၊မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင် သံကြား မှ
ပြောကြား မည့်မိန့် ခွန်း ကို ယခင် စစ် အစိုးရ အကြီး အကဲ ဗိုလ်ချုပ်မှုးကြီး အငြိမ်းစား
သန်းရွှေ က ကျကျန
န တည်းဖြတ် ခဲ့ သည် ဟု မြန်မာ့ ရုပ်သံ အကြီးတန်း အရာ ရှိ တစ်ဦး က FNG ကို ပြောသည်။
ဝန်ကြီး ( ဦးကျော်ဆန်း) ကိုယ်တိုင် သွားပေး ရတာ ၊ နှစ်ရက် လောက် နေ တော့ မှ သွား ယူရ
တာ သူက မှင်နီ နဲ့ သူ ကိုယ်တိုင် တား ပြီး ပေးတာ က တစ်ခု ၊ အချော ပြန်ပြီး ကွန်ပျုတာ စာ
စီထား တာ တစ်ခု နှစ် ခု ပြန်ရလာ တယ် ၊ ပြီး တော့ မှ ဒေါ်စု ကို အကြောင်း ကြား ရတာ ဟု
ပြောသည်။
လက်ရှိ အစိုးရ ၀န်ကြီးများ တွင် တန်ခိုး သြဇာ ကြီးလှသည့် ၀န်ကြီး တစ်ဦး ဖြစ်သည့် ပြန်ကြား
ရေး ၀န်ကြီး ဦးကျော်ဆန်းသည် Wall Street Journal နှင့် တွေ့ ဆုံ စဉ် ဗိုလ်ချုပ်မှုး ကြီး စာ
ဖတ်နေသည် ဟု ပြောကြား ခဲ့ သည်။
ယမန် နေ့  က ဒေါ်အောင်ဆန်းစုကြည် ၏ မွန် ပြည်နယ် ခရီး စဉ် အတွင်း ကျိုက်မရော မိန့် ခွန်း
တွင်” စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ
တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ်
ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ်
ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့
ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် လာသည့် ပြည်သူ များ ကို ပြောကြား ခဲ့ သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယခု နှစ် မတ် လ ၂၉ ရက်နေ့ တွင် တရုတ် ပြည် သို့  အလည်
အပတ် သွားရောက် မည် ဖြစ်သည်။
Freedom News Group
He think himself as a permanent emperor.
ReplyDelete