အဆိုပါ Free Permit ဖြင့် မော်တော်ယာဉ် တင်သွင်းရာတွင် နေပြည်တော်၌ အစီးရေ
၁၄,၅၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ ၀င်ရောက်လာခဲ့သည့် အစီးရေမှာ ၃,၉၀၀
စီး ဖြစ်ကာ စုစုပေါင်းအစီးရေမှာ ၁၈,၄၀၀ စီး ဖြစ်ကြောင်း သိရသည်။
"တင်သွင်းဖို့လာတင်တဲ့ လျှောက်လွှာတွေကို အမြန်ဆုံးစိစစ် ဆောင်ရွက်ပေးနေပါတယ်၊ နေပြည်တော် မှာတင် မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲပါ ဖွင့်လှစ် ဆောင်ရွက်ပေးနေပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလ ၂ ရက်နေ့အထိ မော်တော်ယာဉ်တင်သွင်းခွင့် ဘက်ပေါင်းစုံမှ ပါမစ် ၅၅,၅၂၄ စောင် ခွင့်ပြုပေးခဲ့ပြီး မော်တော်ယာဉ် တင်သွင်းခြင်းကဏ္ဍမှ နိုင်ငံဘဏ္ဍာခွန် ငွေကျပ် ၃၇၈.၁၉ သန်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge