
ပြည်ပကနေ ပြည်တွင်းဖုန်းတွေ ခေါ်ဆိုတဲ့အခါမှာ နိုင်ငံခြားနံပါတ် မဟုတ်ဘဲ ပြည်တွင်းဂျီအက်စ်အမ်နံပါတ်နဲ့ ဝင်လာရင် အဲသည်ဝင်လာတဲ့ နံပါတ်နဲ့ ဖုန်းတွေကို အရင်က အစဉ်အလာအတိုင်း လိုင်းပိတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက “အခုလတ်တလော ထွက်နေတဲ့ ပြည်တွင်းကတစ်ဆင့် ပြည်ပကို VOIP ခေါ်ဆိုမှုအတွက် အရေးယူသွားမယ်ဆိုတဲ့ ကောလာဟလတွေကို မယုံကြပါနဲ့၊ အရေးယူမှု လုပ်မယ်ဆိုတာ ပြည်ပကနေ ပြည်တွင်းခေါ်ရင် ဝင်လာတဲ့ ဖုန်းနံပါတ်က ပြည်တွင်းနံပါတ်နဲ့ပဲ ပေါ်နေရင် ဒါက တရားမဝင်တာကြောင့် ပေါ်တဲ့နံပါတ်ကို လိုင်းပိတ်မှာလို့ ဆိုလိုချင်တာပါ။ နိုင်ငံခြားက ဖုန်းခေါ်တဲ့အခါ နိုင်ငံခြားနံပါတ်ပဲ ပေါ်ရမယ်၊ နိုင်ငံခြားနံပါတ်နဲ့ မဝင်ဘဲ ပြည်တွင်းနံပါတ်နဲ့ပဲ ဝင်နေတယ်ဆိုရင်တော့ ဒါကတရားမဝင်ဘူး။ တရားမဝင် လုပ်ထားတဲ့သူတွေက ဂျီအက်စ်အမ်ဖုန်းတွေ အများကြီးဝယ်ပြီး အိတ်ချိန်း လုပ်ထားတာ” လို့ ပြောပါတယ်။ အခုလို နိုင်ငံခြားကခေါ်တဲ့ ဖုန်းကို ပြည်တွင်းနံပါတ်နဲ့ပဲ ဝင်အောင် switch လုပ်ထားတဲ့အတွက် မြန်မာ့ဆက်သွယ်ရေးက နိုင်ငံခြားခေါ်ဆိုမှုအတွက် ဒေါ်လာမရဘူး။ ပြည်တွင်းကျပ်ငွေ နှုန်းထားပဲရတယ်။ နိုင်ငံတကာ ခေါ်ဆိုခအတွက် အဝင်နိုင်ငံကို သက်ဆိုင်ရာက ကျသင့်ငွေ ပေးရပါတယ်။ ပြည်တွင်း ဂျီအက်စ်အမ်နံပါတ်နဲ့ ဝင်လာတဲ့ နံပါတ်တွေကို ဆာဗာက သိပြီဆိုရင် အဲသည့်နံပါတ်က ပိတ်ခံရမှာ ဖြစ်ပါတယ်။ အဝင်လက်ခံသူရဲ့ ဖုန်းကိုပိတ်မှာ မဟုတ်ပါဘူး။ လက်ခံပြောတဲ့သူနဲ့ ခေါ်ဆိုသူမှာ ဘာပြဿနာမှ မရှိပါဘူး။ ဝင်လာတဲ့ နံပါတ်ကိုပဲ အရင်လုပ်ခဲ့တဲ့ အစဉ်အလာအရ လိုင်းပိတ်သွားမှာလို့ ပြောပြခဲ့ကြောင်းသိရှိရသည်။
Myanmar Express
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge