Monday, February 27, 2012

အတိုကြိုက်တဲ့မမ 43ကားပေါ်မှာ ပေါင်ကိုကိုက်ခံရသတဲ့….


ဒီဘလော့က တခြားဘာသာကိုယိုးစွပ်တာလည်း မဟုတ်ပါဘူး။ ကိုယ်တို့မြန်မာမိန်းခလေးတွေ အနေအထိုင် မတတ်လို့ခံရတာကိုပြောချင်တာပါ။ မိန်းခလေးတယောက်က ဒီအကြောင်းကိုပြန်ပြောပြရတာ ရှက်ဖို့တော့ ကောင်းပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကတော့ ပြောပြအသိပေးရမှာပဲ။

ကဲ…. 43 ကားပေါ်မှာပေါ့။ ကားကကြပ်ကြပ်နဲ့ဆိုပေမယ့် စပယ်ယာကလည်း ချောင်ပါတယ်အော်ပြီး လူခေါ်။ ကားပေါ်ကလူတွေကလည်း ဟိုနားကပ် ဒီနားတိုးပေါ့။ အဲ့အချိန် ဘောင်းဘီပေါင်သာသာဝတ်ထားတဲ့ မမ ခြေတံကလည်းလှမှလှနဲ့ ကားပေါ်တိုးတက်လာရော။(သူ့အလှသူဖော်တာ…. ဒါဘာမှားလို့လဲနော်) နေစရာ နေရာလိုက်ရှာ၊ မရှိတော့ ထိုင်ခုံတစ်ခုံနားတိုးပြီး ရပ်တယ်။ ထိုင်ခုံမှာထိုင်နေတာက (ကန်တော့နော်) ကုလား။ ဘယ်ယောက်ျားမဆိုတော့ ကိုယ့်ရှေ့မှာ ခြေတံအဖွေးသားနဲ့ လာရပ်နေရင် စိတ်တော့လှုပ်ရှားတာပဲ(နော့..)။ ဒီမှာလည်းဒီလိုပဲ။ တစ်မှတ်တိုင်လောက်လည်း စီးပြီးရော အဲ့ကုလားက မမရဲ့ပေါင်ကို လှမ်းနမ်းတယ်ဆိုပဲ (အဲ ဘယ်လိုသုံးရမှန်းကိုမသိပါဘူး…. စိတ်တွေလည်းညစ်ပါတယ်) မမက အော်တာပေါ့။ ဘေးကလူတွေလည်း ရှူးရှူးရှားရှားနဲ့ ရိုက်မယ် ထုမယ်လုပ်တော့ ပေါင်သားကိုနမ်းထားတာကနေ ကိုက်တယ်ရှင့်။ ပေါင်မှာ အကွင်းလိုက်ဖြစ်သွားတယ်ဆိုပဲ။ ဒါနဲ့ကားကိုရဲစခန်းမောင်းရရောတဲ့ကွယ်။ ဘာဆက်ဖြစ်လဲတော့ မသိပေါင်။ သေချာတာတော့ အဲ့မမ နောက်တခါ အတိုဝတ်ပြီး လိုင်းကားစီးရဲတော့မယ် မထင်ဘူး။ ဒါဖြစ်ရပ်မှန်နော်။ ဟိုတနေ့ကလေးတင်ဖြစ်တာ။

ဒီက သူငယ်ချင်းတွေ မမတွေရော… တိုတိုဝတ်ပြီး လိုင်းကားတိုးမစီးနဲ့နော်။ တောင်းပန်တာပါ။ မိန်းခလေး တစ်ယောက်ဒီလိုဖြစ်ခံရတာ ဘယ်လောက်နားရှက်စရာလဲ။ ၀တ်ရင်လည်း တော်ရုံဝတ်ကြပါလို့။ တော်ရုံ မ၀တ်နိုင်လဲ တက္ကစီတော့စီးကြပါလို့ပြောချင်ပါရဲ့ကွယ်။။။။။။။
Unknown at 4:11 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေလိုက်တဲ့ မြန်မာ့နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦး၏ စာအုပ်

မြန်မာ စာရေးဆရာမ မခက်မာ (နိုင်ငံရေး အကျဉ်းသူဟောင်း) ရဲ့ " The Souls of Fallen Flowers" (အကြွေပန်းများ၏၀ိဥာဉ်များ) အမည်ရှိ ၀ထ္တွု စာအုပ် ကို အမေရိကန်ပြည်ထောင်စု မှာ ဖေဖော်ဝါရီ လ ၂၄ ရက် နေ့ က စတင် ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခု အနေနဲ့ ….စာအုပ် ထုတ်လုပ်ရာမှာ ခေတ်မီ စက်ကိရိယာများနဲ့  ထုတ်လုပ်တာ မဟုတ်ပဲ လက်မှုနည်းပညာတွေ နဲ့  အချိန်ယူ ထုတ်လုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ (စက်မှုနည်းပညာတွေ ထွန်းကားလှတဲ့ အမေရိကန်ပြည်ထောင်စုမှာ လက်မှုလုပ်ငန်းတွေ ကို အင်မတန်မှ တန်ဖိုးထားကြပါတယ်။)  
  
မခက်မာ၏လက်ရာ
စာအုပ်ချုပ်ရာမှာ …Pensylvinia ရှိ Lafayette College  မှ ပန်းချီဆရာမ MaryAnn Miller နှင့် အဖွဲ့  က လက်နဲ့  ချုပ်လုပ် ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပထမဦးဆုံးခြေလှမ်းအဖြစ် အမေရိကန်ပြည်ထောင်စု အတွင်း က တက္ကသိုလ်စာကြည့်တိုက်တွေ မှာ ထားရှိဖို့  စာအုပ်ပေါင်း ၂၅ အုပ်ကိုသာ ဦးစွာထုတ်ဝေလိုက်တာ ဖြစ်ပြီး၊ ဈေးကွက်တင် ရောင်းချမယ့် စာအုပ်တွေ၊ ဒီဂျီတယ်စာအုပ်တွေ ကို မကြာခင် ထုတ်ဝေသွားဖို့  စီစဉ်နေကြောင်း သိရပါတယ်။ 



