နယ်စပ်တွင် မြန်မာတပ်များ တိုးချနေကြောင်း သတင်းများ ပျံ့နှံ့
ရေပြင်ပိုင်နက် အငြင်းပွားမူ စီရင်ချက် ထွက်လာပြီး နောက်ပိုင်း မြန်ဘက်က နယ်စပ် တလျှောက်တွင် စစ်တပ်များ တိုးချဲ့ ချထားနေကြောင်း နယ်စပ် တလျှောက်၌ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု သတင်းများ ရရှိသည်။
Barma.Border မြန်မာနယ်စပ် ခြံစည်းရိုးများနှင့်တွေ့ရစဉ် (ဓါတ်ပုံ- Star)
" အခု ကျွန်တော်တို့ သိရသလောက် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း၊ တောင်ပြို၊ တမန်းသားဘက်မှာ စစ်တပ်တွေ တိုးချထားတယ်ဆိုပြီး သတင်းတွေ ရပါတယ်။ ဘူးသီးတောင် မြို့နယ် မြောက်ဘက် နယ်စပ်ကိုလည်း စစ်တပ်တွေကို ပို့နေတယ်ဆိုပြီး သတင်းရပါတယ်" ဟု တက်ကနက်တွင် ရောက်ရှိနေသော နိရဉ္စရာ သတင်းထောက် ကိုခိုင်သိန်းက ပြောသည်။
မောင်တောမြို့တွင် အခြေအနေမှာ ပုံမှန်အတိုင်း ရှိနေကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့နှင့် နီးစပ်သော နယ်စပ် ဒေသများတွင် အခြေအနေမှာ ထူးခြားမူ ရှိနေကြောင်း သူက ပြောသည်။
" စစ်တပ်တွေ ရောက်နေတဲ့ သတင်းကတော့ တော်တော့ကို ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်နေ ပါတယ်။ ဒါကြောင့် ဘင်္ဂလာဒေခ်ျ့ဘက်က ထောက်လှမ်းရေးတွေလည်း ဒီသတင်းကို ဟုတ် မဟုတ်ကို စုံစမ်းဖို့ နယ်စပ်တလျှောက်မှာ ရောက်နေကြတယ်။ နယ်စပ် တလျှောက်မှာရှိတဲ့ ဘင်္ဂလာဘက်က ရခိုင်ရွာတွေကို လာပြီး စုံစမ်း မေးမြန်းတာတွေလည်း ရှိနေပါတယ်" ဟု ကိုခိုင်သိန်းက ဆက်ပြောသည်။
ဘူးသီးတောင်တွင်လည်း လူတင် သင်္ဘော (၅) စီးကို စစ်တပ်က ချောဆွဲထားပြီး နယ်စပ်သို့ စစ်တပ်များကို စေလွှတ်ရန် စီစဉ်နေကြောင်း အမည် မဖေါ်လိုသူ အရာရှိ တစ်ဦးက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ရုပ်သံ သတင်းဌာနများနှင့် သတင်းစာများကလည်း မြန်မာတပ်များ နယ်စပ်တွင် စုရုံး ရောက်ရှိနေသည်ဟု ဆိုကာ သတင်းများ ထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းများကြောင့် စစ်တကောင်းတိုင်း နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီဘီ တိုင်းမှူး ကာနယ် ဘချီရု အစ္စလာမ်သည် ယမန်နေ့က မြန်မာနှင့် ကပ်ရပ်တည်ရှိရာ နတ်ကျောက်ဆရီ နယ်စပ် ဒေသ တလျှောက် သွားရောက်ပြီး အခြေအနေများကို (၇) နာရီကြာ စစ်ဆေးခဲ့သည်။
၎င်းပြင် ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) တပ်မှူး ဒုဗိုလ်မှူးကြီး ခါလီ ကွာဇမန် သည်လည်း မနေ့ညနေ (၅) နာရီက နယ်စပ် တလျှောက်သို့ သွားရောက်ကာ စစ်ဆေးမူများ ပြုလုပ်ခဲ့သည်။
၎င်းနောက်ပိုင်း နယ်စပ် တလျှောက်တွင် မြန်မာဘက်မှ တပ်များ တိုးချဲ့ချထားခြင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုပြီး ဘင်္ဂလာဒေခ်ျ့က ပယ်ချခဲ့သည်။ “ အဆိုပါ သတင်းများမှာ ၀ါဒဖြန့်ချီရေး သက်သက်ထက် မပိုပါဘူး” ဟု ခါလီ ကွာဇမန်က ပြောသည်။ 
  နိရဉ္စရာ
Unknown at 3:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား.ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြား
ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားနေစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပပြုလုပ်သော ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် "တံတားနီဖြစ်စဉ်ကာလ၌ သူ့အနေဖြင့် မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း အဆိုပါ တံတားနီဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားခဲ့သူများ၏ သစ္စာတရားကို ဂုဏ်ပြုလိုသဖြင့် အခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း၊ သူ့အနေဖြင့် အားလုံးပါဝင်သော နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေလိုကြောင်း၊ အားလုံးပါဝင်ရေးဆိုရာတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း၊ စစ်အာဏာရှင် စနစ်ဆိုသည်မှာ စစ်တပ်က အုပ်ချုပ်ရေးတွင် ပါဝင်ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံရေးသဘောအရ အုပ်ချုပ်ရေးဆိုသည်မှာ ဒီမိုကရေစီနည်းအရ ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခြင်းခံထားရသူများကသာ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် အမှား အမှန်ဆိုသော အဖြေတစ်ခုတည်းသာမရှိကြောင်း၊ မှားခြင်း မှန်ခြင်းဆိုသည်မှာ အများအကျိုးကို မည်မျှဆောင်ရွက်နိုင်သည်ဆိုသည့် မိမိကိုယ်ကိုနှင့်သာ သက်ဆိုင်ကြောင်း၊ အာလုံး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခြင်းသည် ခြေလှမ်းတစ်လှမ်း၊ အဆင့် တစ်ဆင့်သာဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် လုပ်ဆောင်သွားရမည်များ များစွာရှိနေသေးကြောင်း၊ ထို့ကြောင့် အားဖြည့်ထားကြရမည်ဖြစ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့ပါသည်။
 ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ မတ်လ (၁၆) ရက်နေ့ ရန်ကုန်မြို့ ရွှေဂုံတိုင် မင်္ဂလာ ဒို့ရိုးရာခန်းမ၌ ကျင်းပလျက်ရှိသည်။
 အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှာလည်း အခု
လိုအမှာစကားပြောကြားခဲ့ပါတယ်။
"၂၄ နှစ် ပြည့်ခဲ့ပါပြီ ကုလသမဂ္ဂက သတ်မှတ်ချက်အရဆိုရင် လူငယ်ဘ၀က ၁၄ နှစ်မှာ ကုန်ပါပြီ။ လူငယ်ဘ၀ ကျော်လာတဲ့အတွက် အထိုက်အလျှောက် ရင့်ကျက်မှုတွေ ရှိရပါတော့မယ်၊ ရင့်ကျက်မှုတွေတော့ အထိုက်အလျှောက် ရှိလာကြပါပြီ။ ပြက္ခဒိန်တွေမှာ မှင်နီတွေ မှတ်ထားရတာ ပြည့်နေပါပြီ။ နောင်လာမယ့် လူငယ်တွေအတွက် လူငယ်တွေလက်ထက်မှာ မှင်နီပေါ် မှင်နီထပ်ပြီး မှတ်သားရတဲ့ အခြေအနေမျိုး မဖြစ်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့သွားချင်တဲ့ ပြည်သူ့အောင်ပွဲဆိုတာ ပြက္ခဒိန်ပေါ်မှာ ဖြူ နီ ၀ါ ပြာ စိမ်းတွေ ပြည့်နေတာမျိုးပါ။ တစ်ခုခုကို ရွေးချယ်မယ်ဆိုရင် တစ်ခုခုကို ပေးဆပ်ရပါတယ်။ ဒီမိုကရေစီကို လိုချင်ခဲ့တဲ့အတွက် အားလုံးရဲ့ နုပျိုဆဲကာလတွေ၊ အသက်တွေ ပေးဆပ်လိုက်ရပါတယ်။
အခုအချိန်ကို အသွင်ကူးပြောင်းရေးကာလလို့ သတ်မှတ်ကြပါတယ်။ လွတ်မြောက်ရေး တိုက်ပွဲကာလလိုလဲ မဟုတ်ဘူး။ တည်ဆောက်ရေး ကာလလို့လဲ ပြောလို့မရဘူး။ တော်တော် ကတ်သီးကတ်သတ် နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တည်ဆောက်ရေးကာလအတွက် ပြင်ဆင်ထားကြတဲ့လူတွေ ရှိနေပါတယ်။ လွတ်မြောက်ရေးကာလမှာ ပါဝင်ခဲ့တဲ့သူတွေ တဖြည်းဖြည်း နောက်ကိုဆုတ်ပြီး တည်ဆောက်ရေးကာလအတွက် ပြင်ဆင်ထားတဲ့သူတွေ ရှေ့တန်းကို ရောက်လာသင့်ပါပြီ။ လွတ်မြောက်ရေး ကာလမှာလည်း ပါခဲ့တယ်၊ တည်ဆောက်ရေးအတွက် ပြင်ဆင်ထားတဲ့သူတွေလည်း ရှေ့ကို ရောက်လာသင့်ပါပြီ။ သမိုင်းအမှန်တွေအတွက်၊ တရားမျှတမှုတွေအတွက် လွတ်လပ်မှုတွေ ပေးသင့်ပါပြီ။ ပြည်သူတွေကို လွတ်လပ်စွာ ရေးသား၊ ထုတ်ဝေ၊ စုဝေး၊ ဆန္ဒထုတ်ဖော်ခြင်း ဆိုတဲ့ နိုင်ငံသားများရဲ့ အခွင့်အရေးတွေကို ပေးသင့်ပါပြီ။ လွတ်လပ်စွာ ပြည်သူတွေ ဆုံးဖြတ်ခွင့် ရသင့်ပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲဟာ သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်ဖို့လိုအပ်ပါတယ်။ သတ္တိရှိတယ်ဆိုရင် ယူနီဖောင်းတွေချွတ်ပြီး အမျိုးသားဝတ်စုံတွေ ၊ တိုင်းရင်သားဝတ်စုံတွေ ၀တ်ပြီးတော့ လွှတ်တော်ထဲ ၀င်ခဲ့ပါ။ ကြိုဆိုပါတယ်။" ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ယနေ့ကျင်းပပြုလုပ်သော ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
Eleven (Facebook)
သစ်ထူးလွင်
Unknown at 3:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
၅၀၀၀၀၀တန် ဖုန်းပိုင်၇ှင်များ သတိထား
၅၀၀၀၀၀တန် ဖုန်းပိုင်၇ှင်များ သတိထား
  ဖုန်း အမည်က LG 200-E လေးပါ။သူလေးက အနေစုပ်ပေမဲ့ ရွှေထုတ်တဲ့ မြပုဝါ လို့
  ပြောရမလိုဘဲ။ သိပ်စွမ်းဆောင်ရေကောင်းပါတယ်။ခု
မြန်မာပြည်မှာ၅၀၀၀၀၀တန် ဖုန်းတွေ
သိပ်တက်တယ် ဆိုတာလေ။ဟဲဟဲ ကျွန်တော် သိတာလေး ဖောက်သည် ပြန်ချတာနော်။ဒီဖုန်းက
  Sim card မပါဘဲ ဖုန်းခေါ်လို့၇တယ် လို့ပြောရင် ယုံကြပါ့မလား။ဘယ်သူမှ
ယုံမှာမဟုတ်ပါဘူး။ကျွန်တော်လည်း
မယုံပါဘူး။ဒါပေမဲ့ လက်တွေ့ တွေ့ ခဲ့တာလေ
ပန်ဖောက်သည် ချလိုက်ပါရစေ။
  ကျွန်တော့်ရဲ့သူငယ်ချင်းက
  ဒီဖုန်းထဲ မှာ ၅ သိန်းတန် sim card ကိုထည့်ထား လိုက်တယ်။ပြီးတော့ bar code
  ရိုက်ထည့် လိုက်တယ်။ ဖုန်းက sim card ကို ဖတ်ပြီး ဖုန်းထဲမှာ Store
  လုပ်ထားတယ်။ပြီးရင် ဖုန်းကို battery power ပေးလိုက်တယ်။ပြီးတော့ sim card
  ဖြုတ်လိုက်တယ်။ဒါဆို၇င် သာမာန် ဖုန်းအားဖြင့် sim card မရှိတော့၇င်
  လိုင်းမရှိတော့ဘူးပေါ့။ဟဲဟဲ ဒီဖုန်းက simcard မရှိတော့ပေမဲ့ လိုင်းရှိတယ်။ခုဏ
  ဖုန်းထဲ store လုပ်ထား တာတွေလေ။ဒါပေမဲ့ အဲဖုန်းက battery ကုန်လို့မ
  ရဘူးဗျ။battery ကုန်တာနဲ့ မှတ်ထားတာတွေ gone ရောဗျ။ကဲ
  ကြိုက်တဲ့ နေရာကိုခေါ်ပေတော့။အ၀င် ရောအ ထွက်ရော သုံးလို့ရတယ်။ဒီနည်းနဲ့ sim
  card တစ်ခုတည်းကို ဖုန်းတွေ ပွားပြီး simcard ကိုရောင်းစားလိုက် တယ်။ဝယ်
လိုက်တဲ့ သူက မောင်ဖြူ ဆိုပါတော့
ကျွန်တော်က simcard ကိုပွားထားတဲ့ သူဆိုပါတော့။လူတစ်ယောက်က မောင်ဖြူ့ ဆီဖုန်းခေါ် လိုက်၇င် ကျွန်တော် ပွားထားတဲ့ ဖုန်းမှာလည်း ring
  လာမြည်တယ်။ကျွန်တော် Ans လုပ်လိုက်တယ်။မောင်ဖြူ မသိပါ။ခေါ်တဲ့ လူနဲ့
  မောင်ဖြူပြောနေကြ ရာမှာ ခေါ်တဲ့ သူပြောတာကို
  ကျွန်တော်ကြားရတယ်။ကျွန်တော်လည်
းဝင်ပြောလို့ ရတယ်။ ကျွန်တော်ပြောတာကို
  တော့ခေါ်တဲ့ သူကြားရပြီး မောင်ဖြူ မကြားရဘူးဗျ။ပြီးတော့ ကျွန်တော် အပြင်ကို
  ခေါ်သမျှ မောင်ဖြူမသိပါ။ဟဲဟဲ ဖုန်းဘေ ကတော့ မောင်ဖြူဆီသွားတာပေါ့။
  တော်တော် တော်တဲ့ သူတွေပါ။ကျွန်တော်တောင် တော်တော် လက်ဖျားခါသွားတယ်။အဲဒါနဲ့
  barcode လေးသူငယ်ချင်း ဆီကပ်တောင်းတာ မပေးဘူးဗျ။နောက်မှ ယူတဲ့ဗျ။
  အဲတော့ ဘော်ဒါတို့ ဖုန်းတွေ ဘေတွေသိပ်တက်နေရင် မြန်မာ့ ဆက်သွယ်ရေးဆီ သွားပြီး  နာမည် တစ်ခါတည်းတာပြောင်းလိုက်တော့ဗျာ
  ပြောင်းခကတော့ ၁၅၀၀၀၀ လောက် ပေးရမယ်တဲ့။
  နောက်၁ခုက  lg st ဆိုတဲ.ဖုန်းလေးကလဲ  ခုပေါ်နေပြီလေ..၁မိနစ်လောက် သူများစီက
  sim cart ၇လိုကတော.  ဖုန်ပွါးပြီးသာပဲ  ။ ခု၇န်ကုန်က
ဖုန်းဆိုင်တော်တော်များများတွေ
မှာေ၇ာင်းနေကြပါတယ်။၃၁.၈ လပိုင်း
  မြန်မာသတင်းစာမှာလည်ေ၇းသားထားပါ
တယ်။
   သူငယ်ချင်းတို.၇ဲ ဖုန်းတွေအပွါးမခံ၇အောင်  မိမိဖုန်း သို.မဟုတ်  sim cart
ကို သူတစ်ပါကိုမငှါးမိစေနဲနော်....
  မဟုတ်၇င် ၁၅၀၀၀၀လောက် ကုန်ဖို.သာပြင်ထား....
            သူငယ်ချင်းအားလုံး  ဖုန်းအပွါးခံ၇ချင်းမှ ကင်ဝေးနိုင်ပါစေ....
Unknown at 1:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပြည်တော်ပြန် ကြသူများ မိန်းမ ယူရန် အတွက် သာ ဖြစ်
3268391472_08aee98e75_zသမ္မတ ဦးသိန်းစိန် ၏ ဖိတ်ခေါ် ချက် အရ ပြည်တော် ပြန်သည့် မြန်မာ အများ စု အနက် နိုင်ငံရေး
လှုပ်ရှားမှု များကြောင့် ပြည်ပရောက်ခဲ့ ရ သည့် မြန်မာ များ သည် အိမ်ထောင် ပြု ရန် ၊ မိန်းမယူရန်
ယောင်္ကျား ယူရန် စသည့် အကြောင်း များကြောင့် နိုင်ငံ တွင်း သို့  ပြန်လည် ၀င်ရောက် လာခြင်း
ဖြစ်သည် ဟု FNG မှ စုံစမ်း သိရှိ ရသည်။
အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ် မှ မြန်မာ နိုင်ငံ တွင်း သို့  ယခုလဆန်း ပိုင်း က ပြန်သွား သည့်
၈၈ မျိုးဆက် ကျောင်းသား တစ်ဦး က မူ ” ကျွန်တော် က တော့ မိန်းမ ယူဖို့  ပြန်တာ ပါ ၊ နိုင်ငံရေး
လှုပ်ရှား ဖို့  စတဲ့ ဘာအစီ အစဉ် မှ မရှိ ပါဘူး ” ဟု FNG ကို ပြောသည်။
အမေရိကန် အပါ အ၀င် နိုင်ငံ အများ ပြား ဉ်ရောက် နေကြသည့် နိုင်ငံ ရေး လှုပ်ရှား သူ အများစု ပြည်
တော် ပြန်ကြ ခြင်းမှာ မိန်းမ ယူရန် အတွက် သာ ဖြစ်သည် ဟု ဆန်ဖရန် စစ္စကို မြို့ မှ ကိုခင်မောင်ဝင်း
က ပြောသည်။
ဂျာမဏီ နိုင်ငံ မြူးနစ် မြို့ မှ မသင်းသင်း က ” ဒုက္ခသည် နိုင်ငံရေး ခိုလှုံ ခွင့် စတာ တွေ နဲ့  ရောက်လာ
ကြတဲ့ သူတွေ က ဒီမှာ မစွံ  ကြ ဘူးလေ  အမေရိကန် ၊ ဂျာမန် စတဲ့ ဌာနေ နိုင်ငံသား အသိုင်း အ၀ိုင်း
ထဲ ကို လဲ ၀င်လို့  ရတာ မဟုတ် ဘူး ၊ သူ တို့  ကို ဘယ်အဖြူ မ က မှ မကြိုက် ဘူး၊ အနေအစား မ
တတ်ကြ တော့ ပတ်(စ)ပို့  တွေ နဲ့  ရောက်လာတဲ့ ဘယ်မြန်မာ မိန်း ကလေး ကမှ မကြိုက် ဘူး ၊ အခု
ဦးသိန်းစိန် က ပြန် ခေါ် တော့ အကြံကုန် ဂဋုန်ဆားချက် ဖြစ်ပြီး ပြန်ကြ တာ ” ဟု ပြောသည်။
ရန်ကုန်မြို့  ရှိ အီလက် ထရောနစ် အရောင်း ပြခန်း တစ်ခု တွင် တာဝန် ထမ်းဆောင် နေသည့်
အမျိုးသမီး တစ်ဦးက ” အင်တာနက် မှ တွေ့ ကြတာ သူက အမေရိကန်က လေ နောက်တော့
ချစ်သူ ဖြစ်သွားရော သူက အခု သမီး ကို လက်ထပ် ဖို့  ပြန်လာပြီ ၊ သူက နိုင်ငံရေး လုပ်ပြီးတော့
အမေရိကန် ကို ရောက် သွားတာ ” ဟု FNG  ကို ပြောသည်။
ပြည်တော်ပြန် အများ စု မှာ ဇာတိမြေ ကို လွမ်းဆွတ် ၍ ပြန်ကြ သူများ ဖြစ်သော် လည်း အချို့ 
ကမူ အိမ်ထောင် ပြု ရန် ပြန် ကြခြင်း ဖြစ်ပြီး ထို အထဲ တွင် အမျိုးသမီးများ လည်း ပါဝင်သည်။
Freedom News Group
Unknown at 12:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရခိုင် ကမ်းရိုး တမ်းရှိ မြန်မာ့ ရေတပ် တပ်လှန့် ထား
Breaking News FNGယနေ့  မနက် ၁၀ နာရီ စစ်တွေ မြို့  ခံ များ ၏ သတင်း ပေး ပို့ ချက် အရ ရခိုင် ပြည်နယ် တွင် အ
အခြေစိုက် သည့် ဓည၀တီ ရေတပ် ကွပ်ကဲ မှု ဌာန ချုပ် လက်အောက်ခံ တပ် များ သည့် အသင့်
အနေ့ အထား ဖြင့် စစ်ရေး လေ့ကျင့်မှု ငယ် တစ်ခု ကို ပြု လုပ် နေကြောင်း FNG မှ သတင်း ရရှိ
သည်။
အဆို ပါ တပ်လှန့် မှု သည် ဘင်္ဂလား ပင်လယ်အော်ထဲ က ကျွန်းကိုဘင်္ဂလားဒေရှ် ပိုင်စေ ဆိုပြီး
နိုင်ငံ တကာ ပင်လယ်ရေကြောင်း ဆိုင်ရာ တရား ရုံး က အမိန့် ချမှတ် ပြီး နှစ် ရက် အကြာတွင်
ဖြစ်သည်။
မြန်မာ့ တပ်မတော် မှ မျိုးချစ် စိတ် ပြင်းထန် သည့် ထိပ်တန်း စစ်ဗိုလ်ချုပ် များ က ထို ကျွန်းကို
ပြန်လည် သိမ်းပိုက် နိုင်ရေး စီမံ ချက် ရေး ဆွဲ နေသည် ဟု ကာကွယ်ရေး ၀န် ကြီးဌာန မှ ဗိုလ်
မှုး အ ဆင့် ရှိ သူ တစ်ဦး က FNG ကို ပြောသည်။
ရေတပ် နှင့် ကြည်းတပ် အချို့  အသင့်ပြင်ထားမှု သည် ကာကွယ်ရေးဦးစီး
ချုပ် ၏ ညွှန်ကြားချက် ကြောင့် ဖြစ် နိုင်သည် ဟု စစ်တပ် ခေါင်းဆောင်များ
နှင့် နီးစပ်သည့် သတင်း ရပ်ကွက် က ပြောသည်။
Freedom News Group
Unknown at 12:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရှင်ကြီး ကျားထက်ဆိုး...
ရှင်ကြီး ကျားထက်ဆိုး
ကျော်သူ...
ကျွန်တော် ကျော်သူသည် ၁၉၈၄ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ရိုက်ကူးသော “ချစ်ကြိုးလေးနှစ်မျှင်” ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့သူဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူမရွှေထား” ရုပ်ရှင် ဇာတ်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက် ၂၀၀၃ ခုနှစ်တွင် “အမေ့နို့ဖိုး” ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာထူးချွန်ဆုကို ရရှိခဲ့ကာယင်းဇာတ်ကားနှင့် အကယ်ဒမီပေါင်း (၇) ဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိအောင် ရိုက်ကူးဖန်တီးခဲ့သောသူ တစ်ယောက်လည်း ဖြစ်သည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မတိုင်ခင်အထိ နိုင်ငံတော်အကျိုးပြု ဇာတ်ကားများ၊ နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေသာကပွဲများ၊ ရုပ်မြင်သံကြားဇာတ်လမ်းများအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရံပုံငွေရှာဖွေရေး ဘောလုံးပွဲများ၊ ဗီဒီယိုဇာတ်လမ်းများကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး)မှစ၍ ကျွန်တော့်အား ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ အနုပညာလုပ်ခွင့်များကို ပိတ်ပင်ထားသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ သို့သော် ကျွန်တော် သည် ရုပ်ရှင်လောကနှင့် ဝေးကွာ သွားသည်တော့ မဟုတ်။ အနုပညာသမားများ၏ သတင်းများ၊ အနုပညာလောကအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကိုအတွင်းကျကျသိရှိနေသူဖြစ်သည်။ အနုပညာလောကတွင် ကျင်လည်ခဲ့စဉ်က အနုပညာ မောင်နှမများ၊ ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် မည်သည့် ပြဿနာတစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့သော် ၂၀၀၁ ခုနှစ်မှစ၍ ရုပ်ရှင်ဖခင်ကြီး တစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချပေးသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တစ်ဖတ်တစ်လမ်းမှ ပါဝင်၍ အများပြည်သူတို့အား တတတ်တအား ကူညီဖေးမကာ ကုသိုလ်ဖြစ် ပေးဆပ်ခဲ့သည့် အချိန်မှစ၍ အနုပညာသမားအချို့သည် ကျွန်တော့်နှင့် လက်တွဲရိုက်ကူးခြင်းကို မပြုလုပ်ကြတော့ပေ။ အဘယ့်ကြောင့်ဆို ကျွန်တော်လုပ်ကိုင် ပေးဆပ်နေသောလုပ်ငန်းသည် လာဘ်ပိတ်ခြင်း၊ နာမ်နှိမ်ခံရခြင်းစသည့် အယူဝါဒ အစွဲများကြောင့်ပင် ဖြစ်တော့သည်။ မည်သို့ဖြစ်စေ ကျွန်တော်သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်အနေဖြင့် ဒိဋ္ဌိအယူဝါဒများအား တိုက်ဖျက်ကာမိမိ၏ ခံယူချက်၊ ဘဘဦးသုခ၏ ရည်ရွယ်ချက်များကို ကြံ့ကြံ့ခံကာ အများပြည် သူတို့အတွက် ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။
ဘဘဦးသုခ ကွယ်လွန်သွားသည့် အချိန်မှစ၍ ကျွန်တော်တို့၏ ပေးဆပ်မှု လုပ်ငန်းများအား နာရေးကူညီမှု တင်မက၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည့်လူသားတို့၏ မဖြစ်မနေ ကြုံတွေ့ရမည့် အခက်အခဲများကို တိုးချဲ့၍ ကူညီဖေးမ ပေးခဲ့သည်။ ထိုသို့ နာရေးကိစ္စ အခက်အခဲများနှင့် ရန်သူမျိုးငါးပါး ဒဏ်ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမ ပေးဆပ်ခဲ့သလို ရုပ်ရှင် အနုပညာသည်များကိုလည်းများစွာ ကူညီဖေးမ ပေးဆပ်ခဲ့ရသည်။
ယခု ၂၀၁၂ ခုနှစ်၊ မတ်လတွင် မြန်မာ့ရုပ်ရှင်လောကသားများ၏ ဒီမိုကရေစီနိုင်ငံတော် ထူထောင် ရာတွင် အာဏာရှင်စနစ်အား တိုက်ဖျက်လိုခြင်း၊ အနိမ့်ကျဆုံးဖြစ်နေသော မြန်မာ့ရုပ်ရှင်အား မြှင့်တင်လို ခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ဖြစ်စေလိုခြင်းစသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းတော့မည်ဟု ကျွန်တော် သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ကျေးဇူး မကင်းခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းအား အရှိန်အဟုန် မြှင့်မားစွာဖြင့် တိုးတက် ပြောင်းလဲမှုကို အမှန်တကယ် မျက်ဝါးထင်ထင်မြင် တွေ့လိုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ရုပ်ရှင်ရိုက်ခွင့် မရရှိသေးသော်လည်း တဖက်တလမ်းမှ မြန်မာ့ရုပ်ရှင် လုပ်ငန်းအား တိုးတက်စေလိုသော ဆန္ဒဖြင့် မိမိတွင်ရှိသော လူမှုရေးစိတ်ဓါတ်၊ အနုပညာစိတ်ဓါတ်၊ ခိုင်မြဲသောသီလတို့ဖြင့် ပြန်လည်၍ ကျေးဇူးဆပ်လိုပါသဖြင့် အဓိက သရုပ်ဆောင် အလွှာမှ ဝင်ရောက် အရွေးချယ် ခံရန်အတွက် စဉ်းစားမိတော့သည်။
ထို့ကြောင့် မိမိနှင့်ရင်းနှီးသော အနုပညာ လက်တွဲဖော် တစ်ယောက်ဖြစ်သော ရုပ်ရှင်တည်းဖြတ် ပညာရှင်တစ်ဦးအား မိမိ၏ ကိုယ်စားလှယ်အဖြစ် လက်ဆင့်ကမ်းကာ ကွန်ပြူတာစာရိုက်၍ မြန်မာ့ရုပ်ရှင် အစည်းအရုံးသို့ အဓိက သရုပ်ဆောင် အလွှာတွင် ဝင်ရောက်ရွေးချယ်မှု လျှောက်လွှာအား တလေးတစားဖြင့် သွားရောက် ယူငင်ခိုင်းခဲ့သည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်နေ၍ ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူဖြစ် ခဲ့ပါ။ ယင်းနေ့ နံနက် (၁၀း၀၀) နာရီခန့်တွင် ကျွန်တော်၏မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ ကျွန်တော့်ထံသို့ “ကိုယ်တိုင်လာမယူ၍ မပေးနိုင်ကြောင်း” ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲအဖွဲ့ဝင်များက ပြောကြားကြောင်း အကြောင်းကြားခဲ့သည်။
ဤတွင် ကျွန်တော်မှ ပြန်လည်၍ မေးခွန်းများ ပြန်လည် မေးမြန်းချင်တော့သည်။
- ကျွန်တော့်ကဲ့သို့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာတစ်ဦးအား ကိုယ်တိုင် ကိုယ်ကျလာယူမှ ပေးမည်ဟု ပြောခဲ့သော်လည်း ဇာတ်ပို့/ရံအလွှာမှ လူရွှင်တော်တစ်ဦးအားတယ်လီဖုန်းဖြင့် လျှောက်လွှာ တောင်းခံခြင်းကို အဘယ့်ကြောင့် ပေးခဲ့သနည်း .. ?
- နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်ညွှန်းအလွှာမှ ဇာတ်ညွှန်းဆရာ တစ်ဦးအားလည်း အဘယ့်ကြောင့် လျှောက်လွှာ ပေးခဲ့သနည်း .. ?
ထို့အပြင် ယင်းစစ်မှန်သော ရွေးကောက်ပွဲအား အကောင်အထည် ဖော်မည်ဟု ကြွေးကြော်နေသော အနုပညာ သမားများထဲတွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး)အပြီး ကျွန်တော်အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာသော အချိန်တွင် အနုပညာရှင်တစ်ဦး၏ ဈာပနအခမ်းအနား၌ “မောင်မောင် … မင်းက အချိန်မတန်သေးဘဲ လုပ်တာကိုး” ဟုဆရာကြီးပုံစံနဲ့ ပြောဆိုခဲ့သော အခွင့်အရေးသမား တစ်ဦးပါဝင်နေခြင်းနှင့် ဗိုလ်ချုပ်ခင်ညွှန့် အထိန်းသိမ်းခံရာမှ ပြန်လည် လွတ်မြောက်လာစဉ် သွားရောက် တွေ့ဆုံကြသော အနုပညာသမားများထဲမှ “ကျော်သူက တစ်ချိန်လုံး မူးနေတာ၊ ဂျပန်မှာ တော်တော် ဒုက္ခပေးခဲ့တယ်။”
ဟုပြောကြားခဲ့သော ကိုယ့်ဂုဏ်မြင့်၍ အခြားသူအား အပုပ်ချခဲ့သော ခွက်ပုံး အနုပညာသမား ပါဝင်နေခြင်းတို့အား ကျွန်တော်များစွာ တွေးတော စဉ်းစားမိတော့သည်။ ယခု မြန်မာ့ရုပ်ရှင် အစည်းအရုံးအား ပြန်လည် ဖွဲ့စည်းမည်ဖြစ်သော ရုပ်ရှင်အနုပညာသည်များ ပြောကြားကြသော မြန်မာ့ရုပ်ရှင် လောက အနုပညာမောင် နှမများအား စည်းလုံး ညီညွှတ်စွာဖြင့် မိသားစု စိတ်ဓါတ်ထားကာ တစ်ဦး၏ အခက်အခဲများကို ဝိုင်းဝန်းဖြေ ရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာ သမားများ၏ သာရေး/ နာရေးကိစ္စများကို ဝိုင်းဝန်း၍ ကူညီဆောင်ရွက်လိုခြင်း စသည့်စကားများသည် ကျွန်တော်အတွက် မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ကျွန်တော် မြန်မာ့ရုပ်ရှင် အစည်းအရုံးတွင် တာဝန်ထမ်းဆောင်စဉ် ကာလ၌ နိုင်ငံတော်မှ အရေးယူ ပိတ်ပင်ခံထားရသော အနုပညာသမားများ၏ အသက်ရှင်သန်မှု၊ အနုပညာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် ထိုစဉ်အခါက နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်း ကျွန်တော်တို့ စဉ်းစားပေးရန်၊ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှု၊ အကြံပေးမှု၊ အသနားခံမှုများကို စဉ်ဆက်မပြတ် လုပ်ကိုင်ခဲ့ပါ၍ ယင်းကဲ့သို့ ပိတ်ပင်ခံထားရသော အနုပညာသမားများ ပြန်လည်၍ အနုပညာလောကတွင် သက်ဝင် လှုပ်ရှားပါဝင် ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍မရပေ။
သို့သော် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများ အပိတ်ပင်ခံခဲ့ရသော ကျွန်တော်၏ ကိစ္စရပ်အား မည်သည့် အနုပညာသမားများ၊ မည်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ် များတို့မှ နိုင်ငံတော် အုပ်ချုပ်သူ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြစဉ် တစ်ခွန်းတပါဒမှ ပြောကြားပေးခဲ့ခြင်း မရှိချေ။ မြန်မာ့ရုပ်ရှင် အနုပညာလောကမှ နိုင်ငံတော်မှ အနုပညာလုပ်ခွင့် ပိတ်ပင်ခံရသူ အနုပညာရှင်များထဲတွင် ကျွန်တော်သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး အနုပညာသမား ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ကျွန်တော်သည် ရုပ်ရှင်လောက ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော လူမှုရေးလုပ်ငန်းကြီးအား တိုးတက် မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့် မြန်မာ့ရုပ်ရှင်လောကတွင် ရှိကြသော အဓိက သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ ဇာတ်ပို့/ရံများ၊ လူကြမ်း သရုပ်ဆောင်များမှအစ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဋ္ဌာနမှ ဝန်ထမ်းများ (ဥက္ကဋ္ဌမှအစ သန့်ရှင်းရေးအဆုံး) ကြုံတွေ့နေရသော နာရေး၊ ကျန်းမာရေးကိစ္စရပ်များအား မနားမနေ ကူညီဖေးမ ပေးနေသူ တစ်ဦးဖြစ်သည်။ သို့သော် ကျွန်တော်သည် ကုသိုလ်ရေး လုပ်ငန်းဖြစ်သော လူမှုရေးလုပ်ငန်းများ ထမ်းရွက် ပေးနေရသည့်အတွက် ကျွန်တော်၏ ကျေးဇူးရှင်များ ဖြစ်ကြသော အများပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ် ထိတွေ့ ပေးဆပ်နေရမှုကို ကျေနပ်ပီတိ ဖြစ်ခဲ့ပါသည်။
ယနေ့ ကျွန်တော့်၏ မိတ်ဆွေဖြစ်သူတည်း ဖြတ်ပညာရှင်အား လမ်းကြုံ၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အဆောက်အဦးသို့ ဝင်ရောက် ပို့ဆောင်ခဲ့ပါသည်။ ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော်ယာဉ်အား ခေတ္တရပ်နား၍ ကျွန်တော်၏ မိတ်ဆွေ ကားပေါ်မှ ဆင်းချိန်တွင် မော်တော်ယာဉ် အနီးတွင်ရှိသော လူကြမ်း သရုပ်ဆောင် တစ်ဦးနှင့်တွေ့ဆုံ၍ လွန်ခဲ့သော နှစ်ရက်ခန့်က ယင်းလူကြမ်း သရုပ်ဆောင် အစ်မဖြစ်သူ၏ နာရေးကိစ္စရပ်အား အဆင်ပြေမှုအား မေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယိုဒါရိုက်တာ တစ်ဦး ရောက်လာကာ“ဟေ့လူ … ဒီနေရာက ကားရပ်ရတဲ့ နေရာမဟုတ်ဘူး” ဟူ၍ ရင့်သီးစွာ ပြောဆိုခြင်းကိုခံခဲ့ရသည်။ ကျွန်တော် နားလည်သည်မှာ အဆောက်အဦးများတွင် ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို ပြုလုပ်ရန်ထားရှိသော မော်တော်ယာဉ် ခေတ္တရပ်နားရန် နေရာပင်မဟုတ်ပါလား။ ကျွန်တော်သည် မော်တော်ယာဉ်အား စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏အပေါ် ယခင်စစ်အစိုးရ လက်ထက်ရှိ ပြန်ကြားရေးဋ္ဌာနမှ ပိတ်ပင်ထားခဲ့မှုများကို ပြန်လည်ပွင့်လင်းအောင် လုပ်ပေးရမည်ဖြစ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊ ကျွန်တော့်အား ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မတီတွင် ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ ရင့်သီးစွာ ဆက်ဆံခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော်ရှိ အနုပညာသမားများ လုပ်ရမည့် လုပ်ရပ်များမဟုတ်ပေ။
မည်သို့ဖြစ်စေကာမူ ကျွန်တော်သည် မည်သည့် အစိုးရတက်တက်၊ မည်ကဲ့သို့ ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်ပေါ်ပေါက် ကျွန်တော့်၏ တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည်တို့ကိုသေတပန် သက်တစ်ဆုံးလုပ်ကိုင် ပေးဆပ်သွားရမည် ဖြစ်တော့သည်။ အဆုံးသတ်ရသော် မြန်မာ့ရုပ်ရှင်လုပ်ငန်း တိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင် အနုပညာသမားများ စည်းလုံးညီညွှတ်အောင်၊ အစိုးရအဖွဲ့အစည်း မပါဝင်သော NGO စစ်စစ် မြန်မာ့ရုပ်ရှင် အစည်းအရုံး ပေါ်ပေါက်လာအောင်၊ မြန်မာ့ရုပ်ရှင် အနုပညာသမားများ ညီရင်းအစ်ကို မောင်နှမ သဖွယ် တစ်ဦး၏ ကိစ္စရပ်များကို စုပေါင်း ဖြေရှင်းပေးနိုင်အောင် စသည့်ရည်ရွယ်ချက်များဖြင့် ပြန်လည်၍ ဖွဲ့စည်းမည်ဖြစ်ရာ အနုပညာသမား စစ်စစ်များအနေဖြင့် အရွေးချယ်ခံမည့် လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့် စိတ်ဓါတ်က အရေးကြီးပေသည်။ မြန်မာ့ရုပ်ရှင်အနုပညာဖြင့် ဘဝကိုရပ်တည်နေသောသူများအတွက် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး” ဟူ၍ မဖြစ်အောင် အထူးသတိပြုစေ လိုတော့သည်။
ကျော်သူ
Unknown at 10:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒါဖတ်ပြီးမှ မြန်မာ-ဘင်္ဂလားရေပိုင်နက်ကိစ္စ ဆက်ဆွေးနွေးကြပါ
အများစိတ်ဝင်စားနေတဲ့ မြန်မာ ဘင်္ဂလား ရေပိုင်နက်အကြောင်းကို လွယ်လွယ်ရှင်းရှင်းလေးမြင်သာအောင် တင်ပြလိုက်ပါတယ် ။ဒီဆောင်းပါးလေးပြီးတဲ့အချိန်မှာ ဒီပြဿနာမှာပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA က ဘယ်လိုဆုံးဖြတ်ခဲ့တာလည်း ၊ ဘင်္ဂလားတွေပြောနေသလို သူတို့နိုင်တာရော ဟုတ်ရဲ့လား ၊ မြန်မာရှုံးတယ်လို့ပြောရင်ရော မှန်ပါ့မလားဆိုတာတွေကို ကိုယ်တိုင် တွေးနိုင်ဘို့ဖြစ်ပါတယ် ။
 ပင်လယ်နယ်နိမိတ်သတ်မှတ်သည့်ကိစ္စဟာ တစ်ကယ်တော့ အင်မတန် ရှုပ်ထွေးနက်နဲလှတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပင်လယ်ပြင်ပိုင်နက်ဆိုင်ရာအငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် ဥပဒေပညာရှင်များ၊ ပင်လယ်ရေကြောင်းတိုင်းတာရေးဆိုင်ရာ ပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ နိုင်ငံခြားရေးဝန်ကြီးဌာနက UN Convention တွေကိုကျွမ်းကျင်တဲ့ သံတမန်များ ၊ သမိုင်းပညာရှင်များ အားလုံးပူးပေါင်း ပါဝင်ပြီး ဆောင်ရွက်ကြရပါတယ်။
တိုင်းတာသည့် အခါမှာလည်း ရှုပ်ထွေးလှတဲ့ ကုန်းမြေပိုင်ဆိုင်မှုနဲ့ ကမ်းဦးရေတိမ်ပိုင်းနယ် နမိတ် သတ်မှတ်ချက်တွေ နဲ့အခြားထူးခြားတဲ့အခြေအနေတွေ ပေါ်တည်ပြီး တိုင်းတာနည်းအမျိုးမျိုးရှိပါတယ် ။ ယခုတိုင် ၀ိဝါဒကွဲပြားမှုရှိနေသေးတဲ့ ဥပဒေများအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရပါတယ်။ UN Convention on The Law of The Sea မှာကိုက ကွဲကွဲပြားပြား မရှိတဲ့ အာတီကယ်တွေ ပါပါတယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ ပင်လယ်နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်လာပြီဆိုရင် မိမိတို့ အားသာတဲ့ method ၊ မိမိတို့အားသာတဲ့ ဥပဒေတွေ၊ အရင်ဖြစ်ခဲ့တဲ့ အကိုးအကား case ကို ထောက်ပြပြီး တောင်းကြပါတယ်။ ဒီလို ကိုယ်အားသာတာကို တောင်းတဲ့အတွက် စေ့စပ်ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့ ခက်ခဲလှပါပြီး နောက်ဆုံးမှာ ICJ, ITLOS စတဲ့ ခုံရုံးတွေရောက်ကြပြီး တရားသူကြီးများရဲ့ အဆုံးအဖြတ်ကို ခံယူရပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အငြင်းပွားမှုကလည်း ဒီလိုပါပဲ။ ၁၉၇၄ ခုနှစ်က စတင်ခဲ့တာ ၂၀၀၉ ခုနှစ်အထိ သဘောတူညီချက်မရလို့ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်ချက် ခံယူခဲ့တာဖြစ်ပါတယ် ။
မြန်မာ ဘင်္ဂလား ရေပိုင်နက်ပြဿနာအကြောင်းကိုပြောမယ်ဆိုရင် မြန်မာကမ်းရိုးတမ်းကနေ ရေမိုင် ၈ မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ မြေပုံမှာ စိန့်မာတင်ကျွန်း ( St.Martin's Island ) ၊ မြန်မာအခေါ် ရှင်မဖြူကျွန်းအကြောင်း အရင်ဆုံးသိထားဘို့လိုပါတယ် ။ ရှင်မဖြူကျွန်းဆိုတာနဲ့ ငယ်ငယ်ကသင်ဘူးတဲ့ အင်္ဂလိပ်မြန်မာပထမစစ်ပွဲက ရှင်မဖြူကျွန်းအရေးအခင်းကို သွားသတိရကြမှာပါ ၊ ဒီရှင်မဖြူကျွန်းကို သူပိုင်တယ်ငါပိုင်တယ် အငြင်းပွားရာကနေ အင်္ဂလိပ်မြန်မာပထမစစ်ဖြစ်ပြီး ရခိုင်ဒေသကိုမြန်မာတို့ လက်လွှတ်ခဲ့ရပါတယ် ။ အင်္ဂလိပ်က အိန္ဒိယကို လွတ်လပ်ရေးပေးတော့ ဒီကျွန်းကို အိန္ဒိယ ပိုင်ထဲထည့်ပေးခဲ့တယ် ၊ နောက် ဘင်္ဂလားကအိန္ဒိယကနေခွဲထွက်တော့လဲ ဒီကျွန်းဟာ သူတို့ဘက်မှာပါနေတာပေါ့ ၊ ၁၉၄၈ လွတ်လပ်ရေးရကတည်းက ဒီကျွန်းဟာ မြန်မာ့ပိုင်နက်ထဲမှာ မပါတော့ဘူး ၊ ဒါကိုပထမဆုံးသိထားရပါမယ် ။
ဒီကျွန်းနဲ့ ခုဖြစ်နေတဲ့ မြန်မာဘင်္ဂလားရေပိုင်နက်ကိစ္စနဲ့ ဘာဆိုင်လို့လည်းလို့ မေးစရာရှိလာတယ် ။ဆိုင်ပါတယ်...  ဘာလို့လည်းဆိုတော့ ဒီကျွန်းဟာ နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့ Equidistance
method
အရ မြန်မာ့ရေပိုင်နက်ကို စတိုင်းရမယ့်နေရာ ထိပ်တည့်တည့်ကြီးမှာ ဒီကျွန်းကြီးကလာခံနေလို့ဖြစ်တယ် ။ဒီတော့မြန်မာတွေက စတာထွက်တိုင်းကတည်းက ဒီကျွန်းကြီးကိုကွေ့ပြီးစတိုင်းရတယ် ။ပြီးမှ မူလလမ်းကြောင်းပေါ်ကို ပြန်ကွေ့ပြီးတောင်းဆိုထားတာတွေ့ရပါမယ်။ဒီအောက်က ပုံကိုကြည့်ပါ ။
အနီရောင်ပြထားတဲ့လိုင်းက မြန်မာက အဆိုပြုထားတာဖြစ်ပြီး အစိမ်းရောင်ပြထားတဲ့ ချောတောငေါ့ တိုင်းထားတဲ့လိုင်းကတော့ ဘင်္ဂလားဒေ့ရှ်က အဆိုပြုထားတာဖြစ်ပါတယ် ။ မြင်သာအောင်ပြောရရင် စမှတ်ဖြစ်တဲ့ A အမှတ်ကနေ E အမှတ်ဘက်ကို အဖြောင့်တိုင်းရမယ့်အစား စိန့်မာတင်ကျွန်း ( ရှင်မဖြူကျွန်း ) ခံနေတဲ့အတွက် B, C, D အမှတ်တွေကနေတစ်ဆင့် E အမှတ်ဘက်ကို ကွေ့ပြီး တိုင်းရတာဖြစ်ပါတယ် ။
ဒီပုံမှာတော့မြန်မာက ကိုယ်အားသာမဲ့ equidistance method ကို သုံးပြီး အဆိုပြုထားသလို ဘင်္ဂလားဒေ့ရှ်က သူအားသာမဲ့ equity method /angle-bisector ကို သုံးပြီး အဆိုပြုထားတဲ့ ပုံပါ ။ အနီရောင်လိုင်းက မြန်မာဘက်က အဆိုပြုထားတဲ့နယ်နမိတ်ဖြစ်ပြီး ၊ အစိမ်းရောင်နဲ့ပြထား တဲ့လိုင်းကတော့ ဘင်္ဂလားဘက်က အဆိုပြုထားတဲ့နယ်နမိတ်ပါ ။ဒီပုံအရဆိုရင် မြန်မာဘက်ကလည်း ကိုယ်တောင်းဆိုထားတဲ့  equidistance method အရဆိုရင်ကို အမှတ် E,F ကနေဆက်ဆွဲလို့ ရမယ့်မျဉ်းဖြောင့်အတိုင်း သာရနိုင်ပေမယ့် ၊ အခြားအကြောင်းတွေပြပြီး Gအမှတ်ကနေ ဘင်္ဂလားအပြည်ပြည်ဆိုင်ရာရေပိုင်နက်ထိပ်  Z အမှတ်အထိ ခပ်ယိုင်ယိုင်လေး ပိုပြီးတောင်းဆိုခဲ့တာ ကိုတွေ့ရမှာ ဖြစ်သလို ဘင်္ဂလားဘက်ကလည်း မြန်မာ့ရေပိုင်နက်ထဲကိုတော်တော်လေး တိုးပြီးတောင်းဆိုထား တာကိုတွေ့ရမှာ ဖြစ်ပါတယ် ။
ပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA (ITLOS) ဆိုတာ ဂုဏ်သိက္ခာအမြင့်ဆုံး၊ သမာသမတ်အရှိဆုံး၊ ပယ်လယ်ဥပဒေကို အကျွမ်းကျင်ဆုံးလို့ လက်ခံထားတဲ့ တရားသူကြီး (၂၁)ဦးနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး လွတ်လပ်တဲ့ တရားသူကြီးတွေပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့တိုက်ကြီးတိုင်းက တရားသူကြီးတွေကို မျှမျှတတ ရွေးကောက်တင်မြောက်ထားတာပါ။ ဒါကြောင့် ဒီခုံရုံးက ဆုံးဖြတ်ချက်က တရားမျှတမှုရှိတယ်လို့ မှတ်ယူလို့ရနိုင်သလို လက်တွေ့ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာလည်း သမာသမတ်ကျတယ်လို့ပြောနိုင်တာ ကိုတွေ့ရပါတယ် ။
ဒီပုံမှာ အလယ်က အနက်ရောင်မျဉ်းဟာ နိုင်ငံတကာခုံရုံးက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်ဆုံးဖြတ်ချက်ပါ ။ဒီဆုံးဖြတ်ချက်ကိုကြည့်ရင် နိုင်င့တကာခုံရုံးဟာ မြန်မာဘက်က အဆိုပြုတဲ့  equidistance method ကို သုံးပြီး ဆုံးဖြတ်ထားတာတွေ့ရပြီး ဘင်္ဂလားဒေ့ရှ်က အဆိုပြုခဲ့တဲ့ equity method /angle-bisector ကို ပယ်ချခဲ့ပြီး ဆုံးဖြတ်ထားတာကို တွေ့ရမှာဖြစ်ပါတယ် ။ဘင်္ဂလားကတောင်းဆိုထားတာ မရသလို မြန်မာက ယိုင်ပြီးတောင်းဆိုခဲ့တာလည်း မရခဲ့ပါဘူး ။ဒါပေမယ့် ခုလိုယိုင်ပြီးတောင်းဆိုခဲ့တဲ့အတွက်  နိုင်ငံတကာရေပိုင်နက်အစပ်မှာ မြန်မာ ဘင်္ဂလား ၂နိုင်ငံအတူတကွ ပိုင်ဆိုင်တဲ့ နေရာတစ်ခုထပ်ရလိုက်ပါသေးတယ် ။ ဒီအောက်ကပုံကိုကြည့်ပါ အညိုရောင်ပြထားတဲ့ အပိုင်းကို နှစ်နိုင်ငံပိုင်ရလိုက်ပါသေးတယ် ။
ဒီဆုံးဖြတ်ချက်အရကြည့်မယ်ဆိုရင် မြန်မာဘင်္ဂလား နှစ်နိုင်ငံတို့ဟာ ဘယ်သူနိုင် ဘယ်သူရှုံး ဆိုတာမျိုးမဟုတ်ဘဲ နှစ်ဘက်ကျေနပ်ရမယ့် ရလဒ်ကောင်းတစ်ခုကို နိုင်ငံတကာ တရားရုံးက ချမှတ်လိုက်တယ် လို့ပဲ မှတ်ယူလက်ခံရမှာဖြစ်ပါတယ် ။
ဒါဆိုရင် ၂၀၀၉ ခုနှစ်လောက်တုန်းက မြန်မာဘက်က ဒေ၀ူးကုမ္ပဏီနဲ့ ကမ်းလွန်ရေနံစမ်းသပ်တူးဖေါ်နေတာကို ဘင်္ဂလားရေတပ်က လာရောက်ဟန့်တားခဲ့ လို့ ပြဿနာ ဖြစ် ခဲ့ရတဲ့ ကိစ္စကို မှတ်မိကြဦးမယ်ထင်ပါတယ် ။ဒီအောက်ကပုံကိုကြည့်ပါ ။
ဒီပုံဟာ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE က ကမ်းလွန်လုပ်ကွက် လျာထားတဲ့ပုံပါပုံမှာ အရောင်လေးတွေနဲ့ပြထားတဲ့လုပ်ကွက်တွေက စမ်းသပ်တူးဖေါ် လုပ်နေတဲ့အကွက်တွေဖြစ်ပြီး အဖြူရောင်အကွက်တွေကတော့ ဘာမှမလုပ်သေးပဲလျာထားရုံ လျာထားတဲ့ အကွက်တွေဖြစ်ပါတယ် ။ဘင်္ဂလားရေတပ်နဲ့ပြဿနာဖြစ်တဲ့အကွက်က ပုံမှာ AD-7 လို့ပြထားတဲ့အကွက်ဖြစ်ပါတယ် ၊ ခုတရားရုံးကဆုံးဖြတ်တဲ့ နယ်နမိတ် (အနီလိုင်း ) အရဆိုရင် ဒီပြဿနာဖြစ်ခဲ့တဲ့နေရာကို မြန်မာပိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ။ ဒီလောက်ဆိုရင်တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ ဘင်္ဂလားက သူနိုင်တယ်လို့အော်နေတာ ဟုတ်မဟုတ် ဆုံးဖြတ်လို့၇လောက်ပါပြီ ။
မြန်မာ ဘင်္ဂလားရေပိုင်နက် ကိစ္စနဲ့ပတ်သက်လို့ နိုင်င့တကာဥပဒေခုံရုံးက ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးတဲ့နောက်မှာ ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဒီကိစ္စမှာ တက်တက်ကြွကြွလုပ်နေတယ် ၊ မြန်မာဘက်က ၀န်ကြီးတွေဘာလုပ်နေလဲ ၊ ရှေ့နေကောင်းတွေမငှားဘူး  ၊ ပညာရှင်တွေကိုမတိုင်ပင်ဘူး စတဲ့ဘူးပေါင်းများစွာနဲ့ အစိုးရအကြည်အညိုပျက်ရေးသမားတွေက စွပ်စွဲလုပ်ဆောင်လာတာကို စိတ်ပျက်စရာတွေ့၇တယ် ။
ဒီနေရမှာပြောချင်တာက အစိုးရရဲ့ protocol မှာ ပြည်ထောင်စုရှေ့နေချုပ်ဟာ ၀န်ကြီးအဆင့်ဖြစ်တယ် ဆိုတာကို ပထမဆုံးသိထားဘို့လိုတယ် ၊ နောက်တစ်ခုက ဥပဒေတွေကိုနားလည်တဲ့ပညာရှင် ၀န်ကြီးအဆင့်ရှိသူ ပြည်ထောင်စုရှေ့နေချုပ်ကို ရွေးချယ်တာဝန်ပေးတာကို မှန်ကန်တဲ့လူရွေးချယ်မှုဖြစ် တယ်ဆိုတာ ပါဘဲ ၊မြန်မာနိုင်ငံဘက်က နှုတ်ထွက်လျှောက်လဲချက်များ တင်သွင်းသူအဖြစ် လိုက်ပါဆောင်ရွက်တဲ့ အမေရိကန်ပြည်ထောင်စု မီယာမီတက္ကသိုလ်မှ ပါမောက္ခ ဘားနပ်အော့စမန် ဟာဒီလိုပင်လယ်ပြင်ဆိုင်ရာအငြင်းပွားမှုတွေမှာ ကမ္ဘာကျော်တဲ့သူတစ်ဦးဖြစ်တယ်ဆိုတာကိုလည်း သိထားမှဖြစ်မယ် ။မြန်မာဘက်က လိုက်ပါဆောင်ရွက်ခဲ့ကြသူတွေစာရင်း ကိုအောက်မှာဖေါ်ပြပေး လိုက်ပါတယ် ။
Myanmar is represented By
H.E. Dr Tun Shin (Mr), Attorney General of the Union, Union Attorney General’s Office,
as Agent;
Ms Hla Myo Nwe, Mr.Kyaw San and
1) Professor Mathias Forteau, Professor at the University of Paris Ouest,Nanterre La Défense, France,
2) Mr Coalter Lathrop, Attorney-Adviser, Sovereign Geographic, Member of the North Carolina Bar, United States of America,
3) Mr Daniel Müller, Consultant in Public International Law, Researcher at the Centre de droit international de Nanterre (CEDIN), University of Paris Ouest,Nanterre la Défense, France,
4) Professor Alain Pellet, Professor at the University of Paris Ouest, Nanterre La Défense, Member and former Chairman of the International Law Commission,Associate Member of the Institut de droit international, France,
5) Mr Benjamin Samson, Researcher at the Centre de droit international de Nanterre (CEDIN), University of Paris Ouest, Nanterre La Défense, France,
6) Mr Eran Sthoeger, LL.M., New York University School of Law, New York, United States of America,
7) Sir Michael Wood, K.C.M.G., Member of the English Bar, Member of the International Law Commission, United Kingdom,as Counsel and Advocates;
8) H.E. U Tin Win, Ambassador Extraordinary and Plenipotentiary to the Federal Republic of Germany, Embassy of the Republic of the Union of Myanmar, Berlin, Germany,
9) Captain Min Thein Tint (Mr), Commanding Officer, Myanmar Naval
Hydrographic Center, Yangon,
10) Dr Thura Oo (Mr), Pro-Rector, Meiktila University, Meiktila,
11) Mr Maung Maung Myint, Counselor, Embassy of the Republic of the Union of Myanmar, Berlin, Germany,
12) Mr Mang Hau Thang, Assistant Director, International Law and Treaties Division, Consular and Legal Affairs Department, Ministry of Foreign Affairs,
13) Ms Khin Oo Hlaing, First Secretary, Embassy of the Republic of the Union of Myanmar, Brussels, Belgium,
14) Mr Kyaw Htin Lin, First Secretary, Embassy of the Republic of the Union of Myanmar, Berlin, Germany,
15) Ms Tin Myo Nwe, Attaché, International Law and Treaties Division, Consularand Legal Affairs Department, Ministry of Foreign Affairs,E/11 v 21/09/2011 p.m.
16) Mrs Héloise Bajer-Pellet, Lawyer, Member of the Paris Bar, France,
17) Mr Octavian Buzatu, Hydrographer, Romania,
Ms Tessa Barsac, Master, University of Paris Ouest, Nanterre La Défense,France,
18) Mr David Swanson, Cartography Consultant, United States of America,
ဒါလောက်ဆိုရင် မြန်မာဘင်္ဂလား ရေပိုင်နက်အငြင်းပွားမှုမှာ  ပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA ရဲ့ဆုံးဖြတ်မှုဟာ နှစ်ဘက်ကျေနပ်လောက်စရာဖြစ်တယ် ၊ မြန်မာတာဝန်ရှိသူတွေလည်း ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍ အကောင်းဆုံး ပါဝင်ဆောင်ရွက်ခဲ့ကြတယ် ဆိုတာ ထင်ရှားပါတယ် ၊ဘင်္ဂလားကသတင်းထုတ်ပြန်နေသလို သူတို့အျနိုင်ရသွားတာမဟုတ်သလို  မြန်မာတွေလည်း ရှုံးမသွားပါဘူး ဆိုတာတင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ် ။
အားလုံးကိုကျေးဇူးတင်ပါတယ်
Unknown at 10:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ထောင်တွင်းဖန်တီးမှု အနုပညာပြပွဲ ပြီးဆုံး
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ထောင်တွင်းဖန်တီးမှု အနုပညာတွေကို ပထမဆုံး ခင်းကျင်းပြသတဲ့ ၂၀၁၂ Amnesty Prison Art Show နောက်ဆုံးနေ့ အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရေးဆွဲတဲ့ ပန်းချီပုံတူတွေ အများဆုံး ရောင်းချရခဲ့ကြောင်း သိရပါတယ်။
RFA
ရန်ကုန်မြို့ ပန်းဆိုးတန်း စာပေလောကတိုက် အပေါ်ထပ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ထောင်တွင်း ဖန်တီးမှုအနုပညာ ၂၀၁၂ Amnesty Prison Art Show ဖွင့်ပွဲ ပြုလုပ်နေစဉ်။
မိမိနဲ့ တခြားနိုင်ငံရေး အကျဉ်းသားဟောင်းတွေ ထောင်ထဲနေရတဲ့ကာလတွေမှာ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေ၊ ချည်ထိုးပန်းချီအပါအဝင် အနုပညာလက်ရာတွေကို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် အတိုင်းမသိ ခံစားမိရပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
“အထဲမှာကတည်းက ကျွန်တော်တို့ဆွဲတဲ့ပန်းချီကားတွေ လူတွေကို ပြချင်တဲ့စိတ်က အရူးတစ်ယောက်လို ခံစားရတယ်။ ဥပမာပေးရရင်တော့ ရုပ်ဆိုးမလေးက မှန်မရှိဘဲနဲ့ အလှပြင်ရသလိုပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း အကျည်းတန်တာ သိတယ်။ မှန်ကလည်း မရှိဘူး။ အလှတော့ ပြင်ရတယ်။ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာလည်း မသိနိုင်ဘူးပေါ့။ ဘေးက တစ်ယောက်ယောက်က ပြောပေးမှ သူ့ကိုယ်သူ ဘယ်လောက်လှသွားတယ် ဆိုတာမျိုးပေါ့။ အဲဒီလိုပဲ။ ကျွန်တော်တို့ ပန်းချီကား၊ ကျွန်တော်တို့ အနုပညာ၊ ကျွန်တော်တို့ သီချင်းကဗျာ ပန်းချီတွေလည်း ဒီလိုပဲဗျ။ ကိုယ့်ဟာကိုယ်ပဲ ရေး၊ ကိုယ့်ဟာကိုယ်ပဲ စပ်၊ ကိုယ့်ဟာကိုယ် ဆွဲ၊ ကိုယ့်ဟာကိုယ်ပဲ ခံစားနေရတော့ ပရိသတ်ကို တအားပြချင်တာလေ။ အခု ပရိသတ်ရဲ့တုံ့ပြန်မှုကို သိရတော့ ရုပ်ဆိုးမလေးကို မဆိုးပါဘူး၊ ပြေပြစ်သားပဲလို့ ပြောသလိုပဲ ခံစားရတာပေါ့”
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရေးဆွဲတဲ့ ပန်းချီကားမူရင်းအတိုင်း ဗင်နိုင်းကင်းဗတ်စ်နဲ့ ပုံနှိပ်ပြီး တစ်ကားကို ကျပ် ၂ သောင်းနဲ့ ပန်းချီကား ၃၀ ကျော် ရောင်းခဲ့ရပြီး ကိုမင်းကိုနိုင်၊ ကိုပြုံးချို ၊ ကိုဌေးကြွယ်နဲ့ ကိုမြင့်ဝင်းမောင်တို့ ရေးဆွဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားတွေ အများဆုံး ရောင်းရတယ်လို့ ဆိုပါတယ်။ ပန်းချီကားရေးဆွဲတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ပုံတွေပါဝင်တဲ့ ပိတ်သားနဲ့ လုပ်ထားတဲ့ ပို့စ်ကဒ်တွေကိုလည်း ၂ ထောင်နဲ့ ရောင်းချကြောင်း သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က စီစဉ်တဲ့ ဒီပြပွဲကို မတ်လ ၉ ရက်က စတင် ကျင်းပခဲ့ပါတယ်။ ဒီနေ့ပွဲကို သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တက်ရောက်လာပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ပန်းချီ အနုပညာရှင်တွေ၊ တခြားစိတ်ဝင်စားသူတွေ နှစ်ရာနီးပါး လာရောက် အားပေး ကြည့်ရှုကြတယ်လို့ သိရပါတယ်။
RFA
Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စုဝေးခွင့်ဥပဒေ ပြန်ပြင်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
မြန်မာနိုင်ငံမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ပြင်ဆင်ဖို့လိုတယ်လို့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ Human Rights Wtach က ပြောလိုက်ပါတယ်။
လွတ်လပ်စွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့် ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ကြာသပတေးနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြု ပေးလိုက်တဲ့ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးမှုတွေ၊ စီတန်းလမ်းလျှောက်တာတွေ လုပ်ဆောင်ဖို့အတွက် အာဏာပိုင်တွေထံ ခွင့်ပြုချက် လျှောက်ထားဖို့နဲ့ ဖောက်ဖျက်သူတွေအနေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့တာပါ။
အရင်တုန်းက ဆန္ဒပြ လှုပ်ရှားမှုတွေကို တားမြစ်ထားတာကို ဥပဒေသစ်က အခုအခါ ခွင့်ပြုလိုက်ပေမဲ့ ကြွေးကြော်သံတွေ တိုင်မယ် ဆိုရင်လည်း ကြိုတင် ခွင့်ပြုချက် ယူရတာမျိုးလို ထိန်းချုပ်မှုတွေ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ တွေ့မြင်လာနေရတဲ့ အပြောင်းအလဲတွေအပေါ် စိတ်အားတက်ကြွနေပေမဲ့လည်း အရင်က မရှိဖူးတာတွေ ရှိလာရုံနဲ့ အစိုးရကို အမှတ်ပေးမနေကြဘဲ ဥပဒေတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေအတိုင်း ဖြစ်အောင် ဖိအားပေးသင့်တယ်လို့လည်း Human Rights Wtach အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ကြေညာချက်ထဲမှာ တိုက်တွန်းသွားတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက လွှတ်တော်တွင်းမှာ ဒီဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဖို့နဲ့ တချိန်တည်းမှာပဲ ပြည်ထဲရေး ဝန်ကြီးဌာနလို အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေတွေရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ Human Rights Wtach အဖွဲ့က တောင်းဆိုထားပါတယ်။
VOA
Unknown at 9:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ပေးဝေနေသော ရေပို့ကွန်ကရစ် ပိုက်မကြီး ပေါက်သွားသောကြောင့် ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ်တောက်ထား
လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသော အချင်း ၆၆ လက် မရှိသော ရေပို့ ကွန်ကရစ် ပိုက်မကြီးမှာ ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံ၊ ဇီးကုန်းအနီးတွင် ပေါက်သွားသောကြောင့် ယင်းပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ် တောက်ထားကြောင်း သတင်းရရှိသည်။
အဆိုပါရေပို့ ပိုက်မကြီးမှာ မတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပေါက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ ရက်ခန့် အရေးပေါ် ၂၄ နာရီ ပြင်ဆင်မှု ပြုလုပ်နေရကြောင်း၊ ပိုက်လိုင်း ပြုပြင်မှုကြောင့် ဆက်စပ်မြို့နယ် များဖြစ်သော ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ လှိုင်သာယာ၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ စသောမြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ်တောက်ထားသည်ဟု သိရသည်။
ရေခေတ္တဖြတ်တောက်ထားမှုနှင့် ပတ်သက်၍ ''အချင်း ၆၆ လက်မရှိတဲ့ ရေပို့ ကွန်ကရစ် ပိုက်မကြီးက ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံအနီးမှာ မတ်လ ၁၂ ရက်နေ့က ပေါက်သွားခဲ့ပါတယ်။ ဒီပိုက်ပေါက်မှုကို  ၂၄ နာရီ အရေးပေါ် ပြုပြင်နေတာ ၂ ရက်ရှိပါပြီ။ ဒါကြောင့် ရေပေးဝေမှု ခေတ္တဖြတ်တောက် ထားပါတယ်။ မတ်လ ၁၅ ရက်နေ့လောက်မှာ ရေပုံမှန်အတိုင်း ပြန်ပေးဝေနိုင်အောင် လုပ်နေပါတယ်။ ကွန်ကရစ် ပိုက်မကြီးက နှစ် ၂၀ ကျော်လာပြီဖြစ်တဲ့အတွက် ချို့ယွင်းမှုဖြစ်တာပါ။ ဟိုတစ်လောက မင်္ဂလာတောင်ညွန့်ဘက်မှာ ရေပိုက်တွေကို မြှင့်ဖို့ရှိခဲ့တဲ့အတွက် ရေပေးဝေမှုကို ခေတ္တဖြတ်တောက်ထားမယ်၊ ရေကို ကြိုတင်စုဆောင်းထားဖို့အတွက်ကို အများပြည်သူသိအောင် တစ်ပတ်လောက် ကြိုတင်အသိပေး ကြေညာခဲ့ပါတယ်။ အခုရေပိုက်ပေါက်တဲ့ ကိစ္စကတော့ မမျှော်လင့်ဘဲ ဖြစ်ခဲ့တဲ့အတွက် ကြိုတင် အသိမပေးနိုင်ခဲ့ပါဘူး'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ထို့အတူ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်လည်း ရေပြတ်တောက်ခြင်းများ ကာလရှည်ကြာ ဖြစ်ပွားမှု ရှိနေကြောင်းလည်း စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရေပြတ်တောက်မှုများကြောင့် ရေတွန်းလှည်းများဖြင့် ရောင်းချသောရေကို ၀ယ်ယူသုံးစွဲနေရကြောင်း၊ ၀ယ်ယူမသုံးစွဲနိုင် သူများမှာမူ ကိုယ်တိုင်တွန်းလှည်းများဖြင့် ရေတွန်း၍ ရယူသုံးစွဲနေရကြောင်း သိရသည်။
