Saturday, October 20, 2012

သမ္မတကြီးကို မဝေဖန်ထိုက်ကြောင်း၊ တစ်ချိန်ကပြည်ခိုင်ဖြိုးနှင့် ယခုအခြေအနေလွဲနေဟု ဗဟိုနာယကအဖွဲ့ဝင်ဟောင်း ဦးခင်ညွန့်ပြောကြား

သမ္မတဦးသိန်းစိန်ကို ဝေဖန်ခဲ့သည့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင်တစ်ဦးနှင့်စပ်လျဉ်း၍ တစ်ချိန်ကပြည်ခိုင်ဖြိုး စတင်ဖွဲ့စဉ်က အဓိကပါဝင်ခဲ့သည့် ဗဟိုနာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇူလိုင် ၂၉ ရက်က မြန်မာသံတော်ဆင့်နှင့်တွေ့ ဆံ
ုမေးမြန်းစဉ်ပြောကြားခဲ့သည်။

““သမ္မတကြီးကို သူမဝေဖန် ထိုက်ဘူးလေ။ သမ္မတက လုပ်ပိုင်ခွင့်ရှိတယ်လေ။ လုပ်ပိုင်ခွင့်ထဲမှာ သူလုပ်သွားတာ။ သမ္မတက တိုင်းပြည်ရဲ့ အရေးကိစ္စ၊ ပြည်သူတွေရဲ့ လိုလားချက်ကို ကြည့်ပြီးတော့မှ တကယ်လိုအပ်ချက်အတိုင်း လုပ်မှာပဲ။ တစ်ယောက်တည်း မဆုံးဖြတ်ပါဘူး။ တိုင်ပင်ဦးမှာပဲ။ တိုင်ပင်ရမယ့် ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်တာ၊ သမ္မတကြီးဆုံး ဖြတ်တာကို ပြည်သူတွေကအမှန်လို့ပဲ ခံယူတယ်။ အဘလည်း သမ္မတဆုံးဖြတ်တာကို အမှန်ပဲလို့ခံယူတယ်”” ဟု ဦးခင်ညွန့်ကပြောသည်။

ပြည်ခိုင်ဖြိုးနှင့်ပတ်သက်၍လည်း တစ်ချိန်တုန်းက ဗဟိုနာယကကြီးအဖြစ် ပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က ရည်ရွယ်ချက်ထားရှိခဲ့သည့်လမ်းကြောင်း၊ အယူအဆစေတနာနှင့်ပတ်သက်၍မေးမြန်းခဲ့ရာ “အခုတော့ လွဲနေပြီ အဲဒါပဲ” ဟူ၍ ပြန်လည်ဖြေကြားပေးခဲ့သည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ယခင်က တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး၊ န၀တ အတွင်းရေးမှူး(၁)၊ ပြည်ခိုင်ဖြိုးအသင်းဗဟိုနာယက အဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ခဲ့ပြီး နယက အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ၃ ဦးမှာ ထိပ်ပိုင်းခေါင်း ဆောင် ၃ဦးအဖြစ် နိုင်ငံရေးနယ်ပယ်၌ ထင်ရှားခဲ့ဖူးသည်။

Source : Myanmar Tandawsint via Pone Nya Swe

ဘကြီးသက်
Unknown at 8:08 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.