Monday, March 5, 2012

ပြန်အပ်မယ့် ၁၅ သိန်း ဖုန်း လက်မခံရင် ဆက်သွယ်ရေးကိုတရားစွဲမယ်

၁၅ သိန်းဖြင့်ငှားရမ်းထားသော GSM ဖုန်းများအားမြန်မာ့ဆက်သွယ်ရေးသို့ပြန်လည်အပ်နှံရန်စီစဉ် ၊ ပြန်လည်လက်ခံခြင်းမရှိပါက တရားစွဲသွားမည်ဟု စီစဉ်သူများပြောဆို။


ဆက်သွယ်ရေးရဲ့ ၁၅သိန်းတန်ဖုန်းများကိုငှားရမ်းစာချုပ်ပါ
ဒါကတော့ ဆက်သွယ်ရေးကတယ်လီဖုန်းခတွေ ဈေးလျော့မည့်အကြောင်းကြေညာချက်

 

Unknown at 4:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်းသား၊မင်းသမီး၊အဆိုတော်တွေ ပြောကုန်ကြပြီနော်.... မရှက်ကြဘူးလား

ဦးဦဇာဂနာကတော့ပေါလိုက်ရင်အမန်ကြီးပဲဂျာ.....မင်းတားတွေ၊အဆိုတောတွေ၊မင်းတာမီးတွေ ကြားသွားရင်... ကိုယ့်ကိုကို့ သတ်တေနေပါဦးမယ်ဂျာ... ရှက်သွေးမပါတဲ့လူးတွေပဲဗျာ....လုပ်ကြပါစေ...


 Face book မှ..........
                ဘကြီးသက်
Unknown at 3:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မဲပေးဖို့စာရင်း ပါမပါ အမြန်ဆုံးကြည့်ပါ မတ်လ ၇ ရက်နေ့  ညနေ (၅ )နာရီ နောက်ဆုံး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း မဲဆွယ်စည်းရုံးရေး သွားစဉ်
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ရပ်ကွက်ရုံး နဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့တွေ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မိမိ ရပ်ကွက်အပိုင်ရှိ ကော်မရှင်အဖွဲ့ခွဲရုံး
တွင် မိမိ ၏အမည်ပါမပါ ကို မတ်လ(၃)ရက်နေ့မှ (၇)ရက်နေ့ နောက်ဆုံးထားပြီး လာရာက်
စိစစ်ရန်နှင့် မိမိအမည်မပါ က ပုံစံ ဖြည့်သွင်းရမည့်အကြောင်း တစ်လမ်းဝင် တစ်လမ်းထွက်
 ညဖက်အော်လံဖြင့် လိုက်အော်တာ ၂ရက်ရှိပြီ ကြောင်းသိရပါသည်။ 

မတ်လ ၄ ရက်နှင့် ၅ ရက်နေ့ တွေ မှာ  လိုက်အော်ခဲ့တာဖြစ်ပြီ မတ်လ (၇)ရက်နေ့၊ညနေ(၅)
နာရီ ကျော်ပါက လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကော်
မရှင်အဖွဲ့ ဝင်တွေကဆိုပါသည်။

အခုကိစ္စနှင့်ပါတ်သတ်၍ အမျိုးသားဒီမိုရေးစီအဖွဲ့ ချုပ်ဝင်ကိုသိန်းဝင်း က
  အဖွဲ့ချုပ်ကို မဲပေးမည့်သူများ မိမိတာဝန် ကျေဖို့လိုပါသည် ၊ မဟုတ်ရင် ဒိုင်စားသွား မှာစိတ်ပူရကြောင်းပါ ။ ဒါတွေကိုသတိထားမိပါတယ်။
 (၁)ကြေငြာသည့် အချိန်နီးကပ်လွန်းခြင်း(ကပ်ဖြုတ်သည့်ပုံစံဖြစ်နေခြင်း)
(၂)နွေကျောင်းပိတ်ရက် ခရီးထွက်သူများ ၊ မြို့တက်အလုပ်လုပ်နေသူများ စာရင်းမပါလျှင် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံး ခြင်း
(၃)ကြေငြာသည့်ပုံစံ မဟုတ်ခြင်း(အရေးကြီးပါလျက် သတင်းစာ၊တီဗီ၊ရေဒီယို FM တို့မှလုံလောက်သောအချိန်ပေးပြီး ထပ်ခါတလဲလဲ ထုတ်လွင့် နိုးဆော်ခြင်းမရှိ)
(၄) စာရင်းမပါသဖြင့် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံးသူ အရေအတွက်များနိုင်ခြင်း (၄င်းအရေအတွက် နေရာများအတွက် အစားထိုး/ကြိုတင် များ ၂၀၁၀ ကဲ့သို့ဖြစ်လာနိုင်ခြင်း)
ရှိကြောင်း Myanmar News Now ကို သတင်းပေးပို့ လာသူထံပြောဆိုထားပါသည်။

Myanmar News Now
Unknown at 2:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဂ္ဂလိက အထက်တန်းကျောင်းအချို့တွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ နွေရာသီသင်တန်းများ ဖွင့်လှစ်


ပုဂ္ဂလိက အထက်တန်းကျောင်းအချို့တွင် မတ်လ ဒုတိယပတ်မှစတင်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ နွေရာသီသင်တန်းများ၌ သက်ဆိုင်ရာတက်ရောက်ခဲ့ပြီးသည့် အတန်းများအလိုက် သင်ကြားခဲ့ပြီးသည့် သင်ရိုးညွှန်းတမ်းများအား ပြန်လည်လေ့ကျင့် သင်ကြားမှုများနှင့်  အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် ပန်းချီဂီတပညာရပ်များကို ထည့်သွင်းသင်ကြားပေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။
''နွေရာသီသင်တန်းမှာက အခြေခံခိုင်မာဖို့နဲ့ အထွေထွေဗဟုသုတ ရရှိစေဖို့ကို အထူးအလေးပေး သင်ကြားမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာကိုလည်း Skill လေးမျိုးနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ လာမယ့် စာသင်နှစ်မှာလည်း အခက်အခဲမရှိအောင်နဲ့ ခြေခံခိုင်မာစေဖို့ အခုလို သင်တန်းတွေ ဖွင့်လှစ်တာဖြစ်ပါတယ်''ဟု ရွှေပင်ရွှေသီး ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးက ရှင်းပြခဲ့ပါသည်။ နွေရာသီသင်တန်းများကို မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းအသီးသီးအတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Unknown at 10:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်..


ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်
မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော် ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက် အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့် အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ နားရက်မရှိ လုပ်ကိုင်ပေးဆပ်နေရ၍ ဖြစ်တော့သည်။

မတ်လ (၂) ရက်နေ့တွင် ရောက်ရှိလာသော မြန်မာ့အလင်းသတင်းစာကို လူမှုရေးအလုပ်ရပ်နား သော ညနေပိုင်းအချိန်တွင် သမ္မတကြီး၏ မိန့်ခွန်းကို အကြိမ်ကြိမ်ဖတ်ရှုမိသည်။ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနေသော သမ္မတကြီး၏ မိန့်ခွန်းအပြည့်အစုံကို ပြည်သူလူထု တစ်ဦးအနေဖြင့် ဖတ်ရှုကာ လူမှုရေးသမားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတော့သည်။

နိုင်ငံရေး
နိုင်ငံရေးကို ကျွန်တော်ရိုးရှင်းစွာပြောရလျှင် ကျွန်တော် နားမလည်၊ ရွံရှာသည်။ မုန်းတီးခဲ့သည်။ ကျွန်တော်သိခဲ့သော နိုင်ငံရေးမှာ - ကျွန်တော်လူ့ဘဝထဲရောက်ပြီး သုံးလေးနှစ်အရွယ်တွင် ကျွန်တော်၏ မိဘဘိုးဘွားပိုင် နိုင်လွန်စက်ရုံကြီးကို ထိုအချိန်ကာလ၌ နိုင်ငံတော်သမ္မတကြီးဖြစ်ခဲ့သော ဦးနေဝင်းမှ သိမ်းပိုက်ခဲ့ခြင်း၊ အဖိုးနှင့်အဖေတို့ကို အင်းစိန်ထောင်ထဲသို့ မတရားထည့်သွင်းခံရခြင်းတို့ပင်ဖြစ်သည်။ ထို့နောက် ၇-တန်း ၈-တန်းအရွယ်တွင် နိုင်ငံတော်၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ကမ္ဘာ့ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်၏ ဈာပနအခမ်းအနားမှစ၍ ဦးသန့်အရေးအခင်း။ ထို့နောက် ကျွန်တော်၏ အဖိုးနှင့်ဖခင်တို့ကို မတရားဖမ်းဆီးထောင်ချခဲ့သော ကျွန်တော်တို့၏ သမိုင်းကြောင်းကို ဖိနှိပ် ခဲ့သော စစ်အာဏာရှင် (မ.ဆ.လ)တို့ကို ပြည်သူတစ်ရပ်လုံးက ဆန္ဒပြတောင်းဆိုခဲ့သော ၈၈ အရေးအခင်းတို့ ပေါ်ပေါက်လာခဲ့သည်။ ၈၈ အရေးအခင်းကာလတွင် ကျွန်တော်သည် ဒုတိယနှစ် ရူပဗေဒနှင့် ရုပ်ရှင်သရုပ် ဆောင် လုပ်ကိုင်စဉ်ဖြစ်သည်။ ပြည်သူကို လုပ်ကျွေးပြုပေးနေသူ၊ မတရားမှုကို ငုံ့မခံတက်သော စိတ်ဓါတ် တို့ဖြင့် ကျွန်တော်သည် ချီတက်ဟောပြောပွဲများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေး ကို မယုံကြည်ခဲ့။ မတရားဖိနှိပ်မှုကို လက်မခံနိုင်၍ ပါဝင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျွန်တော်တို့ ကျောင်းသားပြည်သူ၊ ရဟန်သံဃာများ များစွာအသက်ဆုံးရှုံးခဲ့ရသည်။ ကျွန်တော့်၏ တပည့် ဖြစ်သူ ကရင်အမျိုးသားလေး “အဘီး” တစ်ယောက်လည်း အသက်ဆုံးခဲ့ရသည်။

ယင်းနောက် န.ဝ.တ စစ်အာဏာရှင်တို့၏ စစ်ဆေးမေးမြန်းခြင်းကို ကျွန်တော်ခံခဲ့ရသည်။ ကျောင်းသားပြည်သူများ အကျဉ်းကျ ခံခဲ့ရသည်။ သို့သော် ကျွန်တော်သည်နိုင်ငံရေးကို နားမလည်၊ မတရားမှုကိုသာ သိရှိခဲ့ရသည်။ ယင်းနောက် ရုပ်ရှင်သရုပ်ဆောင် လုပ်ကိုင်ရင်းနှင့် “အဖြူရောင်ကမ်ပိန်း” ဟုခေါ်သော အကျဉ်းကျ ကျောင်းသားများ၏ မိသားစုဝင်တို့အား လိုက်လံအားပေး နှစ်သိမ့်ကြသော လှုပ်ရှားမှုတွင် ကျွန်တော်ပါဝင် ခဲ့သည်။ ၈၈ ကျောင်းသားများ၏ ဆွမ်းကျွေးပွဲ၊ မင်္ဂလာပွဲတို့ကို ကျွန်တော်တက်ရောက်ခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်။ လူသားခြင်း စာနာထောက်ထားသော စိတ်ဓါတ်နှင့်သာ လုပ်ဆောင်ခဲ့ သည်ဟု ခံယူခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ဖြစ်ပေါ် လာခဲ့သော သံဃာ့အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး)တွင် သံဃာတော်များ နေပူမိုးရွာမရှောင် ဖိနပ် မပါပဲ ဆုတောင်းမေတ္တာပို့မှုတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းမှု များပြုလုပ်ခဲ့သည်။ ယင်းအတွက် န.အ.ဖ အာဏာရှင်တို့မှ ဖမ်းဆီးကာ စစ်ကြောရေးစခန်းသို့ (၈) ရက် တိုင်တိုင် ရောက်ခဲ့ရပြန်သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်သေး။ ဘာသာတရားကို ကြည်ညိုမှုဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမျိုးဘာသာ သာသနာအတွက် ပေးဆပ်ခဲ့မှု၏ ရလဒ်ကား အနု ပညာလောကထဲမှ ထုတ်ပယ်ခံရခြင်းပင် ဖြစ်တော့သည်။ အချုပ်ဆိုသော် . . . ကျွန်တော်သည် နိုင်ငံရေး ကိုမသိ။ နိုင်ငံရေးကို နားမလည်၊ မယုံကြည်၊ မနှစ်မြို့၊ ရွံရှာခဲ့သည်။ ရွံ့မုန်းမိတော့သည်။

ယခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ တစ်နှစ်ပြည့်သောနေ့တွင် အများပြည်သူတို့ ယုံယုံကြည် ကြည်နှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို အပ်နှင်းခံထားရသည့်အတွက် မိဘပြည်သူများကို ဦးထိပ် ထားပြီး ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ယခုအစိုးရသည် နောက်နှစ်ပေါင်းများစွာအတွက် အလှည့်အပြောင်းဖြစ်သလို အနာဂတ်သားစဉ်မျိုးဆက်များအတွက်လည်း သမိုင်းတွင်စေမည့် စတင်ခြင်းအသစ်ဖြစ်ကြောင်း၊ မိဘပြည်သူများအတွက် ယခုကဲ့သို့ ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာ၊ စံနမူနာ သာဓကပြုဖွယ်ရာ အောင်မြင်တဲ့ကူးပြောင်းမှုကြီးကို ဆောင်ရွက်ခဲ့ခြင်းသည် အစိုးရချည်း သက်သက်မဟုတ်ကြောင်း နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တရားစီရင်ရေးမဏ္ဍိုင်များ၊ မီဒီယာများ စသည်တို့အားလုံးတို့က စည်းလုံးညီညွှတ်စွာ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ပါကြောင်း၊ နိုင်ငံသားများအားလုံး နောက်ကြောင်းပြန်မလှည့်စတမ်း လျှောက်လှမ်းကြပြီး မတူညီတာတွေကိုဖယ် တူညီတာတွေကို ပူးပေါင်း လုပ်ကိုင်သွားကြမည်ဆိုပါက ဒီမိုကရေစီသည် ခိုင်မာသည်ထက် ခိုင်မာလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့ပြင် ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာရင့်သန်လာစေရန် ခိုင်မာတောင့်တင်းသော နိုင်ငံရေးမျိုး ဆက်သစ်များလိုအပ်ကြောင်း၊ မျိုးဆက်သစ် မျိုးဆက်ဟောင်းတို့၏ စုပေါင်းစွမ်းအားနှင့် နိုင်ငံတည်ဆောက် သွားနိုင်ရေးသည် ကျွန်တော်တို့နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးရဲ့ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ် နေကြောင်း ပြောကြားခဲ့သည့်အတွက် ကျွန်တော်သည် နိုင်ငံရေးအပေါ် သမ္မတကြီးမှ ယခုကဲ့သို့ ပြောကြားသော စကားလုံးများကြောင့် ကျေနပ်မိတော့သည်။ ဝမ်းမြောက်မိတော့သည်။ နိုင်ငံရေးကောင်းခြင်း ဆိုးခြင်းတို့သည် နိုင်ငံတော်ကို အုပ်ချုပ်သော နိုင်ငံ့ခေါင်းဆောင်များပေါ်တွင်သာ တည်တော့သည်ဟူ၍ နားလည် သွားတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . . နိုင်ငံရေး။

စီးပွားရေး
ကျွန်တော်စီးပွားရေးကို နားမလည်။ မကျွမ်းကျင်။ အဆုံးစွန်ဆုံးပြောရသော် ရုပ်ရှင်လောကတွင် သရုပ်ဆောင်အဖြစ် ကျင်လည်စဉ်ကာလများ၌ ကျွန်တော့်အား ထုတ်လုပ်သူမှ သရုပ်ဆောင် ကြေးငွေများပေးသော် ကျွန်တော်ပိုက်ဆံ မရေတွက်တတ်။ ငွေကြေးကို မကိုင်ဆောင်တတ်။ ဇနီးဖြစ်သူအား အိမ်သို့ရောက်လျှင် ထိုငွေကြေးတို့ကို ထိုးအပ်၊ ငွေကြေးကွာဟမှုများဖြစ်သည့်အခါ ကွာဟ၊ လိုသည့်အခါတွင် လို၊ ထုတ်လုပ် သူကို ပြန်ပြော၊ ပြန်တောင်းနှင့် သံသရာလည်နေခဲ့သူတစ်ယောက်ဖြစ်သည်။ အနုပညာမှလွဲ၍ မည်သည့် စီးပွားရေးမှ မလုပ်တတ်။ လုပ်ခဲ့ရင်လည်း မအောင်မြင်ခဲ့။ ဤမျှလောက်ကို စီးပွားရေးကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးကို ကျွန်တော်ရွံမုန်းခဲ့သည်။