ဒေါပုံမြို့နယ်၊ ယမုံနာ ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ''ကျွန်တော်တို့ဆီမှာ ရေပြတ်နေတာ နှစ်ပတ် သုံးပတ်လောက် ရှိနေပါပြီ။ ဒေါပုံမြို့နယ် စည်ပင်ရေသန့်ရုံးကို သွားပြောတော့ လာလုပ်ပေးမယ်ဆိုပြီးတော့ အခုထိ လာမလုပ်ပေးသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ အခုရေ တွန်းလှည်းသမားတွေဆီက ရေတစ်စည်ကို ကျပ် ၈၀၀ နဲ့ ၀ယ်သုံးနေရတယ်။ ၀ယ်မသုံးနိုင်တဲ့သူတွေကတော့ ဟိုဘက်ရပ်ကွက်က ကိုယ်တိုင် ရေတွန်း လှည်းနဲ့တွန်းပြီး သုံးနေရတယ်။ ရေတော့ ပြတ်တောက်နေတယ်။ ဒါပေမဲ့ ရေဖိုးကတော့ ပုံမှန် ပေးဆောင်နေရပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော်ဆီမှာ တစ်ရက်ခြားတစ်ခါ ရေလာပါတယ်။ ကျွန်တော်တို့ ရပ်ကွက်အတွင်းပိုင်းက ရေဆက်သွယ်ချင်လို့ဆိုပြီး စည်ပင်က ကျွန်တော်တို့ ပိုက်ကိုဖောက်ပြီး ဆက်သွယ်ပေးလိုက်တဲ့နောက်ပိုင်း အခုလို ရေပြတ်တောက်မှုတွေ ဖြစ်လာတာပါ''ဟု ပြောပြခဲ့သည်။
Unknown at 9:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အမေအိုနှင့်တူလာသော ဂေါဝိန်ဆိပ်မှ အပြန်
အောင်ကျော်ချမ်အေး မန္တလေးသို့ အမေ့မွေးနေ့အမီ(၂၇.၂.၂၀၁၂)နေ့အရောက် ကျွန်မပြန်ခဲ့ရသည်။
မင်းစိုးရာဇာခေတ် မဟုတ်တော့ သော်လည်း မင်းကတော်ကြီးဟု ယနေ့တိုင် အခေါ်ခံနေရသည့် ကျွန်မအမေမှာ ခေသူမဟုတ်ပါ၊ လာဘ်မစား သော မင်းကြီး၏ကတော် ဘ၀နှင့် ဆိုရှယ်လစ်ခေတ်မှာ ကျွန်မတို့တတွေကို ပညာတွေ သင်ပေးနိုင်ခဲ့သူဖြစ်ပါ၏။ အမေသည် သားသမီးများ၏ လိုအပ်ချက်ကို ဖန်တီးပေးပုံဟာ မေတ္တာကို အညီအမျှ ခွဲဝေပေးနေဆဲ ဖြစ်သည်။
 အမေရှိလျှင် ငွေရှိသည်။အရွယ်ရလာသောအခါ ကျွန်မတို့ အားလုံး၏ တိုးတိုးဖော်ဖြစ်လာခဲ့ရပြန်သည်နှင့် မြေးမြစ်များ ခြံရံ လျှက် အုတ်ကျစ်ကျော်အေး မန္တလေးမှာ အမေ နေခဲ့သည်မှာ ၈၈နှစ် ရှိခဲ့လေပြီ။
အမေနှင့် အတူ သူမ၏ ဖွားဖက်တော်များ မရှိကြတော့သော်လည်း အမေချစ်သော နေရာတစ်ခုတော့ အမေကျန်နေပါသေးသည်။ ဧရာဝတီမြစ်မှ ရေကြောင်းသွားလာ ရွက်နုဝါတို့ နားခိုရာ ဂေါဝိတ်ဆိပ်ပင် ဖြစ်ပါသည်။ သည်တစ်ခေါက် ပြန်ရောက်တော့ အမေချစ်သော မြစ်ဆိပ်သို့ သွားကြည့်လိုက်မိသည်။
ကမ်းပေါ်မှဒီတစ်ကြိမ်ပြန်လည်ရပ်မိသောအခါ လေညှင်းတို့ ဆောင်ယူခဲ့သော ရေနံပြင်းပြင်းကို ခံစားရပါသည်။ တစ်ချိန်တစ်ခါက သည်နေရာမှာ သီပေါရာဇာနှင့် မိဖုရားစု တို့ပါတော်မူခဲ့ဖူးပါသည်။ ထိုစဉ်က နိုင်ငံခြားသဘောင်္များ ၀င်နိုင်ထွက်နိုင်သည့် နေရာ။
ခုနေခါမှာ ရေဘောင်ဘင်စီးပါတဲ့ မြစ်ကြီးဧရာဝတီ၏ တည်ငြိမ်မှုတို့လျော့နည်းလာစပြုနေပြီ အိုမင်းသော မြစ်တို့၏ သူငယ်ပြန်ခြင်း Rejuvenation ကို သတိရမိလာပါ၏။
ဧရာဝတီ သူငယ်ပြန်ချင်နေပြီလားမသိ။သူငယ်ပြန်လာအောင်လုပ်ပေးမည့် သူလည်း မရှိသေးပါ။
ဂေါဝိန်ဆိပ်မှ နေ၍ ငေးကြည့်လျှင် အလွမ်းတို့ ပြေးဝင်လာကြပြန်သည်။ အဖေတို့ တစ်ရွာလုံး စစ်ပြေးခဲ့သည့် မင်းကွန်းဘက်သို့ မြှော်ကြည့်လိုက်မိသောအခါ အဖေ့ကို သတိရလာပြန်သည်။ အဖေပြောပြောနေခဲ့သော စစ်ပြေးတုန်းအကြောင်းတွေ၊ ကသာမြို့မှ တရားသူကြီးဘ၀မှာ မယ်ဘယက် ခေါ် မမညိုနှင့် မဲဇာတောင်ခြေမှ ကွန်မြူနစ် သန့်စင်ရေး မှာ အဖေ၏ တာဝန်ကျေခဲ့ရသည့် အခန်းကဏ္ဍများ။ မဲဇာမြစ်ရေ စီးထွေထွေတည့် ဟူသော အဖေ၏ သီချင်းသံများကို ရင်ထဲမှာ ကြားယောင် လာသည်။ မျက်ရည်လည်လာခဲ့ပြီ ဧရာဝတီ။
တူတော်မောင် ကိုပူကြူးက အမေ၏ ကားနှင့်ကျွန်မကို သံလျှက်မှော်အနောက်၊ ချောဆိပ်သို့ ခေါ်လာခဲ့ပြန် ပါသည်။
သည်နေရာမှာလည်း ဧရာဝတီမြစ်က စီးဆင်းနေဆဲ ဖြစ်သည်ကို မြင်ရပါ၏။ ရေက တစ်ပေသာသာ ပိုနည်းနည်း၊ လိုတောင်လိုဦးမည်။ လွန်ခဲ့သည့် ၄နှစ်ကမှ ရေက ၄-၅ပေ ရှိသေးသည်ကို အောက်ပါ အထောက်အထားအရ သိရှိခဲ့ရပါသည်။
၂၀၀၈ခုနှစ်က ဖြစ်ပါ၏ သဘောင်္ပျက်ဆယ်ယူရေးအဖွဲ့က စတင်တွေ့ရှိကာ ဥာဏ်တော်အမြင့် (၄၃)လက္မရှိသည့် စကျင်ရုပ်ပွားတော်တစ်ဆူကို စတင်ဆယ်ယူရာမှ ရုပ်ပွားတော် ငါးဆူစလုံး လိုရာပြည့်စုံ ရန်မျိုးလုံ ပေါ်တော်မူစေတီတော်သို့ ရောက်လာခဲ့ရသည်။ သံလျှက်မှော်မှ မိဘပြည်သူတို့၏ သဒ္ဒါတရားကြောင့် ဘုရားကြီး(၅)ဆူကို ရေလုပ်သား ၆၀၊ မော်တော် ၃စီးဖြင့် အောင်မြင်စွာ ဆယ်ယူ ခဲ့ကြရသည် ဆိုပါ၏။ ညနေ ၆နာရီ ၁၅ မိနစ်တွင် ကရိန်းနှင့် မ၍ ပင့်ဆောင်ကာ ည၇နာရီ ၁၈မိနစ်တွင် လိုရာပြည့်စုံ ရန်မျိုးလုံးဘုရား ရင်ပြင်တော်ပေါ်ကိန်းဝပ် စပ္ပါယ်ခဲ့ရသည်ဟု သိရသည်။
ပထမ ဆယ်ယူုခဲ့သော ဘရားများမှာ  ဥာဏ် တော် (၄၃)လက္မရှိ၍ ဒုတိယ ဆယ်ယူခဲ့သော ဘုရားမှာ ဥာဏ်တော်(၂)ပေသာရှိ၍ စကျင်ကျောက်နှင့် ထုထားပြီးမြစ်လယ်မှရယူခဲ့သည်ဟု သိရသည်။ တတိယဆယ်ယူခဲ့ရသောဘုရားမှာ ဥာဏ်တော်(၉)ပေရှိ၍ စတုတ္တဆယ်ယူခဲ့သော ဘုရားမှာ(၂ ပေ ၄ လက္မ)ရှိကာ ပဉ္စမဆယ်ယူရရှိခဲ့သော ဘုရားမှာ ဥာဏ်တော်(၄)ပေရှိသည်။ ပေါ်တော်မှု ရုပ်ပွားတော်ကြီးများကို ရန်မျိုးလုံ ဘုရားကုန်းတော်မှာပင်  ထာဝရကိန်းဝပ်ရန် ပူဇော်ထားသည်ကို ကြည်ညိုခဲ့ရပါ၏။ ချော်ဆိပ်ရပ်မှ သက်ကြီးရွယ်အို တစ်ဦးဖြစ်သော အဘဦးအေးက ပြောပြခဲ့သည်မှာ ၄င်း အသက် ၁၀နှစ် သားအရွယ်တွင် ချော်ဆိပ်ဘုရားတောင်ဘက် ကိုက် ၃၀၀ အကွာမှာ ဘုရားများတင်ဆောင်လာသည့် ဖောင်တော်နစ်မြုပ်ခဲ့ကြောင်း သို့ဖြစ်ပါ၍  အာလောင်း ရွာသားများက  အုန်းဆံကြိုးများဖြင့် ပြန်လည် ဆယ်ယူသော်လည်း မအောင်မြင်ခဲ့ရပါကြောင်း၊ စကျင်ဘုရား ကြီးများ၏ မူလပိုင်ရှင်မှာ  စကျင်ရွာသားဖြစ်၍ မန္တလေးသို့ ထုဆစ်ပြီး လာပို့ရာမှ မြုပ်ခဲ့ရကြောင်း ဆိပ်ကမ်းပင် ဘုရားများကို ထုဆစ်ရာ ရေက ရေခါးလည်မြုပ်သည့်နေရာမှပင် မတ်တပ်ရပ်လျှက် ထုဆစ်နေရ ကြောင်းကို မရမ်းခြံ ဆိပ်ကမ်းတွင်  မြင်ခဲ့ရဖူးသည်ဟု ဆိုပါ၏။ ဤသည်အထောက်အထားများနှင့် အဘအို၏ စကားသံကို  ကြားယောင်လျက် မြစ်ဆိပ်မှ ပြန်လည် ထွက်ခွာခဲ့ရပြန်သည်။
တူတောင်မောင် ကိုပူကြူးက ပေးသည့် အင်ဖော်မေးရှင်းများကို မှတ်သားလျှက် ဂေါဝိန်ဆိပ်သို့လည်ပြန် မြှော်ငေးကြည့်ခဲ့မိရာမှာ မော်တော်လေးများ ရပ်နား နေကြသည်ကို လည်း မြင်နေရသည်။ ဧရာဝတီမှာ စုန်ချီဆန်ချီခရီးသည်များ မန္တလေးမှ အထက်ထီချိုင့်၊ ကသာ၊ ဗန်းမော်ကို သူတို့ သွားချင်သွားလိမ့်မည်။ သွား၍ရလျှင် သွားပါလိမ့်မည်။ သို့ပေသိ ယနေ့မှာ ရေက တစ်ပေသာသာ သည်တော့ကာရပ်ထား၍ ကောင်းတုန်း။
လှေသမားဘ၀က ရေမှာ မူတည်သည်။ ရေမရှိလျှင် လှေသမားတို့ ဘ၀ပျက်ပေဦးတော့မည်။ ရေမရှိလျှင် ပျက်ရမည်က ကျွန်မတို့ တွေ၏ အောက်ခြေလူတန်းစားများ၊ ဧရာဝတီနှင်ရင်းနှီးလုပ်ကိုင်စားသောက်ရသည့် ဘ၀များပင်။
ကျွန်မငယ်ငယ်က အဖေနှင့် မြစ်ဆိပ်သို့ လာခဲ့ဖူးပါသည်။ ခဏခဏ ကိုရောက်ပါ၏။ ဂေါဝိန်ဆိပ်က မြင်းလှည်း ကို တစ်မတ်ပေးလိုက်လျှင် ဈေးချိုကို ရောက်ခဲ့ရ၏။ မြစ်ဆိပ်မှာ ဖောင်ကပ်ထားသည်ကို တော့ တွေ့ရဆဲ။
 ကျောက်မြောင်း၊ ရွှေဘိုကပဲ မျောချလာသလား။ ကျောက်ပန်းတောင်းနှင့် မြင်းခြံကိုပဲ ဆန်လေမလား။ ဆိုက်စုံနံပတ်စုံ အရွယ်မတူပေသိ အသွေးအရောင် တူသော ကလေးတစ်အုပ် ရေကစားနေကြသည်။ တစ်ယောက် နှင့် တစ်ယောက် ပြစ်ပေါက်ကာ ဆော့နေကြသည်။ သဲတူးနေသော လူရွယ်က တစ်အုပ်စု။ ဒီရေပြင်မှာ သဲခင်းထားသောကြောင့် လိုလျှင် လိုသလို သဲတူး၍ ရောင်းချခွင့်ရသည် ရေကလေးက တစ်ပေသာသာ၊ တခါတရံ နောက်၍ လူသူမရောက်သေးလျှင် ကြည်နေပါသေးသည်။ ကိုယ်တုံးလုံးလေးများနှင့်  ကျမ်းမာ၍ အသားညိုမဲနေသော ကလေးများ သည်မှာ ရေကစားနေကြသလို၊ တပို တပါးလည်းသည် နေရာမှာ သွားကြသည်။ မြစ်ရေကိုလည်းသောက်ကြသည်။ သို့ပေသည့် တစ်နေ့သော အခါမှာ သည်ကလေးအုပ်စုထဲမှ တစ်ယောက်ယောက်မှာ လွှတ်တော်ကိုယ်စား လှယ်ကြီးများ ဖြစ်မလာဖူးဟု မည်သူမျှ မပြောနိုင်ပါ။
နှေးကွေးသော ရေစီးကို လက်ခံနေရသည့် ဂေါဝိန်ဆိပ်သည် အမေနှင့် သွား၍ တူနေပြန် သေးတော့ဟု ကျွန်မထင်မိလာ၏။ သဲတူးသူကိုလည်း သဲကူ၍ ထုတ်ပေးရှာသည်။ တပို တပါးသွား၍ တင်ကျန်ရစ်သော အညစ်အကြေးကိုလည်း စိုးစိမှ မရွံ့မရှာ လက်ခံရရှာသည်။ ဂေါဝိန်မှ အပြန်မှာ အမေတစ်ဦး၏ မျက်နှာထားနှင့် ပြုံး၍ နှုတ်ဆက်ကာ ကျန်ခဲ့ရှာသည်။
ရေအနက် ၄ပေ ၅ပေ ရှိစဉ်က ဂေါဝိန်၏ မျက်နှာနှင့်ယခုလက်ကျန်ရေ ၁ ပေသာသာမှာရှိနေသည့် ဂေါဝိန်၏မျက်နှာမှာလည်း နေအထားအတူတူပင်၊ စာနာမှုအပြည့်နှင့် မြစ်ဆိပ်တစ်ဆိပ်၏ တာဝန်များကို သစ္စာရှိရှိဆက်လက် ထမ်းရွက် နေဆဲပင် ဖြစ်ပါသည်။ စိတ်ကြီးလည်း မ၀င်ခဲ့သလို အားငယ်စိတ်လည်း ဂေါဝိန်မှာ ရှိပုံမရရှာပါချေ။  အမေ တစ်ဦး၏ မျက်နှာနှင့် အမေတစ်ဦးလိုပင်  ဒုက္ခ များကို ကရုဏာနှင့်ဖြေသိမ့်ပေးတတ်သည့် ဂေါဝိန်ပင်။
ဖိစီးမှုများ ကြားမှာ ဘ၀င်မကျနေသူများကို ပြုံး၍နှစ်သိမ့်ပေးဆဲဖြစ်ပါ၏။ အုတ်ကျစ်ကျော်အေးမန္တလေးကိုလည်း ပွေ့ပိုက်ထားဆဲ ဖြစ်သည်။ အောင်ကျော်ချမ်းအေး မန္တလေးနှင့် အင်းကြင်းကြာအုံ ရတနာပုံ၏ အထင်ကရ ဂေါဝိန်မြစ်ဆိပ်ကမ်းပါးက ကျွန်မ ပြန်လာခဲ့ရသော်လည်း…။
ဆရာဇော်ဂျီ၏
                ရွှေမင်းဝံခြေရင်းက
 မြစ်မင်းယဉ်ဧရာ
ဝိုင်းခွေလို့သာ.......
