Monday, October 15, 2012

မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာ ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသော ငွေစက္ကူ အတုများ (ဓါတ်ပုံ- Star)
ရဲအဖွဲ့မှ ၀င်ရောက်စီးနှင်းစဉ် အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့် အိန္ဒိယ ရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူ (၁၀) ဦးထဲတွင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ထိုအထဲတွင် ဇာမန်ဆိုသော အမျိုးသားမှာ ဒင်္ဂါးအတု လုပ်သည့် အတွေ့အကြုံ ၁၄ နှစ်ခန့်ရှိပြီဟု ဆိုသည်။
ဇာမန်မှ ၎င်းသည် အိန္ဒိယ ရူပီများကိုသာမက မြန်မာ ကျပ်ငွေနှင့် ဘူတန် ငွေများကိုလည်း  ပြုလုပ်သည်ဟု ထုတ်ဖေါ် ပြောဆိုကြောင်း ရဲက ပြောဆိုသည်။ သို့သော် ယခု ငွေအတု ဖမ်းဆီးမိရာတွင် မြန်ကျပ်ငွေ အတုများ မပါဝင်ကြောင်း ရဲက ပြောသည်။
ဖမ်းဆီးခံရသူ (၁၀)  ဦးဖြစ်ပြီး ထိုအထဲတွင် လက်ရှိ အစိုးရပါတီမှ ခေါင်းဆောင် တစ်ဦးပါဝင်သည်ဟု New Age သတင်းတွင် ဖေါ်ပြသည်။
၎င်းပြင် ငွေစက္ကူ အတု ပြုလုပ်ရာတွင် အသုံးပြုသော ကွန်ပျူတာ ၃ လုံး၊ ပုံနှိပ်စက္ကူထုတ် ၆ လုံး အပါအ၀င် မိတ္တူကူးစက်များ၊ ဘလောက်များကိုလည်း ရဲက သိမ်းဆည်းရမိခဲ့သည်။
ယခုအခါ ဘင်္ဂလာဒေခ်ျ့တွင် များမကြာမှီ ကျရောက်မည့် အိဒ်ပွဲတော်ကြောင့် လူပေါင်း ထောင်သောင်းချီကာ နေ့စဉ် ဈေးဝယ်ထွက်နေသဖြင့် ဈေးများတွင် ဈေးဝယ်သူများဖြင့် စည်ကားနေရာ အဆိုပါ အချိန်ကာလအတွင်း ၎င်း ငွေတုများကို ဖြန့်ဝေ အသုံးပြုသည်ဟု သိရသည်။
ယမန်နှစ်ကလည်း အမေရိကန် ဒေါ်လာ အတု လုပ်သူ နိုင်ငံခြားမှ ဂိုဏ်းတစ်ခုကို ဒက္ကားမြို့တော်တွင် ဖမ်းဆီးရမိခဲ့သည်။

ဘကြီးသက်
Unknown at 10:12 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.