စကားပြောရင် အသံတိုးတိုး၊ ခပ်ပြုံးပြုံးနဲ့  ပြောတတ်တဲ့ မခက်မာ ကို စတင် ရင်းနှီးခွင့်ရစဉ်တုန်းက ထက်မြက်တဲ့ နိုင်ငံရေး လှုပ်ရှားသူတစ်ဦးလို့  ကျွန်မ မသိခဲ့ပါဘူး။ ရန်ကုန်မြို့  က မိဘမဲ့ ကလေး ပညာသင်ကြားရေး လုပ်ငန်းတွေနဲ့  ပတ်သက်ပြီး အလှူငွေရရှိရေးလုပ်ငန်း အတွက် ဆရာ မောင်စွမ်းရည်ရဲ့  နေအိမ်မှာ ကျွန်မတို့  စတင်တွေ့ ဆုံခဲ့ကြပါတယ် ။နောက်ပိုင်းမှာတော့ မြန်မာဆန်ဆန် ချောမော ပြီး၊ သိမ်သိမ်မွေ့ မွေ့ နဲ့  လှုပ်ရှား သွားလာ တတ်တဲ့ အမျိုးသမီးဟာ၊ သူ့ ရဲ့ ယုံကြည်ချက်နဲ့  လှုပ်ရှားမှုတွေ ကြောင့် စစ်ကြောရေးစခန်းတွေ၊ သံတိုင်တွေ နောက်ကွယ်မှာ ခါးသီးတဲ့ နေ့ ရက်တွေ ကို ဖြတ်ကျော်လာခဲ့ဖူးသူ တစ်ဦး ဖြစ်ကြောင်း ကျွန်မ သိလာခဲ့ရပါတော့တယ်။ 

မခက်မာကို ၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ အသက် (၂၂) နှစ်အရွယ် (၁၉၉၁ခုနှစ်) မှာ Ten D လို့  ခေါ်တဲ့ ဒီဇင်ဘာလ(၁၀) ရက် ကျောင်းသား လှုပ်ရှားမှုမှာပါဝင်မှု၊ စစ်အစိုးရအားဆန့် ကျင်တဲ့ ကဗျာများ ရေးသားဖြန့်  ဝေခဲ့မှု ကြောင့် ကျောင်းသားပေါင်း ၄၀၀ ကျော်တို့ နဲ့  အတူ အဖမ်းခံခဲ့ရပါတယ်။ စစ်ထောက်လှမ်းရေးက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အပြီး ကျောင်းသားအချို့ ကို ပြန်လည်လွတ်ပေးလိုက်ပေမယ့်၊ မခက်မာနဲ့  အတူ ကျောင်းသားပေါင်း ၆၀ ကျော်တို့ ကို ပြစ်မှုထင်ရှားတဲ့ အတွက် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ထောင်သက်တမ်း (၁၀) နှစ် မစေ့ မီ၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့  ပြန်လည်လွတ်မြောက်လာပြီး၊ မိဘမဲ့ ကလေးများ အတွက် စာသင်ကြားရေး၊ နာဂစ်မုန်တိုင်းသင့် ဒေသများသို့  သွားရောက်ကာ ကူညီ ကယ်ဆယ်ရေး စတဲ့ လုပ်ငန်းတွေမှာ ဆက်လက် ပါဝင်ခဲ့တဲ့ အတွက် ထောက်လှမ်းရေးများရဲ့  စောင့်ကြည့်ခြင်းခံရသူ၊မကြာခန ခေါ်ယူ စစ်ဆေးခြင်းခံခဲ့ရသူ တစ်ဦးလည်းဖြစ်ပါတယ်။ 

ထောင်တွင်း အတွေ့ အကြုံ၊ စစ်ကြောရေး အတွင်း က အတွေ့ အကြုံ တွေ ကို မေးမြန်းတဲ့ အခါ အမ က ခပ်ကြမ်းကြမ်းနဲ့  စစ်ဆေးခဲ့တဲ့ အရာရှိတွေ ရှိသလို၊ အပျော့နည်းနဲ့  မေးခဲ့သူတွေ လည်းရှိတယ်ဆိုတဲ့ အကြောင်း ပြောပြပါတယ်။ မခက်မာက …သူ့ ဘ၀အတွေ့ အကြုံတွေ၊ ထောင်တွင်း က ခါးသီးတဲ့ အတွေ့  အကြုံတွေ ထက် မိဘမဲ့ ကလေးတွေ ရဲ့ အခက်အခဲတွေ နဲ့  ကျွန်မတို့ ဘက်က ကူညီနိုင်မယ့် နည်းလမ်းတွေကို ပိုပြီး ဦးစားပေးတဲ့ ပုံပေါက်နေတာမို့ ၊ ကျွန်မတို့ ထပ်ဆုံတွေ့ တဲ့ အချိန်တွေ မှာလဲ အမ အဖမ်းခံခဲ့ရပုံတွေ၊ ထောင်တွင်း အတွေ့  ကြုံတွေ အကြောင်း တွေကို မပြောဖြစ်ခဲ့ကြပါဘူး။ နိုင်ငံရေးအကြောင်း စကားစပ်မိတဲ့  အခါတိုင်း အမက သူ့ အကြောင်းထက်  ကိုမင်းကိုနိုင်တို့  အကြောင်း၊ အမေရိကန်စဲန်တာ မှာ ကျောင်းသားလူငယ်တွေ အတွက် ကိုဇာဂနာတို့ ရဲ့  လှုပ်ရှားမှုတွေ အကြောင်း တွေ ကို တလေးတစား ပြောပြလေ့ရှိတတ်ပါတယ်။ အခု ထုတ်ဝေလိုက်တဲ့ The Souls of Fallen Flowers စာအုပ်ထဲမှာတော့ အမရဲ့ ထောင်တွင်း အတွေ့ အကြုံတွေ အကြောင်း ကို ထည့်သွင်းရေးသားထားတယ်လို့  သိရပါတယ်။      

၂၀၀၉ ခုနှစ် မှာ အမနဲ့  မိသားစုဝင်တွေ၊ အမေရိကန်ပြည်ထောင်စု ကို ပြောင်းရွှေ့ နေထိုင်လာတဲ့ အခါ၊ အမရဲ့ မိသားစုဝင်တွေနဲ့  ကျွန်မဆုံတွေ့ ခွင့်ရခဲ့ပါတယ်။ ခင်ပွန်းသည် ကိုယ်တိုင်ကလဲ စာပေနဲ့  ပန်းချီပညာ ဘက်မှာ ထူးချွန်သူ ဖြစ်လို့  အမတို့  မိသားစုလေး ကို မြင်ရတာ ငြိမ်းငြိမ်းချမ်းချမ်းရှိလှပါတယ်။
အခု ထုတ်ဝေလိုက်တဲ့ The Souls of Fallen Flowers    စာအုပ်မှာ ခင်ပွန်းဖြစ်သူ ပန်းချီသန်းဌေးမောင် က မျက်နှာဖုံး ပန်းချီကို ရေးဆွဲပေးသလို၊ သား ၂ ယောက်ကလဲ ပါဝင်အားဖြည့်ထားကြတာမို့ ..တနည်းအားဖြင့် ပြောရရင်… အနုပညာမြတ်နိုးတဲ့ မြန်မာမိသားစု တစ်စုရဲ့ လက်ရာလို့  ဆိုနိုင်ပါတယ်။ မြန်မာ့ နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးရဲ့ ကမ္ဘာ ကို ရင်ဖွင့်ပြောကြားသံ မှာ ဘာတွေ ပါဝင်မလဲ ဆိုတာကို တော့ စာအုပ် ထွက်လာတဲ့ အခါ စောင့်မျှော်ဖတ်ရှု နိုင်ပါတယ်။  

 မခက်မာရဲ့  စာအုပ်အကြောင်း ပြောဆိုထားတဲ့ တီဗီသတင်းကို ကြည့်ရှုလိုပါက
 
http://www.wfmz.com/news/College-helps-Burmese-woman-share-story-of-torture-imprisonment/-/121458/9016180/-/7npjpfz/-/


(မခက်မာ ဟာ မြန်မာပြည်တွင်းမှာ နေထိုင်စဉ် က ကဗျာ ၊ ၀ထ္တုတို နဲ့  အက်ဆေးပေါင်းများစွာ ကို ရေးသားထုတ်ဝေခဲ့ပြီး၊ ဆရာမ ရေးသားတဲ့ Wild Snowy Night ကို အင်္ဂလိပ်ဘာသာ၊ဂျပန်ဘာသာ သို့  ဘာသာပြန်ဆိုခဲ့ကြသလို၊ ရုပ်ရှင်ကား အဖြစ်ထုတ်လုပ်ရိုက်ကူးခဲ့ခြင်းများလဲ ရှိခဲ့ပါတယ်။ ဆရာမရဲ့  စာပေလက်ရာ များကို http://khetmar.blogspot.com/ ဖတ်ရှုနိုင်ပါတယ်)
Unknown at 12:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း

From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP

စတုတ္ထမဏ္ဍိုင် များသို့-
ဒီနေ့ မနက် ၈ နာရီက မန္တလေးမြို့၊ ၈၂လမ်း- ၃၈လမ်းထောင့်မှာ
မန္တလေးစည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးများနဲ့
ပြည်သူ့ရဲတပ်ဖွဲ့မှအရာရှိများပါဝင်တဲ့ ဌာနပိုင်ကားများကို တွေ့ရပါတယ်။
၎င်းယူနီဖောင်းဝတ်အရာရှိများဟာ စည်ပင်ဌာနရဲ့ သန့်ရှင်းရေးဝန်ထမ်း ၅၀ ခန့် ရဲ့
ရေစီးမြောင်းများသန့်ရှင်းခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်များကိုသန့်ရှင်းခြင်း၊ စည်ပင်အမှိုက်သိမ်းဌာနရဲ့
ကားများပေါ်တင်ကြခြင်းတို့ ဆောင်ရွက်တာဝန်ထမ်းဆောင်ခြင်းတို့ကို ကြည့်ရှုကြတာ တွေ့ရပါတယ်။
ဒါပေမယ့်-
သူတို့အမှိုက်သိမ်းဝန်ထမ်းများဟာ ယူနီဖောင်းအစား ကြံ့ခိုင်ရေးပါတီရဲ့
တံဆိပ်များပါဝင်သောတီရှပ်များကိုဝတ်ဆင်ကြပြီး အပေါ်ဝေ့ကုတ်စည်ပင်ဝတ်စုံများဝတ်ထားခြင်း၊ ကြံခိုင်ရေးပါတီအမှတ်တံဆိပ်ပါ ဦးထုပ်အစိမ်းရောင်များ ဆောင်းထားခြင်း၊ စည်ပင်အမှိုက်သိမ်းကားယာဉ်မောင်းဟာ စည်ပင်ဝတ်စုံဖြစ်တဲ့ နက်ပြာဝတ်စုံဝတ်ဆင်ပြီး ယင်းပါတီဦးထုပ်များ ဆောင်းထားခြင်းတို့ကို တွေ့ခဲ့ရပါတယ်။
မနေ့ကမှဖတ်ခဲ့ရတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ စာမျက်နှာ၃၀ မှာ ဆောင်းပါးရှင်
ဝင်းထွဋ်ဇော်ရဲ့ ((ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်ဖို့))
ဆောင်းပါးမှာရေးသားထားချက်နဲ့ဆိုရင်
ဒီလှုပ်ရှားမှုဟာ တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။
စတုတ္ထမဏ္ဍိုင်များ သိစေရန်တင်ပြအပ်ပါတယ်။
ကိုဝင်းဇော်ဦး
မန္တလေး
bigbbrown
Unknown at 11:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချိုသာယဉ်ကျေးသော ရတနာပုံဝဘ်ပေါ်တယ်မှ ကိုကို


"ညည်းကြပ်ကြပ် သတိထား၊
  လူပါးမဝနဲ့
  င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား
 လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လည်း"
 
ဆိုသော ခြိမ်းခြောက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ပြောင်းရွှေ့ခံ ဝန်ထမ်းများမှ မိမိတို့ မူရင်းဌာနတွင် ထမ်းဆောင်သော တာဝန်ဝတ္တရားများကို ပြောကြားရာ

"အဲဒါတွေ င့ါကို လာမပြောနဲ့

ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့" ဟု ပြောပြီး ပြောင်းရွှေ့ခံဝန်ထမ်းများ၏ ပညာအရည်အချင်းကို မေးပါသည်။ ထိုသို့မေးကြားပြီး

"နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း

 အင်္ဂလန်ကလား အမေရိကန်ကလား
ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်း
ရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့"

ခြိမ်းခြောက်ပြောဆိုပါသည်။


ထို့နောက် ပြောင်းရွှေ့ခံရသော ဝန်ထမ်းများမှ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်များကို မေးရာ


"ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့" ဆိုပြီး ဟိန်းဟောက်ပြောဆိုပါသည်။


ထို့နောက် စောင့်ဆိုင်းခိုင်းထားသော အခန်းသို့ ပြန်လည်ပို့လွှတ်ပြီး  ဗိုလ်ကြီးဦးဇော်လွင်ဦးမှ