မင်းဝံကပြာ၊ ဧရာကဖွေး
လှေလောင်းညို၊ ရေဂယက်မှာ
လင်းရွက်နှင့်လေး
ဂေါဝိန်ကိုပဲ့ခိုင်းလို့
နံကိုင်းမြတ်စေတီယံ
ဖူးတော့မည့်ဟန်.........
နှင့်ဧရာဝတီက မခို့တရို့နှင့် ဆက်လက်စီးဆင်းနေလေပြီ။
''အမေနှင့် ဧရာဝတီ"ကို နှုတ်ဆက်ခဲ့မိပါတော့သည်။ သို့ပါသော်လည်း နောင်နှစ်ခါသည်အချိန်မှာ အောင်ကျော်ချမ်းအေး မန္တလေးမှာ' အမေ' ရှိနေခွင့် ရပါစေ။ ဂေါဝိန်ဆိပ်မှာလည်း ရေအနက် (၁) ပေ အထက် အတော်လေးပိုပါစေဟု .ကျွန်မ ဆုတောင်းနေရပါဦးမည်။         
ဒေါက်တာ စိန်စိန်သိန်း(မြစ်မခ)
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
သူရဲကောင်းတွေ မွေးထုတ်တဲ့ လူ့အဖွဲ့အစည်း
တလောက ဆဲဗင်းဒေးနယူးစ် ရဲ့ ၂၀၁၁ ခုနှစ် သူရဲကောင်းဆုပေးပွဲကို ဖတ်လိုက်ရတော့ ပွင့်လင်းလာတဲ့ မြန်မာလူ့အဖွဲ့အစည်း တော်တော်လေး အားရမိတယ်။ ဒီလိုမျိုး ဂျာနယ်တခုရဲ့ သူရဲကောင်းဆု ရွေးချယ်ပွဲကို ပထမ ဆုံးဖတ်ရတဲ့ သတင်းလည်းဖြစ်ပါတယ်။
ယဉ်ထိမ်းရဲ  ဒုတပ်ကြပ် ကိုခင်မောင်မြင့်ကို သူရဲကောင်းဆု ချီးမြှင့်တာ ကျနော့်ပုဂ္ဂိုလ်ရေး အမြင်နဲ့ ပြောရရင် တော်တော်လေး ပီတိ ဖြစ်မိပါတယ်။
ကိုခင်မောင်မြင့်လို သူရဲကောင်းများများ ပေါ်ထွက်နိုင်ပါစေလို့ မျှော်လင့်မိတယ်။
ကျနော်တို့ ငယ်ငယ်တုန်းက ညအိပ်ရာပုံပြင်တွေ၊ ဆရာတွေရဲ့ သင်ပြချက်တွေထဲမှာ သူရဲကောင်းဆိုတာ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် စွန့်လွှတ်အနစ်နာ ခံတဲ့သူတွေ၊ တိုင်းပြည် ထူထောင်ခဲ့တဲ့ စစ်သူကြီးတွေ၊ ရှင်ဘုရင်တွေ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် သူရဲကောင်းဆိုတာ လည်း အငြင်းပွားဖွယ် ဖြစ်နေတတ်ပါတယ်။
ဒီနေရာမှာ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ တလမ်းမောင်း မြန်မာ့ပညာရေးစနစ်က ပြဌာန်းပေးလိုက်တဲ့ သူရဲကောင်းဆိုတာ အငြင်းပွားဖွယ် ဖြစ်လာတတ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ လူမျိုးတမျိုးရဲ့ ဧကရာဇ် သူရဲကောင်း၊ စစ်ဗိုလ်ချုပ်က တခြား လူမျိုးစုတခုရဲ့ ရန်သူဖြစ်နေတတ်ပါတယ်။
ဥပမာ အနေနဲ့ တင်ပြရရင် အနော်ရထာဘုရင်ဟာ ဗမာလူမျိုးတွေအတွက် ဗုဒ္ဓဘာသာကို ဆောင်ကြည်း ပေးခဲ့သူ၊ နိုင်ငံကို တည်ထောင်ခဲ့သူ သူရဲကောင်း အဖြစ် တင်စားခေါ်ဆိုနိုင်ပေမယ့် မွန်လူမျိုးတွေ အတွက်တော့ မကောင်းဆိုးဝါး ဘုရင်တပါး၊ မွန်တို့တိုင်းပြည် ရာမညကို ဖျက်ဆီးခဲ့တဲ့သူ ဖြစ်နေပါတယ်။
မက်ဆီဒိုဒိုးနီးယား ဘုရင်ကြီး အလက်ဇန္ဒားက သူလူမျိုးတွေအတွက်တော့ အင်မတန်မှ ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံပေါင်းမြောက်မြားစွာကို သိမ်းပိုက်ခဲ့တဲ့ သူရဲကောင်းတဦး ဖြစ်ပါတယ်။ သိမ်ပိုက်ခံခဲ့ရတဲ့ ပြည်သူတွေဘက်ကကြည့်ရင် အလက်ဇန္ဒားကြီးက မကောင်းဆိုးဝါး၊ စစ်သွေးကြွတဦး ဖြစ်နေပါတယ်။ သူရဲကောင်းဆိုတဲ့ စကားကိုပြောတိုင်း အချင်းများခဲ့တဲ့ အကြိမ်ကလည်း မနည်းပါဘူး။
အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဒေးဗစ်ဘင်ဂူရီယန် က နှစ်ပေါင်း ၂၀၀၀ ကျော် နိုင်ငံပျောက်နေခဲ့တဲ့ ဂျူးလူမျိုးတွေအတွက် သူရဲကောင်းအစစ်အမှန် ဖြစ်ပေမယ့် ပါလစ္စတိုင်း မူဆလင်တွေအတွက်တော့ မာန်နတ်အဖြစ် တွေ့မြင်ရမှာပါ။
ခေတ်သစ် သူရဲကောင်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုမှုကလည်း ပြောင်းလဲသွားပါပြီ။ ၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် တိုင်းမဂ္ဂဇင်းရဲ့ အက်ဆေးကဏ္ဍမှာ လက်ရှိ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန် ယူဒိုယူနိုက The making of Hero ဆိုတာ ရေးခဲ့တယ်။ အဲဒီ အက်ဆေးလေးကို ဖတ်ပြီးတော့ အင်ဒိုနီးရှား သမ္မတရဲ့ အနုပညာဖန်တီးမှုနဲ့ အတွေးအခေါ်ကို မလေးစားဘဲ မနေနိုအောင် ဖြစ်ခဲ့ရပါတယ်။
အင်ဒိုနီးရှား သမ္မတဟာ သူငယ်ငယ်က ထင်မြင်ယူဆခဲ့တဲ့ သူရဲကောင်းဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေဟာ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီ ငလျင် လှိုင်းဒဏ် နောက်ပိုင်းမှာ တော်တော်ပြောင်းလဲသွားတယ်လို့ ရေးထားပါတယ်။ တိုင်းပြည်တည်ထောင်တဲ့ ဘုရင်ဧကရာဇ်တွေ၊ စစ်သူကြီးတွေသာ သူရဲကောင်းမဟုတ်ဘဲ သူ့နိုင်ငံမှာ သူရဲကောင်းတွေအများအပြားရှိပါလား သိလာရပါတယ်တဲ့။
ဆူနာမီ ဒဏ်ခံခဲ့ရတဲ့ အာချေးဒေသကို သွားရောက်ခဲ့တဲ့ ခရီးမှာ အမျိုးသမီးနဲ့ တဦးတည်းသောသား ဆူနာမီ ဒီလှိုင်းနဲ့အတူ ပါသွားခဲ့ပေမယ့်၊ ၀မ်းနည်းစရာတွေကို ဘေးချိတ်ပြီး အဲဒီဒေသခံတွေ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး ကိုယ်ဖိရင်ဖိ လုပ်ကိုင်နေတဲ့ ဒုဗိုလ်မှူးကြီးတဦးအကြောင်းကို ရေးဖွဲ့ထားပါတယ်။ ဆူနာမီလှိုင်းအပြီးမှာ သူ့နိုင်ငံမှာ ဂုဏ်ပြုမှု၊ ချီးမြှင့်မှု မခံရတဲ့ ပုန်းလျှိုနေတဲ့ သူရဲကောင်းတွေ အများရှိတယ်လို့ ရေးထားပါတယ်။
ဒုတပ်ကြပ် ခင်မောင်မြင့် အကြောင်း သတင်းထောက် တဦးရေးထားတဲ့ မှတ်ချက်လေးက စိတ်ဝင်စားစရာ ကောင်းပါတယ်။
“ ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေ့တိုင်းရှိနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ် ခင်မြင့်မောင်ဖြစ်ပါတယ်။
ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။
ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မြင့်မောင်ကို ရေးထားတာဖြစ်ပါတယ်”။
ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်း ပုံမှန်ဖြစ်လာဖို့ စတုတ္ထမဏ္ဍိုင်ဟာ တော်တော်အရေးပါတယ် ဆိုတာ ပြည်သူတွေသိအောင်လည်း လုပ်ဖို့ လိုပါတယ်။ ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်းက တောတွင်းဥပဒေ (Jungle Law) ကို ပြည်သူတွေကို ၀န်ဆောင်မှုပေးနေတဲ့ ပြည်သူ့ ၀န်ထမ်းတွေရော၊ အုပ်ချုပ်ရေးပိုင်းက လူတွေပါ ကျင့်သုံးနေတာ ဆယ်စုနှစ် ၅ ခုလောက်ကြာခဲ့ပါပြီ။ အဲဒီအကျင့်စရိတ်တွေ ပပျောက်ဖို့အရေး စတုတ္ထမဏ္ဍိုင်မှာလည်း ကြီးမားတဲ့ တာဝန်ရှိပါတယ်။
အမေရိကားမှာ ၉/၁၁ ဖြစ်တော့ အသက်ကိုပဓာန မထားဘဲ သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်နေတဲ့ မီးသတ်သမား တွေကို ထပ်ခါတလဲလဲ ပြသနေတာဟာ အစိုးရက အမိန့်နဲ့ စေခိုင်းလို့ ပြသတာမဟုတ်ပါဘူး။ တကယ့် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ လူ့ သူရဲကောင်းတွေကို ပြည်သူတွေသိအောင် တင်ပြနေတာ ဖြစ်ပါတယ်။ မီးသတ်ရဲဘော်တွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုကို စတုတ္ထမဏ္ဍိုင်တွေက အသိအမှတ် ပြုပေးတာ ဖြစ်ပါတယ်။
စက်ဆန်းဂိုထောင် မီးလောင်မှု ဖြစ်တော့ သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ရဲ့ရင့်မှုကို ချီးကျူးမိပါတယ်။ သူတို့တွေက သူရဲကောင်းဆုနဲ့ ထိုက်တန်တဲ့ သူရဲကောင်းတွေပါ။ အငြင်းပွားမှု ဖြစ်နိုင်တဲ့ သူရဲကောင်းတွေ မဟုတ်ပါဘူး။ မီးသတ်ရဲဘော်တွေမှာ လူမျိုး၊ ဘာသာ ခွဲခြားမှုမျိုး မရှိပါဘူး၊ လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်လိုတဲ့စိတ် တခုတည်းသာ ရှိတဲ့ သူရဲကောင်းတွေပါ။
ဒီလိုသူရဲကောင်းတွေကို ဂုဏ်ပြုမှု လုပ်ပေးတဲ့ 7day news ဟာ တာဝန်ကျေတဲ့ စတုတ္ထမဏ္ဍိုင် တခုဖြစ်ပါတယ်။
နှစ်ပေါင်း ၅၀ ကျော် တောတွင်း ဥပဒေတွေနဲ့ ယဉ်ပါးခဲ့ရပေမယ့် ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ သူရဲကောင်းတွေ အများကြီးရှိနေပါသေးတယ်။
စက်ဆန်းဂိုထောင် မီးလောင်မှုမှာ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်သွားတဲ့ မီးသတ်ရဲဘော်တွေ၊ ကိုခင်မောင်မြင့်လို ပြည်သူတွေကို ၀န်ဆောင်မှု ပေးနေတဲ့၊ ငုတ်လျိုးနေတဲ့ ပြည်သူ့ဝန်ထမ်း သူရဲကောင်းတွေ ကိုမွေးထုတ်တဲ့ မြန်မာ့လူ့ဘောင်ကို မကြာခင်သော အချိန်မှာ တည်ထောင် နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။
မောင်ရမ္မာ
Unknown at 9:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.