Monday, October 15, 2012

ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ


ကျော်နီမော်ကျေးရွာရှိ စရဖရုံးအား ဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသော အကျဉ်းသားထွန်းဝင်း(ခေါ်) ဂျော်မာလာဒိန် အသက်-၃၉နှစ် အဘ-သန်းအောင် သည် ထောင်မှူးတင်စိုးနှင့်ပူးပေါင်းကာ ထောင်ပြင်ပတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်း
ရရှိသည်။

ယင်းနှစ်ကြီး တရားခံသည် ရခိုင်ပြည် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ ဘင်္ဂလီမူဆလင်တစ်ဦးဖြစ်ပြီး ပြစ်ဒဏ်ကျခံနေရစဉ် ထောင်မှူးဦးတင်စိုးနှင့်ပေါင်းကာ ထောင်ပြင်ပ၌အရပ်ဝတ်ဖြင့် ထောင်ခြံဝန်းအတွင်း အုတ်လုပ်ငန်းကိုလုပ်ကိုင်နေကြောင်း၊ ကျောက်နီမော် ဘင်္ဂလီများထံသို့ ကျောက်ဖြူမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ အစရှိသော လောင်စာဆီများ၊ ဆန်၊ ဆီ၊ ဆား စသော စားသောက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ရရှိသော အမြတ်ငွေများကို ထောင်းမှူးဦးတင်စိုးအား ရာခိုင်နှုန်းအလိုက်ခွဲဝေပေးကြောင်း သိရှိရသည်။

"သူအဲဒီလို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အဲဒီဂျော်မာလာဒိန်ရဲ့ ဇနီးဒေါ်ခင်ခင်နိုင်ကနေ လိုအပ်တဲ့ ငွေကြေးတွေကို ပေးပို့ပါတယ်၊ ပြီးတော့ ကျော်နီမော်ကနေ ထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ငါးတွေကို ကျောက်ဖြူကို တင်ပို့ပြီးတော့ ထောင်မှူးတင်စိုးနဲ့ အတူ ထောင်အပြင်ကိုထွက်ကာ အရပ်ဝတ်တွေ ၀တ်ပြီးတော့ ကျောက်ဖြူမြို့အတွင်းမှာ ရောင်းချစီးပွားရှာနေတာကို ကျနော်တို့တွေ့နေရပါတယ်"ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောသည်။

၎င်းတရားခံဂျော်မာလာဒိန်အား ထောင်မကျမီအချိန်အတွင်း သံတွဲမြို့ အာမီဆတ်အဖွဲ့မှ တရားခံအား ငွေကြေးများထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောက်နီမော် စရဖရုံးအားဖြိုခဲ့စဉ် ပါရှိသည့် တခြားတရားခံ ၁၀ဦးအားလည်း ငွေကြေးအမြောက်အမြားပေးဆောင်ကာ အမှုပပျောက်ရန် ပြုလုပ်ခဲ့မှုများရှိပြီး ဂျော်မာလဒိန်မှာ ယင်းအမှု၌ခေါင်းဆောင်ဖြစ်နေသဖြင့် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

"အခုလို နိုင်ငံတော်ပိုင် အဆောက်အအုံကို ဖျက်ဆီးပြီး ပြစ်ဒဏ်ကျခံနေရသူ တစ်ဦးကို အခွင့်အရေးတွေပေးပြီး စီးပွားရေးတွေအတူလုပ်ကိုင်နေတာဟာ တရားဥပဒေစိုးမိုးရေးကို ထိုက်ခိုင်စေနိုင်ပြီးတော့ အစိုးရ၀န်းထမ်းတွေအပေါ် ပြည်သူတွေအနေနဲ့ ယုံကြည်မှုပျက်တာပေါ့"ဟု ယင်းလူငယ်၏ အမြင်ကိုဆက်ပြောသည်။

ဂျော်မာလာဒိန်ခေါင်းဆောင်သည့် လူတစ်စုသည် ၂၀၀၉ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့တွင် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာရှိ စရဖရုံးအား ၀င်ရောက်စီးနင်း ဖြိုဖျက်ကာ ကျောက်နီမော် ရဲစခန်းကို လူအုပ်ဖြင့်ဝိုင်းကာ ရမ်းကားခဲ့၍ သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးကာ တရားရုံးမှ ၂၁ရက်၊ ၁လပိုင်း၊ ၂၀၁၁ခနှစ်တွင် ပြစ်ဒဏ် (၂၀)နှစ် ချမှတ်လိုက်ကြောင်း၊ တရားခံဂျော်မာဒိန်မှာ အယူခံဝင်၍ အောင်သွားရာ ပြဒဏ် ၆နှစ်လျှော့ချပြီး ထောင်ဒဏ် (၁၄)နှစ်ပြန်လည်ချမှတ်လိုက်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ထောင်ဒဏ် ၄နှစ် ၆လနှင့် ပြစ်ဒဏ်လျော့ကျခွင့်ရရှိကာ ယင်းတရားခံမှာ နောက်ထပ် ထောင်ဒဏ် ၆နှစ်နှင့် ၂လကျခံနေရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်း-- Arakan Time


ဘကြီးသက်
Unknown at 7:47 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.