Monday, February 27, 2012

စက်မှုဖွံ့ဖြိုးရေး စီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်းများကို လောလောဆယ် ဆောင်ရွက်ရန် မသင့်

7222a
ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်ပြလာသော အမျိုးသားစီမံကိန်းကြီးများ အနက်မှ ကျပ်ဘီလျံပေါင်း ၃၇၆ ကုန်ကျမည့် စက်မှုဖွံ့ဖြိုးရေး စီမံကိန်းနှင့် ကျပ်ဘီလျံပေါင်း ၅၅၀ ကုန်ကျမည့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်းများအား လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက တင်သွင်းခဲ့ခြင်းဖြစ် ပြီး မြန်မာ့စက်မှု ဖွံဖြိုးရေးကဏ္ဍတွင် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်း၊ အီလက်ထရောနစ် လုပ်ငန်းနှင့် စက်ရုံစီမံကိန်းများ တည်ဆောက်ရန်နှင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် စက်ရုံအလုပ်ရုံသစ်များ အပြင် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်သွားလျက် ရှိကြောင်း တင်ပြခဲ့သည်။
7222 ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက “ရှေ့လာမယ့်နှစ် စက်မှုဖွံ့ဖြိုးရေး စီမံကိန်းအတွက် ငွေလုံးငွေရင်း တောင်းခံငွေကျပ် ဘီလျံပေါင်း ၃၇၆ ဖြစ်ပါတယ်။ နေပြည်တော် ဖွံ့ဖြိုးရေး စီမံကိန်းကိုတော့ သမ္မတရုံး ခေါင်းစဉ်အောက်မှာ ထည့်ထားပြီး ၎င်းကဏ္ဍအနေနဲ့ ငွေလုံး ငွေရင်းသုံးငွေ ကျပ်ဘီလျံပေါင်း ၅၅၀ ကို တောင်းခံထားပါတယ်။ နေပြည်တော် ဖွံ့ဖြိုးရေးလုပ်ငန်းကို သမ္မတ ရုံးခေါင်းစဉ်အောက်ကနေ သုံးစွဲစေမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။


အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော် သို့ တင်ပြလာသော စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်း၊ လုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရပါမည်၊ အစိုးရကိုယ်တိုင် လုပ်ဆောင်ရန်မသင့်သော လုပ်ငန်း စီမံကိန်းများအား FDI, PPP (Private, Public, Partnership) သို့မဟုတ် ပုဂ္ဂလိကများသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်း၊ စီမံကိန်းလုပ်ငန်း များအား အချိန်ဆွဲလုပ်သင့်သည့် ကိစ္စရပ်များကို အချိန်ဆွဲ လုပ်ဆောင်စေခြင်း များမှ ပေါ်ထွက်လာသော ငွေများကို ၀န်ထမ်းလစာအဖြစ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက “ပြည်သူ့ဝန်ထမ်းများ အတွက် လုပ်ခလစာများအား နိုင်ငံတော်တွင် ငွေကြေးလုံလောက် အဆင်ပြေလျှင် အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်း ၀န်းကျင် ဖြစ်သင့်ပါသည်။ အနိမ့်ဆုံးလစာ ကျပ်တစ်သိန်းဝန်းကျင် ရရှိသောသူအား ထိုက်သင့်သော အခွန်နှုတ်ပယ်ပါက တစ်လကျပ် ရှစ်သောင်း၊ ကိုးသောင်း ပေးသင့်ပါသည်။ ငွေကြေးအလုံအလောက် အဆင်မပြေသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်ပါသည်။ ထိုသို့ လစာငွေ အနိမ့်ဆုံးပေးရန်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော် သို့ တင်ပြလာသော စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်း၊ လုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရပါမည်၊ အစိုးရကိုယ်တိုင် လုပ်ဆောင်ရန်မသင့်သော လုပ်ငန်းစီမံကိန်းများအား FDI, PPP (Private, Public, Partnership) သို့မဟုတ် ပုဂ္ဂလိကများသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်း၊ စီမံကိန်းလုပ်ငန်း များအား အချိန်ဆွဲလုပ်သင့်သည့် ကိစ္စရပ်များကို အချိန်ဆွဲ လုပ်ဆောင်စေခြင်း များမှ ပေါ်ထွက်လာသော ငွေများကို ၀န်ထမ်းလစာအဖြစ် ပြောင်းလဲပေးလျှင် ရာခိုင်နှုန်းတစ်ခုအထိ လာမည့် ၂၀၁၂- ၂၀၁၃ ခုနှစ် ဘတ်ဂျက် အစကတည်းက လစာများတိုးမြှင့်နိုင်မည်ဟု တွေ့မြင်သိရှိထားပါသည်။ ၎င်းစီမံကိန်းလုပ်ငန်းများမှာ စက်မှု ဖွံ့ဖြိုးရေး စီမံကိန်းနှင့် နေပြည်တော် ဖွံ့ဖြိုးရေး စီမံကိန်းတို့ဖြစ်ပြီး ဆက်လက်စိစစ်ပါက ပေါ်ထွက်လာနိုင်သော အခြားစီမံကိန်းများလည်း ရှိနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “စက်မှုဖွံ့ ဖြိုးရေးစီမံကိန်းက အခုအချိန်မှာ ရပ်ဆိုင်းသင့်ပါပြီ။ အဲဒီလိုပဲ နေပြည်တော်နဲ့ ပတ်သက်ပြီး အကုန်အကျ တွေကလည်း အရမ်းများပါတယ်။ မနေ့က နေပြည်တော်ဘတ်ဂျက် တောင်းတဲ့အခါမှာ ဒေါက်တာအေးမောင် တင်သွင်းတဲ့ ပြင်ဆင်ချက်ကို ကျွန်တော် ထောက်ခံပေးခဲ့ပါတယ်။အခုအချိန်မှာ အဲဒီကိစ္စတွေထက် ပြည်သူလူထု တိုက်ရိုက် စိတ်ချမ်းမြေ့မယ့် စားဝတ်နေရေး ပြေလည်မယ့် လစာနှုန်းသစ်တွေကို တိုးပေးနိုင်ရေး ပိုအရေးကြီးတယ်လို့ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။
သီပေါ်မဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “ ဦးရွှေမန်းက အသေးစိတ် မလိုအပ်တဲ့ စီမံကိန်းတွေကို သိလို့ ဖြစ်မှာပါ။ သူပြောသွားခဲ့တဲ့ စီမံကိန်းတွေကို လုပ်မယ့်အစား ၀န်ထမ်းတွေ လစာတိုးပေးတာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါနဲ့ ပတ်သက်ရင် စက်မှု ဖွံ့ဖြိုးရေးစီမံကိန်း တွေဆိုတာကလည်း တကယ်တမ်း ပြောမယ်ဆိုရင် ဈေးကွက်စီးပွားရေးစနစ်နဲ့ သိပ်မလျော်ညီဘူး။ ဈေးကွက်စီးပွားရေး စနစ်ဆိုတာ နိုင်ငံတော်ကနေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကြီးတွေကို လာချင်အောင် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ပေး ပြီးတော့ သူတို့ကိုဖိတ်ပြီးတော့မှ အလုပ်အကိုင်တွေ ရရှိအောင်၊ အတတ် ပညာတွေ ၀င်လာအောင် သူတို့နဲ့အတူ နိုင်ငံတကာဈေးကွက် ပါလာအောင် လုပ်ရမယ့်အစား အစိုးရက စီမံခန့် ခွဲတဲ့ စီးပွားရေးလုပ်ငန်းတွေ ထပ်တိုးချဲ့သလို ဖြစ်နေတယ်။ အကျိုးဆက် က အခု အလုပ်လုပ်နေတုန်းမှာတော့ အလုပ်သမားတွေ အလုပ်ရကြမယ်။ နောက်ဆက်လုပ်တဲ့အခါမှာ ကိုယ် ထုတ်လုပ်တဲ့ပစ္စည်းတွေက ရောင်းမကောင်းဘူး။ လျှပ်စစ်မီး လုံလုံလောက်လောက် မရဘူး။ ဂတ်စ်လုံလုံ လောက်လောက် မရဘူးဆိုပြီး လုပ်ငန်း က ရပ်သွားရော။ ထိုနည်းတူပဲ နေပြည်တော်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလည်း လမ်းကြီးတွေ၊ မီးတွေအရမ်း ကောင်းပြီး အဲဒီကနေဘာမှပြန်ထွက် မလာသေးဘူး။ အဲဒါတွေထပ်လုပ်မယ့် အစား ၀န်ထမ်းတွေ လစာတိုးပေးရင် ပိုအကျိုးရှိမယ်လို့မြင်ပါတယ်။ ၀န်ထမ်းတွေကလည်း သူတို့ရတဲ့ငွေကို ဈေးကွက်ထဲမှာပဲ ပြန်သုံးမှာပါ။ ၀ယ်လိုအားမြင့်ပြီး ထုတ်လုပ်မှု recycle ပြန်လည်လာမယ်။ ဈေးကွက်ထဲကို ငွေအလုံးအရင်း ထိုးသွင်းလိုက်တာတော့ အတူတူပါပဲ။ သို့သော် ၀န်ထမ်းလစာ တိုးတာက နိုင်ငံရေးအရ အကျိုးအမြတ်ရမယ့် ကိစ္စပါ။ ၀ိုင်းပြီးလုပ်သင့်တဲ့ကိစ္စပါ”ဟု ပြောကြားခဲ့သည်။
EMG
Unknown at 9:44 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.