"နင်တို့ ခုနက ငါမသွားခင် သေချာမှာပြီး ပြောခဲ့တဲ့

စကားလေးခွန်းကို မှတ်မိသေးလား" ဟု ပြန်လည်မေးမြန်းပါသည်။ ထိုစကားလေးခွန်းမှာ
 "တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
  တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်
  ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်
 ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်" ဆိုတဲ့ စကားဖြစ်ပါသည်။

ထို့နောက် အမျိုးသားအဆင့် ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) နှင့် တွေ့ဆုံချိန်က ဦးမျိုးညွှန့်အောင် မေးမြန်းသော လက်ဝါးနှင့် မျက်နှာ ဘယ်ဟာကြီးလဲဟု မေးမြန်းချက်ကို  မျက်နှာကြီးပါသည်ဟု  ပြန်လည်ပြန်လည်ဖြေဆိုမှုမှာ မှားယွင်းကြောင်း ပြောဆိုပြီး  ဖြေဆိုသင့်သည်မှာ


"ဟုတ်ကဲ့ ဗိုလ်မှူး ဟုတ်ကဲ့ လက်ဝါးကြီးပါတယ်" လို့ ခေါင်းငုံ့ဖြေဆိုသင့်ကြောင်း ပြောပါသည်။ ထို့နောက် ပြောင်းရွှေ့ခံ ဝန်ထမ်းများမှ မူရင်းဌာနသို့ ပြန်လည်မေးမြန်းမည်ကို ပြောကြားရာတွင်


"မလိုဘူး။ မင်းတို့က အခု ရတနာပုံဝဘ်ပေါ်တယ်နှင့် လုံးဝမသက်ဆိုင်တော့ဘူး

မင်းတို့အားလုံး ဆိုလာလက်အောက် ရောက်နေပြီ
လူညီရင် ဤ ကျွဲဖတ်ကြပေါ့
စနေနေ့ ရုံးဖွင့်တယ်
ရုံးမတက်ရင် မင်းတို့အားလုံး ပျက်ကွက်လုပ်ပစ်မည်" ဟု ပြောပါသည်။

ထို့နောက် ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မူရင်းဌာနသို့ ပြန်လည်ရောက်ရှိ သတင်းပို့ပြီးချိန်တွင် အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပြီး ပြောင်းရွှေ့ခံ ဝန်ထမ်းများကို ရုံးရှေ့သို့ ခေါ်ယူပြီး လာမည့် ၂၇.၂.၂၀၁၂ (တနင်္လာနေ့) တွင် ဆိုလာစက်ရုံသို့ အလုပ်ဆင်းရမည်ဖြစ်ကြောင်း အကယ်၍ လာမဆင်းနိုင်သူများ အလုပ်ထွက်ရမည်ဆိုသော ခြိမ်းခြောက်စကားပြောဆိုပြီး အလုပ်ထွက်ကြောင်း လက်မှတ်ထိုးခိုင်းပါသည်။

 ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မိမိပညာအရည်အချင်းနှင့် မကိုက်ညီသော အလုပ်ဖြစ်ရသည်ကတစ်ကြောင်း၊ မိမိသဘောဆန္ဒမပါ ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်းကတစ်ကြောင်း၊ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆို ဆက်ဆံခံရခြင်းကြောင့်တစ်ကြောင်း ဆိုလာစက်ရုံသို့ ပြောင်းရွှေ့လိုသော ဆန္ဒတစ်စုံတစ်ရာတောင်းခံခြင်းမရှိဘဲ အာဏာသုံး အတင်းအဓမ္မ လုပ်ဆောင်ခြင်းကို သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသောကြောင့် ယခုကဲ့သို့ အများပြည်သူ သိစေရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ရတနာပုံဝဘ်ပေါ်တယ်မှ ၀န်ထမ်းတဦး
Unknown at 10:25 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်လခွဲကာလအတွင်း ပြည်တွင်းဒီဇယ်ဈေး အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၅၀ ခုန်တက်


