Monday, March 5, 2012

ဒေါ်စု အားလာရောက်အားပေးသည့် ရဲဘော်ကျော်ဇင်ဝင်း အရေးယူခံထားရကြောင်း ဒေသခံများအတည်ပြုပြောကြား

ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်အားပေးနေသည့် ရဲဘော်ကျော်ဇင်ဝင်း
ရှမ်းပြည်နယ် ကလောမြို့အောင်နိုင်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်လူထုတွေ့ဆုံပွဲပြုလုပ်သည့်နေ့က စကားပြောစင်မြင့်၏ လက်ယာဖက်တွင် စစ်ယူနီဖေါင်းနှင့်ရဲဘော်လေးတစ်ယောက်လာရောက်နားထောင်နေသည်ကိုတွေ့ခဲ့ရသည်။

ထိုရဲဘော်ကလေးက ဒေါ်အောင်ဆန်းစုကြည်အားလာရောက်နှုတ်ဆက်ခဲ့သည်ကို ရိုက်ကူးထားခဲ့သည့်ဓါတ်ပုံများသည် အင်တာနက် ဖေ့(စ)ဘွတ်စာမျက်နှာများတွင်ပြန့်နှံ့နေခဲ့ပြီး ထိုရဲဘော်လေးဖမ်းဆီးခံထားရသည်ဟူသည့်သတင်းများပြန့်နှံ့နေခဲ့သည်။

ရှမ်းပြည်နယ်ရှိ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းများအရ ဒေသခံတစ်ယောက်က YPI သို့ဆက်သွယ်ပြောကြားရာတွင် ထိုနေ့တွင်လာရောက်နားထောင်ခဲ့သော ရဲဘော်လေးသည် ကလောမြို့မှတပ်မ၅၅လက်အောက်ခံတပ်သားကျော်ဇင်ဝင်းဖြစ်ပြီး အရက်သေစာသောက်စားမှု၊ တပ်စည်းကမ်းဖေါက်ဖျက်မှုစသည့်စွဲချက်တို့ဖြင့်တပ်ချုပ်ရုံးခန်းသို့ဆင့်ခေါ်ထားခံရသည်ဟုသိရှိရပါသည်။
Unknown at 10:10 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.