Monday, March 5, 2012

ပုဂ္ဂလိက အထက်တန်းကျောင်းအချို့တွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ နွေရာသီသင်တန်းများ ဖွင့်လှစ်


ပုဂ္ဂလိက အထက်တန်းကျောင်းအချို့တွင် မတ်လ ဒုတိယပတ်မှစတင်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ နွေရာသီသင်တန်းများ၌ သက်ဆိုင်ရာတက်ရောက်ခဲ့ပြီးသည့် အတန်းများအလိုက် သင်ကြားခဲ့ပြီးသည့် သင်ရိုးညွှန်းတမ်းများအား ပြန်လည်လေ့ကျင့် သင်ကြားမှုများနှင့်  အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် ပန်းချီဂီတပညာရပ်များကို ထည့်သွင်းသင်ကြားပေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။
''နွေရာသီသင်တန်းမှာက အခြေခံခိုင်မာဖို့နဲ့ အထွေထွေဗဟုသုတ ရရှိစေဖို့ကို အထူးအလေးပေး သင်ကြားမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာကိုလည်း Skill လေးမျိုးနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ လာမယ့် စာသင်နှစ်မှာလည်း အခက်အခဲမရှိအောင်နဲ့ ခြေခံခိုင်မာစေဖို့ အခုလို သင်တန်းတွေ ဖွင့်လှစ်တာဖြစ်ပါတယ်''ဟု ရွှေပင်ရွှေသီး ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးက ရှင်းပြခဲ့ပါသည်။ နွေရာသီသင်တန်းများကို မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းအသီးသီးအတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Unknown at 10:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.