ပြည်တွင်းဒီဇယ်ဈေးများမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ဆိုင်တချို့တွင် အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၈၅၀ အထိ မြင့်တက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က တစ်ဂါ လန် ကျပ် ၃၅၀၀ သာရှိသည့် အနေအထားမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်သည့်အတွက် ပြည်တွင်းဒီဇယ်ဈေး မြင့်တက်သည်ဟုဆိုသော်လည်း ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်သည့်နှုန်းထက် ပြည်တွင်းဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ၀န်းကျင်အထိ ပိုမိုမြင့်တက်နေခြင်းဖြစ်သည်။ ဇန်န၀ါရီလ ၇ ရက်နေ့က ကမ္ဘာ့ ရေနံစိမ်းတစ်စည်လျှင် ၁၀၁ ဒသမ ၉၃ အမေရိကန်ဒေါ်လာပေါက်ဈေး ရှိပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၁၀၉ ဒသမ ၆၂ အထိ မြင့်တက်သည့်အတွက် တစ်စည်လျှင် ၇ ဒသမ ၆၉ အမေရိကန်ဒေါ်လာ (၆၂၅၂ကျပ်) မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်ဂါလန်နှုန်းဖြင့် တွက်ချက်ပါက(တစ်စည်လျှင် ၄၂ ဂါလန်) ၁၄၉ကျပ်သာ မြင့်တက်ခြင်းဖြစ်သည်။
သို့သော် ပြည်တွင်းဒီဇယ်ဈေးမှာမူ ကမ္ဘာ့ရေနံစိမ်းဈေး တစ်စည်လျှင် ၁၀၁ ဒသမ ၉၃ အမေရိကန်ဒေါ်လာပေါက်ဈေးရှိစဉ်က တစ်ဂါလန် ကျပ် ၃၅၀၀ ဖြင့် ရောင်းချနိုင်သော်လည်း ကမ္ဘာ့ရေနံစိမ်းတစ်စည် ၁၀၉ ဒသမ ၆၂ အမေရိကန်ဒေါ်လာပေါက်ဈေးရှိချိန်တွင် တစ်ဂါလန် ကျပ် ၃၈၅၀ အထိ ခုန်တက်ခဲ့သည့်အတွက် တစ်ဂါလန်ကျပ် ၃၅၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရေနံစိမ်းဈေး တက်သည့် တစ်ဂါလန် ၁၄၉ ကျပ်နှုန်းထက် ပြည်တွင်းဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ကျော် ပိုမိုမြင့်တက်နေခြင်း ဖြစ်သည်။
''ရေနံစိမ်းနဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူးလေ။ နိုင်ငံတကာမှာလည်း ဒီဇယ်ဈေးက ရေနံစိမ်းနှုန်းနဲ့ သွားနေတာ။ ဟိုမှာတက်တာက တစ်ဂါလန် ၁၄၉ ကျပ်၊ ဒီမှာတက်တာက တစ်ဂါ လန် ကျပ် ၃၀၀ကနေ ၃၅၀ အထိ တက်တယ်။ တစ်ဂါလန် ကျပ် ၂၀၀ လောက်ပိုနေတာလေ။ တစ်ဂါလန် ကျပ်၂၀၀ပဲပိုတင်ပြီး ၃၇၀၀၊ ၃၇၅၀ လောက်ရောင်းတဲ့ဆိုင်တွေကတော့ ဈေးသင့်တယ်လို့ပြောရမှာပါ။ ဒါပေ မယ့်အများစုကတော့ ၃၈၀၀ကနေ ၃၈၅၀ ကျပ်အထိ တင်ရောင်းတာက တော့ မကောင်းဘူးပေါ့''ဟု ယာဉ်ပိုင် ရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ယခုအခါ အောက်တိန်းသုံးစွဲမှုနှုန်း မြင့်တက်လာသည့်နည်းတူ အောက်တိန်းဈေးကိုလည်း ဆိုင်အချို့မှလွဲ၍ နိုင်ငံတကာဈေးဖြင့် မတွက်ပဲ အလျင်းသင့်သလို ဈေးတင်ရောင်းချခြင်းမျိုးရှိနေသည်ဟုလည်း သုံးစွဲသူများက ဆိုသည်။ ဓာတ်ဆီဈေးမှာလည်း ယခုလအစောပိုင်းကပင် တစ်ဂါလန်ကျပ် ၃၀၀ မြင့်တက်ထားပြီးဖြစ်သည်။
မြန်မာ့စက်သုံးဆီဈေးနှင့် နိုင်ငံတကာရေနံစိမ်း ဈေးနှုန်းများနှိုင်းယှဉ်ချက်
ရက်စွဲ ရေနံစိမ်းဈေး မြန်မာ့ဒီဇယ်ဈေး
၇-၁-၂၀၁၂ ၁၀၁ .၉၃ ၃၅၀၀
၁၄-၁-၂၀၁၂ ၉၉ .၀၃ ၃၅၀၀
၂၁-၁-၂၀၁၂ ၉၈ .၃၉ ၃၅၀၀
၂၈-၁-၂၀၁၂ ၉၉ .၇၆ ၃၅၅၀
၎-၂-၂၀၁၂ ၉၇ .၇၇ ၃၅၅၀
၁၁-၂-၂၀၁၂ ၉၈ .၆၇ ၃၆၀၀
၁၈-၂-၂၀၁၂ ၁၀၄ .၀၆ ၃၆၅၀
၂၆-၂-၂၀၁၂ ၁၀၉ .၆၂ ၃၈၅၀
Unknown at 10:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဂံမှာဧည့်များ အခန်းမလောက်




ပုဂံမှာ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုက မနှစ်ကထက် ပိုများတာကြောင့် ဟိုတယ်လုံလောက်မှု မရှိသလို ခရီးသွားတချို့ အခန်းမရတဲ့ အခက်အခဲတွေလည်း ရှိတယ်လို့ သိရပါတယ်။ ခရစ္စမတ်ပွဲတော်လောက်ကနေစပြီး ဧည့်သည်ဝင်ရောက်မှု များခဲ့သလို ဒီနေ့ထိ တစ်ရက်ကို ၇၀၀ နဲ့ ၉၀၀ ကြားလောက် ဧည့်သည်ဝင်ရောက်တယ်လို့ သိရပါတယ်။ ဧည့်သည်ဝင်ရောက်မှု များတာကြောင့် ပုဂံမြို့က မြင်းလှည်းသမားတွေလည်း ဝင်ငွေကောင်းတယ်လို့ ဆိုပါတယ်။ ပုဂံမြို့သစ်မှာရှိတဲ့ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူက “ဒီနှစ် ဧည့်သည်ဝင်ရောက်မှုက အရင်နှစ်ကထက် များတယ်၊ ဟိုတယ်မှာတော့ အဆင်ပြေအောင် စီစဉ်ပေးပါတယ်၊ အခုက နိုင်ငံခြားခရီးသွားအပြင် တချို့က နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာတွေလဲ လာရောက် လည်ပတ်ကြတာ တွေ့ရတယ်၊ နောက်နှစ် ဒီထက်များမယ်ဆိုရင် ဟိုတယ်တွေ လုံလောက်အောင် ထပ်ချဲ့သင့်တယ်” လို့ ပြောပါတယ်။ တချို့ကလဲ ဟိုတယ်မှာ ကြိုတင်ဘွတ်ကင် လုပ်တာရှိသလို တချို့က ပုဂံရောက်မှ အခန်းရှာတာမျိုးလည်း ရှိတယ်။ တချို့ဧည့်သည်က နှစ်ညအိပ်ကနေ ရက်တိုးပြီးနေတာတွေ ရှိတာကြောင့် အခန်းလုံလောက်မှု မရှိတာလို့ သိရပါတယ်။ တည်းခိုလို့ အဆင်ပြေမယ့် တည်းခိုခန်းလေးတွေ ရှိပေမယ့် တစ်နေ့တစ်နေ့ ဧည့်သည်ဝင်ရောက်မှု များတဲ့အခါ အခန်းလုံလောက်မှုက နည်းသွားပါတယ်။ နောက်နှစ်မှာ ဟိုတယ်လုံလောက်မှုရှိအောင် အခုကတည်းက ဟိုတယ်တွေ တိုးချဲ့ဖို့ လိုအပ်နေပြီလို့ ဟိုတယ်တချို့ကို မေးမြန်းချက်အရ သိရပါတယ်။ သီရိစန္ဒာ ဟိုတယ်ပိုင်ရှင် ပုဂံဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဇော်ဝိတ်က “အခု အစကောင်းတဲ့အချိန် ဧည့်သည်တွေ အများအပြား ဝင်ရောက်နေတဲ့အချိန်မှာ ဟိုတယ်တွေ ထပ်ချဲ့သင့်တယ်၊ မဟုတ်ရင် တိုရစ်ဇင်(ခရီးသွား) ဦးကျိုးသွားလိမ့်မယ်၊ အခု ရှစ်သိန်းဝင်တဲ့အချိန်မှာ မလုပ်ရင် တခြားတိုးချဲ့စရာ တိုးချဲ့မှုမရှိရင် နောက်နှစ်ဧည့်သည် သန်းကျော်ဝင်တဲ့အခါ ဒုက္ခရောက်မယ်၊ ဒါက ဟိုတယ်ခရီးနဲ့ပဲ ဆိုင်တယ် ပြောလို့ မရဘူး၊ ဝန်ကြီးဌာနတွေရော အကုန်ပူးပေါင်းပြီးလုပ်မှ နောက်နှစ်အတွက် အဆင်ပြေမှု ရှိနိုင်မယ်” လို့ သူ့အမြင်ကို ပြောပါတယ်။ ပုဂံမြို့မှာ ဧည့်သည်အကြိုအပို့ ကားမောင်းသူတစ်ဦးကလည်း “ဒီနှစ် ဒီဇင်ဘာလလောက်ကတည်းက ဧည့်သည်တွေ အရမ်းဝင်တာ၊ နောက်နှစ်တစ်သန်း ဝင်မယ်လို့ တရားဝင် ကြေညာထားတာလဲရှိတော့ ဟိုတယ်တွေလဲ တိုးချဲ့ဖို့ လိုသလို ဒီထက်လဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်တယ်၊ အခုတော့ စည်းကမ်းပိုင်းကအစ အားနည်းနေသေးတယ်” လို့ သူ့အမြင်ကို ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုကြောင့် လူဦးရေ ၄ထောင်ကျော်ကို ဒဏ်ရိုက်အရေးယူပြီးဖြစ်