သို့သော် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းထဲတွင် စီးပွားရေးလုပ်ငန်းလိုင်စင်များ၊ သွင်းကုန်ပို့ကုန် လိုင်စင်များ၊ ပို့ကုန်နှင့်ပတ်သက်သော အခွန်အခများကို လျှော့ချဖယ်ရှားပေးခဲ့ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ ပြောင်းလဲပေးခြင်း၊ ဆန်စပါးတင်ပို့ခွင့်များ ဖန်တီးပေးခြင်း၊ စက်သုံးဆီ၊ တယ်လီဖုန်း၊ မော် တော်ကားဈေးနှုန်းများကို ကျဆင်းလာအောင် ဆောင်ရွက်ပေးခဲ့ခြင်း၊ အများပိုင်ကုမ္ပဏီများ တိုးပွားရှင်သန် စေခြင်း၊ စက်မှုလုပ်ငန်းများတိုးမြင့်ပေးခဲ့ခြင်း၊ ပြည်တွင်း/ပတတ်သိပညာရှင်များ၏ တန်ဖိုးကြီးမားသော အကြံဉာဏ်များကို အလေးအနက်ထားပြီး ပြည်သူလူထုတို့၏ စီးပွားရေးကိုမြှင့်တင်ပေးခြင်း၊ ယခင် မ.ဆ.လခေတ်က ပုဂ္ဂလိကပိုင် စက်ရုံ/အလုပ်ရုံများကို အစိုးရပိုင်အဖြစ်သိမ်းပိုက်ခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲမှုကို လူတစ်စု လက်ဝယ်သို့ မရောက်ရှိစေရန်၊ မညီမှုများ မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတားမဖြစ်စေ ရန် အဘက်ဘက်မှ သုံးသပ်ဆောင်ရွက်နေကြောင်းများကို ကြားသိရ၍ စီးပွားရေးကို ကျွန်တော် ကျေနပ်မိ ပြန်တော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည်. . . စီးပွားရေး။

ပညာရေး
ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော် နားမလည်။ မတတ်ကျွမ်း။ မ.ဆ.လခေတ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံ လူသားတစ်ဦးဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ်သက်၍ နောက်ဆုံးနှစ် ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေ ဆိုရင် ဝေးရောပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်။

သို့သော် ယခုသမ္မတကြီး၏ မိန့်ခွန်းမှာ တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲ ရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားသော အွန်လိုင်း စာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့ အင်တာနက်ချိတ်ဆက်မှုများ၊ ကွန်ယက်များမြှင့်တင်ဆောင်ရွက်ရေးများကို လုပ်ဆောင်ပေးမည့်အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ်ကိုင်သော လက်များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏ မိန့်ခွန်းစကားအရ ပညာရေးဟူသော စကားလုံးအား ကျွန်တော်ချစ်ခင်မိသည်။ မြတ်နိုးမိတော့သည်။ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . ပညာရေး။

ကျန်းမာရေး
ကျန်းမာရေးနှင့်ပတ်သက်၍ ကျွန်တော် မကောင်းမွန်လှ။ နေ့တစ်မျိုး ညတစ်မျိုးဖြစ်နေသည်။ ကျွန်တော်၏ ကျန်းမာရေးမှာ ဂဏန်းမငြိမ်လှ။ အများပြည်သူ၏ မေတ္တာပို့မှုများကြောင့် အသက်ခန္ဓာ မြဲနေခြင်းပင်ဖြစ်သည်ဟု ယုံကြည်မိသည်။ ထို့ကြောင့် ကျန်းမာရေးကို ကျွန်တော်ကြောက်သည်။ ရွံ့သည်။

သို့သော် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် ဆင်းရဲနွမ်းပါးသော မိဘပြည်သူများအတွက် ကျန်းမာရေးနှင့်ပတ်သက်၍ လူသားဂုဏ်သိက္ခာနှင့်အညီ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် ပြည်တွင်း/ပ များတွင်ရှိသော ပုဂ္ဂလိက၊ NGO၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီကိုရယူပြီး ကုလသမ္မဂ္ဂအဖွဲ့ကြီး ၏ ထောင်စုနှစ် ရည်မှန်းချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်ေ နပြီဖြစ်ကြောင်း ပြည်သူများ၏ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ယူနီဗာဆယ်ကျန်းမာရေး အာမခံစနစ်သစ် ပေါ်ထွန်းလာရန် ဆောင်ရွက်နေကြောင်း၊ လာမည့်နှစ်တွင် ကျန်းမာရေးကဏ္ဍ၌ နိုင်ငံတော်၏ဘဏ္ဍာငွေကို ယခင်နှစ်များထက် လေးဆတိုးမြှင့် သုံးစွဲမည်ဖြစ်သည်ဟု ပြောကြားခဲ့သော ကြောင့် ကျွန်တော် နေကောင်းသလိုလို ဖြစ်သွားသည်။ ကျွန်တော်သည် . . . ကျန်းမာရေးကို မြတ်နိုးမိတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . ကျန်းမာရေး။

လူမှုရေး
ဟုတ်ကဲ့။ လူမှုရေးနှင့်ပတ်သက်၍ ကျွန်တော်ထဲထဲဝင်ဝင် သိထားသည်။ လူမှုရေးနှင့်ပတ်သက်၍ ထုံးလိုမွှေ ရေလိုနှောက်ထားသူဖြစ်သည်။ ၂၀၀၁ ခုနှစ်မှစပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်ကိုင်ပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၂)နှစ်တာ ကာလတွင်းသို့ ရောက်တော့မည်ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ မိမိ၏ အနုပညာလုပ်ကိုင်မှုအချိန်များကိုဖဲ့ယူ၍ ပေးဆပ်ခဲ့ရာမှ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယနေ့တိုင် အနုပညာလုပ်ငန်းများ လုပ်ခွင့်မရှိတော့ပါသဖြင့် နေ့စဉ်နေ့တိုင်း ပေးဆပ်မှုပေါင်းများစွာကို မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုခဲ့ကာ အများပြည်သူတို့ကို ကူညီဖေးမပေးဆပ်ခဲ့သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးတို့ကို ထဲထဲဝင်ဝင် လုပ်ကိုင်နားလည်ခဲ့တော့သည်။

