Monday, February 27, 2012

စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုကြောင့် လူဦးရေ ၄ထောင်ကျော်ကို ဒဏ်ရိုက်အရေးယူပြီးဖြစ်




ရန်ကုန်မြို့တော်အတွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို အရေးယူဆောင်ရွက်ရာမှာ အရေးယူမူတွေကို စတင်ပြန်လည် ဆောင်ရွက်ခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ရက်နေ့အထိ ၂လတာ ကာလ၀န်းကျင်အတွင်းမှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူဦးရေ လေးထောင့်လေးရာလေးဦးကို အရေးယူဆောင်ရွက် ခဲ့ပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှရရှိတဲ့ စာရင်းများအရ သိရပါတယ်။

ဒီလို အရေးယူ ဆောင်ရွက်ရာမှာတော့ စည်းကမ်းမဲ့ လမ်းကူးသူ တစ်ဦးကို ဒဏ်ကြေး ၂၂၀၀ကျပ် ဒဏ်ရိုက်အရေးယူတာ ပဲ ဖြစ်ပါတယ်။ အဲ့ဒီလို အရေးယူ ဆောင်ရွက်ခြင်းအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောမှုများ ပါ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ အဲ့ဒီလို အရေးယူ ဆောင်ရွက် ရခြင်းဟာ လမ်းကူးသူများ စည်းကမ်းတကျ လမ်းဖြတ်ကူးစေဖို့နဲ့ မြို့တွင်းမှာ ယာဉ်တိုက်မှုများ လျော့နည်းစေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို စည်းကမ်းမဲ့လမ်းဖြတ်ကူးမှုကို အရေးယူဆောင်ရွက်ရာမှာ လည်း လူကူးမျဉ်းကျား အမှတ်အသားများကို မြင်သာထင်သာ ရှိစေဖို့ လိုအပ်တာကြောင့် လက်ရှိမှာ ရန်ကုန်မြို့တော်ရှိ လူကူးမျဉ်းကျားများကို မြို့တော်စည်ပင်မှ ထပ်မံရေးဆွဲမှုများ ပြု လုပ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Unknown at 9:47 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.