Monday, October 15, 2012

GSMဖုန်းများတွင်လည်း ငွေလွှဲပြောင်းပေးပို့စနစ်အား အသုံးပြုနိုင်

CDMA ဖုန်းများ၌ အသုံးပြုနေသော ငွေလွှဲပြောင်းပေးပို့ခြင်းစနစ်အား GSM ဖုန်းများတွင်လည်း အသုံးပြုနိုင်ပြီ ဖြစ်သည်။
 
ယခင်က CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများ၌ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းငွေ လွှဲပြောင်းပေးပို့ခြင်းစနစ်မှာ ဖုန်းတစ်လုံးမှ အခြား ဖုန်းတစ်လုံးသို့  ကြိုတင်ငွေပေးကဒ်၊ ငွေအားဖြည့်သွင်းနိုင်ခြင်း ဖြစ်သည်။
 
ငွေလွှဲပြောင်းပေးပို့ရာတွင် မိမိဖုန်းအတွင်းမှ ငွေလွှဲပြောင်းပေးခြင်းမျိုး မဟုတ်ပဲ ကြိုတင်ငွေဖြည့်ကဒ် အသစ်မှ ငွေအား မိမိ၏ ဖုန်းမှ အခြားဖုန်းတစ်လုံးသို့ လွှဲပြောင်းပို့ပေးသည့် စနစ် ဖြစ်သည်။
 
ယင်းစနစ်အား ယခင် CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့ပြီး ထိုစဉ်က အသုံးပြု ရာတွင် CDMA 800 ဖုန်းဖြင့် 166 ကို ခေါ်ကာ Operator မှ ပြောသော လုပ်ဆောင်ချက် များအတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်ကာ ငွေ လွှဲပြောင်း ဖြည့်သွင်းခြင်းအား ပြုလုပ်ခဲ့သော် လည်း ယခု GSM ဖုန်းများအတွက် ငွေလွှဲပြောင်း ပေးပို့ရာတွင် Operator မှ တစ်ဆင့် လုပ်ဆောင် ချက်များအတိုင်း သွားရန်မလိုအပ်ဘဲ မိမိကိုယ်တိုင် နံပါတ်များကို နှိပ်ကာ လွှဲပြောင်းပေးပို့ နိုင်ခြင်းဖြစ်သည်။
 
  “GSM နှင့် WCDMA ဖုန်းတွေ ငွေလွှဲပြောင်း ပေးပို့ရာမှာ ပထမဆုံးအနေနဲ့ * 123 * ကိုနှိပ်ရမှာ ပြီးတော့ မိမိဖြည့်သွင်းမယ့် ငွေဖြည့်ကဒ် နံပါတ်ကို ရိုက်ထည့်ရမှာ ဖြစ်တယ် ၊ ပြီးတော့ # Key ကိုနှိပ်ပြီး Call ကို နှိပ်လိုက်ပါက မိမိငွေလွှဲပြောင်းပေးလိုတဲ့ ဖုန်းကို လွှဲပြောင်းငွေရောက်ရှိမှာ ဖြစ်တယ်။” ဟု ရတနာပုံ Call Centre ဆက်သွယ်ရေးကဏ္ဍမှ မဒါလီက ပြောသည်။
 
`တစ်သောင်းတန် ၀ယ်ပြီးလို့ရှိရင်လည်း ငွေလွှဲလို့ မရသေးဘူး။ တစ်ခုပဲ လွှဲတယ်ဆိုတာကလည်း ငွေဖြည့်ကဒ်ကိုပဲ လွှဲတာ သိပ်တော့မထူးပါဘူး” ဟု ဖုန်းအသုံးပြုသူ  ကိုသက်ကိုကိုမြင့်က ပြော သည်။
 
ငွေလွှဲပြောင်းရာတွင် နံပါတ်မှားယွင်းခြင်းများ ဖြစ်ပေါ်ပါက မိမိ ဖြည့်သွင်းသော ငွေဖြည့်ကဒ် နံပါတ်များ မှားယွင်းနေကြောင်း Message ပြန်လာမည် ဖြစ်ပြီး ပြန်လည် လုပ်ဆောင်ရမည် ဖြစ်ကြောင်းကိုလည်း သိရသည်။ 

ဘကြီးသက်
Unknown at 10:18 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.