သမ္မတကြီး၏ မိန့်ခွန်းတွင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရှင်သန်ခိုင်မာရေးမှာ အရပ်ဘက်လူ့ အဖွဲ့အစည်းတွေမှာ အရေးကြီးတဲ့ အခမ်းကဏ္ဍမှာရှိကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ ခိုင်မာအားကောင်းလာရေးအတွက် တိုင်းရင်းသားလူမျိုးတွေဟာ ဘာသာတရားရဲ့ အဆုံးအမနဲ့အတူ ယဉ်ကျေးမှုအရ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တဲ့ ပရဟိတစိတ်ဓါတ်များနှင့် အရှိန်အဟုန်မြင့်စွာ လုပ်ကိုင်လာရန် အရေးကြီးကြောင်း၊ ယခုကဲ့သို့ လူမှုရေးအသင်းအဖွဲ့များ ပေါ်ထွန်းလာခြင်းကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ လူမှုရေးကို ထဲထဲဝင်ဝင်သိရှိလုပ်ကိုင်ပေးဆပ်နေသော ကျွန်တော့်အဖို့ သမ္မတကြီး၏ လူမှုရေးစကားလုံးများကို ကြားသိရသောအခါ ကျွန်တော်သည် “လူမှုရေး” ကို အထူးကြောက်ရွံ့မိတော့သည်။ အထူးတုန်လှုပ်သွားတော့သည်။ ထို့ကြောင့် ကြောက်ရွံ့မိပါတော့သည် . . . လူမှုရေး။

အဘယ့်ကြောင့်ဆို . . . ကျွန်တော်တို့သည် ၂၀၀၁ ခုနှစ်မှစ၍ နာရေးကူညီမှုတည်းဟူသော နာရေးရှင်တို့၏ အပူမီးများကို ငြိမ်းသတ်ပေးသော နာရေးကူညီဖေးမမှုတို့ကို (အခမဲ့) လုပ်ဆောင်ခဲ့ရာ ပထမပိုင်းတွင် တစ်နေ့လျှင် နာရေးပေါင်း (၅) ဦးခန့်မှ ယခုဆိုလျှင် တစ်နေ့လျှင် (၄၅) မှ (၅၀) ဦးခန့် (အခမဲ့) သင်္ဂြိုလ်ပေးနေရပြီဖြစ်သည်။ ဘဝကူးပြောင်းမှုများ မြင့်မားလာမှုကို ပြန်လည်သုံးသပ်သော ဆင်းရဲနွမ်းပါး၍ ဆေးဝါးမကုနိုင်ခဲ့ခြင်းကို သိရှိခဲ့ရသည်။ ထို့ကြောင့် ၂၀၀၃ ခုနှစ်မှစ၍ ခွဲစိတ်ကုသမည့် လူနာများ၊ ခွဲစိတ်မွေးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များကို ခွဲစိတ်ခ အကုန်အကျခံခွဲစိတ်ပေးခြင်း၊ ၂၀၀၇ ခုနှစ်မှစ၍ သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ (အခမဲ့) ဆေးဝါးကုသမှုတို့ကို လုပ်ဆောင်ခဲ့ရာ တစ်နေ့လျှင် လူနာ (၂၀) ခန့်မှ ယခုဆိုလျှင် တစ်နေ့လျှင်လူနာ (၂၀၀)ယောက် ကျော်ခန့်ကို (အခမဲ့) ကုသပေးနေရပြီ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးချို့ယွင်းမှု ဘာကြောင့်ယခုကဲ့သို့ မြင့်မားလေသနည်းဟု စဉ်းစားကြသော် အသိပညာနည်းပါးမှု၊ ဗဟုသုတခေါင်းပါးမှုတို့ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် သုခအလင်း စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အခြေခံအင်္ဂလိပ်စာ နွေရာသီသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်း များ၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ကွန်ပြူတာသင်တန်းများ၊ ယဉ်ကျေး လိမ္မာသင်တန်းများ စသည့် လူ့ကျင့်ဝတ်ပညာရေးနှင့် ပတ်သက်သော အသိပညာပေး သင်တန်းများကိုပါ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ခန့်က နွေရာသီအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ရာတွင် ကလေးငယ် (၂၀၀) ခန့် တက်ရောက်ခဲ့သော်လည်း ယခုနှစ် နွေရာသီသင်တန်းအတွက် စာရင်းလာရောက်ပေးသူ ကလေးပေါင်း (၁၀၀၀) နီးပါးခန့်ရှိခဲ့သည်။ လူမှုရေးနှင့်ပတ်သက်၍ ယခုအချိန်အထိ နာရေးကူညီမှုပေါင်း (၁၁၂၃၀၃)၊ ဆေးဝါးကုသပေးမှုပေါင်း (၁၅၀၆၃၁)၊ ပညာရေးနှင့်ပတ်သက်၍ (၁၀၀၀၀) ဦးခန့် ကူညီဖေးမ ပံ့ပိုးမှုများကို ကျွန်တော်တို့ လုပ်ကိုင်ပေးပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် သမ္မတကြီး ပြောကြားသွားသော လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နာရေး၊ သဘာဝ ဘေး ကယ်ဆယ်ကူညီထောက်ပံ့ရေး စသည့် လူမှုလုပ်ငန်းများကို နှစ်အလိုက်၊ ခေတ်အလိုက် ဆထက်တန်ဖိုး တိုးချဲ့လုပ်ကိုင်ပေးဆပ်ရန်သာ ရှိတော့သည်။

