Monday, February 27, 2012

မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း

From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP

စတုတ္ထမဏ္ဍိုင် များသို့-
ဒီနေ့ မနက် ၈ နာရီက မန္တလေးမြို့၊ ၈၂လမ်း- ၃၈လမ်းထောင့်မှာ
မန္တလေးစည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးများနဲ့
ပြည်သူ့ရဲတပ်ဖွဲ့မှအရာရှိများပါဝင်တဲ့ ဌာနပိုင်ကားများကို တွေ့ရပါတယ်။
၎င်းယူနီဖောင်းဝတ်အရာရှိများဟာ စည်ပင်ဌာနရဲ့ သန့်ရှင်းရေးဝန်ထမ်း ၅၀ ခန့် ရဲ့
ရေစီးမြောင်းများသန့်ရှင်းခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်များကိုသန့်ရှင်းခြင်း၊ စည်ပင်အမှိုက်သိမ်းဌာနရဲ့
ကားများပေါ်တင်ကြခြင်းတို့ ဆောင်ရွက်တာဝန်ထမ်းဆောင်ခြင်းတို့ကို ကြည့်ရှုကြတာ တွေ့ရပါတယ်။
ဒါပေမယ့်-
သူတို့အမှိုက်သိမ်းဝန်ထမ်းများဟာ ယူနီဖောင်းအစား ကြံ့ခိုင်ရေးပါတီရဲ့
တံဆိပ်များပါဝင်သောတီရှပ်များကိုဝတ်ဆင်ကြပြီး အပေါ်ဝေ့ကုတ်စည်ပင်ဝတ်စုံများဝတ်ထားခြင်း၊ ကြံခိုင်ရေးပါတီအမှတ်တံဆိပ်ပါ ဦးထုပ်အစိမ်းရောင်များ ဆောင်းထားခြင်း၊ စည်ပင်အမှိုက်သိမ်းကားယာဉ်မောင်းဟာ စည်ပင်ဝတ်စုံဖြစ်တဲ့ နက်ပြာဝတ်စုံဝတ်ဆင်ပြီး ယင်းပါတီဦးထုပ်များ ဆောင်းထားခြင်းတို့ကို တွေ့ခဲ့ရပါတယ်။
မနေ့ကမှဖတ်ခဲ့ရတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ စာမျက်နှာ၃၀ မှာ ဆောင်းပါးရှင်
ဝင်းထွဋ်ဇော်ရဲ့ ((ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်ဖို့))
ဆောင်းပါးမှာရေးသားထားချက်နဲ့ဆိုရင်
ဒီလှုပ်ရှားမှုဟာ တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။
စတုတ္ထမဏ္ဍိုင်များ သိစေရန်တင်ပြအပ်ပါတယ်။
ကိုဝင်းဇော်ဦး
မန္တလေး
bigbbrown
Unknown at 11:37 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.