ရန်ကုန်မြို့တော်အတွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို အရေးယူဆောင်ရွက်ရာမှာ အရေးယူမူတွေကို စတင်ပြန်လည် ဆောင်ရွက်ခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ရက်နေ့အထိ ၂လတာ ကာလ၀န်းကျင်အတွင်းမှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူဦးရေ လေးထောင့်လေးရာလေးဦးကို အရေးယူဆောင်ရွက် ခဲ့ပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှရရှိတဲ့ စာရင်းများအရ သိရပါတယ်။

ဒီလို အရေးယူ ဆောင်ရွက်ရာမှာတော့ စည်းကမ်းမဲ့ လမ်းကူးသူ တစ်ဦးကို ဒဏ်ကြေး ၂၂၀၀ကျပ် ဒဏ်ရိုက်အရေးယူတာ ပဲ ဖြစ်ပါတယ်။ အဲ့ဒီလို အရေးယူ ဆောင်ရွက်ခြင်းအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောမှုများ ပါ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ အဲ့ဒီလို အရေးယူ ဆောင်ရွက် ရခြင်းဟာ လမ်းကူးသူများ စည်းကမ်းတကျ လမ်းဖြတ်ကူးစေဖို့နဲ့ မြို့တွင်းမှာ ယာဉ်တိုက်မှုများ လျော့နည်းစေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို စည်းကမ်းမဲ့လမ်းဖြတ်ကူးမှုကို အရေးယူဆောင်ရွက်ရာမှာ လည်း လူကူးမျဉ်းကျား အမှတ်အသားများကို မြင်သာထင်သာ ရှိစေဖို့ လိုအပ်တာကြောင့် လက်ရှိမှာ ရန်ကုန်မြို့တော်ရှိ လူကူးမျဉ်းကျားများကို မြို့တော်စည်ပင်မှ ထပ်မံရေးဆွဲမှုများ ပြု လုပ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Unknown at 9:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းကို ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းအတွက် အမှိုက်များရှင်းလင်းနေစဉ်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်းစီမံကိန်းအား ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းသတင်းရရှိပါသည်။
အဆိုပါ ၀န်ထမ်းကြီးမြေကွက်များကို Great Wall  ဆောက်လုပ်ရေး၊  AM ဆောက်လုပ်ရေးနှင့် KMB ဆောက်လုပ်ရေးတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာလမ်းနှင့် ဒုဌ၀တီလမ်းအနီး အဆင့်မြင့်အိမ်ရာ ၁၉၆ ဧကစီမံကိန်းမြေကွက်များ ဖော်ထုတ်ခြင်းအတွက် သဲဖို့နေခြင်းနှင့် မြနန္ဒာလမ်းနှင့် ကမ်းနားလမ်းအတွင်းရှိ အမှိုက်များကို ရှင်းလင်းနေခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ ကုမ္ပဏီသုံးခုက ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်တဲ့ စီမံကိန်းအတွက်မြေကွက်တွေ ဖော်ထုတ်ပေးရုံသတ်သတ်ပဲ လုပ်ပေးတာ။ ဒီနှစ်မိုးရာသီအကုန်လောက်တော့ မြေကွက်တွေ ဖော်ထုတ်ပေးမှုပြီးနိုင်လိမ့် မယ်ထင်တယ်။မြေကွက်တွေဖော်ပြီးသွားရင် မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာနကို ဒီမြေကွက်တွေ အကုန်အပ်ကြရမှာပါ။ ဒီမြေကွက်တွေကို ရာထူးကြီးတဲ့ အစိုးရ၀န်ထမ်းတွေကိုချပေးဖို့အတွက် လုပ်ဆောင်တာလို့ သိထားပါတယ်'' ဟုယင်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင် နေသည့်  AM ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
EMG
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စက်မှုဖွံ့ဖြိုးရေး စီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်းများကို လောလောဆယ် ဆောင်ရွက်ရန် မသင့်

7222a
ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်ပြလာသော အမျိုးသားစီမံကိန်းကြီးများ အနက်မှ ကျပ်ဘီလျံပေါင်း ၃၇၆ ကုန်ကျမည့် စက်မှုဖွံ့ဖြိုးရေး စီမံကိန်းနှင့် ကျပ်ဘီလျံပေါင်း ၅၅၀ ကုန်ကျမည့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်းများအား လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက တင်သွင်းခဲ့ခြင်းဖြစ် ပြီး မြန်မာ့စက်မှု ဖွံဖြိုးရေးကဏ္ဍတွင် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်း၊ အီလက်ထရောနစ် လုပ်ငန်းနှင့် စက်ရုံစီမံကိန်းများ တည်ဆောက်ရန်နှင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် စက်ရုံအလုပ်ရုံသစ်များ အပြင် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်သွားလျက် ရှိကြောင်း တင်ပြခဲ့သည်။
7222 ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက “ရှေ့လာမယ့်နှစ် စက်မှုဖွံ့ဖြိုးရေး စီမံကိန်းအတွက် ငွေလုံးငွေရင်း တောင်းခံငွေကျပ် ဘီလျံပေါင်း ၃၇၆ ဖြစ်ပါတယ်။ နေပြည်တော် ဖွံ့ဖြိုးရေး စီမံကိန်းကိုတော့ သမ္မတရုံး ခေါင်းစဉ်အောက်မှာ ထည့်ထားပြီး ၎င်းကဏ္ဍအနေနဲ့ ငွေလုံး ငွေရင်းသုံးငွေ ကျပ်ဘီလျံပေါင်း ၅၅၀ ကို တောင်းခံထားပါတယ်။ နေပြည်တော် ဖွံ့ဖြိုးရေးလုပ်ငန်းကို သမ္မတ ရုံးခေါင်းစဉ်အောက်ကနေ သုံးစွဲစေမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။


အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော် သို့ တင်ပြလာသော စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်း၊ လုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရပါမည်၊ အစိုးရကိုယ်တိုင် လုပ်ဆောင်ရန်မသင့်သော လုပ်ငန်း စီမံကိန်းများအား FDI, PPP (Private, Public, Partnership) သို့မဟုတ် ပုဂ္ဂလိကများသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်း၊ စီမံကိန်းလုပ်ငန်း များအား အချိန်ဆွဲလုပ်သင့်သည့် ကိစ္စရပ်များကို အချိန်ဆွဲ လုပ်ဆောင်စေခြင်း များမှ ပေါ်ထွက်လာသော ငွေများကို ၀န်ထမ်းလစာအဖြစ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက “ပြည်သူ့ဝန်ထမ်းများ အတွက် လုပ်ခလစာများအား နိုင်ငံတော်တွင် ငွေကြေးလုံလောက် အဆင်ပြေလျှင် အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်း ၀န်းကျင် ဖြစ်သင့်ပါသည်။ အနိမ့်ဆုံးလစာ ကျပ်တစ်သိန်းဝန်းကျင် ရရှိသောသူအား ထိုက်သင့်သော အခွန်နှုတ်ပယ်ပါက တစ်လကျပ် ရှစ်သောင်း၊ ကိုးသောင်း ပေးသင့်ပါသည်။ ငွေကြေးအလုံအလောက် အဆင်မပြေသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်ပါသည်။ ထိုသို့ လစာငွေ အနိမ့်ဆုံးပေးရန်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော် သို့ တင်ပြလာသော စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်း၊ လုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရပါမည်၊ အစိုးရကိုယ်တိုင် လုပ်ဆောင်ရန်မသင့်သော လုပ်ငန်းစီမံကိန်းများအား FDI, PPP (Private, Public, Partnership) သို့မဟုတ် ပုဂ္ဂလိကများသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်း၊ စီမံကိန်းလုပ်ငန်း များအား အချိန်ဆွဲလုပ်သင့်သည့် ကိစ္စရပ်များကို အချိန်ဆွဲ လုပ်ဆောင်စေခြင်း များမှ ပေါ်ထွက်လာသော ငွေများကို ၀န်ထမ်းလစာအဖြစ် ပြောင်းလဲပေးလျှင် ရာခိုင်နှုန်းတစ်ခုအထိ လာမည့် ၂၀၁၂- ၂၀၁၃ ခုနှစ် ဘတ်ဂျက် အစကတည်းက လစာများတိုးမြှင့်နိုင်မည်ဟု တွေ့မြင်သိရှိထားပါသည်။ ၎င်းစီမံကိန်းလုပ်ငန်းများမှာ စက်မှု ဖွံ့ဖြိုးရေး စီမံကိန်းနှင့် နေပြည်တော် ဖွံ့ဖြိုးရေး စီမံကိန်းတို့ဖြစ်ပြီး ဆက်လက်စိစစ်ပါက ပေါ်ထွက်လာနိုင်သော အခြားစီမံကိန်းများလည်း ရှိနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “စက်မှုဖွံ့ ဖြိုးရေးစီမံကိန်းက အခုအချိန်မှာ ရပ်ဆိုင်းသင့်ပါပြီ။ အဲဒီလိုပဲ နေပြည်တော်နဲ့ ပတ်သက်ပြီး အကုန်အကျ တွေကလည်း အရမ်းများပါတယ်။ မနေ့က နေပြည်တော်ဘတ်ဂျက် တောင်းတဲ့အခါမှာ ဒေါက်တာအေးမောင် တင်သွင်းတဲ့ ပြင်ဆင်ချက်ကို ကျွန်တော် ထောက်ခံပေးခဲ့ပါတယ်။အခုအချိန်မှာ အဲဒီကိစ္စတွေထက် ပြည်သူလူထု တိုက်ရိုက် စိတ်ချမ်းမြေ့မယ့် စားဝတ်နေရေး ပြေလည်မယ့် လစာနှုန်းသစ်တွေကို တိုးပေးနိုင်ရေး ပိုအရေးကြီးတယ်လို့ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။
သီပေါ်မဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “ ဦးရွှေမန်းက အသေးစိတ် မလိုအပ်တဲ့ စီမံကိန်းတွေကို သိလို့ ဖြစ်မှာပါ။ သူပြောသွားခဲ့တဲ့ စီမံကိန်းတွေကို လုပ်မယ့်အစား ၀န်ထမ်းတွေ လစာတိုးပေးတာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါနဲ့ ပတ်သက်ရင် စက်မှု ဖွံ့ဖြိုးရေးစီမံကိန်း တွေဆိုတာကလည်း တကယ်တမ်း ပြောမယ်ဆိုရင် ဈေးကွက်စီးပွားရေးစနစ်နဲ့ သိပ်မလျော်ညီဘူး။ ဈေးကွက်စီးပွားရေး စနစ်ဆိုတာ နိုင်ငံတော်ကနေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကြီးတွေကို လာချင်အောင် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ပေး ပြီးတော့ သူတို့ကိုဖိတ်ပြီးတော့မှ အလုပ်အကိုင်တွေ ရရှိအောင်၊ အတတ် ပညာတွေ ၀င်လာအောင် သူတို့နဲ့အတူ နိုင်ငံတကာဈေးကွက် ပါလာအောင် လုပ်ရမယ့်အစား အစိုးရက စီမံခန့် ခွဲတဲ့ စီးပွားရေးလုပ်ငန်းတွေ ထပ်တိုးချဲ့သလို ဖြစ်နေတယ်။ အကျိုးဆက် က အခု အလုပ်လုပ်နေတုန်းမှာတော့ အလုပ်သမားတွေ အလုပ်ရကြမယ်။ နောက်ဆက်လုပ်တဲ့အခါမှာ ကိုယ် ထုတ်လုပ်တဲ့ပစ္စည်းတွေက ရောင်းမကောင်းဘူး။ လျှပ်စစ်မီး လုံလုံလောက်လောက် မရဘူး။ ဂတ်စ်လုံလုံ လောက်လောက် မရဘူးဆိုပြီး လုပ်ငန်း က ရပ်သွားရော။ ထိုနည်းတူပဲ နေပြည်တော်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလည်း လမ်းကြီးတွေ၊ မီးတွေအရမ်း ကောင်းပြီး အဲဒီကနေဘာမှပြန်ထွက် မလာသေးဘူး။ အဲဒါတွေထပ်လုပ်မယ့် အစား ၀န်ထမ်းတွေ လစာတိုးပေးရင် ပိုအကျိုးရှိမယ်လို့မြင်ပါတယ်။ ၀န်ထမ်းတွေကလည်း သူတို့ရတဲ့ငွေကို ဈေးကွက်ထဲမှာပဲ ပြန်သုံးမှာပါ။ ၀ယ်လိုအားမြင့်ပြီး ထုတ်လုပ်မှု recycle ပြန်လည်လာမယ်။ ဈေးကွက်ထဲကို ငွေအလုံးအရင်း ထိုးသွင်းလိုက်တာတော့ အတူတူပါပဲ။ သို့သော် ၀န်ထမ်းလစာ တိုးတာက နိုင်ငံရေးအရ အကျိုးအမြတ်ရမယ့် ကိစ္စပါ။ ၀ိုင်းပြီးလုပ်သင့်တဲ့ကိစ္စပါ”ဟု ပြောကြားခဲ့သည်။
EMG
Unknown at 9:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Page တခုပွင့်ဖို့ အိပ်စောင့်ရတဲ့ ပုသိမ်မြို့ကအင်တာနက်လိုင်း

ပုသိမ်မြို့မှာ Adsl, skynet, wifi စတဲ့အင်တာနက်လိုင်းတွေအကုန်နှေး
ကွေးနေပါတယ်။ နေအိမ်သုံးတပ်ဆင်ထားတာတွေဘာတစ် ခုမှသုံးလို့မရအောင်နှေးကွေးနေပါတယ်။

adsl အိမ်သုံးလိုင်းတပ်ဆင်ထားသူ ဦး ------- ကပြောဆိုရာမှာ
''နှေးတယ် တအားနှေးတယ် ဒီရက်တွေပိုဆိုးတယ် ဆက်သွယ်ရေးကိုပြောတော့လည်း ရန်ကုန်ကဖြစ်တယ်ပြောတယ်။ ရန်ကုန်ကိုပြောတော့လည်း ပုသိမ်ကဖြစ်တယ်ပြန်ပြောတယ် ပိုက်ဆံယူထားပြီး ၀န်ဆောင်မှုတော်တော်ညံ့ဖျင်းတယ်'
'
''ဆိုင်မှာတောင်သွားသုံးရတယ် အိမ်ကလိုင်းကသုံးမရလို့။ ဆိုင်မှာတော့ နှေးတယ်ဆိုပေမယ့် သုံးမရအောင်တော့မဖြစ်ဘူး ဆိုင်သမားတွေက သူတို့အလုပ်မပျက်အောင် ပေးကမ်းထားတာနေမှာပေါ့''

skynet တပ်ဆင်အသုံးပြုသူကို ဆက်သွယ်မေးကြည့်ရမှာတော့
''စတပ်ပြီး ၁လလောက်ပဲသုံးလို့ရတယ်။ အဲဒီကတည်းက လစဉ်ကြေးပေးနေရတာ သုံးမရဘဲ။ အခုတော့ရပ်ထားလိုက်ပြီ ရပ်တော့လည်း ရပ်နားကြေးဆိုတာပေးရသေးတယ်။ ပုဂ္ဂလိက လည်းပြောသေး တယ်အစိုးရဌာနဆိုင်ရာထက်တောင်ဆို
းနေသေးတယ်။ complaint တင်တော့လည်း ရုံးချုပ်ကဖြစ်တာ ရုံးချုပ်မေးတော့ ရွှေသံလွင်ကဖြစ်တာ၊ ရွှေသံလွင်မေးတော့ မိုးတွင်းမလို့ဖြစ်တာနဲ့ အခုနွေခေါင်ခေါင်ရောက်တဲ့အထိ နှေးနေတုန်းပါပဲ''

wifi တပ်ဆင်အသုံးပြုသူတွေကိုမေးကြည့်
ရမှာ
" လေးတာတော့ ၂ပတ် ၃ပတ်လောက်ရှိပြီ ညဘက်တွေတော့မြန်တယ်။ WIFI ကတော့ ပင်မလိုင်းရှိတဲ့သူက တဆင့်ခံပြန်ခွဲပေးတာဆိုတော့ လူများလို့လေးတာဖြစ်ဖို့များတယ် မေးကြည့်တာတော့ ကိုယ့်ကိုပေးထားတဲ့ဆိုင်က skynet လေးလို့လေးတယ်ပြောတာပဲ ဘေးအိမ်က တခြားဆိုင်တစ်ခုကနေ wifi သုံးတာလည်းလေးတယ်ပြောတယ်။ ဒီအစိုးရနဲ့ကတော့ ဒီလိုပဲသွားမှာပါပဲ ကိုယ်က ပိုက်ဆံ များများပေးတပ်ထားတာမျိုးမဟုတ်ေ
တာ့ တော်သေးတာပေါ့။ ကျွန်တော့်အသိတစ်ယောက်ဆို adsl ကို နဂိုတုန်းက ဈေးကြီးကြီးပေးတပ်ထားတာ သူတို့ဆို သုံးလို့မကောင်းလို့ရပ်လို့လည်း မရဘူး လစဉ်ကြေးကပေးနေရတာ။ အဲလိုမျိုးထက်စာရင်တော့ တော်သေးတာပေါ့''

ပုသိမ်မြို့ခံတွေ တော်တော်များများ အင်တာနက်လိုင်းတွေနှေးကွေးနေလို
့ ဆက်သွယ်ရေးကိုပြောကြားပေမယ့် ဘာမှဖြေရှင်းပေးခြင်းမရှိတာကြောင့် human rights pathein ကနေတဆင့် လိုအပ်တဲ့တာဝန်ရှိတဲ့သူတွေ သိရှိပြင်ဆင်လာအောင် ပြောကြားလာပါတယ်။
Myanmar News Now
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.