သို့ရာတွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပြင် အခြားလူမှုရေး အဖွဲ့အစည်းများ၊ လူမှုရေးအသင်းများအတွက် တရားဝင်လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်ဝယ်သို့မရရှိသေးပါ။ နေပြည်တော်မှ မှတ်ပုံတင်ခွင့်ပြုချက် ထုတ်ပေးလိုက်ပြီဟု ဖြစ်သော်ငြားလည်း ပြည်နယ်၊ တိုင်း၊ မြို့နယ်ဋ္ဌာနဆိုင်ရာများမှ ယနေ့တိုင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အသိပေး အကြောင်းကြားခြင်း မရှိသေးချေ။ ထို့ကြောင့် သမ္မတကြီး မိန့်ကြားခဲ့သော ဖောင်ဒေးရှင်းများ၊ အသင်းအဖွဲ့များ ဖြစ်ထွန်းအောင်မြင်လာတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီရှင်သန်ခိုင်မာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိကြောင်းဟု မိန့်ဆိုငြားသော်လည်း ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များအတွက် ယခုတိုင် မှတ်ပုံတင်မရခြင်းသည် သမ္မတကြီးနှင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်အာဏာပိုင်တို့ ချိတ်ဆက်မှုများ လွဲနေပြီလားဟု ကျွန်တော်တွေးမိသည်။

ထို့ကြောင့် ကျွန်တော်တို့ လူမှုရေးသမားများ၊ လူမှုရေးအသင်းအဖွဲ့များအနေနှင့် အစိုးရ အသိအမှတ် မပြုသော တရားမဝင် အဖွဲ့အစည်းများအဖြစ် ပြည်သူလူထုတို့အား ကူညီဖေးမမှုတို့ကို အကြောက်တရားနှင့် ယှဉ်တွဲကာ ကုသိုလ်ရေးကို လုပ်ကိုင်နေရသောသူများပမာ ဖြစ်နေတော့သည်။ ဤတွင် သမ္မတကြီး၏ မိန့်ခွန်းများကို ကျွန်တော်ထပ်ခါထပ်ခါ ဖတ်ရှု၍ တွေးတောစဉ်းစားမိတော့သည်။ “ငါသာလျှင် သမ္မတကြီးဖြစ်ရင်တော့” ဟူ၍ တွေးတောစဉ်းစားမိတော့သည်။

ဟုတ်ပါသည်။ “နိုင်ငံတော်သမ္မတ ဦးကျော်သူ” ဟူ၍ အတွေးထဲဖြစ်ပေါ်သွားတော့သည်။ ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဒီမိုကရေစီနိုင်ငံတော်သစ် ချီတက်ရာတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသော နိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် ပြည်သူလူထုအားလုံး ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သီလ စိတ်ဓါတ်များကို ပထမဦးဆုံး ပြုပြင်ရမည်။ အောက်ခြေလူတန်းစားများဖြစ်သော ဆင်းရဲနွမ်းပါးသော ပြည်သူလူထုတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နာရေး စသည့်ကိစ္စရပ်များကို အဆင်ပြေ ချောမွတ် အောင် လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် ပြည်သူလူထုထဲသို့ မြို့နယ်၊ ရပ်ကွက်များအတွင်းသို့ ထဲထဲဝင်ဝင် ကွင်းဆင်းလေ့လာရန် မလိုချေ။ မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များ၏ သတင်းပို့သချက်များ ထက် ပိုမိုတိကျမှန်ကန်သော ဖြစ်ရပ်များကို သိရှိရန် အရေးကြီးသည် မဟုတ်ပါလား။

ထို့ကြောင့် ပြည်သူလူထု တို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို အနီးကပ်ပံ့ပိုးကူညီ ဖေးမပေးနေသော မြို့နယ်အလိုက်၊ တိုင်းအလိုက် ဖွဲ့စည်းထားသော လူမှုရေးအသင်းအဖွဲ့များနှင့် တစ်နာရီခန့်သာ တွေ့ဆုံလိုက်ယုံသာ ဖြစ်သည်။ ထိုအခါ ယင်းလူမှုရေးအသင်းအဖွဲ့များ၏ အများပြည်သူတို့အပေါ် ကူညီပေးရမှုများကို အခန်းကဏ္ဍအလိုက် ရာခိုင်နှုန်းများနှင့် လိုအပ်ချက်များကို သိရှိရမည်ဖြစ်သည်။ ထိုအခါ မည်ကဲ့သို့ ပြည်သူလူထုတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ခိုင်မာလာအောင် လုပ်ဆောင်ပေးသင့်သည်ကို တိကျသော အဖြေရရှိမည်ဖြစ်တော့သည်။

အောက်ခြေပြည်သူလူထု ခိုင်မာပါမှ ဖောင်ဒေးရှင်းခိုင်မာသော မိုးထက်မြင့်သော ဒီမိုကရေစီတိုက်တာကြီးများ ပေါ်ထွန်းလာမည်ဟု တွေးမြင်မိတော့သည်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အောက်ခြေပြည်သူလူထုတို့နှင့် တိုက်ရိုက်ထိတွေ့ ကူညီပေးနေသော လူမှုရေးအသင်းအဖွဲ့များအား အမြန်ဆုံးတရားဝင်မှတ်ပုံတင်များ ချမှတ်ပေးပြီးသည့်နောက် မိဘပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နာရေး စသည့် လူမှုကိစ္စများကို ခိုင်မာလာအောင် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် သမ္မတကြီးပြောကြားသော စကားအရ အပြန်အလှန်နားလည်မှု၊ ယုံကြည် လေးစားမှုတို့နှင့်အတူ ပြည်သူ့အကျိုး တစ်ဖက်တစ်လမ်းမှ သယ်ပိုးနေသော တိုင်း၊ ပြည်နယ်အလိုက် ဖွဲ့စည်းထားသော လူမှုရေး အသင်းအဖွဲ့များသို့ သမ္မတကြီးကိုယ်တိုင် ကွင်းဆင်း၍ သွားရောက် လေ့လာကြည့်ရှု လည်ပတ်မည်ဆိုပါက ပြည်သူလူထုတို့ ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်း အနှောက်အယှက်များကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီး အချိန်တိုတိုအတွင်းမှာ ပြုပြင်ပြောင်းလဲမှုများ အရာထင်လာမည်ဟု သမ္မတကြီးအတွေးမျိုးနှင့် ကျွန်တော်အတွေးနယ်ချဲ့ကာ အိပ်ပျော်သွားတော့သည်။

ထိုညက ကျွန်တော်အိပ်မက်မက်သည်။ နံနက်အာရုံတက်တွင်မက်သော အိပ်မက်ဖြစ်သည်။ “သမ္မတကြီး ဦးသိန်းစိန် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို လာသည်” ဟု။ အာရုံတက်တွင်မက်သော အိပ်မက်သည် ဒဲ့ထိအောင် မှန်သည်ဟု အဆိုရှိပေသည်။
ကျော်သူ
  နာရေးကူညီမှုအသင်း, ဆောင်းပါး
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ကုလသမဂ္ဂမှ အင်တာနက် ထိန်းချုပ် မှုများ ပြုလုပ်ပေးရန် အဆိုပြု


ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းမှ အင်တာနက် ထိန်းချုပ်မှုများ ပြုလုပ်ပေးရန် အဆိုပြုကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ အစည်းကြီး မှ အင်တာနက် ထိန်းချုပ်မှုများ ပြုလုပ်ပေးရန် အဆို ပြုချက် များကို ရုရှားနှင့် တရုတ်တို့က ဦးဆောင် တင်သွင်း ခဲ့ကြောင်း သိရှိ ရသည်။ ၂၀၁၂ နှစ်ကုန်၌ စတင် အကောင်အထည် ဖော်ရန် မျှော်မှန်း၍ အဆို တင်သွင်းခြင်း ဖြစ်သည်။
နိုင်ငံ အတော် များများက လည်း ၄င်းအဆိုပြုချက်ကို ထောက်ခံသည်ဟု ဆိုသည်။ ကမ္ဘာ့ကုသမဂ္ဂအဖွဲ့၏ ကြီး ကြပ်မှုကိုခံယူပြီး အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး သမဂ္ဂ (ITU) မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ အင်တာနက်ထိန်းချုပ်ရေးစာချုပ်ကို ချုပ်ဆိုရန်လိုအပ်ကြောင်း ရုရှား ဝန်ကြီးချုပ် ပူတင်က ပြောကြားခဲ့ သည်။
၎င်းအဆိုပြုချက်သည် ၁၉၈၈ မှစတင်ပြီး ကျယ်ပြန့်လာ သည့် အင်တာနက်၏ အခန်းကဏ္ဍ ကို ပြောင်းလဲစေမည့် နည်းပညာ သစ်များပေါ်ထွက်လာဖွယ်ရှိသည် ဟု ဆိုသည်။ ၁၉၉၅ ၌ လူပေါင်း ၁၆ သန်း အသုံးပြုသည့် အင်တာနက်သည် ၂၀၁၁ ၌ လူပေါင်း ၂ ဘီလျံမျှ အသုံးပြုလာသည်အထိ ကျယ်ပြန့် လာခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံကမူ အဆိုပါ စာချုပ်ချုပ် ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲဖြစ် မြောက်ရေး၏ ရှေ့ဆောင်နိုင်ငံ အဖြစ် အဆိုပြုခဲ့ခြင်း မရှိဟု ဆိုသည်။ အဆိုပါ အဆိုပြုချက်များ သည် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ တစ်ဆင့် အင်တာနက်လွတ်လပ် ခွင့်ကို ထိပါးလာစေနိုင်ကြောင်း အကဲခတ်များက ထုတ်ဖော်တင်ပြ ခဲ့သည်။
Unknown at 10:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်စု အားလာရောက်အားပေးသည့် ရဲဘော်ကျော်ဇင်ဝင်း အရေးယူခံထားရကြောင်း ဒေသခံများအတည်ပြုပြောကြား

ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်အားပေးနေသည့် ရဲဘော်ကျော်ဇင်ဝင်း
ရှမ်းပြည်နယ် ကလောမြို့အောင်နိုင်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်လူထုတွေ့ဆုံပွဲပြုလုပ်သည့်နေ့က စကားပြောစင်မြင့်၏ လက်ယာဖက်တွင် စစ်ယူနီဖေါင်းနှင့်ရဲဘော်လေးတစ်ယောက်လာရောက်နားထောင်နေသည်ကိုတွေ့ခဲ့ရသည်။

ထိုရဲဘော်ကလေးက ဒေါ်အောင်ဆန်းစုကြည်အားလာရောက်နှုတ်ဆက်ခဲ့သည်ကို ရိုက်ကူးထားခဲ့သည့်ဓါတ်ပုံများသည် အင်တာနက် ဖေ့(စ)ဘွတ်စာမျက်နှာများတွင်ပြန့်နှံ့နေခဲ့ပြီး ထိုရဲဘော်လေးဖမ်းဆီးခံထားရသည်ဟူသည့်သတင်းများပြန့်နှံ့နေခဲ့သည်။

ရှမ်းပြည်နယ်ရှိ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းများအရ ဒေသခံတစ်ယောက်က YPI သို့ဆက်သွယ်ပြောကြားရာတွင် ထိုနေ့တွင်လာရောက်နားထောင်ခဲ့သော ရဲဘော်လေးသည် ကလောမြို့မှတပ်မ၅၅လက်အောက်ခံတပ်သားကျော်ဇင်ဝင်းဖြစ်ပြီး အရက်သေစာသောက်စားမှု၊ တပ်စည်းကမ်းဖေါက်ဖျက်မှုစသည့်စွဲချက်တို့ဖြင့်တပ်ချုပ်ရုံးခန်းသို့ဆင့်ခေါ်ထားခံရသည်ဟုသိရှိရပါသည်။
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ဒုတိယအကြိမ် သတင်းထုတ်ပြန်မှု

ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုတွင် တွေ့ရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၏ ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုကို ဖေဖော်ဝါရီလ၄ရက်နေ့ မွန်းလွဲပိုင်းအချိန်က အဖွဲ့၏ ရုံးခန်းတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် သီရိဂုဏ်အိမ်ရာထောင့်ရှိ နေအိမ်၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သတင်းထုတ်ပြန်မှုမှာ  ပြီးခဲ့တဲ့ ရက်များအတွင်း ၈၈မျိုးဆက် ကျောင်းသားများသွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်သော ရည်ရွယ်ချက်၊ အတွေ့အကြုံ၊ ရလဒ်များ ကို ပြန်လည်ပြောကြားခြင်း ဖြစ်ပါသည်။ ထို့အပြင် မတ်လ ၁ ရက်နေ့က ပြောကြားခဲ့သော နိုင်ငံတော်သမ္မတ မိန့်ခွန်းနှင့်ဆက်စပ်သည့် သဘောထားအမြင်များကိုလည်း သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။  ၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်ပိုင်း ပွင့်လင်းသော လူ့အဖွဲ့အစည်းခေါင်းစဉ်ဖြင့် ခြေလှမ်းကို စတင်ခဲ့ကာ ဟင်္သာတမြို့ခံလူထုဖြင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင်က ရည်ရွယ်ချက်ကို ဦးစွာရှင်းပြခဲ့ပါသည်။  ''ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းလို့ ပြောကြတဲ့အခါမှာ နံပါတ်တစ်က ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အားလုံး ဖော်ထုတ်ပြောဆိုခြင်းတွေက စပါတယ်''ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ဟင်္သာတမြို့ခရီးစဉ်၏ ရလဒ်အနေဖြင့် မြို့ခံလူထု၊ နိုင်ငံရေးအင်အားစုများ၊ ပရိဟိတ လူမှုရေးလုပ်ကိုင်နေသော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းမိပြီး ပွင့်လင်းသော လူ့အဖွဲ့အစည်းခေါင်းစဉ်အောက်တွင် လူမှုကွန်ယက်တစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်း၊အကျိုးဆက်အနေဖြင့် ကချင်ပြည်နယ်ခရီးစဉ်၊ မန္တလေးတိုင်း ခရီးစဉ်တို့ကို သွားရောက်ခဲ့ပြီး ကဏ္ဍအသစ်တစ်ခုလည်း ထပ်မံဖြစ်ပေါ်လာခဲ့ကြောင်း ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။ ''အကျိုးဆက်ကို ပြောပါဆိုရင် နောက်ထပ်ထပ်ပြီးတော့ ကျွန်တော်တို့ ကချင်ပြည်နယ် ခရီးစဉ်၊ မန္တလေးတိုင်း ခရီးစဉ်တို့ကို သွားနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ တက်လာတဲ့ ကဏ္ဍတစ်ခု၊ နောက်ထပ် ပေါင်းစည်းလာတဲ့ကဏ္ဍကတော့ ငြိမ်းချမ်းရေးကဏ္ဍပါ'' ဟု ကိုမင်းကိုနိုင်က ပြောပါသည်။
''အဓိကကတော့ ကျွန်တော်တို့ ငွေကူခြင်းကအဓိက မဟုတ်ဘဲနဲ့ ကျွန်တော်တိုကိုယ်တိုင် ပြည်ထောင်စုဖွား သွေးချင်းတွေရဲ့ လက်တွေ့ဘ၀တွေ ဒုက္ခသုက္ခတွေကို အတူမျှဝေခံစားဖို့ သွားခဲ့ကြတာပါ။ ပြီးတော့မှ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ ဖြစ်ချင်မှုတွေကို ကျွန်တော်တို့ နားထောင်နိုင်ခဲ့ပါတယ်။ ဒီတော့ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ ဘာထပ်ပြီးတော့ ပေါင်းမိသွားပြီလဲဆိုတော့ ငြိမ်းချမ်းရေး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ နောက်နောင်ကို ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ပါမယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ ခရီးစဉ်တွေမှာ ငြိမ်းချမ်းသော ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်အောင် ကျွန်တော်တို့ ခြေလှမ်းတွေ ကို ဆက်ကြဦးမှာဖြစ်ပါ တယ်''ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့သည်။  သွားရောက်ခဲ့သော ခရီးစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းမှုအပြီးတွင် သတင်းထောက်များမှ မေးမြန်းခဲ့သည်များကို ဖြေကြားရာ၌ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပေါ် သဘောထားကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင်က ဖြေကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို အပြုသဘောဆောင် ကြိုဆိုပြီး အားလုံး ပူးပေါင်းပါဝင်မှုအတွက် ပြန်လည်လက်ကမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။ ''ကျွန်တော်တစ်ယောက် တည်း တင်မကဘဲနဲ့၈၈မျိုးဆက်တစ်ခုလုံး ရဲ့သဘောထားအမြင်တွေကို ခြုံငုံပြီး တော့ဖြေပေးမှာဖြစ်ပါတယ်။ ခြုံပြောလိုက်မယ်ဆိုရင်တော့ များစွာ အပြုသဘောဆောင်တယ်လို့ ရိုးရိုးသားသားပဲ ရှုမြင်ပါတယ်''ဟု ကိုမင်းကိုနိုင်က ပြောကြားပါသည်။
''တစ်ခုရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့အသံကိုလည်း နားထောင်ကြည့်ပါတယ်။ အပြောနဲ့မပြီးဘူးဆိုတဲ့ သတိပေးစကားမျိုး ကျွန်တော်တို့ရပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း လက်တွေ့ကျတာကိုပဲ တန်ဖိုးထားပါတယ်။ လက်တွေ့ နဲ့ တိုင်းတာရမယ့် ပေတံတွေရှိပါတယ်'' ဟု ကိုမင်းကိုနိုင်က ပြောပါသည်။  အဆိုပါ သတင်းထုတ်ပြန်မှု၌ ကိုမင်းကိုနိုင်နှင့်အတူ အခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ကလည်း ၎င်းတို့၏ ခရီးစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် သမ္မတမိန့်ခွန်းအပေါ် သဘောထားအမြင်အစရှိသည် တို့ကို ဖြေကြားခဲ့ကြပါသည်။
EMG
Unknown at 10:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.