Friday, March 16, 2012

လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ပေးဝေနေသော ရေပို့ကွန်ကရစ် ပိုက်မကြီး ပေါက်သွားသောကြောင့် ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ်တောက်ထား


လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသော အချင်း ၆၆ လက် မရှိသော ရေပို့ ကွန်ကရစ် ပိုက်မကြီးမှာ ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံ၊ ဇီးကုန်းအနီးတွင် ပေါက်သွားသောကြောင့် ယင်းပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ် တောက်ထားကြောင်း သတင်းရရှိသည်။
အဆိုပါရေပို့ ပိုက်မကြီးမှာ မတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပေါက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ ရက်ခန့် အရေးပေါ် ၂၄ နာရီ ပြင်ဆင်မှု ပြုလုပ်နေရကြောင်း၊ ပိုက်လိုင်း ပြုပြင်မှုကြောင့် ဆက်စပ်မြို့နယ် များဖြစ်သော ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ လှိုင်သာယာ၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ စသောမြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ်တောက်ထားသည်ဟု သိရသည်။
ရေခေတ္တဖြတ်တောက်ထားမှုနှင့် ပတ်သက်၍ ''အချင်း ၆၆ လက်မရှိတဲ့ ရေပို့ ကွန်ကရစ် ပိုက်မကြီးက ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံအနီးမှာ မတ်လ ၁၂ ရက်နေ့က ပေါက်သွားခဲ့ပါတယ်။ ဒီပိုက်ပေါက်မှုကို  ၂၄ နာရီ အရေးပေါ် ပြုပြင်နေတာ ၂ ရက်ရှိပါပြီ။ ဒါကြောင့် ရေပေးဝေမှု ခေတ္တဖြတ်တောက် ထားပါတယ်။ မတ်လ ၁၅ ရက်နေ့လောက်မှာ ရေပုံမှန်အတိုင်း ပြန်ပေးဝေနိုင်အောင် လုပ်နေပါတယ်။ ကွန်ကရစ် ပိုက်မကြီးက နှစ် ၂၀ ကျော်လာပြီဖြစ်တဲ့အတွက် ချို့ယွင်းမှုဖြစ်တာပါ။ ဟိုတစ်လောက မင်္ဂလာတောင်ညွန့်ဘက်မှာ ရေပိုက်တွေကို မြှင့်ဖို့ရှိခဲ့တဲ့အတွက် ရေပေးဝေမှုကို ခေတ္တဖြတ်တောက်ထားမယ်၊ ရေကို ကြိုတင်စုဆောင်းထားဖို့အတွက်ကို အများပြည်သူသိအောင် တစ်ပတ်လောက် ကြိုတင်အသိပေး ကြေညာခဲ့ပါတယ်။ အခုရေပိုက်ပေါက်တဲ့ ကိစ္စကတော့ မမျှော်လင့်ဘဲ ဖြစ်ခဲ့တဲ့အတွက် ကြိုတင် အသိမပေးနိုင်ခဲ့ပါဘူး'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ထို့အတူ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်လည်း ရေပြတ်တောက်ခြင်းများ ကာလရှည်ကြာ ဖြစ်ပွားမှု ရှိနေကြောင်းလည်း စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရေပြတ်တောက်မှုများကြောင့် ရေတွန်းလှည်းများဖြင့် ရောင်းချသောရေကို ၀ယ်ယူသုံးစွဲနေရကြောင်း၊ ၀ယ်ယူမသုံးစွဲနိုင် သူများမှာမူ ကိုယ်တိုင်တွန်းလှည်းများဖြင့် ရေတွန်း၍ ရယူသုံးစွဲနေရကြောင်း သိရသည်။
ဒေါပုံမြို့နယ်၊ ယမုံနာ ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ''ကျွန်တော်တို့ဆီမှာ ရေပြတ်နေတာ နှစ်ပတ် သုံးပတ်လောက် ရှိနေပါပြီ။ ဒေါပုံမြို့နယ် စည်ပင်ရေသန့်ရုံးကို သွားပြောတော့ လာလုပ်ပေးမယ်ဆိုပြီးတော့ အခုထိ လာမလုပ်ပေးသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ အခုရေ တွန်းလှည်းသမားတွေဆီက ရေတစ်စည်ကို ကျပ် ၈၀၀ နဲ့ ၀ယ်သုံးနေရတယ်။ ၀ယ်မသုံးနိုင်တဲ့သူတွေကတော့ ဟိုဘက်ရပ်ကွက်က ကိုယ်တိုင် ရေတွန်း လှည်းနဲ့တွန်းပြီး သုံးနေရတယ်။ ရေတော့ ပြတ်တောက်နေတယ်။ ဒါပေမဲ့ ရေဖိုးကတော့ ပုံမှန် ပေးဆောင်နေရပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော်ဆီမှာ တစ်ရက်ခြားတစ်ခါ ရေလာပါတယ်။ ကျွန်တော်တို့ ရပ်ကွက်အတွင်းပိုင်းက ရေဆက်သွယ်ချင်လို့ဆိုပြီး စည်ပင်က ကျွန်တော်တို့ ပိုက်ကိုဖောက်ပြီး ဆက်သွယ်ပေးလိုက်တဲ့နောက်ပိုင်း အခုလို ရေပြတ်တောက်မှုတွေ ဖြစ်လာတာပါ''ဟု ပြောပြခဲ့သည်။
Unknown at 9:40 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.